သတိ - အချိန်တိုင်း စက္ကန့်မလပ် လျှပ်စစ်မီးပြတ်တောက်သွားနိုင်သည် (ဆောင်းပါး)

 1421

မျိုးမင်း(မကျည်းလဟာ) - NP News (27/02/2022)

" လျှပ်စစ်မီးဆိုတာ ပျက်မှာပဲ။ ဘာဖြစ်လို့လဲဆိုတော့ စက်ပစ္စည်းတွေ၊ ကြိုးတွေ ဘာပဲဖြစ်ဖြစ်ပေ့ါဗျာ။ ဖြစ်ခြင်းပျက်ခြင်းဆိုတာ ရှိတဲ့အတွက် ပျက်ကိုပျက်ရမယ်။ ပျက်ရင် Backup ကြိုးလိုင်းတစ်ခုကနေ မီးပေးရမယ်။ ဒီကြိုးလိုင်းတစ်ခုပျက်ရင် ဒီဘက်တစ်ခုကနေ မီးပေးနိုင်တဲ့ အဆင်သင့်အနေအထား မရှိဘူးဆိုရင် မီးပျက်သွားရင် မှောင်သွားပါမယ် "
ဒီစကားက ပြီးခဲ့တဲ့ရက်ပိုင်းတွေအတွင်းမှာ လူထုအကြား လူပြောသူပြောများပြီး ရယ်မောစရာလည်း ဖြစ်ခဲ့တဲ့ ရန်ကုန်ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းရဲ့စကားပါပဲ။ သူ့စကားက မှားသလားဆိုတော့ မမှားပါဘူး။ မမှားတဲ့အတွက် သူ့စကားကို ထောက်ခံပါတယ်။ ဒါပေမဲ့လည်း ကန့်ကွက်ပါတယ်။ နည်းနည်း ရှုပ်သွားနိုင်တဲ့အတွက် တစ်ဆင့်ချင်း ရှင်းပါရစေ။

ဖြစ်ခြင်း၊ ပျက်ခြင်း ၊ မီး ခဏခဏလာခြင်းနဲ့လက်ရှိ မြန်မာ့လျှပ်စစ်မီးအနေအထား။

လျှပ်စစ်မီး ခဏခဏ လာနေခြင်းနဲ့ပြတ်တောက်ခြင်းကိစ္စတွေကတော့ ပြည်သူတွေအားလုံးလည်း လောလောလတ်လတ် ရင်ဆိုင်ခံစားနေရတာဖြစ်တဲ့အတွက် အထူးတလည်ပြောစရာမလိုလို့သီးခြားတော့ မပြောလိုတော့ပါဘူး။ ဒါပေမဲ့ လျှပ်စစ်မီးပျက်မယ်ဆိုတဲ့ကိစ္စမှာတော့ ဦးဖြိုးမင်းသိန်း ပြောတာမှန်ပါတယ်။ ခလုပ်လေး တစ်ချက်နှိပ်ရုံနဲ့မီးလင်းလာဖို့ကို မူလလျှပ်စစ်ထုတ်လုပ်ရာနေရာကနေ နေအိမ်တွေအထိ မိုင်ပေါင်းများစွာ လျှပ်စစ်ဓါတ်အားလိုင်းကြိုးတွေဆင်ရပါတယ်။ တပ်မတော်အစိုးရလက်ထက်နဲ့အတိတ်ကာလတွေတုန်းက လျှပ်စစ်ဓါတ်အားလိုင်းကြိုးတွေဟာ 230 KVA တွေက အကြီးဆုံးသဘောမျိုးဖြစ်နေသလို သွယ်တန်းတဲ့စနစ်တွေကလည်း နိုင်ငံတကာစံချိန်မမီတာ အမှန်ပါပဲ။ ဒီဘက်ခေတ်ရောက်လာချိန်မှသာ 500 KVA ဓါတ်အားလိုင်းကြီးတွေကို ဆင်ခဲ့ကြတာဖြစ်ပြီး လျှပ်စစ်စီးဆင်းမှုမှာလည်း အဖိတ်အစင်နည်းသွားခဲ့ရတာဖြစ်တယ်လို့ဆိုနိုင်ပါတယ်။ မဟာဓါတ်အားလိုင်းကြီးဟာ လျှပ်စစ်မီးပေးနိုင်ဖို့အတွက် အဓိကပင်မထောက်တိုင်ကြီးတွေဖြစ်သလို တိုင်းဒေသကြီးနဲ့ပြည်နယ် ၁၄ ခု၊ ပြည်ထောင်စုနယ်မြေတစ်ခုတို့ကို ကူးလူးဆက်သွယ် ဖြတ်သန်းတည်ဆောက်ထားနိုင်ပါမှ တစ်နိုင်ငံလုံး ကျေးလက်မြို့ရွာအနှံ့မီးလင်းနိုင်မှာပါ။ မဟာဓါတ်အားလိုင်းကြီးတွေကနေတစ်ဆင့် ဓါတ်အားလိုင်းငယ်သွယ်တန်းတဲ့စနစ်တွေနဲ့ကျေးရွာတွေ၊ မြို့ပြတွေမှာ ထပ်မံဖြတ်သန်းရတာလည်း ဖြစ်ပါတယ်။ မြင်သာအောင်ပြောရရင်တော့ ရန်ကုန်မြို့မှာ ပေးနေတဲ့ ဂျိုးဖြူရေပိုက်လိုင်းကြီးတွေလိုပါပဲ။ ရေပိုက်လိုင်းကြီးတွေကနေ တစ်မြို့လုံးကို လွှမ်းခြုံပြီးဖြတ်သန်းပါတယ်။ ရေက ဒီပိုက်လိုင်းကြီးထဲကနေ ဖြတ်သန်းစီးဆင်းနေတာဖြစ်ပြီး ဒီရေကိုပဲ သက်ဆိုင်ရာမြို့နယ်ရပ်ကွက်အလိုက် ပိုက်လိုင်းငယ်တွေနဲ့သွယ်ပြီး အိမ်ပေါ်ကို မော်တာကနေတစ်ဆင့် ရေတွန်းတင်ရသလိုပါပဲ။ ဒီလိုဖြတ်သန်းတာမှာ အတိတ်ကာလတွေတုန်းက လျှပ်စစ်မီးဟာ ၂၀ ရာခိုင်နှုန်းထက်မနည်း ပျောက်ဆုံးယူနစ်အဖြစ်လေလွင့်သွားခဲ့ရဖူးပါတယ်။ ဥပမာအားဖြင့် လျှပ်စစ်မီး မဂ္ဂါဝပ်(၁၀၀)ပေးရင်(၈၀)ပဲ ပြည်သူတွေဆီကို ရောက်တဲ့သဘောမျိုးပါ။ ဒါကိုလည်း ပြီးခဲ့တဲ့အစိုးရလက်ထက်ကနေ စတင်ပြီး ပျောက်ဆုံးယူနစ်တွေနည်းပါးလာစေဖို့ကြိုးစားခဲ့တာမှာ ဒီဘက်ခေတ်ရောက်ချိန်မှာတော့ ၁၀ ရာခိုင်နှုန်းပတ်ချာလည်လောက်ပဲ ပျောက်ဆုံးယူနစ်တွေဖြစ်သွားရပါတယ်။ သို့သော်လည်း အတိတ်ကာလတွေတုန်းက တည်ဆောက်ခဲ့တဲ့ မဟာဓါတ်အားလိုင်းကြီးတွေ၊ ဓါတ်အားဖြန့်ခွဲပို့လွှတ်ရုံတွေနဲ့ရပ်ကွက်အထိရောက်နေတဲ့ ထရန်စဖော်မာတွေဟာ သက်တမ်းကြာလာတာကတစ်ကြောင်း၊ မူလကတည်းအရည်အသွေးပိုင်း အားနည်းခဲ့တာကတစ်ကြောင်း ဦးဖြိုးမင်းသိန်းပြောသလို ဖြစ်ခြင်းပျက်ခြင်းတွေနဲ့ကြုံလာရတဲ့သဘောမှာ ရှိပါတယ်။ အခြေအနေတစ်ခုခုကြောင့် လျှပ်စစ်မီးပြတ်တောက်သွားတိုင်းမှာ ပြည်သူတွေက အပြစ်တင်ဖို့နဲ့အပြစ်မြင်ဖို့သာ တွေးဆကြပေမယ့် လျှပ်စစ်ဌာနဆိုင်ရာတာဝန်ရှိသူတွေဘက်မှာတော့ ဇောတွေ ကပ်သွားပါတယ်။ ဆိုလိုချင်တာက ပြည်သူ့မေတ္တာတွေ ခံယူရတာဖြစ်တဲ့အတွက် လျှပ်စစ်မီးမြန်မြန်ပြန်ပေးနိုင်ဖို့ကြိုးစားကြပေမယ့် Backup Plan မရှိတဲ့အတွက် ဇောကပ်တယ်လို့ဆိုချင်တာပါ။ ခက်တာက လက်ရှိမြန်မာနိုင်ငံရဲ့လျှပ်စစ်မီး ထုတ်လုပ်မှုပမာဏာဟာလည်း တစ်နိုင်ငံလုံးမှာရှိတဲ့ အိမ်ထောင်စုပေါင်းရဲ့၄၄ ရာခိုင်နှုန်းသာ ပေးနိုင်သေးတာဖြစ်တဲ့အတွက် ထင်တိုင်ခရီးမပေါက်ခဲဘူးလို့ဆိုရမှာပါ။ ဒါကြောင့် ဦးဖြိုးမင်းသိန်း ညဉ်းညူပြနေသမျှတွေကို ထောက်ခံတယ်လို့ပြောချင်တာပါ။ ဒါပေမဲ့ ကန့်ကွက်တာလည်း ရှိပါတယ်။ ဒါကတော့ အစိုးရဖြစ်တာ သုံးနှစ်ရှိပြီဖြစ်ပေမယ့် ဒီကနေ့အထိ လျှပ်စစ်မီးပြဿနာ ဘယ်လိုရှင်းရမလဲဆိုတာကို အဖြေရှာမတွေ့သေးတာပဲ ဖြစ်ပါတယ်။ အစိုးရမဖြစ်ခင်ကတည်းက အထူးသဖြင့် ရွေးကောက်ပွဲနိုင်လိုက်ကတည်းက အစိုးရကောင်းတစ်ရပ်မှာ ရှိထားရမယ့် Shadow Government Plan တွေ လုပ်ရကောင်းမှန်းမသိခဲ့တာဟာ ဒီကနေ့လျှပ်စစ်မီးပြဿနာမှာတော့ လယ်ပြင်မှာ ဆင်သွားသလို ထင်ရှားလာခဲ့တာပါပဲ။ တကယ်တော့ တိုင်းပြည်တစ်ပြည်ကို အုပ်ချုပ်တော့မယ်ဆိုရင် အရင်ဦးဆုံးစဉ်းစားရမှာက ပြည်သူတွေဘာလိုအပ်နေလဲ၊ ပြည်သူတွေကို ဘာတွေဖြည့်ဆည်းပေးရမလဲဆိုတာကို အရင်ဆုံးဦးစားပေးရမှာပါ။ အထူးသဖြင့် တိုင်းပြည်မှာ ပြည်သူတွေအလုပ်အကိုင်ကောင်းဖို့အတွက် မဖြစ်မနေ လုပ်ရမှာက လျှပ်စစ်မီးဖြည့်တင်းခြင်းနဲ့လမ်းဖောက်လုပ်ခြင်းပါ။ တရုတ်နိုင်ငံ ဖွံ့ဖြိုးတိုးတက်ရေး နှစ် ၃၀ ခရီးမှာ လျှပ်စစ်မီးနဲ့လမ်းဖောက်လုပ်မှုကို အဓိက ဦးစားပေးခဲ့ပါတယ်။ ဒါကို နမူနာယူရရင်ဖြင့် လျှပ်စစ်မီးမရှိရင် စက်ရုံအလုပ်ရုံ ကုမ္ပဏီတွေလည်း လည်ပတ်ဖို့ခက်လာသလို ပြည်သူတွေလည်း စားဝတ်နေရေးကျပ်တည်းလာပြီး ဦးဖြိုးမင်းသိန်းပြောသလို ညဘက်မှာ မှောင်သွားပါလိမ့်မယ်။ ဒီကနေ့ကြုံတွေ့နေရတဲ့ လျှပ်စစ်မီးပြတ်တောက်မှုပြဿနာအတွက် လွန်ခဲ့တဲ့ သုံးနှစ်လောက်ကတည်းက ကြိုတင်ပြင်ဆင်လို့ရသလားဆိုရင်တော့ ဦးဖြိုးမင်းသိန်းက တိုက်ရိုက်မဖြေခဲ့ပါဘူး။ သူတို့တက်လာကာစတုန်းက အခုထက်ပိုဆိုးတယ်လို့ပဲ ပြောပါတယ်။ ဒီအချက်ကတော့ ဦးဖြိုးမင်းသိန်းပြောစကားကို ကန့်ကွက်ချင်တဲ့အချက်ပါပဲ။ သူတို့တက်လာကာစက ဆိုးခြင်းမဆိုးခြင်းကို ဘယ်ပြည်သူကမှ စိတ်ဝင်စားဖို့လည်း မလိုပါဘူး။ ပြည်သူကတော့ ပိုကောင်းမယ်ထင်တဲ့အစိုးရတွေကို ရွေးချယ်ပေးပြီး သူတို့ဘဝကို မြှင့်တင်ပေးတာပဲ လိုချင်ကြတာပါ။ ဒီတော့ တစ်နှစ်ထက်တစ်နှစ်ပိုကောင်းလာတဲ့ လျှပ်စစ်မီးကဏ္ဍကိုပဲ လိုချင်မှာဖြစ်တဲ့အတွက် အရင်တုန်းက၊ ဘိုးတော်ဘုရားလက်ထက်က ဆိုတာတွေဟာ ဆင်ခြေတွေသာ ဖြစ်တယ်လို့ပဲ မှတ်ချက်ချချင်ပါတယ်။

