မြန်မာနိုင်ငံအပေါ် ဂမ်ဘီယာ၏စွပ်စွဲချက်နှင့်ပတ်သက်ပြီး ICJ ၌ မြန်မာဘက်မှ PROFESSOR MR CHRISTOPHER STAKER ၏ ပထမအကြိမ်ကန့်ကွက်လွှာ(ပထမအချက် အပြည့်အစုံ)

 1897

NP News - ဖေဖော်ဝါရီ ၂၅
ဥက္ကဋ္ဌကြီးနှင့် ဂုဏ်သရေရှိတရားသူကြီးမင်းများ ခင်ဗျာ…
၁။ ကျွန်တော့်အနေဖြင့်တရားရုံးတော်ရှေ့မှောက်၌ နောက်တစ်ကြိမ် လျှောက်လဲခွင့်ရတဲ့အတွက် ဂုဏ်ယူဝမ်းမြောက်မိပါတယ်။

၂။ ယခုအမှုနဲ့မသက်ဆိုင်တဲ့အကြောင်းအရာဖြစ်တဲ့ မနှစ်ကမေလမှာ ICJ တရားသူကြီး James Crawford ဆုံးပါးသွားတဲ့အတွက် မိမိအနေဖြင့်အလွန်ကိုဝမ်းနည်းရပါကြောင်းဖော်ပြလိုပါတယ်။ ၎င်းသည် နေ့ပေါင်းများစွာ တိုင် အပြည်ပြည်ဆိုင်ရာရှေ့နေများကို အားပေးခြင်း၊ စိတ်ခွန်အားပေးခြင်းနှင့် သင်ကြားမှုများပေးခြင်းတို့ကို လည်းဆောင်ရွက်ခဲ့သူဖြစ်ပါတယ်။ ယင်းကဲ့သို့ အခွင့်အရေးရခဲ့တဲ့သူများထဲမှာ မိမိလည်းပါဝင်ခဲ့ပါတယ်။

၃။ ကျွန်တော့်အနေဖြင့် ကနဦးကန့်ကွက်လွှာနှင့်စပ်လျဉ်း၍ တင်ပြမည်ဖြစ်ပါတယ်။ မြန်မာနိုင်ငံအနေဖြင့် ယခု တရားစွဲဆိုသည့်အမှုတွင် အမှန်တကယ်လျှောက်ထားသူမှာ “OIC” ဟုခေါ်သော အစ္စလာမ်မစ် ပူးပေါင်းဆောင် ရွက်ရေးအဖွဲ့အစည်းဖြစ်သဖြင့် တရားရုံးတွင် စီရင်ပိုင်ခွင့်မရှိကြောင်း (သို့မဟုတ်လျှောက်ထားချက်ကို ခွင့်မပြု သင့်ကြောင်းကို အခိုင်အမာလျှောက်ထားတင်ပြလိုပါတယ်။ အပြည်ပြည်ဆိုင်ရာတရားရုံး (ICJ) ၏ Statute အပိုဒ် ၃၄၊ စာပိုဒ် ၁ တွင် တရားရုံးရှေ့မှောက်သို့ရောက်ရှိလာသော အမှုများတွင် အမှုရင်ဆိုင်ကြသူများမှာ နိုင်ငံ များသာလျှင်ဖြစ်ကြောင်း ပြဋ္ဌာန်းထားပါတယ်။

၄။ ယခုကနဦးကန့်ကွက်ချက်တွင် အကြောင်းခြင်းရာပြဿနာ (Question of Fact) နှင့် ဥပဒေကြောင်းပြဿနာ (Question of Law) ဟူ၍ ပြဿနာနှစ်ခုပေါ်ပေါက်နေပါတယ်။

၅။ အဓိကအကြောင်းခြင်းရာပြဿနာမှာ ယခုအမှုတွင် ဂမ်ဘီယာနိုင်ငံမှ OIC ကိုယ်စား တရားစွဲဆိုခြင်း ဖြစ်တဲ့ အတွက် OIC သည်သာ အမှန်တကယ်လျှောက်ထားသူဖြစ်သည်ဆိုသော ပြဿနာဖြစ်ပါတယ်။

၆။ ဥပဒေအကြောင်းခြင်းရာပြဿနာ (Question of Law) မှာ နိုင်ငံအမည်နှင့် တရားစွဲဆိုလို့မရသောကိစ္စကို ယင်း၏ကိုယ်စား တတိယနိုင်ငံတစ်နိုင်ငံက တရားရုံးတွင် တရားစွဲဆို၍ ရနိုင်/မရနိုင်ဆိုသော ပြဿနာဖြစ်ပါ တယ်။

အကြောင်းခြင်းရာပြဿနာ ။ ။
ဥက္ကဋ္ဌကြီးနှင့် ဂုဏ်သရေရှိတရားသူကြီးမင်းများ ခင်ဗျာ…
၇။ ကျွန်တော့်အနေဖြင့် အကြောင်းခြင်းရာပြဿနာနှင့်စပ်လျဉ်း၍ စတင်လျှောက်လဲ တင်ပြလိုပါတယ်။

၈။ ယခုကဲ့သို့ တရားစွဲဆိုဆောင်ရွက်မှုများအထိ ဖြစ်ပေါ်လာရသော အကြောင်းအရာများကို ဂမ်ဘီယာနိုင်ငံ၊ OIC အဖွဲ့အစည်းနှင့် OIC ၏ အခြားအဖွဲ့ဝင်နိုင်ငံများအကြား ဆက်သွယ်ဆောင်ရွက်နေသော အသေးစိတ် အချက်အလက်များပါဝင်သည့်စာရွက်စာတမ်းများကို စာဖြင့်ရေးသားထားသည့်လျှောက်လဲချက်တွင် ဖော်ပြ ထားပြီးဖြစ်ပါတယ်။

၉။ ယင်းစာရွက်စာတမ်းအထောက်အထားများအရ ၂ဝ၁၈ ခုနှစ် မေလတွင် OIC ၏ အဓိကအဖွဲ့အစည်း တစ်ရပ်ဖြစ်သော နိုင်ငံခြားရေးဝန်ကြီးများကောင်စီက သီးခြားကော်မတီတစ်ရပ်ကိုဖွဲ့စည်းခဲ့ပြီး ဂမ်ဘီယာနိုင်ငံမှ ကိုယ်စားလှယ်ကိုဥက္ကဋ္ဌအဖြစ် ခန့်အပ်ခဲ့ပါတယ်။ ၎င်းအဖွဲ့အစည်းကို “ကော်မတီ” ဟု ရည်ညွှန်းပြောဆိုသွားမည် ဖြစ်ပါတယ်။

၁ဝ။ ၂ဝ၁၉ ခုနှစ်၊ ဖေဖော်ဝါရီလမှာ ယင်းကော်မတီက Genocide Convention အရ မြန်မာနိုင်ငံကို တရားရုံးတွင် တရားစွဲဆိုမည့်ကိစ္စနှင့်ပတ်သက်သော စီမံချက်တစ်ရပ်ကို ချမှတ်ခဲ့ပါတယ်။

၁၁။ နောက်လတွေမှာ နိုင်ငံခြားရေးဝန်ကြီးများကောင်စီက ကော်မတီ၏စီမံချက်ကို အတည်ပြုသော ဆုံးဖြတ်ချက်တစ်ရပ် ကိုချမှတ်ခဲ့ပါတယ်။

၁၂။ ယင်းနောက် ၂ဝ၁၉ ခုနှစ်၊ မေလမှာ ထိုကိစ္စကို OIC ၏အမြင့်ဆုံးအာဏာပိုင်ဖြစ်သည့် အစ္စလမ်မစ် ထိပ်သီး အစည်းအဝေးတွင် ထည့်သွင်းစဉ်းစားခဲ့ပါတယ်။ အဆိုပါထိပ်သီးအစည်းအဝေး၏ အပြီးသတ် ထုတ်ပြန်ကြေညာ ချက်တွင် အစ္စလမ်မစ်ထိပ်သီးအစည်းအဝေးက အောက်ပါအတိုင်းဖော်ပြခဲ့ပါတယ်။
“………OIC ကိုယ်စား ဂမ်ဘီယာက ICJ တရားရုံးမှာ တရားစွဲဆိုခြင်းဖြင့် ချက်ချင်းအရေးယူဆောင်ရွက်ရန် adhoc Ministerial Committee အား တိုက်တွန်းခဲ့ပါသည်။”

၁၃။ ဒီနေရာမှာ တင်ပြရမယ့် အဓိကအချက် ၃ ချက်ရှိပါတယ်။ ပထမအချက်က အစ္စလာမ်မစ် ထိပ်သီးအစည်း အဝေးက တရားစွဲဆိုရန်တိုက်တွန်းခဲ့ကြောင်း၊ ဒုတိယတစ်ချက်က OIC ကော်မတီက တရားစွဲဆိုဆောင်ရွက်ခဲ့ရာ တွင် ဂမ်ဘီယာမှ ကော်မတီဥက္ကဋ္ဌအဖြစ် ဖော်ပြခဲ့ကြောင်းနှင့် တတိယအချက်က အဆိုပါ တရားစွဲဆိုဆောင်ရွက် ခြင်းကို OIC ကိုယ်စား ဆောင်ရွက်ခဲ့ခြင်းတို့ဖြစ်ပါတယ်။

၁၄။ တစ်လအကြာဖြစ်သော ၂ဝ၁၉ ခုနှစ်၊ ဇူလိုင်လ ၄ ရက်နေ့တွင် ဂမ်ဘီယာနိုင်ငံ၏ရှေ့နေချုပ်နှင့် တရားရေး ဝန်ကြီးက အပြည်ပြည်ဆိုင်ရာတရားရုံး (ICJ) တွင် မြန်မာနိုင်ငံအား တရားစွဲဆို၍ အရေးယူဆောင်ရွက်ရန် ဂမ်ဘီယာနိုင်ငံအတွက် OIC ၏ အဆိုပြုချက်စာတမ်းကို ဂမ်ဘီယာနိုင်ငံအစိုးရအဖွဲ့သို့တင်သွင်းခဲ့ပါတယ်။ အစိုးရအဖွဲ့ကလည်း အဆိုပါ OIC အဆိုပြုချက်စာတမ်းကို အတည်ပြုခဲ့ပါတယ်။

၁၅။ ဒီအခြေအနေမှာ အချက်သုံးချက် တွေ့ရှိရပါတယ်။ ပထမအချက်က ဂမ်ဘီယာနိုင်ငံ၏ ဆုံးဖြတ်ချက်သည် OIC ၏အဆိုပြုချက်နှင့်အညီဆောင်ရွက်ခဲ့ခြင်းအချက်ပင်ဖြစ်ပါတယ်။ ဒုတိယအချက်က ဂမ်ဘီယာနိုင်ငံက ဦးဆောင်၍တရားစွဲဆိုရမည်ဆိုခြင်းသည် ၎င်း၏တစ်နိုင်ငံတည်းသဘောဖြင့် ကိုယ်ပိုင်အခွင့်အရေးအရ တရားစွဲ ဆိုခဲ့သည်ဟူသော အဆိုနှင့်ဆန့်ကျင်နေပါတယ်။ တတိယအချက်က ဂမ်ဘီယာနိုင်ငံမှ OIC ကိုယ်စား တရားစွဲ ဆိုသင့်ကြောင်း အစ္စလမ်မစ်ထိပ်သီးအစည်းအဝေးတွင် ဆုံးဖြတ်ချက်ချမှတ်ခဲ့ပြီး တစ်လအကြာမှာ ဂမ်ဘီယာ နိုင်ငံက OIC ၏ အဆိုပြုချက်ကို လက်ခံခဲ့ခြင်းဖြစ်ပါတယ်။

၁၆။ ဂမ်ဘီယာနိုင်ငံက တရားစွဲဆိုရန်လျှောက်ထားသည့်နေ့ ၂ဝ၁၉ ခုနှစ်၊ နိုဝင်ဘာလ ၁၁ ရက်နေ့မှာ ဂမ်ဘီယာ နိုင်ငံ၏တရားဝင်ကိုယ်စားလှယ် ဥပဒေအကျိုးဆောင်များက ဘာသာခြောက်မျိုးဖြင့် သတင်းကြေညာချက်ကို ထုတ်ပြန်ခဲ့ပါတယ်။ အဆိုပါသတင်းဖော်ပြချက် အစပိုင်းတွင် ဂမ်ဘီယာနိုင်ငံမှ OIC အဖွဲ့ဝင်နိုင်ငံ ၅၇ နိုင်ငံ ကိုယ်စား ဆောင်ရွက်ခြင်းဖြစ်ပါတယ်လို့ ဖော်ပြထားပါတယ်။ ယင်းတို့၏တစ်ဆက်တည်း သတင်းဖော်ပြချက်ကို အောက်ဖော်ပြပါအတိုင်း ကိုးကားတင်ပြလိုပါတယ်။
“OIC အဖွဲ့အစည်းမှ ၎င်းကိုယ်စားတရားစွဲဆိုဆောင်ရွက်နိုင်ရန် OIC အဖွဲ့ဝင်ဖြစ်သည့် ဂမ်ဘီယာနိုင်ငံကို ခန့်အပ်ခဲ့ပါသည်။”

၁၇။ ယင်းစကားရပ်အား ဂမ်ဘီယာနိုင်ငံမှ သေသေချာချာဂရုပြု၍ ရွေးချယ်အတည်ပြုခဲ့ခြင်းဖြစ်ပါတယ်။

၁၈။ သို့ဖြစ်၍ ဂမ်ဘီယာက OIC ကိုယ်စား တရားစွဲဆိုခြင်းဖြစ်တယ်ဆိုတဲ့ပြောကြားချက်ကို ဂမ်ဘီယာ နိုင်ငံ၏ ကိုယ်စားလှယ်နှင့် OIC ၏ အမြင့်ဆုံးသော အာဏာပိုင်အဖွဲ့အစည်းက ပြောကြားခဲ့ခြင်းဖြစ်တာကို ကျွန်တော်တို့ အနေနဲ့တင်ပြလိုပါတယ်။ အခြားစာရွက်စာတမ်းများမှာလည်း အလားတူဖော်ပြချက်များ ပါဝင်နေပါတယ်။

၁၉။ OIC ကော်မတီနှင့် OIC အဖွဲ့အစည်းက ယခုအမှုအား တရားစွဲဆိုခြင်းဖြစ်သည်ဆိုသော ထုတ်ပြန်ချက်များ ကို ၂ဝ၂ဝ ပြည့်နှစ်အတွင်း OIC နိုင်ငံခြားရေးဝန်ကြီးများကောင်စီမှထပ်မံ၍ ဆုံးဖြတ်ချက်ချမှတ်ခဲ့ပါတယ်။ ထို့ပြင် ဘင်္ဂလားဒေ့ရှ်နိုင်ငံခြားရေးဝန်ကြီးနှင့် မလေးရှားနိုင်ငံဝန်ကြီးချုပ်၊ OIC ဂျာနယ်၊ OIC သတင်းထုတ်ပြန်ချက်၊ OIC တွစ်တာစာမျက်နှာ၊ အစိုးရမဟုတ်သောအဖွဲ့အစည်းဖြစ်သည့် Fortify Rights တို့ကလည်း အလားတူ ထုတ်ပြန် ခဲ့ကြပါတယ်။

၂ဝ။ OIC ဂျာနယ်၊ OIC သတင်းထုတ်ပြန်ချက်၊ ဘင်္ဂလားဒေရှ့်နိုင်ငံခြားရေးဝန်ကြီး၊ မလေးရှားနိုင်ငံခြားရေး ဝန်ကြီးနှင့် မြန်မာနိုင်ငံ၏လူ့အခွင့်အရေးအခြေအနေအား အစီရင်ခံစာတင်သွင်းလျက်ရှိသည့် ကုလသမဂ္ဂ၏ အထူးကိုယ်စားလှယ်တို့က ယခုအမှုကို OIC က တရားစွဲဆိုရန်ဆုံးဖြတ်ခဲ့သည်ဟု ပြောကြားခဲ့ပါတယ်။

၂၁။ ဂမ်ဘီယာနိုင်ငံမှ OIC ကိုယ်စားတရားစွဲဆိုကြောင်းကို OIC နိုင်ငံခြားရေးဝန်ကြီးများကောင်စီ၏ ဆုံးဖြတ် ချက်တွင်လည်းကောင်း၊ ဂမ်ဘီယာနိုင်ငံသမ္မတရုံး၊ ကုလသမဂ္ဂအထွေထွေညီလာခံတွင် ဂမ်ဘီယာနိုင်ငံ ဒုတိယ သမ္မတ၊ မော်ဒိုက်နိုင်ငံ၊ မလေးရှားနိုင်ငံနှင့် ဘင်္ဂလားဒေရှ့်နိုင်ငံတို့၏ နိုင်ငံခြားရေးဝန်ကြီးများ၏ ပြောကြားချက် များတွင်လည်းကောင်း၊ ကုလသမဂ္ဂနှင့် အစိုးရမဟုတ်သောအဖွဲ့အစည်းများ၏ အင်တာနက်စာမျက်နှာများနှင့် အခြားနိုင်ငံများ၏ မီဒီယာသတင်းဖော်ပြချက်များတွင်လည်းကောင်း အသီးသီးဖော်ပြခဲ့ပါတယ်။

၂၂။ ယင်းကဲ့သို့ တရားစွဲဆိုရန်အတွက် OIC အဖွဲ့အစည်းက ဂမ်ဘီယာနိုင်ငံအား ဆောင်ရွက်ရန် (သို့မဟုတ်) ထိုသို့ဆောင်ရွက်ရန်ရွေးချယ်ခဲ့ကြောင်းပြောကြားချက်များကို ဂမ်ဘီယာနိုင်ငံ သမ္မတရုံး၊ OIC ၏သတင်း ထုတ်ပြန်ချက်နှင့် မီဒီယာများတွင် အသီးသီးဖော်ပြခဲ့ပါတယ်။

