ICJ ၌ ဂမ်ဘီယာ၏စွပ်စွဲချက်ကို မြန်မာဘက်မှ PROFESSOR MR STEFAN TALMON ၏ ပထမကန့်ကွက်လွှာ ဒုတိယအချက်(အပြည့်အစုံ)

 1544

NP News - ဖေဖော်ဝါရီ ၂၆
Genocide Convention အရလျှောက်ထားသောအမှု
(ဂမ်ဘီယာနိုင်ငံ နှင့် မြန်မာနိုင်ငံ)
၂ဝ၂၂ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၁ ရက်

PROFESSOR MR STEFAN TALMON ၏ ပထမအကြိမ်လျှောက်လဲချက် ကနဦးကန့်ကွက်လွှာ ဒုတိယအချက်

ဥက္ကဋ္ဌကြီးနှင့် ဂုဏ်သရေရှိတရားသူကြီးမင်းများ ခင်ဗျာ…
၁။ ကျွန်တော့်အနေဖြင့် တရားရုံးတော်ရှေ့မှောက်၌ လျှောက်လဲခွင့်ရတဲ့အတွက် ဂုဏ်ယူဝမ်းမြောက်မိပါတယ်။

၂။ ကျွန်တော့်အနေဖြင့် မြန်မာနိုင်ငံ၏ ကနဦးကန့်ကွက်လွှာ ဒုတိယအချက်ကို တင်သွင်းမှာဖြစ်ပါတယ်။

၃။ ယခုအမှုအား Genocide Convention ‌အရ တရားရုံးကိုရောက်လာတဲ့ အခြားအမှုတွေနဲ့ ဤအမှုမတူညီ ကြောင်းကို ဦးစွာပဏာမပြောချင်ပါတယ်။ ဂမ်ဘီယာသည် ၎င်း၏နိုင်ငံပြင်ပ၌ရှိသော နိုင်ငံသားမဟုတ်သည့် သူ များနဲ့စပ်လျဉ်းပြီး လူမျိုးသုဉ်းမှုကိုကျူးလွန်လျက်ရှိကြောင်းဖြင့် စွပ်စွဲလျက်ရှိနေပါတယ်။ ဂမ်ဘီယာနှင့် အမှု ဖြစ်ပွားရသည့်အကြောင်းအရာမှာမည်သို့မျှ သက်ဆိုင်ခြင်းမရှိပါ။

၄။ ဤအမှုတွင် ၎င်းအချက်များအပေါ်မူတည်၍ ဂမ်ဘီယာနိုင်ငံ၏တရားစွဲဆိုရခြင်းအကြောင်း အပေါ်မေးခွန်း ထုတ်စရာဖြစ်နေပါတယ်။

အပြည်ပြည်ဆိုင်ရာဥပဒေကြောင်းအရ တရားစွဲဆိုနိုင်ရန်အတွက် လိုအပ်ချက်များ ။ ။
၅။ အပြည်ပြည်ဆိုင်ရာဓလေ့ထုံးတမ်းဥပဒေအရ တောင်းဆိုမှုများကိုပြုလုပ်ရန် အခြေခံကျသည့် စည်းကမ်းချက် တစ်ခုမှာ တောင်းဆိုသည့်နိုင်ငံတွင် တောင်းဆိုမှုပြုလုပ်နိုင်သည့် ရပ်တည်မှုအခြေအနေရှိရမယ်ဆိုတဲ့အချက် ဖြစ်ပါတယ်။ မိမိဘက်ကရပ်တည်မှုအနေအထားတစ်ရပ်ရှိမှ တရားရုံးရှေ့မှောက်၌တောင်းဆိုနိုင်သည့် အခွင့် အရေးရနိုင်မှာဖြစ်ပါတယ်။ တောင်းဆိုနိုင်သောအကြောင်းအရာများတွင် ထိုသို့သောတစ်နိုင်ငံချင်းစီ၏ ထိခိုက် နစ်နာမှု (သို့မဟုတ်) တစ်နိုင်ငံချင်းစီ၏ တရားဝင်အကျိုးစီးပွားကိုပြသရန် လိုအပ်မှာဖြစ်ပါတယ်။ ယင်းကဲ့သို့ တစ်နိုင်ငံချင်းစီ၏အကျိုးစီးပွားသည် မည်သည့်နိုင်ငံကမဆိုတောင်းဆိုနိုင်သည့် အထွေထွေအကျိုးစီးပွားနှင့် ကွဲပြားနေမှာဖြစ်ပါတယ်။

၆။ တရားရုံးရှေ့မှောက်တွင် အပြည်ပြည်ဆိုင်ရာတာဝန်ရှိမှုများအတွက် ချိုးဖောက်မှုတစ်ခုခုအပေါ် အများ ကိုယ်စားတရားစွဲဆို ဆောင်ရွက်ပေးခြင်းဆိုတဲ့သဘောတရားကို အပြည်ပြည်ဆိုင်ရာဥပဒေက လက်ခံထားခြင်း မရှိပါဘူး။ ယင်းအချက်ကို ဂမ်ဘီယာနိုင်ငံက လက်ခံထားပါတယ်။

၇။ အပြည်ပြည်ဆိုင်ရာတာဝန်ရှိမှုများအတွက် ချိုးဖောက်မှုတစ်ခုခုကြောင့် နစ်နာမှုကိုခံစားရတဲ့နိုင်ငံက အပြည် ပြည်ဆိုင်ရာတရားရုံးသို့တောင်းဆိုမှုပြုလုပ်နိုင်သည်ဆိုခြင်းကို မေးခွန်းထုတ်နေစရာမလိုပါဘူး။ သို့သော် ဂမ်ဘီယာနိုင်ငံသည် နစ်နာသည့် နိုင်ငံမဟုတ်သဖြင့် တောင်းဆိုပိုင်ခွင့်မရှိပါ။

၈။ နစ်နာသည့်နိုင်ငံမဟုတ်သည့်ဂမ်ဘီယာနိုင်ငံအနေဖြင့် တရားရုံးကိုတင်ပြတိုင်တန်းနိုင်ဖို့ဆိုရင် တောင်းဆိုမှု၏ အဓိကအကြောင်းခြင်းရာဖြစ်သောနိုင်ငံ၏ဥပဒေကြောင်းအရ အကျိုးစီးပွားရှိသည်ဟု ထုတ်ဖော်ပြသရန် လိုအပ် ပါတယ်။ အဆိုပါအကြောင်းကို ဂမ်ဘီယာနိုင်ငံမှ တင်ပြနိုင်ခြင်းမရှိပါ။

၉။ မိမိတောင်းဆိုသည့်အကြောင်းကိစ္စရပ်ဆိုသည်မှာ တရားရုံးသို့တင်သွင်းမှုအပေါ်ကနေ အဆုံးအဖြတ်ခံယူရ တာဖြစ်ပါတယ်။ အနှစ်သာရအားဖြင့် မြန်မာနိုင်ငံတွင် ရခိုင်ပြည်နယ်၊ မြောက်ပိုင်းရှိ ထိခိုက်ခံစားခဲ့ရသောသူများ အပေါ် လူမျိုးပြုန်းတီးစေသောအမှုအား ကျူးလွန်သည်ဟုစွပ်စွဲချက်အပေါ် မြန်မာနိုင်ငံက Genocide Convention ကို ချိုးဖောက်သဖြင့် တာဝန်ရှိကြောင်း တရားရုံးကကြေငြာပေးရန် ဂမ်ဘီယာကတောင်းဆိုခြင်း ဖြစ်ပါတယ်။

၁ဝ။ နစ်နာမှုမရှိသည့်နိုင်ငံတစ်နိုင်ငံသည် Genocide Convention ပါပြဋ္ဌာန်းချက်များနှင့် အကျုံးဝင်သက်ဆိုင် နေသောအခြေအနေရှိမှသာလျှင် တရားရုံးရှေ့မှောက် တင်ပြနိုင်မှာဖြစ်ရာ ၎င်းကိုအောက် ဖော်ပြပါအတိုင်း ကောက်ချက်ချနိုင်ပါတယ်။
ပထမအချက်အနေဖြင့် အခြားနိုင်ငံတစ်နိုင်ငံ၏တာဝန်ချိုးဖောက်မှုသည် မိမိနိုင်ငံသားများအပေါ် တိုက်ရိုက် သော်လည်းကောင်း သွယ်ဝိုက်၍သော်လည်းကောင်း အဓိကအကျိုးစီးပွားအပေါ် ထိခိုက်မှုမရှိလျှင်တောင်မှ ကွန်ဗင်းရှင်းအဖွဲ့ဝင်နိုင်ငံများ၏တာဝန်ဝတ္တရားများအရ လိုက်နာဆောင်ရွက်ရာတွင် နိုင်ငံတစ်နိုင်ငံအနေနဲ့ ဥပဒေဆိုင်ရာအကျိုးစီးပွားတစ်ရပ် သီးခြားရှိနေဖို့လိုပါတယ်။

ဒုတိယအချက်အနေဖြင့်ဆိုခဲ့သည့် ဥပဒေဆိုင်ရာအကျိုးစီးပွားတွင် ကွန်ဗင်းရှင်း၏အပိုဒ်(၈)အရ ကုလသမဂ္ဂ၏ အဓိကအဖွဲ့အစည်းများတွင်ဖြေရှင်းနိုင်သည်သာမက တရားရုံးရှေ့မှောက်တွင် ဥပဒေကြောင်းအရ တရားစွဲဆိုမှု ကိုလည်း ပြုလုပ်နိုင်ခြင်းဖြစ်ပါတယ်။

၁၁။ လူသားချင်းထောက်ထားစာနာမှုဆိုင်ရာယူဆချက်တွေဟာ ဥပဒေဆိုင်ရာအခွင့်အရေးနှင့်တာဝန်တွေကို လုပ်ယူဖန်တီးဖို့လုံလောက်တဲ့အကြောင်းတရားတွေ မဟုတ်ပါဘူး။ တရားရုံးက ဖော်ပြခဲ့သလိုပါဘဲ “အမှား၊ အမှန် ခွဲခြားနိုင်သောမူသဘောကို ထည့်သွင်းစဉ်းစားပေးနိုင်သည်မှာ တရားရုံး၏ဥပဒေဖြစ်ပြီး ဥပဒေက ဖော်ပြ ပေးထားသလောက်သာ ထည့်သွင်းစဉ်းစားပေးနိုင်တာဖြစ်ပါတယ်”

၁၂။ ဒါကြောင့် တရားရုံးကဆုံးဖြတ်ရမည့်ပြဿနာမှာ Genocide Convention ကို လိုက်နာရာမှာ နိုင်ငံရေး ဆိုင်ရာနဲ့ လူသားချင်းစာနာမှုဆိုင်ရာအကျိုးစီးပွားမျှသာမဟုတ်ဘဲ ဥပဒေဆိုင်ရာအခွင့်အရေး (သို့မဟုတ်) အကျိုးစီးပွားတစ်ရပ်ရပ်ကို ဂမ်ဘီယာနိုင်ငံသို့အပ်နှင်းပါသလား။ မြန်မာနိုင်ငံက ရခိုင်ပြည်နယ်မြောက်ပိုင်းရှိ ထိခိုက်ခံရသူတို့အပေါ် လူမျိုးသုဉ်းသတ်ဖြတ်မှုကျူးလွန်ကြောင်းစွပ်စွဲခြင်းဖြင့် Genocide Convention ကို ချိုးဖောက်ကြောင်းစွပ်စွဲချက်အပေါ် မြန်မာနိုင်ငံက တာဝန်ရှိသည်ဟု တရားရုံးက သတ်မှတ်ကြေညာရန် ဂမ်ဘီယာနိုင်ငံက တောင်းဆိုခွင့်ရှိပါသလားဟုဆိုသော အချက်ဖြစ်ပါတယ်။

၁၃။ ဂမ်ဘီယာနိုင်ငံက အဆိုပါဥပဒေဆိုင်ရာအခွင့်အရေးမရှိခဲ့လျှင် ၎င်းအနေဖြင့် အမျိုးမျိုးသောစွပ်စွဲချက်များရှိ ခဲ့လျှင်တောင်မှ တောင်းဆိုချက်အတိုင်းကြေညာပေးရန် ဆောင်ရွက်နိုင်သည့်အခြေအနေမရှိပါ။

ဂမ်ဘီယာနိုင်ငံတွင် ဥပဒေဆိုင်ရာအခွင့်အရေးမရှိခြင်း ။ ။
ဥက္ကဋ္ဌကြီးနှင့် ဂုဏ်သရေရှိတရားသူကြီးမင်းများ ခင်ဗျာ…
၁၄။ Genocide Convention တွင် အဖွဲ့ဝင်နိုင်ငံများအား မိမိနိုင်ငံပြင်ပရှိ မိမိနိုင်ငံသား မဟုတ်သောသူများ အပေါ် လူမျိုးသုဉ်းသတ်ဖြတ်ခြင်းကို ကျူးလွန်လျက်ရှိကြောင်းစွပ်စွဲချက်နှင့်စပ်လျဉ်း၍ အဖွဲ့ဝင်နိုင်ငံများ၏ တစ်နိုင်ငံချင်းစီတွင် ဥပဒေဆိုင်ရာအခွင့်အရေးဖြစ်စေ၊ အကျိုးခံစားခွင့်ဖြစ်စေ ပေးအပ်ထားခြင်းမရှိကြောင်းကို မြန်မာနိုင်ငံက တင်ပြထားပါတယ်။ ကွန်ဗင်းရှင်းတွင် တရားရုံးအနေဖြင့် စာချုပ်ဝင်နိုင်ငံများအား ကြီးကြပ် ဆောင်ရွက်နိုင်သော အထွေထွေတရားစီရင်ရေးဆိုင်ရာအခွင့်အာဏာကဲ့သို့ပြုနိုင်ကြောင်း ဖော်ပြချက်မျိုးမရှိ ကြောင်း တွေ့ရှိရပါတယ်။

နိုင်ငံအများနှင့် နိုင်ငံတစ်နိုင်ငံချင်းစီဆိုင်ရာ ဥပဒေအကျိုးခံစားခွင့် ကွဲပြားခြားနားချက် ။ ။
၁၅။ အခြေအနေအရပ်ရပ်အားလုံးတွင် Genocide Convention အရ ကွန်ဗင်းရှင်းအဖွဲ့ဝင်နိုင်ငံများ၏ တာဝန်ဝတ္တရားများ၌ တစ်နိုင်ငံချင်းစီက စောင့်ထိန်းရန် တာဝန်ရှိခြင်းကြောင့် စာချုပ်အဖွဲ့ဝင်တစ်နိုင်ငံစီတွင် တစ်နိုင်ငံချင်းစီအလိုက် ဥပဒေကြောင်းအရ အကျိုးခံစားခွင့်ရှိခြင်းနှင့်စပ်လျဉ်း၍ တရားရုံးကမည်သည့်အခါကမျှ ဖော်ပြခြင်းမရှိခဲ့ကြောင်းကို အလျဉ်းသင့်၍ မိမိ၏တွေ့ရှိချက်ကိုတင်ပြလိုပါတယ်။ Genocide Convention တွင် ချွင်းချက်ထားခြင်းနှင့်စပ်လျဉ်း၍ တရားရုံး၏အကြံပြုချက်တွင် အောက်ပါအတိုင်းဖော်ပြထားခဲ့ပါတယ်။

“ဤသို့သောကွန်ဗင်းရှင်းတွင် စာချုပ်ဝင်နိုင်ငံများသည် ၎င်းကိုယ်ပိုင်အကျိုးစီးပွားခံစားခွင့်မရှိဘဲ ၎င်းတို့တွင် ကွန်ဗင်းရှင်း၏အဓိကရည်ရွယ်ချက်ပြီးမြောက်အောင်ဆောင်ရွက်ခြင်းအတွက် အဖွဲ့ဝင်နိုင်ငံများအားလုံးနှင့် သက်ဆိုင်သည့်အကျိုးစီးပွား (Common Interest) တစ်ခုတည်းသာရှိပါသည်”

၁၆။ ယခုအမှုနှင့်စပ်လျဉ်း၍ တရားရုံး၏ကြားဖြတ်စီမံဆောင်ရွက်ချက်အမိန့်တွင် တရားရုံးက အောက်ဖော်ပြပါ အတိုင်း ဆုံးဖြတ်ထားပါတယ်။
“Genocide Convention ၏ အဖွဲ့ဝင်နိုင်ငံများအားလုံးသည် လူမျိုးသုဉ်းသတ်ဖြတ်မှုကိုကာကွယ်ရန် အဖွဲ့ဝင် နိုင်ငံများအားလုံးနှင့်သက်ဆိုင်သောအကျိုးစီးပွား (Common Interest) ရှိရန်လိုအပ်ပြီး ဖြစ်ပွားခဲ့ပါကလည်း ပြုလုပ်သူများကို ပြစ်ဒဏ်မှလွတ်ငြိမ်းခွင့် မပေးသင့်ပါ”

၁၇။ ကွန်းဗင်းရှင်း၏အဓိကရည်ရွယ်ချက်များကို ပြီးပြည့်စုံအောင်ဆောင်ရွက်ရာတွင် အဖွဲ့ဝင်နိုင်ငံများ အားလုံး နှင့်သက်ဆိုင်သောအကျိုးစီးပွား (Common Interest) သည် တရားရုံးရှေ့မှောက်တွင် အတည်ပြုရန်အတွက် နိုင်ငံတစ်နိုင်ငံ၏ဥပဒေဆိုင်ရာ အကျိုးခံစားခွင့်နှင့် တူညီမှုမရှိပါဘူး။ ၁၉၅၁ ခုနှစ်က တရားရုံး၏အကြံပြုချက်တွင် Genocide Convention ကို ချွင်းချက်ထားခြင်းအပေါ်ကန့်ကွက်ရာတွင် တရားရုံးကလက်မှတ်ရေးထိုး အဖွဲ့ဝင် နိုင်ငံများအားလုံးနှင့်သက်ဆိုင်သောအကျိုးစီးပွား (Common Interest) နှင့် လက်မှတ်ရေးထိုးထားသည့်နိုင်ငံ တစ်နိုင်ငံချင်းစီ၏ဥပဒေဆိုင်ရာအကျိုးခံစားခွင့်တို့အကြား ခွဲခြမ်းစိတ်ဖြာ၍ ဖော်ပြထားပြီးဖြစ်ပါတယ်။

၁၈။ Genocide Convention ၏ အပိုဒ် ၆ နှင့် အပိုဒ် ၇ တွင် အဖွဲ့ဝင်နိုင်ငံများအားလုံးနှင့်သက်ဆိုင်သော အကျိုးစီးပွား (Common Interest) ၏စကားရပ်အား အကန့်အသတ်ဖြင့်ဖော်ပြထားပါတယ်။ အဆိုပါဖော်ပြ ချက်များသည် စာချုပ်ဝင်နိုင်ငံများအား မိမိတို့နယ်မြေ၏ပြင်ပတွင်ဖြစ်ပွားသော လူမျိုးသုဉ်းသတ်ဖြတ်မှုကျူးလွန် သည်ဟု စွပ်စွဲခံရသူများကို အရေးယူဆောင်ရွက်နိုင်ရန် အခွင့်အာဏာပေးအပ်ထားခြင်းမရှိသည့်အပြင် ထိုသို့ သောကျူးလွန်မှုများအတွက် တရားခံလွှဲပြောင်းပေးရန် တောင်းဆိုပိုင်ခွင့်လည်း မပေးထားပါ။

၁၉။ အပြည်ပြည်ဆိုင်ရာတရားရုံး ICJ က ဆုံးဖြတ်ခဲ့သည့် Bosnian Genocide အမှုမှာ တရားရုံးမှ လျှောက်ထား သူ၏နယ်နိမိတ်ပြင်ပရှိ ၎င်း၏နိုင်ငံသားမဟုတ်သူများအပေါ် လူမျိုးတုံးသတ်ဖြတ်မှုကျူးလွန်တယ်လို့ စွပ်စွဲ တောင်းဆိုမှုနှင့်စပ်လျဉ်းပြီး လျှောက်ထားသူရဲ့ဥပဒေကြောင်းအရ အကျိုးခံစားခွင့်တွင်လည်းကောင်း အမှုစွဲဆို ဆောင်ရွက်ပိုင်ခွင့်အပေါ်တွင်လည်းကောင်း မေးခွန်းထုတ်စရာဖြစ်ပေါ်စေနိုင်တယ်” လို့ အတိအလင်းဖော်ပြခဲ့ပါ တယ်။ ၎င်းအချက်သည် ဥပဒေကြောင်းအရ အကျိုးခံစားခွင့်ကိုဖြစ်စေ အမှုစွဲဆိုဆောင်ရွက်ပိုင်ခွင့်ကိုဖြစ်စေ အဖွဲ့ဝင်နိုင်ငံများအားလုံးနှင့်သက်ဆိုင်သောအကျိုးစီးပွား (Common Interest) အရ ဖြေရှင်းဆောင်ရွက်နိုင် မည်မဟုတ်ကြောင်း ဖော်ပြနေပါတယ်။

၂ဝ။ အဖွဲ့ဝင်နိုင်ငံများအားလုံးနှင့်သက်ဆိုင်သောအကျိုးစီးပွား (Common Interest) ကို အသုံးပြုနိုင်ကြောင်း ဤအမှုနှင့်စပ်လျဉ်း၍ တရားရုံးကချမှတ်ခဲ့သောအမိန့်တွင် “မည်သည့်နိုင်ငံကမဆို အငြင်းပွားမှုဖြေရှင်းရမည့် တာဝန်သည် အခြားကွန်ဗင်းရှင်းအဖွဲ့ဝင်နိုင်ငံများအတွက်ပါ တာဝန်ရှိပါသည်” ဟု ဖော်ပြထားသော်လည်း အဆိုပါပြောဆိုချက်တွင် အဖွဲ့ဝင်နိုင်ငံတစ်နိုင်ငံစီနှင့် အဖွဲ့ဝင်နိုင်ငံတိုင်းတွင် နိုင်ငံတစ်နိုင်ငံ၏ဥပဒေဆိုင်ရာ အကျိုးခံစားခွင့်ဖြင့် တရားစွဲဆိုနိုင်ခြင်း ရှိ/ မရှိကို ပြောဆိုထားခြင်းမရှိပါ။

