ယီမင်မှနေ၍ အစ္စရေးကို ဟိုက်ပါဆောနစ်ဒုံးကျည်သစ်များဖြင့် ပစ်ခတ်ခဲ့ဟု ဟူသီတို့ ပြော

 1569

Htay Oung (NP News) - စက်တင်ဘာ ၁၈

ယီမင်နိုင်ငံမှနေ၍ အသံထက်အဆလွန်မြန် “ဟိုက်ပါဆောနစ်” ပဲ့ထိန်ုးဒုံးကျည်သစ်အစင်း ၂၀ နဲ့ အစ္စရေးကို ပစ်ခတ်ခဲ့တယ်လို့ ဟူသီအုပ်စုက ပြောပါတယ်။ အဲဒီ ဒုံးကျည်ဟာ အကွာအဝေး မိုင် ၁၂၄၀ ကျော်ကို ပျံသန်း သွားပြီး အစ္စရေးက ဟန့်တားနိုင်ခြင်း မရှိကြောင်း၊ တနင်္ဂနွေနေ့ တဲလ်အဗစ်မြို့အနီးမှာ မီးလောင်ကျွမ်းမှုဖြစ် ပေါ်စေခဲ့တယ်လို့ ဆိုကြောင်း အယ်လ်ဂျာဇီးယားက စက်တင်ဘာလ ၁၇ ရက်မှာရေးသားပါတယ်။

အရှေ့အလယ်ပိုင်း‌ဒေသ အာရေဗျကျွန်းဆွယ်တောင်ပိုင်းရှိ ယီမင်နိုင်ငံဟာ မြန်မာနိုင်ငံရဲ့ ၇၈% ခန့်ကျယ်ဝန်းပြီး လူဦးရေ ၂၅-သန်းခန့်နေထိုင်ပါတယ်။ စူးအက်တူးမြောင်းအဝင်အထွက် ပင်လယ်နီနဲ့ အိန္ဒိယသမုဒ္ဒရာအ နောက်မြောက်ပိုင်း အာရေဗျပင်လယ်အကြားမှာ တည်ရှိပြီး ပထဝီနိုင်ငံရေးအရ အလွန်အချက်အချာကျတဲ့ အတွက် ယဉ်ကျေးမှုများရဲ့ လမ်းဆုံအဖြစ် နှစ်ပေါင်း ၇၀၀၀ ကျော် သမိုင်းကြောင်းရှိတဲ့ တိုင်းပြည်ဖြစ်ပါတယ်။

၁၉ ရာစုနှစ်မှာ တူရကီ အော်တိုမန်အင်ပါယာနဲ့ ဗြိတိသျှကိုလိုနီအဖြစ် တောင်မြောက် စတင်နှစ်ပိုင်းကွဲခဲ့ပြီး ၁၉၆၂-ခုနှစ် ယီမင်တောင်ပိုင်းဟာ အာရပ်ကမ္ဘာမှာ ပထမဆုံးသော ဆိုရှယ်လစ်တိုင်းပြည်ဖြစ်လာခဲ့ပါတယ်။ ၁၉၉၀-ခုနှစ်မှာ မြောက်ပိုင်း ယီမင်အာရပ်သမ္မတနိုင်ငံနဲ့ ပေါင်းစည်းပြီး တစ်နိုင်ငံတည်း ပြန်ဖြစ်သွားပါတယ်။ ဒါပေမဲ့ အကျင့်ပျက်ခြစားမှု၊ လွဲမှားတဲ့ စီမံခန့်ခွဲမှု၊ ဂိုဏ်းဂဏအစွဲများကြောင့် ယီမင်ဟာ နိုင်ငံရေး မတည် ငြိမ်နိုင်ပဲ ရှိနေပါတယ်။ ၂၀၁၁ ခုနှစ် အရှေ့အလယ်ပိုင်း အာဏာရှင်ဖယ်ရှားရေး ဒီမိုကရေစီ လူထုအုံကြွမှု “အာရပ်နွေဦး” ကို ယီမင်နိုင်ငံဟာ ပထမဆုံးကြုံတွေ့ရတဲ့ တိုင်းပြည်ဖြစ်ပြီး လက်နက်ကိုင် တော်လှန်ပုန် ကန်ရေးများထံကို ဦးတည်သွားပါတယ်။ ၂၀၁၄-ခုနှစ်မှာ အဖွဲ့ငယ်အသီးသီးပါဝင်တဲ့ ပြိုင်ဘက် အုပ်စု ၂-စု အဖြစ် ပြောင်းလဲသွားပြီး “ဘက်စုံ ပြည်တွင်းစစ်” စတင်ဖြစ်ပွားခဲ့ပါတယ်။