၂၃။ ယခုအမှုအား ဂမ်ဘီယာနိုင်ငံမှ OIC ကော်မတီ၏ဥက္ကဋ္ဌအဖြစ် ဆောင်ရွက်မှုအခွင့်အာဏာအတွင်းမှစွဲဆို ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း အတိအလင်း သို့မဟုတ် သွယ်ဝိုက်သောအားဖြင့် OIC နိုင်ငံခြားရေးဝန်ကြီးများ ကောင်စီ၏ဆုံးဖြတ်ချက်၊ မလေးရှားနိုင်ငံ၏နိုင်ငံခြားရေးဝန်ကြီးဌာနနှင့် OIC ၏သတင်းထုတ်ပြန်ချက် သုံးခု တို့ တွင် ဖော်ပြခဲ့ပါတယ်။

၂၄။ ဂမ်ဘီယာနိုင်ငံ၏တရားစွဲဆိုပိုင်ခွင့်အရ တရားစွဲဆိုခြင်းမဟုတ်ဘဲ ဂမ်ဘီယာနိုင်ငံမှ ဦးဆောင် ၍ တရားစွဲ ဆိုခြင်း (သို့မဟုတ်) စုပေါင်း၍တရားစွဲဆိုခြင်းဖြစ်ကြောင်းပြောကြားချက်ကို ဂမ်ဘီယာနိုင်ငံ သမ္မတရုံး၊ ဂမ်ဘီယာ နိုင်ငံ၏ဒုတိယသမ္မတနှင့် ဘင်္ဂလားဒေရှ့်နိုင်ငံ၏ နိုင်ငံခြားရေးဝန်ကြီးဌာနတို့မှ ထပ်မံဖော်ပြခဲ့ကြပါတယ်။

၂၅။ မြန်မာနိုင်ငံ၏ကနဦးကန့်ကွက်ချက်၏နောက်ဆက်တွဲပါစာရွက်စာတမ်းများတွင် တရားစွဲဆိုရန်အတွက် ကုန်ကျမည့်စရိတ်ကို ဂမ်ဘီယာနိုင်ငံ၏စီမံခန့်ခွဲမှုမဟုတ်သော မိမိသဘောဆန္ဒအလျှောက်ထည့်ဝင်ရသည့် OIC မှ မတည်ထားသော အထူးရန်ပုံငွေဖြင့် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဖော်ပြထားပါတယ်။ ၂ဝ၂ဝ ပြည့်နှစ်၊ ဒီဇင်ဘာလအတွင်း သတင်းအစီရင်ခံစာတစ်ခုက အလှူရှင်များမှာ ဘင်္ဂလားဒေ့ရှ်၊ ဆော်ဒီအာရေဘီးယား၊ တူရကီ၊ နိုင်ဂျီရီးယား၊ မလေးရှားနှင့် အစ္စလာမ်ညီညွတ်ရေး ရန်ပုံငွေတို့ဖြစ်ကြောင်း ပြောဆိုခဲ့ပါတယ်။ အဆိုပါ အထောက်အထားများတွင် ဂမ်ဘီယာသည် အမှုကုန်ကျစရိတ်တစ်စုံတစ်ရာကို ကိုယ်တိုင်ကျခံမည့် အကြောင်း မပါရှိသကဲ့သို့ ထိုသို့ကျခံခြင်းမပြုဟုလည်း ဖော်ပြထားခြင်းမျိုး ရှိပါတယ်။

ဥက္ကဋ္ဌကြီးနှင့် ဂုဏ်သရေရှိတရားသူကြီးမင်းများ ခင်ဗျာ…
၂၆။ အဆိုပါအကြောင်းအရာများနှင့်စပ်လျဉ်း၍ ဂမ်ဘီယာမှ မည်သို့ဖြေကြားခဲ့ပါသလဲ။

၂၇။ အလွန်အံ့အားသင့်ဖွယ်ရာကောင်းလောက်အောင်ပင် ဂမ်ဘီယာကဘာမျှမပြောခဲ့ပါ။ အထက်ပါ ဖြစ်ရပ်များ အပေါ် အခြားနည်းဖြေရှင်းချက်လည်းမပေးခဲ့သည့်အပြင် ယင်းအထောက်အထားများနှင့် စပ်လျဉ်း၍ ရှင်းလင်း ချက်လည်းမရှိခဲ့ပါ။ အဆိုပါအကြောင်းအရာများမရှိကြောင်းကိုလည်း အထောက်အထားမပေးနိုင်ခဲ့ပါ။ ထိုအကြောင်းအရာများကို ရည်ညွှန်းထားခြင်းမရှိကြောင်းလည်း အကြောင်း ပြချက်ပေးနိုင်မည်မဟုတ်ပါ။

၂၈။ ဂမ်ဘီယာနိုင်ငံ၏ စာဖြင့်ရေးသားတင်ပြချက်များ (Written Observations) တွင် နောက်ဆက်တွဲ တစ်ရပ် ကိုဖော်ပြထားသော်လည်း ၂ဝ၁၉ ခုနှစ်၊ နိုဝင်ဘာလ ၁၁ ရက်နေ့တွင် ဂမ်ဘီယာနိုင်ငံ၏ တရားရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသည့်သတင်းထုတ်ပြန်ချက်ဖြစ်သည့် တစ်ခုတည်းသော စာရွက်စာတမ်းအထောက်အထား အသစ်နှင့်သာ ဤကိစ္စနှင့်သက်ဆိုင်ပါတယ်။ ယင်းစာရွက်စာတမ်းအထောက်အထားအသစ်က ဂမ်ဘီယာနိုင်ငံ သည် OIC အဖွဲ့အစည်း၏ဆုံးဖြတ်ချက်အရ OIC အဖွဲ့ဝင် ၅၇ နိုင်ငံကိုယ်စား ဆက်လက်ဆောင်ရွက်သွားမည် ဖြစ်ကြောင်းကို ပြောထားပါတယ်။

၂၉။ ဤအချက်တွေကိုကျော်လွားဖို့အတွက် ဂမ်ဘီယာအနေဖြင့် ယေဘုယျသာလျှင်ပြောနိုင်ပြီး သက်သေ အထောက်အထားတစ်ခုခုဖြင့် အခိုင်အမာတင်ပြနိုင်ခြင်းမရှိပါဘူး။

၃၀။ ဂမ်ဘီယာနိုင်ငံသည် တရားစွဲဆိုခြင်းနှင့်စပ်လျဉ်း၍ ၎င်းတို့ကိုယ်ပိုင်ဆုံးဖြတ်ချက်ဖြင့် ဆောင်ရွက်ခြင်းဖြစ်ပြီး ဂမ်ဘီယာနိုင်ငံ၏ဆုံးဖြတ်ချက်အပေါ် OIC မှ အတည်ပြုထောက်ခံထားခြင်းမရှိသဖြင့် OIC ၏ မေတ္တာရပ်ခံချက် အရ ၎င်းကတရားစွဲဆိုရသည်ဆိုသည့်စွပ်စွဲချက်အတွက် အခြေခံအကြောင်း ခြင်းရာမရှိဘူးလို့ ဖော်ပြနေပါတယ်။ အဲဒီအတွက် သက်သေအထောက်အထားက ဘယ်နေရာမှာများရှိပါသလဲ။ ကျွန်တော်တို့အနေဖြင့် ဂမ်ဘီယာက တရားစွဲဆိုရန် OIC ၏အဆိုပြုချက်ကို ဂမ်ဘီယာနိုင်ငံ အစိုးရအဖွဲ့ကအတည်ပြုခဲ့ပြီး OIC ကော်မတီမှ OIC ကိုယ်စားတရားစွဲဆိုသင့်ကြောင်း အစ္စလာမ်ထိပ်သီးအစည်းအဝေးပြီး နောက်ဆုံးဖြတ်ချက် ချခဲ့ခြင်းဖြစ်သည်ဆို သော စာရွက်စာတမ်းအထောက်အထားများကိုသာ တွေ့မြင်နေရပါတယ်။ ၂ဝ၂ဝ ပြည့်နှစ်၊ နိုဝင်ဘာလတွင် ဂမ်ဘီယာနိုင်ငံ၏တရားရေးဝန်ကြီးကိုယ်တိုင် ဤအမှုအား OIC မှ စတင်ဆောင်ရွက်ခဲ့ကြောင်း ထုတ်ဖော် ပြောဆိုခဲ့ပါတယ်။ သို့ပါ၍ ဂမ်ဘီယာက ဤအကြောင်းအရာအပေါ် ဖြေရှင်းချက်ပေးနိုင်မည်မဟုတ်ပါ။

၃၁။ ဂမ်ဘီယာနိုင်ငံက ၎င်းအနေဖြင့် OIC ဆုံးဖြတ်ချက်များချမှတ်၍ OIC ကော်မတီဖွဲ့စည်းဆောင်ရွက်ရာတွင် အရေးပါသည့်ကဏ္ဍတွင် ပါဝင်ခဲ့သဖြင့် ထိုကိစ္စကို အသိအမှတ်ပြုသောအားဖြင့် ၎င်းအားကော်မတီဥက္ကဋ္ဌအဖြစ် ဆောင်ရွက်စေခြင်းဖြစ်ကြောင်း ကာကွယ်ပြောဆိုခဲ့ပါတယ်။ အဲဒီအတွက် အထောက်အထားကဘယ်မှာလဲ။ ကော်မတီဥက္ကဋ္ဌအဖြစ် ခန့်အပ်ခံရခြင်းသည် ဂမ်ဘီယာနိုင်ငံက အဆိုပါကော်မတီကိုဖွဲ့စည်းရာတွင် အရေးပါသူ (သို့မဟုတ်) ကော်မတီ၏အရေးယူဆောင်ရွက်မှုကို အဓိကပံ့ပိုးသူဖြစ်ခြင်းကြောင့်ဟု ယူဆလို့မရနိုင်ပါဘူး။ တရားရုံးရှေ့တင်ပြချက်များသည် အမှန်အားဖြင့် မည်သူက မည်သည့်အဆိုပြုချက်ကို မည်သည့်အချိန်တွင် ပြုလုပ်ခဲ့သည် သို့မဟုတ် အားပေး ထောက်ခံခဲ့သည်ဟူသောအချက်ကို အတိအကျ တင်ပြနိုင်ခြင်းမရှိပါဘူး။ ထိုသို့ဆောင်ရွက်နေသည့်ကိစ္စကို မြန်မာနိုင်ငံကမသိနိုင်သလို ဂမ်ဘီယာနိုင်ငံကလည်း အသေးစိတ်ဖော်ပြခြင်း မရှိပါဘူး။ အမှန်အားဖြင့် အမှုကိစ္စ အဓိကဆောင်ရွက်သူများတွင် ဘင်္ဂလားဒေ့ရှ်နိုင်ငံကိုသော်လည်းကောင်း၊ ဆော်ဒီအာရေးဗျနိုင်ငံဦးဆောင်သည့် Contact Group ကိုသော်လည်းကောင်း ထည့်သွင်းပါဝင်စေနိုင်သည် ဆိုသည့် ယူဆချက်များလည်းရှိပါတယ်။ အခြားစာရွက်စာတမ်းတွင် OIC က ဤအမှုကိုစွဲဆိုစေရန်အတွက် နိုင်ငံတစ်ခုကို ရှာဖွေနေခဲ့ကြောင်း ပါရှိပါတယ်။

၃၂။ ဂမ်ဘီယာနိုင်ငံက OIC အဖွဲ့အစည်းမဟုတ်ဘဲ ၎င်းကသာ အမှုကို အလုံးစုံ ထိန်းချုပ်ညွှန်ကြား ကြောင်း ဆက်လက်ရပ်တည်နေပါတယ်။ ယင်းရပ်တည်မှုအတွက် ဘာအထောက်အထားရှိပါသလဲ။ တရားရုံးရှေ့ တင်ပြ ချက်များက မည်သူက မည်သည့်ဆုံးဖြတ်ချက်ကို ချမှတ်နေကြောင်းပြသနိုင်ခြင်း မရှိပါဘူး။ မိမိတို့အနေဖြင့် Provisional Measures အတွက် ကြားနာပွဲတွင် ဂမ်ဘီယာနိုင်ငံကိုယ်စားလှယ်အဖွဲ့၌ OIC အကြီးတန်းအရာရှိ သုံးဦးပါဝင်နေကြောင်း သိရှိထားပြီး ဂမ်ဘီယာနိုင်ငံ၏ အဆိုလွှာကိုမတင်သွင်းမီ ရက်အနည်းငယ်အလိုတွင် OIC ကော်မတီတွင် တွေ့ဆုံဆွေးနွေးမှုရှိခဲ့ဟန်တူပါတယ်။ ဂမ်ဘီယာနိုင်ငံမှ OIC ကိုအမှုတိုးတက်မှုအခြေအနေကို အကျဉ်းရုံးရှင်းပြခဲ့ကြောင်း မိမိတို့သိပါတယ်။ OIC ၏ မှတ်တမ်းတစ်ခုမှာ တရားဝင်ကိုယ်စားလှယ် ရွေးချယ်ရန် ကိစ္စကို ဂမ်ဘီယာနိုင်ငံ၏လုပ်ပိုင်ခွင့်အဖြစ် ဖော်ပြထားပါတယ်။ သို့တိုင် အဆိုပါလုပ်ပိုင်ခွင့်ကို OIC အဖွဲ့အစည်း က အပ်နှင်းခဲ့ခြင်းမဟုတ်ဟု ပြောနိုင်ပါသလား။

၃၃။ နောက်ဆုံးအနေဖြင့် ဂမ်ဘီယာနိုင်ငံက OIC ထံမှ အထောက်အပံ့ရှာဖွေရယူခြင်းသာဖြစ်ကြောင်း ဆိုပါ တယ်။ သို့ရာတွင် ဂမ်ဘီယာနိုင်ငံကိုပေးနေသောအထောက်အပံ့များကိုဖော်ပြသည့် စာရွက်စာတမ်းများတွင် မိမိ ရည်ညွှန်းဖော်ပြပြီးဖြစ်သော အခြားထုတ်ဖော်ပြောဆိုချက်အားလုံးနှင့် ဆန့်ကျင်ရန်မဆိုထားနှင့် ကွဲပြားမှုပင်မရှိ သလောက် ဖြစ်နေပါတယ်။

ဥက္ကဋ္ဌကြီးနှင့် ဂုဏ်သရေရှိတရားသူကြီးမင်း ခင်ဗျာ…
၃၄။ တရားရုံရှေ့ ရောက်လာသောအမှုများတွင် လျှောက်ထားသူနိုင်ငံက တတိယနိုင်ငံ၊ အဖွဲ့အစည်းအတွက် ကိုယ်စားလှယ်အဖြစ်ဆောင်ရွက်ပေးခြင်း ဟုတ်/မဟုတ်နှင့် စပ်လျဉ်းသည့်မေးခွန်းမရှိသလောက်ပင်ဖြစ်ပါ တယ်။ သို့ရာတွင် အဆိုပါကိစ္စရှိခဲ့ပါက မဟုတ်မှန်ကြောင်းသက်သေပြရန်တာဝန်မှာ တရားပြိုင်အပေါ်တွင် မဟုတ်ဘဲ အမှုစွဲဆိုသည့်လျှောက်ထားသူနိုင်ငံအပေါ်တွင် ရှိရမည်ဖြစ်ပါတယ်။

၃၅။ ဤကိစ္စတွင် တရားမျှတမှုရှိကြောင်း သိသာထင်ရှားသည့်အကြောင်းပြချက် လိုအပ်ပါတယ်။ လျှောက်ထား တဲ့နိုင်ငံသာလျှင် ၎င်းနှင့်အခြားတတိယနိုင်ငံတို့အကြား ဆက်သွယ်ဆောင်ရွက်မှုအကြောင်းစုံကို အသေးစိတ် သိရှိနိုင်မှာဖြစ်ပါတယ်။ မြန်မာနိုင်ငံအနေဖြင့် ဂမ်ဘီယာနိုင်ငံနှင့် OIC အဖွဲ့အစည်းအကြား သော်လည်းကောင်း၊ ဂမ်ဘီယာနိုင်ငံနှင့် အခြား OIC အဖွဲ့ဝင်နိုင်ငံများအကြားသော်လည်းကောင်း ပြုလုပ်နေသည့် အပေးအယူ ဆက်ဆံမှုအသေးစိတ်ကို မသိရှိနိုင်ပါဘူး။ ဤကိစ္စကို ဂမ်ဘီယာနိုင်ငံကသိရှိပြီး သတင်းအချက်အလက်ထုတ် ဖော်ပြသရန် ပျက်ကွက်နေကြောင်း ထင်ရှားနေပါတယ်။

၃၆။ ထို့အပြင် မူသဘောအားဖြင့်ဆိုပါက တရားရုံးဥပဒေပြဌာန်းချက်များအရ အမှုတိုင်းတွင် အခြေခံကျသော စီရင်ပိုင်ခွင့်ဆိုင်ရာလိုအပ်ချက်များကို ဖြည့်ဆည်းရန်လိုအပ်သည့်အချက်အလက်အထောက်အထားများကို ပြသရမည့်သူမှာ အမှုလျှောက်ထားသည့်နိုင်ငံသာဖြစ်ပါတယ်။ အမှုစွဲတင်စဉ်ကတည်းက အငြင်းပွားမှုရှိကြောင်း သက်သေပြရန်တာဝန်ရှိသူမှာ အမှုစွဲဆိုသူသာလျှင်ဖြစ်သည်မှာ အပြည့်အဝလက်ခံထားပြီး လုပ်ငန်းစဉ်ဖြစ်ပါ တယ်။ အမှုလျှောက်ထားသူအမှန်သည် မည်သူမည်ဝါဖြစ်သည်ဟူသောကိစ္စမှာ အကြောင်းခြင်းရာပြဿနာပင် ဖြစ်ပါတယ်။

