လေယာဉ်ဆီတင်သွင်းရောင်းချခြင်းမရှိသည့်အပြင် အဆိုပါလုပ်ငန်းလုပ်ကိုင်ခွင့်လိုင်စင်ကိုလည်းလျှောက်ထားရယူဖူးခြင်းမရှိဟု မြတ်မေတ္တာမွန်ကုမ္ပဏီကပြန်လည်ဖြေရှင်း

1278

NP News - မတ် ၁
မြတ်မေတ္တာမွန်ကုမ္ပဏီလီမိတက်အနေဖြင့် လေ ယာဉ်ဆီများကို မြန်မာနိုင်ငံအတွင်းသို့ တစ်ကြိမ်တစ် ခါမျှ တင်သွင်းဖူးခြင်း၊ ရောင်းချဖူးခြင်း မရှိသည့်အ ပြင် လေယာဉ်ဆီတင်သွင်းခြင်းနှင့်စပ်လျဉ်း၍ လုပ် ငန်း လုပ်ကိုင်ခွင့်လိုင်စင်အားလည်း လျှောက်ထားရ ယူခဲ့ဖူးခြင်းမရှိကြောင်း အဆိုပါကုမ္ပဏီက ဖေဖော်ဝါ ရီလ ၂၈ ရက်တွင် ထုတ်ပြန်ထားသည်။
မြတ်မေတ္တာမွန်ကုမ္ပဏီလီမိတက်သည် (၂ဝ၁ဝ)ခုနှစ်မှစတင်၍ ယနေ့အချိန်ထိ သတ်မှတ်ပြဋ္ဌာန်းထားသော ဥပဒေများ၊ အမိန့်ညွှန်ကြားချက်များအတိုင်း လေးစားလိုက်နာ၍ မော်တော်ယာဉ်စက်သုံးဆီများကို ပြည်ပနိုင်ငံများမှဝယ်ယူတင်သွင်း၍ ပြည်တွင်း၌ လက်လီ၊ လက်ကားဖြန့်ဖြူးရောင်းချလျက်ရှိကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ထို့ကြောင့် လူမှုကွန်ယက်စာမျက်နှာ (Facebook) တွင် မြတ်မေတ္တာမွန်ကုမ္ပဏီလီမိတက်အား မလိုလားသူ များက (Facebook) အကောင့်တုများကို အသုံး ပြုပြီး မြတ်မေတ္တာမွန်ကုမ္ပဏီလီမိတက်မှလေယာဉ်ဆီတင်သွင်းလျက်ရှိကြောင်း မဟုတ်မမှန်သည့်သ တင်းများကို ရေးသားဖြန့်ဝေလျက်ရှိပြီး မြတ်မေတ္တာမွန်ကုမ္ပဏီလီမိတက်သည် စက်သုံးဆီတင်သွင်းသည့်လုပ်ငန်းစတင်တည်ထောင်လုပ်ကိုင်သည့် (၂ဝ၁ဝ) ခုနှစ်မှစ၍ ယနေ့အချိန်ထိ လေယာဉ်ဆီများကို မြန်မာ နိုင်ငံအတွင်းသို့ တစ်ကြိမ်တစ်ခါမျှ တင်သွင်းဖူးခြင်း၊ ရောင်းချဖူးခြင်းမရှိပါ။ လေယာဉ်ဆီတင်သွင်းခြင်း နှင့်စပ်လျဉ်း၍ လုပ်ငန်းလုပ်ကိုင်ခွင့်လိုင်စင်အားလည်း လျှောက်ထားရယူခဲ့ဖူးခြင်း မရှိပါဟု ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။
ကုမ္ပဏီအနေဖြင့် မော်တော်ယာဉ်သုံးစက်သုံးဆီများဖြစ်သည့် 92 RON၊ 95 RON၊ 97 RON၊ Premium Diesel နှင့် Diesel ဆီတို့ကိုသာရောင်းချပေးလျက်ရှိပြီး မြတ်မေတ္တာမွန်ကုမ္ပဏီလီမိတက်အား မလိုလားသူများက ကုမ္ပဏီ၏ အကျိုးစီးပွားကိုထိခိုက်ပျက်စီး စေရန်တမင်ရည်ရွယ်ပြီး မိဘပြည်သူများအထင် အမြင်လွဲမှားအောင် လူမှုကွန်ယက်စာမျက်နှာ (Facebook)တွင် အကောင့်တုများကို အသုံးပြုကာ မဟုတ်မမှန်သော သတင်းများ ရေးသားဖြန့်ဝေ၍ သွေးထိုးလှုံ့ဆော် တိုက်ခိုက်မှုများ သာဖြစ်ကြောင်း ဖော်ပြထားသည်။