လက်ရှိအစိုးရလက်ထက်မှာ လျှပ်စစ်မီးရဖို့လမ်းကြောင်းတွေ ရှိခဲ့သလား။
ရေအားလျှပ်စစ် ၊ ကျောက်မီးသွေး၊ သဘာဝဓါတ်ငွေ့စတဲ့ သဘာဝပတ်ဝန်းကျင်ကို ထိခိုက်မှုရှိတယ်ဆိုတဲ့ လျှပ်စစ်ဓါတ်အားပေးစီမံကိန်းကို ဘေးဖယ်လိုက်ရင်တောင် မြန်မာနိုင်ငံမှာ နိုင်ငံတကာက လာလုပ်ချင်တဲ့ ဆိုလာ(နေရောင်ခြည်စွမ်းအင်သုံး) ဓါတ်အားပေးစနစ်နဲ့လေအားလျှပ်စစ်စီမံကိန်းတွေ တော်တော်များများရှိခဲ့ပါတယ်။ အထူးသဖြင့် လေအားလျှပ်စစ်စီမံကိန်းဆိုရင် တရုတ်အစိုးရပိုင် နာမည်ကြီးကုမ္ပဏီဖြစ်တဲ့ China Three Gorge ကော်ပိုရေးရှင်းက ချင်းပြည်နယ်၊ ရခိုင်ပြည်နယ်နဲ့ဧရာဝတီတိုင်းဒေသကြီးတို့မှာ စီမံကိန်းပေါင်း (၁၀)ခုထက်မနည်း တင်ပြခဲ့ဖူးပါတယ်။ သူတို့တင်ပြထားတဲ့ လျှပ်စစ်ဓါတ်အားရရှိနိုင်ခြေအားလုံးပေါင်းဟာ မဂ္ဂါဝပ်(၁၀၀၀)ကျော်ပါတယ်။ ဒါတွေကို ၂၀၁၅ ခုနှစ်လောက်ကတည်းက တင်ပြထားတာဖြစ်ပြီး အစိုးရသစ်ပြောင်းလဲချိန်မှာပဲ ကြန့်ကြာမှုတွေ အများကြီးဖြစ်ပေါ်ခဲ့တယ်လို့ဆိုပါတယ်။ China Three Gorge ကော်ပိုရေးရှင်းအပြင် မြန်မာနဲ့ထိုင်းဖက်စပ်လို့ယူဆရတဲ့ Gunkul Engineering ကုမ္ပဏီကလည်း ရှမ်း၊ကယား၊ ကရင်နဲ့မွန်ပြည်နယ်တို့မှာ မဂ္ဂါဝပ်(၁၀၀၀)ထက်မနည်းတဲ့ လေအားလျှပ်စစ်ထုတ်လုပ်မှုတွေ လုပ်သွားဖို့အစိုးရဆီမှာ တင်ပြခဲ့ဖူးပါတယ်။ China Three Gorge ကော်ပိုရေးရှင်းရဲ့မြန်မာတာဝန်ခံ ရှန်ဟိုင်းချောင်က ၂၀၁၇ ခုနှစ်မှာ ရင်ဖွင့်ခဲ့တာကတော့ အစိုးရသစ်ပြောင်းလဲမှုအပြီးနောက်ပိုင်းမှာ လေအားလျှပ်စစ်စီမံကိန်းအတွက် ဘယ်သူကတာဝန်ယူပြီး လက်မှတ်ထိုးပေးမလဲဆိုတာကို အတိအကျမသိရဘူးလို့ဆိုပါတယ်။ အထူးသဖြင့် တရုတ်ဘက်က လုပ်ချင်တဲ့ပုံစံဟာ မြန်မာအစိုးရက မြေကိုဆက်လက်ပိုင်ဆိုင်ထားမယ်။ တရုတ်ကုမ္ပဏီက အစိုးရမြေပေါ်မှာ လေအားလျှပ်စစ်တာဝါတိုင်တွေဆောက်မယ်။ ပြီးရင် သက်ဆိုင်ရာပြည်နယ်အတွက် ၁၀ ရာခိုင်နှုန်းထက်မနည်း အလကားပေးမယ်။ နောက်ထပ်ထွက်ရှိလျှပ်စစ်ကိုလည်း သက်ဆိုင်ရာပြည်နယ်ကိုပဲ နှစ်ဖက်ညှိနှိုင်းပြီး သင့်တင့်တဲ့ဈေးနဲ့ရောင်းပေးမယ်။ အစိုးရအနေနဲ့က တရုတ်ရင်းနှီးမြုပ်နှံမှုအတွက် ကုန်ကျစရိတ်၊ အရင်းကျေကာလနဲ့အမြတ်ငွေထွက်ရှိမှု တွက်ချက်မှုစာရင်းဇယားအတိုင်း နှစ်ရှည်တော့ လုပ်ခွင့်ပေးရမယ်။ ဒီအတွက် အစိုးရဘက်က အာမခံစာချုပ်ချုပ်ပေးဖို့ပဲ လိုတယ်ဆိုတာပါ။ ဒါတွေကို တရုတ်ဘက်က ဘယ်လိုပဲတင်ပြခဲ့ပေမယ့် ဘယ်သူမှ တာဝန်မယူ၊ တာဝန်မခံတဲ့အတွက် ဒေါ်အောင်ဆန်းစုကြည်နားကို ပေါက်အောင်ပဲ ကြိုးစားရတော့မလားမသိဘူးလို့ရင်ဖွင့်ခဲ့ပါတယ်။ ပြီးခဲ့တဲ့အစိုးရလက်ထက်ကလည်း တူရကီကနေ လျှပ်စစ်ပေးမယ့်သင်္ဘောကြီး ရန်ကုန်ကို လာကပ်မယ့်အစီအစဉ်ဖော်ဆောင်ထားပေးခဲ့ပေမယ့် ဒီဘက်အစိုးရလက်ထက်အကူးအပြောင်းကာလမှာပဲ ပျက်ပြယ်သွားခဲ့ပါတယ်။ တူရကီသင်္ဘောက မဂ္ဂါဝပ် ၃၀၀ ထက်မနည်း ပေးဖို့ပြင်ဆင်ပြီး စင်ကာပူအထိတောင် ရောက်ခဲ့ပါတယ်။ ဒါပေမဲ့ ၂၀၁၆ မှာ စတင်မယ့် အဲဒီစီမံကိန်းအတွက် လက်ရှိအစိုးရက သူတို့ဘတ်ဂျက်ထဲမှာ ထည့်မဆွဲထားလို့မယူတော့ဘူးဆိုတဲ့ပုံစံမျိုး ပြောခဲ့တဲ့အတွက် တူရကီသင်္ဘောက စင်ကာပူကနေ စိတ်ဆိုးဆိုးနဲ့ပဲ လှည့်ပြန်သွားခဲ့ရတယ်လို့ဆိုပါတယ်။ သင့်တင့်တဲ့ဈေးနှုန်းနဲ့ရောင်းချပေးမယ့် ဒီမဂ္ဂါဝပ် ၃၀၀ ကျော်သာ ရန်ကုန်ကို ဝင်ခဲ့ရင် လက်ရှိရန်ကုန်မှာ ခံစားနေရတဲ့လျှပ်စစ်မီးပြဿနာဟာ တော်တော်လေးပြေလည်သွားမယ့်သဘောမျိုးပဲ ဖြစ်ပါတယ်။ ဒီနေရာမှာ တာဝန်ခံမှု၊ တာဝန်ယူမှုနဲ့ပြည်သူအပေါ် မေတ္တာထားပြီးကြိုတင်စီစဉ်ပေးခဲ့မှု ရှိမရှိကပဲ အဖြေတစ်ခုဖြစ်လာတာပါ။ လေအားလျှပ်စစ်စီမံကိန်းကလည်း ၂၀၁၆ တုန်းကသာ အတည်ပြုခဲ့ရင် ၂၀၁၉ မှာတော့ အသီးအပွင့်တွေ စတင်ခံစားရမှာသေချာပါတယ်။ လွန်ခဲ့တဲ့ရက်ပိုင်းက ဖွင့်လှစ်ခဲ့တဲ့ နေရောင်ခြည်စွမ်းအင်သုံးမဂ္ဂါဝပ် ၂၀ ထွက် လျှပ်စစ်ဓါတ်အားပေးရေးရုံဟာလည်း ပြီးခဲ့တဲ့အစိုးရလက်ထက်က ချပေးခဲ့တဲ့ စတင်ခဲ့တဲ့ရင်းနှီးမြုပ်နှံမှုပဲ ဖြစ်သလို ဒီနှစ်ရောက်မှသာ အသီးအပွင့်အဖြစ် ခံစားရတာဖြစ်ပါတယ်။ ဒီတော့ လွန်ခဲ့တဲ့သုံးနှစ်လောက်ကတည်းက ကြိုတင်စီစဉ်လို့ရသလားလို့မေးရင် ဖြေစရာလိုတော့မယ် မထင်ပါဘူး။

