ဂမ်ဘီယာရဲ့စွပ်စွဲချက်အပေါ် မြန်မာဘက်က ရှေ့နေ MR CHRISTOPHER STAKER ရဲ့ ပထမအကြိမ်ကန့်ကွက်လွှာ ပထမနှင့် စတုတ္ထအချက်(အပြည့်အစုံ)

 1312

NP News - မတ်လ ၁
(၂ဝ၂၂ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၇ ရက်၊ သည်ဟိဂ်မြို့)
Genocide Convention အရ လျှောက်ထားသောအမှု
MR CHRISTOPHER STAKER ၏ ပထမအကြိမ် ကနဦးကန့်ကွက်လွှာ ပထမနှင့် စတုတ္ထအချက်

နိဒါန်း
ဥက္ကဋ္ဌကြီးနှင့် ဂုဏ်သရေရှိ တရားသူကြီးမင်းများ ခင်ဗျာ…
၁။ ပထမအကြိမ် ကြားနာမှုအပြီးမှာ ဒုတိယအကြိမ်ကြားနာမှုတွင် မည်သည့်ယခင် လျှောက်ထားချက်များကို မျှ ထပ်မံပြောကြားရန်မလိုကြောင်း ကျွန်တော်တို့ကို သတိပေးခဲ့ပါတယ်။

၂။ ယခု ဒုတိယအကြိမ်တင်သွင်းမှုတွင် ကျွန်တော့်အနေဖြင့် ပထမနှင့်စတုတ္ထ ကနဦးကန့်ကွက်ချက်များကို ဦးစွာတင်ပြမှာဖြစ်ပါတယ်။ Professor Talmon အနေဖြင့် ဒုတိယ ကနဦးကန့်ကွက်ချက်များကိုတင်ပြမှာဖြစ်ပြီး အဲဒီနောက်မှာတော့ Professor Kolb က တတိယ ကနဦးကန့်ကွက်ချက်များကို တင်ပြမှာဖြစ်ပါတယ်။ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ၏ကိုယ်စားလှယ်ဖြစ်သူက မြန်မာနိုင်ငံ၏ဒုတိယအကြိမ်တင်သွင်းမှု နိဂုံးချုပ် မိန့်ခွန်းပြောကြားမှာဖြစ်ပါတယ်။

အထွေထွေကိစ္စရပ်များ ။ ။
၃။ ဒါပေမယ့် ကျွန်တော်တို့တစ်ဦးချင်းစီရဲ့ကနဦးကန့်ကွက်ချက်များမတင်သွင်းမီ ကျွန်တော့်အနေနဲ့ ဂမ်ဘီယာ ရဲ့ပထမအကြိမ်နှုတ်ဖြင့် တင်သွင်းမှုမှထွက်ပေါ်လာတဲ့ အထွေထွေကိစ္စရပ်သုံးခုကို ဦးစွာတင်သွင်းမှာဖြစ်ပါ တယ်။

၄။ ပထမကိစ္စက ယခုကဲ့သို့ ဖြစ်ပါတယ်။ ပထမအကြိမ်တင်သွင်းမှုအတွင်းမှာ ကြားဖြတ်စီမံဆောင်ရွက်ချက် အမိန့်ဟာ တရားစီရင်ရေးနှင့် ခွင့်ပြုရေးကိစ္စရပ်များအတွက် ကနဦး အခြေခံဖြစ်တယ်ဆိုတာကို ဂမ်ဘီယာက အကြိမ်ပေါင်းများစွာအသိအမှတ်ပြုခဲ့ပါတယ်။ အဲဒါမှန်ကန်ပါတယ်။ အဆိုပါအမိန့်တွင် တရားရုံးက ကြားဖြတ်စီမံ ဆောင်ရွက်ချက်များအဆင့်တွင် ၎င်းသည် “အမှု၏အကြောင်းခြင်းရာများနှင့်စပ်လျဉ်း၍ တရားစီရင်ပိုင်ခွင့်ရှိ သည်ဟူသော ပုံစံဖြင့် မိမိဘာသာ သေချာနေရန် မလိုအပ်ကြောင်း” အတိအလင်း သိရှိထားပါတယ်။ တရားစီရင်ခွင့်ဆိုင်ရာကိစ္စရပ်များကိုလည်း ကနဦး အခြေခံအဆင့်မျှဖြင့်သာ ကိုင်တွယ်ဆောင်ရွက်ခဲ့ခြင်းဖြစ် ကြောင်း အမိန့်မှာ ဖော်ပြထားပါတယ်။

၅။ ဒါကြောင့်မို့ ကြားဖြတ် စီမံဆောင်ရွက်ချက်အမိန့်ရဲ့ စာပိုဒ် ၈၅ မှာ အဆိုပါအမိန့်သည် “တရားရုံး၏ တရား စီရင်ပိုင်ခွင့်နှင့် လျှောက်ထားမှုအား လက်ခံနိုင်မှုကို မည်သည့်နည်းဖြင့်မျှ ကြိုတင်ဆုံးဖြတ်မှာမဟုတ်ကြောင်း” ပြတ်သားစွာဖော်ပြထားပြီး “အဲဒီမေးခွန်းများ စပ်လျဉ်း၍ အငြင်းပွားခွင့်များနှင့် အထောက်အထားတင်ပြပိုင်ခွင့်ကို မြန်မာနိုင်ငံ၏ရပိုင်ခွင့်အား မထိခိုက်စေဘဲ” လည်း အမိန့်မှာ ပါရှိပါတယ်။ နောက်ဆက်တွဲ ကနဦး ကန့်ကွက်မှု အဆင့်တွင် တိကျသောအခြေခံဖြင့် တူညီသောတရားစီရင်ပိုင်ခွင့်နှင့်လျှောက်ထားမှုကို လက်ခံနိုင်မှုဆိုင်ရာ ကိစ္စ ရပ်များကိုဆုံးဖြတ်ပေးရန် မြန်မာနိုင်ငံ၏တောင်းဆိုပိုင်ခွင့်ကို တရားရုံးကိုယ်တိုင်က ရှင်းရှင်းလင်းလင်း အသိအမှတ်ပြုပါတယ်။

၆။ တရားရုံးမှ ဤရှင်းလင်းသည့်ဖော်ပြချက်ရှိသော်လည်း ပထမအကျော့ လျှောက်လဲမှုတွင် ဂမ်ဘီယာနိုင်ငံ၏ တင်ပြချက်များတွင် ကနဦးကန့်ကွက်မှုလေးရပ်ကို ယာယီအစီအမံအဆင့်တွင် တရားရုံးက တစ်နည်းနည်းဖြင့် ဆုံးဖြတ်ထားပြီးဖြစ်ကြောင်းနှင့် ယခုအချိန်တွင် မည်သည့်အရာမျှမပြောင်းလဲခဲ့သဖြင့် တရားရုံး၏ဆုံးဖြတ်ချက် မှာလည်း မပြောင်းလဲသင့်ကြောင်း ဖော်ပြထားပါတယ်။

၇။ သို့ရာတွင် ကြားဖြတ်စီမံဆောင်ရွက်ချက်အမိန့် အပိုဒ် ၈၅ တွင် ရှင်းရှင်းလင်းလင်းဖော်ပြထားသည့်အတိုင်း ကနဦးကန့်ကွက်ချက်များကို မည်သည့်နည်းနဲ့မျှ ကြိုတင်ဆုံးဖြတ်ခြင်း မပြုရဟုဆိုလျှင် လက်ရှိတရားစွဲဆိုမှု အဆင့်တွင် နှစ်ဦးနှစ်ဖက်၏ ကျယ်ကျယ်ပြန့်ပြန့်ငြင်းခုံမှုများနှင့် အထောက်အထားများအား ကနဦး ကန့်ကွက် ချက်များတွင် အပြည့်အဝထည့်သွင်းစဉ်းစားရန် လိုအပ်ပါတယ်။ ကြားဖြတ်စီမံဆောင်ရွက်ချက်အမိန့်သည် အဆုံးအဖြတ်မဟုတ်ရုံသာမက အစပျိုးသည့်အချက်ပင် မဟုတ်ပါ။ ဤအဆင့်တွင် ယခုစဉ်းစားနေသော ကိစ္စရပ် များအတွက် ဆုံးဖြတ်ချက် လုံးဝမဟုတ်ပါ။

၈။ ဒုတိယကိစ္စက ယခုကဲ့သို့ ဖြစ်ပါတယ်။ ကနဦးကန့်ကွက်ချက်များဟာ အမှုကိစ္စ၏အကြောင်းအချက်များနဲ့ လုံးဝ မသက်ဆိုင်ပါ။ သို့သော်လည်း ပထမအကျော့တွင် ဂမ်ဘီယာ၏ဥပဒေအကျိုးဆောင်သည် အဆိုပါကိစ္စရပ် တွင် ကနဦးကန့်ကွက်မှုများနှင့်မသက်ဆိုင်သည့် ဂမ်ဘီယာ၏အခိုင်အမာပြောဆိုချက် (သို့မဟုတ်) မြန်မာနိုင်ငံရှိ အခြားဖြစ်ရပ်များနှင့်သက်ဆိုင်သည့်ပြောကြားချက်များကို ပြုလုပ်ခဲ့ပါတယ်။ ကနဦးကန့်ကွက် မှုများနှင့်စပ်လျဉ်း ၍ လက်ရှိကြားနာမှုအခြေအနေတွင် ဂမ်ဘီယာနိုင်ငံ၏ အဆိုပါပြောကြားချက်များအား လုံးဝအကြောင်းပြန်ခြင်း မရှိကြောင်း ရှင်းရှင်းလင်းလင်း သိသာထင်ရှားပြီး အဆိုပါပြောကြားချက်များအား မြန်မာနိုင်ငံမှ ဖြေရှင်းမှုမပြု ခြင်းသည် မည်သည့်နည်းဖြင့်မျှ လိုက်လျောမှုအဖြစ် မယူဆနိုင်ပါ။

၉။ တတိယကိစ္စက ယခုကဲ့သို့ ဖြစ်ပါတယ်။ ကနဦးကန့်ကွက်မှုများအား တရားရုံး၏ စီရင်ပိုင်ခွင့်အာဏာနှင့် အမှုများကို လက်ခံနိုင်မှုအား ဥပဒေတို့နှင့်အညီ ဆုံးဖြတ်ရမည်ဖြစ်ပါတယ်။ ဤသည်မှာ ထုတ်ဖော်ပြောဆိုရန် မလိုအပ်သော အချက်သာဖြစ်ပါတယ်။ သို့သော်လည်း၊ ဂမ်ဘီယာက အခြားနည်းဖြင့် အဓိပ္ပာယ်သက်ရောက် နိုင်သော ပြောကြားချက်များပြုလုပ်ခဲ့သောကြောင့် ကျွန်တော်အနေနဲ့ဖော်ပြခြင်းဖြစ်ပါတယ်။ ပထမအကျော့ တွင် ဂမ်ဘီယာနိုင်ငံသည် မြန်မာနိုင်ငံအပေါ် တရားရုံးကသာ သြဇာလွှမ်းမိုးမှုရှိသည်ဟူသော အကျိုးသက် ရောက်မှုရှိကြောင်း၊ တရားရုံးသည် မြန်မာနိုင်ငံအပေါ် စီရင်ပိုင်ခွင့်အာဏာကို ကျင့်သုံးခြင်းမရှိပါက မြန်မာနိုင်ငံ သည် မည်သူ့ကိုမျှတာဝန်ခံမည်မဟုတ်ကြောင်း၊ လက်ရှိကြားဖြတ်စီမံဆောင်ရွက်ချက်များကို ထိန်းသိမ်းထား ရန်မှာ မရှိမဖြစ်လိုအပ်ကြောင်း၊ လူမျိုးသုဉ်းသတ်ဖြတ်မှုဆိုင်ရာကွန်ဗင်းရှင်းကို ခိုင်မာစွာထိန်းသိမ်းရန် တရားရုံး တွင် တာဝန်ရှိကြောင်းနှင့် ကနဦးကန့်ကွက်မှုများသည် အဆိုပါကွန်ဗင်းရှင်း၏ရည်ရွယ်ချက်များနှင့် ကွဲလွဲမှုရှိနေ ကြောင်း ပြောကြားခဲ့ပါတယ်။

