ရုရှားက ယူကရိန်းကို တိုက်ခိုက်ခဲ့မှုဟာ ကမ္ဘာ့အမြန်ဆုံးထိုးစစ်ဆင် တိုက်ခိုက်မှုပုံစံသစ်လား

 4830

မင်းထက် (NP News) - ဖေဖော်ဝါရီ ၂၅
ဖေဖော်ဝါရီ ၂၄ ရက်၌ ကမ္ဘာသားအားလုံးကို ပြူးပြူးပြာပြာဖြစ်သွားစေသော ဖြစ်ရပ်အဖြစ် ရုရှားက ယူကရိန်းကို ဝင်တိုက်သည့်စစ်ပွဲကို မြင်တွေ့ကြားသိလိုက်ကြရပြီး နာရီပိုင်းအတွင်း ယူကရိန်းကို လိုသလို ဝင်ရောက်မွှေနှောက်သွားခဲ့သော ရုရှားစစ်တပ်၏ထိုးစစ်မှာ ခေတ်သစ် ၂၁ ရာစု နည်းပညာစစ်ပွဲများအတွက် လေ့လာစရာအကောင်းဆုံး ကမ္ဘာအမြန်ဆုံး ထိုးစစ်ဆင်မှု ဖြစ်လာခဲ့လေသည်။

ယနေ့ဆိုလျှင် ရုရှား-ယူကရိန်း စစ်ဆင်ရေး ဒုတိယမြောက်သောနေ့ကိုရောက်ရှိခဲ့လေပြီ။ သမ္မတ ပလာဒီမာပူတင်က ဖေဖော်ဝါရီ ၂၄ ရက် နံနက် ၆ နာရီ မိန့်ခွန်းပြောပြီး သိပ်မကြာခင်မှာပင် ရုရှားတပ်များ စစ်ကြောင်း ၃ ကြောင်းဖြင့် ယူကရိန်းကို ထိုးစစ်ဆင်သည်။ စစ်ကြောင်း ၁ အဖြစ် ရုရှားနိုင်ငံအတွင်းမှဖြစ်သည်။ စစ်ကြောင်း ၂ အနေဖြင့် ခရိုင်းမီးယား ဒေသမှဖြစ်ပြီး စစ်ကြောင်း ၃ ကိုမူ ဘီလာရုစ့်နိုင်ငံမှ ဦးတည်ခြင်းဖြစ်သည်။ ဂဏာန်းလက်မပုံသဏ္ဍန် ညှပ်ပြီး တိုက်ခဲ့သည်ဟုလည်း အကြမ်းဖျဉ်းအားဖြင့် ဆိုနိုင်သည်။ စစ်မျက်နှာစုံဖွင့်ကာ တိုက်စစ်ဆင်လိုက်ခြင်းသည် ရုရှားအတွက် စွန့်စားမှုတစ်ခုပြုလုပ်လိုက်ခြင်းဖြစ်သကဲ့သို့ ယူကရိန်းအတွက်လည်း ဗျာများသွာစေရန် ဖြစ်ခဲ့သည်။
ပထမဆုံးအနေဖြင့် ရုရှားသည် ကိဗ်မြို့၊ အိုဒက်ဆာမြို့၊ ခါဆွန်မြို့၊ မာရီပိုလ်မြို့၊ ဒနီပရိုမြို့၊ ခရာမတော့စ်မြို့၊ ခါကိဗ်မြို့၊ အီဗန်နိုဖရန်ကိဗ်မြို့၊ လူးတပ်စ်ခ်မြို့ စသည့် ယူကရိန်း၏အဓိက နေရာကြီးများနှင့် လေယာဉ်ကွင်းများ၊ ကိဗ်မြို့အနီးရှိ စစ်ဌာနချုပ်နေရာများနှင့် လေ‌ကြောင်းရန်ကာကွယ်ရေးနေရာများအား ရုရှားနိုင်ငံတွင်းမှနေ၍ ပဲထိန်းဒုံးများဖြင့် စတင် တိုက်ခိုက်ကာ တိုက်ပွဲ၏ကန့်လန့်ကာကို ဖွင့်ခဲ့သည်။ တဆက်တည်းမှာပင် Electronic Warfare (EW) ကို ပြည့်စုံကုံလုံစွာ ပြင်ဆင်ပြီး လေကြောင်းဖြင့် ယူကရိန်းမြို့ပေါ်များအထိ ဖြန့်ကျက်ဝင်ရောက် ပျံသန်းပြခဲ့သည်။ EW စနစ်ကို ကောင်းမွန်စွာသုံးစွဲခြင်းနှင့် လက်ဦးမှု ရယူခြင်းတို့ကြောင့် ယူကရိန်း လေကြောင်းရန်ကာကွယ်ရေးစနစ်များ တစ်ခုမှ အလုပ်မလုပ်တော့ဘဲ တိုက်စစ်မြှားဦးကို ခွင့်ပြုပေးလိုက်ရသလိုဖြစ်သွားတော့သည်။ ရုရှား တိုက်လေယာဉ်များ၊ ရုရှား ရဟတ်ယာဉ်များမှာ တိုက်စစ် စဆင်ပြီး သိပ်မကြာမှီမှာပင် ယူကရိန်းကောင်းကင်ယံတွင် ခပ်နိမ့်နိမ့်ပျံသန်းပြခဲ့ခြင်းကို ကြည့်လျှင် Air Defence System တစ်ခုလုံးကို ကောင်းကောင်းထိန်းချုပ်သွားနိုင်ကြောင်း သက်သေတည်လျက်ရှိသည်။ ရုရှားနိုင်ငံတွင်ပညာ သင်ကြားခဲ့သော ပညာရှင်လူငယ်တစ်ဦးက ပြောပြဖူးသည်။ " ရုရှားသည် အီလက်ထရွန်နစ်စစ်ဆင်ရေးပစ္စည်းများကို သေချာစွာပြင်ဆင် ထုတ်လုပ်ကာ အသုံးပြုတတ်သည်။ လေယာဉ်တစ်စီးလုံးတွင် EW Equipment ပစ္စည်းချည်း တပ်ဆင်ကာ စစ်မြေပြင်ကို သွားလေ့ရှိသည် " ဆိုသောစကားပင် ဖြစ်၏။ ခရိုင်းမီးယား အရေးအခင်းတွင် ရုရှားသည် အမေရိကန်သင်္ဘောပေါ်မှ ထိုသို့ EW ပစ္စည်းပြည့်စုံစွာ တပ်ဆင်ထားသော လေယာဉ်နှင့်အတူ လက်နက်တပ်ဆင်ထားသော လေယာဉ်တစ်စီး ဖြတ်ကာပျံသန်းပြခဲ့သည်။ ပထမဆုံး EW ပစ္စည်းများတပ်ဆင်သည့် လေယာဉ်မှ အဆိုပါ သင်္ဘောပေါ်တွင် သုံးပတ်ခန့်ပတ်၍ပျံသန်းပြခဲ့ပြီးမှ လက်နက်တပ်ဆင်ထားသော လေယာဉ်အချို့ ရောက်ရှိလာပြီး ဝင်ရောက်တိုက်ခိုက်ခြင်းမျိုးဖြစ်သည်။ သို့ဆိုလျှင်၂၀၁၄ ခုနှစ်ခန့်ကတည်းက ခရိုင်းမီးယားအရေးအခင်း၌ သုံးစွဲခဲ့ဖူးသည့်အတွက် ယနေ့ ၂၀၂၂ ဖြစ်နေချေပြီ။ ကာလလည်း ကြာမြင့်ခဲ့ပြီဖြစ်သည့်အတွက် ပို၍တိုးတက်နေပြီဆိုသည်မှာ မြေကြီးလက်ခပ်မလွဲနိုင်တော့ချေ။ ရုရှားသည် တိုက်စစ်၏ နောက်တစ်ဆင့်အဖြစ် လေကြောင်းချီတပ်ဖွဲ့များကို လေထီးဖြင့် ယူကရိန်းနယ်စပ်တွင် ဆင်းသက်စေပြန်သည်။ ဆက်လက်ပြီး စစ်ကြောင်း ၃ ကြောင်းမှ တပ်ဖွဲ့များသည် ယန္တရားတင်တပ်ဖွဲ့များနှင့်ပေါင်းစပ်ကာ ရည်မှန်းချက်ဆီသို့ တစ်ရှိန်ထိုး ချီတက်ကြသည်။ ယူကရိန်းသည် ယမန်နေ့( ဖေဖော်ဝါရီ ၂၄ )ကရော ယနေ့ (ဖေဖော်ဝါရီ ၂၅)အထိပါ စစ်၏သဘောအရ ငုတ်တုတ်ထိုင်ကြည့်နေရသည့် သဘောတွင် ရှိနေသည်။ ယူကရိန်း၏အမှတ် (၅၇) ယာဉ်တင်ခြေလျင်တပ်မဟာ (57th Motorised Infantry Brigade) လက်နက်ချသွားသည်ဆိုသော သတင်းစကားနှင့်ပေါင်းစပ်ပါက ဆိုဖွယ်ရာမရှိတော့ပေ။