မြန်မာနိုင်ငံရဲ့လျှပ်စစ်မီး အနာဂတ်က ဘာများလဲ။

၂၀၃၀ ပြည့်နှစ်ရောက်ရင် တစ်နည်းအားဖြင့် ဒီနှစ်ကနေစတင်ပြီးလို့နောက်(၁၁)နှစ်ကြာပြီးတဲ့အချိန်မှာ မြန်မာနိုင်ငံရဲ့လျှပ်စစ်မီးလိုအပ်ချက်ဟာ မဂ္ဂါဝပ် ၂၃၈၅၀ အထိ ရှိလိမ့်မယ်လို့ဝန်ကြီးဌာနနဲ့နိုင်ငံတကာပညာရှင်တွေက ပူးပေါင်းပြီး လေ့လာတွက်ချက်ပေးထားပါတယ်။ လက်ရှိအချိန် ၂၀၁၉ ခုနှစ် ရောက်လာတဲ့အထိ မြန်မာနိုင်ငံမှာ လျှပ်စစ်မီး ရရှိမှုဟာ မဂ္ဂါဝပ် ၃၇၀၀ ကျော်သာ ရှိသေးတဲ့အတွက် နောက်(၁၁)နှစ်အတွင်း မဂ္ဂါဝပ် ၂၀၀၀၀ ရပ့ါမလားဆိုတာကတော့ ရင်လေးစရာပါပဲ။ ဘာကြောင့်လဲဆိုတော့ လက်ရှိ လျှပ်စစ်နဲ့စွမ်းအင်ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာထွန်းနိုင်က ဒီနှစ် နှစ်ဦးပိုင်းမှာပဲ စာတိုလေးနည်းနည်း တင်ထားပါတယ်။ သူတင်ထားတာကတော့ NLD အစိုးရ တက်လာချိန် ၂၀၁၆ မတ်လကုန်အထိ မြန်မာနိုင်ငံတစ်နိုင်ငံလုံးရဲ့အိမ်ထောင်စုပေါင်း ၃၄ ရာခိုင်နှုန်းသာ မဟာဓါတ်အားလိုင်းတွေကနေတစ်ဆင့် လျှပ်စစ်မီးသုံးစွဲခွင့်ရထားတာဖြစ်ပြီး ၂၀၁၉ ခုနှစ် ဖေဖော်ဝါရီလ ရောက်တဲ့အချိန်မှာတော့ ၄၄ ရာခိုင်နှုန်းအထိ သုံးစွဲခွင့်ရနေပြီလို့ဆိုပါတယ်။ နိုင်ငံပိုင်မီဒီယာကနေတစ်ဆင့် ရုပ်သံကြီးနဲ့ဖြေကြားထားတာမှာတော့ ၂၀၁၅ ခုနှစ်မှာ လျှပ်စစ်မဂ္ဂါဝပ် ၂၃၅၀ ၊ ၂၀၁၆ မှာ ၂၆၇၀ ၊ ၂၀၁၇ မှာ ၂၉၀၀ ၊ ၂၀၁၈ မှာ ၃၃၀၀ မဂ္ဂါဝပ်နဲ့၂၀၁၉ ဖေဖော်ဝါရီလအထိမှာတော့ ၃၇၀၀ မဂ္ဂါဝပ်ကျော် ရှိနေပြီလို့ပြောထားတာပါ။ NLD အစိုးရလက်ထက် သုံးနှစ်ကျော်အတွင်းမှာ လျှပ်စစ်သုံးစွဲခွင့်ရ အိမ်ထောင်စုပေါင်း ၁၀ ရာခိုင်နှုန်းနဲ့အထက် တိုးတက်လာခဲ့တဲ့အတွက် အောင်မြင်တဲ့လုပ်ဆောင်မှုတစ်ခုလို့ဆိုထားပါတယ်။ ဒါ့အပြင် ၂၀၂၁ မတ်လ ရောက်ရှိချိန်မှာ တစ်နိုင်ငံလုံးအိမ်ထောင်စုပေါင်း ၅၅ ရာခိုင်နှုန်းအထိ လျှပ်စစ်မီးရရှိစေရမယ်လို့ပြောပါတယ်။ မဟာဗျုဟာ စီမံချက်တွေအဖြစ် ၂၀၂၅-၂၆ မှာ တစ်နိုင်ငံလုံးအိမ်ထောင်စုပေါင်း ၇၅ ရာခိုင်နှုန်းနဲ့၂၀၃၀-၃၁ မှာ ၁၀၀ ရာခိုင်နှုန်းဆိုပြီးတော့ ပြင်ဆင်ထားတာပါ။ ဒေါက်တာထွန်းနိုင်ရဲ့ပြောကြားချက်တွေအရ ၂၀၃၀-၃၁ မှာ တစ်နိုင်ငံလုံးရာနှုန်းပြည့် လျှပ်စစ်မီးလင်းမယ်ဆိုရင်တောင် မဂ္ဂါဝပ်ပေါင်း ၁၀၀၀၀ ပတ်ချာလည်မှာပဲ ရှိနေဦးမယ့်သဘောမျိုးဖြစ်ပြီးတော့ ပြီးခဲ့တဲ့အစိုးရလက်ထက်က လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမော်သာထွေးကိုယ်တိုင် ပြည်သူ့လွှတ်တော်မှာဖြေကြားထားချက်တွေနဲ့နှိုင်းယှဉ်ရင် လွဲချော်နေတာတွေကို သွားတွေ့ရပါတယ်။ အထူးသဖြင့် ဦးမော်သာထွေးက ဒေါ်ခင်စန်းလှိုင်ရဲ့မေးခွန်းကို တိတိပပ ဖြေထားမှာ ၂၀၃၀ ရောက်ရင် မြန်မာနိုင်ငံက လျှပ်စစ် မဂ္ဂါဝပ် ၂၃၈၅၀ အထိ လိုအပ်လာလိမ့်မယ်ဆိုတဲ့အချက်ပဲ ဖြစ်ပါတယ်။ အစိုးရအသစ်ကို တာဝန်လွှဲပြောင်းလိုက်ချိန်မှာ ၂၀၃၀ မဟာဗျုဟာစီမံကိန်း အနာဂတ်တွေရော ပါသွားခဲ့ရဲ့လားဆိုတာ စိတ်ဝင်စားစရာ ဖြစ်လာတဲ့သဘောပါ။ ဒါ့အပြင် ဦးမော်သာထွေးပြောတဲ့အတိုင်းဆိုရင် (၁၁)နှစ်အတွင်း နောက်ထပ်မဂ္ဂါဝပ် ၂၀၀၀၀ ရဖို့အတွက် တစ်နှစ်ကို မဂ္ဂါဝပ် ၂၀၀၀ နီးပါးရအောင်လုပ်ကို လုပ်ရမယ့်သဘောမျိုးဖြစ်နေပြီး ဒေါက်တာထွန်းနိုင်ရဲ့အဆိုအတိုင်း သွားမယ်ဆိုရင်ဖြင့် တစ်နှစ်ကို မဂ္ဂါဝပ် ၄၀၀ ထက်မနည်း ပုံမှန်ထွက်လာအောင်လုပ်ရမယ့်သဘောမျိုး ဖြစ်နေပါတယ်။
ဘယ်လိုပဲဖြစ်ဖြစ် မြန်မာနိုင်ငံရဲ့နောက်(၁၁)နှစ်အတွင်း အနာဂတ်ကတော့ ရာနှုန်းပြည့် လျှပ်စစ်မီးရရှိဖို့ပဲ ဖြစ်ပါတယ်။

လျှပ်စစ်မီးအတွက် ဘယ်လိုထုတ်ယူသုံးစွဲနေလဲ။

နိုင်ငံတစ်နိုင်ငံ လျှပ်စစ်မီးလင်းဖို့အတွက် လျှပ်စစ်ရနိုင်ခြေလမ်းကြောင်းတွေ အများအပြားရှိပါတယ်။ အဓိကအားဖြင့် ရေအားလျှပ်စစ်၊ နျူကလီးယားဓါတ်ပေါင်းဖို၊ သဘာဝဓါတ်ငွေ့၊ ရေနံ၊ ကျောက်မီးသွေး၊ နေရောင်ခြည်စွမ်းအင်၊ လေအားလျှပ်စစ်၊ ဇီဝလောင်စာ စသဖြင့် ကဏ္ဍအစုံအလင်ရှိပါတယ်။ တစ်ကမ္ဘာလုံးအတိုင်းအတာနဲ့ဆိုရင်တော့ ကျောက်မီးသွေးကနေ လျှပ်စစ်မီးရယူမှုက ၄၀ ဒဿမ ၃၃ ရာခိုင်နှုန်းနဲ့ထိပ်ဆုံးကနေ ဦးဆောင်နေပါတယ်။ သူ့နောက်မှာတော့ သဘာဝဓါတ်ငွေ့ကနေ လျှပ်စစ်မီးရယူတာက ၂၁ ဒဿမ ၃၇ ရာခိုင်နှုန်းရှိပါတယ်။ အစဉ်လိုက်အားဖြင့် ရေအားလျှပ်စစ်ကနေ ၁၆ ဒဿမ ၅၃ ၊ နျူကလီးယားကနေ ၁၃ ဒဿမ ၄ ၊ ရေနံကနေ ၅ ဒဿမ ၁ နဲ့အခြားကဏ္ဍကနေ ၃ ဒဿမ ၂၇ ဆိုပြီး ရှိနေတာပါ။ အိမ်နီးချင်း တရုတ်နိုင်ငံနဲ့အိန္ဒိယနိုင်ငံတို့အပြင် ကမ္ဘာ့ထိပ်သီး အမေရိကန်၊ ဂျပန်တို့ဟာ ကျောက်မီးသွေးကနေ လျှပ်စစ်မီးအများဆုံးရယူခဲ့ကြပါတယ်။ ရေအားလျှပ်စစ်ကတော့ ဒုတိယနေရာကနေ လိုက်ပါတယ်။ သို့သော်လည်း ၁၉ ရာစုကတည်းက ခေတ်စားခဲ့တဲ့ ကျောက်မီးသွေးလျှပ်စစ်ဟာ ၂၁ ရာစုရောက်လာချိန်မှာတော့ သက်ဆိုင်ရာနိုင်ငံတိုင်းလိုလိုက တဖြည်းဖြည်း ခွာစစ်ဆုတ်နေကြပါတယ်။ ဘာကြောင့်လဲဆိုတော့ သဘာဝပတ်ဝန်းကျင်ပျက်စီးမှုနဲ့အိုဇုန်းလွှာပေါက်ပြဲလာမှုတွေကြောင့်ပါပဲ။ အားလုံးကတော့ သဘာဝကို ထိန်းသိမ်းနိုင်မယ့် Renewable Energy ဘက်ကို စောင်းပေးပြောဆိုလုပ်ဆောင်လာနေကြပါပြီ။ " ဖွံ့ဖြိုးပြီးနိုင်ငံကြီးတွေ တော်တော်များများက အစိမ်းရောင်ကို ကြိုးစားနေကြပေမယ့် တစ်ဖက်ကနေ ကျွန်တော်တို့ဒီမှာ Green လုပ်မယ်ဆိုရင် ဥပမာအားဖြင့် ဆိုလာတပ်ရင် နေရောင်ကျသွားချိန်မှာ Backup တစ်ခု ထားရပါတယ်။ နှစ်ခု ထူထောင်ရသလိုတော့ ဖြစ်နေတယ်။ ကျွန်တော်တို့အစိုးရမှာလည်း ဆောင်ရွက်ရတဲ့နေရာမှာစိန်ခေါ်မှုတွေ များစွာရှိပါတယ်။ အစိုးရအနေနဲ့ဘက်ပေါင်းစုံကနေ ပြင်ဆင်ဆောင်ရွက်နေရတာပါ " လို့ရန်ကုန်ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက မေလလယ်တုန်းက ပြောပါတယ်။ NLD အစိုးရအနေနဲ့လျှပ်စစ်မီးကိစ္စကို တော်တော်လေးခေါင်းခဲနေတဲ့သဘောမျိုးလည်း ဖြစ်နေသလို ရေအားလျှပ်စစ်၊ ကျောက်မီးသွေး၊ နျူကလီးယား စတဲ့ကဏ္ဍကနေ လျှပ်စစ်ထုတ်ယူမှုတွေကို သတိကြီးကြီးထားနေရသလို အခြားသောဘက်ပေါင်းစုံကနေ လျှပ်စစ်မီးထုတ်ယူဖို့ကိုလည်း ချင့်ချိန်နေရတဲ့သဘောမှာရှိတယ်လို့ဆိုပါတယ်။ လက်ရှိ ဓါတ်အားလိုင်းစနစ်တွေဟာ ဟောင်းနွမ်းပျက်စီးနေပြီဖြစ်တဲ့ ကြိုးတွေနဲ့သွယ်တန်းထားသလို မီတာစနစ်တွေဟာလည်း ပျောက်ဆုံးယူနစ်တွေအတွက် အားပေးအားမြောက်ပြုထားသလို ဖြစ်နေတယ်လို့ထောက်ပြပါတယ်။ တကယ်တော့ မြန်မာနိုင်ငံဟာ လက်ရှိသုံးစွဲခွင့်ရနေတဲ့ လျှပ်စစ်မီးအတွက် ရေအားလျှပ်စစ်ကနေ ၇၀ ရာခိုင်နှုန်းကျော် ထုတ်ယူနေရတာဖြစ်ပြီး သဘာဝဓါတ်ငွေ့ကနေ ၂၇ ရာခိုင်နှုန်းကျော်၊ ကျောက်မီးသွေးကနေ (၁)ရာခိုင်နှုန်းကျော်သာ ထုတ်ယူနိုင်တာမျိုး ဖြစ်ပါတယ်။ ၂၀၁၄ ခုနှစ်တုန်းက ချမှတ်ခဲ့တဲ့ ၂၀၃၀ မဟာဗျုဟာစီမံချက်အရဆိုရင်တော့ ရေအားလျှပ်စစ်ကနေ ၃၇ ရာခိုင်နှုန်းကျော်၊ ကျောက်မီးသွေးကနေ ၃၃ ရာခိုင်နှုန်းကျော်၊ သဘာဝဓါတ်ငွေ့ကနေ ၂၀ ရာခိုင်နှုန်းကျော်နဲ့အခြားကဏ္ဍကနေ ၈ ရာခိုင်နှုန်းကျော်ဆိုပြီး ရှိထားပါတယ်။ ဒီအတိုင်း ဆက်သွားမလား၊ မသွားဖြစ်ဘူးလား။ ဘယ်လမ်းကြောင်းကို ရွေးချယ်ဖြစ်မလဲဆိုတာကတော့ စိတ်ဝင်စားစရာ Political Policy လို့ပဲ ပြောရမှာပါ။