နှစ်အုပ်စုစလုံးက သူတို့သာလျှင် တရားဝင်အစိုးရဖြစ်ကြောင်း ပြောဆိုကြပြီး ပြည်ပဝင် ရောက်စွက်ဖက်မှုများ နဲ့ ရှုတ်ထွေးလာပါတယ်။ ၂၀၁၅-ခုနှစ်မှာ ရှီယာမွတ်စလင် နိုင်ငံရေး-စစ်ရေးအဖွဲ့အစည်းဖြစ်တဲ့ ဟူသီတို့က မြိဲု့ တော် ဆားနား အပါအဝင် ယီမင်ရဲ့ ၄-ပုံ ၁-ပုံခန့်ခန့်ရှိတဲ့ နိုင်ငံအနောက်ပိုင်းကို သိမ်းယူလိုက်ကြပါတယ်။ တစ်ပြိုင်နက်တည်းမှာပဲ ကုလအသိအမှတ်ပြု ဆွန်နီမွတ်စလင် သမ္မတ ရာရှစ်အယ်လ်အလီမီကို ကျောထောက် နောက်ခံပြုတဲ့ ဆော်ဒီဦးဆောင် ပင်လယ်ကွေ့ညွန့်ပေါင်းတပ်များက ယီမင်ဟူသီတို့ကို လေကြောင်းမှ ဝင် ရောက်တိုက်ခိုက်ပါတယ်။ တကယ်တော့ ယီမင်အလယ်ပိုင်းမှာ အယ်လ်ကိုင်ဒါ အကြမ်းဖက်များရှိနေတယ် ဆိုတဲ့ အကြောင်းပြချက်နဲ့ အမေရိကန်ကလည်း ကြုံရင် ကြုံသလို ယီမင်နိုင်ငံအတွင်း လေကြောင်းမှ တိုက်ခိုက်နေပါတယ်။

ဟူသီတို့ဟာ ယီမင်မြောက်ပိုင်းနေ ဟမ်ဒန်နစ်အာရပ်များဖြစ်ကြပါတယ်။ သူတို့ကို ပင်လယ်ကွေ့စစ်အင်အား ကြီးနိုင်ငံဖြစ်တဲ့ ရှီယာမွတ်စလင် အီရန်က ကျောထောက်နောက်ခံပေးတယ်လို့ စွပ်စွဲခြင်းခံရပါတယ်။ ပေါင်း စည်းထားတဲ့ ယီမင်စစ်တပ်က ဟူသီလုံခြုံရေးအရံတပ်ခေါင်းဆောင်ကို ဖမ်းဆီးဖို့ ကြိုးစားရာမှာ ၂၀၁၄ ခုနှစ် ယီမင်ပုန်ကန် မှုပေါ်ပေါက်လာခြင်း ဖြစ်ပါတယ်။ ၂၀၁၁ ခုနှစ်တုန်းက အင်အား (၁)သိန်းခန့်ရှိတဲ့ ဟူသီတို့ဟာ ၁၀-နှစ်အကြာ မှာ အင်အား (၂)သိန်းဖြစ်သွားပါတယ်။

ဟူသီတို့ထောက်ခံတဲ့ ပေါင်းစည်းယီမင်မှာ မြောက်ပိုင်းမှ ပထမဆုံး သမ္မတဖြစ်ခဲ့ဖူးသူ အလီ အဗ္ဗဒူလာဆာလား ဟာ ၂၀၁၇-ခုနှစ်မှာ လုပ်ကြံခံရလို့ သေဆုံးတဲ့အခါ ပဋိပက္ခဟာ ပိုပြီးပြင်းထန်လာပါတယ်။ ဟူသီတို့ကို ပြည် တွင်းနိုင်ငံရေး-စစ်ရေး အုပ်စုများအပြင် ပြည်ပ အီရန်သာမက ရုရှား၊ လစ်ဗျား၊ အိုမန်၊ ဆီးရီးယား၊ မြောက်ကိုရီးယားတို့ကလည်း ထောက်ခံထားပါတယ်။

ယီမင်ရဲ့ အရှေ့ဘက်ခြမ်းနယ်မြေများကို ရာရှစ်အယ်လ်အလီမီဦးဆောင်ကော်မတီမှာ (ပေါင်းစည်းနိုင်ငံဖြစ်ခဲ့စဉ် သမ္မတဟောင်းနဲ့) စစ်ဗိုလ်ချုပ်ဟောင်း အဗ္ဓဒူလာ မန်ဆာဟာဒီက နိုင်ငံ့ခေါင်းဆောင်အဖြစ် အုပ်ချုပ်ပါတယ်။ ကုလသမဂ္ဂနဲ့ မလေးရှား၊ စင်္ကာပူ စတဲ့ အာဆီယံနိုင်ငံများ၊ ပါကစ္စတန်-တရုတ်-သီရိလင်္ကာ- အိန္ဒိယ၊ တောင်ကို ရီးယားစတဲ့ အာရှနိုင်ငံများ၊ အမေရိကန်-ဥရောပ စသဖြင့် အနောက်နိုင်ငံများက ယီမင်အစိုးရကို ထောက်ခံကြ ပါတယ်။

တကယ်တော့ ယီမင်ပြည်တွင်းစစ်ဆိုပေမယ့် အာရေဗျကျွန်းဆွယ်တောင်ပိုင်းမှာ ဆွန်နီ-ရှီယာ မွတ်စလင်ဂိုဏ်း ကွဲ ၂-ခု အားပြိုင်တဲ့ ကိုယ်စားပြုစစ် Proxy War ဖြစ်ပါတယ်။ ၂၀၂၃-ခုနှစ်နှောင်းပိုင်း အစ္စရေး-ပါလက်စတိုင်း ဟားမတ်စ်တို့ ပဋိပက္ခဖြစ်ပွားတဲ့ရာမှ ယီမင်ပြည်တွင်းစစ်ဟာ အာရပ်-အစ္စရေးပဋိပက္ခရဲ့ နိမိတ်ပုံဖြစ်သွားပြန်ပါ တယ်။ ယီမင်ဟာ ဥရောပနဲ့ အာရှတိုက်ဆက်သွယ်ရာ အရေးပါ ရေလမ်းကြောင်းနဲ့ ထိစပ်နေပြီး ဗျူဟာ မြောက်နေရာမှာ တည်ရှိပါတယ်။ ယီမင်ပြည်တွင်းမှာ ဟူသီနဲ့ အယ်လ်ကိုင်ဒါတို့လို့ လက်နက်ကိုင်များ ရှိနေ ခြင်း- ယီမင်နိုင်ငံ တည်ငြိမ်အေးချမ်းခြင်းဟာ အမေရိကန်ရဲ့ အမျိုးသားလုံခြုံရေးသာမက အနောက်အုပ်စုရဲ့ အကျိုးစီးပွားနဲ့ ဆက်စပ်နေပါတယ်။