နှစ်ရက်မပြည့်မီ နာရီပေါင်း(၃၀)ကျော်အတွင်း၌ပင် ယူကရိန်းတပ် အတော်များများက ရုရှားတပ်များဝင်လာခြင်းကို ထိရောက်သော ဟန့်တားမှုမျိုး မလုပ်လိုက်နိုင်ခဲ့သည်မှာ အသေအချာပင် ဖြစ်သည်။ ရုရှား၏ ကမ္ဘာ့အမြန်ဆုံးတိုက်စစ်ကဏ္ဍက ယခုအနေအထားအထိပင် ဖြစ်သည်လားဆိုသော မေးခွန်းအတွက် မဟုတ်သေးကြောင်း တွေ့လာရပြန်သည်။ မြေပြင်တွင် တိုက်စစ်ဆင်နေသကဲ့သို့ ယူကရိန်းနိုင်ငံခြားရေးဝန်ကြီးဌာန၊ ကာကွယ်ရေးဝန်ကြီးဌာန၊ ပြည်ထဲရေးဝန်ကြီးဌာန၊ ယူကရိန်းလုံခြုံရေးရာဌာနနှင့် ဝန်ကြီးများအဖွဲ့တို့၏ ဝက်ဘ်ဆိုက်များကို ရုရှားဘက်မှ ဆိုက်ဘာတိုက်ခိုက်မှုများလုပ်၍ ဖြတ်တောက်ထားခဲ့သည်။ သို့ဆိုရလျှင်ဖြင့် နှစ်ရက်တာအတွင်း သုံးသပ်ရမိသလောက်ကြည့်ပါလျှင် ရုရှားအနေဖြင့် သုံးဖက်မြင်စစ်ပွဲအသွင်ဖြင့် အမြန်ဆုံးတိုက်စစ်ကို အကောင်အထည်ဖော်ခဲ့သည်ဟု ဆိုညွှန်းရမည်ဖြစ်နေသည်။ ဖြစ်ပွားနေဆဲ နှစ်ရက်တာတိုက်ပွဲအတွင်း၌ ထူးဆန်းသည့်အရာတစ်ခုမှာ ရုရှားဘက်မှ စစ်သတင်းလုံခြုံမှုနဲ့ စစ်သတင်းရရှိမှုတို့ပင် ဖြစ်သည်။ ရုရှားအနေဖြင့် လက်ရှိကာလမတိုင်မီအထိ ယူကရိန်းကို စစ်ဆင်မည့်အရိပ်အယောင်များပြသခဲ့သည့်တိုင် ယခုကဲ့သို့ စစ်ကြောင်းကြီး ၃ ကြောင်းဖြင့် တစ်ပြိုင်နက်တည်း ထိုးစစ်ဆင်လာလိမ့်မည်ဆိုသည်ကို ယူကရိန်းဘက်က ကြိုတင်ပြီး ခန့်မှန်းမိကောင်း ခန့်မှန်းမိနိုင်မည်ဖြစ်သည်။ သို့သော်လည်း လက်ရှိအချိန်ထိ ရုရှား၏ စစ်ကြောင်းများကို ကွပ်ကဲသော Command Post များ ပျောက်ခြင်းမလှ ပျောက်လျှက်ရှိနေသည်။ တပ်များကို မည်သို့စုဖွဲ့၍ မည်သို့ ဖြန့်ကျက်မည်ဆိုသည်ကို မသိရလောက်အောင်ပင် စစ်ဘက်ဆိုင်ရာ သတင်းလုံခြုံမှုအပိုင်း ရုရှားဘက်က အားကောင်းခဲ့သည်။ ယင်းအပြင် စစ်သတင်း ရရှိမှုအနေဖြင့် လည်း ရုရှားဘက်က စစ်ပွဲစတင်ပြီဆိုသည်နှင့် ယူကရိန်း၏အဓိကစစ်ဖက်ဆိုင်ရာ ပစ်မှတ်များနှင့် အဓိကအရေးကြီးနေရာများကို နာရီပိုင်းအတွက် ထိထိမိမိ မြန်မြန်ဆန်ဆန် ပစ်ခတ်တိုက်ခိုက်လိုက်နိုင်သည်ကို တွေ့ရသည်။ ရုရှားထောက်လှမ်းရေး (KGB) အဖွဲ့၏ စွမ်းဆောင်မှုက အံ့မခန်းပင် ဖြစ်နေသည်။