လျှပ်စစ်မီးကိစ္စက ဘယ်သူ့မှာတာဝန်ပိုရှိလာသလဲ။

တပ်မတော်အစိုးရလက်ထက်နဲ့ဦးသိန်းစိန်အစိုးရတွေလက်ထက် အရင်တုန်းကတော့ လျှပ်စစ်မီးပျက်ရင် အစိုးရမှာတာဝန်ရှိခဲ့ပါတယ်။ ဖယောင်းတိုင်တွေလည်း ကိုင်ခဲ့ကြသူတွေ ရှိပါတယ်။ သူတို့တွေဟာ အစိုးရကိုတော်လှန်ရဲတဲ့ ပြည်သူ့သူရဲကောင်းတွေဖြစ်ခဲ့ပါတယ်။ ကဗျာဆန်ဆန်ဆိုရရင်တော့ အရင်တုန်းက လျှပ်စစ်မီးပျက်တဲ့ညတွေဟာ ဒေါသတွေကို အစိုးရအပေါ်ပုံချအပြစ်တင်ဆဲဆိုခဲ့ကြပေမယ့် ဒီဘက်ခေတ် လျှပ်စစ်မီးပျက်ရင်တော့ မကြည့်ဖြစ်တာကြာပြီဖြစ်တဲ့ ကြယ်တွေဟာ ပိုပြီးလှပလာနေပါလားလို့တွေးဆတတ်လာတဲ့သဘောပါ။ အရင်တုန်းကတော့ အစိုးရညံ့ဖျင်းစုတ်ပြတ်ပြီး ပြည်သူ့အပေါ် မေတ္တာစေတနာမထားလို့လျှပ်စစ်မီးပြတ်တောက်ရတာဖြစ်ပြီး ဒီကနေ့လျှပ်စစ်မီးပြတ်တောက်နေရတာဟာလည်း အရင်လူတွေကြောင့်ပဲဆိုတာကို ရှင်းရှင်းလင်းလင်း ထပ်မြင်လာရပြန်ပါတယ်။ ဖယောင်းတိုင်ကိုင်ခဲ့တဲ့ ပြည်သူ့သူရဲကောင်းတွေဟာလည်း အစိုးရအပေါ်မှာ မေတ္တာထားရကောင်းမှန်းသိလာကြတယ်လို့အကောင်းမြင်မိပါတယ်။ ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းကတော့ အစိုးရအနေနဲ့ကျပ်ဘီလျံ ၃၀၀ ကနေ ၄၀၀ လောက်အထိ အရှုံးခံပြီး လျှပ်စစ်မီးတွေဖြန့်ဖြူးပေးနေရတယ်လို့ရင်ဖွင့်ပါတယ်။ ဒီအစိုးရတင်လားဆိုတော့ သူတို့အစိုးရမှ မဟုတ်ပါဘူး။ အရင်အစိုးရတုန်းကလည်း အလားတူ အရှုံးခံခဲ့ကြရပါတယ်။ အစိုးရတစ်ရပ်ဖြစ်လာရင်တော့ ပြည်သူ့ဆီကနေ သို့မဟုတ် ပြည်သူကို ဝန်ဆောင်မှုပေးတဲ့နေရာမှာဖြစ်စေ ငွေကြေးအကျိုးအမြတ် အရှုံးအနိုင်စာရင်းတွေ တွက်ပြရမှာ မဟုတ်ပါဘူး။ ပြည်သူ့အတွက် အနစ်နာခံပေးဖို့ပဲ စဉ်းစားရမှာပါ။ ဝန်ကြီးချုပ်ကတော့ မီတာခတွေ တိုးကောက်ဖို့အတွက် ပြည်ထောင်စုအဆင့်ကလည်း ကြိုးစားနေတဲ့အကြောင်းတွေကို ထည့်သွင်းအသိပေးခဲ့သလို့တိုးကောက်ခဲ့ရင်လည်း အခြေခံပြည်သူတွေ အဆင်မှပြေပါ့မလားလို့ထည့်တွေးပေးနေတယ်လို့ပြောပါတယ်။ အခြားတစ်ဖက်မှာတော့ မီတာခတွေ တိုးမပေးတဲ့ပြည်သူတွေရဲ့အပြစ် မဖြစ်ရုံတမည်ပဲ ကီးဘုတ်ဖိုက်တာတွေက လော်ကြပြန်ပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် ပြည်သူတွေကတော့ တပ်မတော်အစိုးရလက်ထက်ကလည်း အမှောင်တလှည့် အလင်းတစ်လှည့်၊ ဦးသိန်းစိန် အစိုးရလက်ထက်ကလည်း အမှောင်တလှည့် အလင်းတစ်လှည့်၊ NLD အစိုးရလက်ထက်မှာလည်း အမှောင်တစ်လှည့် အလင်းတစ်လှည့်နဲ့ပြည်သူ့ဘက်ကတော့ အမြဲတမ်းသစ္စာမပျက်ခဲ့တဲ့သဘောမျိုး ဖြစ်နေပါသေးတယ်။ ပြည်သူကတော့ လျှပ်စစ်မီးနဲ့ပတ်သက်ရင် အပြောင်းအလဲတော့ ခံစားရခြင်းမရှိသေးပါဘူး။ ဒါပေမဲ့ တာဝန်တော့ ပိုရှိလာတယ်လို့အချို့က ဆိုကြပါတယ်။ မှန်ပါတယ်။ တကယ်တော့ ပြည်သူတွေမှာပဲ တာဝန်ရှိပါတယ်။ တာဝန်မယူနိုင်တဲ့အစိုးရတွေကို တာဝန်မယူနိုင်တော့ဘူးလားလို့မေးဖို့တာဝန်ရှိတာပါ။

နောင် ၁၀ နှစ်အတွင်း လျှပ်စစ်မီးမှန်မှန်ရပါ့မလား။

ဒါကတော့ ဒီဆောင်းပါးရဲ့နောက်ဆုံးအပိုင်းအဖြစ်နဲ့တိတိပပကိုပဲ မေးခွန်းထုတ်လိုက်တာပါ။ တကယ့်မြေပြင်အခြေအနေမှာ လုပ်ဆောင်နေသမျှ အနေအထားတွေအရ နောက်ဆယ်နှစ်အတွင်း တစ်နိုင်ငံလုံးက အိမ်ထောင်စုအားလုံးလျှပ်စစ်မီး ရာနှုန်းပြည့်ရဖို့လုံး၀ လုံး၀ မဖြစ်နိုင်ပါ။ ဘာကြောင့် ဒီလိုပြောသလဲဆိုရင်တော့ ရှင်းရှင်းလေးပါပဲ။ လျှပ်စစ်မီးရဖို့အတွက် အစိုးရတစ်ရပ်မှာ လုပ်ကိုလုပ်ရမယ့် လုပ်ငန်းစဉ်တွေ ရှိပါတယ်။ လျှပ်စစ်မီးရနိုင်ခြေလမ်းကြောင်းတွေကိုလည်း ပြည်သူနဲ့ထိပ်တိုက်မတွေ့စေဘဲ ပုံဖော်ထားပြီးသား ဖြစ်ရပါမယ်။ အစိုးရစဖြစ်ပြီဆိုကတည်းက ဖြစ်မယ်လို့အတိအကျသိရပြီးကတည်းက နောက်ဆုံး ဖြစ်ဖြစ်မဖြစ်ဖြစ် အစိုးရလုပ်မယ်လို့ခံယူချက် ချထားပြီဆိုကတည်းက လျှပ်စစ်မီးကိစ္စကို မဖြစ်မနေ ထည့်သွင်းစဉ်းစားဖို့လိုပါတယ်။ လျှပ်စစ်မီး ရေတိုစီမံချက်အဖြစ် (၆)လကနေ နှစ်နှစ်၊ ကာလလတ်စီမံချက်အဖြစ် သုံးနှစ်ကနေ ငါးနှစ်နဲ့ရေရှည်စီမံကိန်းအဖြစ် ငါးနှစ်ကနေ (၁၀)နှစ်အထိ စီမံချက်ချမှတ်ရပါတယ်။ ဆိုလိုချင်တာက ၂၀၁၉ မှာ လျှပ်စစ်မီး မဂ္ဂါဝပ် ဘယ်လောက်ရဖို့ဆိုပြီး ၂၀၁၆-၁၇ လောက်ကတည်းက ကြိုတင်ပြင်ဆင်ခဲ့ရမယ့်သဘောမျိုးပါ။ ပြင်ဆင်ရုံနဲ့လည်း မပြီးပါဘူး။ တကယ်လည်း မှန်မှန်ကန်ကန်လုပ်ဆောင်နေဖို့လိုပါတယ်။ ဒီနေရာမှာ ရေအားကနေ ယူမလား၊ လေအားကနေ ယူမလား၊ ကျောက်မီးသွေးကနေယူမလား၊ သဘာဝဓါတ်ငွေ့ကနေ ယူမလား၊ ဆိုလာကနေ ယူမလား၊ အနုမြူဓါတ်ပေါင်းဖိုကနေ ယူမလား၊ ဓါတုဇီဝကနေ ယူမလား၊ လှိုင်းပုတ်ရုံနဲ့လျှပ်စစ်မီးရစေမယ့် စီမံကိန်းမျိုးကနေ ယူမလား စသဖြင့် သက်ဆိုင်ရာတာဝန်ရှိသူများက တွက်ချက်ပြီး အမိန့်ချမှတ်ဖော်ဆောင် ရပါတယ်။ ဒီလိုမလုပ်ဘဲနဲ့လေနဲ့ချည်းပဲ အလုပ်လုပ်နေလို့မရပါဘူး။ ဒီတော့ ၂၀၂၉-၃၀ မှာ လျှပ်စစ်မီးမှန်မှန်ရမလားဆိုရင်တော့ ဒီကနေ့မျက်မှောက်ကာလမှာ အစိုးရက ဘယ်လိုစီမံကိန်းတွေ လက်တွေ့အကောင်အထည်ဖော်နေသလဲဆိုတာကို ကြည့်လိုက်ရင် အဖြေပေါ်ပါတယ်။ ဒါကြောင့် မဖြစ်နိုင်ဘူးလို့ပဲ စိတ်မကောင်းစွာ ပြောရတာပါ။ နောက်ဆုံးတစ်ချက်ကတော့ ဒီဆောင်းပါးကိုတောင် သတိလေးတစ်ခုနဲ့ရေးခဲ့ရတာပါ။ ဘာပဲဖြစ်ဖြစ် အစိုးရမင်းတွေကို ကျေးဇူးလည်း တင်နေရင်းနဲ့ပေ့ါ။ ဒီသတိကတော့ " ဘာပဲလုပ်လုပ် အချိန်တိုင်းမှာ လျှပ်စစ်မီး ရုတ်တရက်ပြတ်တောက်သွားနိုင်တယ် " ဆိုတဲ့ သတိတရားလေးနဲ့အချိန်ရှိခိုက် လုံ့လစိုက်တတ်လာတဲ့အတွက်ပါခင်ဗျာ။

(မှတ်ချက် - ဆောင်းပါးရှင်က ၂၀၁၉ ခုနှစ်ပထမခြောက်လအတွင်းက ရေးသားခဲ့သော ဆောင်းပါးကို မှတ်တမ်းမှတ်ရာအဖြစ် ပြန်လည်ဖော်ပြပေးခြင်းဖြစ်ပါသည်။)

Zawgyi Version
သတိ - အခ်ိန္တုိင္း စကၠန္ ့မလပ္ လွ်ပ္စစ္မီးျပတ္ေတာက္သြားႏုိင္သည္
မ်ဳိးမင္း(မက်ည္းလဟာ) - NP News (27/02/2022)

" လွ်ပ္စစ္မီးဆုိတာ ပ်က္မွာပဲ။ ဘာျဖစ္လုိ ့လဲဆုိေတာ့ စက္ပစၥည္းေတြ၊ ၾကိဳးေတြ ဘာပဲျဖစ္ျဖစ္ေပ့ါဗ်ာ။ ျဖစ္ျခင္းပ်က္ျခင္းဆုိတာ ရွိတဲ့အတြက္ ပ်က္ကုိပ်က္ရမယ္။ ပ်က္ရင္ Backup ၾကိဳးလုိင္းတစ္ခုကေန မီးေပးရမယ္။ ဒီၾကိဳးလုိင္းတစ္ခုပ်က္ရင္ ဒီဘက္တစ္ခုကေန မီးေပးႏုိင္တဲ့ အဆင္သင့္အေနအထား မရွိဘူးဆုိရင္ မီးပ်က္သြားရင္ ေမွာင္သြားပါမယ္ "
ဒီစကားက ျပီးခဲ့တဲ့ရက္ပုိင္းေတြအတြင္းမွာ လူထုအၾကား လူေျပာသူေျပာမ်ားျပီး ရယ္ေမာစရာလည္း ျဖစ္ခဲ့တဲ့ ရန္ကုန္၀န္ၾကီးခ်ဳပ္ ဦးျဖိဳးမင္းသိန္းရဲ ့စကားပါပဲ။ သူ ့စကားက မွားသလားဆုိေတာ့ မမွားပါဘူး။ မမွားတဲ့အတြက္ သူ ့စကားကုိ ေထာက္ခံပါတယ္။ ဒါေပမဲ့လည္း ကန္ ့ကြက္ပါတယ္။ နည္းနည္း ရႈပ္သြားႏုိင္တဲ့အတြက္ တစ္ဆင့္ခ်င္း ရွင္းပါရေစ။