ဆယ်စုနှစ်ချီ ခါးသီးတဲ့ စစ်ပွဲများနဲ့ ယီမင်ဟာ အရှေ့အလယ်ပိုင်းမှာ အဆင်းရဲဆုံးတိုင်းပြည်ဖြစ်ယုံမက လူသား ချင်းစာနာမှုဆိုင်ရာ ကမ္ဘာ့အဆိုးရွားဆုံးဖြစ်နေပါတယ်။ ရလဒ်အဖြစ် ငတ်မွတ်ခေါင်းပါးမှုနဲ့ စီးပွားရေးပျက်ပြား ရခြင်းများ ဖြစ်ပေါ်လျှက်ရှိပါတယ်။ ၂၀၁၄-ခုနှစ်မှ ယခုထိ ယီမင်တစ်ခွင်လုံး တိုက်ရိုက်-သွယ်ဝှိုက် စစ်ပွဲကြောင့် သေဆုံးသူ ၃၈၀,၀၀၀ ခန့်ရှိပြီး လူဦးရေရဲ့ ထက်ဝက်ကျော်ဟာ ထမင်းတစ်နပ်စာ ရရှိဖို့ အခက်အခဲဖြစ်နေပါ တယ်။ ယီမင်စစ်ဘေးရှောင် ဒုက္ခသည် အားလုံးရဲ့ ၄-ပုံ ၃-ပုံမှာ အမျိုးသမီးများနဲ့ ကလေးငယ်များ ဖြစ်ပါတယ်။ ကိုယ်ဝန်ဆောင်နဲ့ နို့တိုက်မိခင် ၂.၇ သန်းဟာ ပြင်းထန်တဲ့ အဟာရချို့တဲ့မှုကြောင့် အချိန်မီကုသမှု ခံယူနိုင်ဖို့ လိုအပ်နေပါတယ်။ စစ်ပွဲများကြောင့် ၂၀၁၄-ခုနှစ်မှာ လူပေါင်း ၄.၅ သန်းခန့် အိုးမဲ့ အိမ်မဲ့ဖြစ်နေပြီး ကလေးငယ် ၁၁.၃ သန်းအတွက် လူသားချင်းစာနာမှုဆိုင်ရာ အကူအညီများ လိုအပ်နေပါတယ်။

ပဋိပက္ခမတီုင်မီ နှစ်ပေါင်းများစွာ စီမံခန့်ခွဲမှု လွဲမှားခြင်းနဲ့ အကျင့်ပျက်ခြစားခြင်းတို့ပေါင်းစပ်ပြီး သဘာ၀သယံဇာတများ လျော့နည်းလာပါတယ်။ ဒီအတွက် ဖွံ့ဖြိုးတိုးတက်မှု အားနည်းပြီး နာတာရှည် ဆင်းရဲမွဲတေမှုမှာ သံသရာလည်နေရပါတယ်။

ပါလက်စတိုင်းတို့ကို စာနာတဲ့အနေနဲ့ ဟူသီတို့က စူးအက်တူးမြောင်း ဝင်-ထွက် ပင်လယ်နီနဲ့ အေဒင်ပင် လယ်ကွေ့ရှိ နိုင်ငံတကာကုန်သွယရေကြောင်း သင်္ဘောများကို ဒုံးကျည်များ ဒရုန်းများနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့ ပါတယ်။ လက်တုန့်ပြန်တဲ့အနေနဲ့ အမေရိကန်နဲ့ ဗြိတိန်တို့က ယီမင်ရှိ ဟူသီ ပစ်မှတ်များကို လေကြာင်းမှ တိုက်ခိုက်ပါတယ်။

လွန်ခဲ့တဲ့ (၁၁)လအတွင်း ဟူသီတို့က ဒရုန်းများ၊ ပဲ့ထိန်းဒုံးနဲ့ ခရုဇ်ဒုံးကျည်ပေါင်း ၂၂၀ ကျော်အပြင် ယခု တစ်ကြိမ်မှာ မိုင်ထောင်ချီ ပျံသန်းနိုင်တဲ့ ဟိုက်ပါဆောနစ် ဒုံးကျည်နဲ့ ပစ်ခတ်တယ် ဆိုခြင်းမှာ မှတ်သားစရာ ကောင်းလှပါတယ်။

လေထုအတွင်း ဖြတ်သန်းတဲ့ အရာဝတ္ထုတို့အပေါ် သက်ရောက်အားကိုလေ့လာတဲ့ “အယ်ရိုဒိုင်းနမစ်ပညာ”အရ အသံရဲ့ ၁.၂-ဆမှ ၅ ဆ အတွင်း တစ်နည်းအားဖြင့် ပင်လယ်ရေမျက်နှာပြင်အထက် အပူချိန် ၂၀ ဒီဂရီဆဲလ်စီး ယပ်ရှိ ခြောက်သွေ့လေထုအတွင်း စက္ကန့်လျှင် ၁၁၂၆-ပေ ( တစ်နာရီလျှင် ၇၆၈-မိုင်ခန့်) အထိ ပျံသန်းနိုင် လျှင် “ စူပါဆောနစ်” လို့ ခေါ်ကြပြီး အဲ့ဒီထက်ပိုလျှင် “ဟိုက်ပါဆောနစ်” လို့ သတ်မှတ်ပါတယ်။