ရုရှား အမြန်ဆုံး တိုက်စစ်၏ ပြင်ဆင်မှုအပိုင်းကိုလည်း လေ့လာသိရသလောက် ဤသို့ မြင်ရပြန်သည်။ ရုရှားအနေဖြင့် ၂၀၂၁ ခုနှစ် အောက်တိုဘာလကတည်းက ယူကရိန်းနယ်စပ်တစ်လျှောက်တွင် တပ်ဖွဲ့များကို ဖြန့်ကျက်ရန် စတင်စီစဉ်ခဲ့သည်ဟု ဆိုရမည်ဖြစ်သည်။ ပြီးခဲ့သောနှစ်ကုန်ခါနီးတွင် ရုရှားသည် တပ်ဖွဲ့ဝင်များ၊ တင့်ကားများနှင့် အမြောက်အကြီးစားများကို ယူကရိန်း အရှေ့ပိုင်းနယ်စပ်ဒေသများသို့ စတင်ပြောင်းရွှေ့ခဲ့သည်။ ဇန်နဝါရီလတွင် ပူးတွဲစစ်ရေးလေ့ကျင့်မှု ပြုလုပ်ရန် နီးကပ်သောမဟာမိတ်ဖြစ်သည့် ဘီလာရုစ်သို့ လက်နက်ကိရိယာများနှင့် တပ်ဖွဲ့ဝင်များကို စတင်ပြောင်းရွှေ့ခဲ့သည်။ ဘီလာရုစ်ရှိ ရုရှားတပ်ဖွဲ့ဝင်များသည် မြို့တော် ကိယက်ဗ်နှင့် ပိုမိုနီးကပ်သော ယူကရိန်း မြောက်ပိုင်းနယ်စပ်တွင် ရှေ့မျက်နှာ စာသစ်ဖွင့်လှစ်ရန် ရည်ရွယ်၍ချထားခြင်းဖြစ်သည်ဟု ထိုစဉ်ကတည်းက သဘောပေါက်ထားကြောင်း ယူဆရနိုင်သည်။မကြာသေးမီ ရက်သတ္တပတ်များအတွင်း ရုရှားသည် ယူကရိန်းအပေါ် ကြီးမားသော စစ်ဆင်ရေး ပြုလုပ်ရန် လိုအပ်သောတပ်ဖွဲ့များကို ထပ်မံချထားခဲ့ပြန်သည်။ အဆိုပါတပ်ဖွဲ့များတွင် တိုက်ခိုက်ရေးလေယာဉ်များနှင့် တိုက်ခိုက်ရေးရဟတ်ယာဉ်များ ပါဝင်ပြီး လက်ရွေးစင် လေထီးတပ်များနှင့် အထူးတပ်ဖွဲ့ဝင်များပါဝင်ကြောင်းလည်း နိုင်ငံတကာသတင်းများကို အခြေခံ၍ တွေ့ရှိရသည်။ သို့ဆိုလျှင် ရုရှားအနေဖြင့် ယူကရိန်းကိုတိုက်စစ်ဆင်ရန် ပြင်ဆင်ခြင်းအတွက်လည်း အချိန်ကာလအားဖြင့် သေချာစီမံခဲ့ပြီး နိုင်ငံနှင့်ချီသောတိုက်စစ်တစ်ခုအနေဖြင့် မြန်ဆန်သည့် ပြင်ဆင်မှုဖြစ်ကြောင်းလည်း သတ်မှတ်၍ ရနိုင်ပေသည်။ နှစ်ရက်ပြည့်မြောက်သွားပြီဖြစ်သော စစ်ဆင်ရေးအတွင်း ယူကရိန်းတပ်များ၏ ဖြစ်ပျက်သွားသောအနေအထားကိုကြည့်လျှင် အလွန်ပင် အံ့သြယူရလောက်သည်။ အဘယ်ကြောင့်ဆိုသော် ယူကရိန်းသည် သာမန်နိုင်ငံငယ်(မြန်မာထက်မငယ်သောနိုင်ငံ) တစ်ခု မဟုတ်သည်မှာ သေချာနေသောကြောင့် ဖြစ်သည်။ ကမ္ဘာ့စစ်အင်အားကြီးနိုင်ငံများကို လက်နက်တင်ပို့ရောင်းချနေသော နိုင်ငံဖြစ်သည်။ ယင်းအပြင် အမေရိကန်ဦးဆောင်သော အနောက်အင်အားကြီး NATO အဖွဲ့ဝင်နိုင်ငံများ၏ ထောက်ပံ့မှုကိုလည်း ရရှိထားသော နိုင်ငံဖြစ်နေသည်။ ယင်းကဲ့သို့သော ကမ္ဘာ့အလယ်အလတ်အဆင့်သာသာရှိသည့် နိုင်ငံမျိုးကို ဂယောက်ဂယက်ဖြစ်သွားစေအောင် တိုက်စစ်ဆင်နိုင်ခြင်းမှာ ရုရှားတပ်မတော်၏ အစွမ်းအစအပေါ် အံ့သြမှင်သက်မိစရာ ဖြစ်စေခဲ့သည်။ (ထို့ကြောင့်လည်း ယူကရိန်းသမ္မတ ဇီလင်စကီက နေတိုးအုပ်စု ၂၇ နိုင်ငံထံ ယူကရိန်းအတွက် ဝင်ရောက်စစ်ကူတိုက်ပေးရန်နှင့် ယူကရိန်းကိုနေတိုးအဖွဲ့ဝင်နိုင်ငံအဖြစ် သတ်မှတ်ပေးရန် ဆက်သွယ်တောင်းဆိုချက်ကို အကြောင်းမပြန်ကြကြောင်း၊ နေတိုးအဖွဲ့လည်း ကြောက်နေကြကြောင်း ဖေဖော်ဝါရီ ၂၅ ရက်တွင် ထုတ်ဖော်ပြောကြားလာခြင်း ဖြစ်ဟန်ရှိသည်)