၂၁။ ဥပမာ Genocide Convention ၏ အပိုဒ် ၅ အရ အဖွဲ့ဝင်နိုင်ငံများသည် ကွန်ဗင်းရှင်းပါပြဋ္ဌာန်းချက်များကို အကောင်အထည်ဖော်ရန်အတွက် လိုအပ်သည့်ဥပဒေပြဋ္ဌာန်းရန်တာဝန်ရှိပြီး အဓိကအားဖြင့် လူမျိုးသုဉ်း သတ်ဖြတ်မှုကို ကျူးလွန်သူများအား ထိရောက်သည့်ပြစ်ဒဏ်ပေးရန်လည်း တာဝန်ရှိပါတယ်။

ဥက္ကဋ္ဌကြီးနှင့် ဂုဏ်သရေရှိတရားသူကြီးမင်းများ ခင်ဗျာ…
၂၂။ ဥပမာအားဖြင့် Liechtenstein နိုင်ငံက Tonga နိုင်ငံတွင် လူမျိုးသုဉ်းသတ်ဖြတ်မှုအတွက် သတ်မှတ်ထား သောပြစ်ဒဏ်များသည် ထိရောက်မှုမရှိဟုယူဆသောကြောင့် Tonga နိုင်ငံက Genocide Convention ကို ချိုးဖောက်ကြောင်းစွပ်စွဲချက်ဖြင့် ဤတရားရုံးရှေ့မှောက်တွင် Tonga နိုင်ငံကို နိုင်ငံတစ်နိုင်ငံ၏ဥပဒေဆိုင်ရာ အကျိုးခံစားခွင့်အရ တရားစွဲဆိုခွင့်ရှိသလားဆိုလျှင် အဖြေက တရားစွဲဆိုခွင့်မရှိပါဟုသာ ပြောနိုင်ပါတယ်။

၂၃။ Genocide Convention အရ စာချုပ်ဝင်နိုင်ငံတစ်နိုင်ငံချင်းစီတွင် တရားစွဲဆိုအရေးယူဆောင်ရွက်နိုင်သော ဥပဒေဆိုင်ရာအကျိုးခံစားခွင့်ရှိလျှင် မည်သည့်အချိန်တွင်မဆို Genocide Convention ၏ အပိုဒ် ၉ အရ တရားရုံး၏စီရင်ပိုင်ခွင့်ကို ခြွင်းချက်မထားသည့်စာချုပ်ဝင် ၁၃၆ နိုင်ငံ အသီးသီးက ကျန် ၁၃၅ နိုင်ငံထဲမှ မည်သည့်နိုင်ငံတစ်နိုင်ငံကိုမဆို ကွန်ဗင်းရှင်းအရ ၎င်းတို့၏တာဝန်များကိုချိုးဖောက်ကြောင်းစွပ်စွဲချက်ဖြင့် တရားစွဲဆိုနိုင်မှာဖြစ်ပါတယ်။ မြန်မာနိုင်ငံမှ စာဖြင့်ရေးသားထားသည့်လျှောက်လဲချက်တွင် တင်ပြထားခဲ့သလို ပင် မီးသေဆုံးဖြတ်ချက်က အကျိုးသက်ရောက်မှုမရှိသောကြောင့် ထိုသို့သောအမှုတွင် အခြားသော ၁၃၄ နိုင်ငံ က တရားရုံး၏ စီရင်ထုံးကိုလိုက်နာနိုင်မည်မဟုတ်ပါ။ ထို့အတွက်ကြောင့် အဆိုပါစာချုပ်ဝင်နိုင်ငံများသည် နိုင်ငံတစ်ခုတည်းအပေါ်တောင်းဆိုမှုတစ်ခုတည်းဖြင့် ထပ်ခါထပ်ခါတရားစွဲဆိုနိုင်ခွင့်ရရှိသွားတော့မှာ ဖြစ်ပါ တယ်။

၂၄။ Genocide Convention အာဏာသက်ဝင်ပြီးနောက် ၇၁ နှစ်တာကာလအတွင်း ကမ္ဘာတစ်ဝှမ်းတွင် ထိုသို့ သော လူမျိုးတုန်းသတ်ဖြတ်မှုကျူးလွန်သည်ဟုစွပ်စွဲချက်အများအပြားရှိခဲ့သော်လည်း မည်သည့်နိုင်ငံကမျှ မိမိနိုင်ငံ၏အကျိုးစီးပွား (သို့မဟုတ်) မိမိနိုင်ငံသားများ၏ အကျိုးစီးပွားကိုထိခိုက်မှုမရှိစေဘဲ ကွန်ဗင်းရှင်းကို ချိုးဖောက်ကြောင်းစွပ်စွဲ၍ တရားရုံး၌ တရားစွဲဆိုခဲ့ခြင်းမရှိခဲ့ပါ။ ဤအချက်ကို ခိုင်လုံသောအချက်ဟု မပြောနိုင် သော်လည်း စာချုပ်ဝင်နိုင်ငံများသည် ယေဘုယျအားဖြင့် စာချုပ်ဝင်နိုင်ငံတစ်နိုင်ငံက ကွန်ဗင်းရှင်းကိုချိုးဖောက် ခြင်းနှင့်စပ်လျဉ်း၍ အခြားစာချုပ်ဝင်နိုင်ငံတွင်တာဝန်ရှိကြောင်း တရားရုံးက ကြေညာနိုင်ရန်အတွက် မည်သည့် နိုင်ငံကမျှ တရားရုံးသို့တောင်းဆိုနိုင်ခွင့်ရှိသည်ဟု မယူဆကြသည်ကို ဤအချက်က ညွှန်ပြနေပါတယ်။


နိုင်ငံတစ်နိုင်ငံ၏ဥပဒေဆိုင်ရာအကျိုးခံစားခွင့်သည် အပိုဒ် ၉ စီရင်ပိုင်ခွင့်ဆိုင်ရာအချက်မှပေါ်ပေါက်လာခြင်း မဟုတ်ကြောင်း ။ ။
၂၅။ အထူး (သို့မဟုတ်) တိုက်ရိုက် ထိခိုက်သည့်အချက်မရှိသော်ငြား Genocide Convention အပိုဒ် ၉ သည် လက်ရှိအမှုတွင် တရားရုံးက အမှုကိုစစ်ဆေးကြားနာနိုင်ရန်အတွက် လက်ခံနိုင်ကြောင်း ဂမ်ဘီယာက လျှောက်လဲထားပါတယ်။ သို့ရာတွင် အပိုဒ် ၉ သည်စီရင်ပိုင်ခွင့်နှင့်သာသက်ဆိုင်ပြီး အမှုလက်ခံမှုနှင့် ၎င်း၏ ရပ်တည်ချက်ပြဿနာနှင့်မသက်ဆိုင်ပါ။ ၎င်း၏ရပ်တည်မှုအတွက် နိုင်ငံတစ်နိုင်ငံ၏ဥပဒေဆိုင်ရာ အကျိုးခံစား ခွင့်ရှိရန်လိုအပ်ပြီး သို့မှသာ တရားရုံးသို့ လျှောက်ထားတောင်းဆိုနိုင်ပါမယ်ဟု မြန်မာနိုင်ငံက လျှောက်လဲထားပါ တယ်။

၂၆။ အပိုဒ် ၉ စီရင်ပိုင်ခွင့်အချက်မှမည်သည့် နိုင်ငံတစ်နိုင်ငံ၏ဥပဒေဆိုင်ရာအကျိုးခံစားခွင့်မျှ ပေါ်ပေါက်လာ ခြင်းမရှိပါ။ တရားရုံးက မှတ်ချက်ပြုထားသည့်အတိုင်း စီရင်ပိုင်ခွင့်ဆိုင်ရာအပိုဒ်များသည် ၎င်းတို့၏ သဘော သဘာဝနှင့် အကျိုးသက်ရောက်မှု၏ လုပ်ထုံးလုပ်နည်းမျှသာဖြစ်ပြီး အရင်းခံဥပဒေမဟုတ်ပါ။ စီရင်ပိုင်ခွင့်ဆိုင်ရာ အပိုဒ်တစ်ပိုဒ်တွင်ပါဝင်သည့် အရည်အသွေးသည် နိုင်ငံတစ်နိုင်ငံက ရပ်တည်ချက် ရှိ/မရှိ မေးခွန်းကို ဖြေရှင်း နိုင်ခြင်းမရှိပါ။ တရားရုံးကိုယ်တိုင်က ထောက်ပြထားသည့်အတိုင်း တရားရုံး၏ ပြဋ္ဌာန်းဥပဒေအပိုဒ် ၃၆ စာပိုဒ် ၂ အရ ကြေညာချက်အပိုဒ်ရှိ ကျယ်ပြန့်သောဘာသာစကား၌အကျုံးဝင်သည့် အငြင်းပွားမှုများအားလုံးကို နိုင်ငံ တစ်နိုင်ငံ၏ဥပဒေဆိုင်ရာအကျိုးခံစားခွင့်အတွက်တောင်းဆိုမှုများမှ ကင်းလွတ်ခွင့်ပြုရန်နိုင်ငံများက ပြုလုပ် နိုင်ပါတယ်။

၂၇။ နိုင်ငံတစ်နိုင်ငံ၏ဥပဒေဆိုင်ရာအကျိုးခံစားခွင့်ရှိကြောင်း ရပ်တည်ချက်ရှိကြောင်းသက်သေပြရန် မလုပ် ဆောင်ခဲ့ပါဘဲ အပိုဒ် ၉ အရ တရားရုံးတွင် စီရင်ပိုင်ခွင့်ရှိကြောင်း ၎င်း၏စာဖြင့်ရေးသားလျှောက်လဲချက်တွင် ဂမ်ဘီယာက ရှည်လျားစွာဖော်ပြရန် အားထုတ်ခဲ့ပါတယ်။
Genocide Convention အရမည်သည့် စာချုပ်ဝင်နိုင်ငံတစ်နိုင်ငံက စာချုပ်ဝင်အခြားနိုင်ငံများအပေါ် တာဝန်ရှိမှုမှ ဥပဒေဆိုင်ရာ အကျိုးခံစားခွင့်ပေါ်ပေါက်လာခြင်းမရှိ။

၂၈။ Genocide Convention အရ စာချုပ်ဝင်နိုင်ငံတစ်နိုင်ငံက စာချုပ်ဝင်အခြားနိုင်ငံများ အကျိုးအတွက် တာဝန်ရှိသောကြောင့် ၎င်း၏အထူးအကျိုးစီးပွားရှိမှု/မရှိမှုကို သက်သေပြရန်မလိုဘဲ လျော်ကြေးရရှိရန် စာချုပ်ဝင်နိုင်ငံတစ်နိုင်ငံက စာချုပ်ဝင်အခြား မည်သည့်နိုင်ငံများအပေါ် တရားစွဲဆိုခွင့်ရှိကြောင်း ဂမ်ဘီယာက လျှောက်လဲထားပါတယ်။

၂၉။ သို့ရာတွင် စာချုပ်တစ်ခုအရ စာချုပ်ဝင်အခြားနိုင်ငံများအကျိုးအတွက်တာဝန်ရှိမှုသည် စာချုပ်ဝင်နိုင်ငံ အားလုံးကို တရားရုံးရှေ့၌ဖြေရှင်းရန် အလိုအလျောက်ခွင့်ပြုထားခြင်း မရှိပါ။ တာဝန်တစ်ရပ်၏ခိုင်မာသော သွင်ပြင်လက္ခဏာသည် စီရင်ပိုင်ခွင့်နှင့် အမှုလက်ခံမှုဆိုင်ရာ လုပ်ထုံးလုပ်နည်းလိုအပ်ချက်များမှာ ကွဲပြားခြားနား ပါတယ်။

၃ဝ။ တရားရုံးကအောက်ပါအတိုင်း ဖော်ပြထားပါတယ် ။ ။
“စာချုပ်ဝင်အခြားနိုင်ငံများအကျိုးအတွက်တာဝန်ရှိမှု သွင်ပြင်လက္ခဏာ၏ စံနှင့် စီရင်ပိုင်ခွင့်ဆိုင်ရာလုပ်ထုံး လုပ်နည်းများသည် မတူညီသောအရာနှစ်ခုဖြစ်ပါသည်။ စာချုပ်ဝင် အခြားနိုင်ငံများအကျိုးအတွက် တာဝန်ရှိမှု အခွင့်အရေးနှင့် တာဝန်ဝတ္တရားများသည်ဖြေရှင်းရန် တရားရုံးစီရင်ပိုင်ခွင့်မပေးထားသော အငြင်းပွားမှုတစ်ခုမှ ငြင်းချက်မျှသာဖြစ်နိုင်ပါသည်။

၃၁။ စာချုပ်ဝင်အခြားနိုင်ငံများအကျိုးအတွက် တာဝန်ရှိမှုတစ်ခု၏သွင်ပြင်လက္ခဏာသည် အမှုကိုလက်ခံရန် တောင်းဆိုမှုအတွက် အခြေခံအချက်မဖြစ်နိုင်ပါ။ Belgium v. Senegal အမှုတွင် တရားသူကြီး Xue က “အများသူငါအကျိုးစီးပွားအတွက်တရားရုံးတွင် အမှုစွဲဆိုရန် နိုင်ငံတိုင်းနှင့် တစ်နိုင်ငံချင်းစီ၌ ယေဘုယျအားဖြင့် အခွင့်အရေးမရှိပါ” ဟု ညွှန်ပြထားပါတယ်။

၃၂။ လက်ရှိတရားစွဲဆိုဆောင်ရွက်မှုများအနက် Barcelona Traction case တွင် စာချုပ်ဝင် အခြားနိုင်ငံများ အကျိုးအတွက် တာဝန်ရှိမှုသည် လူသားတို့၏အခြေခံအခွင့်အရေးနှင့်သက်ဆိုင်သည့် နည်းဥပဒေများနှင့် စည်းမျဉ်းများ၊ လူမျိုးတုန်းသတ်ဖြတ်ခြင်းလုပ်ဆောင်မှု၌ ဥပဒေကိုမျက်ကွယ်ပြုခြင်းများမှ ဆင်းသက်လာကြောင်း တရားရုံးကဆုံးဖြတ်ထားပါတယ်။ သို့ရာတွင် တာဝန်ရှိမှုများ၏ထူးခြားချက်မှာ အမှုကိုလက်ခံရန် တောင်းဆိုခြင်း ဆိုင်ရာမေးခွန်းကို ဖြေရှင်းမှုမပြုနိုင်ခြင်းပင်ဖြစ်ပါတယ်။ တရားရုံးက သုံးသပ်သည်မှာ လူ့အခွင့်အရေးပါဝင်သော စာချုပ်များပင်လျှင် ၎င်းတို့၏နိုင်ငံသားနှင့်မသက်ဆိုင်လျှင် နစ်နာသူအပေါ်ချိုးဖောက်သောကိစ္စများကို ကာကွယ်ရန် စာချုပ်ဝင်နိုင်ငံများသို့လုပ်ပိုင်ခွင့်အပ်နှင်းထားခြင်း မရှိပေ။ ဤဆက်သွယ်မှုတွင် Judge Shahabuddeen ၏ ‘ဂျီနိုဆိုက်ကွန်ဗင်းရှင်းသည် ကုလသမဂ္ဂက ချမှတ်ထားသည့် ပထမဆုံးသော လူ့အခွင့် အရေးစာချုပ်ဟုဖော်ပြရန် ယုတ္တိမရှိကြောင်း’ အကဲဖြတ်မှုကို ပြန်လည်အမှတ်ရစေလိုပါတယ်။

၃၃။ တရားသူကြီး Ammoun က Barcelona Traction အမှုမှာ “အများသူငှာအကျိုးကာကွယ်ဖို့အတွက် ဆောင်ရွက်တဲ့နိုင်ငံတစ်နိုင်ငံဟာ ဥပဒေအရ အကာအကွယ်ပြုထားတဲ့ တရားဝင်အကျိုးစီးပွားစပ်ဆိုင်မှုရှိ ကြောင်း သက်သေပြရမယ်” လို့ဖော်ပြခဲ့ပါတယ်။

၃၄။ Bosnian Genocide အမှုမှာ “နယ်နိမိတ်တွင် နိုင်ငံသားမဟုတ်သူများအား ကျူးလွန်တယ်လို့ စွပ်စွဲခံထားရ တဲ့လူမျိုးသုဉ်းသတ်ဖြတ်မှုနှင့်စပ်လျဉ်းသည့်လျှောက်ထားသူရဲ့တောင်းဆိုချက်” ကို တရားရုံးကအလေးပေး ဖော်ပြခဲ့ပါတယ်။ တရားရုံးက “ ဒီတောင်းဆိုချက်ဟာ ဘောစနီးယားနိုင်ငံသား မဟုတ်သူများနှင့်ဆက်စပ်နေသမျှ အဆိုပါကိစ္စနှင့်စပ်လျဉ်း၍ လျှောက်ထားသူရဲ့ဥပဒေဆိုင်ရာအကျိုးစီးပွား (သို့မဟုတ်) အမှုစွဲဆို ဆောင်ရွက်ပိုင် ခွင့်အပေါ်တွင်လည်းကောင်း၊ နိုင်ငံတကာဥပဒေစံနှုန်းကို ပစ်ပယ်၍ မရဆိုသော မူသဘောတရားနှင့် နိုင်ငံတကာ လူ့အသိုင်းအဝိုင်းအပေါ်တာဝန်ခံမှုသဘောတရားများအပေါ်တွင်လည်းကောင်း ပြဿနာ ဖြစ်ပေါ်စေနိုင်ပါ တယ်” လို့ ဖော်ပြခဲ့ပါတယ်။

၃၅။ တရားရုံးအနေနဲ့ အဆိုပါဥပဒေပြဿနာများကို ကိုင်တွယ်ဖြေရှင်းစရာမလိုခဲ့သော်လည်း Genocide Convention အရ စာချုပ်ဝင်အခြားနိုင်ငံများ အကျိုးအတွက်တာဝန်ရှိမှု၏သွင်ပြင်လက္ခဏာသည် အလိုအလျောက်တရားစွဲဆို ဆောင်ရွက်နိုင်ခွင့်မရှိကြောင်းကို ကိုးကားစာပိုဒ်၌ဖော်ပြထားပါတယ်။

တာဝန်ရှိမှုဆိုင်ရာတောင်းဆိုချက်(Invocation of responsibility) နှင့် တောင်းဆိုချက်များအား လက်ခံခွင့်ပြု ခြင်း (Admissibility of Claims) တို့ ခြားနားချက် ။ ။
ဥက္ကဋ္ဌကြီးနှင့် ဂုဏ်သရေရှိ တရားသူကြီးမင်းများ ခင်ဗျာ…
၃၆။ Genocide Convention အဖွဲ့ဝင်နိုင်ငံတစ်ခုအနေနဲ့ အထူးအကျိုးခံစားခွင့်ရှိကြောင်း သက်သေပြစရာမလို ဘဲ စာချုပ်ဝင်နိုင်ငံတစ်နိုင်ငံ၏ တာဝန်ချိုးဖောက်မှုတစ်ရပ်ရပ်နှင့်စပ်လျဉ်းပြီး ယင်းစာချုပ်ဝင်နိုင်ငံ၏ တာဝန်ရှိမှု ကို တောင်းဆိုခွင့်ရှိသည်ဆိုသောအချက်ကိုအခြေခံ၍ ဂမ်ဘီယာနိုင်ငံကတရားစွဲဆိုခွင့်ရှိကြောင်း တင်ပြထားပါ တယ်။ ဒီတင်ပြချက်မှာ အကြောင်းအရာနှစ်ရပ်ကို ဆန်းစစ်တွေ့ရှိရပါတယ်။

၃၇။ ပထမအချက်က တာဝန်ရှိမှုဆိုင်ရာတောင်းဆိုချက်သည် နိုင်ငံ၏တာဝန်ရှိမှုဆိုင်ရာ ဥပဒေသမှာ ပါဝင်နေပါ တယ်။ အပြည်ပြည်ဆိုင်ရာဥပဒေကော်မရှင် (ILC) အရဆိုလျှင် တောင်းဆိုချက်သည် တရားဝင်သဘောဖြစ်တဲ့ အရေးယူဆောင်ရွက်မှုများပြုလုပ်ခြင်းအဖြစ် နားလည်လက်ခံနိုင်မည်ဖြစ်ပါတယ်။ ဥပမာအားဖြင့် အပြည်ပြည် ဆိုင်ရာတရားရုံး (သို့မဟုတ်) ခုံရုံးတစ်ခုခုတွင် တရားစွဲဆိုမှုစတင်ပြုလုပ်ခြင်းဖြစ်ပါတယ်။

