မတ်လနှင့် ဧပြီလအတွင်း မိုးတိမ်တောင်များဖြစ်ပေါ်နိုင်ပြီး မိုးကြိုးပစ်ခြင်း၊ မိုးသီးကြွေခြင်း မိုးလေဝသဖြစ်စဉ်များဖြစ်ပေါ်နိုင်ဟု မိုးဇလသတိပေး

1092

မျိုးကြီး (NP News) - မတ် ၂
နွေကာလဖြစ်သည့် မတ်လနှင့် ဧပြီလများအတွင်း မိုးတိမ်တောင်များဖြစ်ပေါ်နိုင်ပြီး မိုးကြိုးပစ်ခြင်း၊ မိုးသီးကြွေ ခြင်း စသည့် မိုးလေဝသဖြစ်စဉ်များ ဖြစ်ပေါ်နိုင်ကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက သတိပေးထုတ်ပြန်ထားသည်။
နွေကာလတွင်ဖြစ်ပေါ်တတ်သည့် မိုးလေဝသဖြစ်စဉ်များနှင့်ပတ်သက်၍ ကြိုတင်သတိပေးနှိုးဆော်ချက် တစ်ရပ်ကို ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၊ မိုးလေဝသနှင့်ဇလဗေ ဒညွှန်ကြားမှုဦးစီးဌာနက မတ်လ ၁ ရက်က ထုတ်ပြန်ထားသည်။
မြန်မာနိုင်ငံအရပ်ရပ်၌ နွေကာလဖြစ်သည့် မတ်လနှင့်ဧပြီလများအတွင်း နေ့အပူအချိန်များ တဖြည်းဖြည်းမြင့် တက်လာရာမှ အပူပျံတက်တိမ်များဖြစ်ထွန်း၍ မွန်းလွဲ၊ ညနေပိုင်းတို့တွင် မိုးတိမ်တောင်များ ဖြစ်ပေါ်နိုင်ကြောင်း မိုးဇလက ဆိုသည်။
အဆိုပါ မိုးတိမ်တောင်များရွှေ့လျားရာ နေရာတစ်လျှောက်တွင် လေပြင်းများတိုက်ခတ်ခြင်း၊ လေပြင်းနှင့်အတူ ထစ်ချုန်ခြင်း၊ မိုးကြိုးပစ်ခြင်း၊ လျှပ်စီးလက်ခြင်း၊ မိုးသီးကြွေခြင်းနှင့် နေရာကွက်ကျား မိုးထစ်ချုန်းရွာခြင်း စသည့် မိုးလေဝသဖြစ်စဉ်များ ဖြစ်ပေါ်နိုင်ကြောင်း သတိပေးထားသည်။
လေပြင်းတိုက်ခတ်ချိန်၌ မြေပြင်၊ ရေပြင်လေသည် တစ်နာရီလျှင် ၃၅ မိုင်မှ မိုင် ၄၀ အထိ တိုက်ခတ်နိုင်ကြောင်း သတိပေးထုတ်ပြန်ထားသည်။
ထို့ကြောင့် ပြည်သူများအနေဖြင့် နွေကာလဖြစ်သည့် မတ်လနှင့်ဧပြီလများအတွင်း ဖြစ်ပေါ်လာနိုင်သည့် မိုးလေဝသဖြစ်စဉ်များနှင့်ပတ်သက်၍ အထူးဂရုပြုနေထိုင်သွားကြရန်နှင့်ပြည်တွင်းလေကြောင်း ပျံသန်းရေးနှင့် ရေကြောင်းခရီးစဉ်များ အနေဖြင့် ကြိုတင်သတိပြုနိုင်ရန်လည်း ထည့်သွင်းအသိပေးထားသည်။