၁ဝ။ ကနဦးကန့်ကွက်လွှာသည် အမှု၏အဓိကအကြောင်းအရာနှင့် သက်ဆိုင်ခြင်းမရှိပါ။ ထို့ကြောင့် စီရင်ပိုင်ခွင့် နှင့် အမှုလက်ခံခွင့်ဆိုင်ရာဥပဒေကိုတရားရုံးက ဂမ်ဘီယာပြောသည့်အတိုင်း ပြုပြင်ပြောင်းလဲပေးသင့်ကြောင်း ဂမ်ဘီယာက တိုက်တွန်း အကြံပြုနေတာမျိုးသာမဟုတ်ခဲ့လျှင်၊ အမှု၏လက်ရှိအဆင့်တွင် ဂမ်ဘီယာက အမှု အကြောင်းအရာတွေ ဘာကြောင့်ထည့်သွင်းလျှောက်လဲတင်ပြနေတယ်ဆိုတာ စဉ်းစားရခက်နေမှာဖြစ်ပါတယ်။ ဂမ်ဘီယာရဲ့ပြောပုံအရဆိုရင် Genocide Convention အမှုကိစ္စမှာ ကနဦးကန့်ကွက်ချက်ဆိုတာ “ရောသမမွှေထားတဲ့ လုပ်ထုံးလုပ်နည်းတွေ” ဆိုတဲ့ပုံစံမျိုး ပေါက်သွားမှာ ဖြစ်ပါတယ်။ ဘယ်အမှုမှာပဲဖြစ်ဖြစ် တရားရုံးက သူ့ရဲ့စီရင်ပိုင်ခွင့်ကို လိုသလို ချဲ့ထွင်ပိုင်ခွင့်မရှိသလို အမှုလက်ခံပိုင်ခွင့်နယ်ပယ်ကိုလည်း တိုးချဲ့လို့မရပါဘူး။ ဘာကြောင့်လဲဆိုတော့ တရားရုံးအနေနဲ့ အခြေအနေအပေါ် မူတည်ပြီး မီးစင်ကြည့်ကလို့ ရတယ်လို့ သွေးဆောင်စည်းရုံးခံရသလိုဖြစ်သွားမှာမို့လိုပါပဲ။ ဒါကြောင့် ဂမ်ဘီယာရဲ့ဖော်ပြလျှောက်လဲချက်တွေ ဟာ ဒီကြားနာမှုနဲ့ စပ်ဆိုင်မှုမရှိသလို မြန်မာဘက်ကလည်း ဒီကိစ္စတွေကို တုံ့ပြန်ဖြေရှင်းဖို့လိုမှာမဟုတ်ပါဘူး။

၁၁။ ရေးသားတင်သွင်းထားသော ကနဦးကန့်ကွက်ချက်များသည် Genocide Convention ၏ အရေးကြီးမှုကို အသိအမှတ်ပြုပါတယ်။ သို့ရာတွင် မည်မျှအရေးကြီးသည်ဖြစ်စေ တရားရုံး၏တရားစီရင်ပိုင်ခွင့်အာဏာနှင့် အမှုများကိုလက်ခံနိုင်မှုတို့ဆိုင်ရာ နိုင်ငံတကာဥပဒေများ၏ ယေဘုယျစည်းမျဉ်းများ အပေါ်မူတည်သကဲ့သို့ ဥပမာအားဖြင့် စာချုပ်များအား ချွင်းချက်ပြုလုပ်သည့် ဆက်စပ်သောစည်းမျဉ်းများတွင်လည်း မူတည်ပါတယ်။ တရားရုံးသည် အခြေအနေတိုင်းတွင် နိုင်ငံတိုင်းမှ နိုင်ငံတကာဥပဒေများကို ချိုးဖောက်သည်ဟု စွပ်စွဲမှုတိုင်း အတွက် တရားစီရင်ပိုင်ခွင့်မရှိဟူသောအချက်မှာ ဖန်တရာကျေအောင် သုံးစွဲနေပြီးသော ဥပဒေဖြစ်ပါတယ်။ တရားရုံးသည် စီရင်ပိုင်ခွင့်အာဏာရှိ-မရှိနှင့် အမှုကို လက်ခံသင့်/မသင့်ကို ဥပဒေနှင့်အညီ ဆုံးဖြတ်ရမည်ဖြစ်ပြီး၊ အမှုဖြစ်ရန် ဆန္ဒရှိမှုကိုအခြေခံရမည် မဟုတ်ပါ။

ကနဦးကန့်ကွက်လွှာ ပထမအချက် ။ ။
ဥက္ကဋ္ဌကြီးနှင့် ဂုဏ်သရေရှိ တရားသူကြီးမင်းများ ခင်ဗျာ…
၁၂။ ကျွန်တော် ကနဦး ကန့်ကွက်လွှာပထမအချက်ကို တင်ပြပါမယ်။ ကျွန်တော် ပထမအကျော့မှာ ရှင်းလင်းခဲ့ သလို၊ ဒီမှာ အကြောင်းခြင်းရာ အဓိကပြဿနာတစ်ခုနဲ့ ဥပဒေဆိုင်ရာ အဓိကပြဿနာတစ်ခု ပါဝင်ပါတယ်။

၁၃။ အကြောင်းခြင်းရာပြဿနာကတော့ ပထမအကျော့မှာ ဂမ်ဘီယာနိုင်ငံက OIC နဲ့ တခြား အဖွဲ့ဝင်နိုင်ငံတွေ နဲ့ဆက်ဆံခဲ့တဲ့ အသေးစိတ်အချက်အလက်တွေကိုမဖော်ပြခဲ့သလို၊ အဲဒီကိစ္စတွေအတွက် နောက်ထပ် အထောက်အထားလည်း မဖော်ပြခဲ့ပါဘူး။ ဘာပဲဖြစ်ဖြစ်၊ ဂမ်ဘီယာက သက်သေအထောက်အထားမရှိတဲ့ ယေဘုယျလျှောက်လဲချက်တစ်ခုကိုတော့ ပြုလုပ်ခဲ့ပါတယ်။ အဲဒါကတော့ “ဂမ်ဘီယာက ဉီးဆောင်မှုကဏ္ဍကို ရယူခဲ့တယ်” ဆိုတာမျိုးပါ။ ဒါ့အပြင် ဒီအမှုကို စဖွင့်ဖို့ ဂမ်ဘီယာကပဲ အကြံပေးခဲ့တယ်ဆိုတာမျိုး ဖြစ်ပါတယ်။ ဒီလျှောက်လဲချက်တွေကို အကြောင်းအရာ အချက်အလက် (သို့မဟုတ်) သက်သေခံအဖြစ် မှတ်ယူလို့မရပါဘူး။

၁၄။ ဂမ်ဘီယာနိုင်ငံသည် တရားရုံးရှေ့မှောက်ရှိ သက်သေခံတွေကို “ပေါက်တတ်ကရ ဝဘ်ဆိုဒ်များ၊ ဆောင်းပါး များ၊ တွစ်တာများနှင့် သတင်းထုတ်ပြန်မှု” တွေလို့ နှိမ့်ချဖော်ပြခဲ့ပါတယ်။ သို့သော်လည်း ဤအထောက်အထား များ၏အရင်းအမြစ်တွေက OIC၊ ကုလသမဂ္ဂ၊ ဂမ်ဘီယာအစိုးရ (သို့မဟုတ်) ၎င်း၏ကိုယ်စားလှယ်များနှင့် အခြားသော OIC အဖွဲ့ဝင်နိုင်ငံများအပြင် အစိုးရများ၏ထုတ်ပြန်ချက်ဆိုင်ရာ မီဒီယာအစီရင်ခံစာများဖြစ်ပါ တယ်။ ဂမ်ဘီယာသည် အဲ့ဒီအချက်အလက်တွေကိုမှာပါဝင်တဲ့ သီးခြားအကြောင်းအရာတွေကို ငြင်းဆိုမှုမရှိတဲ့ အချက်က ပြဿနာအဖြစ် ကျန်ရှိနေပါတယ်။

၁၅။ အမှန်စင်စစ် ဂမ်ဘီယာနိုင်ငံသည် OIC ၏ အဆိုပြုချက်ကို ၎င်းအစိုးရအဖွဲ့မှ အတည်ပြုခဲ့သည့် ၂ဝ၁၉ ခုနှစ် ဇူလိုင်လတွင်သာ အမှုစွဲတင်ရန် ၎င်း၏ ၎င်းအစိုးရအဖွဲ့မှ ဆုံးဖြတ်ခဲ့ခြင်းဖြစ်သည်ဟု ယခု အတိအလင်း အတည် ပြုလိုက်ပြီဖြစ်ပါတယ်။

၁၆။ ဂမ်ဘီယာနိုင်ငံသည် အမှုကိစ္စအတွက် ငွေကြေးထောက်ပံ့မှုအစီအစဉ်များနှင့်ပတ်သက်သည့် အထောက် အထားများကိုငြင်းဆိုခြင်းမရှိခဲ့သလို တကယ်တမ်းမှာတော့ သွယ်ဝိုက်ပြီး လက်ခံထားခဲ့ပါတယ်။

၁၇။ မြန်မာနိုင်ငံသည် “အရေးကြီးသော သက်သေအထောက်အထားများကို ရှောင်လွဲသွားခဲ့သည်” ဟု ဂမ်ဘီယာနိုင်ငံက ပြောကြားခဲ့ပါတယ်။ အဆိုပါ “အရေးကြီးသော အထောက်အထားများ” ကို ကြားဖြတ်စီမံ ဆောင်ရွက်ချက်များကြားနာမှုတွင် ဂမ်ဘီယာအေးဂျင့်၏အဖွင့်မိန့်ခွန်းတွင်ထည့်သွင်းခဲ့ကြောင်း ဆိုထားပါတယ်။ သို့သော်လည်း ဂမ်ဘီယာအေးဂျင့်သည် သက်သေအဖြစ် လာရောက်တာမဟုတ်သလို ၎င်း၏ ပြောကြားချက် အား သက်သေအဖြစ် သတ်မှတ်၍မရပါ။ မည်သို့ပင်ဆိုစေကာမူ အဆိုပါအဖွင့်ပြောကြားချက်များသည် ဂမ်ဘီယာ၊ OIC နှင့် ယင်း၏အခြားအဖွဲ့ဝင်နိုင်ငံများအကြား ဤအမှုကိစ္စကို ရှေ့ရှုဆောင်ရွက်မှုများနှင့် စပ်လျဉ်း ၍ နောက်ထပ်သီးခြားအကြောင်းအရာများကို ဖော်ပြနိုင်ခြင်းမရှိပါ။ OIC ကိုယ်စားလှယ်အဖွဲ့၏ အဖွဲ့ဝင်အနေ ဖြင့် ၂ဝ၁၈ ခုနှစ်အစောပိုင်းတွင် ဘင်္ဂလားဒေ့ရှ်နိုင်ငံရှိ ဒုက္ခသည်စခန်းများသို့ ဂမ်ဘီယာအေးဂျင့်က သွားရောက် ခဲ့သည့်ခရီးစဉ်ကို ဖော်ပြခြင်းမျှသာဖြစ်ပါတယ်။

၁၈။ ဂမ်ဘီယာမှ ထုတ်ဖော်ထားသော အခြား "အရေးကြီးသောအထောက်အထား" မှာ အထွေထွေညီလာခံသို့ ၂ဝ၁၈ ခုနှစ် စက်တင်ဘာလ ၂၅ ရက်နေ့တွင် ဂမ်ဘီယာသမ္မတ ပြောကြားခဲ့သည့်မိန့်ခွန်းနှင့် ၂ဝ၁၉ ခုနှစ် အောက်တိုဘာလ ၁၁ ရက်စွဲပါ သံတမန်စာ (Note Verbale) တို့ဖြစ်ပါတယ်။ ဂမ်ဘီယာနိုင်ငံက ဒီအထောက်အထားသည် ဂမ်ဘီယာနိုင်ငံဟာ သူကိုယ်တိုင် အရေးယူဆောင်ရွက်ခဲ့တာတွေ၊ ကိုယ့်အမည်နဲ့ ကိုယ် ဆောင်ရွက်ခဲ့ပြီး မိမိဆန္ဒအလျောက်လုပ်ဆောင်ခဲ့တာကို ပြသနေတယ်လို့ ငြင်းဆိုနေပုံရပါတယ်။

၁၉။ သို့သော် ထိုအချက်သည် အရေးမပါလှပါ။ နိုင်ငံတစ်နိုင်ငံသည် တတိယအဖွဲ့အစည်း၏ကိုယ်စား proxy အဖြစ် ဆောင်ရွက်သည့်ကိစ္စများတွင် proxy သည် ပုံမှန်အားဖြင့် သက်ဆိုင်ရာလုပ်ငန်းရပ်များကို ၎င်း၏အမည် ဖြင့် ၎င်းကိုယ်တိုင်လုပ်ဆောင်မည်ဖြစ်ပြီး လုပ်ရမည့်လမ်းကြောင်းအတိုင်း မိမိဆန္ဒနဲ့ လုပ်ဆောင်သွားမည်ဖြစ်ပါ တယ်။ ၎င်း၏ proxy အဖြစ် တတိယအဖွဲ့အစည်းကိုယ်စား မိမိဆန္ဒအလျောက်လုပ်ဆောင်ရန် အကြောင်းပြချက် များစွာရှိနိုင်သော်လည်း ဂမ်ဘီယာက ပြောသည့်အတိုင်း စိတ်ဆန္ဒလှုံ့ဆော်မှုသည် တရားစီရင်ပိုင်ခွင့်ဆိုင်ရာ ကိစ္စရပ်များနှင့်မသက်ဆိုင်ပါ။ ထို့ကြောင့် လျှောက်ထားသူနိုင်ငံသည် ၎င်း၏အမည်ဖြင့် ဆန္ဒအလျောက် ဆောင်ရွက်ပေးနေခြင်း ရှိ/မရှိ မေးရန်မဟုတ်ပါ။ မေးစရာမှာ ၎င်းသည် ၎င်း၏ကိုယ်ပိုင်အမည်ဖြင့် လုပ်ဆောင်နေ သော ဆန္ဒအလျောက်လုပ်ဆောင်မှုများသည် အမှန်တကယ်တွင် တတိယအဖွဲ့အစည်း၏ကိုယ်စား တတိယ အဖွဲ့အစည်း၏ proxy အဖြစ် ဆောင်ရွက်နေခြင်းရှိ၊ မရှိဖြစ်ပါတယ်။ သက်သေအထောက်အထားအပေါ် မူတည် ပြီး အချက်အလက်မေးခွန်းကို ဆုံးဖြတ်ရမှာဖြစ်ပါတယ်။