၃၇။ သက်သေပြရန်တာဝန်သည် ဂမ်ဘီယာနိုင်ငံအပေါ်တွင် မရှိဘူးဆိုလျှင်ပင် တရားရုံးအနေဖြင့် ဆက်စပ် အကြောင်းခြင်းရာများကိုဆုံးဖြတ်သည့်အခါ ရုံးရှေ့တင်ပြထားချက်အပေါ်အခြေခံ၍ ဆုံးဖြတ်ရန် လိုအပ်မှာဖြစ်ပါ တယ်။

၃၈။ ဂမ်ဘီယာနိုင်ငံအနေဖြင့် ရုံးရှေ့တင်ပြချက်များ၏မှန်ကန်မှုအပေါ် အငြင်းပွားခြင်းမရှိသလို ယင်းတွင်ပါဝင် သည့် သီးခြားဖော်ပြချက်များကို ငြင်းဆိုခြင်း (သို့မဟုတ်) ရှင်းလင်းရန်တောင်းဆိုခြင်းမပြုခဲ့သည့်အပြင် ဆန့်ကျင်ဘက် သက်သေထောက်အထားတင်ပြခြင်းလည်း မပြုလုပ်ခဲ့ပါ။ အထောက်အထားတင်ပြထားခြင်း မရှိ သော ဂမ်ဘီယာနိုင်ငံ၏ တိကျရှင်းလင်းမှုမရှိသည့်စွပ်စွဲတင်ပြချက်များကို တရားရုံးက ဆက်စပ်အကြောင်းခြင်း ရာအဖြစ် မှတ်ယူအသုံးပြုနိုင်မည်မဟုတ်ပါ။

၃၉။ တရားရုံးရှေ့မှောက်တွင် OIC အဖွဲ့အစည်းက ၎င်းကိုယ်စား ယခုအမှှုကိုစွဲဆိုရန် ဂမ်ဘီယာနိုင်ငံကို တာဝန်ပေးထားသည်ဟုဖော်ပြပါရှိသည့် ဂမ်ဘီယာနိုင်ငံနှင့် OIC ပင်မအဖွဲ့ကြီးတို့၏ တရားဝင် ထုတ်ပြန်ချက် များရှိပါတယ်။ ဤအချက်ကို အခြားစာရွက်စာတမ်းများစွာတွင်လည်း မီးမောင်းထိုးဖော်ပြထားပါတယ်။ ယင်း အတွက် ဆန့်ကျင်ဘက်သက်သေအထောက်အထား တင်ပြထားခြင်းလည်းမရှိပါဘူး။ အမှုအား ယင်းအချက် အပေါ်အခြေခံပြီး ဆက်လက်ဆောင်ရွက်ရမည်ဖြစ်ပါတယ်။

ဥပဒေကြောင်းကိစ္စ ။ ။
ဥက္ကဋ္ဌကြီးနှင့် ဂုဏ်သရေရှိတရားသူကြီးမင်းများ ခင်ဗျာ…
၄ဝ။ ဥပဒေကြောင်းကိစ္စနှင့်စပ်လျဉ်း၍ တင်ပြလိုပါတယ်။

၄၁။ တရားရုံး၏အငြင်းပွားမှုဆိုင်ရာစီရင်ပိုင်ခွင့်တွင် ကန့်သတ်ချက်ရှိသည်ဟူသောအချက်မှာ အခြေခံကျသည့် အချက်ဖြစ်ပါတယ်။

၄၂။ ကန့်သတ်ချက်တစ်ခုမှာ နိုင်ငံများကသာ ရုံးရှေ့အမှုသည်များအဖြစ် ပါဝင်ဆောင်ရွက်နိုင်သည် ဟူသော အချက်ဖြစ်ပါတယ်။ အပြည်ပြည်ဆိုင်ရာအဖွဲ့အစည်းတစ်ခုအနေဖြင့် ဆောင်ရွက်ခွင့်မရှိသလို အစိုးရမဟုတ် သောအဖွဲ့အစည်း၊ စီးပွားရေးဆိုင်ရာအဖွဲ့အစည်း (သို့မဟုတ်) အခြားအဖွဲ့အစည်းများလည်း ဆောင်ရွက်ခွင့် မရှိပါဘူး။ ဤအမှုတွင် တိုက်ရိုက်ပေါ်ပေါက်သည့်မေးခွန်းတစ်ခုမှာ နိုင်ငံမဟုတ်သည့်အဖွဲ့အစည်းတစ်ခုသည် ၎င်းကိုယ်စား အမှုစွဲဆိုပေးရန် နိုင်ငံတစ်နိုင်ငံကို တာဝန်ပေးခြင်း (သို့မဟုတ်) ခန့်အပ်ခြင်းဖြင့် တရားရုံး၏ စီရင် ပိုင်ခွင့်ကန့်သတ်ချက်ကိုရှောင်တိမ်း၍ ရနိုင်လားဆိုသည့်ကိစ္စဖြစ်ပါတယ်။

၄၃။ ဒုတိယကန့်သတ်ချက်မှာ တရားရုံးအနေဖြင့် အငြင်းပွားမှုဆိုင်ရာအမှုများတွင် နှစ်ဖက်အမှုသည်များ၏ သဘောတူညီချက်ဖြင့်သာ စီရင်ပိုင်ခွင့်ကို ကျင့်သုံးနိုင်သည်ဟူသောအချက်ဖြစ်ပါတယ်။ ဥပမာ- နှစ်ဖက်နိုင်ငံ များပါဝင်သည့် နိုင်ငံတကာစာချုပ်တစ်ခုပါ စီရင်ပိုင်ခွင့်ကိုလက်ခံကြောင်း စည်းကမ်းချက်အပိုဒ်တွင် ဖော်ပြသည့် သဘောတူညီချက်မျိုးဖြစ်ပါတယ်။ ဒါနဲ့ဆက်စပ်သည့်မေးခွန်းတစ်ခုမှာ အဆိုပါကန့်သတ်ချက်ကိုရော အထက် တွင်ဖော်ပြသည့်နည်းဖြင့် ရှောင်ရှားနိုင်သလားဆိုသည့် ကိစ္စဖြစ်ပါတယ်။ ဥပမာ- နိုင်ငံ “က” သည် ဂျီနိုဆိုက် ကွန်ဗင်းရှင်းအဖွဲ့ဝင်မဟုတ်သည့်နိုင်ငံဖြစ်ပြီး နိုင်ငံ “ခ” နှင့် နိုင်ငံ “ဂ” တို့မှာ ကွန်ဗင်းရှင်းကို ခြွင်းချက်ပြုလုပ်ထား ခြင်းမရှိသည့် အဖွဲ့ဝင်နိုင်ငံများဖြစ်သည်ဆိုပါစို့။ အဖွဲ့ဝင်မဟုတ်သည့်နိုင်ငံ “က” က ဂျီနိုဆိုက်ကွန်ဗင်းရှင်းအရ နိုင်ငံ “ခ” အပေါ် အမှုစွဲဆိုရန်အတွက် နိုင်ငံ “ဂ” ကို တာဝန်ပေးခြင်း (သို့မဟုတ်) ခန့်အပ်ခြင်းပြုနိုင်ပါသလား။

၄၄။ ဤဒုတိယမေးခွန်းသည် လက်ရှိအမှုနှင့်စပ်ဆိုင်နေပါတယ်။ အဘယ်ကြောင့်ဆိုသော် OIC အဖွဲ့ဝင်နိုင်ငံ ၅၇ နိုင်ငံအနက် နိုင်ငံပေါင်း ၂ဝ နိုင်ငံသည် ဂျီနိုဆိုက်ကွန်ဗင်းရှင်းအဖွဲ့ဝင်နိုင်ငံ မဟုတ်ကြပါဘူး။ ဒါမှမဟုတ် အဖွဲ့ဝင် ဖြစ်ပါက ဂျီနိုဆိုက်ကွန်ဗင်းရှင်းအပိုဒ် ၉ ကို ခြွင်းချက်ပြုထားကြပါတယ်။ ယင်းတို့အနက် ဘင်္ဂလားဒေ့ရှ်နိုင်ငံနှင့် မလေးရှားနိုင်ငံ ၂ နိုင်ငံက OIC ကော်မတီတွင်ပါဝင်ပြီး ၂ဝ၂ဝ ပြည့်နှစ်၊ ဒီဇင်ဘာလအထိ ဒီအမှုအတွက် ရန်ပုံငွေ ထက်ဝက်ကို ပံ့ပိုးထားသူများဖြစ်ကြပါတယ်။ အနည်းဆုံး သတင်းမီဒီယာဆောင်းပါးတစ်ခုတွင် ဘင်္ဂလားဒေ့ရှ် နိုင်ငံသည် အမှုစွဲဆိုရန် OIC ကို စည်းရုံးဆွဲဆောင်ရာ၌ တက်ကြွစွာပါဝင်ခဲ့ကြောင်း ဆိုထားပါတယ်။

၄၅။ ထိုသို့သော မေးခွန်းများမှာ ဂျီနိုဆိုက်ကွန်ဗင်းရှင်းအရ စွဲဆိုသည့်အမှုများအတွက်သာ မဟုတ်ပါဘူး။ အခြားနိုင်ငံတကာစာချုပ်များအရ စွဲဆိုသည့်အမှုများတွင်လည်း ဖြစ်ပေါ်နိုင်ပါတယ်၊ အထူးသဖြင့် အဆိုပါစာချုပ် တွင် အခြားသော စာချုပ်ဝင်နိုင်ငံများအပေါ် စာချုပ်ဝင် တစ်နိုင်ငံချင်းက တာဝန်ရှိခြင်းကိုအကြောင်းပြု၍ အမှုစွဲဆိုခွင့်ပါရှိကြောင်း လျှောက်ထားသူတစ်ဦးဦးကတင်ပြသည့်အခါတွင် ဖြစ်ပေါ်နိုင်ပါတယ်။ သို့ဖြစ်၍ ဤသို့သောမေးခွန်းများသည် သဘာဝပတ်ဝန်းကျင်၊ စွမ်းအင် (သို့မဟုတ်) ကုန်သွယ်ရေးဥပဒေ၊ ပင်လယ် ရေကြောင်းဆိုင်ရာဥပဒေ (သို့မဟုတ်) နယူးကလီးယားလက်နက်အပါအဝင် ဥပဒေနယ်ပယ်များစွာနှင့် ဆက်စပ် သည့် နိုင်ငံတကာစာချုပ်များအရ စွဲဆိုသည့်အမှုများတွင် ဖြစ်ပေါ်နိုင်ပါတယ်။

၄၆။ ဤမေးခွန်းနှင့်စပ်လျဉ်း၍တင်ပြရမည်ဆိုပါက လျှောက်ထားသူအစစ်အမှန်မှာ ၎င်းအား ကိုယ်စားပြုစွဲဆိုပေး ရန် ခိုင်းစေထားသည့် တတိယနိုင်ငံအဖွဲ့အစည်းဖြစ်ပြီး ကိုယ်စားလှယ် Proxy နိုင်ငံဆိုသည်မှာ ယင်းတတိယ နိုင်ငံအဖွဲ့အစည်းကို ကိုယ်စားပြုစွဲဆိုပေးသည့် နိုင်ငံဖြစ်သည်လို့ မိမိရည်ညွှန်းလိုပါတယ်။

၄၇။ ယခု စောဒကတက်နိုင်သည်မှာ ကြားခံကိုယ်စားလှယ်နိုင်ငံအနေဖြင့် ၎င်း၏ကိုယ်ပိုင်အကျိုးစီးပွားရရှိမှု မရှိ ဘဲ အခြားသူအတွက် အမှုစွဲဆိုပေးခြင်းဖြင့် ဒုက္ခရှာလိမ့်မည်မဟုတ်ဟူသောအချက်ဖြစ်ပါတယ်။ သို့ရာတွင် ထိုသို့မှတ်ယူ၍မရပါ။ သီအိုရီအားဖြင့် ကြားခံကိုယ်စားလှယ်နိုင်ငံတွင် ရည်ရွယ်ချက်များစွာ ရှိနေနိုင်ပါတယ်။ ဥပမာ- အမှန်တကယ်အမှုလျှောက်ထားသူအတွက် နိုင်ငံရေးအကျိုးအမြတ်ရရှိရေးဆောင်ရွက်ပေးခြင်းဖြင့် အပြန်အလှန်အကျိုးပြုမှု ပြန်လည်ရရှိရေးအတွက်ဖြစ်နိုင်ပါတယ်။ လျှောက်ထားသူအမှန်က အမှုစွဲဆိုပေးခြင်း အတွက် ကိုယ်စားလှယ်နိုင်ငံကို ငွေကြေးပေးချေရနိုင်ပါတယ်။ မည်သည့်အခြေအနေတွင်မဆို ဂမ်ဘီယာ နိုင်ငံ က ပြောဆိုသည့်အတိုင်း တရားစွဲဆိုရတဲ့ရည်ရွယ်ချက်များသည် စီရင်ပိုင်ခွင့်ရှိ/မရှိကိစ္စနှင့်စပ်ဆိုင်မှုမရှိဟု အသိအမှတ်ပြုထားခြင်းဖြစ်ပါတယ်။

၄၈။ မည်သည့်ရည်ရွယ်ချက်မျိုးရှိစေကာမူ အခြေအနေသည် အောက်ပါအတိုင်း ဖြစ်ရမည်ဖြစ်ပါတယ်။ တတိယ ပုဂ္ဂိုလ်အဖွဲ့အစည်းသည် နိုင်ငံတစ်နိုင်ငံမဟုတ်ခြင်းကြောင့်ဖြစ်စေ၊ အမှုစွဲဆိုခံရမည့်နိုင်ငံနှင့်၎င်းအကြား အမှု စီရင်ခွင့်နှင့်စပ်လျဉ်း၍ အပြန်အလှန်လက်ခံထားမှုမရှိခြင်းကြောင့်ဖြစ်စေ ၎င်းကိုယ်တိုင် အမှုမစွဲဆိုနိုင်သည့်ကိစ္စ တွင် ကိုယ်စားလှယ်ကို အမှုစွဲဆိုစေခြင်းဖြင့် တရားရုံး၏စီရင်ပိုင်ခွင့်ကန့်သတ်ချက်ကိုရှောင်ရှား၍ မရနိုင်ပါဘူး။

၄၉။ သဘောရိုးဖြင့်ဆောင်ရွက်ခြင်းနှင့် အကျိုးသက်ရောက်မှုဆိုင်ရာ နိုင်ငံတကာဥပဒေ မူသဘောအရ ဤသို့ ကောက်ချက်ချရန်ဖြစ်ပါတယ်။ တရားရုံး၏စီရင်ပိုင်ခွင့်ကို ယင်းတရားရုံး၏ဥပဒေအရ ဆုံးဖြတ်ရမှာဖြစ်ပြီး ယင်း ဥပဒေ- နိုင်ငံတကာစာချုပ်ဖြစ်ပါတယ်။ နိုင်ငံတကာစာချုပ်ဆိုင်ရာဥပဒေတွင် သဘောရိုးဖြင့်ဆောင်ရွက်ခြင်း နှင့် အကျိုးသက်ရောက်မှုဆိုင်ရာ မူသဘောအခိုင်အမာရှိထားပြီး ယေဘုယျအားဖြင့် နိုင်ငံတကာဥပဒေ၏ အခြေခံအုတ်မြစ်တစ်ခုဖြစ်ပါတယ်။ ကြားခံကိုယ်စားလှယ်နိုင်ငံကိုအသုံးပြုခြင်းဖြင့် တရားရုံး၏စီရင်ပိုင်ခွင့်ကို ကန့်သတ်သည့်ဥပဒေပြဋ္ဌာန်းချက်များကိုကျော်လွှားရှောင်ရှားမည်ဆိုပါက ထိုဥပဒေပြဋ္ဌာန်းချက်များ၏ အကျိုး သက်ရောက်မှုမှာ အားနည်းသွားမှာဖြစ်ပါတယ်။

၅၀။ ရှေ့က မိမိပေးခဲ့သည့်ဥပမာအရ ဂျီနိုဆိုက်ကွန်ဗင်းရှင်းအဖွဲ့ဝင် မဟုတ်သည့်နိုင်ငံ “က” အပေါ် မည်သည့် အမှုမျှ စွဲတင်ခွင့် မရှိချိန်တွင် နိုင်ငံ “က” သည် နိုင်ငံ “ဂ” ကို ကိုယ်စားလှယ်အဖြစ်အသုံးချ၍ နိုင်ငံ “ခ” အပေါ် ကွန်ဗင်းရှင်းအရ အမှုစွဲနိုင်သလိုဖြစ်နေပါတယ်။ ဤသဘောသည် အပြန်အလှန်ပြုမူ ဆောင်ရွက်ခြင်း မူသဘော နှင့်ဖြောင့်ဖြောင့်ကြီး ဆန့်ကျင်နေပါတယ်။ တရားရုံး၏စီရင်ပိုင်ခွင့်ဆိုင်ရာပြဋ္ဌာန်းချက်များအား ယင်းတို့၏ ရည်ရွယ်ချက်အမှန်ကိုကြည့်၍ အဓိပ္ပါယ်ဖွင့်ဆိုမည်ဆိုပါက အထက်တွင်ဖော်ပြသည့် အမှုစွဲဆိုခြင်းနည်းကို ခွင့်ပြု ၍ မရပါဘူး။