ကမ္ဘာ့အမြန်ဆုံးတိုက်စစ်အဆင်မှု ဖြစ်သွားစေရေးအတွက် အမိန့်ပေးခဲ့သော သမ္မတ ပူတင်၏ လှည့်စားနိုင်စွမ်းကိုလည်း ထည့်မတွက်၍ မရနိုင်တော့ပေ။ တိုက်တော့မလိုလို မတိုက်ဘဲ ပြန်လှည့်တော့မလိုလိုဖြင့် ယူကရိန်းခွဲထွက်ဒေသနှစ်ခုအတွက် ငြိမ်းချမ်းရေးထိန်းသိမ်းရေးတပ်များ လွှတ်ကြောင်း လေသံဟမှုမှတစ်ဆင့် ဖေဖော်ဝါရီ ၂၄ ရက် နံနက်ရောက်မှသာ အထူးစစ်ဆင်ရေးဆင်နွှဲပြီဟု ထုတ်ပြောလိုက်ခြင်းမျိုး တွေ့ရသည်။ ထိုနေရာတွင် ဆီသည်ဆိုင်သည် ဟုတ်ဟန်မတူသောကိစ္စ ဖြစ်ရပ်တစ်ခုကို ထည့်သွင်းသုံးသပ်စရာ ရှိနေပြန်သည်။ ရုရှား၏ တိုက်စစ်မှာ ပေကျင်းအိုလံပစ်ပွဲအပြီးမှသာ စတင်ခဲ့ခြင်းက ထူးခြားသည်ဟု ဆိုရမည်ဖြစ်နေသည်။ အဆိုပါ ဖေဖော်ဝါရီ ၂၄ ရက်၏ ညနေပိုင်းအထိတွင်မူ ယူကရိန်းသမ္မတ ဇီလင်စကီးက နိုင်ငံကို အရေးပေါ်အခြေအနေကြေငြာကာ စစ်အုပ်ချုပ်ရေးတွေပြဌာန်း၍ စစ်အင်အားများ စတင်စုဖွဲ့နေဆဲသာရှိနေသည်။ ထိုအချိန်တွင် ရုရှားတပ်များက ယူကရိန်းမြို့တော် ကိဗ်၏ ၁၀ မိုင်အကွာထိ ရောက်နေကြောင်းလည်း သတင်းများ ရေးသားနေကြသည်။ သို့ဆိုလျှင်ဖြင့် ပိတ်ကားပေါ်တွင် ဆက်လက်ကြည့်ရှုရမည့်အနေအထားမှာ ယူကရိန်း ဘာဆက်လုပ်မည်နည်းဆိုသော အချက်ပင်ဖြစ်သည်။ ပြီးခဲ့သည့် ခရိုင်းမီးယားဖြစ်စဉ်အတွင်းကလည်း ရုရှားက အလားတူ ဖဲ့ယူသွားခြင်းမျိုးဖြစ်သဖြင့် ယခုတစ်ကြိမ်တွင် ယူကရိန်းတို့ ထပ်မံပြီး ဖဲ့ချွေမည်လားဆိုသည်ကို စောင့်ကြည့်ရတော့မည်ဖြစ်သည်။

တွေးမိသောတစ်ချက်အဖြစ် ဆိုရလျှင် ယူကရိန်းသမ္မတက အဘယ်ကြောင့် ဤမျှအထိ သွေး အေးနေသနည်းဆိုသောအချက်ပင်။ ရုရှားသည် စစ်အင်အားကြီးနိုင်ငံဖြစ်သည့်အတွက် စစ်မက်ပြိုင်မည်ဟု ဆုံးဖြတ်မည်ဆိုပါက ယှဉ်ပြိုင်တိုက်ခိုက်သွားရန် လိုအပ်သော ပြင်ဆင်မှု အတိုင်းအတာတစ်ခုအထိ ရှိရမည် ဖြစ်သည်။ ယခုတွင်မူ တစ်နေ့တည်းနှင့် မြို့တော်၏ ၁၀ မိုင်အကွာကိုရောက်ရှိလာသည့်တိုင် လူရွှင်တော် သမ္မတက အေးဆေးတည်ငြိမ်စွာပင် ပြင်ဆင်နေသည်မှာ ယူကရိန်းနိုင်ငံတော်နှင့်ပြည်သူများအတွက် ခြောက်ချားစရာပင်။ လူရွှင်တော်သမ္မတ၏ ရှေ့ဆက်မည့် အစီအစဉ်က ထူးခြားမည်လောဆိုသည်ကို စောင့်ကြည့်ရမည်လည်း ဖြစ်နေသည်။ မည်သို့ပင်ဆိုစေကာမူ ၂၀၂၂ ဖေဖော်ဝါရီ ၂၄ ရက် နံနက်ပိုင်းတွင်စတင်ခဲ့သော ရုရှား၏ ယူကရိန်းကို စတင်ထိုးစစ်ဆင်မှုသည် ကမ္ဘာ့ အမြန်ဆုံးတိုက်စစ်တစ်ခု ဖြစ်ကြောင်း သမိုင်းမှတ်တမ်းရေးထိုးရမည် ဖြစ်လာသည်။

(ဆောင်းပါးရှင် မင်းထက်သည် လူငယ်စာပေဝါသနာရှင်တစ်ဦးဖြစ်ပြီး စစ်ဘက်ရေးရာကို စိတ်ဝင်တစားလေ့လာနေသူလည်း ဖြစ်သည်။ ယခု ဖော်ပြပါဆောင်းပါးကို သတင်းအချက်အလက်အပေါ် အခြေခံ၍ အတွေးအမြင်ရှုထောင့်မှ သုံးသပ်တင်ပြထားခြင်း ဖြစ်ပါသည်။ ဖဖော်ဝါရီ ၂၅ ရက် နေ့လယ်ပိုင်း၌ ရေးသားခြင်းဖြစ်ပြီး အချိန်နှင့်အမျှ သတင်းအချက်အလက် အပြောင်းအလဲရှိနိုင်ခြင်းကို နားလည်နိုင်မည်ဟု မျှော်လင့်ပါသည်။)

Zawgyi Version
ရုရွားက ယူကရိန္းကုိ တုိက္ခုိက္ခဲ့မႈဟာ ကမာၻ႔အျမန္ဆုံးထုိးစစ္ဆင္ တိုက္ခုိက္မႈပုံစံသစ္လား
မင္းထက္ (NP News) - ေဖေဖာ္၀ါရီ ၂၅
ေဖေဖာ္၀ါရီ ၂၄ ရက္၌ ကမၻာသားအားလုံးကုိ ျပဴးျပဴးျပာျပာျဖစ္သြားေစေသာ ျဖစ္ရပ္အျဖစ္ ရုရွားက ယူကရိန္းကုိ ၀င္တုိက္သည့္စစ္ပြဲကုိ ျမင္ေတြ႔ၾကားသိလုိက္ၾကရျပီး နာရီပုိင္းအတြင္း ယူကရိန္းကုိ လုိသလုိ ၀င္ေရာက္ေမႊေႏွာက္သြားခဲ့ေသာ ရုရွားစစ္တပ္၏ထုိးစစ္မွာ ေခတ္သစ္ ၂၁ ရာစု နည္းပညာစစ္ပြဲမ်ားအတြက္ ေလ့လာစရာအေကာင္းဆုံး ကမၻာအျမန္ဆုံး ထုိးစစ္ဆင္မႈ ျဖစ္လာခဲ့ေလသည္။