သို့ဖြစ်ပါ၍ မဟုတ်မမှန်သော သတင်းများကိုဖော်ပြ ၍ မြတ်မေတ္တာမွန်ကုမ္ပဏီလီမိတက်၏ အကျိုး စီး ပွားကိုထိခိုက်ပျက်စီးစေရန် တမင်ရည်ရွယ်ပြီး မိဘပြည်သူများ အထင်အမြင်လွဲမှားအောင် ရေးသားဖြန့်ဝေ ဆောင်ရွက်နေမှုများအပေါ် မိဘပြည်သူများမှမယုံကြည်ကြပါရန် အဆိုပါ ကုမ္ပဏီမှအသိပေးထား သည်။
ထို့ပြင် မြတ်မေတ္တာမွန်ဆီဆိုင်များတွင် သုံးကြိမ်ထက်မနည်း မီးရှို့ခံရခြင်း၊ ဗုံးခွဲခံရခြင်းများကြုံတွေ့ခဲ့ရကြောင်းသိရသည်။ မြတ်မေတ္တာမွန်ကုမ္ပဏီအုပ်စုသည် မြန်မာစစ်တပ်အတွက် လေယာဉ်ဆီတင်သွင်း ပေးနေသည်ဟုဆိုကာ အမည်ပျက်စာရင်းသွင်းကြောင်းလည်း NUG ဘက်က ၂ဝ၂၂ ခုနှစ် ဖေဖော် ဝါရီလ ၂၄ ရက်က ထုတ်ပြန်ခဲ့သည်။
မြန်မာစစ်တပ်အတွက် လေယာဉ်ဆီများသယ်ဆောင်ပေးနေသည်ဟုဆိုကာ ပြည်တွင်းရှိအချို့သော ဆီတင်သွင်းသူများ၏ ဆီသယ်ယာဉ်များ မီးရှို့ဖျက်ဆီးခံရခြင်း၊ ပစ်ခတ်ခံရခြင်းများလည်း ကြုံတွေ့နေရကြောင်း သတင်းများရရှိသည်။

zawgyi version
ေလယာဥ္ဆီတင္သြင္းေရာင္းခ်ျခင္းမရွိသည့္အျပင္ အဆိုပါလုပ္ငန္းလုပ္ကိုင္ခြင့္လိုင္စင္ကိုလည္းေလွ်ာက္ထားရယူဖူးျခင္းမရွိဟု ျမတ္ေမတၱာမြန္ကုမၸဏီကျပန္လည္ေျဖရွင္း
NP News - မတ္ ၁
ျမတ္ေမတၱာမြန္ကုမၸဏီလီမိတက္အေနျဖင့္ ေလ ယာဥ္ဆီမ်ားကို ျမန္မာႏိုင္ငံအတြင္းသို႔ တစ္ႀကိမ္တစ္ ခါမွ် တင္သြင္းဖူးျခင္း၊ ေရာင္းခ်ဖူးျခင္း မရွိသည့္အ ျပင္ ေလယာဥ္ဆီတင္သြင္းျခင္းႏွင့္စပ္လ်ဥ္း၍ လုပ္ ငန္း လုပ္ကိုင္ခြင့္လိုင္စင္အားလည္း ေလွ်ာက္ထားရ ယူခဲ့ဖူးျခင္းမရွိေၾကာင္း အဆိုပါကုမၸဏီက ေဖေဖာ္ဝါ ရီလ ၂၈ ရက္တြင္ ထုတ္ျပန္ထားသည္။
ျမတ္ေမတၱာမြန္ကုမၸဏီလီမိတက္သည္ (၂ဝ၁ဝ)ခုႏွစ္မွစတင္၍ ယေန႔အခ်ိန္ထိ သတ္မွတ္ျပ႒ာန္းထားေသာ ဥပေဒမ်ား၊ အမိန႔္ၫႊန္ၾကားခ်က္မ်ားအတိုင္း ေလးစားလိုက္နာ၍ ေမာ္ေတာ္ယာဥ္စက္သုံးဆီမ်ားကို ျပည္ပႏိုင္ငံမ်ားမွဝယ္ယူတင္သြင္း၍ ျပည္တြင္း၌ လက္လီ၊ လက္ကားျဖန႔္ျဖဴးေရာင္းခ်လ်က္ရွိေၾကာင္း ထုတ္ျပန္ခ်က္တြင္ ေဖာ္ျပထားသည္။