၅၁။ ဒါ့အပြင်လျှောက်ထားသူနိုင်ငံသည် အခြားသူအတွက် ဆောင်ရွက်ပေးခြင်း ဟုတ်/မဟုတ် ဆိုသည့် ပြဿနာသည် လုပ်ထုံးလုပ်နည်းဆိုင်ရာပြဿနာမျှသာမဟုတ်ဘဲ အကြောင်းခြင်းရာပြဿနာ၊ အမှု၏ အဓိက အကြောင်းအရာနှင့်သက်ဆိုင်သည့်ပြဿနာဖြစ်ပါတယ်။ လျှောက်ထားသူသည် အမှန်တကယ် အခြားသူ အတွက်ဆောင်ရွက်ခြင်းဖြစ်သည်မှန်လျှင် နိုင်ငံတကာဥပဒေ (သို့မဟုတ်) ပြည်တွင်းဥပဒေအရချုပ်ဆိုသည့် ကိုယ်စားပြုခွင့်ဆိုင်ရာသဘောတူညီချက်ကဲ့သို့သော ကြားခံကိုယ်စားပြုသည့်နိုင်ငံနှင့် အမှန်စွဲဆိုသူနိုင်ငံတို့ အကြား ဥပဒေကြောင်းအရ စည်းနှောင်မှုရှိသည့် ဆက်နွယ်မှုရှိ/မရှိ (သို့မဟုတ်) အမှန်စွဲဆိုသူက ကိုယ်စားပြု ဆောင်ရွက်သူကို အတင်းအကြပ်ဆောင်ရွက်စေရန် ဥပဒေအရ လုပ်ပိုင်ခွင့် ရှိ/မရှိ ကိစ္စမှာ အရေးပါသည့်ကိစ္စ မဟုတ်ပါ။ ထိုအခြေအနေများရှိသည်ဖြစ်စေ၊ မရှိသည်ဖြစ်စေ မိမိရည်ညွှန်းဖော်ပြခဲ့သည့် မူသဘောတရားများ၏ သက်ရောက်မှု အတူတူပင်ဖြစ်ပါတယ်။ မည်သို့ဆိုစေကာမူ ယခုအမှု၌ ဂမ်ဘီယာနိုင်ငံအနေဖြင့် OIC ၏ အဖွဲ့ အစည်းတစ်ခုအဖြစ် (သို့မဟုတ်) ကိုယ်စားလှယ်အဖြစ် ဆောင်ရွက်သည်ဟု ကောက်ချနိုင်သည့်အကြောင်းရင်း များရှိပါတယ်။

၅၂။ ထို့ပြင် လျှောက်ထားသူသည် အမှန်တကယ် အခြားသူအတွက် ဆောင်ရွက်ခြင်းဖြစ်သည် မှန်လျှင်အမှုကို ဆောင်ရွက်ရန်နည်းလမ်းနှင့်စပ်လျဉ်း၍ အမှန်တကယ်အမှုလျှောက်ထားသူက ၎င်း၏ကိုယ်စားလှယ်ကို ကိုယ်ပိုင် ချင့်ချိန်ဆုံးဖြတ်ပိုင်ခွင့်ပေးထားရုံးမျှဖြင့် ကိုယ်စားပြုဆောင်ရွက်ပါသည် ဟူသောအချက်ကို ပြောင်းလဲပစ်နိုင်မည် မဟုတ်ပါ။

၅၃။ ကိုယ်တိုင်အမှုမစွဲဆိုနိုင်သည့် တတိယပုဂ္ဂိုလ်အဖွဲ့အစည်းအတွက် ကိုယ်စားလှယ်အဖြစ် အမှုစွဲဆိုပေးခြင်း အား အမှုဖြစ်စဉ်ကို အလွှဲသုံးစားပြုခြင်းဟု မှတ်ယူနိုင်ပါတယ်။ အမှုစွဲဆိုခွင့်မရှိသူတစ်ဦးက တရားရုံးကို အသုံးပြု လာနိုင်ရေးအတွက် နိုင်ငံတစ်ခုက ၎င်း၏အမှုစွဲဆိုခွင့်ကို အသုံးပြုသည့်ကိစ္စသည် လုပ်ထုံးလုပ်နည်းဆိုင်ရာ အခွင့်အရေးအပ်နှင်းခံရသည့်နိုင်ငံများနှင့် မသက်ဆိုင်သည့်ရည်ရွယ်ချက်အတွက် အသုံးပြုခြင်းမဟုတ်ပါဟု မည်သို့ ဆိုနိုင်ပါမည်နည်း။ ယင်းကို အမှုဖြစ်စဉ်အား အလွဲသုံးစားပြုခြင်းအဖြစ် မှတ်ယူသည်ဖြစ်စေ၊ မမှတ်ယူ သည်ဖြစ်စေ အပြန်အလှန်ပြုမူဆောင်ရွက်ခြင်း၊ ရိုးဖြောင့်သော သဘောရှိခြင်းနှင့် စာချုပ်အကျိုးသက်ရောက်မှု ဆိုင်ရာ သဘောတရားများသည် ထိုကဲ့သို့သော အလေ့အထတစ်ခု မည်သည့်အခြေအနေတွင်မဆို တားဆီးရမှာ ဖြစ်ပါတယ်။

ဥက္ကဋ္ဌကြီးနှင့် ဂုဏ်သရေရှိတရားသူကြီးမင်းများ ခင်ဗျာ…
၅၄။ ဥပဒေကြောင်းကိစ္စနှင့်စပ်လျဉ်း၍ ဂမ်ဘီယာနိုင်ငံက မည်သို့ ဆိုထားပါသလဲ။

၅၅။ ဂမ်ဘီယာနိုင်ငံအနေဖြင့် ယင်းပြဿနာနှင့်စပ်လျဉ်း၍ ရှင်းလင်းထားခြင်း မရှိပါ။

၅၆။ ၎င်းသည် အမှုလျှောက်ထားလွှာပါ လျှောက်ထားသူဖြစ်ကြောင်းနှင့် အမှုစွဲဆိုရန်အတွက် လိုအပ်သည့် စီရင်ပိုင်ခွင့်ဆိုင်ရာကိစ္စရပ်အားလုံး ပြီးပြည့်စုံကြောင်းသာပြောပါတယ်။ ထိုအချက်ကိုကြည့်ခြင်းအားဖြင့် မြန်မာ နိုင်ငံ၏ပထမအကြိမ်ကန့်ကွက်လွှာကိုပိတ်ပင်ထားပြီးဖြစ်သည်ဟုလည်း ဆိုထားပါတယ်။ မည်သို့ဖြစ်ကြောင်းကို တော့ ရှင်းလင်းထားခြင်းမရှိပါဘူး။ ဂမ်ဘီယာနိုင်ငံအနေဖြင့် အမှုစွဲဆိုခွင့်မရှိသူ မည်သူမဆို ကိုယ်စားလှယ်မှ တစ်ဆင့် ဆောင်ရွက်နိုင်ခွင့် အမြဲရှိသည်ဟု ယူဆပုံရပါတယ်။ ထိုသို့ဆိုလျှင် ဂမ်ဘီယာနိုင်ငံ၏ပြောဆိုချက်ကို ငြင်းချက်ထုတ်ရန်မလိုသလို မြန်မာနိုင်ငံ၏ ငြင်းချက်ကိုချေပရန်မလိုသကဲ့သို့ ဖြစ်စေပါတယ်။

၅၇။ ဂမ်ဘီယာနိုင်ငံက လျှောက်လွှာတွင် ၎င်း၏ကိုယ်စားလှယ်သည် ဂမ်ဘီယာနိုင်ငံအမည်ဖြင့် (သို့မဟုတ်) ဂမ်ဘီယာနိုင်ငံကိုယ်စား ဆောင်ရွက်ခြင်းဖြစ်ကြောင်းဖော်ပြထားသည်ဟု ဆိုပါတယ်။ သို့ရာတွင် အဆိုပါ ကိုယ်စားလှယ်သည် ဂမ်ဘီယာနိုင်ငံအတွက် ဆောင်ရွက်ခြင်းမှန်လျှင်ပင် ယင်းဖော်ပြချက်သည် ဂမ်ဘီယာနိုင်ငံ အနေဖြင့် OIC အဖွဲ့အစည်းကိုယ်စား ဆောင်ရွက်နေခြင်း ဟုတ်/မဟုတ် ဟူသောပြဿနာကို ပြေလည်စေနိုင် မည်မဟုတ်ပါ။

၅၈။ နိုင်ငံတစ်နိုင်ငံ၏ အမှုစွဲဆိုရန် အရင်းခံအကြောင်းများသည် စီရင်ပိုင်ခွင့်ဆိုင်ရာကိစ္စရပ်များနှင့် ဆက်စပ်မှု မရှိဟူသောသဘောတရားကို ဂမ်ဘီယာနိုင်ငံက ညွှန်းဆိုထားပါတယ်။ အမှန်အားဖြင့် ဖော်ပြပါသဘောတရား များနှင့် အကျုံးဝင်သည့် ယခင်အမှုများတွင် လက်ရှိမိမိတို့ပြောနေသည့် ပြဿနာမျိုးမရှိပါ။ ယခုကိစ္စမှာ စီရင်ပိုင်ခွင့်နှင့်အမှုလက်ခံနိုင်ခွင့်ကို အဆုံးအဖြတ်ပေးရန်အတွက် မည်သူ့အား အစစ်အမှန် လျှောက်ထားသူဟု မှတ်ယူရမည်ကို ရှင်းလင်းစေရန်ဖြစ်ပါတယ်။ မည်သူ၏တိုက်တွန်းမှုကြောင့် (သို့မဟုတ်) မည်သူ့အတွက်ကြောင့် ပြုလုပ်သည်နှင့်သက်ဆိုင်ခြင်းမရှိပါ။

၅၉။ ထို့ပြင် ဂမ်ဘီယာနိုင်ငံက ၎င်းနှင့်မြန်မာနိုင်ငံအကြားအမှုစွဲတင်သည့်အချိန်က အငြင်းပွားမှုရှိကြောင်း ပြော ထားပါတယ်။ ထိုအချက်ကို မြန်မာနိုင်ငံ၏ ပဏာမကန့်ကွက်လွှာ စတုတ္ထအချက်တွင် တင်ပြမည်ဖြစ်ပါတယ်။ သို့ရာတွင် မည်သည့်အဆင့်တွင်မဆို လျှောက်ထားသူသည် အခြားတတိယပုဂ္ဂိုလ်အဖွဲ့အစည်း၏ ကိုယ်စားလှယ်အဖြစ် စွဲဆိုခြင်းဖြစ်ကြောင်းပေါ်ပေါက်သည့်အခါ အဆိုပါကိုယ်စားလှယ်နှင့် လျှောက်ထားခံရသူ အကြားဖြစ်ပွားသည့် အငြင်းပွားမှုရှိ/မရှိ ကိစ္စများတွင် အပြန်အလှန်ပြုမူဆောင်ရွက်ခြင်း၊ သဘောရိုးဖြင့် ဆောင်ရွက်ခြင်းနှင့် အကျိုးသက်ရောက်မှုရှိခြင်းဆိုင်ရာ မူသဘောများသည် အလားတူ ရှိမြဲရှိနေမည်ဖြစ်ပါတယ်။

ဥက္ကဋ္ဌကြီးနှင့် ဂုဏ်သရေရှိတရားသူကြီးမင်းများ ခင်ဗျာ…
၆ဝ။ ပဏာမကန့်ကွက်လွှာပထမအချက်အပေါ် မိမိ၏တင်ပြချက်ကို ဤမျှဖြင့် အဆုံးသတ်လိုပါတယ်။ မြန်မာနိုင်ငံအနေဖြင့် ဆက်စပ်အကြောင်းခြင်းရာများ ရှင်းရှင်းလင်းလင်းရှိကြောင်း ဆိုထားပြီးဖြစ်ပါတယ်။ ဥပဒေ အရဆိုလျှင် အပြည်ပြည်ဆိုင်ရာအဖွဲ့အစည်းတစ်ခုက တရားရုံးသို့ အမှုစွဲဆိုရန်အလို့ငှာ နိုင်ငံတစ်နိုင်ငံကို အမှု လျှောက်ထားသူကိုယ်စားလှယ်အဖြစ် အသုံးပြုရန်မဖြစ်နိုင်ပါ။ အဆိုပါအချက်ကို ဂမ်ဘီယာနိုင်ငံဘက်မှ ကြီးကြီး မားမားတုံ့ပြန်ထားခြင်းမရှိပါ။ ဤအမှုသည် ဖော်ပြပါပြဿနာမျိုးပေါ်ပေါက်သည့်ပထမဆုံးအမှုဖြစ်နိုင်ပါတယ်။ သို့ရာတွင် တရားရုံး၏ ဆုံးဖြတ်ချက်အပေါ် မူတည်ပြီးကျန်အမှုသည် နောက်ဆုံးကိစ္စဖြစ်ကောင်းမှဖြစ်ပါလိမ့် မည်။ ဤအမှုက အရေးပါသည့် စီရင်ထုံးတစ်ခုကို ဖြစ်ပေါ်စေမည်ဖြစ်ပါတယ်။

၆၁။ စိတ်ပါဝင်စားစွာ နားထောင်ပေးသည့်အတွက် ကျေးဇူးတင်ရှိပါတယ် ဥက္ကဋ္ဌခင်ဗျာ။ ဆက်လက်၍ ပဏာမ ကန့်ကွက်လွှာဒုတိယအချက်ကိုတင်ပြပေးဖို့ မြန်မာနိုင်ငံ၏ရှေ့နေ Professor Talmon ကို လျှေက်လဲခွင့်ပြုပါရန် မေတ္တာရပ်ခံအပ်ပါတယ်။

မှတ်ချက် ။ ။ မြန်မာနိုင်ငံဘက်က ချေပချက်များကို မူရင်းအတိုင်း မဖြတ်မတောက်ဘဲ ဖော်ပြပေးခြင်းဖြစ်ပါသည်။

Zawgyi Version;
ျမန္မာႏိုင္ငံအေပၚ ဂမ္ဘီယာ၏စြပ္စြဲခ်က္ႏွင့္ပတ္သက္ၿပီး ICJ ၌ ျမန္မာဘက္မွ PROFESSOR MR CHRISTOPHER STAKER ၏ ပထမအႀကိမ္ကန႔္ကြက္လႊာ(ပထမအခ်က္ အျပည့္အစုံ)
NP News - ေဖေဖာ္ဝါရီ ၂၅
ဥကၠ႒ႀကီးႏွင့္ ဂုဏ္သေရရွိတရားသူႀကီးမင္းမ်ား ခင္ဗ်ာ…
၁။ ကြၽန္ေတာ့္အေနျဖင့္တရား႐ုံးေတာ္ေရွ႕ေမွာက္၌ ေနာက္တစ္ႀကိမ္ ေလွ်ာက္လဲခြင့္ရတဲ့အတြက္ ဂုဏ္ယူ ဝမ္းေျမာက္မိပါတယ္။

၂။ ယခုအမႈနဲ႔မသက္ဆိုင္တဲ့အေၾကာင္းအရာျဖစ္တဲ့ မႏွစ္ကေမလမွာ ICJ တရားသူႀကီး James Crawford ဆုံးပါးသြားတဲ့အတြက္ မိမိအေနျဖင့္အလြန္ကိုဝမ္းနည္းရပါေၾကာင္းေဖာ္ျပလိုပါတယ္။ ၎သည္ ေန႔ေပါင္းမ်ားစြာ တိုင္ အျပည္ျပည္ဆိုင္ရာေရွ႕ေနမ်ားကို အားေပးျခင္း၊ စိတ္ခြန္အားေပးျခင္းႏွင့္ သင္ၾကားမႈမ်ားေပးျခင္းတို႔ကို လည္းေဆာင္႐ြက္ခဲ့သူျဖစ္ပါတယ္။ ယင္းကဲ့သို႔ အခြင့္အေရးရခဲ့တဲ့သူမ်ားထဲမွာ မိမိလည္းပါဝင္ခဲ့ပါတယ္။

၃။ ကြၽန္ေတာ့္အေနျဖင့္ ကနဦးကန႔္ကြက္လႊာႏွင့္စပ္လ်ဥ္း၍ တင္ျပမည္ျဖစ္ပါတယ္။ ျမန္မာႏိုင္ငံအေနျဖင့္ ယခု တရားစြဲဆိုသည့္အမႈတြင္ အမွန္တကယ္ေလွ်ာက္ထားသူမွာ “OIC” ဟုေခၚေသာ အစၥလာမ္မစ္ ပူးေပါင္းေဆာင္ ႐ြက္ေရးအဖြဲ႕အစည္းျဖစ္သျဖင့္ တရား႐ုံးတြင္ စီရင္ပိုင္ခြင့္မရွိေၾကာင္း (သို႔မဟုတ္ေလွ်ာက္ထားခ်က္ကို ခြင့္မျပဳ သင့္ေၾကာင္းကို အခိုင္အမာေလွ်ာက္ထားတင္ျပလိုပါတယ္။ အျပည္ျပည္ဆိုင္ရာတရား႐ုံး (ICJ) ၏ Statute အပိုဒ္ ၃၄၊ စာပိုဒ္ ၁ တြင္ တရား႐ုံးေရွ႕ေမွာက္သို႔ေရာက္ရွိလာေသာ အမႈမ်ားတြင္ အမႈရင္ဆိုင္ၾကသူမ်ားမွာ ႏိုင္ငံ မ်ားသာလွ်င္ျဖစ္ေၾကာင္း ျပ႒ာန္းထားပါတယ္။

၄။ ယခုကနဦးကန႔္ကြက္ခ်က္တြင္ အေၾကာင္းျခင္းရာျပႆနာ (Question of Fact) ႏွင့္ ဥပေဒေၾကာင္းျပႆနာ (Question of Law) ဟူ၍ ျပႆနာႏွစ္ခုေပၚေပါက္ေနပါတယ္။