၂ဝ။ အတိုချုံးပြောရရင် ဂမ်ဘီယာနိုင်ငံ၏ ပထမအကြိမ်လျှောက်လဲချက်မှာ ဘာမှထူးထူးခြားခြား မတင်သွင်းနိုင် ပါဘူး။ ပြီးခဲ့သည့်အကြိမ်က တရားရုံးသို့တင်သွင်းခဲ့သည့် အချက်အလက်များအတိုင်းပဲ ရှိနေပါတယ်။

၂၁။ ဂမ်ဘီယာနိုင်ငံရဲ့ပြောကြားချက်နဲ့ဆန့်ကျင်ပြီး ၎င်းတို့အနေနဲ့ အခြားမှအထောက်အပံ့ရယူကာ တရားလိုဖြစ်ချင်ရုံအကြောင်းပြချက်တစ်ခုနဲ့ ဒီကိစ္စဟာ မြန်မာရဲ့အမှုမဟုတ်ပါဘူး။ မြန်မာနိုင်ငံက ယခင် ကတည်းက တင်ပြထားသည့်အခြေအနေအကြောင်းအရာများကြောင့် OIC က သာ တရားလိုအမှန်စင်စစ် ဖြစ် တယ်လို့ အခိုင်အမာပြောကြားလိုပါတယ်။ အသေးစိတ်တွေ ထပ်မပြောတော့ပါဘူး။ သက်သေအထောက် အထားတွေအရ အစ္စလာမ္မစ်ထိပ်သီးအစည်းအဝေးမှာ OIC ကိုယ်စား OIC ကော်မတီက အမှုတင်သွင်းပေးဖို့ ဆုံးဖြတ်ခဲ့ပြီးနောက် OIC ရဲ့ နိုင်ငံခြားရေးဝန်ကြီးများကောင်စီ သီးခြားကော်မတီက ဖွဲ့စည်းခဲ့တဲ့ OIC ကော်မတီ က ယခုအမှုတင်သွင်းဖို့ အဆိုပြုခဲ့ပါတယ်။ အဲဒီနောက် OIC မှ ဂမ်ဘီယာနိုင်ငံအနေနဲ့ တရားလိုနိုင်ငံအဖြစ် ဆောင်ရွက်ပေးနိုင်ရေး အဆိုပြုပြောကြားခဲ့ပြီး ဂမ်ဘီယာနိုင်ငံမှလည်း သဘောတူလက်ခံခဲ့ပါတယ်။ ဒီဟာက OIC က ဂမ်ဘီယာကို ကူညီတာထက် ဂမ်ဘီယာက OIC ကို ပံ့ပိုးကူညီတာထက်နဲ့ ပိုတူပါတယ်။

၂၂။ ဥပဒေကြောင်းပြဿနာနဲ့ပတ်သက်တဲ့အချက်ကို ရှင်းလင်းသွားပါမယ်။ တတိယနိုင်ငံ အဖွဲ့အစည်းကို ကိုယ်စားပြု တရားစွဲဆိုပေးသည့်နိုင်ငံ (proxy States) ကိစ္စမျိုး အရင်က ပေါ်ပေါက်ခဲ့တာမျိုးမရှိသေးပါဘူး။ အချက် (၂) ချက်နဲ့ ဖြေကြားသွားပါမယ်။

၂၃။ ပထမအချက်အနေနဲ့ ဂမ်ဘီယာ၏ပြောကြားချက်နဲ့ဆန့်ကျင်ပြီး တရားရုံးဥပဒေရဲ့အပိုဒ် ၃၅၊ အပိုဒ်ခွဲ ၁ ဟာ မြန်မာနိုင်ငံ၏လျှောက်ထားမှုကို အလဲထိုးစေနိုင်သည့်အချက်မရှိပါဘူး။ ၎င်းအပိုဒ်သည် မြန်မာနိုင်ငံ၏ လျှောက်ထားချက်အပေါ် သက်ရောက်မှု လုံးလုံးလျားလျား မရှိပါဘူး။

၂၄။ ဒီပြဋ္ဌာန်းချက်က တရားရုံးအနေနဲ့ လက်ရှိတည်ဆဲစာချုပ်ဝင်နိုင်ငံများ အားလုံးကို ဖွင့်ပေးထားသည်လို့ပဲ ပါ ပါတယ်။

၂၅။ အခြားကိစ္စများမှလွဲပြီး ဒီအချက်သည် အပြည်ပြည်ဆိုင်ရာတရားရုံးရဲ့ Statute အပိုဒ် ၃၄၊ အပိုဒ်ခွဲ ၁ ပါ တရားရုံးရှေ့မှောက်သို့ ရောက်ရှိလာသောအမှုများတွင် အမှုရင်ဆိုင်ကြသူများမှာ နိုင်ငံများသာလျှင်ဖြစ်တယ် ဆိုတဲ့အချက်ကို ဘယ်လိုနည်းနဲ့မှ အရည်အချင်းပြည့်မီခြင်း (သို့မဟုတ်) ခြွင်းချက်တစ်ခု ဖန်တီးနိုင်ခြင်းမရှိပါဘူး။ အပိုဒ် ၃၅၊ အပိုဒ်ခွဲ ၁ မှာ အပြည်ပြည်ဆိုင်ရာအဖွဲ့အစည်းများ (သို့မဟုတ်) အခြားသော နိုင်ငံမဟုတ်သည့်အဖွဲ့ အစည်းများမှ ရုံးတော်တွင် အမှုလျှောက်ထားနိုင်ကြောင်း မညွှန်းဆိုထားပါဘူး။ ဒါ့အပြင် အပိုဒ် ၃၅၊ အပိုဒ်ခွဲ ၁ ပါ တရားရုံးက ပြဋ္ဌာန်းထားတဲ့ဥပဒေအရ အဖွဲ့ဝင်နိုင်ငံဖြစ်ရုံနဲ့တင်သွင်းလာတဲ့ ဘယ်အမှုကိုမဆို လက်ခံစီရင်နိုင် တယ်လို့ မဆိုလိုပါဘူး။

၂၆။ အပိုဒ် ၃၄၊ အပိုဒ်ခွဲ ၁ နဲ့ ပတ်သက်ပြီး အရင်က တင်ပြခဲ့တဲ့အချက်များသည် အပုဒ် ၃၅၊ အပိုဒ်ခွဲ ၁ ကို အတူတူအကျုံးဝင်ပြီး နောက်ဆုံးပြဋ္ဌာန်းချက်သည် ပို၍ပြဋ္ဌာန်းဖော်ပြခြင်းမရှိပါဘူး။ ဂမ်ဘီယာနိုင်ငံက အခုအမှုနဲ့ ပတ်သက်ပြီး ကိုးကားတဲ့ပညာရပ်ဆိုင်ရာ စာသားများသည် တရားရုံးရှေ့မှောက်ရှိတဲ့ကိစ္စရပ်ကိုဖြေရှင်းမှုမရှိဘဲ မြန်မာနိုင်ငံရဲ့တင်ပြချက်တွေနဲ့လည်း ကိုက်ညီမှု မရှိပါဘူး။

၂၇။ ဒုတိယအချက်အနေနဲ့ ဂမ်ဘီယာနိုင်ငံဟာ တစ်ချက်က နိုင်ငံတစ်နိုင်ငံရဲ့တရားစွဲဆိုလိုတဲ့ အရင်းခံ အကြောင်းတရားဆိုတဲ့အချက်နဲ့ တရားလိုနိုင်ငံအနေနဲ့ အခြားတစ်နိုင်ငံ (သို့မဟုတ်) အဖွဲ့အစည်းကိုယ်စား အမှု တင်သွင်းခြင်း ရှိ/မရှိ မေးခွန်းစတဲ့ မတူညီတဲ့ကိစ္စနှစ်ခု ပေါင်းထားပါတယ်။ ဂမ်ဘီယာနိုင်ငံက တရားလိုအနေနဲ့ အခြားတစ်နိုင်ငံ (သို့မဟုတ်) အဖွဲ့အစည်းက အမှုတင်သွင်းချင်လို့ အမှုတင်သွင်းခဲ့တယ်ဆိုရင်တောင် ဒီလို လုပ်တာက တရားလိုနိုင်ငံရဲ့ဆောင်ရွက်လိုတဲ့စေ့ဆော်မှုသာဖြစ်ပြီး ဒီစေ့ဆော်မှုဟာ တရားစီရင်ပိုင်ခွင့်နဲ့ မသက်ဆိုင်ကြောင်းငြင်းဆိုထားပါတယ်။ ဒီလိုပြောကြားမှုဟာ မမှန်ပါဘူး။ နိုင်ငံများ (သို့မဟုတ်) အမှုတင်သွင်း နိုင်ခြင်းမရှိတဲ့အဖွဲ့အစည်းများကိုယ်စား အမှုတင်သွင်းသည့်နိုင်ငံ (Proxy states) အသုံးပြု၍ အမှုတင်သွင်းခြင်း သည် အပြန်အလှန်အကျိုးရှိမှုက ရိုးဖြောင့်မှုနဲ့ ထိရောက်မှုဆိုင်ရာစည်းမျဉ်းများနဲ့ ဆန့်ကျင်ဘက်ဖြစ်နေတယ်ဆို တာကို ပြောကြားပြီးဖြစ်တဲ့အတွက် ကျွန်တော်အနေနဲ့ လျှောက်လဲပြီးအချက်များကို ထပ်ခါတလဲလဲ ပြောကြား မှာ မဟုတ်ပါဘူး။ တတိယအဖွဲ့အစည်းတစ်ခု ကိုယ်စားအမှုတင်သွင်းခြင်းဟာ စေ့ဆော်မှုသည် စီရင်ပိုင်ခွင့် အတွက် သက်ဆိုင်မှုမရှိဘူးဆိုသည့်စည်းမျဉ်းကို ကောင်းကောင်းကျော်လွန်သည့်စည်းမျဉ်းနှင့် ကိစ္စများကို ထိတွေ့စေပါသည်။ ဒီသိသာထင်ရှားမှုသည် “အတုအပ” မှ ဝေးကွာပါတယ်။

ကနဦး ကန့်ကွက်လွှာ စတုတ္ထအချက် ။ ။
ဥက္ကဋ္ဌကြီးနှင့် ဂုဏ်သရေရှိ တရားသူကြီးမင်းများ ခင်ဗျာ…
၂၈။ ကနဉီး ကန့်ကွက်လွှာ စတုတ္ထအချက်ကို ဆက်လက် တင်ပြလျှောက်လဲသွားပါမယ်။

၂၉။ ဉပဒေ အခြေခံစည်းမျဉ်းများနဲ့ပတ်သက်ပြီး မြန်မာနိုင်ငံက စာနဲ့ပေးပို့ထားတဲ့ ကနဦးကန့်ကွက်လွှာမှာ ဖော်ပြထားတဲ့ ဘယ်အချက်ကိုမှ မပစ်ပယ်ထားပါဘူး။

၃ဝ။ စီရင်တွဲဥပဒေမှာပါတဲ့ အငြင်းပွားမှုနဲ့ပတ်သက်တဲ့ ကျွန်တော်မှတ်သားရတဲ့ အဓိပ္ပာယ်ဖွင့် ဆိုချက်အချို့က အမှန်တကယ်က အငြင်းပွားမှု ရှိ/မရှိ ဆုံးဖြတ်ရန် သက်ဆိုင်မည့်အခြေခံမူများက အနည်းငယ် ကျယ်ပြန့်လွန်း ပါတယ်။ မှန်ကန်သောအခြေခံမူများဟာ ရေးသားတင်ပြချက်များနဲ့ နှုတ်နဲ့လျှောက်လဲချက်များတွင် ပါပြီးဖြစ် တယ်လို့ မြန်မာဘက်က အတည်ပြုပါတယ်။ ကျွန်တော်အနေနဲ့ တရားလိုနဲ့တရားပြိုင်နှစ်ဖက်လုံးအနေနဲ့ တစ်ဘက်စီရဲ့ရပ်တည်ချက်ကို အရင်သိအောင်လုပ်ရန်လိုအပ်ချက်ရှိရမည်ဟု Marshall Islands အမှုနဲ့ ရှင်းပြခဲ့ပြီးဖြစ်ပါတယ်။ ဂမ်ဘီယာရဲ့ စွပ်စွဲတာနဲ့မတူစွာ တရားရုံး ရှေ့မှောက်အမှုတင်သွင်းတဲ့အပေါ် အထက်ပါလိုအပ်ချက်က တရားပြိုင်ကို “silent veto” ပေးမထားပါဘူးဆိုတာကို ကျွန်တော်အနေနဲ့ ရှင်းပြပြီး ဖြစ်ပါတယ်။

