ဂမ်ဘီယာရဲ့ဦးတိုက်လျှောက်ထားတဲ့အမှုကို ICJ အနေနဲ့ လက်ခံစီရင်ခွင့်မရှိကြောင်းနဲ့ တရားစွဲပိုင်ခွင့်မရှိကြောင်း မြန်မာဘက်မှ ဝန်ကြီးဦးကိုကိုလှိုင်၏ဒုတိယအကြိမ်မြောက် ခုခံချေပ(အပြည့်အစုံ)

 1273

ဂမ်ဘီယာက ဦးတိုက်လျှောက်ထားသည့်အမှုကို မြန်မာကိုယ်စားလှယ်အဖွဲ့က ဒုတိယအကြိမ်မြောက် ခုခံချေပချက် (အပြည့်အစုံ)
NP News - ဖေဖော်ဝါရီ ၂၆
အပြည်ပြည်ဆိုင်ရာတရားရုံး(ICJ) ၌ မြန်မာကိုယ်စားလှယ်အဖွဲ့ခေါင်းဆောင်ဝန်ကြီးဦးကိုကိုလှိုင်သည် ဂမ်ဘီယာနိုင်ငံက ဦးတိုက်လျှောက်ထားသည့်အမှုကို ICJ အနေဖြင့် လက်ခံစီရင်ခွင့်မရှိကြောင်းနှင့် ၎င်းနိုင်ငံ အနေဖြင့်လည်း တရားစွဲပိုင်ခွင့်မရှိကြောင်း တရားရုံးသို့ တင်ပြချေပခဲ့သည့်ပြောစကားများအား မဖြတ်မတောက် ဘဲ မူရင်းအတိုင်းပြန်လည်ဖော်ပြပေးလိုက်ပါသည်။

ဂမ်ဘီယာနိုင်ငံသည် မြန်မာနိုင်ငံကို အပြည်ပြည်ဆိုင်ရာတရားရုံး (ICJ) ၌ ၁၉၄၈ ခုနှစ် လူမျိုးသုဉ်းစေမှုကို တားဆီးရန်နှင့် ပြစ်ဒဏ်ပေးရန် နိုင်ငံတကာသဘောတူစာချုပ် (Convention on the Prevention and Punishment of the Crime of Genocide) ကို ကျူးလွန်ဖောက်ဖျက်သည်ဟု စွပ်စွဲချက်ဖြင့် တရားစွဲဆိုထား ခြင်းနှင့်ပတ်သက်သည့် ကနဦး ကန့်ကွက်လွှာကြားနာပွဲတွင် မြန်မာနိုင်ငံ၏ဒုတိယအကြိမ်လျှောက်လဲမှုကို ၂၅-၂-၂ဝ၂၂ ရက်နေ့က ပြုလုပ်ခဲ့ရာ အပြည်ပြည်ဆိုင်ရာပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလှိုင်က ကိုယ်စားလှယ် (Agent) အဖြစ်လည်းကောင်း၊ ဥပဒေရေးရာဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီးနှင့် ပြည်ထောင်စုရှေ့နေချုပ် ဒေါက်တာသီတာဦးက အလှည့်ကျကိုယ်စားလှယ် (Alternate Agent) အဖြစ်လည်းကောင်း ဦးဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့တက်ရောက်ခဲ့ပါသည်။