၅။ အဓိကအေၾကာင္းျခင္းရာျပႆနာမွာ ယခုအမႈတြင္ ဂမ္ဘီယာႏိုင္ငံမွ OIC ကိုယ္စား တရားစြဲဆိုျခင္း ျဖစ္တဲ့ အတြက္ OIC သည္သာ အမွန္တကယ္ေလွ်ာက္ထားသူျဖစ္သည္ဆိုေသာ ျပႆနာျဖစ္ပါတယ္။

၆။ ဥပေဒအေၾကာင္းျခင္းရာျပႆနာ (Question of Law) မွာ ႏိုင္ငံအမည္ႏွင့္ တရားစြဲဆိုလို႔မရေသာကိစၥကို ယင္း၏ကိုယ္စား တတိယႏိုင္ငံတစ္ႏိုင္ငံက တရား႐ုံးတြင္ တရားစြဲဆို၍ ရႏိုင္/မရႏိုင္ဆိုေသာ ျပႆနာျဖစ္ပါ တယ္။

အေၾကာင္းျခင္းရာျပႆနာ ။ ။
ဥကၠ႒ႀကီးႏွင့္ ဂုဏ္သေရရွိတရားသူႀကီးမင္းမ်ား ခင္ဗ်ာ…
၇။ ကြၽန္ေတာ့္အေနျဖင့္ အေၾကာင္းျခင္းရာျပႆနာႏွင့္စပ္လ်ဥ္း၍ စတင္ေလွ်ာက္လဲ တင္ျပလိုပါတယ္။

၈။ ယခုကဲ့သို႔ တရားစြဲဆိုေဆာင္႐ြက္မႈမ်ားအထိ ျဖစ္ေပၚလာရေသာ အေၾကာင္းအရာမ်ားကို ဂမ္ဘီယာႏိုင္ငံ၊ OIC အဖြဲ႕အစည္းႏွင့္ OIC ၏ အျခားအဖြဲ႕ဝင္ႏိုင္ငံမ်ားအၾကား ဆက္သြယ္ေဆာင္႐ြက္ေနေသာ အေသးစိတ္ အခ်က္အလက္မ်ားပါဝင္သည့္စာ႐ြက္စာတမ္းမ်ားကို စာျဖင့္ေရးသားထားသည့္ေလွ်ာက္လဲခ်က္တြင္ ေဖာ္ျပ ထားၿပီးျဖစ္ပါတယ္။

၉။ ယင္းစာ႐ြက္စာတမ္းအေထာက္အထားမ်ားအရ ၂ဝ၁၈ ခုႏွစ္ ေမလတြင္ OIC ၏ အဓိကအဖြဲ႕အစည္း တစ္ရပ္ျဖစ္ေသာ ႏိုင္ငံျခားေရးဝန္ႀကီးမ်ားေကာင္စီက သီးျခားေကာ္မတီတစ္ရပ္ကိုဖြဲ႕စည္းခဲ့ၿပီး ဂမ္ဘီယာႏိုင္ငံမွ ကိုယ္စားလွယ္ကိုဥကၠ႒အျဖစ္ ခန႔္အပ္ခဲ့ပါတယ္။ ၎အဖြဲ႕အစည္းကို “ေကာ္မတီ” ဟု ရည္ၫႊန္းေျပာဆိုသြားမည္ ျဖစ္ပါတယ္။

၁ဝ။ ၂ဝ၁၉ ခုႏွစ္၊ ေဖေဖာ္ဝါရီလမွာ ယင္းေကာ္မတီက Genocide Convention အရ ျမန္မာႏိုင္ငံကို တရား႐ုံးတြင္ တရားစြဲဆိုမည့္ကိစၥႏွင့္ပတ္သက္ေသာ စီမံခ်က္တစ္ရပ္ကို ခ်မွတ္ခဲ့ပါတယ္။

၁၁။ ေနာက္လေတြမွာ ႏိုင္ငံျခားေရးဝန္ႀကီးမ်ားေကာင္စီက ေကာ္မတီ၏စီမံခ်က္ကို အတည္ျပဳေသာ ဆုံးျဖတ္ခ်က္တစ္ရပ္ ကိုခ်မွတ္ခဲ့ပါတယ္။

၁၂။ ယင္းေနာက္ ၂ဝ၁၉ ခုႏွစ္၊ ေမလမွာ ထိုကိစၥကို OIC ၏အျမင့္ဆုံးအာဏာပိုင္ျဖစ္သည့္ အစၥလမ္မစ္ ထိပ္သီး အစည္းအေဝးတြင္ ထည့္သြင္းစဥ္းစားခဲ့ပါတယ္။ အဆိုပါထိပ္သီးအစည္းအေဝး၏ အၿပီးသတ္ ထုတ္ျပန္ေၾကညာ ခ်က္တြင္ အစၥလမ္မစ္ထိပ္သီးအစည္းအေဝးက ေအာက္ပါအတိုင္းေဖာ္ျပခဲ့ပါတယ္။
“………OIC ကိုယ္စား ဂမ္ဘီယာက ICJ တရား႐ုံးမွာ တရားစြဲဆိုျခင္းျဖင့္ ခ်က္ခ်င္းအေရးယူေဆာင္႐ြက္ရန္ adhoc Ministerial Committee အား တိုက္တြန္းခဲ့ပါသည္။”

၁၃။ ဒီေနရာမွာ တင္ျပရမယ့္ အဓိကအခ်က္ ၃ ခ်က္ရွိပါတယ္။ ပထမအခ်က္က အစၥလာမ္မစ္ ထိပ္သီးအစည္း အေဝးက တရားစြဲဆိုရန္တိုက္တြန္းခဲ့ေၾကာင္း၊ ဒုတိယတစ္ခ်က္က OIC ေကာ္မတီက တရားစြဲဆိုေဆာင္႐ြက္ခဲ့ရာ တြင္ ဂမ္ဘီယာမွ ေကာ္မတီဥကၠ႒အျဖစ္ ေဖာ္ျပခဲ့ေၾကာင္းႏွင့္ တတိယအခ်က္က အဆိုပါ တရားစြဲဆိုေဆာင္႐ြက္ ျခင္းကို OIC ကိုယ္စား ေဆာင္႐ြက္ခဲ့ျခင္းတို႔ျဖစ္ပါတယ္။

၁၄။ တစ္လအၾကာျဖစ္ေသာ ၂ဝ၁၉ ခုႏွစ္၊ ဇူလိုင္လ ၄ ရက္ေန႔တြင္ ဂမ္ဘီယာႏိုင္ငံ၏ေရွ႕ေနခ်ဳပ္ႏွင့္ တရားေရး ဝန္ႀကီးက အျပည္ျပည္ဆိုင္ရာတရား႐ုံး (ICJ) တြင္ ျမန္မာႏိုင္ငံအား တရားစြဲဆို၍ အေရးယူေဆာင္႐ြက္ရန္ ဂမ္ဘီယာႏိုင္ငံအတြက္ OIC ၏ အဆိုျပဳခ်က္စာတမ္းကို ဂမ္ဘီယာႏိုင္ငံအစိုးရအဖြဲ႕သို႔တင္သြင္းခဲ့ပါတယ္။ အစိုးရအဖြဲ႕ကလည္း အဆိုပါ OIC အဆိုျပဳခ်က္စာတမ္းကို အတည္ျပဳခဲ့ပါတယ္။

၁၅။ ဒီအေျခအေနမွာ အခ်က္သုံးခ်က္ ေတြ႕ရွိရပါတယ္။ ပထမအခ်က္က ဂမ္ဘီယာႏိုင္ငံ၏ ဆုံးျဖတ္ခ်က္သည္ OIC ၏အဆိုျပဳခ်က္ႏွင့္အညီေဆာင္႐ြက္ခဲ့ျခင္းအခ်က္ပင္ျဖစ္ပါတယ္။ ဒုတိယအခ်က္က ဂမ္ဘီယာႏိုင္ငံက ဦးေဆာင္၍တရားစြဲဆိုရမည္ဆိုျခင္းသည္ ၎၏တစ္ႏိုင္ငံတည္းသေဘာျဖင့္ ကိုယ္ပိုင္အခြင့္အေရးအရ တရားစြဲ ဆိုခဲ့သည္ဟူေသာ အဆိုႏွင့္ဆန႔္က်င္ေနပါတယ္။ တတိယအခ်က္က ဂမ္ဘီယာႏိုင္ငံမွ OIC ကိုယ္စား တရားစြဲ ဆိုသင့္ေၾကာင္း အစၥလမ္မစ္ထိပ္သီးအစည္းအေဝးတြင္ ဆုံးျဖတ္ခ်က္ခ်မွတ္ခဲ့ၿပီး တစ္လအၾကာမွာ ဂမ္ဘီယာ ႏိုင္ငံက OIC ၏ အဆိုျပဳခ်က္ကို လက္ခံခဲ့ျခင္းျဖစ္ပါတယ္။

၁၆။ ဂမ္ဘီယာႏိုင္ငံက တရားစြဲဆိုရန္ေလွ်ာက္ထားသည့္ေန႔ ၂ဝ၁၉ ခုႏွစ္၊ ႏိုဝင္ဘာလ ၁၁ ရက္ေန႔မွာ ဂမ္ဘီယာ ႏိုင္ငံ၏တရားဝင္ကိုယ္စားလွယ္ ဥပေဒအက်ိဳးေဆာင္မ်ားက ဘာသာေျခာက္မ်ိဳးျဖင့္ သတင္းေၾကညာခ်က္ကို ထုတ္ျပန္ခဲ့ပါတယ္။ အဆိုပါသတင္းေဖာ္ျပခ်က္ အစပိုင္းတြင္ ဂမ္ဘီယာႏိုင္ငံမွ OIC အဖြဲ႕ဝင္ႏိုင္ငံ ၅၇ ႏိုင္ငံ ကိုယ္စား ေဆာင္႐ြက္ျခင္းျဖစ္ပါတယ္လို႔ ေဖာ္ျပထားပါတယ္။ ယင္းတို႔၏တစ္ဆက္တည္း သတင္းေဖာ္ျပခ်က္ကို ေအာက္ေဖာ္ျပပါအတိုင္း ကိုးကားတင္ျပလိုပါတယ္။
“OIC အဖြဲ႕အစည္းမွ ၎ကိုယ္စားတရားစြဲဆိုေဆာင္႐ြက္ႏိုင္ရန္ OIC အဖြဲ႕ဝင္ျဖစ္သည့္ ဂမ္ဘီယာႏိုင္ငံကို ခန႔္အပ္ခဲ့ပါသည္။”

၁၇။ ယင္းစကားရပ္အား ဂမ္ဘီယာႏိုင္ငံမွ ေသေသခ်ာခ်ာဂ႐ုျပဳ၍ ေ႐ြးခ်ယ္အတည္ျပဳခဲ့ျခင္းျဖစ္ပါတယ္။

၁၈။ သို႔ျဖစ္၍ ဂမ္ဘီယာက OIC ကိုယ္စား တရားစြဲဆိုျခင္းျဖစ္တယ္ဆိုတဲ့ေျပာၾကားခ်က္ကို ဂမ္ဘီယာ ႏိုင္ငံ၏ ကိုယ္စားလွယ္ႏွင့္ OIC ၏ အျမင့္ဆုံးေသာ အာဏာပိုင္အဖြဲ႕အစည္းက ေျပာၾကားခဲ့ျခင္းျဖစ္တာကို ကြၽန္ေတာ္တို႔ အေနနဲ႔တင္ျပလိုပါတယ္။ အျခားစာ႐ြက္စာတမ္းမ်ားမွာလည္း အလားတူေဖာ္ျပခ်က္မ်ား ပါဝင္ေနပါတယ္။

၁၉။ OIC ေကာ္မတီႏွင့္ OIC အဖြဲ႕အစည္းက ယခုအမႈအား တရားစြဲဆိုျခင္းျဖစ္သည္ဆိုေသာ ထုတ္ျပန္ခ်က္မ်ား ကို ၂ဝ၂ဝ ျပည့္ႏွစ္အတြင္း OIC ႏိုင္ငံျခားေရးဝန္ႀကီးမ်ားေကာင္စီမွထပ္မံ၍ ဆုံးျဖတ္ခ်က္ခ်မွတ္ခဲ့ပါတယ္။ ထို႔ျပင္ ဘဂၤလားေဒ့ရွ္ႏိုင္ငံျခားေရးဝန္ႀကီးႏွင့္ မေလးရွားႏိုင္ငံဝန္ႀကီးခ်ဳပ္၊ OIC ဂ်ာနယ္၊ OIC သတင္းထုတ္ျပန္ခ်က္၊ OIC တြစ္တာစာမ်က္ႏွာ၊ အစိုးရမဟုတ္ေသာအဖြဲ႕အစည္းျဖစ္သည့္ Fortify Rights တို႔ကလည္း အလားတူ ထုတ္ျပန္ ခဲ့ၾကပါတယ္။

၂ဝ။ OIC ဂ်ာနယ္၊ OIC သတင္းထုတ္ျပန္ခ်က္၊ ဘဂၤလားေဒရွ႕္ႏိုင္ငံျခားေရးဝန္ႀကီး၊ မေလးရွားႏိုင္ငံျခားေရး ဝန္ႀကီးႏွင့္ ျမန္မာႏိုင္ငံ၏လူ႔အခြင့္အေရးအေျခအေနအား အစီရင္ခံစာတင္သြင္းလ်က္ရွိသည့္ ကုလသမဂၢ၏ အထူးကိုယ္စားလွယ္တို႔က ယခုအမႈကို OIC က တရားစြဲဆိုရန္ဆုံးျဖတ္ခဲ့သည္ဟု ေျပာၾကားခဲ့ပါတယ္။

၂၁။ ဂမ္ဘီယာႏိုင္ငံမွ OIC ကိုယ္စားတရားစြဲဆိုေၾကာင္းကို OIC ႏိုင္ငံျခားေရးဝန္ႀကီးမ်ားေကာင္စီ၏ ဆုံးျဖတ္ ခ်က္တြင္လည္းေကာင္း၊ ဂမ္ဘီယာႏိုင္ငံသမၼတ႐ုံး၊ ကုလသမဂၢအေထြေထြညီလာခံတြင္ ဂမ္ဘီယာႏိုင္ငံ ဒုတိယ သမၼတ၊ ေမာ္ဒိုက္ႏိုင္ငံ၊ မေလးရွားႏိုင္ငံႏွင့္ ဘဂၤလားေဒရွ႕္ႏိုင္ငံတို႔၏ ႏိုင္ငံျခားေရးဝန္ႀကီးမ်ား၏ ေျပာၾကားခ်က္ မ်ားတြင္လည္းေကာင္း၊ ကုလသမဂၢႏွင့္ အစိုးရမဟုတ္ေသာအဖြဲ႕အစည္းမ်ား၏ အင္တာနက္စာမ်က္ႏွာမ်ားႏွင့္ အျခားႏိုင္ငံမ်ား၏ မီဒီယာသတင္းေဖာ္ျပခ်က္မ်ားတြင္လည္းေကာင္း အသီးသီးေဖာ္ျပခဲ့ပါတယ္။

၂၂။ ယင္းကဲ့သို႔ တရားစြဲဆိုရန္အတြက္ OIC အဖြဲ႕အစည္းက ဂမ္ဘီယာႏိုင္ငံအား ေဆာင္႐ြက္ရန္ (သို႔မဟုတ္) ထိုသို႔ေဆာင္႐ြက္ရန္ေ႐ြးခ်ယ္ခဲ့ေၾကာင္းေျပာၾကားခ်က္မ်ားကို ဂမ္ဘီယာႏိုင္ငံ သမၼတ႐ုံး၊ OIC ၏သတင္း ထုတ္ျပန္ခ်က္ႏွင့္ မီဒီယာမ်ားတြင္ အသီးသီးေဖာ္ျပခဲ့ပါတယ္။

၂၃။ ယခုအမႈအား ဂမ္ဘီယာႏိုင္ငံမွ OIC ေကာ္မတီ၏ဥကၠ႒အျဖစ္ ေဆာင္႐ြက္မႈအခြင့္အာဏာအတြင္းမွစြဲဆို ေဆာင္႐ြက္ခဲ့ျခင္းျဖစ္ေၾကာင္း အတိအလင္း သို႔မဟုတ္ သြယ္ဝိုက္ေသာအားျဖင့္ OIC ႏိုင္ငံျခားေရးဝန္ႀကီးမ်ား ေကာင္စီ၏ဆုံးျဖတ္ခ်က္၊ မေလးရွားႏိုင္ငံ၏ႏိုင္ငံျခားေရးဝန္ႀကီးဌာနႏွင့္ OIC ၏သတင္းထုတ္ျပန္ခ်က္ သုံးခု တို႔ တြင္ ေဖာ္ျပခဲ့ပါတယ္။

၂၄။ ဂမ္ဘီယာႏိုင္ငံ၏တရားစြဲဆိုပိုင္ခြင့္အရ တရားစြဲဆိုျခင္းမဟုတ္ဘဲ ဂမ္ဘီယာႏိုင္ငံမွ ဦးေဆာင္ ၍ တရားစြဲ ဆိုျခင္း (သို႔မဟုတ္) စုေပါင္း၍တရားစြဲဆိုျခင္းျဖစ္ေၾကာင္းေျပာၾကားခ်က္ကို ဂမ္ဘီယာႏိုင္ငံ သမၼတ႐ုံး၊ ဂမ္ဘီယာ ႏိုင္ငံ၏ဒုတိယသမၼတႏွင့္ ဘဂၤလားေဒရွ႕္ႏိုင္ငံ၏ ႏိုင္ငံျခားေရးဝန္ႀကီးဌာနတို႔မွ ထပ္မံေဖာ္ျပခဲ့ၾကပါတယ္။