ယေန႔ဆုိလွ်င္ ႐ုရွား-ယူကရိန္း စစ္ဆင္ေရး ဒုတိယေျမာက္ေသာေန႔ကိုေရာက္ရွိခဲ့ေလၿပီ။ သမၼတ ပလာဒီမာပူတင္က ေဖေဖာ္၀ါရီ ၂၄ ရက္ နံနက္ ၆ နာရီ မိန႔္ခြန္းေျပာၿပီး သိပ္မၾကာခင္မွာပင္ ႐ုရွားတပ္မ်ား စစ္ေၾကာင္း ၃ ေၾကာင္းျဖင့္ ယူကရိန္းကို ထိုးစစ္ဆင္သည္။ စစ္ေၾကာင္း ၁ အျဖစ္ ႐ုရွားႏိုင္ငံအတြင္းမွျဖစ္သည္။ စစ္ေၾကာင္း ၂ အေနျဖင့္ ခ႐ိုင္းမီးယား ေဒသမွျဖစ္ၿပီး စစ္ေၾကာင္း ၃ ကုိမူ ဘီလာ႐ုစ့္ႏုိင္ငံမွ ဦးတည္ျခင္းျဖစ္သည္။ ဂဏာန္းလက္မပုံသ႑န္ ညႇပ္ၿပီး တိုက္ခဲ့သည္ဟုလည္း အၾကမ္းဖ်ဥ္းအားျဖင့္ ဆိုႏုိင္သည္။ စစ္မ်က္ႏွာစုံဖြင့္ကာ တိုက္စစ္ဆင္လိုက္ျခင္းသည္ ႐ုရွားအတြက္ စြန႔္စားမႈတစ္ခုျပဳလုပ္လိုက္ျခင္းျဖစ္သကဲ့သုိ႔ ယူကရိန္းအတြက္လည္း ဗ်ာမ်ားသြာေစရန္ ျဖစ္ခဲ့သည္။
ပထမဆုံးအေနျဖင့္ ႐ုရွားသည္ ကိဗ္ၿမိဳ႕၊ အိုဒက္ဆာၿမိဳ႕၊ ခါဆြန္ၿမိဳ႕၊ မာရီပိုလ္ၿမိဳ႕၊ ဒနီပ႐ိုၿမိဳ႕၊ ခရာမေတာ့စ္ၿမိဳ႕၊ ခါကိဗ္ၿမိဳ႕၊ အီဗန္ႏိုဖရန္ကိဗ္ၿမိဳ႕၊ လူးတပ္စ္ခ္ၿမိဳ႕ စသည့္ ယူကရိန္း၏အဓိက ေနရာႀကီးမ်ားႏွင့္ ေလယာဥ္ကြင္းမ်ား၊ ကိဗ္ၿမိဳ႕အနီးရွိ စစ္ဌာနခ်ဳပ္ေနရာမ်ားႏွင့္ ေလ‌ေၾကာင္းရန္ကာကြယ္ေရးေနရာမ်ားအား ႐ုရွားႏုိင္ငံတြင္းမွေန၍ ပဲထိန္းဒုံးမ်ားျဖင့္ စတင္ တိုက္ခိုက္ကာ တိုက္ပြဲ၏ကန႔္လန႔္ကာကို ဖြင့္ခဲ့သည္။ တဆက္တည္းမွာပင္ Electronic Warfare (EW) ကို ျပည့္စုံကုံလုံစြာ ျပင္ဆင္ၿပီး ေလေၾကာင္းျဖင့္ ယူကရိန္းျမိဳ႕ေပၚမ်ားအထိ ျဖန္႔က်က္၀င္ေရာက္ ပ်ံသန္းျပခဲ့သည္။ EW စနစ္ကို ေကာင္းမြန္စြာသုံးစြဲျခင္းႏွင့္ လက္ဦးမႈ ရယူျခင္းတို႔ေၾကာင့္ ယူကရိန္း ေလေၾကာင္းရန္ကာကြယ္ေရးစနစ္မ်ား တစ္ခုမွ အလုပ္မလုပ္ေတာ့ဘဲ တိုက္စစ္ျမႇားဦးကို ခြင့္ျပဳေပးလိုက္ရသလိုျဖစ္သြားေတာ့သည္။ ႐ုရွား တိုက္ေလယာဥ္မ်ား၊ ႐ုရွား ရဟတ္ယာဥ္မ်ားမွာ တိုက္စစ္ စဆင္ၿပီး သိပ္မၾကာမွီမွာပင္ ယူကရိန္းေကာင္းကင္ယံတြင္ ခပ္နိမ့္နိမ့္ပ်ံသန္းျပခဲ့ျခင္းကို ၾကည့္လွ်င္ Air Defence System တစ္ခုလုံးကို ေကာင္းေကာင္းထိန္းခ်ဳပ္သြားႏိုင္ေၾကာင္း သက္ေသတည္လ်က္ရွိသည္။ ႐ုရွားႏိုင္ငံတြင္ပညာ သင္ၾကားခဲ့ေသာ ပညာရွင္လူငယ္တစ္ဦးက ေျပာျပဖူးသည္။ " ႐ုရွားသည္ အီလက္ထ႐ြန္နစ္စစ္ဆင္ေရးပစၥည္းမ်ားကို ေသခ်ာစြာျပင္ဆင္ ထုတ္လုပ္ကာ အသုံးျပဳတတ္သည္။ ေလယာဥ္တစ္စီးလုံးတြင္ EW Equipment ပစၥည္းခ်ည္း တပ္ဆင္ကာ စစ္ေျမျပင္ကို သြားေလ့ရွိသည္ " ဆုိေသာစကားပင္ ျဖစ္၏။ ခ႐ိုင္းမီးယား အေရးအခင္းတြင္ ႐ုရွားသည္ အေမရိကန္သေဘၤာေပၚမွ ထိုသို႔ EW ပစၥည္းျပည့္စုံစြာ တပ္ဆင္ထားေသာ ေလယာဥ္ႏွင့္အတူ လက္နက္တပ္ဆင္ထားေသာ ေလယာဥ္တစ္စီး ျဖတ္ကာပ်ံသန္းျပခဲ့သည္။ ပထမဆုံး EW ပစၥည္းမ်ားတပ္ဆင္သည့္ ေလယာဥ္မွ အဆိုပါ သေဘၤာေပၚတြင္ သုံးပတ္ခန႔္ပတ္၍ပ်ံသန္းျပခဲ့ျပီးမွ လက္နက္တပ္ဆင္ထားေသာ ေလယာဥ္အခ်ဳိ႕ ေရာက္ရွိလာၿပီး ဝင္ေရာက္တိုက္ခိုက္ျခင္းမ်ဳိးျဖစ္သည္။ သုိ႔ဆိုလွ်င္၂၀၁၄ ခုႏွစ္ခန္႔ကတည္းက ခ႐ိုင္းမီးယားအေရးအခင္း၌ သုံးစြဲခဲ့ဖူးသည့္အတြက္ ယေန႔ ၂၀၂၂ ျဖစ္ေနေခ်ၿပီ။ ကာလလည္း ၾကာျမင့္ခဲ့ၿပီျဖစ္သည့္အတြက္ ပို၍တိုးတက္ေနၿပီဆိုသည္မွာ ေျမႀကီးလက္ခပ္မလြဲႏုိင္ေတာ့ေခ်။ ႐ုရွားသည္ တိုက္စစ္၏ ေနာက္တစ္ဆင့္အျဖစ္ ေလေၾကာင္းခ်ီတပ္ဖြဲ႕မ်ားကို ေလထီးျဖင့္ ယူကရိန္းနယ္စပ္တြင္ ဆင္းသက္ေစျပန္သည္။ ဆက္လက္ၿပီး စစ္ေၾကာင္း ၃ ေၾကာင္းမွ တပ္ဖြဲ႕မ်ားသည္ ယႏၲရားတင္တပ္ဖြဲ႕မ်ားႏွင့္ေပါင္းစပ္ကာ ရည္မွန္းခ်က္ဆီသို႔ တစ္ရွိန္ထိုး ခ်ီတက္ၾကသည္။ ယူကရိန္းသည္ ယမန္ေန႔( ေဖေဖာ္၀ါရီ ၂၄ )ကေရာ ယေန႔ (ေဖေဖာ္၀ါရီ ၂၅)အထိပါ စစ္၏သေဘာအရ ငုတ္တုတ္ထိုင္ၾကည့္ေနရသည့္ သေဘာတြင္ ရွိေနသည္။ ယူကရိန္း၏အမွတ္ (၅၇) ယာဥ္တင္ေျခလ်င္တပ္မဟာ (57th Motorised Infantry Brigade) လက္နက္ခ်သြားသည္ဆိုေသာ သတင္းစကားႏွင့္ေပါင္းစပ္ပါက ဆိုဖြယ္ရာမရွိေတာ့ေပ။

