ထိုင်ဝမ်အရှေ့မြောက်ဖက်ရေပြင်ကို တရုတ်လေယာဉ်တင်သင်္ဘောဦးဆောင်တဲ့တပ်ဖွဲ့ ဖြတ်ကျော်ဝင်ရောက်

 1557

Pika (NP News) - စက်တင်ဘာ ၁၈

Liaoning လေယာဉ်တင်သင်္ဘောဦးဆောင်တဲ့ တရုတ်ရေတပ်ဖွဲ့ဟာ စက် တင်ဘာလ(၁၈)ရက်နေ့မှာ ထိုင်ဝမ်အရှေ့မြောက်ဘက်ရေပြင်ကို ဖြတ်ကျော်ဝင်ရောက်ခဲ့ပြီး ဂျပန်နိုင်ငံ Yonaguni ကျွန်းရဲ့ အရှေ့တောင်ဘက်ကို ဦးတည်သွားခဲ့တယ်လို့ ထိုင်ဝမ်အစိုးရက ပြောကြားခဲ့ပါတယ်။

ထိုင်ဝမ်ကာကွယ်ရေးဝန်ကြီးဌာနက "တရုတ်လေယာဉ်တင်သင်္ဘောဦးဆောင်တဲ့ ရေတပ်က အရှေ့မြောက်ဘက်ရေပြင်ကို ဖြတ်ကျော်ဝင်ရောက်ချိန်အတွင်း ထိုင်ဝမ်တပ်ဖွဲ့တွေက အခြေအနေတွေကိုစောင့်ကြည့်ပြီး တုံ့ပြန်မှုတွေ လုပ်ဆောင်ခဲ့ပါတယ်"လို့ ပြောဆိုခဲ့ပါတယ်။

စက်တင်ဘာလ(၁၇)ရက်နေ့က ထိုင်ဝမ်ရေလက်ကြားကို ဖြတ်ကျော်ဝင်ရောက်လာတဲ့ အမေရိကန်လေယာဉ်တစ်စင်းကို တရုတ်စစ်တပ်က ခြေရာခံလိုက်ပြီး နိုင်ငံပိုင်အချုပ်အခြာအာဏာကို ပြတ်ပြတ်သားသား ကာကွယ်သွားမယ်လို့ ပြောဆိုခဲ့ပြီးနောက် တစ်ရက်အကြာမှာ ယခုလိုဖြတ်သန်းသွားလာမှုတွေ ထွက်ပေါ်လာတာ ဖြစ်ပါတယ်။ တရုတ်စစ်တပ်ရဲ့ အရှေ့ပိုင်းကွပ်ကဲမှုဌာနချုပ် ပြောရေးဆိုခွင့်ရှိသူလီရှီ က "စက်တင်ဘာလ(၁၇)ရက်နေ့မှာ အမေရိကန်ရဲ့ P-8A ကင်းလှည့်လေယာဉ်တစ်စင်းက ထိုင်ဝမ်ရေလက်ကြားကို ဖြတ်ကျော်ပျံသန်းခဲ့ပါတယ်။ ကျွန်တော်တို့တပ်ဖွဲ့တွေဟာ တရုတ်နိုင်ငံရဲ့ အချုပ်အခြာအာဏာနဲ့လုံခြုံရေးအပြင် ငြိမ်းချမ်းရေးနဲ့ တည်ငြိမ်ရေးတို့ကို ပြတ်ပြတ်သားသားကာကွယ်ဖို့အတွက် အမြင့်ဆုံးသတိပေးချက်အဆင့်မှာ အမြဲတမ်းရှိနေပါတယ်"လို့ ပြောဆိုခဲ့ပါတယ်။

တရုတ်အစိုးရဟာ ထိုင်ဝမ်ကျွန်းကို ၎င်းရဲ့ပိုင်နက်နယ်မြေအဖြစ် ရှုမြင်ထားပြီး ငြိမ်းချမ်းစွာ ပြန်လည်ပေါင်းစည်းနိုင်ဖို့အတွက် လိုအပ်ပါက အင်အားသုံးဖြေရှင်းသွားမယ်လို့ တရုတ်သမ္မတရှီကျင့်ဖျင်က ယခင်က ထုတ်ပြန်ပြောခဲ့ဖူးပါတယ်။ တရုတ်အစိုးရက ထိုင်ဝမ်ကျွန်းအပေါ် စစ်ရေးနဲ့နိုင်ငံရေးအရ ဖိအားပေးမှုတွေကို လုပ်ဆောင်နေမှုနဲ့အတူ ပြီးခဲ့တဲ့နှစ်တွေအတွင်း တရုတ်လေယာဉ်တွေသင်္ဘောတွေဖြစ်တဲ့ Liaoning နဲ့ Shandonတို့ဟာ ထိုင်ဝမ်ရေလက်ကြားကို အကြိမ်ပေါင်းများစွာ ဖြတ်သန်းသွားလာခဲ့ဖူးတယ်လို့သိရပါတယ်။

zawgyi version
ထိုင္ဝမ္အေရွ႕ေျမာက္ဖက္ေရျပင္ကို တ႐ုတ္ေလယာဥ္တင္သေဘၤာဦးေဆာင္တဲ့တပ္ဖြဲ႕ ျဖတ္ေက်ာ္ဝင္ေရာက္
Pika (NP News) - စက္တင္ဘာ ၁၈