သမားရိုးကျ ပဲ့ထိန်းဒုံးကျည်များ ယနေ့ခေတ် အခြားလက်နက်များဟာ အသံထက်မြန်တဲ့ စူပါဆောနစ်များ ဖြစ်ကြပါတယ်။ လက်ရှိ လေကြောင်းရန်ကာစနစ်များဟာ စူပါဆောနစ်များအတွက် ရည်ရွယ်တည်ဆောက်ထား ကြခြင်းဖြစ်ပြီး အချိန်တစ်မိနစ်အတွင်း တမဟုတ်ချင်း ချဉ်းကပ်လာမယ့် ဟိုက်ပါဆောနစ်လက်နက်များကို ကာ ကွယ်ဖို့ထက် ထောက်လှမ်းသိရှိရန်ပင် ခဲယဉ်းလှပါတယ်။ အဲ့ဒီလက်နက်ကို အကွာအဝေး မိုင် ၁၂၀၀ ကျော်အ ထိ ပစ်လွှတ်နိုင်တယ်ဆိုခြင်း၊ အစ္စရေးတို့ရဲ့ နာမည်ကျော် “သံမဏိ အမိုးခုံး” အပါအဝင် လေကြောင်းရန်ကာ စနစ်ကို ထိုးဖောက်နိုင်တယ်ဆိုခြင်းမှာဟာ အတော်စိတ်ဝင်စားစရာ ကောင်းလှပါတယ်။

၂၀၂၄-ခုနှစ်အထိ ကမ္ဘာပေါ်မှာ အမေရိကန်၊ တရုတ်၊ ရုရှား၊ မြောက်ကိုရီးယား၊ သြစတြေးလျ၊ ပြင်သစ်၊ ဂျာမနီ၊ ဂျပန်တို့ဟာ ဟိုက်ပါဆောနစ် လက်နက်များကို ပိုင်ဆိုင်ထားကြပြီး အီရန်၊ အစ္စရေး၊ တောင်ကိုရီးယားတို့ဟာ မကြာမီ ပိုင်ဆိုင်နိုင် သို့မဟုတ် ပိုင်ဆိုင်နေုပြီလို့ ယုံကြည်ရပါတယ်။

ဂါဇာစစ်ပွဲ နှစ်ပတ်လည် အောက်တိုဘာ ၇-ရက်နေ့မတိုင်မီ ဟူသီတို့ရဲ့ ဒုံးကျည်ဟာ ဟိုက်ပါဆောနစ်မဟုတ်၊ အသံထက်အဆလွန် ပျံသန်းခြင်းမျိုး မဟုတ်ကြောင်း ဂျူး သတင်းစာ “တိုင်းမ်အော့ဖ်အစ္စရေး” က ရေးပါတယ်။ ဒါပေမယ့် မြောက်ကိုရီးယား သို့မဟုတ် ရုရှားကသာ နည်းပညာမပေးဘူးဆိုရင် ဟိုက်ပါဆောနစ်အဖြစ် သံသယ ရှိတယ်လို့ ဆိုပါတယ်။ စစ်ရေးလေ့လာသူများကတော့ ဟူသီတို့ဟာ အီရန်ထံမှ ရရှိပုံပေါ်တယ်လို့ မှတ်ချက်ပေးပါတယ်။

တဲလ်အဗစ်မြို့အနီး မီးလောင်ကျွမ်းမှု ဖြစ်ပေါ်ခဲ့ပြီး လူ ၉-ဦး အနည်း ငယ်ဒဏ်ရာရရှိခဲ့ကြောင်း၊ ဒေးဗစ်ဘင်ဂူ ရီယံလေဆိပ်အတွင်း ရောက်ရှိနေသူများကို ဘေးလွတ်ရာ ရွေ့ပြောင်းပေးခဲ့ကြောင်း၊ ဒီအတွက် ထိရောက်စွာ လက်တုန့်ပြန်မယ်လို့ အစ္စရေးဝန်ကြီးချုပ် နေတန်ယာဟုက ကြုံးဝါးနေပါတယ်။

(AL Jazeera., 17 September 2024,” Yemen’s Houthis fire ‘hypersonic’ missile at Israel: What to know” ကို ဆီလျော်အောင်ဘာသာပြန်ဆိုသည်။)

zawgyi version
ယီမင္မွေန၍ အစၥေရးကို ဟိုက္ပါေဆာနစ္ဒုံးက်ည္သစ္မ်ားျဖင့္ ပစ္ခတ္ခဲ့ဟု ဟူသီတို႔ ေျပာ
Htay Oung (NP News) - စက္တင္ဘာ ၁၈

ယီမင္ႏိုင္ငံမွေန၍ အသံထက္အဆလြန္ျမန္ “ဟိုက္ပါေဆာနစ္” ပဲ့ထိႏ္ုးဒုံးက်ည္သစ္အစင္း ၂၀ နဲ႔ အစၥေရးကို ပစ္ခတ္ခဲ့တယ္လို႔ ဟူသီအုပ္စုက ေျပာပါတယ္။ အဲဒီ ဒုံးက်ည္ဟာ အကြာအေဝး မိုင္ ၁၂၄၀ ေက်ာ္ကို ပ်ံသန္း သြားၿပီး အစၥေရးက ဟန႔္တားႏိုင္ျခင္း မရွိေၾကာင္း၊ တနဂၤေႏြေန႔ တဲလ္အဗစ္ၿမိဳ႕အနီးမွာ မီးေလာင္ကြၽမ္းမႈျဖစ္ ေပၚေစခဲ့တယ္လို႔ ဆိုေၾကာင္း အယ္လ္ဂ်ာဇီးယားက စက္တင္ဘာလ ၁၇ ရက္မွာေရးသားပါတယ္။