၃၈။ သို့ရာတွင် နိုင်ငံ၏တာဝန်ရှိမှု (State Responsibility) ဆိုင်ရာ ပြဌာန်းချက်များနှင့် ပတ်သက်၍ အပြည်ပြည် ဆိုင်ရာဥပဒေကော်မရှင် (ILC) ၏သုံးသပ်ချက်မှာ မှတ်ချက်ပြုထားတာကတော့ ၎င်းပြဋ္ဌာန်းချက်များဟာ အပြည် ပြည်ဆိုင်ရာတရားရုံး(သို့မဟုတ်) ခုံရုံးတွေမှာ အမှုလက်ခံခွင့်ပြုခြင်းဆိုင်ရာစည်းကမ်းချက်များနှင့် မသက်ဆိုင်ပါ ဘူး။ ဒီပြဋ္ဌာန်းချက်တွေဟာ အခြားနိုင်ငံ (သို့မဟုတ်) အခြားနိုင်ငံများက တာဝန်ယူစေခြင်းကိုတောင်းဆိုမှု အတွက် သတ်မှတ်ပြဋ္ဌာန်းထားတဲ့စည်းကမ်းချက်တွေပဲဖြစ်ပါတယ်။

၃၉။ ဒါကြောင့် တောင်းဆိုမှုများကို လက်ခံခွင့်ပြုခြင်းနှင့် တရားစွဲဆိုခွင့်ရှိကြောင်းကိစ္စရပ်တို့အတွက် နိုင်ငံ၏ တာဝန်ရှိမှုဆိုင်ရာဥပဒေအရ ကောက်ချက်ချလို့မရပါဘူး။ အထူးသဖြင့် နိုင်ငံရဲ့တာဝန်ရှိမှုကို ကိုးကားတောင်းဆို ခွင့်ဆိုတာ အပြည်ပြည်ဆိုင်ရာတရားရုံး (သို့မဟုတ်) ခုံရုံးမှာ အမှုတင်သွင်းရန် နိုင်ငံတစ်နိုင်ငံ၏ဥပဒေဆိုင်ရာ အကျိုးခံစားခွင့်ရှိခြင်းလို့ အလိုအလျောက် အဓိပ္ပါယ်မသက်ရောက်ပါဘူး။

၄ဝ။ ဒုတိယအချက်အနေနဲ့ တာဝန်ရှိမှုကိုတောင်းဆိုခွင့်ရှိဖို့အတွက် ဥပဒေဆိုင်ရာ အထူးအကျိုးခံစားခွင့်ရှိ ကြောင်း ကောင်းစွာသက်သေပြရန်လိုအပ်ပါတယ်။ လူတစ်ဦးတစ်ယောက်ချင်းအပေါ်မှာ နိုင်ငံတကာဥပဒေ ချိုးဖောက်မှုကိုကျူးလွန်ကြောင်းစွပ်စွဲထားတဲ့ ယခုလိုအမှုမျိုးမှာ ထိုသို့သက်သေပြရန် အထူးလိုအပ်ပါတယ်။

၄၁။ Genocide Convention ဟာ လူ့အခွင့်အရေး ကာကွယ်စောင့်ရှောက်ရေးဆိုင်ရာ နိုင်ငံတကာစာချုပ်တွေ ထဲက တစ်ခုပဲဖြစ်ပါတယ်။ ILC ရဲ့အသုံးအနှုန်းအရ သက်ဆိုင်သူတစ်ဦးတစ်ယောက်ချင်းကို မူလအကျိုးခံစား ခွင့်ရှိသူတွေအဖြစ်လည်းကောင်း၊ သက်ဆိုင်ရာအခွင့်အရေးတွေကိုခံစားခွင့်ရှိသူတွေအဖြစ်လည်းကောင်း မှတ်ယူသင့်တယ်လို့ ဆိုပါတယ်။

၄၂။ နိုင်ငံ၏တာဝန်ရှိမှု (State Responsibility) ဆိုင်ရာပြဋ္ဌာန်းချက်အပိုဒ် ၄၄၊ အပိုဒ်ခွဲ (က) သည် ယခုအမှုကိစ္စ နဲ့ဆက်စပ်လျက်ရှိပါတယ်။ ပြဋ္ဌာန်းချက်အပိုဒ် ၄၄၊ အပိုဒ်ခွဲ (က)တွင် “တောင်းဆိုချက်တစ်ရပ်သည် နိုင်ငံသား အတွက် တောင်းဆိုပိုင်ခွင့်ဆိုင်ရာစည်းမျဉ်းနှင့်အညီ တောင်းဆိုခြင်းမဟုတ်လျှင် နိုင်ငံတစ်နိုင်ငံ၏တာဝန်ရှိမှုကို ကိုးကားတောင်းဆိုခွင့်မရှိ” ဟု ပြဋ္ဌာန်းထားပြီး ယင်းပြဌာန်းချက်ဟာ နိုင်ငံတကာဓလေ့ထုံးတမ်းဥပဒေကို ထင်ဟပ်လျက်ရှိပါတယ်။

၄၃။ နိုင်ငံသားအတွက် တောင်းဆိုပိုင်ခွင့်ဆိုင်ရာစည်းမျဉ်းအရ နိုင်ငံတစ်နိုင်ငံအနေနဲ့ အခြားနိုင်ငံတစ်နိုင်ငံက အပြည်ပြည်ဆိုင်ရာဥပဒေနှင့် ဆန့်ကျင်လျက်ပြုမူခြင်းကြောင့် လူတစ်ဦးတစ်ယောက်ချင်းအပေါ် (သို့မဟုတ်) လူအုပ်စုအပေါ် ထိခိုက်မှုဖြစ်ပေါ်တဲ့အခါ ထိုသို့ထိခိုက်သူများသည် မိမိနိုင်ငံသားများဖြစ်မှသာ ကာကွယ် စောင့်ရှောက်မှုပြုနိုင်မှာဖြစ်ပါတယ်။ နိုင်ငံတစ်နိုင်ငံဟာ မိမိနိုင်ငံသားမဟုတ်သူများကို ကာကွယ်စောင့်ရှောက် ပိုင်ခွင့်မရှိပါဘူး။ မှားယွင်းမှုပြုသောနိုင်ငံ၏ နိုင်ငံတကာတာဝန်ရှိမှုကို ကိုးကားတောင်းဆိုနိုင်ခွင့်ဆိုတာ ထိခိုက်ခံ ရသည့်နိုင်ငံသား၏ နိုင်ငံကသာ ခံစားခွင့်ရှိသော ဥပဒေဆိုင်ရာအထူးအကျိုးခံစားခွင့်ပဲဖြစ်ပါတယ်။ ဒါဟာ နိုင်ငံ သား၏ အာမခံချက်တစ်ခုပါ။

၄၄။ နိုင်ငံသားအတွက် တောင်းဆိုပိုင်ခွင့်ဆိုင်ရာစည်းမျဉ်းနှင့်စပ်လျဉ်း၍ ILC က “အပြည်ပြည်ဆိုင်ရာတရားရုံး တွင် အမှုလက်ခံနိုင်ခြင်း ရှိ/ မရှိ ဟူသောမေးခွန်းများသည် ပို၍အခြေခံကျသောလက္ခဏာများဖြစ်လာသည်။ ယင်းမေးခွန်းများသည် နိုင်ငံတစ်နိုင်ငံ၏တာဝန်ရှိမှုအတွက် ရှေးဦးစွာတင်ပြရမည့်အခြေအနေများပင်ဖြစ်သည်” ဟု လည်းကောင်း၊ နိုင်ငံ၏တာဝန်ရှိမှု (State Responsibility) ဆိုင်ရာပြဋ္ဌာန်းချက်အပိုဒ် ၄၄၊ အပိုဒ်ခွဲ (က) တွင် နိုင်ငံသားအတွက် တောင်းဆိုပိုင်ခွင့်ဆိုင်ရာစည်းမျဉ်းသည် တရားစီရင်ရေးအဖွဲ့များတွင် အမှုလက်ခံနိုင်မှု ရှိ/ မရှိ ဆိုခြင်းနှင့်သာ သက်ဆိုင်နေခြင်းမဟုတ်ဘဲ ၎င်းနှင့်သက်ဆိုင်သည့်အမှုကိစ္စများတွင် တာဝန်ရှိမှုကို ကိုးကား တောင်းဆိုနိုင်ရန်အတွက် ယေဘုယျအခြေအနေတစ်ရပ်နှင့်လည်း သက်ဆိုင်နေကြောင်း ရှင်းလင်းစွာပြဋ္ဌာန်း ထားသည်” ဟုလည်းကောင်း ရေးသားဖော်ပြခဲ့ပါတယ်။

၄၅။ နိုင်ငံသားအတွက် တောင်းဆိုပိုင်ခွင့်ဆိုင်ရာစည်းမျဉ်းသည် စာချုပ်ဝင်နိုင်ငံတစ်နိုင်ငံက အခြားစာချုပ်ဝင် နိုင်ငံအားလုံးအပေါ်တာဝန်ရှိမှုကို ချိုးဖောက်ခြင်းနှင့် သက်ဆိုင်မှုမရှိဘဲ နစ်နာသည့်နိုင်ငံနှင့် နစ်နာခြင်းမရှိသည့် နိုင်ငံတို့က အဆိုပါတာဝန်ရှိမှုကို ကိုးကားတောင်းဆိုသည့်ကိစ္စရပ်များနှင့် အကျုံးဝင်သက်ဆိုင်ပါတယ်။ ဒီသဘောတရားကို နိုင်ငံ၏တာဝန်ရှိမှုဆိုင်ရာပြဋ္ဌာန်းချက် အပိုဒ် ၄၂ (ခ)၊ ၄၈(၁)နှင့်(၃) တို့မှာ ရှင်းရှင်းလင်းလင်း ဖော်ပြထားပါတယ်။

၄၆။ ဂမ်ဘီယာနိုင်ငံက နိုင်ငံတစ်နိုင်ငံသည် အခြားနိုင်ငံ၏တာဝန်ရှိမှုကို ကိုးကားတောင်းဆိုရန် အခွင့်အရေးရှိ သည်ဆိုလျှင် တရားရုံးတွင် ထိုသို့တောင်းဆိုမှုပြုခွင့်အနေအထားလည်း မလွဲမသွေရှိသည်ဟု လျှောက်လဲထား တာကိုတွေ့ရပါတယ်။ သို့သော် ယခုတင်ပြခဲ့သလိုပဲ နိုင်ငံ၏တာဝန်ရှိမှုဆိုင်ရာဥပဒေသအရ ဂမ်ဘီယာသည် ၎င်း၏နိုင်ငံသားများ မဟုတ်သူများနှင့်စပ်လျဉ်း၍ Genocide Convention ကို ချိုးဖောက်မှုအတွက် မြန်မာနိုင်ငံ မှာ တာဝန်ရှိသည်ဟူ၍ တောင်းဆိုခြင်းမပြုနိုင်ပါဘူး။

၄၇။ ဒါကြောင့် ဂမ်ဘီယာနိုင်ငံအနေနဲ့ မိမိဘာသာ လိုသလိုအဓိပ္ပာယ်ကောက်ယူပြီး ယခုလို တရားရုံးတော်မှာ တရားစွဲဆိုခွင့် မရှိပါဘူး။

တရားစွဲဆိုရန်(သို့မဟုတ်)တရားခံလွှဲပြောင်းပေးရန်တာဝန်နှင့်ပတ်သက်သောအမှုကိစ္စနှင့် ယခုအမှုတို့၏ ခြားနားချက် ။ ။
ဥက္ကဋ္ဌကြီးနှင့် ဂုဏ်သရေရှိ တရားသူကြီးမင်းများ ခင်ဗျာ…
၄၈။ ဂမ်ဘီယာသည် ၎င်း၏စီရင်ပိုင်ခွင့်နယ်မြေပြင်ပမှာရှိနေတဲ့ နိုင်ငံသားမဟုတ်သူများအပေါ် လူမျိုးတုံး သတ်ဖြတ်မှုများရှိကြောင်း စွပ်စွဲချက်နှင့်ပတ်သက်ပြီး မြန်မာနိုင်ငံက တာဝန်ရှိသည်ဟု ကိုးကားတောင်းဆိုလျက် ရှိပါတယ်။

၄၉။ အထူးသဖြင့် တရားစွဲဆိုရန် (သို့မဟုတ်) တရားခံလွှဲပြောင်းပေးရန် တာဝန်နှင့်ပတ်သက်ပြီး အငြင်းပွားကြတဲ့ Belgium v. Senegal အမှုဟာ ဂမ်ဘီယာအနေနဲ့ အလွန်အမင်းအားကိုး အားထားပြုနေသည့် နိုင်ငံသားအတွက် တောင်းဆိုပိုင်ခွင့်ဆိုင်ရာမေးခွန်းကိုဖြေရှင်းပေးနိုင်မှာ မဟုတ်ပါဘူး။ Belgium က Senegal သည် ညှည်းပမ်းနှိပ်စက်မှုမြောက်သည့်လုပ်ရပ်များကို ခွင့်ပြုထားခြင်းဖြင့် ညှည်းပမ်းနှိပ်စက်မှုဆန့်ကျင် တိုက်ဖျက်ရေး ဆိုင်ရာ ကုလသမဂ္ဂ သဘောတူစာချုပ် (Convention against Torture) ကို ဖောက်ဖျက်ခဲ့တယ်လို့ တောင်းဆိုခဲ့ တာ မဟုတ်ပါဘူး။ Senegal ဟာ ၎င်း၏စီရင်ပိုင်ခွင့်နယ်မြေအတွင်းမှာရောက်ရှိနေတဲ့ ပြစ်မှုကျူးလွန်သူနှင့် ပတ်သက်ပြီး အဖြစ်မှန်ကို ပဏာမစုံစမ်းစစ်ဆေးမှုပြုလုပ်ရန်နဲ့ တရားစွဲဆိုနိုင်ရေး သက်ဆိုင်ရာအာဏာပိုင်သို့ တင်ပြရန် ၎င်း၏တာဝန်များကိုချိုးဖောက်ခဲ့တဲ့အတွက် Belgium က တောင်းဆိုခဲ့တာဖြစ်ပါတယ်။ အဲဒီအမှုမှာ Belgium အနေနဲ့ Senegal နိုင်ငံက အထက်ပါတာဝန်များကိုချိုးဖောက်ခဲ့ကြောင်း စွပ်စွဲချက်များအတွက် Senegal နိုင်ငံတွင် တာဝန်ရှိသည်ဟု တောင်းဆိုခွင့်ရှိကြောင်း တရားရုံးက တွေ့ရှိခဲ့ပါတယ်။ ဘာကြောင့်လဲဆို တော့ Senegal လုပ်ဆောင်ပေးရမယ့် အထက်ပါတာဝန်များဟာဆိုရင် စာချုပ်ဝင်နိုင်ငံတစ်နိုင်ငံက ကျန်စာချုပ်ဝင်နိုင်ငံအားလုံးအပေါ် တာဝန်ရှိမှု (erga omnes partes) ထဲမှာ သက်ဆိုင်အကျုံးဝင်နေတဲ့ အတွက် စာချုပ်ဝင်နိုင်ငံတစ်နိုင်ငံချင်းစီဟာ မည်သည့်အခြေအနေမှာမဆို ဖော်ပြပါတာဝန်များကိုလိုက်နာ ဆောင်ရွက်စေဖို့အကျိုးစီးပွားရှိတဲ့အတွက်ကြောင့်ဖြစ်ပါတယ်။ Belgium အပါအဝင် ညှည်းပမ်းနှိပ်စက်မှု ဆန့်ကျင်တိုက်ဖျက်ရေးဆိုင်ရာ ကုလသမဂ္ဂသဘောတူစာချုပ် (Convention against Torture) အဖွဲ့ဝင်နိုင်ငံ အသီးသီးသည် အဖွဲ့ဝင်နိုင်ငံတစ်နိုင်ငံက စာချုပ်ပါ၎င်း၏တာဝန်ကို ချိုးဖောက်သည့်အခါ ထိုချိုးဖောက်မှုကြောင့် အမှန်တကယ်ထိခိုက်သည့်နိုင်ငံကဲ့သို့ မိမိတွင် သိသိသာသာထိခိုက်မှုရှိကြောင်းကို သက်သေပြရန်မလိုဘဲ ၎င်းနိုင်ငံရဲ့တာဝန်ရှိမှုကို တောင်းဆိုပိုင်ခွင့်ရှိပါတယ်။

၅ဝ။ Belgium v. Senegal အမှုကိုအခြေခံလျက် တရားရုံးက ကြားဖြတ်စီမံဆောင်ရွက်ချက်အမိန့် (Provisional Measures Order) တွင် “အထူးတလည်ထိခိုက်သည့်နိုင်ငံသာမက Genocide Convention ၏ မည်သည့်အဖွဲ့ဝင်နိုင်ငံမဆို အခြားအဖွဲ့ဝင် နိုင်ငံတစ်နိုင်ငံက erga omnes partes တာဝန်ဝတ္တရားများကို လိုက်နာရန်ပျက်ကွက်ပါက ၎င်းပျက်ကွက်သည့်နိုင်ငံ၏ တာဝန်ဝတ္တရားများ လိုက်နာရန်ပျက်ကွက်မှုကို အဆုံးသက်စေရန် တောင်းဆို နိုင်ပါသည်” ဟု ဖော်ပြခဲ့ပါတယ်။

၅၁။ ထိုဖော်ပြချက်ဟာ လေ့လာဆန်းစစ်စရာတွေ အများကြီးဖြစ်ပေါ်စေပါတယ်။ ပထမအချက် အနေနဲ့ တရားရုံးသည် နှစ်ဖက်အမှုသည်တွေရဲ့ ဥပဒေကြောင်းအရ လျှောက်လဲချက်အပေါ်မှာ အခြေခံခြင်းမရှိဘဲ ကြားဖြတ်စီမံဆောင်ရွက်ချက်အမိန့် (Provisional Measures Order) ထဲမှာထိုသို့ဖော်ပြခဲ့ပါတယ်။ တစ်နည်းပြောရရင် နှစ်ဖက်ရှေ့နေတွေရဲ့ လျှောက်လဲချက်တွေ အပေါ်မှာ သမာသမတ်ကျကျ စဉ်းစားဆုံးဖြတ်ရတဲ့ မူသဘောတရား (principe de contradictoire) အရ တရားရုံးက ဆောင်ရွက်ခြင်းမရှိပါဘူး။ တခြားစာချုပ်တွေမှာ erga omnes partes တာဝန်ဝတ္တရားများကို ချိုးဖောက်မှုအတွက် တာဝန်ရှိမှုကို ကိုးကား တောင်းဆိုခွင့် ရှိတယ်ဆိုတဲ့သဘောတရားရဲ့ လွှမ်းမိုးမှုဒဏ်ကို ကြီးကြီးမားမားခံရတဲ့ အတွက် ထိုသို့ ဖော်ပြခဲ့ တာဖြစ်ပါတယ်။ အဲဒီလိုဖော်ပြမယ်ဆိုရင် မြန်မာနိုင်ငံဘက်က လျှောက်လဲချက် တွေအပေါ်မှာ ဂရုတစိုက်နဲ့ ပြန်လည်စဉ်းစားပေးဖို့ လိုအပ်ပါတယ်။

၅၂။ ဒုတိယအချက်အနေနဲ့ ထိုဖော်ပြချက်သည် တာဝန်ရှိမှုကို ကိုးကားတောင်းဆိုခြင်း ကိစ္စသက်သက် အတွက်သာ ရည်ညွှန်းခြင်း ဖြစ်ပြီး အပြည်ပြည်တရားရုံး သို့မဟုတ် ခုံရုံးတွေမှာ တရားစွဲဆိုနိုင်ခွင့် အခြေအနေတွေနဲ့တော့ မသက်ဆိုင်လှပါဘူး။ ထိုဖော်ပြချက် ကို တစ်နည်းနည်းဖြင့် လေ့လာကြည့်ပါက တာဝန်ရှိမှုကို ကိုးကားတောင်းဆိုခြင်းသည် တရားစွဲဆိုတောင်း ဆိုမှုပြုခွင့် အခြေအနေနဲ့ အတူတူပင် ဖြစ်တယ်လို့ ယူဆခြင်းဟာ တရားရုံးရဲ့ ကာလရှည်ကြာ ရှိနေခဲ့တဲ့ အများအကျိုးငှာ တရားစွဲဆိုခွင့်ပြုခြင်းဆိုင်ရာ ဥပဒေသဘောတရား (actio popularis) နဲ့ ကိုက်ညီဖို့ ခက်ခဲစေမှာဖြစ်ပါတယ်။ ဒါမှမဟုတ် နိုင်ငံတကာဥပဒေမှာ မရှိခဲ့တဲ့ သဘောတရားလို့ လက်ခံလိုက်တာက ပိုကောင်းစေမှာပါ။ ယခုအမှုကိစ္စနဲ့ ပတ်သက်ပြီး Barcelona Traction အမှုမှာ တရားရုံးက လူ့အခွင့်အရေးဆိုင်ရာကိစ္စရပ်များကို erga omnes partes တာဝန်ဝတ္တရားများအဖြစ် သတ်မှတ်ခဲ့ တဲ့အပေါ် တရားသူကြီး De Castro ရဲ့ သဘောထားဖော်ပြချက်ကို ပြန်လည်ကိုးကားလိုပါတယ်။
“ထိုအမှုတွင် ဖော်ပြပါရှိသော ဆိုခဲ့ပြီးသောစကားရပ်တွေဟာ နိုင်ငံတကာဥပဒေအရ အများအကျိုးငှာ တရားစွဲဆိုခွင့်ပြုခြင်း ဆိုင်ရာ ဥပဒေသဘောတရား (actio popularis) ကို အသိအမှတ်ပြုရာ ရောက်တယ်လို့ မမှတ်ယူသင့်ပါဘူး။ ဥပဒေ အဖြစ်လက်ခံထားတဲ့ အထွေထွေ သဘောတရားနဲ့ကိုက်ညီမှု ရှိ မရှိကို အလေးပေးပြီး အနက်ဖွင့်ဆိုသင့်တယ်လို့ ကျွန်ုပ်အနေနဲ့ ယူဆပါတယ်။ အဆိုပါစကားရပ်တွေကို အထောက်အထား ပြုပြီးတော့မှ တရားရုံးတော်က အမှုကိုလက်ခံခွင့်ရှိကြောင်း မှတ်ယူမယ်လို့ ကျွန်ုပ်အနေဖြင့် ယုံကြည်နိုင်မည်မဟုတ်ပါ။ ဥပမာ နိုင်ငံ A က နိုင်ငံ B သည် ၎င်း၏နိုင်ငံသားများ (သို့မဟုတ်) နိုင်ငံ C ၏ နိုင်ငံသားများနှင့် ပတ်သက်၍ အခြေခံလူ့အခွင့်အရေးဆိုင်ရာ မူသဘောတရားများနှင့် စည်းမျည်းများကို မလိုက်နာဟုဆိုကာ နိုင်ငံ B အပေါ် တောင်းဆိုနေတာနဲ့တူနေပါတယ်။”