မြန်မာနိုင်ငံ၏ ဒုတိယအကြိမ်လျှောက်လဲမှုတွင် မြန်မာနိုင်ငံကိုယ်စားပြု နိုင်ငံတကာ ရှေ့နေများဖြစ်ကြသော Dr. Christopher Staker ၊ Professor Stefan Talmon နှင့် Professor Robert Kolb တို့က မြန်မာနိုင်ငံက တင်သွင်း ခဲ့သည့် ကနဦးကန့်ကွက်ချက်များနှင့်ပတ်သက်၍ ဂမ်ဘီယာနိုင်ငံ၏ ပထမအကြိမ်လျှောက်လဲမှုများအပေါ် တရားရုံးသို့ တုံ့ပြန်ချေပ ပြောကြားခဲ့ပါသည်။ ထို့နောက် မြန်မာနိုင်ငံကိုယ်စားလှယ် (Agent) ဖြစ်သူ အပြည် ပြည်ဆိုင်ရာပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလှိုင်က နိဂုံးချုပ်မိန့်ခွန်းပြောကြား ခဲ့ပါသည်။ အဆိုပါနိဂုံးချုပ်မိန့်ခွန်းတွင် ပြည်ထောင်စုဝန်ကြီးက ဂမ်ဘီယာနိုင်ငံဘက်မှ ပြောကြားခဲ့သော အချက် အလက်ပိုင်းဆိုင်ရာနှင့် နိုင်ငံရေးဆိုင်ရာစွပ်စွဲပြောဆိုချက်များသည် ကနဦးကန့်ကွက်လွှာအဆင့်တွင် ပြောဆိုရန် သင့်လျှော်ဆီလျော်မှု မရှိကြောင်း၊ ယခုအချိန်သည် မှန်ကန်သည့်အချိန်နှင့် နေရာမဟုတ်သည့်အတွက် အဆိုပါ စွပ်စွဲမှုများကို မြန်မာနိုင်ငံအနေဖြင့် ပြန်လည်တုံ့ပြန်မည်မဟုတ်ကြောင်း၊ အဆိုပါစွပ်စွဲမှုများသည် တရားရုံးမှ တရားစွဲဆိုပိုင်ခွင့်ရှိ/မရှိ မဆုံးဖြတ်မီ မြန်မာအစိုးရအား ပြစ်မှုကျူးလွန်သူများအဖြစ်ယူဆစေရန် တရားသူကြီး များနှင့် အများပြည်သူကို သွေးဆောင်ခြင်းဖြစ်သည်ဟု မိမိအနေဖြင့်နားလည်ကြောင်း၊ ဂမ်ဘီယာနိုင်ငံ ကိုယ်စားပြုရှေ့နေများက တရားရုံးအနေဖြင့် ကြားဖြတ်စီမံဆောင်ရွက်ချက်များဆိုင်ရာဆုံးဖြတ်ချက်တွင် မြန်မာနိုင်ငံ၏ကန့်ကွက်ချက်များကို ငြင်းပယ်ပြီးဖြစ်သဖြင့် ယခုတင်သွင်းသည့် ကနဦးကန့်ကွက်ချက်များကို အလေးအနက်စဉ်းစားရန်မလိုဟု အကြံပြုနေကြောင်း၊ မြန်မာနိုင်ငံအနေဖြင့် အပြည်ပြည်ဆိုင်ရာတရားရုံး ဆုံးဖြတ်ချက်အပိုဒ်(၈၅) အရ မိမိတို့ရပိုင်ခွင့်အားအသုံးချ၍ ကနဦးကန့်ကွက်လွှာတင်သွင်းခြင်းဖြစ်ကြောင်း၊ ထို့အပြင် ကနဦးကန့်ကွက်လွှာအဆင့်တွင်ပင် စွပ်စွဲထားသည့်ပြစ်မှုများနှင့်ပတ်သက်၍ ကြိုတင်ဆုံးဖြတ်ခြင်းမျိုး မပြုသင့်ကြောင်း၊ သို့ရာတွင် ဂမ်ဘီယာနိုင်ငံက ယခုကြားနာပွဲကိုအသုံးပြု၍ ထိုကဲ့သို့ စွပ်စွဲမှုများ ပြုလုပ်ခဲ့၍ မြန်မာနိုင်ငံကိုယ်စားလှယ်အနေဖြင့် လုံးဝတုံ့ပြန်ခြင်းမပြုဘဲ ဆိတ်ဆိတ်နေ၍ မရပါကြောင်း၊ မြန်မာနိုင်ငံသည် ၁၉၄၈ ခုနှစ် လူမျိုးသုဉ်းစေမှုကိုတားဆီးရန်နှင့် ပြစ်ဒဏ်ပေးရန် နိုင်ငံတကာသဘောတူစာချုပ်ကိုလိုက်နာရန် သန္နိဌာန်ချမှတ်ထားပြီးဖြစ်ကာ ယင်းသဘောတူညီချက်နှင့်အညီ ရာဇသတ်ကြီးကိုပြင်ဆင်သည့်ဥပဒေနှင့် ရာဇဝတ်ကျင့်ထုံးဥပဒေကိုပြင်ဆင်သည့်ဥပဒေတို့ကိုပြဋ္ဌာန်းခဲ့ပြီးဖြစ်ကြောင်း၊ ကြားဖြတ်စီမံဆောင်ရွက်ချက်များ အရ လိုက်နာဆောင်ရွက်ရမည်များကိုလည်း အကောင်အထည်ဖော်လျက်ရှိကြောင်း၊ မြေပြင်အခြေအနေများ ပိုမိုကောင်းမွန်လာစေရန်လည်း စဉ်ဆက်မပြတ်ကြိုးပမ်းနေကြောင်း ပြောကြားခဲ့ပါသည်။