၃၁။ ဂမ်ဘီယာပြောသလို ကျွန်တော်အနေနဲ့ တရားယှဉ်ပြိုင်ဘက်တွေဟာ တရားရုံးရှေ့မှောက် အမှု မတင်သွင်းမီ ကြိုတင်ညှိနှိုင်းရမယ်လို့ မပြောခဲ့ပါဘူး။ တရားယှဉ်ပြိုင်ဘက်တွေဟာ တစ်ဘက်ရဲ့ရပ်တည်ချက်ကို တစ်ဘက်မှ သိပြီးသားဖြစ်နေရမယ်လို့သာ ပြောခဲ့ခြင်းဖြစ်ပါတယ်။ နှစ်ဖက်အကြား ညှိနှိုင်းဆွေးနွေးခြင်းမလုပ်ဘဲ ဆန့်ကျင်နေတဲ့ရပ်တည်ချက်ကို သိနိုင်ပါတယ်။ ဒါက ဖြစ်ရိုးဖြစ်စဉ်အခြေအနေတစ်ခုဖြစ်ပါတယ်။ ကျွန်တော့် အနေနဲ့ တရားရုံးသို့မရောက်မီ တရားယှဉ်ပြိုင်ဘက်တွေအကြား ခင်မင်ရင်းနှီးစွာဖြေရှင်းနိုင်ရေး ကြိုးပမ်းကြရ မယ်လို့ မပြောခဲ့ပါဘူး။ ယင်းအစား တရားရုံးဟာ အငြင်းပွားမှုများကို တိုက်ရိုက်နဲ့ကောင်းမွန်စွာ ဖြေရှင်းနိုင်တဲ့ ရွေးချယ်စရာ အခြားနည်းလမ်း တစ်ခုဖြစ်တယ် လို့သာပြောခဲ့ပါတယ်။ ခင်မင်ရင်းနှီးစွာ ဖြေရှင်းနိုင်တဲ့ အငြင်းပွားမှုဖြစ်နိုင်တာကလွဲပြီး တရားစွဲဆိုနိုင်ဖို့ ရည်ရွယ်ချက်များအတွက် အငြင်းပွားမှုဆိုတာရှိမှာမဟုတ်ပါ။ ဒီအကြောင်း အချက်တွေကြောင့် တရားလိုနဲ့တရားပြိုင် နှစ်ဖက်လုံးမှ တစ်ဘက်စီရဲ့အမြင်ကို အရင်သိရှိရန် လိုအပ်ပါတယ်။



၃၂။ ဂမ်ဘီယာနိုင်ငံရဲ့ ထင်မြင်ချက်နဲ့မတူစွာ ကျွန်တော်အနေနဲ့ တရားလိုဟာ ၎င်းရဲ့စွပ်စွဲချက်ကို အမှု လျှောက်လွှာ (မူကြမ်း) မျှဝေတာလိုမျိုး အသေးစိတ်ရှင်းရှင်းလင်းလင်း တရားပြိုင်ဖြစ်လာဖွယ်ရှိသူကို ထုတ်ဖော် ပြောဆိုရမယ်လို့ မပြောခဲ့ပါဘူး။ တကယ်က အနိမ့်ဆုံးအချက်အလက်တွေ ရှိဖို့လိုအပ်တယ်လို့သာ ပြောကြားခဲ့ ခြင်း ဖြစ်ပါတယ်။

၃၃။ ဂမ်ဘီယာနိုင်ငံက ထင်မြင်ချက်နဲ့ ဆန့်ကျင်ပြီး the Court’s case law မှာ တရားပြိုင် အနေနဲ့ တုံ့ပြန်မှု တစ်စုံတစ်ရာမပြုလုပ်ဘဲ တိတ်ဆိတ်နေခြင်းဟာ ဘယ်အချိန်အတိုင်းအတာအထိ ထင်ရှားစွာဆန့်ကျင်နေ တယ်လို့ သတ်မှတ်ရန်အချက် မဖော်ပြထားပါဘူး။ တုံ့ပြန်ဖြေကြားဖို့တောင်းဆိုခြင်း ရှိ/မရှိ မေးခွန်းအနေနဲ့ ကတော့ ကိစ္စတစ်ခုချင်းစီအပေါ် မူတည်ပြီး ဆောင်ရွက်သွားရမယ်ဆိုတာ ရှင်းပါတယ်။ ကျွန်တော်အနေနဲ့ မြန်မာနိုင်ငံဟာ တုံ့ပြန်ဖြေကြားဖို့ အချိန်အကန့်အသတ်မရှိ ရခွင့်ရှိတယ်လို့မဆိုလိုပါဘူး။ အဲဒီသံတမန်စာက တုံ့ပြန်ဖြေကြားဖို့ မတောင်းဆိုခဲ့ဘူး၊ တကယ်လို့ တောင်းဆိုခဲ့တယ်ဆိုရင်တောင် မြန်မာနိုင်ငံဘက်မှ ပြန်လည် ဖြေကြားဖို့ လုံလောက်တဲ့အချိန်က (၁) လထက်တော့ ကျော်ပါလိမ့်မယ်။

၃၄။ ရှေ့မှာ စာနဲ့ရော နှုတ်နဲ့လျှောက်လဲချက်မှာရော အကြောင်းပြချက်များနဲ့ရှင်းပြထားတဲ့အတိုင်း ၂ဝ၁၉ ခုနှစ်၊ အောက်တိုဘာလ ၁၁ ရက်တွင် ပေးပို့ခဲ့သော သံတမန်စာမှလွဲပြီး ဂမ်ဘီယာက ဆောင်ရွက်ခဲ့တဲ့ကိစ္စများဟာ အငြင်းပွားမှုဖြစ်ပေါ်စေရန် လုပ်ဆောင်ချက်များဟု ဆိုနိုင်မည်မဟုတ်ပါ။

၃၅။ သံတမန်စာ (Note Verbale) မှာ ဘာအချက်မှဖော်ပြမထားတာ အမှန်အကန်ပင်ဖြစ်ပါတယ်။ အဲဒီသံတမန်စာမှာ FFM အစီရင်ခံစာနဲ့ အိုအိုင်စီရဲ့ အဆိုဆုံးဖြတ်ချက်ပါအချက်အလက်များကိုသာ ကိုးကား ဖော်ပြထားတာဖြစ်ပါတယ်။ ဒါ့အပြင် ဂမ်ဘီယာအနေနဲ့ FFM အစီရင်ခံစာမှာပါသော မူလသက်သေအထောက် အထားတွေကိုပံ့ပိုးပေးခဲ့တဲ့မျက်မြင်သက်သေအဖြစ် ဖြေကြားပေးခဲ့သူများနဲ့တွေ့ဆုံနိုင်ခဲ့တယ်ဆိုတဲ့ အချက်မရှိ တာလည်း အမှန်အကန်ဖြစ်ပါတယ်။ စာနဲ့ရော နှုတ်နဲ့ပါ လျှောက်လဲချက်တွေမှာ ရှင်းပြပြီးဖြစ်တဲ့အတွက် ဒီသံတမန်စာက တုံ့ပြန်ဖြေကြားချက်ပေးရန် တရားဝင်တောင်းဆိုမှု မဟုတ်ပါ။

၃၆။ ဂမ်ဘီယာနိုင်ငံမှ ၂ဝ၁၉ ခုနှစ်၊ အောက်တိုဘာလ ၁၁ ရက်စွဲဖြင့် သံတမန်စာကို မပေးပို့မီ ၂ဝ၁၉ ခုနှစ်၊ စက်တင်ဘာလ ၂၆ ရက်က ကုလသမဂ္ဂအထွေထွေညီလာခံမှာ ကြေညာခဲ့တာဟာ ဒီတရားရုံးရှေ့မှောက်မှာ အမှုတင်သွင်းရန်ရည်ရွယ်ခဲ့ခြင်းဖြစ်ပြီး သံတမန်စာဟာ ကြိုတင်အငြင်းပွားမှုလိုအပ်ချက်အဖြစ် ထည့်သွင်း စဉ်းစားသင့်တယ်လို့ မဆိုလိုပါဘူး။ ဂမ်ဘီယာနိုင်ငံက အမှန်တကယ် ၂ဝ၁၉ ခုနှစ်၊ စက်တင်ဘာလ ၂၆ ရက်မှာ တရားရုံးရှေ့မှောက် ဒီအမှုကိုတင်သွင်းရန်ရည်ရွယ်ကြောင်း လူသိရှင်ကြား တစ်ကြိမ်ကြေညာခဲ့ပါတယ်။ အဲဒီ အချက်ကို သံတမန်စာမှာ ထည့်သွင်းဖော်ပြရန်ပျက်ကွက်ခဲ့မှုဟာ ဥပဒေကြောင်းအရတောင်းဆိုတဲ့ စာတမ်း အမှတ်အသားမဟုတ်ဘူးဆိုတာကို ပိုမိုခိုင်မာစွာ ကောက်ချက်ချနိုင်ပါတယ်။ ၂ဝ၁၉ ခုနှစ်၊ စက်တင်ဘာလ ၂၆ ရက် နောက်ပိုင်းမှာ သံတမန်စာက ဥပဒေကြောင်းအရ တောင်းဆိုမှုတစ်ခုအဖြစ် တရားရုံးရှေ့သို့အမှု တင်သွင်းရန် ရည်ရွယ်ချက်ကိုညွှန်းဆိုနိုင်မယ်လို့ မျှော်လင့်ချက်ကြီးကြီးမားမား ရှိခဲ့ပါလိမ့်မယ်။

ဥက္ကဋ္ဌကြီးနှင့် ဂုဏ်သရေရှိ တရားသူကြီးမင်းများ ခင်ဗျာ…
၃၇။ ဒီမှာ ကျွန်တော်ရဲ့မြန်မာနိုင်ငံ ကနဦးကန့်ကွက်လွာရဲ့ ပထမနဲ့ စတုတ္ထကန့်ကွက်ချက် ပြီးဆုံးပြီ ဖြစ်ပါတယ်။ Professor Talmon မှ ဒုတိယကန့်ကွက်ချက် တင်သွင်းသွားနိုင်ရေးအတွက် ဖိတ်ခေါ်ပါတယ်။

မှတ်ချက် ။ ။ မြန်မာနိုင်ငံဘက်က ချေပချက်များကို မူရင်းအတိုင်း မဖြတ်မတောက်ဘဲ ဖော်ပြပေးခြင်းဖြစ်ပါသည်။

Zawgyi Version;
ဂမ္ဘီယာရဲ႕စြပ္စြဲခ်က္အေပၚ ျမန္မာဘက္က ေရွ႕ေန MR CHRISTOPHER STAKER ရဲ႕ ပထမအႀကိမ္ကန႔္ကြက္လႊာ ပထမႏွင့္ စတုတၳအခ်က္(အျပည့္အစုံ)
NP News - မတ္လ ၁

(၂ဝ၂၂ ခုႏွစ္၊ ေဖေဖာ္ဝါရီလ ၂၇ ရက္၊ သည္ဟိဂ္ၿမိဳ႕)
Genocide Convention အရ ေလွ်ာက္ထားေသာအမႈ
MR CHRISTOPHER STAKER ၏ ပထမအႀကိမ္ ကနဦးကန႔္ကြက္လႊာ ပထမႏွင့္ စတုတၳအခ်က္

နိဒါန္း
ဥကၠ႒ႀကီးႏွင့္ ဂုဏ္သေရရွိ တရားသူႀကီးမင္းမ်ား ခင္ဗ်ာ…
၁။ ပထမအႀကိမ္ ၾကားနာမႈအၿပီးမွာ ဒုတိယအႀကိမ္ၾကားနာမႈတြင္ မည္သည့္ယခင္ ေလွ်ာက္ထားခ်က္မ်ားကို မွ် ထပ္မံေျပာၾကားရန္မလိုေၾကာင္း ကြၽန္ေတာ္တို႔ကို သတိေပးခဲ့ပါတယ္။

၂။ ယခု ဒုတိယအႀကိမ္တင္သြင္းမႈတြင္ ကြၽန္ေတာ့္အေနျဖင့္ ပထမႏွင့္စတုတၳ ကနဦးကန႔္ကြက္ခ်က္မ်ားကို ဦးစြာတင္ျပမွာျဖစ္ပါတယ္။ Professor Talmon အေနျဖင့္ ဒုတိယ ကနဦးကန႔္ကြက္ခ်က္မ်ားကိုတင္ျပမွာျဖစ္ၿပီး အဲဒီေနာက္မွာေတာ့ Professor Kolb က တတိယ ကနဦးကန႔္ကြက္ခ်က္မ်ားကို တင္ျပမွာျဖစ္ပါတယ္။ ျပည္ေထာင္စုသမၼတျမန္မာႏိုင္ငံ၏ကိုယ္စားလွယ္ျဖစ္သူက ျမန္မာႏိုင္ငံ၏ဒုတိယအႀကိမ္တင္သြင္းမႈ နိဂုံးခ်ဳပ္ မိန႔္ခြန္းေျပာၾကားမွာျဖစ္ပါတယ္။