အမှန်တကယ်တော့ Barcelona Traction အမှုစီရင်ချက်၊ အပိုဒ် ၉၁ ကို ပြန်ကြည့်မယ်ဆိုရင် ဖော်ပြပါ တောင်းဆိုချက်ကို တရားရုံးတော်အနေဖြင့် လက်ခံခွင့်မရှိကြောင်း အထင်အရှား တွေ့ခဲ့ပါတယ်။

“တစ်ကမ္ဘာလုံးအတိုင်းအတာအရ ကြည့်မည်ဆိုလျှင် လူ့အခွင့်အရေးဆိုင်ရာ သဘောတူစာချုပ်များသည် နိုင်ငံများက ထိခိုက်နစ်နာ သူဟာ ၎င်းတို့ရဲ့ နိုင်ငံသားဖြစ်ခြင်းမဖြစ်ခြင်းကို ထည့်သွင်းစဉ်းစားစရာ မလိုဘဲ လူ့အခွင့်အရေးချိုးဖောက်ခံရသူများကို ကာကွယ် စောင့် ရှောက်ရန် လုပ်ပိုင် ခွင့်ပေးထားခြင်းမရှိ” ဟု စီရင်ချက်မှာ ဖော်ပြပါရှိပါတယ်။

တစ်ကမ္ဘာလုံးဆိုင်ရာလူ့အခွင့်အရေးသဘောတူစာချုပ်များက စာချုပ်အဖွဲ့ဝင်နိုင်ငံများကို မိမိတို့ရဲ့နိုင်ငံသား မဟုတ်သူများအပေါ်ကာကွယ်စောင့်ရှောက်ရန် ခွင့်ပြုမထားဘူးဆိုလျှင် Genocide Convention အတွက်လည်း အလားတူ ယူဆရမှာဖြစ်ပါတယ်။

၅၃။ တတိယအချက်အနေနဲ့ erga omnes partes တာဝန်ဝတ္တရားများကို ချိုးဖောက်မှုအတွက် တာဝန်ရှိမှုတောင်းဆိုခြင်း ကိစ္စသည် နိုင်ငံရဲ့တာဝန်ရှိမှု (State Responsibility) ဆိုင်ရာ ပြဌာန်းချက်အပိုဒ် ၄၃ မှ ၄၅ ပါ အထွေထွေစည်းကမ်း သတ်မှတ်ချက်များ၊ အထူးသဖြင့် နိုင်ငံသားဆိုင်ရာ တောင်းဆိုပိုင်ခွင့်၏ စည်းကမ်းသတ်မှတ်ချက်များမှ ကင်းလွတ်ခွင့်ရှိကြောင်း ကောက်ချက်ချစရာ ညွှန်းကိန်းတစ်စုံတစ်ရာ မရှိပါ။ ဆန့်ကျင်ဘက်အနေဖြင့် ပြဌာန်းချက်အပိုဒ် ၄၄(က) တွင် “နိုင်ငံသားဆိုင်ရာ တောင်းဆိုပိုင်ခွင့် ၏စည်းမျဉ်းအရ တောင်းဆိုခြင်း မဟုတ်လျှင် နိုင်ငံတစ်နိုင်ငံရဲ့ တာဝန်ရှိမှုကို ကိုးကားတောင်းဆိုခွင့်မရှိ” ဟု စောဒကတက် စရာမလိုအောင် ပြဌာန်းထားပြီး ဖြစ်ပါတယ်။ ဒါကြောင့် Belgium v. Senegal အမှုမှာ တရားရုံးက နိုင်ငံသား ဆိုင်ရာတောင်းဆိုပိုင်ခွင့်သဘောတရားကို ကိုးကားရန်လိုအပ်ခြင်း မရှိဟုဆိုခြင်းသည် ယခုအမှုနှင့် သက်ဆိုင်ခြင်းမရှိဟု ဆိုနိုင်မည် မဟုတ်ပါ။


နိဂုံးချုပ်ဆန်းစစ်တင်ပြချက်များ ။ ။
ဥက္ကဋ္ဌကြီးနှင့် ဂုဏ်သရေရှိ တရားသူကြီးမင်းများ ခင်ဗျာ…
၅၄။ အထွေထွေလေ့လာဆန်းစစ်တင်ပြချက်အချို့ဖြင့် ကျွန်တော့်ကို နိဂုံးချုပ်ခွင့်ပြုပါ။
၅၅။ ဂမ်ဘီယာနိုင်ငံသည် နိုင်ငံတကာဥပဒေကြောင်းအရ အရေးယူမှုတွေမှာ တရားစွဲဆိုတောင်းဆိုမှု ပြုခွင့်ဆိုင်ရာဥပဒေရေးရာ လိုအပ်ချက်အနေနဲ့ Genocide Convention ရဲ့ လူသားချင်းစာနာထောက်ထားမှု ဆိုင်ရာ ကြီးမြတ်တဲ့ရည်ရွယ်ချက်ကို ကိုးကားချင်ပုံမရဘူး ဆိုတဲ့အချက်အပေါ် ခုခံလျှောက်လဲဖို့ ကောင်းကောင်း ကြိုးစားနေနိုင်ပါတယ်။ တရားရုံးတော် အနေနဲ့ ဂမ်ဘီယာနိုင်ငံရဲ့တရားစွဲဆိုတောင်းဆိုခွင့်ကို ငြင်းဆန်ခြင်းဟာ ဆယ်စုနှစ်များတိုင် ခေါင်းမဖော်နိုင်စရာ သိက္ခာကျစရာလုပ်ရပ်အဖြစ် ကျန်ရစ်လိမ့်မယ်လို့ ဂမ်ဘီယာနိုင်ငံက ခြိမ်းခြောက်ကောင်း ခြိမ်းခြောက်လာနိုင်ပါတယ်။ သို့သော်ငြားလည်း တရားရုံးက ညွှန်းဆို ထားသည့်အတိုင်း “လက်ရှိအခြေအနေတွင် အချို့သောစွပ်စွဲချက်များသည် တည်ရှိမှုမရှိကြောင်းတွေ့ရှိရပါက အကျိုးဆက်ကို လက်ခံရမည်ဖြစ်သည်။ ထိုအကျိုးဆက်များကိုရှောင်လွှဲရန် တရားရုံးသည် ယင်းအခွင့်အရေး တည်ရှိသည်ဟု မယူဆနိုင်ပါ။ တရားရုံးအနေဖြင့် ဥပဒေပိုင်းဆိုင်ရာလုပ်ငန်းတာဝန်များနှင့်ပတ်သက်၍သာ ဆက်စပ် လုပ်ဆောင် ရမှာဖြစ်ပြီး နိုင်ငံရေးရည်ရွယ်ချက်များအတွက် ဆောင်ရွက်ချက်များဟာ တရားရုံးကိုယ်တိုင်က မည်သို့ပင် ဆန္ဒရှိ စေကာမူ တရားရုံး၏လုပ်ပိုင်ခွင့် ပြင်ပမှာရှိနေပါတယ်။”

၅၆။ အပြည်ပြည်ဆိုင်ရာဥပဒေတွင် နောက်ဆုံးနည်းလမ်းအနြေဖင့် ဥပဒေကြောင်းအရ တရားစွဲဆိုဆောင်ရွက် နိုင်ခြင်းမရှိသည့်တာဝန်များသည် ခြွင်းချက်ဆိုသည်ထက် စည်းမျဉ်းများအဖြစ်သာ အမြဲရှိနေပါတယ်။ ဤကိစ္စရပ်များသည် ယနေ့ကာလထက်စာလျှင် ၁၉၄၈ ခုနှစ်တွင် ပိုမိုပေါ်ပေါက်ခဲ့သည့်ကိစ္စ ဖြစ်ပါတယ်။

၅၇။ တရားစွဲဆိုဆောင်ရွက်နိုင်ခွင့်နှင့်စပ်လျဉ်း၍ ဂမ်ဘီယာနိုင်ငံ၏တောင်းဆိုချက်ကိုလက်ခံခြင်းသည် ယခုအမှုနှင့် Genocide Convention တို့အပြင် အခြားနယ်ပယ်များကိုလည်း ဂယက်ရိုက်ခတ်လိမ့်မည် ဖြစ်ပါ တယ်။ လူမျိုးသုဉ်းသတ်ဖြတ်မှုကိုတားဆီးရန်နှင့် အပြစ်ပေးရန် တာဝန်အပြင်ဥပမာအားဖြင့် တရားရုံးက လူမျိုးရေးခွဲခြားဆက်ဆံခြင်းကို တားဆီးကာကွယ်ခြင်း၊ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်၊ ကျူးကျော်ရန်လိုသည့်အပြုအမူ များကိုတားဆီးခြင်းတို့ကို အားလုံးနှင့်သက်ဆိုင်သည့်တာဝန်များအဖြစ် သတ်မှတ်ဖော်ပြခဲ့ပါတယ်။ အကယ်၍ ယခု သတ်မှတ်ချက်သည် တရားစွဲဆိုဆောင်ရွက်နိုင်ခွင့်ကို အလိုအလျောက် ဖြစ်စေပါက နိုင်ငံတိုင်း ကဖြစ်စေ၊ သက်ဆိုင်ရာစာချုပ်ဝင်နိုင်ငံတိုင်းကဖြစ်စေ ယင်း၏နိုင်ငံသားကို တိုက်ရိုက်သော်လည်းကောင်း၊ ယင်း၏ နိုင်ငံသားမှတဆင့်သော်လည်းကောင်း အခွင့်အရေးတစ်ရပ်ရပ် ထိခိုက်မှုမရှိစေကာမူ အဆိုပါအခွင့်အရေး များကို ချိုးဖောက်မှုအတွက် တရားရုံးတွင် တရားစွဲဆိုခွင့်ရှိလာနိုင်မည်ဖြစ်ပါတယ်။ ဒီအခြေအနေသည် ထိန်း မနိုင်သိမ်းမနိုင်ဘဲ အတောမသတ်နိုင်သည့် အငြင်းပွားမှုများကို ဖြစ်ပေါ်စေနိုင်ပါတယ်။

၅၈။ အဆိုပါအကြောင်းကြောင့် နိုင်ငံတကာတာဝန်ရှိမှုဆိုသော အကြောင်းအရာနှင့် စပ်လျဉ်းသည့် တရားဝင်မှု ဆိုင်ရာပြဿနာများလည်း ပေါ်ပေါက်လာနိုင်ပါတယ်။ ဥပမာအားဖြင့် ဂမ်ဘီယာ၏တင်ပြချက်များတွင် ပါဝင် သောအချက်မှာ ယခုစွပ်စွဲတင်ပြထားသည့် လူမျိုးသုဉ်း သတ်ဖြတ်မှု ကျူးလွန်ခံရသူများ၏ အကျိုးခံစားခွင့်တွင် နစ်နာကြေးများ ပေးလျော်ရမည့်တာဝန်ကို မြန်မာနိုင်ငံက ဆောင်ရွက်ပေးရမည်ဟု တရားရုံးက ကြေညာပေးရန် ဂမ်ဘီယာနိုင်ငံ က တောင်းဆိုထားပါတယ်။ ဂမ်ဘီယာနိုင်ငံက ဆက်လက်တင်ပြထားသည်မှာ-
“လျော်ကြေးပမာဏနှင့် အခြားသောနစ်နာမှုကုစားခြင်းများနှင့်စပ်လျဉ်း၍ အမှုသည်များအကြား သဘော တူညီမှုမရရှိပါက တရားရုံးအနေဖြင့် တရားစွဲဆိုမှု၏ နောက်ဆက်တွဲ ကြားနာမှုများတွင် အဆိုပါကိစ္စကို ဆုံးဖြတ် လိမ့်မည်ဖြစ်သည်။”

၅၉။ ဤနေရာတွင် မေးခွန်းထုတ်စရာရှိသည်မှာ ဂမ်ဘီယာနိုင်ငံသားများမဟုတ်သော စွပ်စွဲဖော်ပြထားသည့် နစ်နာသူများကိုယ်စား လျော်ကြေးပမာဏကို ညှိနှိုင်းရန်အတွက် ဂမ်ဘီယာနိုင်ငံတွင် မည်သည့်အခွင့်အာဏာ ရှိပါလဲဆိုသည့်အချက်ဖြစ်ပါတယ်။ ဆက်လက်၍ မေးခွန်းထုတ်စရာရှိသည်မှာ Genocide Convention ၏ အခြားအဖွဲ့ဝင်နိုင်ငံများက ဂမ်ဘီယာနိုင်ငံတောင်းဆိုသည့်လျော်ကြေးပမာဏအပေါ် ကျေနပ်မှုမရှိခဲ့လျှင် အဆိုပါနိုင်ငံများက တရားရုံးတွင် အလားတူ ကိုယ်တိုင်တရားစွဲဆိုခွင့်ရှိနေသည့်အ‌ပေါ် မည်သို့တားမြစ်မည်နည်း ဆိုသည့်အချက်ဖြစ်ပါတယ်။

၆၀။ စာချုပ်ဝင်နိုင်ငံတစ်နိုင်ငံကအခြားစာချုပ်ဝင်နိုင်ငံများအပေါ်တာဝန်ရှိမှုဟူသည့် သဘောတရားနှင့် တရားရုံးတွင် တရားစွဲဆိုဆောင်ရွက်နိုင်ခွင့်တို့၏ဆက်နွယ်မှုသည် အပြည်ပြည်ဆိုင်ရာဥပဒေတွင် အများဆိုင်ရာ အကျိုးစီးပွားအတွက် အဖွဲ့ဝင်တစ်ဦးက ဝင်ရောက်ဆောင် ရွက်ခြင်း (actio popularis) ဟူသည့်သဘောတရား ကို တစ်ဖက်လှည့်ဖြင့် ဖော်ပြရာရောက်နေလိမ့်မည်ဖြစ်ပါတယ်။ အဆိုပါအကြောင်းအရာသည် သီးခြားစီဖြစ် သော ဥပဒေမူသဘော တရားနှစ်ရပ်မှ ဂမ်ဘီယာနိုင်ငံက ကျိုးကြောင်းဆီလျော်မှုမရှိဘဲ ကောက်ယူတင်ပြ ခြင်းအပေါ် အခြေခံ၍ရမည်မဟုတ်ဘဲ နိုင်ငံများ၏ သဘောတူညီချက်အပေါ်တွင် အခြေခံရမည်ဖြစ်သည့် အပြင် Genocide Convention တွင်ပါရှိသည့် ဖော်ပြချက်ကိုလည်း ကြည့်ရမည်ဖြစ်ပါတယ်။

၆၁။ အထက်ပါအကြောင်းများကြောင့် ဂမ်ဘီယာနိုင်ငံသည် ယခုအမှုတွင် တရားစွဲဆို ဆောင်ရွက်ခွင့်မရှိပါ ကြောင်းနှင့် ယင်း၏လျှောက်ထားမှုကို လက်ခံခွင့်ပြုခြင်းမပြုဘဲ ပလပ်သင့်ပါကြောင်း တင်ပြအပ်ပါတယ်။

၆၂။ စိတ်ပါဝင်စားစွာ နားထောင်ပေးသည့်အတွက် ကျေးဇူးတင်ရှိပါတယ်။

၆၃။ ဥက္ကဋ္ဌခင်ဗျာ… ယခုတရားရုံးတော်အနေနဲ့ ခေတ္တနားဖို့သင့်မြတ်တဲ့အချိန်ဖြစ်ပါတယ်။ (သို့မဟုတ်) ဆက်လက်ကြားနာမည်ဆိုပါက မြန်မာနိုင်ငံ၏ကနဦးကန့်ကွက်လွှာ တတိယအချက်ကိုတင်ပြပေးဖို့ မြန်မာနိုင်ငံ ၏ရှေ့နေ Professor Mr ROBERT KOLB ကို လျှောက်လဲခွင့်ပြုပါရန် မေတ္တာရပ်ခံအပ်ပါတယ်။

မှတ်ချက် ။ ။ မြန်မာနိုင်ငံဘက်က ချေပချက်များကို မူရင်းအတိုင်း မဖြတ်မတောက်ဘဲ ဖော်ပြပေးခြင်းဖြစ်ပါသည်။

Zawgyi Version;
ICJ ၌ ဂမ္ဘီယာ၏စြပ္စြဲခ်က္ကို ျမန္မာဘက္မွ PROFESSOR MR STEFAN TALMON ၏ပထမကန႔္ကြက္လႊာ ဒုတိယအခ်က္(အျပည့္အစုံ)
NP News - ေဖေဖာ္ဝါရီ ၂၆
Genocide Convention အရေလွ်ာက္ထားေသာအမႈ
(ဂမ္ဘီယာႏိုင္ငံ ႏွင့္ ျမန္မာႏိုင္ငံ)
၂ဝ၂၂ ခုႏွစ္၊ ေဖေဖာ္ဝါရီလ ၂၁ ရက္
PROFESSOR MR STEFAN TALMON ၏ ပထမအႀကိမ္ေလွ်ာက္လဲခ်က္ ကနဦးကန႔္ကြက္လႊာ ဒုတိယအခ်က္

ဥကၠ႒ႀကီးႏွင့္ ဂုဏ္သေရရွိတရားသူႀကီးမင္းမ်ား ခင္ဗ်ာ…
၁။ ကြၽန္ေတာ့္အေနျဖင့္ တရား႐ုံးေတာ္ေရွ႕ေမွာက္၌ ေလွ်ာက္လဲခြင့္ရတဲ့အတြက္ ဂုဏ္ယူဝမ္းေျမာက္မိပါတယ္။

၂။ ကြၽန္ေတာ့္အေနျဖင့္ ျမန္မာႏိုင္ငံ၏ ကနဦးကန႔္ကြက္လႊာ ဒုတိယအခ်က္ကို တင္သြင္းမွာျဖစ္ပါတယ္။

၃။ ယခုအမႈအား Genocide Convention ‌အရ တရား႐ုံးကိုေရာက္လာတဲ့ အျခားအမႈေတြနဲ႔ ဤအမႈမတူညီ ေၾကာင္းကို ဦးစြာပဏာမေျပာခ်င္ပါတယ္။ ဂမ္ဘီယာသည္ ၎၏ႏိုင္ငံျပင္ပ၌ရွိေသာ ႏိုင္ငံသားမဟုတ္သည့္ သူ မ်ားနဲ႔စပ္လ်ဥ္းၿပီး လူမ်ိဳးသုဥ္းမႈကိုက်ဴးလြန္လ်က္ရွိေၾကာင္းျဖင့္ စြပ္စြဲလ်က္ရွိေနပါတယ္။ ဂမ္ဘီယာႏွင့္ အမႈ ျဖစ္ပြားရသည့္အေၾကာင္းအရာမွာမည္သို႔မွ် သက္ဆိုင္ျခင္းမရွိပါ။

၄။ ဤအမႈတြင္ ၎အခ်က္မ်ားအေပၚမူတည္၍ ဂမ္ဘီယာႏိုင္ငံ၏တရားစြဲဆိုရျခင္းအေၾကာင္း အေပၚေမးခြန္း ထုတ္စရာျဖစ္ေနပါတယ္။

အျပည္ျပည္ဆိုင္ရာဥပေဒေၾကာင္းအရ တရားစြဲဆိုႏိုင္ရန္အတြက္ လိုအပ္ခ်က္မ်ား ။ ။
၅။ အျပည္ျပည္ဆိုင္ရာဓေလ့ထုံးတမ္းဥပေဒအရ ေတာင္းဆိုမႈမ်ားကိုျပဳလုပ္ရန္ အေျခခံက်သည့္ စည္းကမ္းခ်က္ တစ္ခုမွာ ေတာင္းဆိုသည့္ႏိုင္ငံတြင္ ေတာင္းဆိုမႈျပဳလုပ္ႏိုင္သည့္ ရပ္တည္မႈအေျခအေနရွိရမယ္ဆိုတဲ့အခ်က္ ျဖစ္ပါတယ္။ မိမိဘက္ကရပ္တည္မႈအေနအထားတစ္ရပ္ရွိမွ တရား႐ုံးေရွ႕ေမွာက္၌ေတာင္းဆိုႏိုင္သည့္ အခြင့္ အေရးရႏိုင္မွာျဖစ္ပါတယ္။ ေတာင္းဆိုႏိုင္ေသာအေၾကာင္းအရာမ်ားတြင္ ထိုသို႔ေသာတစ္ႏိုင္ငံခ်င္းစီ၏ ထိခိုက္ နစ္နာမႈ (သို႔မဟုတ္) တစ္ႏိုင္ငံခ်င္းစီ၏ တရားဝင္အက်ိဳးစီးပြားကိုျပသရန္ လိုအပ္မွာျဖစ္ပါတယ္။ ယင္းကဲ့သို႔ တစ္ႏိုင္ငံခ်င္းစီ၏အက်ိဳးစီးပြားသည္ မည္သည့္ႏိုင္ငံကမဆိုေတာင္းဆိုႏိုင္သည့္ အေထြေထြအက်ိဳးစီးပြားႏွင့္ ကြဲျပားေနမွာျဖစ္ပါတယ္။