၂၅။ ျမန္မာႏိုင္ငံ၏ကနဦးကန႔္ကြက္ခ်က္၏ေနာက္ဆက္တြဲပါစာ႐ြက္စာတမ္းမ်ားတြင္ တရားစြဲဆိုရန္အတြက္ ကုန္က်မည့္စရိတ္ကို ဂမ္ဘီယာႏိုင္ငံ၏စီမံခန႔္ခြဲမႈမဟုတ္ေသာ မိမိသေဘာဆႏၵအေလွ်ာက္ထည့္ဝင္ရသည့္ OIC မွ မတည္ထားေသာ အထူးရန္ပုံေငြျဖင့္ ေဆာင္႐ြက္သြားမည္ျဖစ္ေၾကာင္း ေဖာ္ျပထားပါတယ္။ ၂ဝ၂ဝ ျပည့္ႏွစ္၊ ဒီဇင္ဘာလအတြင္း သတင္းအစီရင္ခံစာတစ္ခုက အလႉရွင္မ်ားမွာ ဘဂၤလားေဒ့ရွ္၊ ေဆာ္ဒီအာေရဘီးယား၊ တူရကီ၊ ႏိုင္ဂ်ီရီးယား၊ မေလးရွားႏွင့္ အစၥလာမ္ညီၫြတ္ေရး ရန္ပုံေငြတို႔ျဖစ္ေၾကာင္း ေျပာဆိုခဲ့ပါတယ္။ အဆိုပါ အေထာက္အထားမ်ားတြင္ ဂမ္ဘီယာသည္ အမႈကုန္က်စရိတ္တစ္စုံတစ္ရာကို ကိုယ္တိုင္က်ခံမည့္ အေၾကာင္း မပါရွိသကဲ့သို႔ ထိုသို႔က်ခံျခင္းမျပဳဟုလည္း ေဖာ္ျပထားျခင္းမ်ိဳး ရွိပါတယ္။

ဥကၠ႒ႀကီးႏွင့္ ဂုဏ္သေရရွိတရားသူႀကီးမင္းမ်ား ခင္ဗ်ာ…
၂၆။ အဆိုပါအေၾကာင္းအရာမ်ားႏွင့္စပ္လ်ဥ္း၍ ဂမ္ဘီယာမွ မည္သို႔ေျဖၾကားခဲ့ပါသလဲ။

၂၇။ အလြန္အံ့အားသင့္ဖြယ္ရာေကာင္းေလာက္ေအာင္ပင္ ဂမ္ဘီယာကဘာမွ်မေျပာခဲ့ပါ။ အထက္ပါ ျဖစ္ရပ္မ်ား အေပၚ အျခားနည္းေျဖရွင္းခ်က္လည္းမေပးခဲ့သည့္အျပင္ ယင္းအေထာက္အထားမ်ားႏွင့္ စပ္လ်ဥ္း၍ ရွင္းလင္း ခ်က္လည္းမရွိခဲ့ပါ။ အဆိုပါအေၾကာင္းအရာမ်ားမရွိေၾကာင္းကိုလည္း အေထာက္အထားမေပးႏိုင္ခဲ့ပါ။ ထိုအေၾကာင္းအရာမ်ားကို ရည္ၫႊန္းထားျခင္းမရွိေၾကာင္းလည္း အေၾကာင္း ျပခ်က္ေပးႏိုင္မည္မဟုတ္ပါ။

၂၈။ ဂမ္ဘီယာႏိုင္ငံ၏ စာျဖင့္ေရးသားတင္ျပခ်က္မ်ား (Written Observations) တြင္ ေနာက္ဆက္တြဲ တစ္ရပ္ ကိုေဖာ္ျပထားေသာ္လည္း ၂ဝ၁၉ ခုႏွစ္၊ ႏိုဝင္ဘာလ ၁၁ ရက္ေန႔တြင္ ဂမ္ဘီယာႏိုင္ငံ၏ တရားေရးဝန္ႀကီးဌာနက ထုတ္ျပန္ထားသည့္သတင္းထုတ္ျပန္ခ်က္ျဖစ္သည့္ တစ္ခုတည္းေသာ စာ႐ြက္စာတမ္းအေထာက္အထား အသစ္ႏွင့္သာ ဤကိစၥႏွင့္သက္ဆိုင္ပါတယ္။ ယင္းစာ႐ြက္စာတမ္းအေထာက္အထားအသစ္က ဂမ္ဘီယာႏိုင္ငံ သည္ OIC အဖြဲ႕အစည္း၏ဆုံးျဖတ္ခ်က္အရ OIC အဖြဲ႕ဝင္ ၅၇ ႏိုင္ငံကိုယ္စား ဆက္လက္ေဆာင္႐ြက္သြားမည္ ျဖစ္ေၾကာင္းကို ေျပာထားပါတယ္။

၂၉။ ဤအခ်က္ေတြကိုေက်ာ္လြားဖို႔အတြက္ ဂမ္ဘီယာအေနျဖင့္ ေယဘုယ်သာလွ်င္ေျပာႏိုင္ၿပီး သက္ေသ အေထာက္အထားတစ္ခုခုျဖင့္ အခိုင္အမာတင္ျပႏိုင္ျခင္းမရွိပါဘူး။

၃၀။ ဂမ္ဘီယာႏိုင္ငံသည္ တရားစြဲဆိုျခင္းႏွင့္စပ္လ်ဥ္း၍ ၎တို႔ကိုယ္ပိုင္ဆုံးျဖတ္ခ်က္ျဖင့္ ေဆာင္႐ြက္ျခင္းျဖစ္ၿပီး ဂမ္ဘီယာႏိုင္ငံ၏ဆုံးျဖတ္ခ်က္အေပၚ OIC မွ အတည္ျပဳေထာက္ခံထားျခင္းမရွိသျဖင့္ OIC ၏ ေမတၱာရပ္ခံခ်က္ အရ ၎ကတရားစြဲဆိုရသည္ဆိုသည့္စြပ္စြဲခ်က္အတြက္ အေျခခံအေၾကာင္း ျခင္းရာမရွိဘူးလို႔ ေဖာ္ျပေနပါတယ္။ အဲဒီအတြက္ သက္ေသအေထာက္အထားက ဘယ္ေနရာမွာမ်ားရွိပါသလဲ။ ကြၽန္ေတာ္တို႔အေနျဖင့္ ဂမ္ဘီယာက တရားစြဲဆိုရန္ OIC ၏အဆိုျပဳခ်က္ကို ဂမ္ဘီယာႏိုင္ငံ အစိုးရအဖြဲ႕ကအတည္ျပဳခဲ့ၿပီး OIC ေကာ္မတီမွ OIC ကိုယ္စားတရားစြဲဆိုသင့္ေၾကာင္း အစၥလာမ္ထိပ္သီးအစည္းအေဝးၿပီး ေနာက္ဆုံးျဖတ္ခ်က္ ခ်ခဲ့ျခင္းျဖစ္သည္ဆို ေသာ စာ႐ြက္စာတမ္းအေထာက္အထားမ်ားကိုသာ ေတြ႕ျမင္ေနရပါတယ္။ ၂ဝ၂ဝ ျပည့္ႏွစ္၊ ႏိုဝင္ဘာလတြင္ ဂမ္ဘီယာႏိုင္ငံ၏တရားေရးဝန္ႀကီးကိုယ္တိုင္ ဤအမႈအား OIC မွ စတင္ေဆာင္႐ြက္ခဲ့ေၾကာင္း ထုတ္ေဖာ္ ေျပာဆိုခဲ့ပါတယ္။ သို႔ပါ၍ ဂမ္ဘီယာက ဤအေၾကာင္းအရာအေပၚ ေျဖရွင္းခ်က္ေပးႏိုင္မည္မဟုတ္ပါ။

၃၁။ ဂမ္ဘီယာႏိုင္ငံက ၎အေနျဖင့္ OIC ဆုံးျဖတ္ခ်က္မ်ားခ်မွတ္၍ OIC ေကာ္မတီဖြဲ႕စည္းေဆာင္႐ြက္ရာတြင္ အေရးပါသည့္က႑တြင္ ပါဝင္ခဲ့သျဖင့္ ထိုကိစၥကို အသိအမွတ္ျပဳေသာအားျဖင့္ ၎အားေကာ္မတီဥကၠ႒အျဖစ္ ေဆာင္႐ြက္ေစျခင္းျဖစ္ေၾကာင္း ကာကြယ္ေျပာဆိုခဲ့ပါတယ္။ အဲဒီအတြက္ အေထာက္အထားကဘယ္မွာလဲ။ ေကာ္မတီဥကၠ႒အျဖစ္ ခန႔္အပ္ခံရျခင္းသည္ ဂမ္ဘီယာႏိုင္ငံက အဆိုပါေကာ္မတီကိုဖြဲ႕စည္းရာတြင္ အေရးပါသူ (သို႔မဟုတ္) ေကာ္မတီ၏အေရးယူေဆာင္႐ြက္မႈကို အဓိကပံ့ပိုးသူျဖစ္ျခင္းေၾကာင့္ဟု ယူဆလို႔မရႏိုင္ပါဘူး။ တရား႐ုံးေရွ႕တင္ျပခ်က္မ်ားသည္ အမွန္အားျဖင့္ မည္သူက မည္သည့္အဆိုျပဳခ်က္ကို မည္သည့္အခ်ိန္တြင္ ျပဳလုပ္ခဲ့သည္ သို႔မဟုတ္ အားေပး ေထာက္ခံခဲ့သည္ဟူေသာအခ်က္ကို အတိအက် တင္ျပႏိုင္ျခင္းမရွိပါဘူး။ ထိုသို႔ေဆာင္႐ြက္ေနသည့္ကိစၥကို ျမန္မာႏိုင္ငံကမသိႏိုင္သလို ဂမ္ဘီယာႏိုင္ငံကလည္း အေသးစိတ္ေဖာ္ျပျခင္း မရွိပါဘူး။ အမွန္အားျဖင့္ အမႈကိစၥ အဓိကေဆာင္႐ြက္သူမ်ားတြင္ ဘဂၤလားေဒ့ရွ္ႏိုင္ငံကိုေသာ္လည္းေကာင္း၊ ေဆာ္ဒီအာေရးဗ်ႏိုင္ငံဦးေဆာင္သည့္ Contact Group ကိုေသာ္လည္းေကာင္း ထည့္သြင္းပါဝင္ေစႏိုင္သည္ ဆိုသည့္ ယူဆခ်က္မ်ားလည္းရွိပါတယ္။ အျခားစာ႐ြက္စာတမ္းတြင္ OIC က ဤအမႈကိုစြဲဆိုေစရန္အတြက္ ႏိုင္ငံတစ္ခုကို ရွာေဖြေနခဲ့ေၾကာင္း ပါရွိပါတယ္။

၃၂။ ဂမ္ဘီယာႏိုင္ငံက OIC အဖြဲ႕အစည္းမဟုတ္ဘဲ ၎ကသာ အမႈကို အလုံးစုံ ထိန္းခ်ဳပ္ၫႊန္ၾကား ေၾကာင္း ဆက္လက္ရပ္တည္ေနပါတယ္။ ယင္းရပ္တည္မႈအတြက္ ဘာအေထာက္အထားရွိပါသလဲ။ တရား႐ုံးေရွ႕ တင္ျပ ခ်က္မ်ားက မည္သူက မည္သည့္ဆုံးျဖတ္ခ်က္ကို ခ်မွတ္ေနေၾကာင္းျပသႏိုင္ျခင္း မရွိပါဘူး။ မိမိတို႔အေနျဖင့္ Provisional Measures အတြက္ ၾကားနာပြဲတြင္ ဂမ္ဘီယာႏိုင္ငံကိုယ္စားလွယ္အဖြဲ႕၌ OIC အႀကီးတန္းအရာရွိ သုံးဦးပါဝင္ေနေၾကာင္း သိရွိထားၿပီး ဂမ္ဘီယာႏိုင္ငံ၏ အဆိုလႊာကိုမတင္သြင္းမီ ရက္အနည္းငယ္အလိုတြင္ OIC ေကာ္မတီတြင္ ေတြ႕ဆုံေဆြးေႏြးမႈရွိခဲ့ဟန္တူပါတယ္။ ဂမ္ဘီယာႏိုင္ငံမွ OIC ကိုအမႈတိုးတက္မႈအေျခအေနကို အက်ဥ္း႐ုံးရွင္းျပခဲ့ေၾကာင္း မိမိတို႔သိပါတယ္။ OIC ၏ မွတ္တမ္းတစ္ခုမွာ တရားဝင္ကိုယ္စားလွယ္ ေ႐ြးခ်ယ္ရန္ ကိစၥကို ဂမ္ဘီယာႏိုင္ငံ၏လုပ္ပိုင္ခြင့္အျဖစ္ ေဖာ္ျပထားပါတယ္။ သို႔တိုင္ အဆိုပါလုပ္ပိုင္ခြင့္ကို OIC အဖြဲ႕အစည္း က အပ္ႏွင္းခဲ့ျခင္းမဟုတ္ဟု ေျပာႏိုင္ပါသလား။

၃၃။ ေနာက္ဆုံးအေနျဖင့္ ဂမ္ဘီယာႏိုင္ငံက OIC ထံမွ အေထာက္အပံ့ရွာေဖြရယူျခင္းသာျဖစ္ေၾကာင္း ဆိုပါ တယ္။ သို႔ရာတြင္ ဂမ္ဘီယာႏိုင္ငံကိုေပးေနေသာအေထာက္အပံ့မ်ားကိုေဖာ္ျပသည့္ စာ႐ြက္စာတမ္းမ်ားတြင္ မိမိ ရည္ၫႊန္းေဖာ္ျပၿပီးျဖစ္ေသာ အျခားထုတ္ေဖာ္ေျပာဆိုခ်က္အားလုံးႏွင့္ ဆန႔္က်င္ရန္မဆိုထားႏွင့္ ကြဲျပားမႈပင္မရွိ သေလာက္ ျဖစ္ေနပါတယ္။

ဥကၠ႒ႀကီးႏွင့္ ဂုဏ္သေရရွိတရားသူႀကီးမင္း ခင္ဗ်ာ…
၃၄။ တရား႐ုံေရွ႕ ေရာက္လာေသာအမႈမ်ားတြင္ ေလွ်ာက္ထားသူႏိုင္ငံက တတိယႏိုင္ငံ၊ အဖြဲ႕အစည္းအတြက္ ကိုယ္စားလွယ္အျဖစ္ေဆာင္႐ြက္ေပးျခင္း ဟုတ္/မဟုတ္ႏွင့္ စပ္လ်ဥ္းသည့္ေမးခြန္းမရွိသေလာက္ပင္ျဖစ္ပါ တယ္။ သို႔ရာတြင္ အဆိုပါကိစၥရွိခဲ့ပါက မဟုတ္မွန္ေၾကာင္းသက္ေသျပရန္တာဝန္မွာ တရားၿပိဳင္အေပၚတြင္ မဟုတ္ဘဲ အမႈစြဲဆိုသည့္ေလွ်ာက္ထားသူႏိုင္ငံအေပၚတြင္ ရွိရမည္ျဖစ္ပါတယ္။

၃၅။ ဤကိစၥတြင္ တရားမွ်တမႈရွိေၾကာင္း သိသာထင္ရွားသည့္အေၾကာင္းျပခ်က္ လိုအပ္ပါတယ္။ ေလွ်ာက္ထား တဲ့ႏိုင္ငံသာလွ်င္ ၎ႏွင့္အျခားတတိယႏိုင္ငံတို႔အၾကား ဆက္သြယ္ေဆာင္႐ြက္မႈအေၾကာင္းစုံကို အေသးစိတ္ သိရွိႏိုင္မွာျဖစ္ပါတယ္။ ျမန္မာႏိုင္ငံအေနျဖင့္ ဂမ္ဘီယာႏိုင္ငံႏွင့္ OIC အဖြဲ႕အစည္းအၾကား ေသာ္လည္းေကာင္း၊ ဂမ္ဘီယာႏိုင္ငံႏွင့္ အျခား OIC အဖြဲ႕ဝင္ႏိုင္ငံမ်ားအၾကားေသာ္လည္းေကာင္း ျပဳလုပ္ေနသည့္ အေပးအယူ ဆက္ဆံမႈအေသးစိတ္ကို မသိရွိႏိုင္ပါဘူး။ ဤကိစၥကို ဂမ္ဘီယာႏိုင္ငံကသိရွိၿပီး သတင္းအခ်က္အလက္ထုတ္ ေဖာ္ျပသရန္ ပ်က္ကြက္ေနေၾကာင္း ထင္ရွားေနပါတယ္။

၃၆။ ထို႔အျပင္ မူသေဘာအားျဖင့္ဆိုပါက တရား႐ုံးဥပေဒျပဌာန္းခ်က္မ်ားအရ အမႈတိုင္းတြင္ အေျခခံက်ေသာ စီရင္ပိုင္ခြင့္ဆိုင္ရာလိုအပ္ခ်က္မ်ားကို ျဖည့္ဆည္းရန္လိုအပ္သည့္အခ်က္အလက္အေထာက္အထားမ်ားကို ျပသရမည့္သူမွာ အမႈေလွ်ာက္ထားသည့္ႏိုင္ငံသာျဖစ္ပါတယ္။ အမႈစြဲတင္စဥ္ကတည္းက အျငင္းပြားမႈရွိေၾကာင္း သက္ေသျပရန္တာဝန္ရွိသူမွာ အမႈစြဲဆိုသူသာလွ်င္ျဖစ္သည္မွာ အျပည့္အဝလက္ခံထားၿပီး လုပ္ငန္းစဥ္ျဖစ္ပါ တယ္။ အမႈေလွ်ာက္ထားသူအမွန္သည္ မည္သူမည္ဝါျဖစ္သည္ဟူေသာကိစၥမွာ အေၾကာင္းျခင္းရာျပႆနာပင္ ျဖစ္ပါတယ္။