ျဖစ္ျခင္း၊ ပ်က္ျခင္း ၊ မီး ခဏခဏလာျခင္းနဲ ့လက္ရွိ ျမန္မာ့လွ်ပ္စစ္မီးအေနအထား။

လွ်ပ္စစ္မီး ခဏခဏ လာေနျခင္းနဲ ့ျပတ္ေတာက္ျခင္းကိစၥေတြကေတာ့ ျပည္သူေတြအားလုံးလည္း ေလာေလာလတ္လတ္ ရင္ဆုိင္ခံစားေနရတာျဖစ္တဲ့အတြက္ အထူးတလည္ေျပာစရာမလုိလုိ ့သီးျခားေတာ့ မေျပာလုိေတာ့ပါဘူး။ ဒါေပမဲ့ လွ်ပ္စစ္မီးပ်က္မယ္ဆုိတဲ့ကိစၥမွာေတာ့ ဦးျဖိဳးမင္းသိန္း ေျပာတာမွန္ပါတယ္။ ခလုပ္ေလး တစ္ခ်က္ႏွိပ္ရုံနဲ ့မီးလင္းလာဖုိ ့ကုိ မူလလွ်ပ္စစ္ထုတ္လုပ္ရာေနရာကေန ေနအိမ္ေတြအထိ မုိင္ေပါင္းမ်ားစြာ လွ်ပ္စစ္ဓါတ္အားလုိင္းၾကိဳးေတြဆင္ရပါတယ္။ တပ္မေတာ္အစုိးရလက္ထက္နဲ ့အတိတ္ကာလေတြတုန္းက လွ်ပ္စစ္ဓါတ္အားလုိင္းၾကိဳးေတြဟာ 230 KVA ေတြက အၾကီးဆုံးသေဘာမ်ဳိးျဖစ္ေနသလုိ သြယ္တန္းတဲ့စနစ္ေတြကလည္း ႏုိင္ငံတကာစံခ်ိန္မမီတာ အမွန္ပါပဲ။ ဒီဘက္ေခတ္ေရာက္လာခ်ိန္မွသာ 500 KVA ဓါတ္အားလုိင္းၾကီးေတြကို ဆင္ခဲ့ၾကတာျဖစ္ျပီး လွ်ပ္စစ္စီးဆင္းမႈမွာလည္း အဖိတ္အစင္နည္းသြားခဲ့ရတာျဖစ္တယ္လုိ ့ဆုိႏုိင္ပါတယ္။ မဟာဓါတ္အားလုိင္းၾကီးဟာ လွ်ပ္စစ္မီးေပးႏုိင္ဖုိ ့အတြက္ အဓိကပင္မေထာက္တုိင္ၾကီးေတြျဖစ္သလုိ တုိင္းေဒသၾကီးနဲ ့ျပည္နယ္ ၁၄ ခု၊ ျပည္ေထာင္စုနယ္ေျမတစ္ခုတုိ ့ကုိ ကူးလူးဆက္သြယ္ ျဖတ္သန္းတည္ေဆာက္ထားႏုိင္ပါမွ တစ္ႏုိင္ငံလုံး ေက်းလက္ျမိဳ ့ရြာအႏွံ ့မီးလင္းႏုိင္မွာပါ။ မဟာဓါတ္အားလုိင္းၾကီးေတြကေနတစ္ဆင့္ ဓါတ္အားလုိင္းငယ္သြယ္တန္းတဲ့စနစ္ေတြနဲ ့ေက်းရြာေတြ၊ ျမိဳ ့ျပေတြမွာ ထပ္မံျဖတ္သန္းရတာလည္း ျဖစ္ပါတယ္။ ျမင္သာေအာင္ေျပာရရင္ေတာ့ ရန္ကုန္ျမိဳ ့မွာ ေပးေနတဲ့ ဂ်ဳိးျဖဴေရပုိက္လုိင္းၾကီးေတြလုိပါပဲ။ ေရပုိက္လုိင္းၾကီးေတြကေန တစ္ျမိဳ ့လုံးကုိ လႊမ္းျခဳံျပီးျဖတ္သန္းပါတယ္။ ေရက ဒီပုိက္လုိင္းၾကီးထဲကေန ျဖတ္သန္းစီးဆင္းေနတာျဖစ္ျပီး ဒီေရကုိပဲ သက္ဆုိင္ရာျမိဳ ့နယ္ရပ္ကြက္အလုိက္ ပုိက္လုိင္းငယ္ေတြနဲ ့သြယ္ျပီး အိမ္ေပၚကုိ ေမာ္တာကေနတစ္ဆင့္ ေရတြန္းတင္ရသလုိပါပဲ။ ဒီလုိျဖတ္သန္းတာမွာ အတိတ္ကာလေတြတုန္းက လွ်ပ္စစ္မီးဟာ ၂၀ ရာခုိင္ႏႈန္းထက္မနည္း ေပ်ာက္ဆုံးယူနစ္အျဖစ္ေလလြင့္သြားခဲ့ရဖူးပါတယ္။ ဥပမာအားျဖင့္ လွ်ပ္စစ္မီး မဂၢါ၀ပ္(၁၀၀)ေပးရင္(၈၀)ပဲ ျပည္သူေတြဆီကုိ ေရာက္တဲ့သေဘာမ်ဳိးပါ။ ဒါကုိလည္း ျပီးခဲ့တဲ့အစုိးရလက္ထက္ကေန စတင္ျပီး ေပ်ာက္ဆုံးယူနစ္ေတြနည္းပါးလာေစဖုိ ့ၾကိဳးစားခဲ့တာမွာ ဒီဘက္ေခတ္ေရာက္ခ်ိန္မွာေတာ့ ၁၀ ရာခုိင္ႏႈန္းပတ္ခ်ာလည္ေလာက္ပဲ ေပ်ာက္ဆုံးယူနစ္ေတြျဖစ္သြားရပါတယ္။ သုိ ့ေသာ္လည္း အတိတ္ကာလေတြတုန္းက တည္ေဆာက္ခဲ့တဲ့ မဟာဓါတ္အားလုိင္းၾကီးေတြ၊ ဓါတ္အားျဖန္ ့ခြဲပုိ ့လႊတ္ရုံေတြနဲ ့ရပ္ကြက္အထိေရာက္ေနတဲ့ ထရန္စေဖာ္မာေတြဟာ သက္တမ္းၾကာလာတာကတစ္ေၾကာင္း၊ မူလကတည္းအရည္အေသြးပုိင္း အားနည္းခဲ့တာကတစ္ေၾကာင္း ဦးျဖိဳးမင္းသိန္းေျပာသလုိ ျဖစ္ျခင္းပ်က္ျခင္းေတြနဲ ့ၾကဳံလာရတဲ့သေဘာမွာ ရွိပါတယ္။ အေျခအေနတစ္ခုခုေၾကာင့္ လွ်ပ္စစ္မီးျပတ္ေတာက္သြားတုိင္းမွာ ျပည္သူေတြက အျပစ္တင္ဖုိ ့နဲ ့အျပစ္ျမင္ဖုိ ့သာ ေတြးဆၾကေပမယ့္ လွ်ပ္စစ္ဌာနဆုိင္ရာတာ၀န္ရွိသူေတြဘက္မွာေတာ့ ေဇာေတြ ကပ္သြားပါတယ္။ ဆုိလုိခ်င္တာက ျပည္သူ ့ေမတၱာေတြ ခံယူရတာျဖစ္တဲ့အတြက္ လွ်ပ္စစ္မီးျမန္ျမန္ျပန္ေပးႏုိင္ဖုိ ့ၾကိဳးစားၾကေပမယ့္ Backup Plan မရွိတဲ့အတြက္ ေဇာကပ္တယ္လုိ ့ဆုိခ်င္တာပါ။ ခက္တာက လက္ရွိျမန္မာႏုိင္ငံရဲ ့လွ်ပ္စစ္မီး ထုတ္လုပ္မႈပမာဏာဟာလည္း တစ္ႏုိင္ငံလုံးမွာရွိတဲ့ အိမ္ေထာင္စုေပါင္းရဲ ့၄၄ ရာခုိင္ႏႈန္းသာ ေပးႏုိင္ေသးတာျဖစ္တဲ့အတြက္ ထင္တုိင္ခရီးမေပါက္ခဲဘူးလုိ ့ဆုိရမွာပါ။ ဒါေၾကာင့္ ဦးျဖိဳးမင္းသိန္း ညဥ္းညဴျပေနသမွ်ေတြကုိ ေထာက္ခံတယ္လုိ ့ေျပာခ်င္တာပါ။ ဒါေပမဲ့ ကန္ ့ကြက္တာလည္း ရွိပါတယ္။ ဒါကေတာ့ အစုိးရျဖစ္တာ သုံးႏွစ္ရွိျပီျဖစ္ေပမယ့္ ဒီကေန ့အထိ လွ်ပ္စစ္မီးျပႆနာ ဘယ္လုိရွင္းရမလဲဆုိတာကုိ အေျဖရွာမေတြ ့ေသးတာပဲ ျဖစ္ပါတယ္။ အစုိးရမျဖစ္ခင္ကတည္းက အထူးသျဖင့္ ေရြးေကာက္ပြဲႏုိင္လုိက္ကတည္းက အစုိးရေကာင္းတစ္ရပ္မွာ ရွိထားရမယ့္ Shadow Government Plan ေတြ လုပ္ရေကာင္းမွန္းမသိခဲ့တာဟာ ဒီကေန ့လွ်ပ္စစ္မီးျပႆနာမွာေတာ့ လယ္ျပင္မွာ ဆင္သြားသလုိ ထင္ရွားလာခဲ့တာပါပဲ။ တကယ္ေတာ့ တုိင္းျပည္တစ္ျပည္ကုိ အုပ္ခ်ဳပ္ေတာ့မယ္ဆုိရင္ အရင္ဦးဆုံးစဥ္းစားရမွာက ျပည္သူေတြဘာလုိအပ္ေနလဲ၊ ျပည္သူေတြကုိ ဘာေတြျဖည့္ဆည္းေပးရမလဲဆုိတာကုိ အရင္ဆုံးဦးစားေပးရမွာပါ။ အထူးသျဖင့္ တုိင္းျပည္မွာ ျပည္သူေတြအလုပ္အကုိင္ေကာင္းဖုိ ့အတြက္ မျဖစ္မေန လုပ္ရမွာက လွ်ပ္စစ္မီးျဖည့္တင္းျခင္းနဲ ့လမ္းေဖာက္လုပ္ျခင္းပါ။ တရုတ္ႏုိင္ငံ ဖြံ ့ျဖိဳးတုိးတက္ေရး ႏွစ္ ၃၀ ခရီးမွာ လွ်ပ္စစ္မီးနဲ ့လမ္းေဖာက္လုပ္မႈကုိ အဓိက ဦးစားေပးခဲ့ပါတယ္။ ဒါကုိ နမူနာယူရရင္ျဖင့္ လွ်ပ္စစ္မီးမရွိရင္ စက္ရုံအလုပ္ရုံ ကုမၸဏီေတြလည္း လည္ပတ္ဖုိ ့ခက္လာသလုိ ျပည္သူေတြလည္း စား၀တ္ေနေရးက်ပ္တည္းလာျပီး ဦးျဖိဳးမင္းသိန္းေျပာသလုိ ညဘက္မွာ ေမွာင္သြားပါလိမ့္မယ္။ ဒီကေန ့ၾကဳံေတြ ့ေနရတဲ့ လွ်ပ္စစ္မီးျပတ္ေတာက္မႈျပႆနာအတြက္ လြန္ခဲ့တဲ့ သုံးႏွစ္ေလာက္ကတည္းက ၾကိဳတင္ျပင္ဆင္လုိ ့ရသလားဆုိရင္ေတာ့ ဦးျဖိဳးမင္းသိန္းက တုိက္ရုိက္မေျဖခဲ့ပါဘူး။ သူတုိ ့တက္လာကာစတုန္းက အခုထက္ပုိဆုိးတယ္လုိ ့ပဲ ေျပာပါတယ္။ ဒီအခ်က္ကေတာ့ ဦးျဖိဳးမင္းသိန္းေျပာစကားကို ကန္ ့ကြက္ခ်င္တဲ့အခ်က္ပါပဲ။ သူတုိ ့တက္လာကာစက ဆုိးျခင္းမဆုိးျခင္းကို ဘယ္ျပည္သူကမွ စိတ္၀င္စားဖုိ ့လည္း မလုိပါဘူး။ ျပည္သူကေတာ့ ပုိေကာင္းမယ္ထင္တဲ့အစုိးရေတြကုိ ေရြးခ်ယ္ေပးျပီး သူတုိ ့ဘ၀ကုိ ျမွင့္တင္ေပးတာပဲ လုိခ်င္ၾကတာပါ။ ဒီေတာ့ တစ္ႏွစ္ထက္တစ္ႏွစ္ပုိေကာင္းလာတဲ့ လွ်ပ္စစ္မီးက႑ကုိပဲ လုိခ်င္မွာျဖစ္တဲ့အတြက္ အရင္တုန္းက၊ ဘုိးေတာ္ဘုရားလက္ထက္က ဆုိတာေတြဟာ ဆင္ေျခေတြသာ ျဖစ္တယ္လုိ ့ပဲ မွတ္ခ်က္ခ်ခ်င္ပါတယ္။