၆။ တရား႐ုံးေရွ႕ေမွာက္တြင္ အျပည္ျပည္ဆိုင္ရာတာဝန္ရွိမႈမ်ားအတြက္ ခ်ိဳးေဖာက္မႈတစ္ခုခုအေပၚ အမ်ား ကိုယ္စားတရားစြဲဆို ေဆာင္႐ြက္ေပးျခင္းဆိုတဲ့သေဘာတရားကို အျပည္ျပည္ဆိုင္ရာဥပေဒက လက္ခံထားျခင္း မရွိပါဘူး။ ယင္းအခ်က္ကို ဂမ္ဘီယာႏိုင္ငံက လက္ခံထားပါတယ္။

၇။ အျပည္ျပည္ဆိုင္ရာတာဝန္ရွိမႈမ်ားအတြက္ ခ်ိဳးေဖာက္မႈတစ္ခုခုေၾကာင့္ နစ္နာမႈကိုခံစားရတဲ့ႏိုင္ငံက အျပည္ ျပည္ဆိုင္ရာတရား႐ုံးသို႔ေတာင္းဆိုမႈျပဳလုပ္ႏိုင္သည္ဆိုျခင္းကို ေမးခြန္းထုတ္ေနစရာမလိုပါဘူး။ သို႔ေသာ္ ဂမ္ဘီယာႏိုင္ငံသည္ နစ္နာသည့္ ႏိုင္ငံမဟုတ္သျဖင့္ ေတာင္းဆိုပိုင္ခြင့္မရွိပါ။

၈။ နစ္နာသည့္ႏိုင္ငံမဟုတ္သည့္ဂမ္ဘီယာႏိုင္ငံအေနျဖင့္ တရား႐ုံးကိုတင္ျပတိုင္တန္းႏိုင္ဖို႔ဆိုရင္ ေတာင္းဆိုမႈ၏ အဓိကအေၾကာင္းျခင္းရာျဖစ္ေသာႏိုင္ငံ၏ဥပေဒေၾကာင္းအရ အက်ိဳးစီးပြားရွိသည္ဟု ထုတ္ေဖာ္ျပသရန္ လိုအပ္ ပါတယ္။ အဆိုပါအေၾကာင္းကို ဂမ္ဘီယာႏိုင္ငံမွ တင္ျပႏိုင္ျခင္းမရွိပါ။

၉။ မိမိေတာင္းဆိုသည့္အေၾကာင္းကိစၥရပ္ဆိုသည္မွာ တရား႐ုံးသို႔တင္သြင္းမႈအေပၚကေန အဆုံးအျဖတ္ခံယူရ တာျဖစ္ပါတယ္။ အႏွစ္သာရအားျဖင့္ ျမန္မာႏိုင္ငံတြင္ ရခိုင္ျပည္နယ္၊ ေျမာက္ပိုင္းရွိ ထိခိုက္ခံစားခဲ့ရေသာသူမ်ား အေပၚ လူမ်ိဳးျပဳန္းတီးေစေသာအမႈအား က်ဴးလြန္သည္ဟုစြပ္စြဲခ်က္အေပၚ ျမန္မာႏိုင္ငံက Genocide Convention ကို ခ်ိဳးေဖာက္သျဖင့္ တာဝန္ရွိေၾကာင္း တရား႐ုံးကေၾကျငာေပးရန္ ဂမ္ဘီယာကေတာင္းဆိုျခင္း ျဖစ္ပါတယ္။

၁ဝ။ နစ္နာမႈမရွိသည့္ႏိုင္ငံတစ္ႏိုင္ငံသည္ Genocide Convention ပါျပ႒ာန္းခ်က္မ်ားႏွင့္ အက်ဳံးဝင္သက္ဆိုင္ ေနေသာအေျခအေနရွိမွသာလွ်င္ တရား႐ုံးေရွ႕ေမွာက္ တင္ျပႏိုင္မွာျဖစ္ရာ ၎ကိုေအာက္ ေဖာ္ျပပါအတိုင္း ေကာက္ခ်က္ခ်ႏိုင္ပါတယ္။
ပထမအခ်က္အေနျဖင့္ အျခားႏိုင္ငံတစ္ႏိုင္ငံ၏တာဝန္ခ်ိဳးေဖာက္မႈသည္ မိမိႏိုင္ငံသားမ်ားအေပၚ တိုက္႐ိုက္ ေသာ္လည္းေကာင္း သြယ္ဝိုက္၍ေသာ္လည္းေကာင္း အဓိကအက်ိဳးစီးပြားအေပၚ ထိခိုက္မႈမရွိလွ်င္ေတာင္မွ ကြန္ဗင္းရွင္းအဖြဲ႕ဝင္ႏိုင္ငံမ်ား၏တာဝန္ဝတၱရားမ်ားအရ လိုက္နာေဆာင္႐ြက္ရာတြင္ ႏိုင္ငံတစ္ႏိုင္ငံအေနနဲ႔ ဥပေဒဆိုင္ရာအက်ိဳးစီးပြားတစ္ရပ္ သီးျခားရွိေနဖို႔လိုပါတယ္။

ဒုတိယအခ်က္အေနျဖင့္ဆိုခဲ့သည့္ ဥပေဒဆိုင္ရာအက်ိဳးစီးပြားတြင္ ကြန္ဗင္းရွင္း၏အပိုဒ္(၈)အရ ကုလသမဂၢ၏ အဓိကအဖြဲ႕အစည္းမ်ားတြင္ေျဖရွင္းႏိုင္သည္သာမက တရား႐ုံးေရွ႕ေမွာက္တြင္ ဥပေဒေၾကာင္းအရ တရားစြဲဆိုမႈ ကိုလည္း ျပဳလုပ္ႏိုင္ျခင္းျဖစ္ပါတယ္။

၁၁။ လူသားခ်င္းေထာက္ထားစာနာမႈဆိုင္ရာယူဆခ်က္ေတြဟာ ဥပေဒဆိုင္ရာအခြင့္အေရးႏွင့္တာဝန္ေတြကို လုပ္ယူဖန္တီးဖို႔လုံေလာက္တဲ့အေၾကာင္းတရားေတြ မဟုတ္ပါဘူး။ တရား႐ုံးက ေဖာ္ျပခဲ့သလိုပါဘဲ “အမွား၊ အမွန္ ခြဲျခားႏိုင္ေသာမူသေဘာကို ထည့္သြင္းစဥ္းစားေပးႏိုင္သည္မွာ တရား႐ုံး၏ဥပေဒျဖစ္ၿပီး ဥပေဒက ေဖာ္ျပ ေပးထားသေလာက္သာ ထည့္သြင္းစဥ္းစားေပးႏိုင္တာျဖစ္ပါတယ္”

၁၂။ ဒါေၾကာင့္ တရား႐ုံးကဆုံးျဖတ္ရမည့္ျပႆနာမွာ Genocide Convention ကို လိုက္နာရာမွာ ႏိုင္ငံေရး ဆိုင္ရာနဲ႔ လူသားခ်င္းစာနာမႈဆိုင္ရာအက်ိဳးစီးပြားမွ်သာမဟုတ္ဘဲ ဥပေဒဆိုင္ရာအခြင့္အေရး (သို႔မဟုတ္) အက်ိဳးစီးပြားတစ္ရပ္ရပ္ကို ဂမ္ဘီယာႏိုင္ငံသို႔အပ္ႏွင္းပါသလား။ ျမန္မာႏိုင္ငံက ရခိုင္ျပည္နယ္ေျမာက္ပိုင္းရွိ ထိခိုက္ခံရသူတို႔အေပၚ လူမ်ိဳးသုဥ္းသတ္ျဖတ္မႈက်ဴးလြန္ေၾကာင္းစြပ္စြဲျခင္းျဖင့္ Genocide Convention ကို ခ်ိဳးေဖာက္ေၾကာင္းစြပ္စြဲခ်က္အေပၚ ျမန္မာႏိုင္ငံက တာဝန္ရွိသည္ဟု တရား႐ုံးက သတ္မွတ္ေၾကညာရန္ ဂမ္ဘီယာႏိုင္ငံက ေတာင္းဆိုခြင့္ရွိပါသလားဟုဆိုေသာ အခ်က္ျဖစ္ပါတယ္။

၁၃။ ဂမ္ဘီယာႏိုင္ငံက အဆိုပါဥပေဒဆိုင္ရာအခြင့္အေရးမရွိခဲ့လွ်င္ ၎အေနျဖင့္ အမ်ိဳးမ်ိဳးေသာစြပ္စြဲခ်က္မ်ားရွိ ခဲ့လွ်င္ေတာင္မွ ေတာင္းဆိုခ်က္အတိုင္းေၾကညာေပးရန္ ေဆာင္႐ြက္ႏိုင္သည့္အေျခအေနမရွိပါ။

ဂမ္ဘီယာႏိုင္ငံတြင္ ဥပေဒဆိုင္ရာအခြင့္အေရးမရွိျခင္း ။ ။
ဥကၠ႒ႀကီးႏွင့္ ဂုဏ္သေရရွိတရားသူႀကီးမင္းမ်ား ခင္ဗ်ာ…
၁၄။ Genocide Convention တြင္ အဖြဲ႕ဝင္ႏိုင္ငံမ်ားအား မိမိႏိုင္ငံျပင္ပရွိ မိမိႏိုင္ငံသား မဟုတ္ေသာသူမ်ား အေပၚ လူမ်ိဳးသုဥ္းသတ္ျဖတ္ျခင္းကို က်ဴးလြန္လ်က္ရွိေၾကာင္းစြပ္စြဲခ်က္ႏွင့္စပ္လ်ဥ္း၍ အဖြဲ႕ဝင္ႏိုင္ငံမ်ား၏ တစ္ႏိုင္ငံခ်င္းစီတြင္ ဥပေဒဆိုင္ရာအခြင့္အေရးျဖစ္ေစ၊ အက်ိဳးခံစားခြင့္ျဖစ္ေစ ေပးအပ္ထားျခင္းမရွိေၾကာင္းကို ျမန္မာႏိုင္ငံက တင္ျပထားပါတယ္။ ကြန္ဗင္းရွင္းတြင္ တရား႐ုံးအေနျဖင့္ စာခ်ဳပ္ဝင္ႏိုင္ငံမ်ားအား ႀကီးၾကပ္ ေဆာင္႐ြက္ႏိုင္ေသာ အေထြေထြတရားစီရင္ေရးဆိုင္ရာအခြင့္အာဏာကဲ့သို႔ျပဳႏိုင္ေၾကာင္း ေဖာ္ျပခ်က္မ်ိဳးမရွိ ေၾကာင္း ေတြ႕ရွိရပါတယ္။

ႏိုင္ငံအမ်ားႏွင့္ ႏိုင္ငံတစ္ႏိုင္ငံခ်င္းစီဆိုင္ရာ ဥပေဒအက်ိဳးခံစားခြင့္ ကြဲျပားျခားနားခ်က္ ။ ။
၁၅။ အေျခအေနအရပ္ရပ္အားလုံးတြင္ Genocide Convention အရ ကြန္ဗင္းရွင္းအဖြဲ႕ဝင္ႏိုင္ငံမ်ား၏ တာဝန္ဝတၱရားမ်ား၌ တစ္ႏိုင္ငံခ်င္းစီက ေစာင့္ထိန္းရန္ တာဝန္ရွိျခင္းေၾကာင့္ စာခ်ဳပ္အဖြဲ႕ဝင္တစ္ႏိုင္ငံစီတြင္ တစ္ႏိုင္ငံခ်င္းစီအလိုက္ ဥပေဒေၾကာင္းအရ အက်ိဳးခံစားခြင့္ရွိျခင္းႏွင့္စပ္လ်ဥ္း၍ တရား႐ုံးကမည္သည့္အခါကမွ် ေဖာ္ျပျခင္းမရွိခဲ့ေၾကာင္းကို အလ်ဥ္းသင့္၍ မိမိ၏ေတြ႕ရွိခ်က္ကိုတင္ျပလိုပါတယ္။ Genocide Convention တြင္ ခြၽင္းခ်က္ထားျခင္းႏွင့္စပ္လ်ဥ္း၍ တရား႐ုံး၏အႀကံျပဳခ်က္တြင္ ေအာက္ပါအတိုင္းေဖာ္ျပထားခဲ့ပါတယ္။

“ဤသို႔ေသာကြန္ဗင္းရွင္းတြင္ စာခ်ဳပ္ဝင္ႏိုင္ငံမ်ားသည္ ၎ကိုယ္ပိုင္အက်ိဳးစီးပြားခံစားခြင့္မရွိဘဲ ၎တို႔တြင္ ကြန္ဗင္းရွင္း၏အဓိကရည္႐ြယ္ခ်က္ၿပီးေျမာက္ေအာင္ေဆာင္႐ြက္ျခင္းအတြက္ အဖြဲ႕ဝင္ႏိုင္ငံမ်ားအားလုံးႏွင့္ သက္ဆိုင္သည့္အက်ိဳးစီးပြား (Common Interest) တစ္ခုတည္းသာရွိပါသည္”

၁၆။ ယခုအမႈႏွင့္စပ္လ်ဥ္း၍ တရား႐ုံး၏ၾကားျဖတ္စီမံေဆာင္႐ြက္ခ်က္အမိန႔္တြင္ တရား႐ုံးက ေအာက္ေဖာ္ျပပါ အတိုင္း ဆုံးျဖတ္ထားပါတယ္။
“Genocide Convention ၏ အဖြဲ႕ဝင္ႏိုင္ငံမ်ားအားလုံးသည္ လူမ်ိဳးသုဥ္းသတ္ျဖတ္မႈကိုကာကြယ္ရန္ အဖြဲ႕ဝင္ ႏိုင္ငံမ်ားအားလုံးႏွင့္သက္ဆိုင္ေသာအက်ိဳးစီးပြား (Common Interest) ရွိရန္လိုအပ္ၿပီး ျဖစ္ပြားခဲ့ပါကလည္း ျပဳလုပ္သူမ်ားကို ျပစ္ဒဏ္မွလြတ္ၿငိမ္းခြင့္ မေပးသင့္ပါ”

၁၇။ ကြန္းဗင္းရွင္း၏အဓိကရည္႐ြယ္ခ်က္မ်ားကို ၿပီးျပည့္စုံေအာင္ေဆာင္႐ြက္ရာတြင္ အဖြဲ႕ဝင္ႏိုင္ငံမ်ား အားလုံး ႏွင့္သက္ဆိုင္ေသာအက်ိဳးစီးပြား (Common Interest) သည္ တရား႐ုံးေရွ႕ေမွာက္တြင္ အတည္ျပဳရန္အတြက္ ႏိုင္ငံတစ္ႏိုင္ငံ၏ဥပေဒဆိုင္ရာ အက်ိဳးခံစားခြင့္ႏွင့္ တူညီမႈမရွိပါဘူး။ ၁၉၅၁ ခုႏွစ္က တရား႐ုံး၏အႀကံျပဳခ်က္တြင္ Genocide Convention ကို ခြၽင္းခ်က္ထားျခင္းအေပၚကန႔္ကြက္ရာတြင္ တရား႐ုံးကလက္မွတ္ေရးထိုး အဖြဲ႕ဝင္ ႏိုင္ငံမ်ားအားလုံးႏွင့္သက္ဆိုင္ေသာအက်ိဳးစီးပြား (Common Interest) ႏွင့္ လက္မွတ္ေရးထိုးထားသည့္ႏိုင္ငံ တစ္ႏိုင္ငံခ်င္းစီ၏ဥပေဒဆိုင္ရာအက်ိဳးခံစားခြင့္တို႔အၾကား ခြဲျခမ္းစိတ္ျဖာ၍ ေဖာ္ျပထားၿပီးျဖစ္ပါတယ္။

၁၈။ Genocide Convention ၏ အပိုဒ္ ၆ ႏွင့္ အပိုဒ္ ၇ တြင္ အဖြဲ႕ဝင္ႏိုင္ငံမ်ားအားလုံးႏွင့္သက္ဆိုင္ေသာ အက်ိဳးစီးပြား (Common Interest) ၏စကားရပ္အား အကန႔္အသတ္ျဖင့္ေဖာ္ျပထားပါတယ္။ အဆိုပါေဖာ္ျပ ခ်က္မ်ားသည္ စာခ်ဳပ္ဝင္ႏိုင္ငံမ်ားအား မိမိတို႔နယ္ေျမ၏ျပင္ပတြင္ျဖစ္ပြားေသာ လူမ်ိဳးသုဥ္းသတ္ျဖတ္မႈက်ဴးလြန္ သည္ဟု စြပ္စြဲခံရသူမ်ားကို အေရးယူေဆာင္႐ြက္ႏိုင္ရန္ အခြင့္အာဏာေပးအပ္ထားျခင္းမရွိသည့္အျပင္ ထိုသို႔ ေသာက်ဴးလြန္မႈမ်ားအတြက္ တရားခံလႊဲေျပာင္းေပးရန္ ေတာင္းဆိုပိုင္ခြင့္လည္း မေပးထားပါ။

၁၉။ အျပည္ျပည္ဆိုင္ရာတရား႐ုံး ICJ က ဆုံးျဖတ္ခဲ့သည့္ Bosnian Genocide အမႈမွာ တရား႐ုံးမွ ေလွ်ာက္ထား သူ၏နယ္နိမိတ္ျပင္ပရွိ ၎၏ႏိုင္ငံသားမဟုတ္သူမ်ားအေပၚ လူမ်ိဳးတုံးသတ္ျဖတ္မႈက်ဴးလြန္တယ္လို႔ စြပ္စြဲ ေတာင္းဆိုမႈႏွင့္စပ္လ်ဥ္းၿပီး ေလွ်ာက္ထားသူရဲ႕ဥပေဒေၾကာင္းအရ အက်ိဳးခံစားခြင့္တြင္လည္းေကာင္း အမႈစြဲဆို ေဆာင္႐ြက္ပိုင္ခြင့္အေပၚတြင္လည္းေကာင္း ေမးခြန္းထုတ္စရာျဖစ္ေပၚေစႏိုင္တယ္” လို႔ အတိအလင္းေဖာ္ျပခဲ့ပါ တယ္။ ၎အခ်က္သည္ ဥပေဒေၾကာင္းအရ အက်ိဳးခံစားခြင့္ကိုျဖစ္ေစ အမႈစြဲဆိုေဆာင္႐ြက္ပိုင္ခြင့္ကိုျဖစ္ေစ အဖြဲ႕ဝင္ႏိုင္ငံမ်ားအားလုံးႏွင့္သက္ဆိုင္ေသာအက်ိဳးစီးပြား (Common Interest) အရ ေျဖရွင္းေဆာင္႐ြက္ႏိုင္ မည္မဟုတ္ေၾကာင္း ေဖာ္ျပေနပါတယ္။

၂ဝ။ အဖြဲ႕ဝင္ႏိုင္ငံမ်ားအားလုံးႏွင့္သက္ဆိုင္ေသာအက်ိဳးစီးပြား (Common Interest) ကို အသုံးျပဳႏိုင္ေၾကာင္း ဤအမႈႏွင့္စပ္လ်ဥ္း၍ တရား႐ုံးကခ်မွတ္ခဲ့ေသာအမိန႔္တြင္ “မည္သည့္ႏိုင္ငံကမဆို အျငင္းပြားမႈေျဖရွင္းရမည့္ တာဝန္သည္ အျခားကြန္ဗင္းရွင္းအဖြဲ႕ဝင္ႏိုင္ငံမ်ားအတြက္ပါ တာဝန္ရွိပါသည္” ဟု ေဖာ္ျပထားေသာ္လည္း အဆိုပါေျပာဆိုခ်က္တြင္ အဖြဲ႕ဝင္ႏိုင္ငံတစ္ႏိုင္ငံစီႏွင့္ အဖြဲ႕ဝင္ႏိုင္ငံတိုင္းတြင္ ႏိုင္ငံတစ္ႏိုင္ငံ၏ဥပေဒဆိုင္ရာ အက်ိဳးခံစားခြင့္ျဖင့္ တရားစြဲဆိုႏိုင္ျခင္း ရွိ/ မရွိကို ေျပာဆိုထားျခင္းမရွိပါ။

၂၁။ ဥပမာ Genocide Convention ၏ အပိုဒ္ ၅ အရ အဖြဲ႕ဝင္ႏိုင္ငံမ်ားသည္ ကြန္ဗင္းရွင္းပါျပ႒ာန္းခ်က္မ်ားကို အေကာင္အထည္ေဖာ္ရန္အတြက္ လိုအပ္သည့္ဥပေဒျပ႒ာန္းရန္တာဝန္ရွိၿပီး အဓိကအားျဖင့္ လူမ်ိဳးသုဥ္း သတ္ျဖတ္မႈကို က်ဴးလြန္သူမ်ားအား ထိေရာက္သည့္ျပစ္ဒဏ္ေပးရန္လည္း တာဝန္ရွိပါတယ္။

ဥကၠ႒ႀကီးႏွင့္ ဂုဏ္သေရရွိတရားသူႀကီးမင္းမ်ား ခင္ဗ်ာ…
၂၂။ ဥပမာအားျဖင့္ Liechtenstein ႏိုင္ငံက Tonga ႏိုင္ငံတြင္ လူမ်ိဳးသုဥ္းသတ္ျဖတ္မႈအတြက္ သတ္မွတ္ထား ေသာျပစ္ဒဏ္မ်ားသည္ ထိေရာက္မႈမရွိဟုယူဆေသာေၾကာင့္ Tonga ႏိုင္ငံက Genocide Convention ကို ခ်ိဳးေဖာက္ေၾကာင္းစြပ္စြဲခ်က္ျဖင့္ ဤတရား႐ုံးေရွ႕ေမွာက္တြင္ Tonga ႏိုင္ငံကို ႏိုင္ငံတစ္ႏိုင္ငံ၏ဥပေဒဆိုင္ရာ အက်ိဳးခံစားခြင့္အရ တရားစြဲဆိုခြင့္ရွိသလားဆိုလွ်င္ အေျဖက တရားစြဲဆိုခြင့္မရွိပါဟုသာ ေျပာႏိုင္ပါတယ္။