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးက ဂမ်ဘီယာနိုင်ငံက မြန်မာနိုင်ငံအား တရားစွဲဆိုထားခြင်းနှင့်ပတ်သက်၍ တရားရုံးတွင် စီရင်ပိုင်ခွင့်မရှိကြောင်း (သို့မဟုတ်/ နှင့်) ဂမ်ဘီယာနိုင်ငံအနေဖြင့် တရားစွဲဆိုပိုင်ခွင့်မရှိကြောင်း တရားရုံးက ဆုံးဖြတ်ပေးရန် အပြည်ပြည်ဆိုင်ရာ တရားရုံးသို့ တင်ပြခဲ့ပါသည်။

ဂမ်ဘီယာနိုင်ငံ၏ ဒုတိယအကြိမ်လျှောက်လဲမှုကို ၂၈-၂-၂ဝ၂၂ ရက်နေ့တွင် ပြုလုပ်မည်ဖြစ်ကြောင်း သတင်းရရှိပါသည်။

မှတ်ချက် ။ ။ မြန်မာနိုင်ငံဘက်က ချေပချက်များကို မူရင်းအတိုင်း မဖြတ်မတောက်ဘဲ ဖော်ပြပေးခြင်းဖြစ်ပါသည်။

Zawgyi Version;
ဂမ္ဘီယာက ဦးတိုက္ေလွ်ာက္ထားသည့္အမႈကို ျမန္မာကိုယ္စားလွယ္အဖြဲ႕က ဒုတိယအႀကိမ္ေျမာက္ ခုခံေခ်ပခ်က္ (အျပည့္အစုံ)
NP News - ေဖေဖာ္ဝါရီ ၂၆
အျပည္ျပည္ဆိုင္ရာတရား႐ုံး(ICJ) ၌ ျမန္မာကိုယ္စားလွယ္အဖြဲ႕ေခါင္းေဆာင္ဝန္ႀကီးဦးကိုကိုလႈိင္သည္ ဂမ္ဘီယာႏိုင္ငံက ဦးတိုက္ေလွ်ာက္ထားသည့္အမႈကို ICJ အေနျဖင့္ လက္ခံစီရင္ခြင့္မရွိေၾကာင္းႏွင့္ ၎ႏိုင္ငံ အေနျဖင့္လည္း တရားစြဲပိုင္ခြင့္မရွိေၾကာင္း တရား႐ုံးသို႔ တင္ျပေခ်ပခဲ့သည့္ေျပာစကားမ်ားအား မျဖတ္မေတာက္ ဘဲ မူရင္းအတိုင္းျပန္လည္ေဖာ္ျပေပးလိုက္ပါသည္။

ဂမ္ဘီယာႏိုင္ငံသည္ ျမန္မာႏိုင္ငံကို အျပည္ျပည္ဆိုင္ရာတရား႐ုံး (ICJ) ၌ ၁၉၄၈ ခုႏွစ္ လူမ်ိဳးသုဥ္းေစမႈကို တားဆီးရန္ႏွင့္ ျပစ္ဒဏ္ေပးရန္ ႏိုင္ငံတကာသေဘာတူစာခ်ဳပ္ (Convention on the Prevention and Punishment of the Crime of Genocide) ကို က်ဴးလြန္ေဖာက္ဖ်က္သည္ဟု စြပ္စြဲခ်က္ျဖင့္ တရားစြဲဆိုထား ျခင္းႏွင့္ပတ္သက္သည့္ ကနဦး ကန႔္ကြက္လႊာၾကားနာပြဲတြင္ ျမန္မာႏိုင္ငံ၏ဒုတိယအႀကိမ္ေလွ်ာက္လဲမႈကို ၂၅-၂-၂ဝ၂၂ ရက္ေန႔က ျပဳလုပ္ခဲ့ရာ အျပည္ျပည္ဆိုင္ရာပူးေပါင္းေဆာင္႐ြက္ေရးဝန္ႀကီးဌာန ျပည္ေထာင္စုဝန္ႀကီး ဦးကိုကိုလႈိင္က ကိုယ္စားလွယ္ (Agent) အျဖစ္လည္းေကာင္း၊ ဥပေဒေရးရာဝန္ႀကီးဌာန ျပည္ေထာင္စု ဝန္ႀကီးႏွင့္ ျပည္ေထာင္စုေရွ႕ေနခ်ဳပ္ ေဒါက္တာသီတာဦးက အလွည့္က်ကိုယ္စားလွယ္ (Alternate Agent) အျဖစ္လည္းေကာင္း ဦးေဆာင္ေသာ ျမန္မာကိုယ္စားလွယ္အဖြဲ႕တက္ေရာက္ခဲ့ပါသည္။