အေထြေထြကိစၥရပ္မ်ား ။ ။
၃။ ဒါေပမယ့္ ကြၽန္ေတာ္တို႔တစ္ဦးခ်င္းစီရဲ႕ကနဦးကန႔္ကြက္ခ်က္မ်ားမတင္သြင္းမီ ကြၽန္ေတာ့္အေနနဲ႔ ဂမ္ဘီယာ ရဲ႕ပထမအႀကိမ္ႏႈတ္ျဖင့္ တင္သြင္းမႈမွထြက္ေပၚလာတဲ့ အေထြေထြကိစၥရပ္သုံးခုကို ဦးစြာတင္သြင္းမွာျဖစ္ပါ တယ္။

၄။ ပထမကိစၥက ယခုကဲ့သို႔ ျဖစ္ပါတယ္။ ပထမအႀကိမ္တင္သြင္းမႈအတြင္းမွာ ၾကားျဖတ္စီမံေဆာင္႐ြက္ခ်က္ အမိန႔္ဟာ တရားစီရင္ေရးႏွင့္ ခြင့္ျပဳေရးကိစၥရပ္မ်ားအတြက္ ကနဦး အေျခခံျဖစ္တယ္ဆိုတာကို ဂမ္ဘီယာက အႀကိမ္ေပါင္းမ်ားစြာအသိအမွတ္ျပဳခဲ့ပါတယ္။ အဲဒါမွန္ကန္ပါတယ္။ အဆိုပါအမိန႔္တြင္ တရား႐ုံးက ၾကားျဖတ္စီမံ ေဆာင္႐ြက္ခ်က္မ်ားအဆင့္တြင္ ၎သည္ “အမႈ၏အေၾကာင္းျခင္းရာမ်ားႏွင့္စပ္လ်ဥ္း၍ တရားစီရင္ပိုင္ခြင့္ရွိ သည္ဟူေသာ ပုံစံျဖင့္ မိမိဘာသာ ေသခ်ာေနရန္ မလိုအပ္ေၾကာင္း” အတိအလင္း သိရွိထားပါတယ္။ တရားစီရင္ခြင့္ဆိုင္ရာကိစၥရပ္မ်ားကိုလည္း ကနဦး အေျခခံအဆင့္မွ်ျဖင့္သာ ကိုင္တြယ္ေဆာင္႐ြက္ခဲ့ျခင္းျဖစ္ ေၾကာင္း အမိန႔္မွာ ေဖာ္ျပထားပါတယ္။

၅။ ဒါေၾကာင့္မို႔ ၾကားျဖတ္ စီမံေဆာင္႐ြက္ခ်က္အမိန႔္ရဲ႕ စာပိုဒ္ ၈၅ မွာ အဆိုပါအမိန႔္သည္ “တရား႐ုံး၏ တရား စီရင္ပိုင္ခြင့္ႏွင့္ ေလွ်ာက္ထားမႈအား လက္ခံႏိုင္မႈကို မည္သည့္နည္းျဖင့္မွ် ႀကိဳတင္ဆုံးျဖတ္မွာမဟုတ္ေၾကာင္း” ျပတ္သားစြာေဖာ္ျပထားၿပီး “အဲဒီေမးခြန္းမ်ား စပ္လ်ဥ္း၍ အျငင္းပြားခြင့္မ်ားႏွင့္ အေထာက္အထားတင္ျပပိုင္ခြင့္ကို ျမန္မာႏိုင္ငံ၏ရပိုင္ခြင့္အား မထိခိုက္ေစဘဲ” လည္း အမိန႔္မွာ ပါရွိပါတယ္။ ေနာက္ဆက္တြဲ ကနဦး ကန႔္ကြက္မႈ အဆင့္တြင္ တိက်ေသာအေျခခံျဖင့္ တူညီေသာတရားစီရင္ပိုင္ခြင့္ႏွင့္ေလွ်ာက္ထားမႈကို လက္ခံႏိုင္မႈဆိုင္ရာ ကိစၥ ရပ္မ်ားကိုဆုံးျဖတ္ေပးရန္ ျမန္မာႏိုင္ငံ၏ေတာင္းဆိုပိုင္ခြင့္ကို တရား႐ုံးကိုယ္တိုင္က ရွင္းရွင္းလင္းလင္း အသိအမွတ္ျပဳပါတယ္။

၆။ တရား႐ုံးမွ ဤရွင္းလင္းသည့္ေဖာ္ျပခ်က္ရွိေသာ္လည္း ပထမအေက်ာ့ ေလွ်ာက္လဲမႈတြင္ ဂမ္ဘီယာႏိုင္ငံ၏ တင္ျပခ်က္မ်ားတြင္ ကနဦးကန႔္ကြက္မႈေလးရပ္ကို ယာယီအစီအမံအဆင့္တြင္ တရား႐ုံးက တစ္နည္းနည္းျဖင့္ ဆုံးျဖတ္ထားၿပီးျဖစ္ေၾကာင္းႏွင့္ ယခုအခ်ိန္တြင္ မည္သည့္အရာမွ်မေျပာင္းလဲခဲ့သျဖင့္ တရား႐ုံး၏ဆုံးျဖတ္ခ်က္ မွာလည္း မေျပာင္းလဲသင့္ေၾကာင္း ေဖာ္ျပထားပါတယ္။

၇။ သို႔ရာတြင္ ၾကားျဖတ္စီမံေဆာင္႐ြက္ခ်က္အမိန႔္ အပိုဒ္ ၈၅ တြင္ ရွင္းရွင္းလင္းလင္းေဖာ္ျပထားသည့္အတိုင္း ကနဦးကန႔္ကြက္ခ်က္မ်ားကို မည္သည့္နည္းနဲ႔မွ် ႀကိဳတင္ဆုံးျဖတ္ျခင္း မျပဳရဟုဆိုလွ်င္ လက္ရွိတရားစြဲဆိုမႈ အဆင့္တြင္ ႏွစ္ဦးႏွစ္ဖက္၏ က်ယ္က်ယ္ျပန႔္ျပန႔္ျငင္းခုံမႈမ်ားႏွင့္ အေထာက္အထားမ်ားအား ကနဦး ကန႔္ကြက္ ခ်က္မ်ားတြင္ အျပည့္အဝထည့္သြင္းစဥ္းစားရန္ လိုအပ္ပါတယ္။ ၾကားျဖတ္စီမံေဆာင္႐ြက္ခ်က္အမိန႔္သည္ အဆုံးအျဖတ္မဟုတ္႐ုံသာမက အစပ်ိဳးသည့္အခ်က္ပင္ မဟုတ္ပါ။ ဤအဆင့္တြင္ ယခုစဥ္းစားေနေသာ ကိစၥရပ္ မ်ားအတြက္ ဆုံးျဖတ္ခ်က္ လုံးဝမဟုတ္ပါ။

၈။ ဒုတိယကိစၥက ယခုကဲ့သို႔ ျဖစ္ပါတယ္။ ကနဦးကန႔္ကြက္ခ်က္မ်ားဟာ အမႈကိစၥ၏အေၾကာင္းအခ်က္မ်ားနဲ႔ လုံးဝ မသက္ဆိုင္ပါ။ သို႔ေသာ္လည္း ပထမအေက်ာ့တြင္ ဂမ္ဘီယာ၏ဥပေဒအက်ိဳးေဆာင္သည္ အဆိုပါကိစၥရပ္ တြင္ ကနဦးကန႔္ကြက္မႈမ်ားႏွင့္မသက္ဆိုင္သည့္ ဂမ္ဘီယာ၏အခိုင္အမာေျပာဆိုခ်က္ (သို႔မဟုတ္) ျမန္မာႏိုင္ငံရွိ အျခားျဖစ္ရပ္မ်ားႏွင့္သက္ဆိုင္သည့္ေျပာၾကားခ်က္မ်ားကို ျပဳလုပ္ခဲ့ပါတယ္။ ကနဦးကန႔္ကြက္ မႈမ်ားႏွင့္စပ္လ်ဥ္း ၍ လက္ရွိၾကားနာမႈအေျခအေနတြင္ ဂမ္ဘီယာႏိုင္ငံ၏ အဆိုပါေျပာၾကားခ်က္မ်ားအား လုံးဝအေၾကာင္းျပန္ျခင္း မရွိေၾကာင္း ရွင္းရွင္းလင္းလင္း သိသာထင္ရွားၿပီး အဆိုပါေျပာၾကားခ်က္မ်ားအား ျမန္မာႏိုင္ငံမွ ေျဖရွင္းမႈမျပဳ ျခင္းသည္ မည္သည့္နည္းျဖင့္မွ် လိုက္ေလ်ာမႈအျဖစ္ မယူဆႏိုင္ပါ။

၉။ တတိယကိစၥက ယခုကဲ့သို႔ ျဖစ္ပါတယ္။ ကနဦးကန႔္ကြက္မႈမ်ားအား တရား႐ုံး၏ စီရင္ပိုင္ခြင့္အာဏာႏွင့္ အမႈမ်ားကို လက္ခံႏိုင္မႈအား ဥပေဒတို႔ႏွင့္အညီ ဆုံးျဖတ္ရမည္ျဖစ္ပါတယ္။ ဤသည္မွာ ထုတ္ေဖာ္ေျပာဆိုရန္ မလိုအပ္ေသာ အခ်က္သာျဖစ္ပါတယ္။ သို႔ေသာ္လည္း၊ ဂမ္ဘီယာက အျခားနည္းျဖင့္ အဓိပၸာယ္သက္ေရာက္ ႏိုင္ေသာ ေျပာၾကားခ်က္မ်ားျပဳလုပ္ခဲ့ေသာေၾကာင့္ ကြၽန္ေတာ္အေနနဲ႔ေဖာ္ျပျခင္းျဖစ္ပါတယ္။ ပထမအေက်ာ့ တြင္ ဂမ္ဘီယာႏိုင္ငံသည္ ျမန္မာႏိုင္ငံအေပၚ တရား႐ုံးကသာ ၾသဇာလႊမ္းမိုးမႈရွိသည္ဟူေသာ အက်ိဳးသက္ ေရာက္မႈရွိေၾကာင္း၊ တရား႐ုံးသည္ ျမန္မာႏိုင္ငံအေပၚ စီရင္ပိုင္ခြင့္အာဏာကို က်င့္သုံးျခင္းမရွိပါက ျမန္မာႏိုင္ငံ သည္ မည္သူ႔ကိုမွ်တာဝန္ခံမည္မဟုတ္ေၾကာင္း၊ လက္ရွိၾကားျဖတ္စီမံေဆာင္႐ြက္ခ်က္မ်ားကို ထိန္းသိမ္းထား ရန္မွာ မရွိမျဖစ္လိုအပ္ေၾကာင္း၊ လူမ်ိဳးသုဥ္းသတ္ျဖတ္မႈဆိုင္ရာကြန္ဗင္းရွင္းကို ခိုင္မာစြာထိန္းသိမ္းရန္ တရား႐ုံး တြင္ တာဝန္ရွိေၾကာင္းႏွင့္ ကနဦးကန႔္ကြက္မႈမ်ားသည္ အဆိုပါကြန္ဗင္းရွင္း၏ရည္႐ြယ္ခ်က္မ်ားႏွင့္ ကြဲလြဲမႈရွိေန ေၾကာင္း ေျပာၾကားခဲ့ပါတယ္။

၁ဝ။ ကနဦးကန႔္ကြက္လႊာသည္ အမႈ၏အဓိကအေၾကာင္းအရာႏွင့္ သက္ဆိုင္ျခင္းမရွိပါ။ ထို႔ေၾကာင့္ စီရင္ပိုင္ခြင့္ ႏွင့္ အမႈလက္ခံခြင့္ဆိုင္ရာဥပေဒကိုတရား႐ုံးက ဂမ္ဘီယာေျပာသည့္အတိုင္း ျပဳျပင္ေျပာင္းလဲေပးသင့္ေၾကာင္း ဂမ္ဘီယာက တိုက္တြန္း အႀကံျပဳေနတာမ်ိဳးသာမဟုတ္ခဲ့လွ်င္၊ အမႈ၏လက္ရွိအဆင့္တြင္ ဂမ္ဘီယာက အမႈ အေၾကာင္းအရာေတြ ဘာေၾကာင့္ထည့္သြင္းေလွ်ာက္လဲတင္ျပေနတယ္ဆိုတာ စဥ္းစားရခက္ေနမွာျဖစ္ပါတယ္။ ဂမ္ဘီယာရဲ႕ေျပာပုံအရဆိုရင္ Genocide Convention အမႈကိစၥမွာ ကနဦးကန႔္ကြက္ခ်က္ဆိုတာ “ေရာသမေမႊထားတဲ့ လုပ္ထုံးလုပ္နည္းေတြ” ဆိုတဲ့ပုံစံမ်ိဳး ေပါက္သြားမွာ ျဖစ္ပါတယ္။ ဘယ္အမႈမွာပဲျဖစ္ျဖစ္ တရား႐ုံးက သူ႔ရဲ႕စီရင္ပိုင္ခြင့္ကို လိုသလို ခ်ဲ႕ထြင္ပိုင္ခြင့္မရွိသလို အမႈလက္ခံပိုင္ခြင့္နယ္ပယ္ကိုလည္း တိုးခ်ဲ႕လို႔မရပါဘူး။ ဘာေၾကာင့္လဲဆိုေတာ့ တရား႐ုံးအေနနဲ႔ အေျခအေနအေပၚ မူတည္ၿပီး မီးစင္ၾကည့္ကလို႔ ရတယ္လို႔ ေသြးေဆာင္စည္း႐ုံးခံရသလိုျဖစ္သြားမွာမို႔လိုပါပဲ။ ဒါေၾကာင့္ ဂမ္ဘီယာရဲ႕ေဖာ္ျပေလွ်ာက္လဲခ်က္ေတြ ဟာ ဒီၾကားနာမႈနဲ႔ စပ္ဆိုင္မႈမရွိသလို ျမန္မာဘက္ကလည္း ဒီကိစၥေတြကို တုံ႔ျပန္ေျဖရွင္းဖို႔လိုမွာမဟုတ္ပါဘူး။