ႏွစ္ရက္မျပည့္မီ နာရီေပါင္း(၃၀)ေက်ာ္အတြင္း၌ပင္ ယူကရိန္းတပ္ အေတာ္မ်ားမ်ားက ႐ုရွားတပ္မ်ား၀င္လာျခင္းကို ထိေရာက္ေသာ ဟန႔္တားမႈမ်ဳိး မလုပ္လိုက္ႏိုင္ခဲ့သည္မွာ အေသအခ်ာပင္ ျဖစ္သည္။ ႐ုရွား၏ ကမာၻ႔အျမန္ဆုံးတိုက္စစ္က႑က ယခုအေနအထားအထိပင္ ျဖစ္သည္လားဆုိေသာ ေမးခြန္းအတြက္ မဟုတ္ေသးေၾကာင္း ေတြ႔လာရျပန္သည္။ ေျမျပင္တြင္ တိုက္စစ္ဆင္ေနသကဲ့သုိ႔ ယူကရိန္းႏုိင္ငံျခားေရးဝန္ႀကီးဌာန၊ ကာကြယ္ေရးဝန္ႀကီးဌာန၊ ျပည္ထဲေရးဝန္ႀကီးဌာန၊ ယူကရိန္းလုံၿခဳံေရးရာဌာနႏွင့္ ဝန္ႀကီးမ်ားအဖြဲ႕တို႔၏ ဝက္ဘ္ဆိုက္မ်ားကို ႐ုရွားဘက္မွ ဆိုက္ဘာတိုက္ခိုက္မႈမ်ားလုပ္၍ ျဖတ္ေတာက္ထားခဲ့သည္။ သုိ႔ဆိုရလွ်င္ျဖင့္ ႏွစ္ရက္တာအတြင္း သုံးသပ္ရမိသေလာက္ၾကည့္ပါလွ်င္ ႐ုရွားအေနျဖင့္ သုံးဖက္ျမင္စစ္ပြဲအသြင္ျဖင့္ အျမန္ဆုံးတိုက္စစ္ကို အေကာင္အထည္ေဖာ္ခဲ့သည္ဟု ဆုိညႊန္းရမည္ျဖစ္ေနသည္။ ျဖစ္ပြားေနဆဲ ႏွစ္ရက္တာတိုက္ပြဲအတြင္း၌ ထူးဆန္းသည့္အရာတစ္ခုမွာ ႐ုရွားဘက္မွ စစ္သတင္းလုံၿခဳံမႈနဲ႔ စစ္သတင္းရရွိမႈတို႔ပင္ ျဖစ္သည္။ ႐ုရွားအေနျဖင့္ လက္ရွိကာလမတိုင္မီအထိ ယူကရိန္းကို စစ္ဆင္မည့္အရိပ္အေယာင္မ်ားျပသခဲ့သည့္တုိင္ ယခုကဲ့သုိ႔ စစ္ေၾကာင္းႀကီး ၃ ေၾကာင္းျဖင့္ တစ္ၿပိဳင္နက္တည္း ထိုးစစ္ဆင္လာလိမ့္မည္ဆိုသည္ကုိ ယူကရိန္းဘက္က ႀကိဳတင္ၿပီး ခန႔္မွန္းမိေကာင္း ခန႔္မွန္းမိႏိုင္မည္ျဖစ္သည္။ သုိ႔ေသာ္လည္း လက္ရွိအခ်ိန္ထိ ႐ုရွား၏ စစ္ေၾကာင္းမ်ားကို ကြပ္ကဲေသာ Command Post မ်ား ေပ်ာက္ျခင္းမလွ ေပ်ာက္လွ်က္ရွိေနသည္။ တပ္မ်ားကုိ မည္သုိ႔စုဖြဲ႕၍ မည္သုိ႔ ျဖန႔္က်က္မည္ဆုိသည္ကုိ မသိရေလာက္ေအာင္ပင္ စစ္ဘက္ဆိုင္ရာ သတင္းလုံၿခဳံမႈအပုိင္း ရုရွားဘက္က အားေကာင္းခဲ့သည္။ ယင္းအျပင္ စစ္သတင္း ရရွိမႈအေနျဖင့္ လည္း ႐ုရွားဘက္က စစ္ပြဲစတင္ၿပီဆိုသည္ႏွင့္ ယူကရိန္း၏အဓိကစစ္ဖက္ဆိုင္ရာ ပစ္မွတ္မ်ားႏွင့္ အဓိကအေရးႀကီးေနရာမ်ားကို နာရီပုိင္းအတြက္ ထိထိမိမိ ျမန္ျမန္ဆန္ဆန္ ပစ္ခတ္တိုက္ခိုက္လိုက္ႏိုင္သည္ကုိ ေတြ႔ရသည္။ ႐ုရွားေထာက္လွမ္းေရး (KGB) အဖြဲ႕၏ စြမ္းေဆာင္မႈက အံ့မခန္းပင္ ျဖစ္ေနသည္။