၂၃။ Genocide Convention အရ စာခ်ဳပ္ဝင္ႏိုင္ငံတစ္ႏိုင္ငံခ်င္းစီတြင္ တရားစြဲဆိုအေရးယူေဆာင္႐ြက္ႏိုင္ေသာ ဥပေဒဆိုင္ရာအက်ိဳးခံစားခြင့္ရွိလွ်င္ မည္သည့္အခ်ိန္တြင္မဆို Genocide Convention ၏ အပိုဒ္ ၉ အရ တရား႐ုံး၏စီရင္ပိုင္ခြင့္ကို ႁခြင္းခ်က္မထားသည့္စာခ်ဳပ္ဝင္ ၁၃၆ ႏိုင္ငံ အသီးသီးက က်န္ ၁၃၅ ႏိုင္ငံထဲမွ မည္သည့္ႏိုင္ငံတစ္ႏိုင္ငံကိုမဆို ကြန္ဗင္းရွင္းအရ ၎တို႔၏တာဝန္မ်ားကိုခ်ိဳးေဖာက္ေၾကာင္းစြပ္စြဲခ်က္ျဖင့္ တရားစြဲဆိုႏိုင္မွာျဖစ္ပါတယ္။ ျမန္မာႏိုင္ငံမွ စာျဖင့္ေရးသားထားသည့္ေလွ်ာက္လဲခ်က္တြင္ တင္ျပထားခဲ့သလို ပင္ မီးေသဆုံးျဖတ္ခ်က္က အက်ိဳးသက္ေရာက္မႈမရွိေသာေၾကာင့္ ထိုသို႔ေသာအမႈတြင္ အျခားေသာ ၁၃၄ ႏိုင္ငံ က တရား႐ုံး၏ စီရင္ထုံးကိုလိုက္နာႏိုင္မည္မဟုတ္ပါ။ ထို႔အတြက္ေၾကာင့္ အဆိုပါစာခ်ဳပ္ဝင္ႏိုင္ငံမ်ားသည္ ႏိုင္ငံတစ္ခုတည္းအေပၚေတာင္းဆိုမႈတစ္ခုတည္းျဖင့္ ထပ္ခါထပ္ခါတရားစြဲဆိုႏိုင္ခြင့္ရရွိသြားေတာ့မွာ ျဖစ္ပါ တယ္။

၂၄။ Genocide Convention အာဏာသက္ဝင္ၿပီးေနာက္ ၇၁ ႏွစ္တာကာလအတြင္း ကမာၻတစ္ဝွမ္းတြင္ ထိုသို႔ ေသာ လူမ်ိဳးတုန္းသတ္ျဖတ္မႈက်ဴးလြန္သည္ဟုစြပ္စြဲခ်က္အမ်ားအျပားရွိခဲ့ေသာ္လည္း မည္သည့္ႏိုင္ငံကမွ် မိမိႏိုင္ငံ၏အက်ိဳးစီးပြား (သို႔မဟုတ္) မိမိႏိုင္ငံသားမ်ား၏ အက်ိဳးစီးပြားကိုထိခိုက္မႈမရွိေစဘဲ ကြန္ဗင္းရွင္းကို ခ်ိဳးေဖာက္ေၾကာင္းစြပ္စြဲ၍ တရား႐ုံး၌ တရားစြဲဆိုခဲ့ျခင္းမရွိခဲ့ပါ။ ဤအခ်က္ကို ခိုင္လုံေသာအခ်က္ဟု မေျပာႏိုင္ ေသာ္လည္း စာခ်ဳပ္ဝင္ႏိုင္ငံမ်ားသည္ ေယဘုယ်အားျဖင့္ စာခ်ဳပ္ဝင္ႏိုင္ငံတစ္ႏိုင္ငံက ကြန္ဗင္းရွင္းကိုခ်ိဳးေဖာက္ ျခင္းႏွင့္စပ္လ်ဥ္း၍ အျခားစာခ်ဳပ္ဝင္ႏိုင္ငံတြင္တာဝန္ရွိေၾကာင္း တရား႐ုံးက ေၾကညာႏိုင္ရန္အတြက္ မည္သည့္ ႏိုင္ငံကမွ် တရား႐ုံးသို႔ေတာင္းဆိုႏိုင္ခြင့္ရွိသည္ဟု မယူဆၾကသည္ကို ဤအခ်က္က ၫႊန္ျပေနပါတယ္။


ႏိုင္ငံတစ္ႏိုင္ငံ၏ဥပေဒဆိုင္ရာအက်ိဳးခံစားခြင့္သည္ အပိုဒ္ ၉ စီရင္ပိုင္ခြင့္ဆိုင္ရာအခ်က္မွေပၚေပါက္လာျခင္း မဟုတ္ေၾကာင္း ။ ။
၂၅။ အထူး (သို႔မဟုတ္) တိုက္႐ိုက္ ထိခိုက္သည့္အခ်က္မရွိေသာ္ျငား Genocide Convention အပိုဒ္ ၉ သည္ လက္ရွိအမႈတြင္ တရား႐ုံးက အမႈကိုစစ္ေဆးၾကားနာႏိုင္ရန္အတြက္ လက္ခံႏိုင္ေၾကာင္း ဂမ္ဘီယာက ေလွ်ာက္လဲထားပါတယ္။ သို႔ရာတြင္ အပိုဒ္ ၉ သည္စီရင္ပိုင္ခြင့္ႏွင့္သာသက္ဆိုင္ၿပီး အမႈလက္ခံမႈႏွင့္ ၎၏ ရပ္တည္ခ်က္ျပႆနာႏွင့္မသက္ဆိုင္ပါ။ ၎၏ရပ္တည္မႈအတြက္ ႏိုင္ငံတစ္ႏိုင္ငံ၏ဥပေဒဆိုင္ရာ အက်ိဳးခံစား ခြင့္ရွိရန္လိုအပ္ၿပီး သို႔မွသာ တရား႐ုံးသို႔ ေလွ်ာက္ထားေတာင္းဆိုႏိုင္ပါမယ္ဟု ျမန္မာႏိုင္ငံက ေလွ်ာက္လဲထားပါ တယ္။

၂၆။ အပိုဒ္ ၉ စီရင္ပိုင္ခြင့္အခ်က္မွမည္သည့္ ႏိုင္ငံတစ္ႏိုင္ငံ၏ဥပေဒဆိုင္ရာအက်ိဳးခံစားခြင့္မွ် ေပၚေပါက္လာ ျခင္းမရွိပါ။ တရား႐ုံးက မွတ္ခ်က္ျပဳထားသည့္အတိုင္း စီရင္ပိုင္ခြင့္ဆိုင္ရာအပိုဒ္မ်ားသည္ ၎တို႔၏ သေဘာ သဘာဝႏွင့္ အက်ိဳးသက္ေရာက္မႈ၏ လုပ္ထုံးလုပ္နည္းမွ်သာျဖစ္ၿပီး အရင္းခံဥပေဒမဟုတ္ပါ။ စီရင္ပိုင္ခြင့္ဆိုင္ရာ အပိုဒ္တစ္ပိုဒ္တြင္ပါဝင္သည့္ အရည္အေသြးသည္ ႏိုင္ငံတစ္ႏိုင္ငံက ရပ္တည္ခ်က္ ရွိ/မရွိ ေမးခြန္းကို ေျဖရွင္း ႏိုင္ျခင္းမရွိပါ။ တရား႐ုံးကိုယ္တိုင္က ေထာက္ျပထားသည့္အတိုင္း တရား႐ုံး၏ ျပ႒ာန္းဥပေဒအပိုဒ္ ၃၆ စာပိုဒ္ ၂ အရ ေၾကညာခ်က္အပိုဒ္ရွိ က်ယ္ျပန႔္ေသာဘာသာစကား၌အက်ဳံးဝင္သည့္ အျငင္းပြားမႈမ်ားအားလုံးကို ႏိုင္ငံ တစ္ႏိုင္ငံ၏ဥပေဒဆိုင္ရာအက်ိဳးခံစားခြင့္အတြက္ေတာင္းဆိုမႈမ်ားမွ ကင္းလြတ္ခြင့္ျပဳရန္ႏိုင္ငံမ်ားက ျပဳလုပ္ ႏိုင္ပါတယ္။

၂၇။ ႏိုင္ငံတစ္ႏိုင္ငံ၏ဥပေဒဆိုင္ရာအက်ိဳးခံစားခြင့္ရွိေၾကာင္း ရပ္တည္ခ်က္ရွိေၾကာင္းသက္ေသျပရန္ မလုပ္ ေဆာင္ခဲ့ပါဘဲ အပိုဒ္ ၉ အရ တရား႐ုံးတြင္ စီရင္ပိုင္ခြင့္ရွိေၾကာင္း ၎၏စာျဖင့္ေရးသားေလွ်ာက္လဲခ်က္တြင္ ဂမ္ဘီယာက ရွည္လ်ားစြာေဖာ္ျပရန္ အားထုတ္ခဲ့ပါတယ္။
Genocide Convention အရမည္သည့္ စာခ်ဳပ္ဝင္ႏိုင္ငံတစ္ႏိုင္ငံက စာခ်ဳပ္ဝင္အျခားႏိုင္ငံမ်ားအေပၚ တာဝန္ရွိမႈမွ ဥပေဒဆိုင္ရာ အက်ိဳးခံစားခြင့္ေပၚေပါက္လာျခင္းမရွိ။

၂၈။ Genocide Convention အရ စာခ်ဳပ္ဝင္ႏိုင္ငံတစ္ႏိုင္ငံက စာခ်ဳပ္ဝင္အျခားႏိုင္ငံမ်ား အက်ိဳးအတြက္ တာဝန္ရွိေသာေၾကာင့္ ၎၏အထူးအက်ိဳးစီးပြားရွိမႈ/မရွိမႈကို သက္ေသျပရန္မလိုဘဲ ေလ်ာ္ေၾကးရရွိရန္ စာခ်ဳပ္ဝင္ႏိုင္ငံတစ္ႏိုင္ငံက စာခ်ဳပ္ဝင္အျခား မည္သည့္ႏိုင္ငံမ်ားအေပၚ တရားစြဲဆိုခြင့္ရွိေၾကာင္း ဂမ္ဘီယာက ေလွ်ာက္လဲထားပါတယ္။

၂၉။ သို႔ရာတြင္ စာခ်ဳပ္တစ္ခုအရ စာခ်ဳပ္ဝင္အျခားႏိုင္ငံမ်ားအက်ိဳးအတြက္တာဝန္ရွိမႈသည္ စာခ်ဳပ္ဝင္ႏိုင္ငံ အားလုံးကို တရား႐ုံးေရွ႕၌ေျဖရွင္းရန္ အလိုအေလ်ာက္ခြင့္ျပဳထားျခင္း မရွိပါ။ တာဝန္တစ္ရပ္၏ခိုင္မာေသာ သြင္ျပင္လကၡဏာသည္ စီရင္ပိုင္ခြင့္ႏွင့္ အမႈလက္ခံမႈဆိုင္ရာ လုပ္ထုံးလုပ္နည္းလိုအပ္ခ်က္မ်ားမွာ ကြဲျပားျခားနား ပါတယ္။

၃ဝ။ တရား႐ုံးကေအာက္ပါအတိုင္း ေဖာ္ျပထားပါတယ္ ။ ။
“စာခ်ဳပ္ဝင္အျခားႏိုင္ငံမ်ားအက်ိဳးအတြက္တာဝန္ရွိမႈ သြင္ျပင္လကၡဏာ၏ စံႏွင့္ စီရင္ပိုင္ခြင့္ဆိုင္ရာလုပ္ထုံး လုပ္နည္းမ်ားသည္ မတူညီေသာအရာႏွစ္ခုျဖစ္ပါသည္။ စာခ်ဳပ္ဝင္ အျခားႏိုင္ငံမ်ားအက်ိဳးအတြက္ တာဝန္ရွိမႈ အခြင့္အေရးႏွင့္ တာဝန္ဝတၱရားမ်ားသည္ေျဖရွင္းရန္ တရား႐ုံးစီရင္ပိုင္ခြင့္မေပးထားေသာ အျငင္းပြားမႈတစ္ခုမွ ျငင္းခ်က္မွ်သာျဖစ္ႏိုင္ပါသည္။

၃၁။ စာခ်ဳပ္ဝင္အျခားႏိုင္ငံမ်ားအက်ိဳးအတြက္ တာဝန္ရွိမႈတစ္ခု၏သြင္ျပင္လကၡဏာသည္ အမႈကိုလက္ခံရန္ ေတာင္းဆိုမႈအတြက္ အေျခခံအခ်က္မျဖစ္ႏိုင္ပါ။ Belgium v. Senegal အမႈတြင္ တရားသူႀကီး Xue က “အမ်ားသူငါအက်ိဳးစီးပြားအတြက္တရား႐ုံးတြင္ အမႈစြဲဆိုရန္ ႏိုင္ငံတိုင္းႏွင့္ တစ္ႏိုင္ငံခ်င္းစီ၌ ေယဘုယ်အားျဖင့္ အခြင့္အေရးမရွိပါ” ဟု ၫႊန္ျပထားပါတယ္။

၃၂။ လက္ရွိတရားစြဲဆိုေဆာင္႐ြက္မႈမ်ားအနက္ Barcelona Traction case တြင္ စာခ်ဳပ္ဝင္ အျခားႏိုင္ငံမ်ား အက်ိဳးအတြက္ တာဝန္ရွိမႈသည္ လူသားတို႔၏အေျခခံအခြင့္အေရးႏွင့္သက္ဆိုင္သည့္ နည္းဥပေဒမ်ားႏွင့္ စည္းမ်ဥ္းမ်ား၊ လူမ်ိဳးတုန္းသတ္ျဖတ္ျခင္းလုပ္ေဆာင္မႈ၌ ဥပေဒကိုမ်က္ကြယ္ျပဳျခင္းမ်ားမွ ဆင္းသက္လာေၾကာင္း တရား႐ုံးကဆုံးျဖတ္ထားပါတယ္။ သို႔ရာတြင္ တာဝန္ရွိမႈမ်ား၏ထူးျခားခ်က္မွာ အမႈကိုလက္ခံရန္ ေတာင္းဆိုျခင္း ဆိုင္ရာေမးခြန္းကို ေျဖရွင္းမႈမျပဳႏိုင္ျခင္းပင္ျဖစ္ပါတယ္။ တရား႐ုံးက သုံးသပ္သည္မွာ လူ႔အခြင့္အေရးပါဝင္ေသာ စာခ်ဳပ္မ်ားပင္လွ်င္ ၎တို႔၏ႏိုင္ငံသားႏွင့္မသက္ဆိုင္လွ်င္ နစ္နာသူအေပၚခ်ိဳးေဖာက္ေသာကိစၥမ်ားကို ကာကြယ္ရန္ စာခ်ဳပ္ဝင္ႏိုင္ငံမ်ားသို႔လုပ္ပိုင္ခြင့္အပ္ႏွင္းထားျခင္း မရွိေပ။ ဤဆက္သြယ္မႈတြင္ Judge Shahabuddeen ၏ ‘ဂ်ီႏိုဆိုက္ကြန္ဗင္းရွင္းသည္ ကုလသမဂၢက ခ်မွတ္ထားသည့္ ပထမဆုံးေသာ လူ႔အခြင့္ အေရးစာခ်ဳပ္ဟုေဖာ္ျပရန္ ယုတၱိမရွိေၾကာင္း’ အကဲျဖတ္မႈကို ျပန္လည္အမွတ္ရေစလိုပါတယ္။

၃၃။ တရားသူႀကီး Ammoun က Barcelona Traction အမႈမွာ “အမ်ားသူငွာအက်ိဳးကာကြယ္ဖို႔အတြက္ ေဆာင္႐ြက္တဲ့ႏိုင္ငံတစ္ႏိုင္ငံဟာ ဥပေဒအရ အကာအကြယ္ျပဳထားတဲ့ တရားဝင္အက်ိဳးစီးပြားစပ္ဆိုင္မႈရွိ ေၾကာင္း သက္ေသျပရမယ္” လို႔ေဖာ္ျပခဲ့ပါတယ္။

၃၄။ Bosnian Genocide အမႈမွာ “နယ္နိမိတ္တြင္ ႏိုင္ငံသားမဟုတ္သူမ်ားအား က်ဴးလြန္တယ္လို႔ စြပ္စြဲခံထားရ တဲ့လူမ်ိဳးသုဥ္းသတ္ျဖတ္မႈႏွင့္စပ္လ်ဥ္းသည့္ေလွ်ာက္ထားသူရဲ႕ေတာင္းဆိုခ်က္” ကို တရား႐ုံးကအေလးေပး ေဖာ္ျပခဲ့ပါတယ္။ တရား႐ုံးက “ ဒီေတာင္းဆိုခ်က္ဟာ ေဘာစနီးယားႏိုင္ငံသား မဟုတ္သူမ်ားႏွင့္ဆက္စပ္ေနသမွ် အဆိုပါကိစၥႏွင့္စပ္လ်ဥ္း၍ ေလွ်ာက္ထားသူရဲ႕ဥပေဒဆိုင္ရာအက်ိဳးစီးပြား (သို႔မဟုတ္) အမႈစြဲဆို ေဆာင္႐ြက္ပိုင္ ခြင့္အေပၚတြင္လည္းေကာင္း၊ ႏိုင္ငံတကာဥပေဒစံႏႈန္းကို ပစ္ပယ္၍ မရဆိုေသာ မူသေဘာတရားႏွင့္ ႏိုင္ငံတကာ လူ႔အသိုင္းအဝိုင္းအေပၚတာဝန္ခံမႈသေဘာတရားမ်ားအေပၚတြင္လည္းေကာင္း ျပႆနာ ျဖစ္ေပၚေစႏိုင္ပါ တယ္” လို႔ ေဖာ္ျပခဲ့ပါတယ္။

၃၅။ တရား႐ုံးအေနနဲ႔ အဆိုပါဥပေဒျပႆနာမ်ားကို ကိုင္တြယ္ေျဖရွင္းစရာမလိုခဲ့ေသာ္လည္း Genocide Convention အရ စာခ်ဳပ္ဝင္အျခားႏိုင္ငံမ်ား အက်ိဳးအတြက္တာဝန္ရွိမႈ၏သြင္ျပင္လကၡဏာသည္ အလိုအေလ်ာက္တရားစြဲဆို ေဆာင္႐ြက္ႏိုင္ခြင့္မရွိေၾကာင္းကို ကိုးကားစာပိုဒ္၌ေဖာ္ျပထားပါတယ္။

တာဝန္ရွိမႈဆိုင္ရာေတာင္းဆိုခ်က္(Invocation of responsibility) ႏွင့္ ေတာင္းဆိုခ်က္မ်ားအား လက္ခံခြင့္ျပဳ ျခင္း (Admissibility of Claims) တို႔ ျခားနားခ်က္ ။ ။
ဥကၠ႒ႀကီးႏွင့္ ဂုဏ္သေရရွိ တရားသူႀကီးမင္းမ်ား ခင္ဗ်ာ…
၃၆။ Genocide Convention အဖြဲ႕ဝင္ႏိုင္ငံတစ္ခုအေနနဲ႔ အထူးအက်ိဳးခံစားခြင့္ရွိေၾကာင္း သက္ေသျပစရာမလို ဘဲ စာခ်ဳပ္ဝင္ႏိုင္ငံတစ္ႏိုင္ငံ၏ တာဝန္ခ်ိဳးေဖာက္မႈတစ္ရပ္ရပ္ႏွင့္စပ္လ်ဥ္းၿပီး ယင္းစာခ်ဳပ္ဝင္ႏိုင္ငံ၏ တာဝန္ရွိမႈ ကို ေတာင္းဆိုခြင့္ရွိသည္ဆိုေသာအခ်က္ကိုအေျခခံ၍ ဂမ္ဘီယာႏိုင္ငံကတရားစြဲဆိုခြင့္ရွိေၾကာင္း တင္ျပထားပါ တယ္။ ဒီတင္ျပခ်က္မွာ အေၾကာင္းအရာႏွစ္ရပ္ကို ဆန္းစစ္ေတြ႕ရွိရပါတယ္။

၃၇။ ပထမအခ်က္က တာဝန္ရွိမႈဆိုင္ရာေတာင္းဆိုခ်က္သည္ ႏိုင္ငံ၏တာဝန္ရွိမႈဆိုင္ရာ ဥပေဒသမွာ ပါဝင္ေနပါ တယ္။ အျပည္ျပည္ဆိုင္ရာဥပေဒေကာ္မရွင္ (ILC) အရဆိုလွ်င္ ေတာင္းဆိုခ်က္သည္ တရားဝင္သေဘာျဖစ္တဲ့ အေရးယူေဆာင္႐ြက္မႈမ်ားျပဳလုပ္ျခင္းအျဖစ္ နားလည္လက္ခံႏိုင္မည္ျဖစ္ပါတယ္။ ဥပမာအားျဖင့္ အျပည္ျပည္ ဆိုင္ရာတရား႐ုံး (သို႔မဟုတ္) ခုံ႐ုံးတစ္ခုခုတြင္ တရားစြဲဆိုမႈစတင္ျပဳလုပ္ျခင္းျဖစ္ပါတယ္။