လက္ရွိအစုိးရလက္ထက္မွာ လွ်ပ္စစ္မီးရဖုိ ့လမ္းေၾကာင္းေတြ ရွိခဲ့သလား။

ေရအားလွ်ပ္စစ္ ၊ ေက်ာက္မီးေသြး၊ သဘာ၀ဓါတ္ေငြ ့စတဲ့ သဘာ၀ပတ္၀န္းက်င္ကုိ ထိခုိက္မႈရွိတယ္ဆုိတဲ့ လွ်ပ္စစ္ဓါတ္အားေပးစီမံကိန္းကို ေဘးဖယ္လုိက္ရင္ေတာင္ ျမန္မာႏုိင္ငံမွာ ႏုိင္ငံတကာက လာလုပ္ခ်င္တဲ့ ဆုိလာ(ေနေရာင္ျခည္စြမ္းအင္သုံး) ဓါတ္အားေပးစနစ္နဲ ့ေလအားလွ်ပ္စစ္စီမံကိန္းေတြ ေတာ္ေတာ္မ်ားမ်ားရွိခဲ့ပါတယ္။ အထူးသျဖင့္ ေလအားလွ်ပ္စစ္စီမံကိန္းဆုိရင္ တရုတ္အစုိးရပိုင္ နာမည္ၾကီးကုမၸဏီျဖစ္တဲ့ China Three Gorge ေကာ္ပုိေရးရွင္းက ခ်င္းျပည္နယ္၊ ရခုိင္ျပည္နယ္နဲ ့ဧရာ၀တီတုိင္းေဒသၾကီးတုိ ့မွာ စီမံကိန္းေပါင္း (၁၀)ခုထက္မနည္း တင္ျပခဲ့ဖူးပါတယ္။ သူတုိ ့တင္ျပထားတဲ့ လွ်ပ္စစ္ဓါတ္အားရရွိႏုိင္ေျခအားလုံးေပါင္းဟာ မဂၢါ၀ပ္(၁၀၀၀)ေက်ာ္ပါတယ္။ ဒါေတြကုိ ၂၀၁၅ ခုႏွစ္ေလာက္ကတည္းက တင္ျပထားတာျဖစ္ျပီး အစုိးရသစ္ေျပာင္းလဲခ်ိန္မွာပဲ ၾကန္ ့ၾကာမႈေတြ အမ်ားၾကီးျဖစ္ေပၚခဲ့တယ္လုိ ့ဆုိပါတယ္။ China Three Gorge ေကာ္ပုိေရးရွင္းအျပင္ ျမန္မာနဲ ့ထုိင္းဖက္စပ္လုိ ့ယူဆရတဲ့ Gunkul Engineering ကုမၸဏီကလည္း ရွမ္း၊ကယား၊ ကရင္နဲ ့မြန္ျပည္နယ္တုိ ့မွာ မဂၢါ၀ပ္(၁၀၀၀)ထက္မနည္းတဲ့ ေလအားလွ်ပ္စစ္ထုတ္လုပ္မႈေတြ လုပ္သြားဖုိ ့အစုိးရဆီမွာ တင္ျပခဲ့ဖူးပါတယ္။ China Three Gorge ေကာ္ပုိေရးရွင္းရဲ ့ျမန္မာတာ၀န္ခံ ရွန္ဟုိင္းေခ်ာင္က ၂၀၁၇ ခုႏွစ္မွာ ရင္ဖြင့္ခဲ့တာကေတာ့ အစုိးရသစ္ေျပာင္းလဲမႈအျပီးေနာက္ပုိင္းမွာ ေလအားလွ်ပ္စစ္စီမံကိန္းအတြက္ ဘယ္သူကတာ၀န္ယူျပီး လက္မွတ္ထုိးေပးမလဲဆုိတာကုိ အတိအက်မသိရဘူးလုိ ့ဆုိပါတယ္။ အထူးသျဖင့္ တရုတ္ဘက္က လုပ္ခ်င္တဲ့ပုံစံဟာ ျမန္မာအစုိးရက ေျမကုိဆက္လက္ပုိင္ဆုိင္ထားမယ္။ တရုတ္ကုမၸဏီက အစုိးရေျမေပၚမွာ ေလအားလွ်ပ္စစ္တာ၀ါတုိင္ေတြေဆာက္မယ္။ ျပီးရင္ သက္ဆုိင္ရာျပည္နယ္အတြက္ ၁၀ ရာခုိင္ႏႈန္းထက္မနည္း အလကားေပးမယ္။ ေနာက္ထပ္ထြက္ရွိလွ်ပ္စစ္ကုိလည္း သက္ဆုိင္ရာျပည္နယ္ကိုပဲ ႏွစ္ဖက္ညိွႏႈိင္းျပီး သင့္တင့္တဲ့ေစ်းနဲ ့ေရာင္းေပးမယ္။ အစုိးရအေနနဲ ့က တရုတ္ရင္းႏွီးျမဳပ္ႏွံမႈအတြက္ ကုန္က်စရိတ္၊ အရင္းေက်ကာလနဲ ့အျမတ္ေငြထြက္ရွိမႈ တြက္ခ်က္မႈစာရင္းဇယားအတုိင္း ႏွစ္ရွည္ေတာ့ လုပ္ခြင့္ေပးရမယ္။ ဒီအတြက္ အစုိးရဘက္က အာမခံစာခ်ဳပ္ခ်ဳပ္ေပးဖုိ ့ပဲ လုိတယ္ဆုိတာပါ။ ဒါေတြကုိ တရုတ္ဘက္က ဘယ္လုိပဲတင္ျပခဲ့ေပမယ့္ ဘယ္သူမွ တာ၀န္မယူ၊ တာ၀န္မခံတဲ့အတြက္ ေဒၚေအာင္ဆန္းစုၾကည္နားကုိ ေပါက္ေအာင္ပဲ ၾကိဳးစားရေတာ့မလားမသိဘူးလုိ ့ရင္ဖြင့္ခဲ့ပါတယ္။ ျပီးခဲ့တဲ့အစုိးရလက္ထက္ကလည္း တူရကီကေန လွ်ပ္စစ္ေပးမယ့္သေဘၤာၾကီး ရန္ကုန္ကုိ လာကပ္မယ့္အစီအစဥ္ေဖာ္ေဆာင္ထားေပးခဲ့ေပမယ့္ ဒီဘက္အစုိးရလက္ထက္အကူးအေျပာင္းကာလမွာပဲ ပ်က္ျပယ္သြားခဲ့ပါတယ္။ တူရကီသေဘၤာက မဂၢါ၀ပ္ ၃၀၀ ထက္မနည္း ေပးဖုိ ့ျပင္ဆင္ျပီး စင္ကာပူအထိေတာင္ ေရာက္ခဲ့ပါတယ္။ ဒါေပမဲ့ ၂၀၁၆ မွာ စတင္မယ့္ အဲဒီစီမံကိန္းအတြက္ လက္ရွိအစုိးရက သူတုိ ့ဘတ္ဂ်က္ထဲမွာ ထည့္မဆြဲထားလုိ ့မယူေတာ့ဘူးဆုိတဲ့ပုံစံမ်ဳိး ေျပာခဲ့တဲ့အတြက္ တူရကီသေဘၤာက စင္ကာပူကေန စိတ္ဆုိးဆုိးနဲ ့ပဲ လွည့္ျပန္သြားခဲ့ရတယ္လုိ ့ဆုိပါတယ္။ သင့္တင့္တဲ့ေစ်းႏႈန္းနဲ ့ေရာင္းခ်ေပးမယ့္ ဒီမဂၢါ၀ပ္ ၃၀၀ ေက်ာ္သာ ရန္ကုန္ကုိ ၀င္ခဲ့ရင္ လက္ရွိရန္ကုန္မွာ ခံစားေနရတဲ့လွ်ပ္စစ္မီးျပႆနာဟာ ေတာ္ေတာ္ေလးေျပလည္သြားမယ့္သေဘာမ်ဳိးပဲ ျဖစ္ပါတယ္။ ဒီေနရာမွာ တာ၀န္ခံမႈ၊ တာ၀န္ယူမႈနဲ ့ျပည္သူအေပၚ ေမတၱာထားျပီးၾကိဳတင္စီစဥ္ေပးခဲ့မႈ ရွိမရွိကပဲ အေျဖတစ္ခုျဖစ္လာတာပါ။ ေလအားလွ်ပ္စစ္စီမံကိန္းကလည္း ၂၀၁၆ တုန္းကသာ အတည္ျပဳခဲ့ရင္ ၂၀၁၉ မွာေတာ့ အသီးအပြင့္ေတြ စတင္ခံစားရမွာေသခ်ာပါတယ္။ လြန္ခဲ့တဲ့ရက္ပုိင္းက ဖြင့္လွစ္ခဲ့တဲ့ ေနေရာင္ျခည္စြမ္းအင္သုံးမဂၢါ၀ပ္ ၂၀ ထြက္ လွ်ပ္စစ္ဓါတ္အားေပးေရးရုံဟာလည္း ျပီးခဲ့တဲ့အစုိးရလက္ထက္က ခ်ေပးခဲ့တဲ့ စတင္ခဲ့တဲ့ရင္းႏွီးျမဳပ္ႏွံမႈပဲ ျဖစ္သလုိ ဒီႏွစ္ေရာက္မွသာ အသီးအပြင့္အျဖစ္ ခံစားရတာျဖစ္ပါတယ္။ ဒီေတာ့ လြန္ခဲ့တဲ့သုံးႏွစ္ေလာက္ကတည္းက ၾကိဳတင္စီစဥ္လုိ ့ရသလားလုိ ့ေမးရင္ ေျဖစရာလုိေတာ့မယ္ မထင္ပါဘူး။