Liaoning ေလယာဥ္တင္သေဘၤာဦးေဆာင္တဲ့ တ႐ုတ္ေရတပ္ဖြဲ႕ဟာ စက္ တင္ဘာလ(၁၈)ရက္ေန႔မွာ ထိုင္ဝမ္အေရွ႕ေျမာက္ဘက္ေရျပင္ကို ျဖတ္ေက်ာ္ဝင္ေရာက္ခဲ့ၿပီး ဂ်ပန္ႏိုင္ငံ Yonaguni ကြၽန္းရဲ႕ အေရွ႕ေတာင္ဘက္ကို ဦးတည္သြားခဲ့တယ္လို႔ ထိုင္ဝမ္အစိုးရက ေျပာၾကားခဲ့ပါတယ္။

ထိုင္ဝမ္ကာကြယ္ေရးဝန္ႀကီးဌာနက "တ႐ုတ္ေလယာဥ္တင္သေဘၤာဦးေဆာင္တဲ့ ေရတပ္က အေရွ႕ေျမာက္ဘက္ေရျပင္ကို ျဖတ္ေက်ာ္ဝင္ေရာက္ခ်ိန္အတြင္း ထိုင္ဝမ္တပ္ဖြဲ႕ေတြက အေျခအေနေတြကိုေစာင့္ၾကည့္ၿပီး တုံ႔ျပန္မႈေတြ လုပ္ေဆာင္ခဲ့ပါတယ္"လို႔ ေျပာဆိုခဲ့ပါတယ္။

စက္တင္ဘာလ(၁၇)ရက္ေန႔က ထိုင္ဝမ္ေရလက္ၾကားကို ျဖတ္ေက်ာ္ဝင္ေရာက္လာတဲ့ အေမရိကန္ေလယာဥ္တစ္စင္းကို တ႐ုတ္စစ္တပ္က ေျခရာခံလိုက္ၿပီး ႏိုင္ငံပိုင္အခ်ဳပ္အျခာအာဏာကို ျပတ္ျပတ္သားသား ကာကြယ္သြားမယ္လို႔ ေျပာဆိုခဲ့ၿပီးေနာက္ တစ္ရက္အၾကာမွာ ယခုလိုျဖတ္သန္းသြားလာမႈေတြ ထြက္ေပၚလာတာ ျဖစ္ပါတယ္။ တ႐ုတ္စစ္တပ္ရဲ႕ အေရွ႕ပိုင္းကြပ္ကဲမႈဌာနခ်ဳပ္ ေျပာေရးဆိုခြင့္ရွိသူလီရွီ က "စက္တင္ဘာလ(၁၇)ရက္ေန႔မွာ အေမရိကန္ရဲ႕ P-8A ကင္းလွည့္ေလယာဥ္တစ္စင္းက ထိုင္ဝမ္ေရလက္ၾကားကို ျဖတ္ေက်ာ္ပ်ံသန္းခဲ့ပါတယ္။ ကြၽန္ေတာ္တို႔တပ္ဖြဲ႕ေတြဟာ တ႐ုတ္ႏိုင္ငံရဲ႕ အခ်ဳပ္အျခာအာဏာနဲ႔လုံၿခဳံေရးအျပင္ ၿငိမ္းခ်မ္းေရးနဲ႔ တည္ၿငိမ္ေရးတို႔ကို ျပတ္ျပတ္သားသားကာကြယ္ဖို႔အတြက္ အျမင့္ဆုံးသတိေပးခ်က္အဆင့္မွာ အၿမဲတမ္းရွိေနပါတယ္"လို႔ ေျပာဆိုခဲ့ပါတယ္။

တ႐ုတ္အစိုးရဟာ ထိုင္ဝမ္ကြၽန္းကို ၎ရဲ႕ပိုင္နက္နယ္ေျမအျဖစ္ ရႈျမင္ထားၿပီး ၿငိမ္းခ်မ္းစြာ ျပန္လည္ေပါင္းစည္းႏိုင္ဖို႔အတြက္ လိုအပ္ပါက အင္အားသုံးေျဖရွင္းသြားမယ္လို႔ တ႐ုတ္သမၼတရွီက်င့္ဖ်င္က ယခင္က ထုတ္ျပန္ေျပာခဲ့ဖူးပါတယ္။ တ႐ုတ္အစိုးရက ထိုင္ဝမ္ကြၽန္းအေပၚ စစ္ေရးနဲ႔ႏိုင္ငံေရးအရ ဖိအားေပးမႈေတြကို လုပ္ေဆာင္ေနမႈနဲ႔အတူ ၿပီးခဲ့တဲ့ႏွစ္ေတြအတြင္း တ႐ုတ္ေလယာဥ္ေတြသေဘၤာေတြျဖစ္တဲ့ Liaoning နဲ႔ Shandonတို႔ဟာ ထိုင္ဝမ္ေရလက္ၾကားကို အႀကိမ္ေပါင္းမ်ားစြာ ျဖတ္သန္းသြားလာခဲ့ဖူးတယ္လို႔သိရပါတယ္။

Related news

© 2021. All rights reserved.