၁၁။ ေရးသားတင္သြင္းထားေသာ ကနဦးကန႔္ကြက္ခ်က္မ်ားသည္ Genocide Convention ၏ အေရးႀကီးမႈကို အသိအမွတ္ျပဳပါတယ္။ သို႔ရာတြင္ မည္မွ်အေရးႀကီးသည္ျဖစ္ေစ တရား႐ုံး၏တရားစီရင္ပိုင္ခြင့္အာဏာႏွင့္ အမႈမ်ားကိုလက္ခံႏိုင္မႈတို႔ဆိုင္ရာ ႏိုင္ငံတကာဥပေဒမ်ား၏ ေယဘုယ်စည္းမ်ဥ္းမ်ား အေပၚမူတည္သကဲ့သို႔ ဥပမာအားျဖင့္ စာခ်ဳပ္မ်ားအား ခြၽင္းခ်က္ျပဳလုပ္သည့္ ဆက္စပ္ေသာစည္းမ်ဥ္းမ်ားတြင္လည္း မူတည္ပါတယ္။ တရား႐ုံးသည္ အေျခအေနတိုင္းတြင္ ႏိုင္ငံတိုင္းမွ ႏိုင္ငံတကာဥပေဒမ်ားကို ခ်ိဳးေဖာက္သည္ဟု စြပ္စြဲမႈတိုင္း အတြက္ တရားစီရင္ပိုင္ခြင့္မရွိဟူေသာအခ်က္မွာ ဖန္တရာေက်ေအာင္ သုံးစြဲေနၿပီးေသာ ဥပေဒျဖစ္ပါတယ္။ တရား႐ုံးသည္ စီရင္ပိုင္ခြင့္အာဏာရွိ-မရွိႏွင့္ အမႈကို လက္ခံသင့္/မသင့္ကို ဥပေဒႏွင့္အညီ ဆုံးျဖတ္ရမည္ျဖစ္ၿပီး၊ အမႈျဖစ္ရန္ ဆႏၵရွိမႈကိုအေျခခံရမည္ မဟုတ္ပါ။

ကနဦးကန႔္ကြက္လႊာ ပထမအခ်က္ ။ ။
ဥကၠ႒ႀကီးႏွင့္ ဂုဏ္သေရရွိ တရားသူႀကီးမင္းမ်ား ခင္ဗ်ာ…
၁၂။ ကြၽန္ေတာ္ ကနဦး ကန႔္ကြက္လႊာပထမအခ်က္ကို တင္ျပပါမယ္။ ကြၽန္ေတာ္ ပထမအေက်ာ့မွာ ရွင္းလင္းခဲ့ သလို၊ ဒီမွာ အေၾကာင္းျခင္းရာ အဓိကျပႆနာတစ္ခုနဲ႔ ဥပေဒဆိုင္ရာ အဓိကျပႆနာတစ္ခု ပါဝင္ပါတယ္။

၁၃။ အေၾကာင္းျခင္းရာျပႆနာကေတာ့ ပထမအေက်ာ့မွာ ဂမ္ဘီယာႏိုင္ငံက OIC နဲ႔ တျခား အဖြဲ႕ဝင္ႏိုင္ငံေတြ နဲ႔ဆက္ဆံခဲ့တဲ့ အေသးစိတ္အခ်က္အလက္ေတြကိုမေဖာ္ျပခဲ့သလို၊ အဲဒီကိစၥေတြအတြက္ ေနာက္ထပ္ အေထာက္အထားလည္း မေဖာ္ျပခဲ့ပါဘူး။ ဘာပဲျဖစ္ျဖစ္၊ ဂမ္ဘီယာက သက္ေသအေထာက္အထားမရွိတဲ့ ေယဘုယ်ေလွ်ာက္လဲခ်က္တစ္ခုကိုေတာ့ ျပဳလုပ္ခဲ့ပါတယ္။ အဲဒါကေတာ့ “ဂမ္ဘီယာက ဉီးေဆာင္မႈက႑ကို ရယူခဲ့တယ္” ဆိုတာမ်ိဳးပါ။ ဒါ့အျပင္ ဒီအမႈကို စဖြင့္ဖို႔ ဂမ္ဘီယာကပဲ အႀကံေပးခဲ့တယ္ဆိုတာမ်ိဳး ျဖစ္ပါတယ္။ ဒီေလွ်ာက္လဲခ်က္ေတြကို အေၾကာင္းအရာ အခ်က္အလက္ (သို႔မဟုတ္) သက္ေသခံအျဖစ္ မွတ္ယူလို႔မရပါဘူး။

၁၄။ ဂမ္ဘီယာႏိုင္ငံသည္ တရား႐ုံးေရွ႕ေမွာက္ရွိ သက္ေသခံေတြကို “ေပါက္တတ္ကရ ဝဘ္ဆိုဒ္မ်ား၊ ေဆာင္းပါး မ်ား၊ တြစ္တာမ်ားႏွင့္ သတင္းထုတ္ျပန္မႈ” ေတြလို႔ ႏွိမ့္ခ်ေဖာ္ျပခဲ့ပါတယ္။ သို႔ေသာ္လည္း ဤအေထာက္အထား မ်ား၏အရင္းအျမစ္ေတြက OIC၊ ကုလသမဂၢ၊ ဂမ္ဘီယာအစိုးရ (သို႔မဟုတ္) ၎၏ကိုယ္စားလွယ္မ်ားႏွင့္ အျခားေသာ OIC အဖြဲ႕ဝင္ႏိုင္ငံမ်ားအျပင္ အစိုးရမ်ား၏ထုတ္ျပန္ခ်က္ဆိုင္ရာ မီဒီယာအစီရင္ခံစာမ်ားျဖစ္ပါ တယ္။ ဂမ္ဘီယာသည္ အဲ့ဒီအခ်က္အလက္ေတြကိုမွာပါဝင္တဲ့ သီးျခားအေၾကာင္းအရာေတြကို ျငင္းဆိုမႈမရွိတဲ့ အခ်က္က ျပႆနာအျဖစ္ က်န္ရွိေနပါတယ္။

၁၅။ အမွန္စင္စစ္ ဂမ္ဘီယာႏိုင္ငံသည္ OIC ၏ အဆိုျပဳခ်က္ကို ၎အစိုးရအဖြဲ႕မွ အတည္ျပဳခဲ့သည့္ ၂ဝ၁၉ ခုႏွစ္ ဇူလိုင္လတြင္သာ အမႈစြဲတင္ရန္ ၎၏ ၎အစိုးရအဖြဲ႕မွ ဆုံးျဖတ္ခဲ့ျခင္းျဖစ္သည္ဟု ယခု အတိအလင္း အတည္ ျပဳလိုက္ၿပီျဖစ္ပါတယ္။

၁၆။ ဂမ္ဘီယာႏိုင္ငံသည္ အမႈကိစၥအတြက္ ေငြေၾကးေထာက္ပံ့မႈအစီအစဥ္မ်ားႏွင့္ပတ္သက္သည့္ အေထာက္ အထားမ်ားကိုျငင္းဆိုျခင္းမရွိခဲ့သလို တကယ္တမ္းမွာေတာ့ သြယ္ဝိုက္ၿပီး လက္ခံထားခဲ့ပါတယ္။

၁၇။ ျမန္မာႏိုင္ငံသည္ “အေရးႀကီးေသာ သက္ေသအေထာက္အထားမ်ားကို ေရွာင္လြဲသြားခဲ့သည္” ဟု ဂမ္ဘီယာႏိုင္ငံက ေျပာၾကားခဲ့ပါတယ္။ အဆိုပါ “အေရးႀကီးေသာ အေထာက္အထားမ်ား” ကို ၾကားျဖတ္စီမံ ေဆာင္႐ြက္ခ်က္မ်ားၾကားနာမႈတြင္ ဂမ္ဘီယာေအးဂ်င့္၏အဖြင့္မိန႔္ခြန္းတြင္ထည့္သြင္းခဲ့ေၾကာင္း ဆိုထားပါတယ္။ သို႔ေသာ္လည္း ဂမ္ဘီယာေအးဂ်င့္သည္ သက္ေသအျဖစ္ လာေရာက္တာမဟုတ္သလို ၎၏ ေျပာၾကားခ်က္ အား သက္ေသအျဖစ္ သတ္မွတ္၍မရပါ။ မည္သို႔ပင္ဆိုေစကာမူ အဆိုပါအဖြင့္ေျပာၾကားခ်က္မ်ားသည္ ဂမ္ဘီယာ၊ OIC ႏွင့္ ယင္း၏အျခားအဖြဲ႕ဝင္ႏိုင္ငံမ်ားအၾကား ဤအမႈကိစၥကို ေရွ႕ရႈေဆာင္႐ြက္မႈမ်ားႏွင့္ စပ္လ်ဥ္း ၍ ေနာက္ထပ္သီးျခားအေၾကာင္းအရာမ်ားကို ေဖာ္ျပႏိုင္ျခင္းမရွိပါ။ OIC ကိုယ္စားလွယ္အဖြဲ႕၏ အဖြဲ႕ဝင္အေန ျဖင့္ ၂ဝ၁၈ ခုႏွစ္အေစာပိုင္းတြင္ ဘဂၤလားေဒ့ရွ္ႏိုင္ငံရွိ ဒုကၡသည္စခန္းမ်ားသို႔ ဂမ္ဘီယာေအးဂ်င့္က သြားေရာက္ ခဲ့သည့္ခရီးစဥ္ကို ေဖာ္ျပျခင္းမွ်သာျဖစ္ပါတယ္။

၁၈။ ဂမ္ဘီယာမွ ထုတ္ေဖာ္ထားေသာ အျခား "အေရးႀကီးေသာအေထာက္အထား" မွာ အေထြေထြညီလာခံသို႔ ၂ဝ၁၈ ခုႏွစ္ စက္တင္ဘာလ ၂၅ ရက္ေန႔တြင္ ဂမ္ဘီယာသမၼတ ေျပာၾကားခဲ့သည့္မိန႔္ခြန္းႏွင့္ ၂ဝ၁၉ ခုႏွစ္ ေအာက္တိုဘာလ ၁၁ ရက္စြဲပါ သံတမန္စာ (Note Verbale) တို႔ျဖစ္ပါတယ္။ ဂမ္ဘီယာႏိုင္ငံက ဒီအေထာက္အထားသည္ ဂမ္ဘီယာႏိုင္ငံဟာ သူကိုယ္တိုင္ အေရးယူေဆာင္႐ြက္ခဲ့တာေတြ၊ ကိုယ့္အမည္နဲ႔ ကိုယ္ ေဆာင္႐ြက္ခဲ့ၿပီး မိမိဆႏၵအေလ်ာက္လုပ္ေဆာင္ခဲ့တာကို ျပသေနတယ္လို႔ ျငင္းဆိုေနပုံရပါတယ္။

၁၉။ သို႔ေသာ္ ထိုအခ်က္သည္ အေရးမပါလွပါ။ ႏိုင္ငံတစ္ႏိုင္ငံသည္ တတိယအဖြဲ႕အစည္း၏ကိုယ္စား proxy အျဖစ္ ေဆာင္႐ြက္သည့္ကိစၥမ်ားတြင္ proxy သည္ ပုံမွန္အားျဖင့္ သက္ဆိုင္ရာလုပ္ငန္းရပ္မ်ားကို ၎၏အမည္ ျဖင့္ ၎ကိုယ္တိုင္လုပ္ေဆာင္မည္ျဖစ္ၿပီး လုပ္ရမည့္လမ္းေၾကာင္းအတိုင္း မိမိဆႏၵနဲ႔ လုပ္ေဆာင္သြားမည္ျဖစ္ပါ တယ္။ ၎၏ proxy အျဖစ္ တတိယအဖြဲ႕အစည္းကိုယ္စား မိမိဆႏၵအေလ်ာက္လုပ္ေဆာင္ရန္ အေၾကာင္းျပခ်က္ မ်ားစြာရွိႏိုင္ေသာ္လည္း ဂမ္ဘီယာက ေျပာသည့္အတိုင္း စိတ္ဆႏၵလႈံ႕ေဆာ္မႈသည္ တရားစီရင္ပိုင္ခြင့္ဆိုင္ရာ ကိစၥရပ္မ်ားႏွင့္မသက္ဆိုင္ပါ။ ထို႔ေၾကာင့္ ေလွ်ာက္ထားသူႏိုင္ငံသည္ ၎၏အမည္ျဖင့္ ဆႏၵအေလ်ာက္ ေဆာင္႐ြက္ေပးေနျခင္း ရွိ/မရွိ ေမးရန္မဟုတ္ပါ။ ေမးစရာမွာ ၎သည္ ၎၏ကိုယ္ပိုင္အမည္ျဖင့္ လုပ္ေဆာင္ေန ေသာ ဆႏၵအေလ်ာက္လုပ္ေဆာင္မႈမ်ားသည္ အမွန္တကယ္တြင္ တတိယအဖြဲ႕အစည္း၏ကိုယ္စား တတိယ အဖြဲ႕အစည္း၏ proxy အျဖစ္ ေဆာင္႐ြက္ေနျခင္းရွိ၊ မရွိျဖစ္ပါတယ္။ သက္ေသအေထာက္အထားအေပၚ မူတည္ ၿပီး အခ်က္အလက္ေမးခြန္းကို ဆုံးျဖတ္ရမွာျဖစ္ပါတယ္။

