ကယားပြည်နယ်ရှိ စစ်ဘေးရှောင်စခန်းများ ထပ်မံရွှေ့ပြောင်းနေရမှုအပေါ် နီစပ်ရာမှဝိုင်းဝန်းကူညီပေးရန် စစ်ဘေးရှောင်ကူညီစောင့်ရှောက်ရေးကွန်ရက် မေတ္တာရပ်ခံ

805

မျိုးကြီး (NP News) - ဖေဖော်ဝါရီ ၂၇
လေကြောင်းပစ်ခတ်မှုဖြစ်စဉ်များကြောင့် ကယား ပြည်နယ်ရှိ စစ်ဘေးရှောင်စခန်းများ ထပ်မံရွှေ့ ပြောင်းနေရမှုအပေါ် နီစပ်ရာမှဝိုင်းဝန်းကူညီပေးရန် ကရင်နီပြည်စစ်ဘေးရှောင်ကူညီစောင့်ရှောက်ရေးကွန်ရက်က ယနေ့ (ဖေဖော်ဝါရီလ ၂၇ ရက်)တွင် အထူးမေတ္တာရပ်ခံထားသည်။
ယနေ့ ဖေဖော်ဝါရီ ၂၇ ရက် နံနက်ပိုင်းတွင် ကယား ပြည်နယ်ရှိ စစ်ဘေးရှောင်ပြည်သူ အများအပြားရှိသည့် လိုဘာခိုစစ်ဘေးရှောင်စခန်းသည် လေယာဉ်ဖြင့် ဗုံးကျဲခံခဲ့ရကြောင်း ကရင်နီပြည်စစ်ဘေးရှောင်ကူညီစောင့်ရှောက်ရေးကွန်ရက်က ထုတ်ပြန်ထား သည်။
"လေကြောင်းတိုက်ခိုက်ခံရမှုကြောင့် ကရင်နီစစ်ရှောင်စခန်းများ ထပ်မံရွှေ့ပြောင်းကြရပါတယ်။ မိမိတို့ကွန်ရက်အဖွဲ့မှစစ်ရှောင်များ ပြောင်းရွှေ့နိုင်ရန်အတွက် သွားရောက်ကူညီပို့ဆောင်ပေးခဲ့ရပါတယ်။ စစ်ရှောင်ပြည်သူအဖို့ တစ်နေရာရာရွေ့ပြောင်းကြရသည်မှာ အဖက်ဖက်ကနေ အင်မတန်ခက်ခဲကြပါသဖြင့် နီးစပ်ရာဝိုင်းဝန်းကူညီပေးကြဖို့ အထူးမေတ္တာရပ်ခံပါတယ်။ ဒုက္ခပေါင်းများစွာနဲ့ကရင်နီပြည်သူအားလုံးဘေးကင်းကြပါစေ"ဟု ကရင်နီပြည်စစ်ဘေးရှောင်ကူညီစောင့်ရှောက်ရေးကွန်ရက်က ပြောကြားထားသည်။
ကယားပြည်နယ်အတွင်းရှိ KNPP နှင့် PDF တို့၏ နမ့်မယ်ခုံအခြေပြုစခန်းအား မြန်မာစစ်တပ်က ဖေဖော် ဝါရီလ ၂၄ ရက်တွင် လက်နက်ကြီး၊ လေကြောင်းပစ်ကူများဖြင့် တိုက်ခိုက်သိမ်းပိုက်ခဲ့ကြောင်း နစကဘက်က သတင်းထုတ်ပြန်ထားသည်။
ဖေဖော်ဝါရီလ ၁၇ ရက်မှစတင်ကာ မြန်မာစစ်တပ်၏ လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့် KNPP နှင့် PDF အဖွဲ့တို့အကြား တိုက်ပွဲများဖြစ်ပွားနေခြင်းဖြစ်ပြီး KNPP နှင့် PDF အဖွဲ့တို့၏ အခြေပြုနေရာဖြစ်သည့် နမ့်မယ်ခုံ၊ အိုကေကျေးရွာအပြင်၊ ဆင်မတောင်၊ ဆင်ထီးတောင်နှင့် ဘုရားကုန်း တစ်ဝိုက်တို့ကိုပါ ထိန်းချုပ်သိမ်းပိုက်နိုင်ခဲ့ကြောင်းနှင့် ၎င်းအဖွဲ့များ ရှိနေနိုင်သောပတ် ဝန်းကျင်တစ်ဝိုက်ကိုလည်း ဆက်လက်ရှာဖွေဖော် ထုတ်နေကြောင်း နစကက သတင်းထုတ်ပြန်ထား သည်။
ကယားပြည်နယ်အတွင်းရှိ စစ်ဘေးရှောင်များကို လိုအပ်သောအခြေခံစားနပ်ရိက္ခာများ၊ အနွေးထည်များ၊ အခြားလိုအပ်သောပစ္စည်းများကို ပေးပို့ကူညီလှူဒါန်းထားကြောင်း ကရင်နီ ပြည်စစ်ဘေးရှောင်ကူညီစောင့်ရှောက်ရေးကွန်ရက်က ဆိုသည်။