ထို႔ေၾကာင့္ လူမႈကြန္ယက္စာမ်က္ႏွာ (Facebook) တြင္ ျမတ္ေမတၱာမြန္ကုမၸဏီလီမိတက္အား မလိုလားသူ မ်ားက (Facebook) အေကာင့္တုမ်ားကို အသုံး ျပဳၿပီး ျမတ္ေမတၱာမြန္ကုမၸဏီလီမိတက္မွေလယာဥ္ဆီတင္သြင္းလ်က္ရွိေၾကာင္း မဟုတ္မမွန္သည့္သ တင္းမ်ားကို ေရးသားျဖန႔္ေဝလ်က္ရွိၿပီး ျမတ္ေမတၱာမြန္ကုမၸဏီလီမိတက္သည္ စက္သုံးဆီတင္သြင္းသည့္လုပ္ငန္းစတင္တည္ေထာင္လုပ္ကိုင္သည့္ (၂ဝ၁ဝ) ခုႏွစ္မွစ၍ ယေန႔အခ်ိန္ထိ ေလယာဥ္ဆီမ်ားကို ျမန္မာ ႏိုင္ငံအတြင္းသို႔ တစ္ႀကိမ္တစ္ခါမွ် တင္သြင္းဖူးျခင္း၊ ေရာင္းခ်ဖူးျခင္းမရွိပါ။ ေလယာဥ္ဆီတင္သြင္းျခင္း ႏွင့္စပ္လ်ဥ္း၍ လုပ္ငန္းလုပ္ကိုင္ခြင့္လိုင္စင္အားလည္း ေလွ်ာက္ထားရယူခဲ့ဖူးျခင္း မရွိပါဟု ထုတ္ျပန္ခ်က္တြင္ေဖာ္ျပထားသည္။
ကုမၸဏီအေနျဖင့္ ေမာ္ေတာ္ယာဥ္သုံးစက္သုံးဆီမ်ားျဖစ္သည့္ 92 RON၊ 95 RON၊ 97 RON၊ Premium Diesel ႏွင့္ Diesel ဆီတို႔ကိုသာေရာင္းခ်ေပးလ်က္ရွိၿပီး ျမတ္ေမတၱာမြန္ကုမၸဏီလီမိတက္အား မလိုလားသူမ်ားက ကုမၸဏီ၏ အက်ိဳးစီးပြားကိုထိခိုက္ပ်က္စီး ေစရန္တမင္ရည္႐ြယ္ၿပီး မိဘျပည္သူမ်ားအထင္ အျမင္လြဲမွားေအာင္ လူမႈကြန္ယက္စာမ်က္ႏွာ (Facebook)တြင္ အေကာင့္တုမ်ားကို အသုံးျပဳကာ မဟုတ္မမွန္ေသာ သတင္းမ်ား ေရးသားျဖန႔္ေဝ၍ ေသြးထိုးလႈံ႕ေဆာ္ တိုက္ခိုက္မႈမ်ား သာျဖစ္ေၾကာင္း ေဖာ္ျပထားသည္။
သို႔ျဖစ္ပါ၍ မဟုတ္မမွန္ေသာ သတင္းမ်ားကိုေဖာ္ျပ ၍ ျမတ္ေမတၱာမြန္ကုမၸဏီလီမိတက္၏ အက်ိဳး စီး ပြားကိုထိခိုက္ပ်က္စီးေစရန္ တမင္ရည္႐ြယ္ၿပီး မိဘျပည္သူမ်ား အထင္အျမင္လြဲမွားေအာင္ ေရးသားျဖန႔္ေဝ ေဆာင္႐ြက္ေနမႈမ်ားအေပၚ မိဘျပည္သူမ်ားမွမယုံၾကည္ၾကပါရန္ အဆိုပါ ကုမၸဏီမွအသိေပးထား သည္။
ထို႔ျပင္ ျမတ္ေမတၱာမြန္ဆီဆိုင္မ်ားတြင္ သုံးႀကိမ္ထက္မနည္း မီးရႈိ႕ခံရျခင္း၊ ဗုံးခြဲခံရျခင္းမ်ားႀကဳံေတြ႕ခဲ့ရေၾကာင္းသိရသည္။ ျမတ္ေမတၱာမြန္ကုမၸဏီအုပ္စုသည္ ျမန္မာစစ္တပ္အတြက္ ေလယာဥ္ဆီတင္သြင္း ေပးေနသည္ဟုဆိုကာ အမည္ပ်က္စာရင္းသြင္းေၾကာင္းလည္း NUG ဘက္က ၂ဝ၂၂ ခုႏွစ္ ေဖေဖာ္ ဝါရီလ ၂၄ ရက္က ထုတ္ျပန္ခဲ့သည္။
ျမန္မာစစ္တပ္အတြက္ ေလယာဥ္ဆီမ်ားသယ္ေဆာင္ေပးေနသည္ဟုဆိုကာ ျပည္တြင္းရွိအခ်ိဳ႕ေသာ ဆီတင္သြင္းသူမ်ား၏ ဆီသယ္ယာဥ္မ်ား မီးရႈိ႕ဖ်က္ဆီးခံရျခင္း၊ ပစ္ခတ္ခံရျခင္းမ်ားလည္း ႀကဳံေတြ႕ေနရေၾကာင္း သတင္းမ်ားရရွိသည္။