Zawgyi Version;
မတ္လႏွင့္ ဧၿပီလအတြင္း မိုးတိမ္ေတာင္မ်ားျဖစ္ေပၚႏိုင္ၿပီး မိုးႀကိဳးပစ္ျခင္း၊ မိုးသီးေႂကြျခင္း မိုးေလဝသျဖစ္စဥ္မ်ား ျဖစ္ေပၚႏိုင္ဟု မိုးဇလသတိေပး
မ်ိဳးႀကီး (NP News) - မတ္ ၂
ေႏြကာလျဖစ္သည့္ မတ္လႏွင့္ ဧၿပီလမ်ားအတြင္း မိုးတိမ္ေတာင္မ်ားျဖစ္ေပၚႏိုင္ၿပီး မိုးႀကိဳးပစ္ျခင္း၊ မိုးသီးေႂကြ ျခင္း စသည့္ မိုးေလဝသျဖစ္စဥ္မ်ား ျဖစ္ေပၚႏိုင္ေၾကာင္း မိုးေလဝသႏွင့္ ဇလေဗဒၫႊန္ၾကားမႈဦးစီးဌာနက သတိေပးထုတ္ျပန္ထားသည္။
ေႏြကာလတြင္ျဖစ္ေပၚတတ္သည့္ မိုးေလဝသျဖစ္စဥ္မ်ားႏွင့္ပတ္သက္၍ ႀကိဳတင္သတိေပးႏႈိးေဆာ္ခ်က္ တစ္ရပ္ကို ပို႔ေဆာင္ေရးႏွင့္ဆက္သြယ္ေရးဝန္ႀကီးဌာန၊ မိုးေလဝသႏွင့္ဇလေဗ ဒၫႊန္ၾကားမႈဦးစီးဌာနက မတ္လ ၁ ရက္က ထုတ္ျပန္ထားသည္။
ျမန္မာႏိုင္ငံအရပ္ရပ္၌ ေႏြကာလျဖစ္သည့္ မတ္လႏွင့္ဧၿပီလမ်ားအတြင္း ေန႔အပူအခ်ိန္မ်ား တျဖည္းျဖည္းျမင့္ တက္လာရာမွ အပူပ်ံတက္တိမ္မ်ားျဖစ္ထြန္း၍ မြန္းလြဲ၊ ညေနပိုင္းတို႔တြင္ မိုးတိမ္ေတာင္မ်ား ျဖစ္ေပၚႏိုင္ေၾကာင္း မိုးဇလက ဆိုသည္။
အဆိုပါ မိုးတိမ္ေတာင္မ်ားေ႐ႊ႕လ်ားရာ ေနရာတစ္ေလွ်ာက္တြင္ ေလျပင္းမ်ားတိုက္ခတ္ျခင္း၊ ေလျပင္းႏွင့္အတူ ထစ္ခ်ဳန္ျခင္း၊ မိုးႀကိဳးပစ္ျခင္း၊ လွ်ပ္စီးလက္ျခင္း၊ မိုးသီးေႂကြျခင္းႏွင့္ ေနရာကြက္က်ား မိုးထစ္ခ်ဳန္း႐ြာျခင္း စသည့္ မိုးေလဝသျဖစ္စဥ္မ်ား ျဖစ္ေပၚႏိုင္ေၾကာင္း သတိေပးထားသည္။
ေလျပင္းတိုက္ခတ္ခ်ိန္၌ ေျမျပင္၊ ေရျပင္ေလသည္ တစ္နာရီလွ်င္ ၃၅ မိုင္မွ မိုင္ ၄၀ အထိ တိုက္ခတ္ႏိုင္ေၾကာင္း သတိေပးထုတ္ျပန္ထားသည္။
ထို႔ေၾကာင့္ ျပည္သူမ်ားအေနျဖင့္ ေႏြကာလျဖစ္သည့္ မတ္လႏွင့္ဧၿပီလမ်ားအတြင္း ျဖစ္ေပၚလာႏိုင္သည့္ မိုးေလဝသျဖစ္စဥ္မ်ားႏွင့္ပတ္သက္၍ အထူးဂ႐ုျပဳေနထိုင္သြားၾကရန္ႏွင့္ျပည္တြင္းေလေၾကာင္း ပ်ံသန္းေရးႏွင့္ ေရေၾကာင္းခရီးစဥ္မ်ား အေနျဖင့္ ႀကိဳတင္သတိျပဳႏိုင္ရန္လည္း ထည့္သြင္းအသိေပးထားသည္။