၃၇။ သက္ေသျပရန္တာဝန္သည္ ဂမ္ဘီယာႏိုင္ငံအေပၚတြင္ မရွိဘူးဆိုလွ်င္ပင္ တရား႐ုံးအေနျဖင့္ ဆက္စပ္ အေၾကာင္းျခင္းရာမ်ားကိုဆုံးျဖတ္သည့္အခါ ႐ုံးေရွ႕တင္ျပထားခ်က္အေပၚအေျခခံ၍ ဆုံးျဖတ္ရန္ လိုအပ္မွာျဖစ္ပါ တယ္။

၃၈။ ဂမ္ဘီယာႏိုင္ငံအေနျဖင့္ ႐ုံးေရွ႕တင္ျပခ်က္မ်ား၏မွန္ကန္မႈအေပၚ အျငင္းပြားျခင္းမရွိသလို ယင္းတြင္ပါဝင္ သည့္ သီးျခားေဖာ္ျပခ်က္မ်ားကို ျငင္းဆိုျခင္း (သို႔မဟုတ္) ရွင္းလင္းရန္ေတာင္းဆိုျခင္းမျပဳခဲ့သည့္အျပင္ ဆန႔္က်င္ဘက္ သက္ေသေထာက္အထားတင္ျပျခင္းလည္း မျပဳလုပ္ခဲ့ပါ။ အေထာက္အထားတင္ျပထားျခင္း မရွိ ေသာ ဂမ္ဘီယာႏိုင္ငံ၏ တိက်ရွင္းလင္းမႈမရွိသည့္စြပ္စြဲတင္ျပခ်က္မ်ားကို တရား႐ုံးက ဆက္စပ္အေၾကာင္းျခင္း ရာအျဖစ္ မွတ္ယူအသုံးျပဳႏိုင္မည္မဟုတ္ပါ။

၃၉။ တရား႐ုံးေရွ႕ေမွာက္တြင္ OIC အဖြဲ႕အစည္းက ၎ကိုယ္စား ယခုအမွႈကိုစြဲဆိုရန္ ဂမ္ဘီယာႏိုင္ငံကို တာဝန္ေပးထားသည္ဟုေဖာ္ျပပါရွိသည့္ ဂမ္ဘီယာႏိုင္ငံႏွင့္ OIC ပင္မအဖြဲ႕ႀကီးတို႔၏ တရားဝင္ ထုတ္ျပန္ခ်က္ မ်ားရွိပါတယ္။ ဤအခ်က္ကို အျခားစာ႐ြက္စာတမ္းမ်ားစြာတြင္လည္း မီးေမာင္းထိုးေဖာ္ျပထားပါတယ္။ ယင္း အတြက္ ဆန႔္က်င္ဘက္သက္ေသအေထာက္အထား တင္ျပထားျခင္းလည္းမရွိပါဘူး။ အမႈအား ယင္းအခ်က္ အေပၚအေျခခံၿပီး ဆက္လက္ေဆာင္႐ြက္ရမည္ျဖစ္ပါတယ္။

ဥပေဒေၾကာင္းကိစၥ ။ ။
ဥကၠ႒ႀကီးႏွင့္ ဂုဏ္သေရရွိတရားသူႀကီးမင္းမ်ား ခင္ဗ်ာ…
၄ဝ။ ဥပေဒေၾကာင္းကိစၥႏွင့္စပ္လ်ဥ္း၍ တင္ျပလိုပါတယ္။

၄၁။ တရား႐ုံး၏အျငင္းပြားမႈဆိုင္ရာစီရင္ပိုင္ခြင့္တြင္ ကန႔္သတ္ခ်က္ရွိသည္ဟူေသာအခ်က္မွာ အေျခခံက်သည့္ အခ်က္ျဖစ္ပါတယ္။

၄၂။ ကန႔္သတ္ခ်က္တစ္ခုမွာ ႏိုင္ငံမ်ားကသာ ႐ုံးေရွ႕အမႈသည္မ်ားအျဖစ္ ပါဝင္ေဆာင္႐ြက္ႏိုင္သည္ ဟူေသာ အခ်က္ျဖစ္ပါတယ္။ အျပည္ျပည္ဆိုင္ရာအဖြဲ႕အစည္းတစ္ခုအေနျဖင့္ ေဆာင္႐ြက္ခြင့္မရွိသလို အစိုးရမဟုတ္ ေသာအဖြဲ႕အစည္း၊ စီးပြားေရးဆိုင္ရာအဖြဲ႕အစည္း (သို႔မဟုတ္) အျခားအဖြဲ႕အစည္းမ်ားလည္း ေဆာင္႐ြက္ခြင့္ မရွိပါဘူး။ ဤအမႈတြင္ တိုက္႐ိုက္ေပၚေပါက္သည့္ေမးခြန္းတစ္ခုမွာ ႏိုင္ငံမဟုတ္သည့္အဖြဲ႕အစည္းတစ္ခုသည္ ၎ကိုယ္စား အမႈစြဲဆိုေပးရန္ ႏိုင္ငံတစ္ႏိုင္ငံကို တာဝန္ေပးျခင္း (သို႔မဟုတ္) ခန႔္အပ္ျခင္းျဖင့္ တရား႐ုံး၏ စီရင္ ပိုင္ခြင့္ကန႔္သတ္ခ်က္ကိုေရွာင္တိမ္း၍ ရႏိုင္လားဆိုသည့္ကိစၥျဖစ္ပါတယ္။

၄၃။ ဒုတိယကန႔္သတ္ခ်က္မွာ တရား႐ုံးအေနျဖင့္ အျငင္းပြားမႈဆိုင္ရာအမႈမ်ားတြင္ ႏွစ္ဖက္အမႈသည္မ်ား၏ သေဘာတူညီခ်က္ျဖင့္သာ စီရင္ပိုင္ခြင့္ကို က်င့္သုံးႏိုင္သည္ဟူေသာအခ်က္ျဖစ္ပါတယ္။ ဥပမာ- ႏွစ္ဖက္ႏိုင္ငံ မ်ားပါဝင္သည့္ ႏိုင္ငံတကာစာခ်ဳပ္တစ္ခုပါ စီရင္ပိုင္ခြင့္ကိုလက္ခံေၾကာင္း စည္းကမ္းခ်က္အပိုဒ္တြင္ ေဖာ္ျပသည့္ သေဘာတူညီခ်က္မ်ိဳးျဖစ္ပါတယ္။ ဒါနဲ႔ဆက္စပ္သည့္ေမးခြန္းတစ္ခုမွာ အဆိုပါကန႔္သတ္ခ်က္ကိုေရာ အထက္ တြင္ေဖာ္ျပသည့္နည္းျဖင့္ ေရွာင္ရွားႏိုင္သလားဆိုသည့္ ကိစၥျဖစ္ပါတယ္။ ဥပမာ- ႏိုင္ငံ “က” သည္ ဂ်ီႏိုဆိုက္ ကြန္ဗင္းရွင္းအဖြဲ႕ဝင္မဟုတ္သည့္ႏိုင္ငံျဖစ္ၿပီး ႏိုင္ငံ “ခ” ႏွင့္ ႏိုင္ငံ “ဂ” တို႔မွာ ကြန္ဗင္းရွင္းကို ႁခြင္းခ်က္ျပဳလုပ္ထား ျခင္းမရွိသည့္ အဖြဲ႕ဝင္ႏိုင္ငံမ်ားျဖစ္သည္ဆိုပါစို႔။ အဖြဲ႕ဝင္မဟုတ္သည့္ႏိုင္ငံ “က” က ဂ်ီႏိုဆိုက္ကြန္ဗင္းရွင္းအရ ႏိုင္ငံ “ခ” အေပၚ အမႈစြဲဆိုရန္အတြက္ ႏိုင္ငံ “ဂ” ကို တာဝန္ေပးျခင္း (သို႔မဟုတ္) ခန႔္အပ္ျခင္းျပဳႏိုင္ပါသလား။

၄၄။ ဤဒုတိယေမးခြန္းသည္ လက္ရွိအမႈႏွင့္စပ္ဆိုင္ေနပါတယ္။ အဘယ္ေၾကာင့္ဆိုေသာ္ OIC အဖြဲ႕ဝင္ႏိုင္ငံ ၅၇ ႏိုင္ငံအနက္ ႏိုင္ငံေပါင္း ၂ဝ ႏိုင္ငံသည္ ဂ်ီႏိုဆိုက္ကြန္ဗင္းရွင္းအဖြဲ႕ဝင္ႏိုင္ငံ မဟုတ္ၾကပါဘူး။ ဒါမွမဟုတ္ အဖြဲ႕ဝင္ ျဖစ္ပါက ဂ်ီႏိုဆိုက္ကြန္ဗင္းရွင္းအပိုဒ္ ၉ ကို ႁခြင္းခ်က္ျပဳထားၾကပါတယ္။ ယင္းတို႔အနက္ ဘဂၤလားေဒ့ရွ္ႏိုင္ငံႏွင့္ မေလးရွားႏိုင္ငံ ၂ ႏိုင္ငံက OIC ေကာ္မတီတြင္ပါဝင္ၿပီး ၂ဝ၂ဝ ျပည့္ႏွစ္၊ ဒီဇင္ဘာလအထိ ဒီအမႈအတြက္ ရန္ပုံေငြ ထက္ဝက္ကို ပံ့ပိုးထားသူမ်ားျဖစ္ၾကပါတယ္။ အနည္းဆုံး သတင္းမီဒီယာေဆာင္းပါးတစ္ခုတြင္ ဘဂၤလားေဒ့ရွ္ ႏိုင္ငံသည္ အမႈစြဲဆိုရန္ OIC ကို စည္း႐ုံးဆြဲေဆာင္ရာ၌ တက္ႂကြစြာပါဝင္ခဲ့ေၾကာင္း ဆိုထားပါတယ္။

၄၅။ ထိုသို႔ေသာ ေမးခြန္းမ်ားမွာ ဂ်ီႏိုဆိုက္ကြန္ဗင္းရွင္းအရ စြဲဆိုသည့္အမႈမ်ားအတြက္သာ မဟုတ္ပါဘူး။ အျခားႏိုင္ငံတကာစာခ်ဳပ္မ်ားအရ စြဲဆိုသည့္အမႈမ်ားတြင္လည္း ျဖစ္ေပၚႏိုင္ပါတယ္၊ အထူးသျဖင့္ အဆိုပါစာခ်ဳပ္ တြင္ အျခားေသာ စာခ်ဳပ္ဝင္ႏိုင္ငံမ်ားအေပၚ စာခ်ဳပ္ဝင္ တစ္ႏိုင္ငံခ်င္းက တာဝန္ရွိျခင္းကိုအေၾကာင္းျပဳ၍ အမႈစြဲဆိုခြင့္ပါရွိေၾကာင္း ေလွ်ာက္ထားသူတစ္ဦးဦးကတင္ျပသည့္အခါတြင္ ျဖစ္ေပၚႏိုင္ပါတယ္။ သို႔ျဖစ္၍ ဤသို႔ေသာေမးခြန္းမ်ားသည္ သဘာဝပတ္ဝန္းက်င္၊ စြမ္းအင္ (သို႔မဟုတ္) ကုန္သြယ္ေရးဥပေဒ၊ ပင္လယ္ ေရေၾကာင္းဆိုင္ရာဥပေဒ (သို႔မဟုတ္) နယူးကလီးယားလက္နက္အပါအဝင္ ဥပေဒနယ္ပယ္မ်ားစြာႏွင့္ ဆက္စပ္ သည့္ ႏိုင္ငံတကာစာခ်ဳပ္မ်ားအရ စြဲဆိုသည့္အမႈမ်ားတြင္ ျဖစ္ေပၚႏိုင္ပါတယ္။

၄၆။ ဤေမးခြန္းႏွင့္စပ္လ်ဥ္း၍တင္ျပရမည္ဆိုပါက ေလွ်ာက္ထားသူအစစ္အမွန္မွာ ၎အား ကိုယ္စားျပဳစြဲဆိုေပး ရန္ ခိုင္းေစထားသည့္ တတိယႏိုင္ငံအဖြဲ႕အစည္းျဖစ္ၿပီး ကိုယ္စားလွယ္ Proxy ႏိုင္ငံဆိုသည္မွာ ယင္းတတိယ ႏိုင္ငံအဖြဲ႕အစည္းကို ကိုယ္စားျပဳစြဲဆိုေပးသည့္ ႏိုင္ငံျဖစ္သည္လို႔ မိမိရည္ၫႊန္းလိုပါတယ္။

၄၇။ ယခု ေစာဒကတက္ႏိုင္သည္မွာ ၾကားခံကိုယ္စားလွယ္ႏိုင္ငံအေနျဖင့္ ၎၏ကိုယ္ပိုင္အက်ိဳးစီးပြားရရွိမႈ မရွိ ဘဲ အျခားသူအတြက္ အမႈစြဲဆိုေပးျခင္းျဖင့္ ဒုကၡရွာလိမ့္မည္မဟုတ္ဟူေသာအခ်က္ျဖစ္ပါတယ္။ သို႔ရာတြင္ ထိုသို႔မွတ္ယူ၍မရပါ။ သီအိုရီအားျဖင့္ ၾကားခံကိုယ္စားလွယ္ႏိုင္ငံတြင္ ရည္႐ြယ္ခ်က္မ်ားစြာ ရွိေနႏိုင္ပါတယ္။ ဥပမာ- အမွန္တကယ္အမႈေလွ်ာက္ထားသူအတြက္ ႏိုင္ငံေရးအက်ိဳးအျမတ္ရရွိေရးေဆာင္႐ြက္ေပးျခင္းျဖင့္ အျပန္အလွန္အက်ိဳးျပဳမႈ ျပန္လည္ရရွိေရးအတြက္ျဖစ္ႏိုင္ပါတယ္။ ေလွ်ာက္ထားသူအမွန္က အမႈစြဲဆိုေပးျခင္း အတြက္ ကိုယ္စားလွယ္ႏိုင္ငံကို ေငြေၾကးေပးေခ်ရႏိုင္ပါတယ္။ မည္သည့္အေျခအေနတြင္မဆို ဂမ္ဘီယာ ႏိုင္ငံ က ေျပာဆိုသည့္အတိုင္း တရားစြဲဆိုရတဲ့ရည္႐ြယ္ခ်က္မ်ားသည္ စီရင္ပိုင္ခြင့္ရွိ/မရွိကိစၥႏွင့္စပ္ဆိုင္မႈမရွိဟု အသိအမွတ္ျပဳထားျခင္းျဖစ္ပါတယ္။

၄၈။ မည္သည့္ရည္႐ြယ္ခ်က္မ်ိဳးရွိေစကာမူ အေျခအေနသည္ ေအာက္ပါအတိုင္း ျဖစ္ရမည္ျဖစ္ပါတယ္။ တတိယ ပုဂၢိဳလ္အဖြဲ႕အစည္းသည္ ႏိုင္ငံတစ္ႏိုင္ငံမဟုတ္ျခင္းေၾကာင့္ျဖစ္ေစ၊ အမႈစြဲဆိုခံရမည့္ႏိုင္ငံႏွင့္၎အၾကား အမႈ စီရင္ခြင့္ႏွင့္စပ္လ်ဥ္း၍ အျပန္အလွန္လက္ခံထားမႈမရွိျခင္းေၾကာင့္ျဖစ္ေစ ၎ကိုယ္တိုင္ အမႈမစြဲဆိုႏိုင္သည့္ကိစၥ တြင္ ကိုယ္စားလွယ္ကို အမႈစြဲဆိုေစျခင္းျဖင့္ တရား႐ုံး၏စီရင္ပိုင္ခြင့္ကန႔္သတ္ခ်က္ကိုေရွာင္ရွား၍ မရႏိုင္ပါဘူး။

၄၉။ သေဘာ႐ိုးျဖင့္ေဆာင္႐ြက္ျခင္းႏွင့္ အက်ိဳးသက္ေရာက္မႈဆိုင္ရာ ႏိုင္ငံတကာဥပေဒ မူသေဘာအရ ဤသို႔ ေကာက္ခ်က္ခ်ရန္ျဖစ္ပါတယ္။ တရား႐ုံး၏စီရင္ပိုင္ခြင့္ကို ယင္းတရား႐ုံး၏ဥပေဒအရ ဆုံးျဖတ္ရမွာျဖစ္ၿပီး ယင္း ဥပေဒ- ႏိုင္ငံတကာစာခ်ဳပ္ျဖစ္ပါတယ္။ ႏိုင္ငံတကာစာခ်ဳပ္ဆိုင္ရာဥပေဒတြင္ သေဘာ႐ိုးျဖင့္ေဆာင္႐ြက္ျခင္း ႏွင့္ အက်ိဳးသက္ေရာက္မႈဆိုင္ရာ မူသေဘာအခိုင္အမာရွိထားၿပီး ေယဘုယ်အားျဖင့္ ႏိုင္ငံတကာဥပေဒ၏ အေျခခံအုတ္ျမစ္တစ္ခုျဖစ္ပါတယ္။ ၾကားခံကိုယ္စားလွယ္ႏိုင္ငံကိုအသုံးျပဳျခင္းျဖင့္ တရား႐ုံး၏စီရင္ပိုင္ခြင့္ကို ကန႔္သတ္သည့္ဥပေဒျပ႒ာန္းခ်က္မ်ားကိုေက်ာ္လႊားေရွာင္ရွားမည္ဆိုပါက ထိုဥပေဒျပ႒ာန္းခ်က္မ်ား၏ အက်ိဳး သက္ေရာက္မႈမွာ အားနည္းသြားမွာျဖစ္ပါတယ္။