၂ဝ။ အတိုခ်ဳံးေျပာရရင္ ဂမ္ဘီယာႏိုင္ငံ၏ ပထမအႀကိမ္ေလွ်ာက္လဲခ်က္မွာ ဘာမွထူးထူးျခားျခား မတင္သြင္းႏိုင္ ပါဘူး။ ၿပီးခဲ့သည့္အႀကိမ္က တရား႐ုံးသို႔တင္သြင္းခဲ့သည့္ အခ်က္အလက္မ်ားအတိုင္းပဲ ရွိေနပါတယ္။

၂၁။ ဂမ္ဘီယာႏိုင္ငံရဲ႕ေျပာၾကားခ်က္နဲ႔ဆန႔္က်င္ၿပီး ၎တို႔အေနနဲ႔ အျခားမွအေထာက္အပံ့ရယူကာ တရားလိုျဖစ္ခ်င္႐ုံအေၾကာင္းျပခ်က္တစ္ခုနဲ႔ ဒီကိစၥဟာ ျမန္မာရဲ႕အမႈမဟုတ္ပါဘူး။ ျမန္မာႏိုင္ငံက ယခင္ ကတည္းက တင္ျပထားသည့္အေျခအေနအေၾကာင္းအရာမ်ားေၾကာင့္ OIC က သာ တရားလိုအမွန္စင္စစ္ ျဖစ္ တယ္လို႔ အခိုင္အမာေျပာၾကားလိုပါတယ္။ အေသးစိတ္ေတြ ထပ္မေျပာေတာ့ပါဘူး။ သက္ေသအေထာက္ အထားေတြအရ အစၥလာမၼစ္ထိပ္သီးအစည္းအေဝးမွာ OIC ကိုယ္စား OIC ေကာ္မတီက အမႈတင္သြင္းေပးဖို႔ ဆုံးျဖတ္ခဲ့ၿပီးေနာက္ OIC ရဲ႕ ႏိုင္ငံျခားေရးဝန္ႀကီးမ်ားေကာင္စီ သီးျခားေကာ္မတီက ဖြဲ႕စည္းခဲ့တဲ့ OIC ေကာ္မတီ က ယခုအမႈတင္သြင္းဖို႔ အဆိုျပဳခဲ့ပါတယ္။ အဲဒီေနာက္ OIC မွ ဂမ္ဘီယာႏိုင္ငံအေနနဲ႔ တရားလိုႏိုင္ငံအျဖစ္ ေဆာင္႐ြက္ေပးႏိုင္ေရး အဆိုျပဳေျပာၾကားခဲ့ၿပီး ဂမ္ဘီယာႏိုင္ငံမွလည္း သေဘာတူလက္ခံခဲ့ပါတယ္။ ဒီဟာက OIC က ဂမ္ဘီယာကို ကူညီတာထက္ ဂမ္ဘီယာက OIC ကို ပံ့ပိုးကူညီတာထက္နဲ႔ ပိုတူပါတယ္။

၂၂။ ဥပေဒေၾကာင္းျပႆနာနဲ႔ပတ္သက္တဲ့အခ်က္ကို ရွင္းလင္းသြားပါမယ္။ တတိယႏိုင္ငံ အဖြဲ႕အစည္းကို ကိုယ္စားျပဳ တရားစြဲဆိုေပးသည့္ႏိုင္ငံ (proxy States) ကိစၥမ်ိဳး အရင္က ေပၚေပါက္ခဲ့တာမ်ိဳးမရွိေသးပါဘူး။ အခ်က္ (၂) ခ်က္နဲ႔ ေျဖၾကားသြားပါမယ္။

၂၃။ ပထမအခ်က္အေနနဲ႔ ဂမ္ဘီယာ၏ေျပာၾကားခ်က္နဲ႔ဆန႔္က်င္ၿပီး တရား႐ုံးဥပေဒရဲ႕အပိုဒ္ ၃၅၊ အပိုဒ္ခြဲ ၁ ဟာ ျမန္မာႏိုင္ငံ၏ေလွ်ာက္ထားမႈကို အလဲထိုးေစႏိုင္သည့္အခ်က္မရွိပါဘူး။ ၎အပိုဒ္သည္ ျမန္မာႏိုင္ငံ၏ ေလွ်ာက္ထားခ်က္အေပၚ သက္ေရာက္မႈ လုံးလုံးလ်ားလ်ား မရွိပါဘူး။

၂၄။ ဒီျပ႒ာန္းခ်က္က တရား႐ုံးအေနနဲ႔ လက္ရွိတည္ဆဲစာခ်ဳပ္ဝင္ႏိုင္ငံမ်ား အားလုံးကို ဖြင့္ေပးထားသည္လို႔ပဲ ပါ ပါတယ္။

၂၅။ အျခားကိစၥမ်ားမွလြဲၿပီး ဒီအခ်က္သည္ အျပည္ျပည္ဆိုင္ရာတရား႐ုံးရဲ႕ Statute အပိုဒ္ ၃၄၊ အပိုဒ္ခြဲ ၁ ပါ တရား႐ုံးေရွ႕ေမွာက္သို႔ ေရာက္ရွိလာေသာအမႈမ်ားတြင္ အမႈရင္ဆိုင္ၾကသူမ်ားမွာ ႏိုင္ငံမ်ားသာလွ်င္ျဖစ္တယ္ ဆိုတဲ့အခ်က္ကို ဘယ္လိုနည္းနဲ႔မွ အရည္အခ်င္းျပည့္မီျခင္း (သို႔မဟုတ္) ႁခြင္းခ်က္တစ္ခု ဖန္တီးႏိုင္ျခင္းမရွိပါဘူး။ အပိုဒ္ ၃၅၊ အပိုဒ္ခြဲ ၁ မွာ အျပည္ျပည္ဆိုင္ရာအဖြဲ႕အစည္းမ်ား (သို႔မဟုတ္) အျခားေသာ ႏိုင္ငံမဟုတ္သည့္အဖြဲ႕ အစည္းမ်ားမွ ႐ုံးေတာ္တြင္ အမႈေလွ်ာက္ထားႏိုင္ေၾကာင္း မၫႊန္းဆိုထားပါဘူး။ ဒါ့အျပင္ အပိုဒ္ ၃၅၊ အပိုဒ္ခြဲ ၁ ပါ တရား႐ုံးက ျပ႒ာန္းထားတဲ့ဥပေဒအရ အဖြဲ႕ဝင္ႏိုင္ငံျဖစ္႐ုံနဲ႔တင္သြင္းလာတဲ့ ဘယ္အမႈကိုမဆို လက္ခံစီရင္ႏိုင္ တယ္လို႔ မဆိုလိုပါဘူး။

၂၆။ အပိုဒ္ ၃၄၊ အပိုဒ္ခြဲ ၁ နဲ႔ ပတ္သက္ၿပီး အရင္က တင္ျပခဲ့တဲ့အခ်က္မ်ားသည္ အပုဒ္ ၃၅၊ အပိုဒ္ခြဲ ၁ ကို အတူတူအက်ဳံးဝင္ၿပီး ေနာက္ဆုံးျပ႒ာန္းခ်က္သည္ ပို၍ျပ႒ာန္းေဖာ္ျပျခင္းမရွိပါဘူး။ ဂမ္ဘီယာႏိုင္ငံက အခုအမႈနဲ႔ ပတ္သက္ၿပီး ကိုးကားတဲ့ပညာရပ္ဆိုင္ရာ စာသားမ်ားသည္ တရား႐ုံးေရွ႕ေမွာက္ရွိတဲ့ကိစၥရပ္ကိုေျဖရွင္းမႈမရွိဘဲ ျမန္မာႏိုင္ငံရဲ႕တင္ျပခ်က္ေတြနဲ႔လည္း ကိုက္ညီမႈ မရွိပါဘူး။

၂၇။ ဒုတိယအခ်က္အေနနဲ႔ ဂမ္ဘီယာႏိုင္ငံဟာ တစ္ခ်က္က ႏိုင္ငံတစ္ႏိုင္ငံရဲ႕တရားစြဲဆိုလိုတဲ့ အရင္းခံ အေၾကာင္းတရားဆိုတဲ့အခ်က္နဲ႔ တရားလိုႏိုင္ငံအေနနဲ႔ အျခားတစ္ႏိုင္ငံ (သို႔မဟုတ္) အဖြဲ႕အစည္းကိုယ္စား အမႈ တင္သြင္းျခင္း ရွိ/မရွိ ေမးခြန္းစတဲ့ မတူညီတဲ့ကိစၥႏွစ္ခု ေပါင္းထားပါတယ္။ ဂမ္ဘီယာႏိုင္ငံက တရားလိုအေနနဲ႔ အျခားတစ္ႏိုင္ငံ (သို႔မဟုတ္) အဖြဲ႕အစည္းက အမႈတင္သြင္းခ်င္လို႔ အမႈတင္သြင္းခဲ့တယ္ဆိုရင္ေတာင္ ဒီလို လုပ္တာက တရားလိုႏိုင္ငံရဲ႕ေဆာင္႐ြက္လိုတဲ့ေစ့ေဆာ္မႈသာျဖစ္ၿပီး ဒီေစ့ေဆာ္မႈဟာ တရားစီရင္ပိုင္ခြင့္နဲ႔ မသက္ဆိုင္ေၾကာင္းျငင္းဆိုထားပါတယ္။ ဒီလိုေျပာၾကားမႈဟာ မမွန္ပါဘူး။ ႏိုင္ငံမ်ား (သို႔မဟုတ္) အမႈတင္သြင္း ႏိုင္ျခင္းမရွိတဲ့အဖြဲ႕အစည္းမ်ားကိုယ္စား အမႈတင္သြင္းသည့္ႏိုင္ငံ (Proxy states) အသုံးျပဳ၍ အမႈတင္သြင္းျခင္း သည္ အျပန္အလွန္အက်ိဳးရွိမႈက ႐ိုးေျဖာင့္မႈနဲ႔ ထိေရာက္မႈဆိုင္ရာစည္းမ်ဥ္းမ်ားနဲ႔ ဆန႔္က်င္ဘက္ျဖစ္ေနတယ္ဆို တာကို ေျပာၾကားၿပီးျဖစ္တဲ့အတြက္ ကြၽန္ေတာ္အေနနဲ႔ ေလွ်ာက္လဲၿပီးအခ်က္မ်ားကို ထပ္ခါတလဲလဲ ေျပာၾကား မွာ မဟုတ္ပါဘူး။ တတိယအဖြဲ႕အစည္းတစ္ခု ကိုယ္စားအမႈတင္သြင္းျခင္းဟာ ေစ့ေဆာ္မႈသည္ စီရင္ပိုင္ခြင့္ အတြက္ သက္ဆိုင္မႈမရွိဘူးဆိုသည့္စည္းမ်ဥ္းကို ေကာင္းေကာင္းေက်ာ္လြန္သည့္စည္းမ်ဥ္းႏွင့္ ကိစၥမ်ားကို ထိေတြ႕ေစပါသည္။ ဒီသိသာထင္ရွားမႈသည္ “အတုအပ” မွ ေဝးကြာပါတယ္။

ကနဦး ကန႔္ကြက္လႊာ စတုတၳအခ်က္ ။ ။
ဥကၠ႒ႀကီးႏွင့္ ဂုဏ္သေရရွိ တရားသူႀကီးမင္းမ်ား ခင္ဗ်ာ…
၂၈။ ကနဉီး ကန႔္ကြက္လႊာ စတုတၳအခ်က္ကို ဆက္လက္ တင္ျပေလွ်ာက္လဲသြားပါမယ္။

၂၉။ ဉပေဒ အေျခခံစည္းမ်ဥ္းမ်ားနဲ႔ပတ္သက္ၿပီး ျမန္မာႏိုင္ငံက စာနဲ႔ေပးပို႔ထားတဲ့ ကနဦးကန႔္ကြက္လႊာမွာ ေဖာ္ျပထားတဲ့ ဘယ္အခ်က္ကိုမွ မပစ္ပယ္ထားပါဘူး။