ျမန္မာႏုိင္ငံရဲ ့လွ်ပ္စစ္မီး အနာဂတ္က ဘာမ်ားလဲ။

၂၀၃၀ ျပည့္ႏွစ္ေရာက္ရင္ တစ္နည္းအားျဖင့္ ဒီႏွစ္ကေနစတင္ျပီးလုိ ့ေနာက္(၁၁)ႏွစ္ၾကာျပီးတဲ့အခ်ိန္မွာ ျမန္မာႏုိင္ငံရဲ ့လွ်ပ္စစ္မီးလုိအပ္ခ်က္ဟာ မဂၢါ၀ပ္ ၂၃၈၅၀ အထိ ရွိလိမ့္မယ္လုိ ့၀န္ၾကီးဌာနနဲ ့ႏုိင္ငံတကာပညာရွင္ေတြက ပူးေပါင္းျပီး ေလ့လာတြက္ခ်က္ေပးထားပါတယ္။ လက္ရွိအခ်ိန္ ၂၀၁၉ ခုႏွစ္ ေရာက္လာတဲ့အထိ ျမန္မာႏုိင္ငံမွာ လွ်ပ္စစ္မီး ရရွိမႈဟာ မဂၢါ၀ပ္ ၃၇၀၀ ေက်ာ္သာ ရွိေသးတဲ့အတြက္ ေနာက္(၁၁)ႏွစ္အတြင္း မဂၢါ၀ပ္ ၂၀၀၀၀ ရပ့ါမလားဆုိတာကေတာ့ ရင္ေလးစရာပါပဲ။ ဘာေၾကာင့္လဲဆုိေတာ့ လက္ရွိ လွ်ပ္စစ္နဲ ့စြမ္းအင္၀န္ၾကီးဌာန ဒုတိယ၀န္ၾကီး ေဒါက္တာထြန္းႏုိင္က ဒီႏွစ္ ႏွစ္ဦးပုိင္းမွာပဲ စာတုိေလးနည္းနည္း တင္ထားပါတယ္။ သူတင္ထားတာကေတာ့ NLD အစုိးရ တက္လာခ်ိန္ ၂၀၁၆ မတ္လကုန္အထိ ျမန္မာႏုိင္ငံတစ္ႏုိင္ငံလုံးရဲ ့အိမ္ေထာင္စုေပါင္း ၃၄ ရာခုိင္ႏႈန္းသာ မဟာဓါတ္အားလုိင္းေတြကေနတစ္ဆင့္ လွ်ပ္စစ္မီးသုံးစြဲခြင့္ရထားတာျဖစ္ျပီး ၂၀၁၉ ခုႏွစ္ ေဖေဖာ္၀ါရီလ ေရာက္တဲ့အခ်ိန္မွာေတာ့ ၄၄ ရာခုိင္ႏႈန္းအထိ သုံးစြဲခြင့္ရေနျပီလုိ ့ဆုိပါတယ္။ ႏုိင္ငံပုိင္မီဒီယာကေနတစ္ဆင့္ ရုပ္သံၾကီးနဲ ့ေျဖၾကားထားတာမွာေတာ့ ၂၀၁၅ ခုႏွစ္မွာ လွ်ပ္စစ္မဂၢါ၀ပ္ ၂၃၅၀ ၊ ၂၀၁၆ မွာ ၂၆၇၀ ၊ ၂၀၁၇ မွာ ၂၉၀၀ ၊ ၂၀၁၈ မွာ ၃၃၀၀ မဂၢါ၀ပ္နဲ ့၂၀၁၉ ေဖေဖာ္၀ါရီလအထိမွာေတာ့ ၃၇၀၀ မဂၢါ၀ပ္ေက်ာ္ ရွိေနျပီလုိ ့ေျပာထားတာပါ။ NLD အစုိးရလက္ထက္ သုံးႏွစ္ေက်ာ္အတြင္းမွာ လွ်ပ္စစ္သုံးစြဲခြင့္ရ အိမ္ေထာင္စုေပါင္း ၁၀ ရာခုိင္ႏႈန္းနဲ ့အထက္ တုိးတက္လာခဲ့တဲ့အတြက္ ေအာင္ျမင္တဲ့လုပ္ေဆာင္မႈတစ္ခုလုိ ့ဆုိထားပါတယ္။ ဒါ့အျပင္ ၂၀၂၁ မတ္လ ေရာက္ရွိခ်ိန္မွာ တစ္ႏုိင္ငံလုံးအိမ္ေထာင္စုေပါင္း ၅၅ ရာခုိင္ႏႈန္းအထိ လွ်ပ္စစ္မီးရရွိေစရမယ္လုိ ့ေျပာပါတယ္။ မဟာဗ်ဳဟာ စီမံခ်က္ေတြအျဖစ္ ၂၀၂၅-၂၆ မွာ တစ္ႏုိင္ငံလုံးအိမ္ေထာင္စုေပါင္း ၇၅ ရာခုိင္ႏႈန္းနဲ ့၂၀၃၀-၃၁ မွာ ၁၀၀ ရာခုိင္ႏႈန္းဆုိျပီးေတာ့ ျပင္ဆင္ထားတာပါ။ ေဒါက္တာထြန္းႏုိင္ရဲ ့ေျပာၾကားခ်က္ေတြအရ ၂၀၃၀-၃၁ မွာ တစ္ႏုိင္ငံလုံးရာႏႈန္းျပည့္ လွ်ပ္စစ္မီးလင္းမယ္ဆုိရင္ေတာင္ မဂၢါ၀ပ္ေပါင္း ၁၀၀၀၀ ပတ္ခ်ာလည္မွာပဲ ရွိေနဦးမယ့္သေဘာမ်ဳိးျဖစ္ျပီးေတာ့ ျပီးခဲ့တဲ့အစုိးရလက္ထက္က လွ်ပ္စစ္စြမ္းအား၀န္ၾကီးဌာန ဒုတိယ၀န္ၾကီး ဦးေမာ္သာေထြးကုိယ္တုိင္ ျပည္သူ ့လႊတ္ေတာ္မွာေျဖၾကားထားခ်က္ေတြနဲ ့ႏိႈင္းယွဥ္ရင္ လြဲေခ်ာ္ေနတာေတြကုိ သြားေတြ ့ရပါတယ္။ အထူးသျဖင့္ ဦးေမာ္သာေထြးက ေဒၚခင္စန္းလိႈင္ရဲ ့ေမးခြန္းကုိ တိတိပပ ေျဖထားမွာ ၂၀၃၀ ေရာက္ရင္ ျမန္မာႏုိင္ငံက လွ်ပ္စစ္ မဂၢါ၀ပ္ ၂၃၈၅၀ အထိ လုိအပ္လာလိမ့္မယ္ဆုိတဲ့အခ်က္ပဲ ျဖစ္ပါတယ္။ အစုိးရအသစ္ကုိ တာ၀န္လႊဲေျပာင္းလုိက္ခ်ိန္မွာ ၂၀၃၀ မဟာဗ်ဳဟာစီမံကိန္း အနာဂတ္ေတြေရာ ပါသြားခဲ့ရဲ ့လားဆုိတာ စိတ္၀င္စားစရာ ျဖစ္လာတဲ့သေဘာပါ။ ဒါ့အျပင္ ဦးေမာ္သာေထြးေျပာတဲ့အတုိင္းဆုိရင္ (၁၁)ႏွစ္အတြင္း ေနာက္ထပ္မဂၢါ၀ပ္ ၂၀၀၀၀ ရဖုိ ့အတြက္ တစ္ႏွစ္ကုိ မဂၢါ၀ပ္ ၂၀၀၀ နီးပါးရေအာင္လုပ္ကုိ လုပ္ရမယ့္သေဘာမ်ဳိးျဖစ္ေနျပီး ေဒါက္တာထြန္းႏုိင္ရဲ ့အဆုိအတုိင္း သြားမယ္ဆုိရင္ျဖင့္ တစ္ႏွစ္ကုိ မဂၢါ၀ပ္ ၄၀၀ ထက္မနည္း ပုံမွန္ထြက္လာေအာင္လုပ္ရမယ့္သေဘာမ်ဳိး ျဖစ္ေနပါတယ္။
ဘယ္လုိပဲျဖစ္ျဖစ္ ျမန္မာႏုိင္ငံရဲ ့ေနာက္(၁၁)ႏွစ္အတြင္း အနာဂတ္ကေတာ့ ရာႏႈန္းျပည့္ လွ်ပ္စစ္မီးရရွိဖုိ ့ပဲ ျဖစ္ပါတယ္။

လွ်ပ္စစ္မီးအတြက္ ဘယ္လုိထုတ္ယူသုံးစြဲေနလဲ။

ႏုိင္ငံတစ္ႏုိင္ငံ လွ်ပ္စစ္မီးလင္းဖုိ ့အတြက္ လွ်ပ္စစ္ရႏုိင္ေျခလမ္းေၾကာင္းေတြ အမ်ားအျပားရွိပါတယ္။ အဓိကအားျဖင့္ ေရအားလွ်ပ္စစ္၊ ႏ်ဴကလီးယားဓါတ္ေပါင္းဖုိ၊ သဘာ၀ဓါတ္ေငြ ့၊ ေရနံ၊ ေက်ာက္မီးေသြး၊ ေနေရာင္ျခည္စြမ္းအင္၊ ေလအားလွ်ပ္စစ္၊ ဇီ၀ေလာင္စာ စသျဖင့္ က႑အစုံအလင္ရွိပါတယ္။ တစ္ကမၻာလုံးအတုိင္းအတာနဲ ့ဆုိရင္ေတာ့ ေက်ာက္မီးေသြးကေန လွ်ပ္စစ္မီးရယူမႈက ၄၀ ဒႆမ ၃၃ ရာခုိင္ႏႈန္းနဲ ့ထိပ္ဆုံးကေန ဦးေဆာင္ေနပါတယ္။ သူ ့ေနာက္မွာေတာ့ သဘာ၀ဓါတ္ေငြ ့ကေန လွ်ပ္စစ္မီးရယူတာက ၂၁ ဒႆမ ၃၇ ရာခုိင္ႏႈန္းရွိပါတယ္။ အစဥ္လုိက္အားျဖင့္ ေရအားလွ်ပ္စစ္ကေန ၁၆ ဒႆမ ၅၃ ၊ ႏ်ဴကလီးယားကေန ၁၃ ဒႆမ ၄ ၊ ေရနံကေန ၅ ဒႆမ ၁ နဲ ့အျခားက႑ကေန ၃ ဒႆမ ၂၇ ဆုိျပီး ရွိေနတာပါ။ အိမ္နီးခ်င္း တရုတ္ႏုိင္ငံနဲ ့အိႏၵိယႏုိင္ငံတုိ ့အျပင္ ကမၻာ့ထိပ္သီး အေမရိကန္၊ ဂ်ပန္တုိ ့ဟာ ေက်ာက္မီးေသြးကေန လွ်ပ္စစ္မီးအမ်ားဆုံးရယူခဲ့ၾကပါတယ္။ ေရအားလွ်ပ္စစ္ကေတာ့ ဒုတိယေနရာကေန လုိက္ပါတယ္။ သုိ ့ေသာ္လည္း ၁၉ ရာစုကတည္းက ေခတ္စားခဲ့တဲ့ ေက်ာက္မီးေသြးလွ်ပ္စစ္ဟာ ၂၁ ရာစုေရာက္လာခ်ိန္မွာေတာ့ သက္ဆုိင္ရာႏုိင္ငံတုိင္းလုိလုိက တျဖည္းျဖည္း ခြာစစ္ဆုတ္ေနၾကပါတယ္။ ဘာေၾကာင့္လဲဆုိေတာ့ သဘာ၀ပတ္၀န္းက်င္ပ်က္စီးမႈနဲ ့အုိဇုန္းလႊာေပါက္ျပဲလာမႈေတြေၾကာင့္ပါပဲ။ အားလုံးကေတာ့ သဘာ၀ကုိ ထိန္းသိမ္းႏုိင္မယ့္ Renewable Energy ဘက္ကုိ ေစာင္းေပးေျပာဆုိလုပ္ေဆာင္လာေနၾကပါျပီ။ " ဖြံ ့ျဖိဳးျပီးႏုိင္ငံၾကီးေတြ ေတာ္ေတာ္မ်ားမ်ားက အစိမ္းေရာင္ကုိ ၾကိဳးစားေနၾကေပမယ့္ တစ္ဖက္ကေန ကၽြန္ေတာ္တုိ ့ဒီမွာ Green လုပ္မယ္ဆုိရင္ ဥပမာအားျဖင့္ ဆုိလာတပ္ရင္ ေနေရာင္က်သြားခ်ိန္မွာ Backup တစ္ခု ထားရပါတယ္။ ႏွစ္ခု ထူေထာင္ရသလုိေတာ့ ျဖစ္ေနတယ္။ ကၽြန္ေတာ္တုိ ့အစုိးရမွာလည္း ေဆာင္ရြက္ရတဲ့ေနရာမွာစိန္ေခၚမႈေတြ မ်ားစြာရွိပါတယ္။ အစုိးရအေနနဲ ့ဘက္ေပါင္းစုံကေန ျပင္ဆင္ေဆာင္ရြက္ေနရတာပါ " လုိ ့ရန္ကုန္၀န္ၾကီးခ်ဳပ္ ဦးျဖိဳးမင္းသိန္းက ေမလလယ္တုန္းက ေျပာပါတယ္။ NLD အစုိးရအေနနဲ ့လွ်ပ္စစ္မီးကိစၥကုိ ေတာ္ေတာ္ေလးေခါင္းခဲေနတဲ့သေဘာမ်ဳိးလည္း ျဖစ္ေနသလုိ ေရအားလွ်ပ္စစ္၊ ေက်ာက္မီးေသြး၊ ႏ်ဴကလီးယား စတဲ့က႑ကေန လွ်ပ္စစ္ထုတ္ယူမႈေတြကုိ သတိၾကီးၾကီးထားေနရသလုိ အျခားေသာဘက္ေပါင္းစုံကေန လွ်ပ္စစ္မီးထုတ္ယူဖုိ ့ကုိလည္း ခ်င့္ခ်ိန္ေနရတဲ့သေဘာမွာရွိတယ္လုိ ့ဆုိပါတယ္။ လက္ရွိ ဓါတ္အားလုိင္းစနစ္ေတြဟာ ေဟာင္းႏြမ္းပ်က္စီးေနျပီျဖစ္တဲ့ ၾကိဳးေတြနဲ ့သြယ္တန္းထားသလုိ မီတာစနစ္ေတြဟာလည္း ေပ်ာက္ဆုံးယူနစ္ေတြအတြက္ အားေပးအားေျမာက္ျပဳထားသလုိ ျဖစ္ေနတယ္လုိ ့ေထာက္ျပပါတယ္။ တကယ္ေတာ့ ျမန္မာႏုိင္ငံဟာ လက္ရွိသုံးစြဲခြင့္ရေနတဲ့ လွ်ပ္စစ္မီးအတြက္ ေရအားလွ်ပ္စစ္ကေန ၇၀ ရာခုိင္ႏႈန္းေက်ာ္ ထုတ္ယူေနရတာျဖစ္ျပီး သဘာ၀ဓါတ္ေငြ ့ကေန ၂၇ ရာခုိင္ႏႈန္းေက်ာ္၊ ေက်ာက္မီးေသြးကေန (၁)ရာခုိင္ႏႈန္းေက်ာ္သာ ထုတ္ယူႏုိင္တာမ်ဳိး ျဖစ္ပါတယ္။ ၂၀၁၄ ခုႏွစ္တုန္းက ခ်မွတ္ခဲ့တဲ့ ၂၀၃၀ မဟာဗ်ဳဟာစီမံခ်က္အရဆုိရင္ေတာ့ ေရအားလွ်ပ္စစ္ကေန ၃၇ ရာခုိင္ႏႈန္းေက်ာ္၊ ေက်ာက္မီးေသြးကေန ၃၃ ရာခုိင္ႏႈန္းေက်ာ္၊ သဘာ၀ဓါတ္ေငြ ့ကေန ၂၀ ရာခုိင္ႏႈန္းေက်ာ္နဲ ့အျခားက႑ကေန ၈ ရာခုိင္ႏႈန္းေက်ာ္ဆုိျပီး ရွိထားပါတယ္။ ဒီအတုိင္း ဆက္သြားမလား၊ မသြားျဖစ္ဘူးလား။ ဘယ္လမ္းေၾကာင္းကုိ ေရြးခ်ယ္ျဖစ္မလဲဆုိတာကေတာ့ စိတ္၀င္စားစရာ Political Policy လုိ ့ပဲ ေျပာရမွာပါ။