အေရွ႕အလယ္ပိုင္း‌ေဒသ အာေရဗ်ကြၽန္းဆြယ္ေတာင္ပိုင္းရွိ ယီမင္ႏိုင္ငံဟာ ျမန္မာႏိုင္ငံရဲ႕ ၇၈% ခန႔္က်ယ္ဝန္းၿပီး လူဦးေရ ၂၅-သန္းခန႔္ေနထိုင္ပါတယ္။ စူးအက္တူးေျမာင္းအဝင္အထြက္ ပင္လယ္နီနဲ႔ အိႏၵိယသမုဒၵရာအ ေနာက္ေျမာက္ပိုင္း အာေရဗ်ပင္လယ္အၾကားမွာ တည္ရွိၿပီး ပထဝီႏိုင္ငံေရးအရ အလြန္အခ်က္အခ်ာက်တဲ့ အတြက္ ယဥ္ေက်းမႈမ်ားရဲ႕ လမ္းဆုံအျဖစ္ ႏွစ္ေပါင္း ၇၀၀၀ ေက်ာ္ သမိုင္းေၾကာင္းရွိတဲ့ တိုင္းျပည္ျဖစ္ပါတယ္။

၁၉ ရာစုႏွစ္မွာ တူရကီ ေအာ္တိုမန္အင္ပါယာနဲ႔ ၿဗိတိသွ်ကိုလိုနီအျဖစ္ ေတာင္ေျမာက္ စတင္ႏွစ္ပိုင္းကြဲခဲ့ၿပီး ၁၉၆၂-ခုႏွစ္ ယီမင္ေတာင္ပိုင္းဟာ အာရပ္ကမာၻမွာ ပထမဆုံးေသာ ဆိုရွယ္လစ္တိုင္းျပည္ျဖစ္လာခဲ့ပါတယ္။ ၁၉၉၀-ခုႏွစ္မွာ ေျမာက္ပိုင္း ယီမင္အာရပ္သမၼတႏိုင္ငံနဲ႔ ေပါင္းစည္းၿပီး တစ္ႏိုင္ငံတည္း ျပန္ျဖစ္သြားပါတယ္။ ဒါေပမဲ့ အက်င့္ပ်က္ျခစားမႈ၊ လြဲမွားတဲ့ စီမံခန႔္ခြဲမႈ၊ ဂိုဏ္းဂဏအစြဲမ်ားေၾကာင့္ ယီမင္ဟာ ႏိုင္ငံေရး မတည္ ၿငိမ္ႏိုင္ပဲ ရွိေနပါတယ္။ ၂၀၁၁ ခုႏွစ္ အေရွ႕အလယ္ပိုင္း အာဏာရွင္ဖယ္ရွားေရး ဒီမိုကေရစီ လူထုအုံႂကြမႈ “အာရပ္ေႏြဦး” ကို ယီမင္ႏိုင္ငံဟာ ပထမဆုံးႀကဳံေတြ႕ရတဲ့ တိုင္းျပည္ျဖစ္ၿပီး လက္နက္ကိုင္ ေတာ္လွန္ပုန္ ကန္ေရးမ်ားထံကို ဦးတည္သြားပါတယ္။ ၂၀၁၄-ခုႏွစ္မွာ အဖြဲ႕ငယ္အသီးသီးပါဝင္တဲ့ ၿပိဳင္ဘက္ အုပ္စု ၂-စု အျဖစ္ ေျပာင္းလဲသြားၿပီး “ဘက္စုံ ျပည္တြင္းစစ္” စတင္ျဖစ္ပြားခဲ့ပါတယ္။

ႏွစ္အုပ္စုစလုံးက သူတို႔သာလွ်င္ တရားဝင္အစိုးရျဖစ္ေၾကာင္း ေျပာဆိုၾကၿပီး ျပည္ပဝင္ ေရာက္စြက္ဖက္မႈမ်ား နဲ႔ ရႈတ္ေထြးလာပါတယ္။ ၂၀၁၅-ခုႏွစ္မွာ ရွီယာမြတ္စလင္ ႏိုင္ငံေရး-စစ္ေရးအဖြဲ႕အစည္းျဖစ္တဲ့ ဟူသီတို႔က ၿမိဲု႔ ေတာ္ ဆားနား အပါအဝင္ ယီမင္ရဲ႕ ၄-ပုံ ၁-ပုံခန႔္ခန႔္ရွိတဲ့ ႏိုင္ငံအေနာက္ပိုင္းကို သိမ္းယူလိုက္ၾကပါတယ္။ တစ္ၿပိဳင္နက္တည္းမွာပဲ ကုလအသိအမွတ္ျပဳ ဆြန္နီမြတ္စလင္ သမၼတ ရာရွစ္အယ္လ္အလီမီကို ေက်ာေထာက္ ေနာက္ခံျပဳတဲ့ ေဆာ္ဒီဦးေဆာင္ ပင္လယ္ေကြ႕ၫြန႔္ေပါင္းတပ္မ်ားက ယီမင္ဟူသီတို႔ကို ေလေၾကာင္းမွ ဝင္ ေရာက္တိုက္ခိုက္ပါတယ္။ တကယ္ေတာ့ ယီမင္အလယ္ပိုင္းမွာ အယ္လ္ကိုင္ဒါ အၾကမ္းဖက္မ်ားရွိေနတယ္ ဆိုတဲ့ အေၾကာင္းျပခ်က္နဲ႔ အေမရိကန္ကလည္း ႀကဳံရင္ ႀကဳံသလို ယီမင္ႏိုင္ငံအတြင္း ေလေၾကာင္းမွ တိုက္ခိုက္ေနပါတယ္။