ျမန္မာႏိုင္ငံ၏ ဒုတိယအႀကိမ္ေလွ်ာက္လဲမႈတြင္ ျမန္မာႏိုင္ငံကိုယ္စားျပဳ ႏိုင္ငံတကာ ေရွ႕ေနမ်ားျဖစ္ၾကေသာ Dr. Christopher Staker ၊ Professor Stefan Talmon ႏွင့္ Professor Robert Kolb တို႔က ျမန္မာႏိုင္ငံက တင္သြင္း ခဲ့သည့္ ကနဦးကန႔္ကြက္ခ်က္မ်ားႏွင့္ပတ္သက္၍ ဂမ္ဘီယာႏိုင္ငံ၏ ပထမအႀကိမ္ေလွ်ာက္လဲမႈမ်ားအေပၚ တရား႐ုံးသို႔ တုံ႔ျပန္ေခ်ပ ေျပာၾကားခဲ့ပါသည္။ ထို႔ေနာက္ ျမန္မာႏိုင္ငံကိုယ္စားလွယ္ (Agent) ျဖစ္သူ အျပည္ ျပည္ဆိုင္ရာပူးေပါင္းေဆာင္႐ြက္ေရးဝန္ႀကီးဌာန ျပည္ေထာင္စုဝန္ႀကီး ဦးကိုကိုလႈိင္က နိဂုံးခ်ဳပ္မိန႔္ခြန္းေျပာၾကား ခဲ့ပါသည္။ အဆိုပါနိဂုံးခ်ဳပ္မိန႔္ခြန္းတြင္ ျပည္ေထာင္စုဝန္ႀကီးက ဂမ္ဘီယာႏိုင္ငံဘက္မွ ေျပာၾကားခဲ့ေသာ အခ်က္ အလက္ပိုင္းဆိုင္ရာႏွင့္ ႏိုင္ငံေရးဆိုင္ရာစြပ္စြဲေျပာဆိုခ်က္မ်ားသည္ ကနဦးကန႔္ကြက္လႊာအဆင့္တြင္ ေျပာဆိုရန္ သင့္ေလွ်ာ္ဆီေလ်ာ္မႈ မရွိေၾကာင္း၊ ယခုအခ်ိန္သည္ မွန္ကန္သည့္အခ်ိန္ႏွင့္ ေနရာမဟုတ္သည့္အတြက္ အဆိုပါ စြပ္စြဲမႈမ်ားကို ျမန္မာႏိုင္ငံအေနျဖင့္ ျပန္လည္တုံ႔ျပန္မည္မဟုတ္ေၾကာင္း၊ အဆိုပါစြပ္စြဲမႈမ်ားသည္ တရား႐ုံးမွ တရားစြဲဆိုပိုင္ခြင့္ရွိ/မရွိ မဆုံးျဖတ္မီ ျမန္မာအစိုးရအား ျပစ္မႈက်ဴးလြန္သူမ်ားအျဖစ္ယူဆေစရန္ တရားသူႀကီး မ်ားႏွင့္ အမ်ားျပည္သူကို ေသြးေဆာင္ျခင္းျဖစ္သည္ဟု မိမိအေနျဖင့္နားလည္ေၾကာင္း၊ ဂမ္ဘီယာႏိုင္ငံ ကိုယ္စားျပဳေရွ႕ေနမ်ားက တရား႐ုံးအေနျဖင့္ ၾကားျဖတ္စီမံေဆာင္႐ြက္ခ်က္မ်ားဆိုင္ရာဆုံးျဖတ္ခ်က္တြင္ ျမန္မာႏိုင္ငံ၏ကန႔္ကြက္ခ်က္မ်ားကို ျငင္းပယ္ၿပီးျဖစ္သျဖင့္ ယခုတင္သြင္းသည့္ ကနဦးကန႔္ကြက္ခ်က္မ်ားကို အေလးအနက္စဥ္းစားရန္မလိုဟု အႀကံျပဳေနေၾကာင္း၊ ျမန္မာႏိုင္ငံအေနျဖင့္ အျပည္ျပည္ဆိုင္ရာတရား႐ုံး ဆုံးျဖတ္ခ်က္အပိုဒ္(၈၅) အရ မိမိတို႔ရပိုင္ခြင့္အားအသုံးခ်၍ ကနဦးကန႔္ကြက္လႊာတင္သြင္းျခင္းျဖစ္ေၾကာင္း၊ ထို႔အျပင္ ကနဦးကန႔္ကြက္လႊာအဆင့္တြင္ပင္ စြပ္စြဲထားသည့္ျပစ္မႈမ်ားႏွင့္ပတ္သက္၍ ႀကိဳတင္ဆုံးျဖတ္ျခင္းမ်ိဳး မျပဳသင့္ေၾကာင္း၊ သို႔ရာတြင္ ဂမ္ဘီယာႏိုင္ငံက ယခုၾကားနာပြဲကိုအသုံးျပဳ၍ ထိုကဲ့သို႔ စြပ္စြဲမႈမ်ား ျပဳလုပ္ခဲ့၍ ျမန္မာႏိုင္ငံကိုယ္စားလွယ္အေနျဖင့္ လုံးဝတုံ႔ျပန္ျခင္းမျပဳဘဲ ဆိတ္ဆိတ္ေန၍ မရပါေၾကာင္း၊ ျမန္မာႏိုင္ငံသည္ ၁၉၄၈ ခုႏွစ္ လူမ်ိဳးသုဥ္းေစမႈကိုတားဆီးရန္ႏွင့္ ျပစ္ဒဏ္ေပးရန္ ႏိုင္ငံတကာသေဘာတူစာခ်ဳပ္ကိုလိုက္နာရန္ သႏၷိဌာန္ခ်မွတ္ထားၿပီးျဖစ္ကာ ယင္းသေဘာတူညီခ်က္ႏွင့္အညီ ရာဇသတ္ႀကီးကိုျပင္ဆင္သည့္ဥပေဒႏွင့္ ရာဇဝတ္က်င့္ထုံးဥပေဒကိုျပင္ဆင္သည့္ဥပေဒတို႔ကိုျပ႒ာန္းခဲ့ၿပီးျဖစ္ေၾကာင္း၊ ၾကားျဖတ္စီမံေဆာင္႐ြက္ခ်က္မ်ား အရ လိုက္နာေဆာင္႐ြက္ရမည္မ်ားကိုလည္း အေကာင္အထည္ေဖာ္လ်က္ရွိေၾကာင္း၊ ေျမျပင္အေျခအေနမ်ား ပိုမိုေကာင္းမြန္လာေစရန္လည္း စဥ္ဆက္မျပတ္ႀကိဳးပမ္းေနေၾကာင္း ေျပာၾကားခဲ့ပါသည္။