ရုရွား အျမန္ဆုံး တိုက္စစ္၏ ျပင္ဆင္မႈအပိုင္းကိုလည္း ေလ့လာသိရသေလာက္ ဤသုိ႔ ျမင္ရျပန္သည္။ ႐ုရွားအေနျဖင့္ ၂၀၂၁ ခုႏွစ္ ေအာက္တိုဘာလကတည္းက ယူကရိန္းနယ္စပ္တစ္ေလွ်ာက္တြင္ တပ္ဖြဲ႕မ်ားကုိ ျဖန႔္က်က္ရန္ စတင္စီစဥ္ခဲ့သည္ဟု ဆုိရမည္ျဖစ္သည္။ ၿပီးခဲ့ေသာႏွစ္ကုန္ခါနီးတြင္ ႐ုရွားသည္ တပ္ဖြဲ႕ဝင္မ်ား၊ တင့္ကားမ်ားႏွင့္ အေျမာက္အႀကီးစားမ်ားကို ယူကရိန္း အေရွ႕ပိုင္းနယ္စပ္ေဒသမ်ားသို႔ စတင္ေျပာင္းေ႐ႊ႕ခဲ့သည္။ ဇန္နဝါရီလတြင္ ပူးတြဲစစ္ေရးေလ့က်င့္မႈ ျပဳလုပ္ရန္ နီးကပ္ေသာမဟာမိတ္ျဖစ္သည့္ ဘီလာ႐ုစ္သို႔ လက္နက္ကိရိယာမ်ားႏွင့္ တပ္ဖြဲ႕ဝင္မ်ားကို စတင္ေျပာင္းေ႐ႊ႕ခဲ့သည္။ ဘီလာ႐ုစ္ရွိ ႐ုရွားတပ္ဖြဲ႕ဝင္မ်ားသည္ ၿမိဳ႕ေတာ္ ကိယက္ဗ္ႏွင့္ ပိုမိုနီးကပ္ေသာ ယူကရိန္း ေျမာက္ပိုင္းနယ္စပ္တြင္ ေရွ႕မ်က္ႏွာ စာသစ္ဖြင့္လွစ္ရန္ ရည္႐ြယ္၍ခ်ထားျခင္းျဖစ္သည္ဟု ထုိစဥ္ကတည္းက သေဘာေပါက္ထားေၾကာင္း ယူဆရႏုိင္သည္။မၾကာေသးမီ ရက္သတၱပတ္မ်ားအတြင္း ႐ုရွားသည္ ယူကရိန္းအေပၚ ႀကီးမားေသာ စစ္ဆင္ေရး ျပဳလုပ္ရန္ လိုအပ္ေသာတပ္ဖြဲ႕မ်ားကို ထပ္မံခ်ထားခဲ့ျပန္သည္။ အဆိုပါတပ္ဖြဲ႕မ်ားတြင္ တိုက္ခိုက္ေရးေလယာဥ္မ်ားႏွင့္ တိုက္ခိုက္ေရးရဟတ္ယာဥ္မ်ား ပါဝင္ၿပီး လက္ေ႐ြးစင္ ေလထီးတပ္မ်ားႏွင့္ အထူးတပ္ဖြဲ႕ဝင္မ်ားပါဝင္ေၾကာင္းလည္း ႏုိင္ငံတကာသတင္းမ်ားကုိ အေျခခံ၍ ေတြ႔ရွိရသည္။ သုိ႔ဆိုလွ်င္ ႐ုရွားအေနျဖင့္ ယူကရိန္းကုိတိုက္စစ္ဆင္ရန္ ျပင္ဆင္ျခင္းအတြက္လည္း အခ်ိန္ကာလအားျဖင့္ ေသခ်ာစီမံခဲ့ၿပီး ႏိုင္ငံႏွင့္ခ်ီေသာတိုက္စစ္တစ္ခုအေနျဖင့္ ျမန္ဆန္သည့္ ျပင္ဆင္မႈျဖစ္ေၾကာင္းလည္း သတ္မွတ္၍ ရႏုိင္ေပသည္။ ႏွစ္ရက္ျပည့္ေျမာက္သြားၿပီျဖစ္ေသာ စစ္ဆင္ေရးအတြင္း ယူကရိန္းတပ္မ်ား၏ ျဖစ္ပ်က္သြားေသာအေနအထားကိုၾကည့္လွ်င္ အလြန္ပင္ အံ့ၾသယူရေလာက္သည္။ အဘယ္ေၾကာင့္ဆုိေသာ္ ယူကရိန္းသည္ သာမန္ႏုိင္ငံငယ္(ျမန္မာထက္မငယ္ေသာႏုိင္ငံ) တစ္ခု မဟုတ္သည္မွာ ေသခ်ာေနေသာေၾကာင့္ ျဖစ္သည္။ ကမၻာ့စစ္အင္အားႀကီးႏိုင္ငံမ်ားကို လက္နက္တင္ပို႔ေရာင္းခ်ေနေသာ ႏုိင္ငံျဖစ္သည္။ ယင္းအျပင္ အေမရိကန္ဦးေဆာင္ေသာ အေနာက္အင္အားႀကီး NATO အဖြဲ႕ဝင္ႏိုင္ငံမ်ား၏ ေထာက္ပံ့မႈကိုလည္း ရရွိထားေသာ ႏိုင္ငံျဖစ္ေနသည္။ ယင္းကဲ့သုိ႔ေသာ ကမၻာ့အလယ္အလတ္အဆင့္သာသာရွိသည့္ ႏုိင္ငံမ်ဳိးကုိ ဂေယာက္ဂယက္ျဖစ္သြားေစေအာင္ တိုက္စစ္ဆင္ႏိုင္ျခင္းမွာ ႐ုရွားတပ္မေတာ္၏ အစြမ္းအစအေပၚ အံ့ၾသမွင္သက္မိစရာ ျဖစ္ေစခဲ့သည္။ (ထုိ႔ေၾကာင့္လည္း ယူကရိန္းသမၼတ ဇီလင္စကီက ေနတုိးအုပ္စု ၂၇ ႏုိင္ငံထံ ယူကရိန္းအတြက္ ၀င္ေရာက္စစ္ကူတုိက္ေပးရန္ႏွင့္ ယူကရိန္းကိုေနတုိးအဖြဲ႔၀င္ႏုိင္ငံအျဖစ္ သတ္မွတ္ေပးရန္ ဆက္သြယ္ေတာင္းဆုိခ်က္ကုိ အေၾကာင္းမျပန္ၾကေၾကာင္း၊ ေနတုိးအဖြဲ႔လည္း ေၾကာက္ေနၾကေၾကာင္း ေဖေဖာ္၀ါရီ ၂၅ ရက္တြင္ ထုတ္ေဖာ္ေျပာၾကားလာျခင္း ျဖစ္ဟန္ရွိသည္)