ဟူသီတို႔ဟာ ယီမင္ေျမာက္ပိုင္းေန ဟမ္ဒန္နစ္အာရပ္မ်ားျဖစ္ၾကပါတယ္။ သူတို႔ကို ပင္လယ္ေကြ႕စစ္အင္အား ႀကီးႏိုင္ငံျဖစ္တဲ့ ရွီယာမြတ္စလင္ အီရန္က ေက်ာေထာက္ေနာက္ခံေပးတယ္လို႔ စြပ္စြဲျခင္းခံရပါတယ္။ ေပါင္း စည္းထားတဲ့ ယီမင္စစ္တပ္က ဟူသီလုံၿခဳံေရးအရံတပ္ေခါင္းေဆာင္ကို ဖမ္းဆီးဖို႔ ႀကိဳးစားရာမွာ ၂၀၁၄ ခုႏွစ္ ယီမင္ပုန္ကန္ မႈေပၚေပါက္လာျခင္း ျဖစ္ပါတယ္။ ၂၀၁၁ ခုႏွစ္တုန္းက အင္အား (၁)သိန္းခန႔္ရွိတဲ့ ဟူသီတို႔ဟာ ၁၀-ႏွစ္အၾကာ မွာ အင္အား (၂)သိန္းျဖစ္သြားပါတယ္။

ဟူသီတို႔ေထာက္ခံတဲ့ ေပါင္းစည္းယီမင္မွာ ေျမာက္ပိုင္းမွ ပထမဆုံး သမၼတျဖစ္ခဲ့ဖူးသူ အလီ အဗၺဒူလာဆာလား ဟာ ၂၀၁၇-ခုႏွစ္မွာ လုပ္ႀကံခံရလို႔ ေသဆုံးတဲ့အခါ ပဋိပကၡဟာ ပိုၿပီးျပင္းထန္လာပါတယ္။ ဟူသီတို႔ကို ျပည္ တြင္းႏိုင္ငံေရး-စစ္ေရး အုပ္စုမ်ားအျပင္ ျပည္ပ အီရန္သာမက ႐ုရွား၊ လစ္ဗ်ား၊ အိုမန္၊ ဆီးရီးယား၊ ေျမာက္ကိုရီးယားတို႔ကလည္း ေထာက္ခံထားပါတယ္။

ယီမင္ရဲ႕ အေရွ႕ဘက္ျခမ္းနယ္ေျမမ်ားကို ရာရွစ္အယ္လ္အလီမီဦးေဆာင္ေကာ္မတီမွာ (ေပါင္းစည္းႏိုင္ငံျဖစ္ခဲ့စဥ္ သမၼတေဟာင္းနဲ႔) စစ္ဗိုလ္ခ်ဳပ္ေဟာင္း အဗၶဒူလာ မန္ဆာဟာဒီက ႏိုင္ငံ့ေခါင္းေဆာင္အျဖစ္ အုပ္ခ်ဳပ္ပါတယ္။ ကုလသမဂၢနဲ႔ မေလးရွား၊ စကၤာပူ စတဲ့ အာဆီယံႏိုင္ငံမ်ား၊ ပါကစၥတန္-တ႐ုတ္-သီရိလကၤာ- အိႏၵိယ၊ ေတာင္ကို ရီးယားစတဲ့ အာရွႏိုင္ငံမ်ား၊ အေမရိကန္-ဥေရာပ စသျဖင့္ အေနာက္ႏိုင္ငံမ်ားက ယီမင္အစိုးရကို ေထာက္ခံၾက ပါတယ္။

တကယ္ေတာ့ ယီမင္ျပည္တြင္းစစ္ဆိုေပမယ့္ အာေရဗ်ကြၽန္းဆြယ္ေတာင္ပိုင္းမွာ ဆြန္နီ-ရွီယာ မြတ္စလင္ဂိုဏ္း ကြဲ ၂-ခု အားၿပိဳင္တဲ့ ကိုယ္စားျပဳစစ္ Proxy War ျဖစ္ပါတယ္။ ၂၀၂၃-ခုႏွစ္ေႏွာင္းပိုင္း အစၥေရး-ပါလက္စတိုင္း ဟားမတ္စ္တို႔ ပဋိပကၡျဖစ္ပြားတဲ့ရာမွ ယီမင္ျပည္တြင္းစစ္ဟာ အာရပ္-အစၥေရးပဋိပကၡရဲ႕ နိမိတ္ပုံျဖစ္သြားျပန္ပါ တယ္။ ယီမင္ဟာ ဥေရာပနဲ႔ အာရွတိုက္ဆက္သြယ္ရာ အေရးပါ ေရလမ္းေၾကာင္းနဲ႔ ထိစပ္ေနၿပီး ဗ်ဴဟာ ေျမာက္ေနရာမွာ တည္ရွိပါတယ္။ ယီမင္ျပည္တြင္းမွာ ဟူသီနဲ႔ အယ္လ္ကိုင္ဒါတို႔လို႔ လက္နက္ကိုင္မ်ား ရွိေန ျခင္း- ယီမင္ႏိုင္ငံ တည္ၿငိမ္ေအးခ်မ္းျခင္းဟာ အေမရိကန္ရဲ႕ အမ်ိဳးသားလုံၿခဳံေရးသာမက အေနာက္အုပ္စုရဲ႕ အက်ိဳးစီးပြားနဲ႔ ဆက္စပ္ေနပါတယ္။