ဆက္လက္၍ ျပည္ေထာင္စုဝန္ႀကီးက ဂမ္ဘီယာႏိုင္ငံက ျမန္မာႏိုင္ငံအား တရားစြဲဆိုထားျခင္းႏွင့္ပတ္သက္၍ တရား႐ုံးတြင္ စီရင္ပိုင္ခြင့္မရွိေၾကာင္း (သို႔မဟုတ္/ ႏွင့္) ဂမ္ဘီယာႏိုင္ငံအေနျဖင့္ တရားစြဲဆိုပိုင္ခြင့္မရွိေၾကာင္း တရား႐ုံးက ဆုံးျဖတ္ေပးရန္ အျပည္ျပည္ဆိုင္ရာ တရား႐ုံးသို႔ တင္ျပခဲ့ပါသည္။

ဂမ္ဘီယာႏိုင္ငံ၏ ဒုတိယအႀကိမ္ေလွ်ာက္လဲမႈကို ၂၈-၂-၂ဝ၂၂ ရက္ေန႔တြင္ ျပဳလုပ္မည္ျဖစ္ေၾကာင္း သတင္းရရွိ ပါသည္။

မွတ္ခ်က္ ။ ။ ျမန္မာႏိုင္ငံဘက္က ေခ်ပခ်က္မ်ားကို မူရင္းအတိုင္း မျဖတ္မေတာက္ဘဲ ေဖာ္ျပေပးျခင္းျဖစ္ပါသည္။

Related news

© 2021. All rights reserved.