လွ်ပ္စစ္မီးကိစၥက ဘယ္သူ ့မွာတာ၀န္ပုိရွိလာသလဲ။

တပ္မေတာ္အစုိးရလက္ထက္နဲ ့ဦးသိန္းစိန္အစုိးရေတြလက္ထက္ အရင္တုန္းကေတာ့ လွ်ပ္စစ္မီးပ်က္ရင္ အစုိးရမွာတာ၀န္ရွိခဲ့ပါတယ္။ ဖေယာင္းတုိင္ေတြလည္း ကုိင္ခဲ့ၾကသူေတြ ရွိပါတယ္။ သူတုိ ့ေတြဟာ အစုိးရကုိေတာ္လွန္ရဲတဲ့ ျပည္သူ ့သူရဲေကာင္းေတြျဖစ္ခဲ့ပါတယ္။ ကဗ်ာဆန္ဆန္ဆုိရရင္ေတာ့ အရင္တုန္းက လွ်ပ္စစ္မီးပ်က္တဲ့ညေတြဟာ ေဒါသေတြကုိ အစုိးရအေပၚပုံခ်အျပစ္တင္ဆဲဆုိခဲ့ၾကေပမယ့္ ဒီဘက္ေခတ္ လွ်ပ္စစ္မီးပ်က္ရင္ေတာ့ မၾကည့္ျဖစ္တာၾကာျပီျဖစ္တဲ့ ၾကယ္ေတြဟာ ပုိျပီးလွပလာေနပါလားလုိ ့ေတြးဆတတ္လာတဲ့သေဘာပါ။ အရင္တုန္းကေတာ့ အစုိးရညံ့ဖ်င္းစုတ္ျပတ္ျပီး ျပည္သူ ့အေပၚ ေမတၱာေစတနာမထားလုိ ့လွ်ပ္စစ္မီးျပတ္ေတာက္ရတာျဖစ္ျပီး ဒီကေန ့လွ်ပ္စစ္မီးျပတ္ေတာက္ေနရတာဟာလည္း အရင္လူေတြေၾကာင့္ပဲဆုိတာကုိ ရွင္းရွင္းလင္းလင္း ထပ္ျမင္လာရျပန္ပါတယ္။ ဖေယာင္းတုိင္ကုိင္ခဲ့တဲ့ ျပည္သူ ့သူရဲေကာင္းေတြဟာလည္း အစုိးရအေပၚမွာ ေမတၱာထားရေကာင္းမွန္းသိလာၾကတယ္လုိ ့အေကာင္းျမင္မိပါတယ္။ ၀န္ၾကီးခ်ဳပ္ ဦးျဖိဳးမင္းသိန္းကေတာ့ အစုိးရအေနနဲ ့က်ပ္ဘီလ်ံ ၃၀၀ ကေန ၄၀၀ ေလာက္အထိ အရႈံးခံျပီး လွ်ပ္စစ္မီးေတြျဖန္ ့ျဖဴးေပးေနရတယ္လုိ ့ရင္ဖြင့္ပါတယ္။ ဒီအစုိးရတင္လားဆုိေတာ့ သူတုိ ့အစုိးရမွ မဟုတ္ပါဘူး။ အရင္အစုိးရတုန္းကလည္း အလားတူ အရႈံးခံခဲ့ၾကရပါတယ္။ အစုိးရတစ္ရပ္ျဖစ္လာရင္ေတာ့ ျပည္သူ ့ဆီကေန သုိ ့မဟုတ္ ျပည္သူကုိ ၀န္ေဆာင္မႈေပးတဲ့ေနရာမွာျဖစ္ေစ ေငြေၾကးအက်ဳိးအျမတ္ အရႈံးအႏုိင္စာရင္းေတြ တြက္ျပရမွာ မဟုတ္ပါဘူး။ ျပည္သူ ့အတြက္ အနစ္နာခံေပးဖုိ ့ပဲ စဥ္းစားရမွာပါ။ ၀န္ၾကီးခ်ဳပ္ကေတာ့ မီတာခေတြ တုိးေကာက္ဖုိ ့အတြက္ ျပည္ေထာင္စုအဆင့္ကလည္း ၾကိဳးစားေနတဲ့အေၾကာင္းေတြကုိ ထည့္သြင္းအသိေပးခဲ့သလုိ ့တုိးေကာက္ခဲ့ရင္လည္း အေျခခံျပည္သူေတြ အဆင္မွေျပပါ့မလားလုိ ့ထည့္ေတြးေပးေနတယ္လုိ ့ေျပာပါတယ္။ အျခားတစ္ဖက္မွာေတာ့ မီတာခေတြ တုိးမေပးတဲ့ျပည္သူေတြရဲ ့အျပစ္ မျဖစ္ရုံတမည္ပဲ ကီးဘုတ္ဖုိက္တာေတြက ေလာ္ၾကျပန္ပါတယ္။ ဘယ္လုိပဲျဖစ္ျဖစ္ ျပည္သူေတြကေတာ့ တပ္မေတာ္အစုိးရလက္ထက္ကလည္း အေမွာင္တလွည့္ အလင္းတစ္လွည့္၊ ဦးသိန္းစိန္ အစုိးရလက္ထက္ကလည္း အေမွာင္တလွည့္ အလင္းတစ္လွည့္၊ NLD အစုိးရလက္ထက္မွာလည္း အေမွာင္တစ္လွည့္ အလင္းတစ္လွည့္နဲ ့ျပည္သူ ့ဘက္ကေတာ့ အျမဲတမ္းသစၥာမပ်က္ခဲ့တဲ့သေဘာမ်ဳိး ျဖစ္ေနပါေသးတယ္။ ျပည္သူကေတာ့ လွ်ပ္စစ္မီးနဲ ့ပတ္သက္ရင္ အေျပာင္းအလဲေတာ့ ခံစားရျခင္းမရွိေသးပါဘူး။ ဒါေပမဲ့ တာ၀န္ေတာ့ ပုိရွိလာတယ္လုိ ့အခ်ဳိ ့က ဆုိၾကပါတယ္။ မွန္ပါတယ္။ တကယ္ေတာ့ ျပည္သူေတြမွာပဲ တာ၀န္ရွိပါတယ္။ တာ၀န္မယူႏုိင္တဲ့အစုိးရေတြကုိ တာ၀န္မယူႏုိင္ေတာ့ဘူးလားလုိ ့ေမးဖုိ ့တာ၀န္ရွိတာပါ။

ေနာင္ ၁၀ ႏွစ္အတြင္း လွ်ပ္စစ္မီးမွန္မွန္ရပါ့မလား။

ဒါကေတာ့ ဒီေဆာင္းပါးရဲ ့ေနာက္ဆုံးအပုိင္းအျဖစ္နဲ ့တိတိပပကုိပဲ ေမးခြန္းထုတ္လုိက္တာပါ။ တကယ့္ေျမျပင္အေျခအေနမွာ လုပ္ေဆာင္ေနသမွ် အေနအထားေတြအရ ေနာက္ဆယ္ႏွစ္အတြင္း တစ္ႏုိင္ငံလုံးက အိမ္ေထာင္စုအားလုံးလွ်ပ္စစ္မီး ရာႏႈန္းျပည့္ရဖုိ ့လုံး၀ လုံး၀ မျဖစ္ႏုိင္ပါ။ ဘာေၾကာင့္ ဒီလုိေျပာသလဲဆုိရင္ေတာ့ ရွင္းရွင္းေလးပါပဲ။ လွ်ပ္စစ္မီးရဖုိ ့အတြက္ အစုိးရတစ္ရပ္မွာ လုပ္ကုိလုပ္ရမယ့္ လုပ္ငန္းစဥ္ေတြ ရွိပါတယ္။ လွ်ပ္စစ္မီးရႏုိင္ေျခလမ္းေၾကာင္းေတြကုိလည္း ျပည္သူနဲ ့ထိပ္တုိက္မေတြ ့ေစဘဲ ပုံေဖာ္ထားျပီးသား ျဖစ္ရပါမယ္။ အစုိးရစျဖစ္ျပီဆုိကတည္းက ျဖစ္မယ္လုိ ့အတိအက်သိရျပီးကတည္းက ေနာက္ဆုံး ျဖစ္ျဖစ္မျဖစ္ျဖစ္ အစုိးရလုပ္မယ္လုိ ့ခံယူခ်က္ ခ်ထားျပီဆုိကတည္းက လွ်ပ္စစ္မီးကိစၥကုိ မျဖစ္မေန ထည့္သြင္းစဥ္းစားဖုိ ့လုိပါတယ္။ လွ်ပ္စစ္မီး ေရတုိစီမံခ်က္အျဖစ္ (၆)လကေန ႏွစ္ႏွစ္၊ ကာလလတ္စီမံခ်က္အျဖစ္ သုံးႏွစ္ကေန ငါးႏွစ္နဲ ့ေရရွည္စီမံကိန္းအျဖစ္ ငါးႏွစ္ကေန (၁၀)ႏွစ္အထိ စီမံခ်က္ခ်မွတ္ရပါတယ္။ ဆုိလုိခ်င္တာက ၂၀၁၉ မွာ လွ်ပ္စစ္မီး မဂၢါ၀ပ္ ဘယ္ေလာက္ရဖုိ ့ဆုိျပီး ၂၀၁၆-၁၇ ေလာက္ကတည္းက ၾကိဳတင္ျပင္ဆင္ခဲ့ရမယ့္သေဘာမ်ဳိးပါ။ ျပင္ဆင္ရုံနဲ ့လည္း မျပီးပါဘူး။ တကယ္လည္း မွန္မွန္ကန္ကန္လုပ္ေဆာင္ေနဖုိ ့လုိပါတယ္။ ဒီေနရာမွာ ေရအားကေန ယူမလား၊ ေလအားကေန ယူမလား၊ ေက်ာက္မီးေသြးကေနယူမလား၊ သဘာ၀ဓါတ္ေငြ ့ကေန ယူမလား၊ ဆုိလာကေန ယူမလား၊ အႏုျမဴဓါတ္ေပါင္းဖုိကေန ယူမလား၊ ဓါတုဇီ၀ကေန ယူမလား၊ လိႈင္းပုတ္ရုံနဲ ့လွ်ပ္စစ္မီးရေစမယ့္ စီမံကိန္းမ်ဳိးကေန ယူမလား စသျဖင့္ သက္ဆုိင္ရာတာ၀န္ရွိသူမ်ားက တြက္ခ်က္ျပီး အမိန္ ့ခ်မွတ္ေဖာ္ေဆာင္ ရပါတယ္။ ဒီလုိမလုပ္ဘဲနဲ ့ေလနဲ ့ခ်ည္းပဲ အလုပ္လုပ္ေနလုိ ့မရပါဘူး။ ဒီေတာ့ ၂၀၂၉-၃၀ မွာ လွ်ပ္စစ္မီးမွန္မွန္ရမလားဆုိရင္ေတာ့ ဒီကေန ့မ်က္ေမွာက္ကာလမွာ အစုိးရက ဘယ္လုိစီမံကိန္းေတြ လက္ေတြ ့အေကာင္အထည္ေဖာ္ေနသလဲဆုိတာကုိ ၾကည့္လုိက္ရင္ အေျဖေပၚပါတယ္။ ဒါေၾကာင့္ မျဖစ္ႏုိင္ဘူးလုိ ့ပဲ စိတ္မေကာင္းစြာ ေျပာရတာပါ။ ေနာက္ဆုံးတစ္ခ်က္ကေတာ့ ဒီေဆာင္းပါးကုိေတာင္ သတိေလးတစ္ခုနဲ ့ေရးခဲ့ရတာပါ။ ဘာပဲျဖစ္ျဖစ္ အစုိးရမင္းေတြကုိ ေက်းဇူးလည္း တင္ေနရင္းနဲ ့ေပ့ါ။ ဒီသတိကေတာ့ " ဘာပဲလုပ္လုပ္ အခ်ိန္တုိင္းမွာ လွ်ပ္စစ္မီး ရုတ္တရက္ျပတ္ေတာက္သြားႏုိင္တယ္ " ဆုိတဲ့ သတိတရားေလးနဲ ့အခ်ိန္ရွိခုိက္ လုံ ့လစုိက္တတ္လာတဲ့အတြက္ပါခင္ဗ်ာ။

(မွတ္ခ်က္ - ေဆာင္းပါးရွင္က ၂၀၁၉ ခုႏွစ္ပထမေျခာက္လအတြင္းက ေရးသားခဲ့ေသာ ေဆာင္းပါးကုိ မွတ္တမ္းမွတ္ရာအျဖစ္ ျပန္လည္ေဖာ္ျပေပးျခင္းျဖစ္ပါသည္။)

Picture

Nyan Lynn

27/02/2022 16:29

ဟူးးးးးး..... မောထာ ဖတ်ရတာရော လျှပ်စစ်မီးတွက်ရော အနာဂတ်တွက်ပူရတာရော စုံပြီးမောရတာပါ အဲဒီဆောင်းပါးရှင်ကို ဘာလို့ လျှပ်စစ်နဲ့စွမ်းအင်ဝန်ကြီးမခန့်ခဲ့တာလည်းဗျာ သူ့သာခန့်ခဲ့ရင်ခုလောက်ဆို မီးပျက်တဲ့ဒုက္ခကင်းဝေးနေလောက်ပြီ နစက ကိုစုပေါင်းတင်ပြကြစို့ဗျာ ဘယ်လိုလဲ? စလိုက်ကြစို့လားကိုယ့်လူတို့ရေ........

Related news

© 2021. All rights reserved.