ဆယ္စုႏွစ္ခ်ီ ခါးသီးတဲ့ စစ္ပြဲမ်ားနဲ႔ ယီမင္ဟာ အေရွ႕အလယ္ပိုင္းမွာ အဆင္းရဲဆုံးတိုင္းျပည္ျဖစ္ယုံမက လူသား ခ်င္းစာနာမႈဆိုင္ရာ ကမာၻ႔အဆိုး႐ြားဆုံးျဖစ္ေနပါတယ္။ ရလဒ္အျဖစ္ ငတ္မြတ္ေခါင္းပါးမႈနဲ႔ စီးပြားေရးပ်က္ျပား ရျခင္းမ်ား ျဖစ္ေပၚလွ်က္ရွိပါတယ္။ ၂၀၁၄-ခုႏွစ္မွ ယခုထိ ယီမင္တစ္ခြင္လုံး တိုက္႐ိုက္-သြယ္ဝႈိက္ စစ္ပြဲေၾကာင့္ ေသဆုံးသူ ၃၈၀,၀၀၀ ခန႔္ရွိၿပီး လူဦးေရရဲ႕ ထက္ဝက္ေက်ာ္ဟာ ထမင္းတစ္နပ္စာ ရရွိဖို႔ အခက္အခဲျဖစ္ေနပါ တယ္။ ယီမင္စစ္ေဘးေရွာင္ ဒုကၡသည္ အားလုံးရဲ႕ ၄-ပုံ ၃-ပုံမွာ အမ်ိဳးသမီးမ်ားနဲ႔ ကေလးငယ္မ်ား ျဖစ္ပါတယ္။ ကိုယ္ဝန္ေဆာင္နဲ႔ ႏို႔တိုက္မိခင္ ၂.၇ သန္းဟာ ျပင္းထန္တဲ့ အဟာရခ်ိဳ႕တဲ့မႈေၾကာင့္ အခ်ိန္မီကုသမႈ ခံယူႏိုင္ဖို႔ လိုအပ္ေနပါတယ္။ စစ္ပြဲမ်ားေၾကာင့္ ၂၀၁၄-ခုႏွစ္မွာ လူေပါင္း ၄.၅ သန္းခန႔္ အိုးမဲ့ အိမ္မဲ့ျဖစ္ေနၿပီး ကေလးငယ္ ၁၁.၃ သန္းအတြက္ လူသားခ်င္းစာနာမႈဆိုင္ရာ အကူအညီမ်ား လိုအပ္ေနပါတယ္။

ပဋိပကၡမတီုင္မီ ႏွစ္ေပါင္းမ်ားစြာ စီမံခန႔္ခြဲမႈ လြဲမွားျခင္းနဲ႔ အက်င့္ပ်က္ျခစားျခင္းတို႔ေပါင္းစပ္ၿပီး သဘာ၀သယံဇာတမ်ား ေလ်ာ့နည္းလာပါတယ္။ ဒီအတြက္ ဖြံ႕ၿဖိဳးတိုးတက္မႈ အားနည္းၿပီး နာတာရွည္ ဆင္းရဲမြဲေတမႈမွာ သံသရာလည္ေနရပါတယ္။

ပါလက္စတိုင္းတို႔ကို စာနာတဲ့အေနနဲ႔ ဟူသီတို႔က စူးအက္တူးေျမာင္း ဝင္-ထြက္ ပင္လယ္နီနဲ႔ ေအဒင္ပင္ လယ္ေကြ႕ရွိ ႏိုင္ငံတကာကုန္သြယေရေၾကာင္း သေဘၤာမ်ားကို ဒုံးက်ည္မ်ား ဒ႐ုန္းမ်ားနဲ႔ ပစ္ခတ္တိုက္ခိုက္ခဲ့ ပါတယ္။ လက္တုန႔္ျပန္တဲ့အေနနဲ႔ အေမရိကန္နဲ႔ ၿဗိတိန္တို႔က ယီမင္ရွိ ဟူသီ ပစ္မွတ္မ်ားကို ေလၾကာင္းမွ တိုက္ခိုက္ပါတယ္။

လြန္ခဲ့တဲ့ (၁၁)လအတြင္း ဟူသီတို႔က ဒ႐ုန္းမ်ား၊ ပဲ့ထိန္းဒုံးနဲ႔ ခ႐ုဇ္ဒုံးက်ည္ေပါင္း ၂၂၀ ေက်ာ္အျပင္ ယခု တစ္ႀကိမ္မွာ မိုင္ေထာင္ခ်ီ ပ်ံသန္းႏိုင္တဲ့ ဟိုက္ပါေဆာနစ္ ဒုံးက်ည္နဲ႔ ပစ္ခတ္တယ္ ဆိုျခင္းမွာ မွတ္သားစရာ ေကာင္းလွပါတယ္။