၅၀။ ေရွ႕က မိမိေပးခဲ့သည့္ဥပမာအရ ဂ်ီႏိုဆိုက္ကြန္ဗင္းရွင္းအဖြဲ႕ဝင္ မဟုတ္သည့္ႏိုင္ငံ “က” အေပၚ မည္သည့္ အမႈမွ် စြဲတင္ခြင့္ မရွိခ်ိန္တြင္ ႏိုင္ငံ “က” သည္ ႏိုင္ငံ “ဂ” ကို ကိုယ္စားလွယ္အျဖစ္အသုံးခ်၍ ႏိုင္ငံ “ခ” အေပၚ ကြန္ဗင္းရွင္းအရ အမႈစြဲႏိုင္သလိုျဖစ္ေနပါတယ္။ ဤသေဘာသည္ အျပန္အလွန္ျပဳမူ ေဆာင္႐ြက္ျခင္း မူသေဘာ ႏွင့္ေျဖာင့္ေျဖာင့္ႀကီး ဆန႔္က်င္ေနပါတယ္။ တရား႐ုံး၏စီရင္ပိုင္ခြင့္ဆိုင္ရာျပ႒ာန္းခ်က္မ်ားအား ယင္းတို႔၏ ရည္႐ြယ္ခ်က္အမွန္ကိုၾကည့္၍ အဓိပၸါယ္ဖြင့္ဆိုမည္ဆိုပါက အထက္တြင္ေဖာ္ျပသည့္ အမႈစြဲဆိုျခင္းနည္းကို ခြင့္ျပဳ ၍ မရပါဘူး။

၅၁။ ဒါ့အျပင္ေလွ်ာက္ထားသူႏိုင္ငံသည္ အျခားသူအတြက္ ေဆာင္႐ြက္ေပးျခင္း ဟုတ္/မဟုတ္ ဆိုသည့္ ျပႆနာသည္ လုပ္ထုံးလုပ္နည္းဆိုင္ရာျပႆနာမွ်သာမဟုတ္ဘဲ အေၾကာင္းျခင္းရာျပႆနာ၊ အမႈ၏ အဓိက အေၾကာင္းအရာႏွင့္သက္ဆိုင္သည့္ျပႆနာျဖစ္ပါတယ္။ ေလွ်ာက္ထားသူသည္ အမွန္တကယ္ အျခားသူ အတြက္ေဆာင္႐ြက္ျခင္းျဖစ္သည္မွန္လွ်င္ ႏိုင္ငံတကာဥပေဒ (သို႔မဟုတ္) ျပည္တြင္းဥပေဒအရခ်ဳပ္ဆိုသည့္ ကိုယ္စားျပဳခြင့္ဆိုင္ရာသေဘာတူညီခ်က္ကဲ့သို႔ေသာ ၾကားခံကိုယ္စားျပဳသည့္ႏိုင္ငံႏွင့္ အမွန္စြဲဆိုသူႏိုင္ငံတို႔ အၾကား ဥပေဒေၾကာင္းအရ စည္းေႏွာင္မႈရွိသည့္ ဆက္ႏြယ္မႈရွိ/မရွိ (သို႔မဟုတ္) အမွန္စြဲဆိုသူက ကိုယ္စားျပဳ ေဆာင္႐ြက္သူကို အတင္းအၾကပ္ေဆာင္႐ြက္ေစရန္ ဥပေဒအရ လုပ္ပိုင္ခြင့္ ရွိ/မရွိ ကိစၥမွာ အေရးပါသည့္ကိစၥ မဟုတ္ပါ။ ထိုအေျခအေနမ်ားရွိသည္ျဖစ္ေစ၊ မရွိသည္ျဖစ္ေစ မိမိရည္ၫႊန္းေဖာ္ျပခဲ့သည့္ မူသေဘာတရားမ်ား၏ သက္ေရာက္မႈ အတူတူပင္ျဖစ္ပါတယ္။ မည္သို႔ဆိုေစကာမူ ယခုအမႈ၌ ဂမ္ဘီယာႏိုင္ငံအေနျဖင့္ OIC ၏ အဖြဲ႕ အစည္းတစ္ခုအျဖစ္ (သို႔မဟုတ္) ကိုယ္စားလွယ္အျဖစ္ ေဆာင္႐ြက္သည္ဟု ေကာက္ခ်ႏိုင္သည့္အေၾကာင္းရင္း မ်ားရွိပါတယ္။

၅၂။ ထို႔ျပင္ ေလွ်ာက္ထားသူသည္ အမွန္တကယ္ အျခားသူအတြက္ ေဆာင္႐ြက္ျခင္းျဖစ္သည္ မွန္လွ်င္အမႈကို ေဆာင္႐ြက္ရန္နည္းလမ္းႏွင့္စပ္လ်ဥ္း၍ အမွန္တကယ္အမႈေလွ်ာက္ထားသူက ၎၏ကိုယ္စားလွယ္ကို ကိုယ္ပိုင္ ခ်င့္ခ်ိန္ဆုံးျဖတ္ပိုင္ခြင့္ေပးထား႐ုံးမွ်ျဖင့္ ကိုယ္စားျပဳေဆာင္႐ြက္ပါသည္ ဟူေသာအခ်က္ကို ေျပာင္းလဲပစ္ႏိုင္မည္ မဟုတ္ပါ။

၅၃။ ကိုယ္တိုင္အမႈမစြဲဆိုႏိုင္သည့္ တတိယပုဂၢိဳလ္အဖြဲ႕အစည္းအတြက္ ကိုယ္စားလွယ္အျဖစ္ အမႈစြဲဆိုေပးျခင္း အား အမႈျဖစ္စဥ္ကို အလႊဲသုံးစားျပဳျခင္းဟု မွတ္ယူႏိုင္ပါတယ္။ အမႈစြဲဆိုခြင့္မရွိသူတစ္ဦးက တရား႐ုံးကို အသုံးျပဳ လာႏိုင္ေရးအတြက္ ႏိုင္ငံတစ္ခုက ၎၏အမႈစြဲဆိုခြင့္ကို အသုံးျပဳသည့္ကိစၥသည္ လုပ္ထုံးလုပ္နည္းဆိုင္ရာ အခြင့္အေရးအပ္ႏွင္းခံရသည့္ႏိုင္ငံမ်ားႏွင့္ မသက္ဆိုင္သည့္ရည္႐ြယ္ခ်က္အတြက္ အသုံးျပဳျခင္းမဟုတ္ပါဟု မည္သို႔ ဆိုႏိုင္ပါမည္နည္း။ ယင္းကို အမႈျဖစ္စဥ္အား အလြဲသုံးစားျပဳျခင္းအျဖစ္ မွတ္ယူသည္ျဖစ္ေစ၊ မမွတ္ယူ သည္ျဖစ္ေစ အျပန္အလွန္ျပဳမူေဆာင္႐ြက္ျခင္း၊ ႐ိုးေျဖာင့္ေသာ သေဘာရွိျခင္းႏွင့္ စာခ်ဳပ္အက်ိဳးသက္ေရာက္မႈ ဆိုင္ရာ သေဘာတရားမ်ားသည္ ထိုကဲ့သို႔ေသာ အေလ့အထတစ္ခု မည္သည့္အေျခအေနတြင္မဆို တားဆီးရမွာ ျဖစ္ပါတယ္။

ဥကၠ႒ႀကီးႏွင့္ ဂုဏ္သေရရွိတရားသူႀကီးမင္းမ်ား ခင္ဗ်ာ…
၅၄။ ဥပေဒေၾကာင္းကိစၥႏွင့္စပ္လ်ဥ္း၍ ဂမ္ဘီယာႏိုင္ငံက မည္သို႔ ဆိုထားပါသလဲ။

၅၅။ ဂမ္ဘီယာႏိုင္ငံအေနျဖင့္ ယင္းျပႆနာႏွင့္စပ္လ်ဥ္း၍ ရွင္းလင္းထားျခင္း မရွိပါ။

၅၆။ ၎သည္ အမႈေလွ်ာက္ထားလႊာပါ ေလွ်ာက္ထားသူျဖစ္ေၾကာင္းႏွင့္ အမႈစြဲဆိုရန္အတြက္ လိုအပ္သည့္ စီရင္ပိုင္ခြင့္ဆိုင္ရာကိစၥရပ္အားလုံး ၿပီးျပည့္စုံေၾကာင္းသာေျပာပါတယ္။ ထိုအခ်က္ကိုၾကည့္ျခင္းအားျဖင့္ ျမန္မာ ႏိုင္ငံ၏ပထမအႀကိမ္ကန႔္ကြက္လႊာကိုပိတ္ပင္ထားၿပီးျဖစ္သည္ဟုလည္း ဆိုထားပါတယ္။ မည္သို႔ျဖစ္ေၾကာင္းကို ေတာ့ ရွင္းလင္းထားျခင္းမရွိပါဘူး။ ဂမ္ဘီယာႏိုင္ငံအေနျဖင့္ အမႈစြဲဆိုခြင့္မရွိသူ မည္သူမဆို ကိုယ္စားလွယ္မွ တစ္ဆင့္ ေဆာင္႐ြက္ႏိုင္ခြင့္ အၿမဲရွိသည္ဟု ယူဆပုံရပါတယ္။ ထိုသို႔ဆိုလွ်င္ ဂမ္ဘီယာႏိုင္ငံ၏ေျပာဆိုခ်က္ကို ျငင္းခ်က္ထုတ္ရန္မလိုသလို ျမန္မာႏိုင္ငံ၏ ျငင္းခ်က္ကိုေခ်ပရန္မလိုသကဲ့သို႔ ျဖစ္ေစပါတယ္။

၅၇။ ဂမ္ဘီယာႏိုင္ငံက ေလွ်ာက္လႊာတြင္ ၎၏ကိုယ္စားလွယ္သည္ ဂမ္ဘီယာႏိုင္ငံအမည္ျဖင့္ (သို႔မဟုတ္) ဂမ္ဘီယာႏိုင္ငံကိုယ္စား ေဆာင္႐ြက္ျခင္းျဖစ္ေၾကာင္းေဖာ္ျပထားသည္ဟု ဆိုပါတယ္။ သို႔ရာတြင္ အဆိုပါ ကိုယ္စားလွယ္သည္ ဂမ္ဘီယာႏိုင္ငံအတြက္ ေဆာင္႐ြက္ျခင္းမွန္လွ်င္ပင္ ယင္းေဖာ္ျပခ်က္သည္ ဂမ္ဘီယာႏိုင္ငံ အေနျဖင့္ OIC အဖြဲ႕အစည္းကိုယ္စား ေဆာင္႐ြက္ေနျခင္း ဟုတ္/မဟုတ္ ဟူေသာျပႆနာကို ေျပလည္ေစႏိုင္ မည္မဟုတ္ပါ။

၅၈။ ႏိုင္ငံတစ္ႏိုင္ငံ၏ အမႈစြဲဆိုရန္ အရင္းခံအေၾကာင္းမ်ားသည္ စီရင္ပိုင္ခြင့္ဆိုင္ရာကိစၥရပ္မ်ားႏွင့္ ဆက္စပ္မႈ မရွိဟူေသာသေဘာတရားကို ဂမ္ဘီယာႏိုင္ငံက ၫႊန္းဆိုထားပါတယ္။ အမွန္အားျဖင့္ ေဖာ္ျပပါသေဘာတရား မ်ားႏွင့္ အက်ဳံးဝင္သည့္ ယခင္အမႈမ်ားတြင္ လက္ရွိမိမိတို႔ေျပာေနသည့္ ျပႆနာမ်ိဳးမရွိပါ။ ယခုကိစၥမွာ စီရင္ပိုင္ခြင့္ႏွင့္အမႈလက္ခံႏိုင္ခြင့္ကို အဆုံးအျဖတ္ေပးရန္အတြက္ မည္သူ႔အား အစစ္အမွန္ ေလွ်ာက္ထားသူဟု မွတ္ယူရမည္ကို ရွင္းလင္းေစရန္ျဖစ္ပါတယ္။ မည္သူ၏တိုက္တြန္းမႈေၾကာင့္ (သို႔မဟုတ္) မည္သူ႔အတြက္ေၾကာင့္ ျပဳလုပ္သည္ႏွင့္သက္ဆိုင္ျခင္းမရွိပါ။

၅၉။ ထို႔ျပင္ ဂမ္ဘီယာႏိုင္ငံက ၎ႏွင့္ျမန္မာႏိုင္ငံအၾကားအမႈစြဲတင္သည့္အခ်ိန္က အျငင္းပြားမႈရွိေၾကာင္း ေျပာ ထားပါတယ္။ ထိုအခ်က္ကို ျမန္မာႏိုင္ငံ၏ ပဏာမကန႔္ကြက္လႊာ စတုတၳအခ်က္တြင္ တင္ျပမည္ျဖစ္ပါတယ္။ သို႔ရာတြင္ မည္သည့္အဆင့္တြင္မဆို ေလွ်ာက္ထားသူသည္ အျခားတတိယပုဂၢိဳလ္အဖြဲ႕အစည္း၏ ကိုယ္စားလွယ္အျဖစ္ စြဲဆိုျခင္းျဖစ္ေၾကာင္းေပၚေပါက္သည့္အခါ အဆိုပါကိုယ္စားလွယ္ႏွင့္ ေလွ်ာက္ထားခံရသူ အၾကားျဖစ္ပြားသည့္ အျငင္းပြားမႈရွိ/မရွိ ကိစၥမ်ားတြင္ အျပန္အလွန္ျပဳမူေဆာင္႐ြက္ျခင္း၊ သေဘာ႐ိုးျဖင့္ ေဆာင္႐ြက္ျခင္းႏွင့္ အက်ိဳးသက္ေရာက္မႈရွိျခင္းဆိုင္ရာ မူသေဘာမ်ားသည္ အလားတူ ရွိၿမဲရွိေနမည္ျဖစ္ပါတယ္။

ဥကၠ႒ႀကီးႏွင့္ ဂုဏ္သေရရွိတရားသူႀကီးမင္းမ်ား ခင္ဗ်ာ…
၆ဝ။ ပဏာမကန႔္ကြက္လႊာပထမအခ်က္အေပၚ မိမိ၏တင္ျပခ်က္ကို ဤမွ်ျဖင့္ အဆုံးသတ္လိုပါတယ္။ ျမန္မာႏိုင္ငံအေနျဖင့္ ဆက္စပ္အေၾကာင္းျခင္းရာမ်ား ရွင္းရွင္းလင္းလင္းရွိေၾကာင္း ဆိုထားၿပီးျဖစ္ပါတယ္။ ဥပေဒ အရဆိုလွ်င္ အျပည္ျပည္ဆိုင္ရာအဖြဲ႕အစည္းတစ္ခုက တရား႐ုံးသို႔ အမႈစြဲဆိုရန္အလို႔ငွာ ႏိုင္ငံတစ္ႏိုင္ငံကို အမႈ ေလွ်ာက္ထားသူကိုယ္စားလွယ္အျဖစ္ အသုံးျပဳရန္မျဖစ္ႏိုင္ပါ။ အဆိုပါအခ်က္ကို ဂမ္ဘီယာႏိုင္ငံဘက္မွ ႀကီးႀကီး မားမားတုံ႔ျပန္ထားျခင္းမရွိပါ။ ဤအမႈသည္ ေဖာ္ျပပါျပႆနာမ်ိဳးေပၚေပါက္သည့္ပထမဆုံးအမႈျဖစ္ႏိုင္ပါတယ္။ သို႔ရာတြင္ တရား႐ုံး၏ ဆုံးျဖတ္ခ်က္အေပၚ မူတည္ၿပီးက်န္အမႈသည္ ေနာက္ဆုံးကိစၥျဖစ္ေကာင္းမွျဖစ္ပါလိမ့္ မည္။ ဤအမႈက အေရးပါသည့္ စီရင္ထုံးတစ္ခုကို ျဖစ္ေပၚေစမည္ျဖစ္ပါတယ္။

၆၁။ စိတ္ပါဝင္စားစြာ နားေထာင္ေပးသည့္အတြက္ ေက်းဇူးတင္ရွိပါတယ္ ဥကၠ႒ခင္ဗ်ာ။ ဆက္လက္၍ ပဏာမ ကန႔္ကြက္လႊာဒုတိယအခ်က္ကိုတင္ျပေပးဖို႔ ျမန္မာႏိုင္ငံ၏ေရွ႕ေန Professor Talmon ကို ေလွ်က္လဲခြင့္ျပဳပါရန္ ေမတၱာရပ္ခံအပ္ပါတယ္။

မွတ္ခ်က္ ။ ။ ျမန္မာႏိုင္ငံဘက္က ေခ်ပခ်က္မ်ားကို မူရင္းအတိုင္း မျဖတ္မေတာက္ဘဲ ေဖာ္ျပေပးျခင္းျဖစ္ပါသည္။

Picture

Mr. Ko

26/02/2022 00:51

အရမ်းကောင်းပြီး ပြည့်စုံပြတ်သာတဲ့ဖြေရှင်းချက်ပါခင်ဗျာ...ကျွန်တော်တို့နိုင်ငံမှာ အခုလို့နိုင်ငံတကာအရေးကို ကျွမ်းကျင်ပိုင်နိုင်စွာခြေပပေးနိုင်တဲ့ ဦးကိုကိုလှိုင် နှင့် ဒေါက်တာသီတာဦး တို့နှစ်ဦးသည့် ဦးသန့် နောက်ပိုင်း သမိုင်းတွင်မည့် နှစ်ဦးဖြစ်ပါကြောင်းမှတ်တမ်းတင်ဂုဏ်ပြုပါသည်။

Related news

© 2021. All rights reserved.