ကမၻာ့အျမန္ဆုံးတိုက္စစ္အဆင္မႈ ျဖစ္သြားေစေရးအတြက္ အမိန႔္ေပးခဲ့ေသာ သမၼတ ပူတင္၏ လွည့္စားႏုိင္စြမ္းကိုလည္း ထည့္မတြက္၍ မရႏုိင္ေတာ့ေပ။ တိုက္ေတာ့မလိုလို မတိုက္ဘဲ ျပန္လွည့္ေတာ့မလိုလိုျဖင့္ ယူကရိန္းခြဲထြက္ေဒသႏွစ္ခုအတြက္ ၿငိမ္းခ်မ္းေရးထိန္းသိမ္းေရးတပ္မ်ား လႊတ္ေၾကာင္း ေလသံဟမႈမွတစ္ဆင့္ ေဖေဖာ္၀ါရီ ၂၄ ရက္ နံနက္ေရာက္မွသာ အထူးစစ္ဆင္ေရးဆင္ႏႊဲျပီဟု ထုတ္ေျပာလုိက္ျခင္းမ်ဳိး ေတြ႔ရသည္။ ထုိေနရာတြင္ ဆီသည္ဆုိင္သည္ ဟုတ္ဟန္မတူေသာကိစၥ ျဖစ္ရပ္တစ္ခုကုိ ထည့္သြင္းသုံးသပ္စရာ ရွိေနျပန္သည္။ ႐ုရွား၏ တိုက္စစ္မွာ ေပက်င္းအိုလံပစ္ပြဲအၿပီးမွသာ စတင္ခဲ့ျခင္းက ထူးျခားသည္ဟု ဆုိရမည္ျဖစ္ေနသည္။ အဆုိပါ ေဖေဖာ္၀ါရီ ၂၄ ရက္၏ ညေနပုိင္းအထိတြင္မူ ယူကရိန္းသမၼတ ဇီလင္စကီးက ႏိုင္ငံကို အေရးေပၚအေျခအေနေၾကျငာကာ စစ္အုပ္ခ်ဳပ္ေရးေတြျပဌာန္း၍ စစ္အင္အားမ်ား စတင္စုဖြဲ႕ေနဆဲသာရွိေနသည္။ ထုိအခ်ိန္တြင္ ႐ုရွားတပ္မ်ားက ယူကရိန္းၿမိဳ႕ေတာ္ ကိဗ္၏ ၁၀ မိုင္အကြာထိ ေရာက္ေနေၾကာင္းလည္း သတင္းမ်ား ေရးသားေနၾကသည္။ သုိ႔ဆိုလွ်င္ျဖင့္ ပိတ္ကားေပၚတြင္ ဆက္လက္ၾကည့္ရႈရမည့္အေနအထားမွာ ယူကရိန္း ဘာဆက္လုပ္မည္နည္းဆုိေသာ အခ်က္ပင္ျဖစ္သည္။ ၿပီးခဲ့သည့္ ခ႐ိုင္းမီးယားျဖစ္စဥ္အတြင္းကလည္း ႐ုရွားက အလားတူ ဖဲ့ယူသြားျခင္းမ်ဳိးျဖစ္သျဖင့္ ယခုတစ္ၾကိမ္တြင္ ယူကရိန္းတို႔ ထပ္မံျပီး ဖဲ့ေခၽြမည္လားဆုိသည္ကုိ ေစာင့္ၾကည့္ရေတာ့မည္ျဖစ္သည္။

ေတြးမိေသာတစ္ခ်က္အျဖစ္ ဆုိရလွ်င္ ယူကရိန္းသမၼတက အဘယ္ေၾကာင့္ ဤမွ်အထိ ေသြး ေအးေနသနည္းဆုိေသာအခ်က္ပင္။ ႐ုရွားသည္ စစ္အင္အားႀကီးႏိုင္ငံျဖစ္သည့္အတြက္ စစ္မက္ၿပိဳင္မည္ဟု ဆုံးျဖတ္မည္ဆုိပါက ယွဥ္ျပိဳင္တုိက္ခုိက္သြားရန္ လိုအပ္ေသာ ျပင္ဆင္မႈ အတိုင္းအတာတစ္ခုအထိ ရွိရမည္ ျဖစ္သည္။ ယခုတြင္မူ တစ္ေန႔တည္းႏွင့္ ၿမိဳ႕ေတာ္၏ ၁၀ မိုင္အကြာကိုေရာက္ရွိလာသည့္တုိင္ လူရႊင္ေတာ္ သမၼတက ေအးေဆးတည္ၿငိမ္စြာပင္ ျပင္ဆင္ေနသည္မွာ ယူကရိန္းႏုိင္ငံေတာ္ႏွင့္ျပည္သူမ်ားအတြက္ ေျခာက္ခ်ားစရာပင္။ လူရႊင္ေတာ္သမၼတ၏ ေရွ႕ဆက္မည့္ အစီအစဥ္က ထူးျခားမည္ေလာဆုိသည္ကုိ ေစာင့္ၾကည့္ရမည္လည္း ျဖစ္ေနသည္။ မည္သို႔ပင္ဆိုေစကာမူ ၂၀၂၂ ေဖေဖာ္၀ါရီ ၂၄ ရက္ နံနက္ပုိင္းတြင္စတင္ခဲ့ေသာ ႐ုရွား၏ ယူကရိန္းကို စတင္ထိုးစစ္ဆင္မႈသည္ ကမာၻ႔ အျမန္ဆုံးတိုက္စစ္တစ္ခု ျဖစ္ေၾကာင္း သမုိင္းမွတ္တမ္းေရးထုိးရမည္ ျဖစ္လာသည္။

(ေဆာင္းပါးရွင္ မင္းထက္သည္ လူငယ္စာေပ၀ါသနာရွင္တစ္ဦးျဖစ္ျပီး စစ္ဘက္ေရးရာကုိ စိတ္၀င္တစားေလ့လာေနသူလည္း ျဖစ္သည္။ ယခု ေဖာ္ျပပါေဆာင္းပါးကုိ သတင္းအခ်က္အလက္အေပၚ အေျခခံ၍ အေတြးအျမင္ရႈေထာင့္မွ သုံးသပ္တင္ျပထားျခင္း ျဖစ္ပါသည္။ ဖေဖာ္၀ါရီ ၂၅ ရက္ ေန႔လယ္ပုိင္း၌ ေရးသားျခင္းျဖစ္ျပီး အခ်ိန္ႏွင့္အမွ် သတင္းအခ်က္အလက္ အေျပာင္းအလဲရွိႏုိင္ျခင္းကုိ နားလည္နုိင္မည္ဟု ေမွ်ာ္လင့္ပါသည္။)

Related news

© 2021. All rights reserved.