ေလထုအတြင္း ျဖတ္သန္းတဲ့ အရာဝတၳဳတို႔အေပၚ သက္ေရာက္အားကိုေလ့လာတဲ့ “အယ္႐ိုဒိုင္းနမစ္ပညာ”အရ အသံရဲ႕ ၁.၂-ဆမွ ၅ ဆ အတြင္း တစ္နည္းအားျဖင့္ ပင္လယ္ေရမ်က္ႏွာျပင္အထက္ အပူခ်ိန္ ၂၀ ဒီဂရီဆဲလ္စီး ယပ္ရွိ ေျခာက္ေသြ႕ေလထုအတြင္း စကၠန႔္လွ်င္ ၁၁၂၆-ေပ ( တစ္နာရီလွ်င္ ၇၆၈-မိုင္ခန႔္) အထိ ပ်ံသန္းႏိုင္ လွ်င္ “ စူပါေဆာနစ္” လို႔ ေခၚၾကၿပီး အဲ့ဒီထက္ပိုလွ်င္ “ဟိုက္ပါေဆာနစ္” လို႔ သတ္မွတ္ပါတယ္။

သမား႐ိုးက် ပဲ့ထိန္းဒုံးက်ည္မ်ား ယေန႔ေခတ္ အျခားလက္နက္မ်ားဟာ အသံထက္ျမန္တဲ့ စူပါေဆာနစ္မ်ား ျဖစ္ၾကပါတယ္။ လက္ရွိ ေလေၾကာင္းရန္ကာစနစ္မ်ားဟာ စူပါေဆာနစ္မ်ားအတြက္ ရည္႐ြယ္တည္ေဆာက္ထား ၾကျခင္းျဖစ္ၿပီး အခ်ိန္တစ္မိနစ္အတြင္း တမဟုတ္ခ်င္း ခ်ဥ္းကပ္လာမယ့္ ဟိုက္ပါေဆာနစ္လက္နက္မ်ားကို ကာ ကြယ္ဖို႔ထက္ ေထာက္လွမ္းသိရွိရန္ပင္ ခဲယဥ္းလွပါတယ္။ အဲ့ဒီလက္နက္ကို အကြာအေဝး မိုင္ ၁၂၀၀ ေက်ာ္အ ထိ ပစ္လႊတ္ႏိုင္တယ္ဆိုျခင္း၊ အစၥေရးတို႔ရဲ႕ နာမည္ေက်ာ္ “သံမဏိ အမိုးခုံး” အပါအဝင္ ေလေၾကာင္းရန္ကာ စနစ္ကို ထိုးေဖာက္ႏိုင္တယ္ဆိုျခင္းမွာဟာ အေတာ္စိတ္ဝင္စားစရာ ေကာင္းလွပါတယ္။

၂၀၂၄-ခုႏွစ္အထိ ကမာၻေပၚမွာ အေမရိကန္၊ တ႐ုတ္၊ ႐ုရွား၊ ေျမာက္ကိုရီးယား၊ ၾသစေၾတးလ်၊ ျပင္သစ္၊ ဂ်ာမနီ၊ ဂ်ပန္တို႔ဟာ ဟိုက္ပါေဆာနစ္ လက္နက္မ်ားကို ပိုင္ဆိုင္ထားၾကၿပီး အီရန္၊ အစၥေရး၊ ေတာင္ကိုရီးယားတို႔ဟာ မၾကာမီ ပိုင္ဆိုင္ႏိုင္ သို႔မဟုတ္ ပိုင္ဆိုင္ေနုၿပီလို႔ ယုံၾကည္ရပါတယ္။

ဂါဇာစစ္ပြဲ ႏွစ္ပတ္လည္ ေအာက္တိုဘာ ၇-ရက္ေန႔မတိုင္မီ ဟူသီတို႔ရဲ႕ ဒုံးက်ည္ဟာ ဟိုက္ပါေဆာနစ္မဟုတ္၊ အသံထက္အဆလြန္ ပ်ံသန္းျခင္းမ်ိဳး မဟုတ္ေၾကာင္း ဂ်ဴး သတင္းစာ “တိုင္းမ္ေအာ့ဖ္အစၥေရး” က ေရးပါတယ္။ ဒါေပမယ့္ ေျမာက္ကိုရီးယား သို႔မဟုတ္ ႐ုရွားကသာ နည္းပညာမေပးဘူးဆိုရင္ ဟိုက္ပါေဆာနစ္အျဖစ္ သံသယ ရွိတယ္လို႔ ဆိုပါတယ္။ စစ္ေရးေလ့လာသူမ်ားကေတာ့ ဟူသီတို႔ဟာ အီရန္ထံမွ ရရွိပုံေပၚတယ္လို႔ မွတ္ခ်က္ေပးပါတယ္။

တဲလ္အဗစ္ၿမိဳ႕အနီး မီးေလာင္ကြၽမ္းမႈ ျဖစ္ေပၚခဲ့ၿပီး လူ ၉-ဦး အနည္း ငယ္ဒဏ္ရာရရွိခဲ့ေၾကာင္း၊ ေဒးဗစ္ဘင္ဂူ ရီယံေလဆိပ္အတြင္း ေရာက္ရွိေနသူမ်ားကို ေဘးလြတ္ရာ ေ႐ြ႕ေျပာင္းေပးခဲ့ေၾကာင္း၊ ဒီအတြက္ ထိေရာက္စြာ လက္တုန႔္ျပန္မယ္လို႔ အစၥေရးဝန္ႀကီးခ်ဳပ္ ေနတန္ယာဟုက ႀကဳံးဝါးေနပါတယ္။

(AL Jazeera., 17 September 2024,” Yemen’s Houthis fire ‘hypersonic’ missile at Israel: What to know” ကို ဆီေလ်ာ္ေအာင္ဘာသာျပန္ဆိုသည္။)

Related news

© 2021. All rights reserved.