၃ဝ။ စီရင္တြဲဥပေဒမွာပါတဲ့ အျငင္းပြားမႈနဲ႔ပတ္သက္တဲ့ ကြၽန္ေတာ္မွတ္သားရတဲ့ အဓိပၸာယ္ဖြင့္ ဆိုခ်က္အခ်ိဳ႕က အမွန္တကယ္က အျငင္းပြားမႈ ရွိ/မရွိ ဆုံးျဖတ္ရန္ သက္ဆိုင္မည့္အေျခခံမူမ်ားက အနည္းငယ္ က်ယ္ျပန႔္လြန္း ပါတယ္။ မွန္ကန္ေသာအေျခခံမူမ်ားဟာ ေရးသားတင္ျပခ်က္မ်ားနဲ႔ ႏႈတ္နဲ႔ေလွ်ာက္လဲခ်က္မ်ားတြင္ ပါၿပီးျဖစ္ တယ္လို႔ ျမန္မာဘက္က အတည္ျပဳပါတယ္။ ကြၽန္ေတာ္အေနနဲ႔ တရားလိုနဲ႔တရားၿပိဳင္ႏွစ္ဖက္လုံးအေနနဲ႔ တစ္ဘက္စီရဲ႕ရပ္တည္ခ်က္ကို အရင္သိေအာင္လုပ္ရန္လိုအပ္ခ်က္ရွိရမည္ဟု Marshall Islands အမႈနဲ႔ ရွင္းျပခဲ့ၿပီးျဖစ္ပါတယ္။ ဂမ္ဘီယာရဲ႕ စြပ္စြဲတာနဲ႔မတူစြာ တရား႐ုံး ေရွ႕ေမွာက္အမႈတင္သြင္းတဲ့အေပၚ အထက္ပါလိုအပ္ခ်က္က တရားၿပိဳင္ကို “silent veto” ေပးမထားပါဘူးဆိုတာကို ကြၽန္ေတာ္အေနနဲ႔ ရွင္းျပၿပီး ျဖစ္ပါတယ္။

၃၁။ ဂမ္ဘီယာေျပာသလို ကြၽန္ေတာ္အေနနဲ႔ တရားယွဥ္ၿပိဳင္ဘက္ေတြဟာ တရား႐ုံးေရွ႕ေမွာက္ အမႈ မတင္သြင္းမီ ႀကိဳတင္ညႇိႏႈိင္းရမယ္လို႔ မေျပာခဲ့ပါဘူး။ တရားယွဥ္ၿပိဳင္ဘက္ေတြဟာ တစ္ဘက္ရဲ႕ရပ္တည္ခ်က္ကို တစ္ဘက္မွ သိၿပီးသားျဖစ္ေနရမယ္လို႔သာ ေျပာခဲ့ျခင္းျဖစ္ပါတယ္။ ႏွစ္ဖက္အၾကား ညႇိႏႈိင္းေဆြးေႏြးျခင္းမလုပ္ဘဲ ဆန႔္က်င္ေနတဲ့ရပ္တည္ခ်က္ကို သိႏိုင္ပါတယ္။ ဒါက ျဖစ္႐ိုးျဖစ္စဥ္အေျခအေနတစ္ခုျဖစ္ပါတယ္။ ကြၽန္ေတာ့္ အေနနဲ႔ တရား႐ုံးသို႔မေရာက္မီ တရားယွဥ္ၿပိဳင္ဘက္ေတြအၾကား ခင္မင္ရင္းႏွီးစြာေျဖရွင္းႏိုင္ေရး ႀကိဳးပမ္းၾကရ မယ္လို႔ မေျပာခဲ့ပါဘူး။ ယင္းအစား တရား႐ုံးဟာ အျငင္းပြားမႈမ်ားကို တိုက္႐ိုက္နဲ႔ေကာင္းမြန္စြာ ေျဖရွင္းႏိုင္တဲ့ ေ႐ြးခ်ယ္စရာ အျခားနည္းလမ္း တစ္ခုျဖစ္တယ္ လို႔သာေျပာခဲ့ပါတယ္။ ခင္မင္ရင္းႏွီးစြာ ေျဖရွင္းႏိုင္တဲ့ အျငင္းပြားမႈျဖစ္ႏိုင္တာကလြဲၿပီး တရားစြဲဆိုႏိုင္ဖို႔ ရည္႐ြယ္ခ်က္မ်ားအတြက္ အျငင္းပြားမႈဆိုတာရွိမွာမဟုတ္ပါ။ ဒီအေၾကာင္း အခ်က္ေတြေၾကာင့္ တရားလိုနဲ႔တရားၿပိဳင္ ႏွစ္ဖက္လုံးမွ တစ္ဘက္စီရဲ႕အျမင္ကို အရင္သိရွိရန္ လိုအပ္ပါတယ္။

၃၂။ ဂမ္ဘီယာႏိုင္ငံရဲ႕ ထင္ျမင္ခ်က္နဲ႔မတူစြာ ကြၽန္ေတာ္အေနနဲ႔ တရားလိုဟာ ၎ရဲ႕စြပ္စြဲခ်က္ကို အမႈ ေလွ်ာက္လႊာ (မူၾကမ္း) မွ်ေဝတာလိုမ်ိဳး အေသးစိတ္ရွင္းရွင္းလင္းလင္း တရားၿပိဳင္ျဖစ္လာဖြယ္ရွိသူကို ထုတ္ေဖာ္ ေျပာဆိုရမယ္လို႔ မေျပာခဲ့ပါဘူး။ တကယ္က အနိမ့္ဆုံးအခ်က္အလက္ေတြ ရွိဖို႔လိုအပ္တယ္လို႔သာ ေျပာၾကားခဲ့ ျခင္း ျဖစ္ပါတယ္။

၃၃။ ဂမ္ဘီယာႏိုင္ငံက ထင္ျမင္ခ်က္နဲ႔ ဆန႔္က်င္ၿပီး the Court’s case law မွာ တရားၿပိဳင္ အေနနဲ႔ တုံ႔ျပန္မႈ တစ္စုံတစ္ရာမျပဳလုပ္ဘဲ တိတ္ဆိတ္ေနျခင္းဟာ ဘယ္အခ်ိန္အတိုင္းအတာအထိ ထင္ရွားစြာဆန႔္က်င္ေန တယ္လို႔ သတ္မွတ္ရန္အခ်က္ မေဖာ္ျပထားပါဘူး။ တုံ႔ျပန္ေျဖၾကားဖို႔ေတာင္းဆိုျခင္း ရွိ/မရွိ ေမးခြန္းအေနနဲ႔ ကေတာ့ ကိစၥတစ္ခုခ်င္းစီအေပၚ မူတည္ၿပီး ေဆာင္႐ြက္သြားရမယ္ဆိုတာ ရွင္းပါတယ္။ ကြၽန္ေတာ္အေနနဲ႔ ျမန္မာႏိုင္ငံဟာ တုံ႔ျပန္ေျဖၾကားဖို႔ အခ်ိန္အကန႔္အသတ္မရွိ ရခြင့္ရွိတယ္လို႔မဆိုလိုပါဘူး။ အဲဒီသံတမန္စာက တုံ႔ျပန္ေျဖၾကားဖို႔ မေတာင္းဆိုခဲ့ဘူး၊ တကယ္လို႔ ေတာင္းဆိုခဲ့တယ္ဆိုရင္ေတာင္ ျမန္မာႏိုင္ငံဘက္မွ ျပန္လည္ ေျဖၾကားဖို႔ လုံေလာက္တဲ့အခ်ိန္က (၁) လထက္ေတာ့ ေက်ာ္ပါလိမ့္မယ္။

၃၄။ ေရွ႕မွာ စာနဲ႔ေရာ ႏႈတ္နဲ႔ေလွ်ာက္လဲခ်က္မွာေရာ အေၾကာင္းျပခ်က္မ်ားနဲ႔ရွင္းျပထားတဲ့အတိုင္း ၂ဝ၁၉ ခုႏွစ္၊ ေအာက္တိုဘာလ ၁၁ ရက္တြင္ ေပးပို႔ခဲ့ေသာ သံတမန္စာမွလြဲၿပီး ဂမ္ဘီယာက ေဆာင္႐ြက္ခဲ့တဲ့ကိစၥမ်ားဟာ အျငင္းပြားမႈျဖစ္ေပၚေစရန္ လုပ္ေဆာင္ခ်က္မ်ားဟု ဆိုႏိုင္မည္မဟုတ္ပါ။

၃၅။ သံတမန္စာ (Note Verbale) မွာ ဘာအခ်က္မွေဖာ္ျပမထားတာ အမွန္အကန္ပင္ျဖစ္ပါတယ္။ အဲဒီသံတမန္စာမွာ FFM အစီရင္ခံစာနဲ႔ အိုအိုင္စီရဲ႕ အဆိုဆုံးျဖတ္ခ်က္ပါအခ်က္အလက္မ်ားကိုသာ ကိုးကား ေဖာ္ျပထားတာျဖစ္ပါတယ္။ ဒါ့အျပင္ ဂမ္ဘီယာအေနနဲ႔ FFM အစီရင္ခံစာမွာပါေသာ မူလသက္ေသအေထာက္ အထားေတြကိုပံ့ပိုးေပးခဲ့တဲ့မ်က္ျမင္သက္ေသအျဖစ္ ေျဖၾကားေပးခဲ့သူမ်ားနဲ႔ေတြ႕ဆုံႏိုင္ခဲ့တယ္ဆိုတဲ့ အခ်က္မရွိ တာလည္း အမွန္အကန္ျဖစ္ပါတယ္။ စာနဲ႔ေရာ ႏႈတ္နဲ႔ပါ ေလွ်ာက္လဲခ်က္ေတြမွာ ရွင္းျပၿပီးျဖစ္တဲ့အတြက္ ဒီသံတမန္စာက တုံ႔ျပန္ေျဖၾကားခ်က္ေပးရန္ တရားဝင္ေတာင္းဆိုမႈ မဟုတ္ပါ။

၃၆။ ဂမ္ဘီယာႏိုင္ငံမွ ၂ဝ၁၉ ခုႏွစ္၊ ေအာက္တိုဘာလ ၁၁ ရက္စြဲျဖင့္ သံတမန္စာကို မေပးပို႔မီ ၂ဝ၁၉ ခုႏွစ္၊ စက္တင္ဘာလ ၂၆ ရက္က ကုလသမဂၢအေထြေထြညီလာခံမွာ ေၾကညာခဲ့တာဟာ ဒီတရား႐ုံးေရွ႕ေမွာက္မွာ အမႈတင္သြင္းရန္ရည္႐ြယ္ခဲ့ျခင္းျဖစ္ၿပီး သံတမန္စာဟာ ႀကိဳတင္အျငင္းပြားမႈလိုအပ္ခ်က္အျဖစ္ ထည့္သြင္း စဥ္းစားသင့္တယ္လို႔ မဆိုလိုပါဘူး။ ဂမ္ဘီယာႏိုင္ငံက အမွန္တကယ္ ၂ဝ၁၉ ခုႏွစ္၊ စက္တင္ဘာလ ၂၆ ရက္မွာ တရား႐ုံးေရွ႕ေမွာက္ ဒီအမႈကိုတင္သြင္းရန္ရည္႐ြယ္ေၾကာင္း လူသိရွင္ၾကား တစ္ႀကိမ္ေၾကညာခဲ့ပါတယ္။ အဲဒီ အခ်က္ကို သံတမန္စာမွာ ထည့္သြင္းေဖာ္ျပရန္ပ်က္ကြက္ခဲ့မႈဟာ ဥပေဒေၾကာင္းအရေတာင္းဆိုတဲ့ စာတမ္း အမွတ္အသားမဟုတ္ဘူးဆိုတာကို ပိုမိုခိုင္မာစြာ ေကာက္ခ်က္ခ်ႏိုင္ပါတယ္။ ၂ဝ၁၉ ခုႏွစ္၊ စက္တင္ဘာလ ၂၆ ရက္ ေနာက္ပိုင္းမွာ သံတမန္စာက ဥပေဒေၾကာင္းအရ ေတာင္းဆိုမႈတစ္ခုအျဖစ္ တရား႐ုံးေရွ႕သို႔အမႈ တင္သြင္းရန္ ရည္႐ြယ္ခ်က္ကိုၫႊန္းဆိုႏိုင္မယ္လို႔ ေမွ်ာ္လင့္ခ်က္ႀကီးႀကီးမားမား ရွိခဲ့ပါလိမ့္မယ္။

ဥကၠ႒ႀကီးႏွင့္ ဂုဏ္သေရရွိ တရားသူႀကီးမင္းမ်ား ခင္ဗ်ာ…
၃၇။ ဒီမွာ ကြၽန္ေတာ္ရဲ႕ျမန္မာႏိုင္ငံ ကနဦးကန႔္ကြက္လြာရဲ႕ ပထမနဲ႔ စတုတၳကန႔္ကြက္ခ်က္ ၿပီးဆုံးၿပီ ျဖစ္ပါတယ္။ Professor Talmon မွ ဒုတိယကန႔္ကြက္ခ်က္ တင္သြင္းသြားႏိုင္ေရးအတြက္ ဖိတ္ေခၚပါတယ္။

မွတ္ခ်က္ ။ ။ ျမန္မာႏိုင္ငံဘက္က ေခ်ပခ်က္မ်ားကို မူရင္းအတိုင္း မျဖတ္မေတာက္ဘဲ ေဖာ္ျပေပးျခင္းျဖစ္ပါသည္။

Related news

© 2021. All rights reserved.