၃၈။ သို႔ရာတြင္ ႏိုင္ငံ၏တာဝန္ရွိမႈ (State Responsibility) ဆိုင္ရာ ျပဌာန္းခ်က္မ်ားႏွင့္ ပတ္သက္၍ အျပည္ျပည္ ဆိုင္ရာဥပေဒေကာ္မရွင္ (ILC) ၏သုံးသပ္ခ်က္မွာ မွတ္ခ်က္ျပဳထားတာကေတာ့ ၎ျပ႒ာန္းခ်က္မ်ားဟာ အျပည္ ျပည္ဆိုင္ရာတရား႐ုံး(သို႔မဟုတ္) ခုံ႐ုံးေတြမွာ အမႈလက္ခံခြင့္ျပဳျခင္းဆိုင္ရာစည္းကမ္းခ်က္မ်ားႏွင့္ မသက္ဆိုင္ပါ ဘူး။ ဒီျပ႒ာန္းခ်က္ေတြဟာ အျခားႏိုင္ငံ (သို႔မဟုတ္) အျခားႏိုင္ငံမ်ားက တာဝန္ယူေစျခင္းကိုေတာင္းဆိုမႈ အတြက္ သတ္မွတ္ျပ႒ာန္းထားတဲ့စည္းကမ္းခ်က္ေတြပဲျဖစ္ပါတယ္။

၃၉။ ဒါေၾကာင့္ ေတာင္းဆိုမႈမ်ားကို လက္ခံခြင့္ျပဳျခင္းႏွင့္ တရားစြဲဆိုခြင့္ရွိေၾကာင္းကိစၥရပ္တို႔အတြက္ ႏိုင္ငံ၏ တာဝန္ရွိမႈဆိုင္ရာဥပေဒအရ ေကာက္ခ်က္ခ်လို႔မရပါဘူး။ အထူးသျဖင့္ ႏိုင္ငံရဲ႕တာဝန္ရွိမႈကို ကိုးကားေတာင္းဆို ခြင့္ဆိုတာ အျပည္ျပည္ဆိုင္ရာတရား႐ုံး (သို႔မဟုတ္) ခုံ႐ုံးမွာ အမႈတင္သြင္းရန္ ႏိုင္ငံတစ္ႏိုင္ငံ၏ဥပေဒဆိုင္ရာ အက်ိဳးခံစားခြင့္ရွိျခင္းလို႔ အလိုအေလ်ာက္ အဓိပၸါယ္မသက္ေရာက္ပါဘူး။

၄ဝ။ ဒုတိယအခ်က္အေနနဲ႔ တာဝန္ရွိမႈကိုေတာင္းဆိုခြင့္ရွိဖို႔အတြက္ ဥပေဒဆိုင္ရာ အထူးအက်ိဳးခံစားခြင့္ရွိ ေၾကာင္း ေကာင္းစြာသက္ေသျပရန္လိုအပ္ပါတယ္။ လူတစ္ဦးတစ္ေယာက္ခ်င္းအေပၚမွာ ႏိုင္ငံတကာဥပေဒ ခ်ိဳးေဖာက္မႈကိုက်ဴးလြန္ေၾကာင္းစြပ္စြဲထားတဲ့ ယခုလိုအမႈမ်ိဳးမွာ ထိုသို႔သက္ေသျပရန္ အထူးလိုအပ္ပါတယ္။

၄၁။ Genocide Convention ဟာ လူ႔အခြင့္အေရး ကာကြယ္ေစာင့္ေရွာက္ေရးဆိုင္ရာ ႏိုင္ငံတကာစာခ်ဳပ္ေတြ ထဲက တစ္ခုပဲျဖစ္ပါတယ္။ ILC ရဲ႕အသုံးအႏႈန္းအရ သက္ဆိုင္သူတစ္ဦးတစ္ေယာက္ခ်င္းကို မူလအက်ိဳးခံစား ခြင့္ရွိသူေတြအျဖစ္လည္းေကာင္း၊ သက္ဆိုင္ရာအခြင့္အေရးေတြကိုခံစားခြင့္ရွိသူေတြအျဖစ္လည္းေကာင္း မွတ္ယူသင့္တယ္လို႔ ဆိုပါတယ္။

၄၂။ ႏိုင္ငံ၏တာဝန္ရွိမႈ (State Responsibility) ဆိုင္ရာျပ႒ာန္းခ်က္အပိုဒ္ ၄၄၊ အပိုဒ္ခြဲ (က) သည္ ယခုအမႈကိစၥ နဲ႔ဆက္စပ္လ်က္ရွိပါတယ္။ ျပ႒ာန္းခ်က္အပိုဒ္ ၄၄၊ အပိုဒ္ခြဲ (က)တြင္ “ေတာင္းဆိုခ်က္တစ္ရပ္သည္ ႏိုင္ငံသား အတြက္ ေတာင္းဆိုပိုင္ခြင့္ဆိုင္ရာစည္းမ်ဥ္းႏွင့္အညီ ေတာင္းဆိုျခင္းမဟုတ္လွ်င္ ႏိုင္ငံတစ္ႏိုင္ငံ၏တာဝန္ရွိမႈကို ကိုးကားေတာင္းဆိုခြင့္မရွိ” ဟု ျပ႒ာန္းထားၿပီး ယင္းျပဌာန္းခ်က္ဟာ ႏိုင္ငံတကာဓေလ့ထုံးတမ္းဥပေဒကို ထင္ဟပ္လ်က္ရွိပါတယ္။

၄၃။ ႏိုင္ငံသားအတြက္ ေတာင္းဆိုပိုင္ခြင့္ဆိုင္ရာစည္းမ်ဥ္းအရ ႏိုင္ငံတစ္ႏိုင္ငံအေနနဲ႔ အျခားႏိုင္ငံတစ္ႏိုင္ငံက အျပည္ျပည္ဆိုင္ရာဥပေဒႏွင့္ ဆန႔္က်င္လ်က္ျပဳမူျခင္းေၾကာင့္ လူတစ္ဦးတစ္ေယာက္ခ်င္းအေပၚ (သို႔မဟုတ္) လူအုပ္စုအေပၚ ထိခိုက္မႈျဖစ္ေပၚတဲ့အခါ ထိုသို႔ထိခိုက္သူမ်ားသည္ မိမိႏိုင္ငံသားမ်ားျဖစ္မွသာ ကာကြယ္ ေစာင့္ေရွာက္မႈျပဳႏိုင္မွာျဖစ္ပါတယ္။ ႏိုင္ငံတစ္ႏိုင္ငံဟာ မိမိႏိုင္ငံသားမဟုတ္သူမ်ားကို ကာကြယ္ေစာင့္ေရွာက္ ပိုင္ခြင့္မရွိပါဘူး။ မွားယြင္းမႈျပဳေသာႏိုင္ငံ၏ ႏိုင္ငံတကာတာဝန္ရွိမႈကို ကိုးကားေတာင္းဆိုႏိုင္ခြင့္ဆိုတာ ထိခိုက္ခံ ရသည့္ႏိုင္ငံသား၏ ႏိုင္ငံကသာ ခံစားခြင့္ရွိေသာ ဥပေဒဆိုင္ရာအထူးအက်ိဳးခံစားခြင့္ပဲျဖစ္ပါတယ္။ ဒါဟာ ႏိုင္ငံ သား၏ အာမခံခ်က္တစ္ခုပါ။

၄၄။ ႏိုင္ငံသားအတြက္ ေတာင္းဆိုပိုင္ခြင့္ဆိုင္ရာစည္းမ်ဥ္းႏွင့္စပ္လ်ဥ္း၍ ILC က “အျပည္ျပည္ဆိုင္ရာတရား႐ုံး တြင္ အမႈလက္ခံႏိုင္ျခင္း ရွိ/ မရွိ ဟူေသာေမးခြန္းမ်ားသည္ ပို၍အေျခခံက်ေသာလကၡဏာမ်ားျဖစ္လာသည္။ ယင္းေမးခြန္းမ်ားသည္ ႏိုင္ငံတစ္ႏိုင္ငံ၏တာဝန္ရွိမႈအတြက္ ေရွးဦးစြာတင္ျပရမည့္အေျခအေနမ်ားပင္ျဖစ္သည္” ဟု လည္းေကာင္း၊ ႏိုင္ငံ၏တာဝန္ရွိမႈ (State Responsibility) ဆိုင္ရာျပ႒ာန္းခ်က္အပိုဒ္ ၄၄၊ အပိုဒ္ခြဲ (က) တြင္ ႏိုင္ငံသားအတြက္ ေတာင္းဆိုပိုင္ခြင့္ဆိုင္ရာစည္းမ်ဥ္းသည္ တရားစီရင္ေရးအဖြဲ႕မ်ားတြင္ အမႈလက္ခံႏိုင္မႈ ရွိ/ မရွိ ဆိုျခင္းႏွင့္သာ သက္ဆိုင္ေနျခင္းမဟုတ္ဘဲ ၎ႏွင့္သက္ဆိုင္သည့္အမႈကိစၥမ်ားတြင္ တာဝန္ရွိမႈကို ကိုးကား ေတာင္းဆိုႏိုင္ရန္အတြက္ ေယဘုယ်အေျခအေနတစ္ရပ္ႏွင့္လည္း သက္ဆိုင္ေနေၾကာင္း ရွင္းလင္းစြာျပ႒ာန္း ထားသည္” ဟုလည္းေကာင္း ေရးသားေဖာ္ျပခဲ့ပါတယ္။

၄၅။ ႏိုင္ငံသားအတြက္ ေတာင္းဆိုပိုင္ခြင့္ဆိုင္ရာစည္းမ်ဥ္းသည္ စာခ်ဳပ္ဝင္ႏိုင္ငံတစ္ႏိုင္ငံက အျခားစာခ်ဳပ္ဝင္ ႏိုင္ငံအားလုံးအေပၚတာဝန္ရွိမႈကို ခ်ိဳးေဖာက္ျခင္းႏွင့္ သက္ဆိုင္မႈမရွိဘဲ နစ္နာသည့္ႏိုင္ငံႏွင့္ နစ္နာျခင္းမရွိသည့္ ႏိုင္ငံတို႔က အဆိုပါတာဝန္ရွိမႈကို ကိုးကားေတာင္းဆိုသည့္ကိစၥရပ္မ်ားႏွင့္ အက်ဳံးဝင္သက္ဆိုင္ပါတယ္။ ဒီသေဘာတရားကို ႏိုင္ငံ၏တာဝန္ရွိမႈဆိုင္ရာျပ႒ာန္းခ်က္ အပိုဒ္ ၄၂ (ခ)၊ ၄၈(၁)ႏွင့္(၃) တို႔မွာ ရွင္းရွင္းလင္းလင္း ေဖာ္ျပထားပါတယ္။

၄၆။ ဂမ္ဘီယာႏိုင္ငံက ႏိုင္ငံတစ္ႏိုင္ငံသည္ အျခားႏိုင္ငံ၏တာဝန္ရွိမႈကို ကိုးကားေတာင္းဆိုရန္ အခြင့္အေရးရွိ သည္ဆိုလွ်င္ တရား႐ုံးတြင္ ထိုသို႔ေတာင္းဆိုမႈျပဳခြင့္အေနအထားလည္း မလြဲမေသြရွိသည္ဟု ေလွ်ာက္လဲထား တာကိုေတြ႕ရပါတယ္။ သို႔ေသာ္ ယခုတင္ျပခဲ့သလိုပဲ ႏိုင္ငံ၏တာဝန္ရွိမႈဆိုင္ရာဥပေဒသအရ ဂမ္ဘီယာသည္ ၎၏ႏိုင္ငံသားမ်ား မဟုတ္သူမ်ားႏွင့္စပ္လ်ဥ္း၍ Genocide Convention ကို ခ်ိဳးေဖာက္မႈအတြက္ ျမန္မာႏိုင္ငံ မွာ တာဝန္ရွိသည္ဟူ၍ ေတာင္းဆိုျခင္းမျပဳႏိုင္ပါဘူး။

၄၇။ ဒါေၾကာင့္ ဂမ္ဘီယာႏိုင္ငံအေနနဲ႔ မိမိဘာသာ လိုသလိုအဓိပၸာယ္ေကာက္ယူၿပီး ယခုလို တရား႐ုံးေတာ္မွာ တရားစြဲဆိုခြင့္ မရွိပါဘူး။

တရားစြဲဆိုရန္(သို႔မဟုတ္)တရားခံလႊဲေျပာင္းေပးရန္တာဝန္ႏွင့္ပတ္သက္ေသာအမႈကိစၥႏွင့္ ယခုအမႈတို႔၏ ျခားနားခ်က္ ။ ။
ဥကၠ႒ႀကီးႏွင့္ ဂုဏ္သေရရွိ တရားသူႀကီးမင္းမ်ား ခင္ဗ်ာ…
၄၈။ ဂမ္ဘီယာသည္ ၎၏စီရင္ပိုင္ခြင့္နယ္ေျမျပင္ပမွာရွိေနတဲ့ ႏိုင္ငံသားမဟုတ္သူမ်ားအေပၚ လူမ်ိဳးတုံး သတ္ျဖတ္မႈမ်ားရွိေၾကာင္း စြပ္စြဲခ်က္ႏွင့္ပတ္သက္ၿပီး ျမန္မာႏိုင္ငံက တာဝန္ရွိသည္ဟု ကိုးကားေတာင္းဆိုလ်က္ ရွိပါတယ္။

၄၉။ အထူးသျဖင့္ တရားစြဲဆိုရန္ (သို႔မဟုတ္) တရားခံလႊဲေျပာင္းေပးရန္ တာဝန္ႏွင့္ပတ္သက္ၿပီး အျငင္းပြားၾကတဲ့ Belgium v. Senegal အမႈဟာ ဂမ္ဘီယာအေနနဲ႔ အလြန္အမင္းအားကိုး အားထားျပဳေနသည့္ ႏိုင္ငံသားအတြက္ ေတာင္းဆိုပိုင္ခြင့္ဆိုင္ရာေမးခြန္းကိုေျဖရွင္းေပးႏိုင္မွာ မဟုတ္ပါဘူး။ Belgium က Senegal သည္ ညႇည္းပမ္းႏွိပ္စက္မႈေျမာက္သည့္လုပ္ရပ္မ်ားကို ခြင့္ျပဳထားျခင္းျဖင့္ ညႇည္းပမ္းႏွိပ္စက္မႈဆန႔္က်င္ တိုက္ဖ်က္ေရး ဆိုင္ရာ ကုလသမဂၢ သေဘာတူစာခ်ဳပ္ (Convention against Torture) ကို ေဖာက္ဖ်က္ခဲ့တယ္လို႔ ေတာင္းဆိုခဲ့ တာ မဟုတ္ပါဘူး။ Senegal ဟာ ၎၏စီရင္ပိုင္ခြင့္နယ္ေျမအတြင္းမွာေရာက္ရွိေနတဲ့ ျပစ္မႈက်ဴးလြန္သူႏွင့္ ပတ္သက္ၿပီး အျဖစ္မွန္ကို ပဏာမစုံစမ္းစစ္ေဆးမႈျပဳလုပ္ရန္နဲ႔ တရားစြဲဆိုႏိုင္ေရး သက္ဆိုင္ရာအာဏာပိုင္သို႔ တင္ျပရန္ ၎၏တာဝန္မ်ားကိုခ်ိဳးေဖာက္ခဲ့တဲ့အတြက္ Belgium က ေတာင္းဆိုခဲ့တာျဖစ္ပါတယ္။ အဲဒီအမႈမွာ Belgium အေနနဲ႔ Senegal ႏိုင္ငံက အထက္ပါတာဝန္မ်ားကိုခ်ိဳးေဖာက္ခဲ့ေၾကာင္း စြပ္စြဲခ်က္မ်ားအတြက္ Senegal ႏိုင္ငံတြင္ တာဝန္ရွိသည္ဟု ေတာင္းဆိုခြင့္ရွိေၾကာင္း တရား႐ုံးက ေတြ႕ရွိခဲ့ပါတယ္။ ဘာေၾကာင့္လဲဆို ေတာ့ Senegal လုပ္ေဆာင္ေပးရမယ့္ အထက္ပါတာဝန္မ်ားဟာဆိုရင္ စာခ်ဳပ္ဝင္ႏိုင္ငံတစ္ႏိုင္ငံက က်န္စာခ်ဳပ္ဝင္ႏိုင္ငံအားလုံးအေပၚ တာဝန္ရွိမႈ (erga omnes partes) ထဲမွာ သက္ဆိုင္အက်ဳံးဝင္ေနတဲ့ အတြက္ စာခ်ဳပ္ဝင္ႏိုင္ငံတစ္ႏိုင္ငံခ်င္းစီဟာ မည္သည့္အေျခအေနမွာမဆို ေဖာ္ျပပါတာဝန္မ်ားကိုလိုက္နာ ေဆာင္႐ြက္ေစဖို႔အက်ိဳးစီးပြားရွိတဲ့အတြက္ေၾကာင့္ျဖစ္ပါတယ္။ Belgium အပါအဝင္ ညႇည္းပမ္းႏွိပ္စက္မႈ ဆန႔္က်င္တိုက္ဖ်က္ေရးဆိုင္ရာ ကုလသမဂၢသေဘာတူစာခ်ဳပ္ (Convention against Torture) အဖြဲ႕ဝင္ႏိုင္ငံ အသီးသီးသည္ အဖြဲ႕ဝင္ႏိုင္ငံတစ္ႏိုင္ငံက စာခ်ဳပ္ပါ၎၏တာဝန္ကို ခ်ိဳးေဖာက္သည့္အခါ ထိုခ်ိဳးေဖာက္မႈေၾကာင့္ အမွန္တကယ္ထိခိုက္သည့္ႏိုင္ငံကဲ့သို႔ မိမိတြင္ သိသိသာသာထိခိုက္မႈရွိေၾကာင္းကို သက္ေသျပရန္မလိုဘဲ ၎ႏိုင္ငံရဲ႕တာဝန္ရွိမႈကို ေတာင္းဆိုပိုင္ခြင့္ရွိပါတယ္။

၅ဝ။ Belgium v. Senegal အမႈကိုအေျခခံလ်က္ တရား႐ုံးက ၾကားျဖတ္စီမံေဆာင္႐ြက္ခ်က္အမိန႔္ (Provisional Measures Order) တြင္ “အထူးတလည္ထိခိုက္သည့္ႏိုင္ငံသာမက Genocide Convention ၏ မည္သည့္အဖြဲ႕ဝင္ႏိုင္ငံမဆို အျခားအဖြဲ႕ဝင္ ႏိုင္ငံတစ္ႏိုင္ငံက erga omnes partes တာဝန္ဝတၱရားမ်ားကို လိုက္နာရန္ပ်က္ကြက္ပါက ၎ပ်က္ကြက္သည့္ႏိုင္ငံ၏ တာဝန္ဝတၱရားမ်ား လိုက္နာရန္ပ်က္ကြက္မႈကို အဆုံးသက္ေစရန္ ေတာင္းဆို ႏိုင္ပါသည္” ဟု ေဖာ္ျပခဲ့ပါတယ္။

၅၁။ ထိုေဖာ္ျပခ်က္ဟာ ေလ့လာဆန္းစစ္စရာေတြ အမ်ားႀကီးျဖစ္ေပၚေစပါတယ္။ ပထမအခ်က္ အေနနဲ႔ တရား႐ုံးသည္ ႏွစ္ဖက္အမႈသည္ေတြရဲ႕ ဥပေဒေၾကာင္းအရ ေလွ်ာက္လဲခ်က္အေပၚမွာ အေျခခံျခင္းမရွိဘဲ ၾကားျဖတ္စီမံေဆာင္႐ြက္ခ်က္အမိန႔္ (Provisional Measures Order) ထဲမွာထိုသို႔ေဖာ္ျပခဲ့ပါတယ္။ တစ္နည္းေျပာရရင္ ႏွစ္ဖက္ေရွ႕ေနေတြရဲ႕ ေလွ်ာက္လဲခ်က္ေတြ အေပၚမွာ သမာသမတ္က်က် စဥ္းစားဆုံးျဖတ္ရတဲ့ မူသေဘာတရား (principe de contradictoire) အရ တရား႐ုံးက ေဆာင္႐ြက္ျခင္းမရွိပါဘူး။ တျခားစာခ်ဳပ္ေတြမွာ erga omnes partes တာဝန္ဝတၱရားမ်ားကို ခ်ိဳးေဖာက္မႈအတြက္ တာဝန္ရွိမႈကို ကိုးကား ေတာင္းဆိုခြင့္ ရွိတယ္ဆိုတဲ့သေဘာတရားရဲ႕ လႊမ္းမိုးမႈဒဏ္ကို ႀကီးႀကီးမားမားခံရတဲ့ အတြက္ ထိုသို႔ ေဖာ္ျပခဲ့ တာျဖစ္ပါတယ္။ အဲဒီလိုေဖာ္ျပမယ္ဆိုရင္ ျမန္မာႏိုင္ငံဘက္က ေလွ်ာက္လဲခ်က္ ေတြအေပၚမွာ ဂ႐ုတစိုက္နဲ႔ ျပန္လည္စဥ္းစားေပးဖို႔ လိုအပ္ပါတယ္။