zawgyi version
ကယားျပည္နယ္ရွိ စစ္ေဘးေရွာင္စခန္းမ်ား ထပ္မံေ႐ႊ႕ေျပာင္းေနရမႈအေပၚ နီစပ္ရာမွဝိုင္းဝန္းကူညီေပးရန္ စစ္ေဘးေရွာင္ကူညီေစာင့္ေရွာက္ေရးကြန္ရက္ ေမတၱာရပ္ခံ
မ်ိဳးႀကီး (NP News) - ေဖေဖာ္ဝါရီ ၂၇
ေလေၾကာင္းပစ္ခတ္မႈျဖစ္စဥ္မ်ားေၾကာင့္ ကယား ျပည္နယ္ရွိ စစ္ေဘးေရွာင္စခန္းမ်ား ထပ္မံေ႐ႊ႕ ေျပာင္းေနရမႈအေပၚ နီစပ္ရာမွဝိုင္းဝန္းကူညီေပးရန္ ကရင္နီျပည္စစ္ေဘးေရွာင္ကူညီေစာင့္ေရွာက္ေရးကြန္ရက္က ယေန႔ (ေဖေဖာ္ဝါရီလ ၂၇ ရက္)တြင္ အထူးေမတၱာရပ္ခံထားသည္။
ယေန႔ ေဖေဖာ္ဝါရီ ၂၇ ရက္ နံနက္ပိုင္းတြင္ ကယား ျပည္နယ္ရွိ စစ္ေဘးေရွာင္ျပည္သူ အမ်ားအျပားရွိသည့္ လိုဘာခိုစစ္ေဘးေရွာင္စခန္းသည္ ေလယာဥ္ျဖင့္ ဗုံးက်ဲခံခဲ့ရေၾကာင္း ကရင္နီျပည္စစ္ေဘးေရွာင္ကူညီေစာင့္ေရွာက္ေရးကြန္ရက္က ထုတ္ျပန္ထား သည္။
"ေလေၾကာင္းတိုက္ခိုက္ခံရမႈေၾကာင့္ ကရင္နီစစ္ေရွာင္စခန္းမ်ား ထပ္မံေ႐ႊ႕ေျပာင္းၾကရပါတယ္။ မိမိတို႔ကြန္ရက္အဖြဲ႕မွစစ္ေရွာင္မ်ား ေျပာင္းေ႐ႊ႕ႏိုင္ရန္အတြက္ သြားေရာက္ကူညီပို႔ေဆာင္ေပးခဲ့ရပါတယ္။ စစ္ေရွာင္ျပည္သူအဖို႔ တစ္ေနရာရာေ႐ြ႕ေျပာင္းၾကရသည္မွာ အဖက္ဖက္ကေန အင္မတန္ခက္ခဲၾကပါသျဖင့္ နီးစပ္ရာဝိုင္းဝန္းကူညီေပးၾကဖို႔ အထူးေမတၱာရပ္ခံပါတယ္။ ဒုကၡေပါင္းမ်ားစြာနဲ႔ကရင္နီျပည္သူအားလုံးေဘးကင္းၾကပါေစ"ဟု ကရင္နီျပည္စစ္ေဘးေရွာင္ကူညီေစာင့္ေရွာက္ေရးကြန္ရက္က ေျပာၾကားထားသည္။
ကယားျပည္နယ္အတြင္းရွိ KNPP ႏွင့္ PDF တို႔၏ နမ့္မယ္ခုံအေျချပဳစခန္းအား ျမန္မာစစ္တပ္က ေဖေဖာ္ ဝါရီလ ၂၄ ရက္တြင္ လက္နက္ႀကီး၊ ေလေၾကာင္းပစ္ကူမ်ားျဖင့္ တိုက္ခိုက္သိမ္းပိုက္ခဲ့ေၾကာင္း နစကဘက္က သတင္းထုတ္ျပန္ထားသည္။
ေဖေဖာ္ဝါရီလ ၁၇ ရက္မွစတင္ကာ ျမန္မာစစ္တပ္၏ လုံၿခဳံေရးတပ္ဖြဲ႕ဝင္မ်ားႏွင့္ KNPP ႏွင့္ PDF အဖြဲ႕တို႔အၾကား တိုက္ပြဲမ်ားျဖစ္ပြားေနျခင္းျဖစ္ၿပီး KNPP ႏွင့္ PDF အဖြဲ႕တို႔၏ အေျချပဳေနရာျဖစ္သည့္ နမ့္မယ္ခုံ၊ အိုေကေက်း႐ြာအျပင္၊ ဆင္မေတာင္၊ ဆင္ထီးေတာင္ႏွင့္ ဘုရားကုန္း တစ္ဝိုက္တို႔ကိုပါ ထိန္းခ်ဳပ္သိမ္းပိုက္ႏိုင္ခဲ့ေၾကာင္းႏွင့္ ၎အဖြဲ႕မ်ား ရွိေနႏိုင္ေသာပတ္ ဝန္းက်င္တစ္ဝိုက္ကိုလည္း ဆက္လက္ရွာေဖြေဖာ္ ထုတ္ေနေၾကာင္း နစကက သတင္းထုတ္ျပန္ထား သည္။
ကယားျပည္နယ္အတြင္းရွိ စစ္ေဘးေရွာင္မ်ားကို လိုအပ္ေသာအေျခခံစားနပ္ရိကၡာမ်ား၊ အေႏြးထည္မ်ား၊ အျခားလိုအပ္ေသာပစၥည္းမ်ားကို ေပးပို႔ကူညီလႉဒါန္းထားေၾကာင္း ကရင္နီ ျပည္စစ္ေဘးေရွာင္ကူညီေစာင့္ေရွာက္ေရးကြန္ရက္က ဆိုသည္။