၅၂။ ဒုတိယအခ်က္အေနနဲ႔ ထိုေဖာ္ျပခ်က္သည္ တာဝန္ရွိမႈကို ကိုးကားေတာင္းဆိုျခင္း ကိစၥသက္သက္ အတြက္သာ ရည္ၫႊန္းျခင္း ျဖစ္ၿပီး အျပည္ျပည္တရား႐ုံး သို႔မဟုတ္ ခုံ႐ုံးေတြမွာ တရားစြဲဆိုႏိုင္ခြင့္ အေျခအေနေတြနဲ႔ေတာ့ မသက္ဆိုင္လွပါဘူး။ ထိုေဖာ္ျပခ်က္ ကို တစ္နည္းနည္းျဖင့္ ေလ့လာၾကည့္ပါက တာဝန္ရွိမႈကို ကိုးကားေတာင္းဆိုျခင္းသည္ တရားစြဲဆိုေတာင္း ဆိုမႈျပဳခြင့္ အေျခအေနနဲ႔ အတူတူပင္ ျဖစ္တယ္လို႔ ယူဆျခင္းဟာ တရား႐ုံးရဲ႕ ကာလရွည္ၾကာ ရွိေနခဲ့တဲ့ အမ်ားအက်ိဳးငွာ တရားစြဲဆိုခြင့္ျပဳျခင္းဆိုင္ရာ ဥပေဒသေဘာတရား (actio popularis) နဲ႔ ကိုက္ညီဖို႔ ခက္ခဲေစမွာျဖစ္ပါတယ္။ ဒါမွမဟုတ္ ႏိုင္ငံတကာဥပေဒမွာ မရွိခဲ့တဲ့ သေဘာတရားလို႔ လက္ခံလိုက္တာက ပိုေကာင္းေစမွာပါ။ ယခုအမႈကိစၥနဲ႔ ပတ္သက္ၿပီး Barcelona Traction အမႈမွာ တရား႐ုံးက လူ႔အခြင့္အေရးဆိုင္ရာကိစၥရပ္မ်ားကို erga omnes partes တာဝန္ဝတၱရားမ်ားအျဖစ္ သတ္မွတ္ခဲ့ တဲ့အေပၚ တရားသူႀကီး De Castro ရဲ႕ သေဘာထားေဖာ္ျပခ်က္ကို ျပန္လည္ကိုးကားလိုပါတယ္။
“ထိုအမႈတြင္ ေဖာ္ျပပါရွိေသာ ဆိုခဲ့ၿပီးေသာစကားရပ္ေတြဟာ ႏိုင္ငံတကာဥပေဒအရ အမ်ားအက်ိဳးငွာ တရားစြဲဆိုခြင့္ျပဳျခင္း ဆိုင္ရာ ဥပေဒသေဘာတရား (actio popularis) ကို အသိအမွတ္ျပဳရာ ေရာက္တယ္လို႔ မမွတ္ယူသင့္ပါဘူး။ ဥပေဒ အျဖစ္လက္ခံထားတဲ့ အေထြေထြ သေဘာတရားနဲ႔ကိုက္ညီမႈ ရွိ မရွိကို အေလးေပးၿပီး အနက္ဖြင့္ဆိုသင့္တယ္လို႔ ကြၽႏ္ုပ္အေနနဲ႔ ယူဆပါတယ္။ အဆိုပါစကားရပ္ေတြကို အေထာက္အထား ျပဳၿပီးေတာ့မွ တရား႐ုံးေတာ္က အမႈကိုလက္ခံခြင့္ရွိေၾကာင္း မွတ္ယူမယ္လို႔ ကြၽႏ္ုပ္အေနျဖင့္ ယုံၾကည္ႏိုင္မည္မဟုတ္ပါ။ ဥပမာ ႏိုင္ငံ A က ႏိုင္ငံ B သည္ ၎၏ႏိုင္ငံသားမ်ား (သို႔မဟုတ္) ႏိုင္ငံ C ၏ ႏိုင္ငံသားမ်ားႏွင့္ ပတ္သက္၍ အေျခခံလူ႔အခြင့္အေရးဆိုင္ရာ မူသေဘာတရားမ်ားႏွင့္ စည္းမ်ည္းမ်ားကို မလိုက္နာဟုဆိုကာ ႏိုင္ငံ B အေပၚ ေတာင္းဆိုေနတာနဲ႔တူေနပါတယ္။”

အမွန္တကယ္ေတာ့ Barcelona Traction အမႈစီရင္ခ်က္၊ အပိုဒ္ ၉၁ ကို ျပန္ၾကည့္မယ္ဆိုရင္ ေဖာ္ျပပါ ေတာင္းဆိုခ်က္ကို တရား႐ုံးေတာ္အေနျဖင့္ လက္ခံခြင့္မရွိေၾကာင္း အထင္အရွား ေတြ႕ခဲ့ပါတယ္။

“တစ္ကမာၻလုံးအတိုင္းအတာအရ ၾကည့္မည္ဆိုလွ်င္ လူ႔အခြင့္အေရးဆိုင္ရာ သေဘာတူစာခ်ဳပ္မ်ားသည္ ႏိုင္ငံမ်ားက ထိခိုက္နစ္နာ သူဟာ ၎တို႔ရဲ႕ ႏိုင္ငံသားျဖစ္ျခင္းမျဖစ္ျခင္းကို ထည့္သြင္းစဥ္းစားစရာ မလိုဘဲ လူ႔အခြင့္အေရးခ်ိဳးေဖာက္ခံရသူမ်ားကို ကာကြယ္ ေစာင့္ ေရွာက္ရန္ လုပ္ပိုင္ ခြင့္ေပးထားျခင္းမရွိ” ဟု စီရင္ခ်က္မွာ ေဖာ္ျပပါရွိပါတယ္။

တစ္ကမာၻလုံးဆိုင္ရာလူ႔အခြင့္အေရးသေဘာတူစာခ်ဳပ္မ်ားက စာခ်ဳပ္အဖြဲ႕ဝင္ႏိုင္ငံမ်ားကို မိမိတို႔ရဲ႕ႏိုင္ငံသား မဟုတ္သူမ်ားအေပၚကာကြယ္ေစာင့္ေရွာက္ရန္ ခြင့္ျပဳမထားဘူးဆိုလွ်င္ Genocide Convention အတြက္လည္း အလားတူ ယူဆရမွာျဖစ္ပါတယ္။

၅၃။ တတိယအခ်က္အေနနဲ႔ erga omnes partes တာဝန္ဝတၱရားမ်ားကို ခ်ိဳးေဖာက္မႈအတြက္ တာဝန္ရွိမႈေတာင္းဆိုျခင္း ကိစၥသည္ ႏိုင္ငံရဲ႕တာဝန္ရွိမႈ (State Responsibility) ဆိုင္ရာ ျပဌာန္းခ်က္အပိုဒ္ ၄၃ မွ ၄၅ ပါ အေထြေထြစည္းကမ္း သတ္မွတ္ခ်က္မ်ား၊ အထူးသျဖင့္ ႏိုင္ငံသားဆိုင္ရာ ေတာင္းဆိုပိုင္ခြင့္၏ စည္းကမ္းသတ္မွတ္ခ်က္မ်ားမွ ကင္းလြတ္ခြင့္ရွိေၾကာင္း ေကာက္ခ်က္ခ်စရာ ၫႊန္းကိန္းတစ္စုံတစ္ရာ မရွိပါ။ ဆန႔္က်င္ဘက္အေနျဖင့္ ျပဌာန္းခ်က္အပိုဒ္ ၄၄(က) တြင္ “ႏိုင္ငံသားဆိုင္ရာ ေတာင္းဆိုပိုင္ခြင့္ ၏စည္းမ်ဥ္းအရ ေတာင္းဆိုျခင္း မဟုတ္လွ်င္ ႏိုင္ငံတစ္ႏိုင္ငံရဲ႕ တာဝန္ရွိမႈကို ကိုးကားေတာင္းဆိုခြင့္မရွိ” ဟု ေစာဒကတက္ စရာမလိုေအာင္ ျပဌာန္းထားၿပီး ျဖစ္ပါတယ္။ ဒါေၾကာင့္ Belgium v. Senegal အမႈမွာ တရား႐ုံးက ႏိုင္ငံသား ဆိုင္ရာေတာင္းဆိုပိုင္ခြင့္သေဘာတရားကို ကိုးကားရန္လိုအပ္ျခင္း မရွိဟုဆိုျခင္းသည္ ယခုအမႈႏွင့္ သက္ဆိုင္ျခင္းမရွိဟု ဆိုႏိုင္မည္ မဟုတ္ပါ။


နိဂုံးခ်ဳပ္ဆန္းစစ္တင္ျပခ်က္မ်ား ။ ။
ဥကၠ႒ႀကီးႏွင့္ ဂုဏ္သေရရွိ တရားသူႀကီးမင္းမ်ား ခင္ဗ်ာ…
၅၄။ အေထြေထြေလ့လာဆန္းစစ္တင္ျပခ်က္အခ်ိဳ႕ျဖင့္ ကြၽန္ေတာ့္ကို နိဂုံးခ်ဳပ္ခြင့္ျပဳပါ။
၅၅။ ဂမ္ဘီယာႏိုင္ငံသည္ ႏိုင္ငံတကာဥပေဒေၾကာင္းအရ အေရးယူမႈေတြမွာ တရားစြဲဆိုေတာင္းဆိုမႈ ျပဳခြင့္ဆိုင္ရာဥပေဒေရးရာ လိုအပ္ခ်က္အေနနဲ႔ Genocide Convention ရဲ႕ လူသားခ်င္းစာနာေထာက္ထားမႈ ဆိုင္ရာ ႀကီးျမတ္တဲ့ရည္႐ြယ္ခ်က္ကို ကိုးကားခ်င္ပုံမရဘူး ဆိုတဲ့အခ်က္အေပၚ ခုခံေလွ်ာက္လဲဖို႔ ေကာင္းေကာင္း ႀကိဳးစားေနႏိုင္ပါတယ္။ တရား႐ုံးေတာ္ အေနနဲ႔ ဂမ္ဘီယာႏိုင္ငံရဲ႕တရားစြဲဆိုေတာင္းဆိုခြင့္ကို ျငင္းဆန္ျခင္းဟာ ဆယ္စုႏွစ္မ်ားတိုင္ ေခါင္းမေဖာ္ႏိုင္စရာ သိကၡာက်စရာလုပ္ရပ္အျဖစ္ က်န္ရစ္လိမ့္မယ္လို႔ ဂမ္ဘီယာႏိုင္ငံက ၿခိမ္းေျခာက္ေကာင္း ၿခိမ္းေျခာက္လာႏိုင္ပါတယ္။ သို႔ေသာ္ျငားလည္း တရား႐ုံးက ၫႊန္းဆို ထားသည့္အတိုင္း “လက္ရွိအေျခအေနတြင္ အခ်ိဳ႕ေသာစြပ္စြဲခ်က္မ်ားသည္ တည္ရွိမႈမရွိေၾကာင္းေတြ႕ရွိရပါက အက်ိဳးဆက္ကို လက္ခံရမည္ျဖစ္သည္။ ထိုအက်ိဳးဆက္မ်ားကိုေရွာင္လႊဲရန္ တရား႐ုံးသည္ ယင္းအခြင့္အေရး တည္ရွိသည္ဟု မယူဆႏိုင္ပါ။ တရား႐ုံးအေနျဖင့္ ဥပေဒပိုင္းဆိုင္ရာလုပ္ငန္းတာဝန္မ်ားႏွင့္ပတ္သက္၍သာ ဆက္စပ္ လုပ္ေဆာင္ ရမွာျဖစ္ၿပီး ႏိုင္ငံေရးရည္႐ြယ္ခ်က္မ်ားအတြက္ ေဆာင္႐ြက္ခ်က္မ်ားဟာ တရား႐ုံးကိုယ္တိုင္က မည္သို႔ပင္ ဆႏၵရွိ ေစကာမူ တရား႐ုံး၏လုပ္ပိုင္ခြင့္ ျပင္ပမွာရွိေနပါတယ္။”

၅၆။ အျပည္ျပည္ဆိုင္ရာဥပေဒတြင္ ေနာက္ဆုံးနည္းလမ္းအေျႏဖင့္ ဥပေဒေၾကာင္းအရ တရားစြဲဆိုေဆာင္႐ြက္ ႏိုင္ျခင္းမရွိသည့္တာဝန္မ်ားသည္ ႁခြင္းခ်က္ဆိုသည္ထက္ စည္းမ်ဥ္းမ်ားအျဖစ္သာ အၿမဲရွိေနပါတယ္။ ဤကိစၥရပ္မ်ားသည္ ယေန႔ကာလထက္စာလွ်င္ ၁၉၄၈ ခုႏွစ္တြင္ ပိုမိုေပၚေပါက္ခဲ့သည့္ကိစၥ ျဖစ္ပါတယ္။

၅၇။ တရားစြဲဆိုေဆာင္႐ြက္ႏိုင္ခြင့္ႏွင့္စပ္လ်ဥ္း၍ ဂမ္ဘီယာႏိုင္ငံ၏ေတာင္းဆိုခ်က္ကိုလက္ခံျခင္းသည္ ယခုအမႈႏွင့္ Genocide Convention တို႔အျပင္ အျခားနယ္ပယ္မ်ားကိုလည္း ဂယက္႐ိုက္ခတ္လိမ့္မည္ ျဖစ္ပါ တယ္။ လူမ်ိဳးသုဥ္းသတ္ျဖတ္မႈကိုတားဆီးရန္ႏွင့္ အျပစ္ေပးရန္ တာဝန္အျပင္ဥပမာအားျဖင့္ တရား႐ုံးက လူမ်ိဳးေရးခြဲျခားဆက္ဆံျခင္းကို တားဆီးကာကြယ္ျခင္း၊ ကိုယ္ပိုင္ျပ႒ာန္းခြင့္၊ က်ဴးေက်ာ္ရန္လိုသည့္အျပဳအမူ မ်ားကိုတားဆီးျခင္းတို႔ကို အားလုံးႏွင့္သက္ဆိုင္သည့္တာဝန္မ်ားအျဖစ္ သတ္မွတ္ေဖာ္ျပခဲ့ပါတယ္။ အကယ္၍ ယခု သတ္မွတ္ခ်က္သည္ တရားစြဲဆိုေဆာင္႐ြက္ႏိုင္ခြင့္ကို အလိုအေလ်ာက္ ျဖစ္ေစပါက ႏိုင္ငံတိုင္း ကျဖစ္ေစ၊ သက္ဆိုင္ရာစာခ်ဳပ္ဝင္ႏိုင္ငံတိုင္းကျဖစ္ေစ ယင္း၏ႏိုင္ငံသားကို တိုက္႐ိုက္ေသာ္လည္းေကာင္း၊ ယင္း၏ ႏိုင္ငံသားမွတဆင့္ေသာ္လည္းေကာင္း အခြင့္အေရးတစ္ရပ္ရပ္ ထိခိုက္မႈမရွိေစကာမူ အဆိုပါအခြင့္အေရး မ်ားကို ခ်ိဳးေဖာက္မႈအတြက္ တရား႐ုံးတြင္ တရားစြဲဆိုခြင့္ရွိလာႏိုင္မည္ျဖစ္ပါတယ္။ ဒီအေျခအေနသည္ ထိန္း မႏိုင္သိမ္းမႏိုင္ဘဲ အေတာမသတ္ႏိုင္သည့္ အျငင္းပြားမႈမ်ားကို ျဖစ္ေပၚေစႏိုင္ပါတယ္။

၅၈။ အဆိုပါအေၾကာင္းေၾကာင့္ ႏိုင္ငံတကာတာဝန္ရွိမႈဆိုေသာ အေၾကာင္းအရာႏွင့္ စပ္လ်ဥ္းသည့္ တရားဝင္မႈ ဆိုင္ရာျပႆနာမ်ားလည္း ေပၚေပါက္လာႏိုင္ပါတယ္။ ဥပမာအားျဖင့္ ဂမ္ဘီယာ၏တင္ျပခ်က္မ်ားတြင္ ပါဝင္ ေသာအခ်က္မွာ ယခုစြပ္စြဲတင္ျပထားသည့္ လူမ်ိဳးသုဥ္း သတ္ျဖတ္မႈ က်ဴးလြန္ခံရသူမ်ား၏ အက်ိဳးခံစားခြင့္တြင္ နစ္နာေၾကးမ်ား ေပးေလ်ာ္ရမည့္တာဝန္ကို ျမန္မာႏိုင္ငံက ေဆာင္႐ြက္ေပးရမည္ဟု တရား႐ုံးက ေၾကညာေပးရန္ ဂမ္ဘီယာႏိုင္ငံ က ေတာင္းဆိုထားပါတယ္။ ဂမ္ဘီယာႏိုင္ငံက ဆက္လက္တင္ျပထားသည္မွာ-
“ေလ်ာ္ေၾကးပမာဏႏွင့္ အျခားေသာနစ္နာမႈကုစားျခင္းမ်ားႏွင့္စပ္လ်ဥ္း၍ အမႈသည္မ်ားအၾကား သေဘာ တူညီမႈမရရွိပါက တရား႐ုံးအေနျဖင့္ တရားစြဲဆိုမႈ၏ ေနာက္ဆက္တြဲ ၾကားနာမႈမ်ားတြင္ အဆိုပါကိစၥကို ဆုံးျဖတ္ လိမ့္မည္ျဖစ္သည္။”

၅၉။ ဤေနရာတြင္ ေမးခြန္းထုတ္စရာရွိသည္မွာ ဂမ္ဘီယာႏိုင္ငံသားမ်ားမဟုတ္ေသာ စြပ္စြဲေဖာ္ျပထားသည့္ နစ္နာသူမ်ားကိုယ္စား ေလ်ာ္ေၾကးပမာဏကို ညႇိႏႈိင္းရန္အတြက္ ဂမ္ဘီယာႏိုင္ငံတြင္ မည္သည့္အခြင့္အာဏာ ရွိပါလဲဆိုသည့္အခ်က္ျဖစ္ပါတယ္။ ဆက္လက္၍ ေမးခြန္းထုတ္စရာရွိသည္မွာ Genocide Convention ၏ အျခားအဖြဲ႕ဝင္ႏိုင္ငံမ်ားက ဂမ္ဘီယာႏိုင္ငံေတာင္းဆိုသည့္ေလ်ာ္ေၾကးပမာဏအေပၚ ေက်နပ္မႈမရွိခဲ့လွ်င္ အဆိုပါႏိုင္ငံမ်ားက တရား႐ုံးတြင္ အလားတူ ကိုယ္တိုင္တရားစြဲဆိုခြင့္ရွိေနသည့္အ‌ေပၚ မည္သို႔တားျမစ္မည္နည္း ဆိုသည့္အခ်က္ျဖစ္ပါတယ္။

၆၀။ စာခ်ဳပ္ဝင္ႏိုင္ငံတစ္ႏိုင္ငံကအျခားစာခ်ဳပ္ဝင္ႏိုင္ငံမ်ားအေပၚတာဝန္ရွိမႈဟူသည့္ သေဘာတရားႏွင့္ တရား႐ုံးတြင္ တရားစြဲဆိုေဆာင္႐ြက္ႏိုင္ခြင့္တို႔၏ဆက္ႏြယ္မႈသည္ အျပည္ျပည္ဆိုင္ရာဥပေဒတြင္ အမ်ားဆိုင္ရာ အက်ိဳးစီးပြားအတြက္ အဖြဲ႕ဝင္တစ္ဦးက ဝင္ေရာက္ေဆာင္ ႐ြက္ျခင္း (actio popularis) ဟူသည့္သေဘာတရား ကို တစ္ဖက္လွည့္ျဖင့္ ေဖာ္ျပရာေရာက္ေနလိမ့္မည္ျဖစ္ပါတယ္။ အဆိုပါအေၾကာင္းအရာသည္ သီးျခားစီျဖစ္ ေသာ ဥပေဒမူသေဘာ တရားႏွစ္ရပ္မွ ဂမ္ဘီယာႏိုင္ငံက က်ိဳးေၾကာင္းဆီေလ်ာ္မႈမရွိဘဲ ေကာက္ယူတင္ျပ ျခင္းအေပၚ အေျခခံ၍ရမည္မဟုတ္ဘဲ ႏိုင္ငံမ်ား၏ သေဘာတူညီခ်က္အေပၚတြင္ အေျခခံရမည္ျဖစ္သည့္ အျပင္ Genocide Convention တြင္ပါရွိသည့္ ေဖာ္ျပခ်က္ကိုလည္း ၾကည့္ရမည္ျဖစ္ပါတယ္။

၆၁။ အထက္ပါအေၾကာင္းမ်ားေၾကာင့္ ဂမ္ဘီယာႏိုင္ငံသည္ ယခုအမႈတြင္ တရားစြဲဆို ေဆာင္႐ြက္ခြင့္မရွိပါ ေၾကာင္းႏွင့္ ယင္း၏ေလွ်ာက္ထားမႈကို လက္ခံခြင့္ျပဳျခင္းမျပဳဘဲ ပလပ္သင့္ပါေၾကာင္း တင္ျပအပ္ပါတယ္။

၆၂။ စိတ္ပါဝင္စားစြာ နားေထာင္ေပးသည့္အတြက္ ေက်းဇူးတင္ရွိပါတယ္။

၆၃။ ဥကၠ႒ခင္ဗ်ာ… ယခုတရား႐ုံးေတာ္အေနနဲ႔ ေခတၱနားဖို႔သင့္ျမတ္တဲ့အခ်ိန္ျဖစ္ပါတယ္။ (သို႔မဟုတ္) ဆက္လက္ၾကားနာမည္ဆိုပါက ျမန္မာႏိုင္ငံ၏ကနဦးကန႔္ကြက္လႊာ တတိယအခ်က္ကိုတင္ျပေပးဖို႔ ျမန္မာႏိုင္ငံ ၏ေရွ႕ေန Professor Mr ROBERT KOLB ကို ေလွ်ာက္လဲခြင့္ျပဳပါရန္ ေမတၱာရပ္ခံအပ္ပါတယ္။

မွတ္ခ်က္ ။ ။ ျမန္မာႏိုင္ငံဘက္က ေခ်ပခ်က္မ်ားကို မူရင္းအတိုင္း မျဖတ္မေတာက္ဘဲ ေဖာ္ျပေပးျခင္းျဖစ္ပါသည္။

Related news

© 2021. All rights reserved.