နိုင်ငံတကာဥပဒေစံနှုန်းများကို ချိုးဖောက်နေသော NUG၊ PDF အဖွဲ့များ၏ ပညာရေးကဏ္ဍကို တိုက်ခိုက်ဖျက်ဆီးမှုများ (ဆောင်းပါး)

 4347

မင်းခန့် (NP News) - မတ် ၉
စာမရေးဖြစ်တာကြာပြီဖြစ်တဲ့ ကျွန်တော့်ကို ဒီဆောင်းပါးရေးဖြစ်အောင် စေ့ဆော်ခဲ့တဲ့ လူမှုကွန်ရက်က စိတ်မကောင်းစရာသတင်း တစ်ပုဒ်အကြောင်း ပြောချင်ပါတယ်။ Facebook သုံးစွဲသူ တော်တော်များများ မြင်တွေ့ကြားသိပြီးဖြစ်မယ့် သတင်းလို့လည်း ယူဆမိပါတယ်။

ဒီသတင်းကတော့ မကွေးတိုင်းဒေသကြီး၊ ဆိပ်ဖြူမြို့နယ်၊ တမ္မကောက်ကျေးရွာ၊ အခြေခံပညာအထက်တန်း ကျောင်းခွဲက ကျောင်းအုပ်ဆရာမကြီး ဒေါ်လဲ့လဲ့ ကို PDF အကြမ်းဖက်သမားများက ရက်ရက်စက်စက် သတ်ဖြတ်ခဲ့တဲ့အကြောင်းဖြစ်ပါတယ်။ CDM မလုပ်လို့၊ ကျောင်းမပိတ်ဘဲ ကလေးတွေကို ပညာသင်ကြားပေးနေ လို့ဆိုတဲ့ အကြောင်းပြချက်နဲ့ အသတ်ခံလိုက်ရတဲ့ ဆရာမကြီးအတွက် များစွာယူကြုံးမရ ဝမ်းနည်း ကြေကွဲမိပါ တယ်။ PDF အဖွဲ့က ကျောင်းဆက်မတက်ဖို့ ခြိမ်းခြောက်စာပို့အပြီး တစ်ပတ်ခန့်အကြာမှာ ဆရာမကြီးဟာ ဖခင်နဲ့ အတူ ကျောင်းကအပြန်မှာ ရန်ငြိုးရန်စမရှိဘဲ ရက်ရက်စက်စက် လုပ်ကြံသတ်ဖြတ်ခံရခြင်းဖြစ်ပါတယ်။ ဆရာမကြီး နဲ့ သူမရဲ့ဖခင်တို့ဟာ လက်အုပ်ချီတောင်းပန်နေတဲ့ကြားထဲက ဖခင်ကိုကြိုးတုပ် သမီးဖြစ်သူ ဆရာမကြီးကို လည်လှီးပြီး ရက်စက်စွာသတ်ဖြတ်ခဲ့တဲ့ PDF တွေရဲ့လုပ်ရပ်ဟာ အလွန်ရိုင်းစိုင်းယုတ်မာပြီး ဘယ်လိုမှ လက်ခံလို့ မရတဲ့ အကြမ်းဖက်ဝါဒီတွေရဲ့ ဆိုးရွားတဲ့ လုပ်ရပ်များဖြစ်ပါတယ်။

အလုံးစုံပျက်သုဉ်းရေးလမ်းစဉ်နဲ့ ငါနဲ့မတူငါ့ရန်သူအယူအဆ၊ ငါတို့ထောက်ခံတဲ့ပါတီမဟုတ်ရင် အုပ်ချုပ်လို့ မရစေရဘူးဆိုပြီး နိုင်ငံရေးအစွန်းရောက်သမားတွေရဲ့ သွေးထိုးလှုံ့ဆော်မှုတွေကို ပညာအခြေခံအားနည်းပြီး ဆင်ခြင်တုံတရားကင်းမဲ့စွာနဲ့ အယူအဆလွဲမှားပြီး လိုက်ပါလုပ်ဆောင်နေတဲ့ PDF အမည်ခံ အကြမ်းဖက်သမားများ ကြောင့် ကျောင်းအုပ်ဆရာမကြီး ဒေါ်လဲ့လဲ့လို အပြစ်မဲ့နိုင်ငံ့ဝန်ထမ်းကောင်းတွေ ကြွေလွင့်ခဲ့ရတာက ရင်နာစရာ ကောင်းလွန်းလှပါတယ်။
နိုင်ငံရေးရည်မှန်းချက်အတွက် တိုင်းပြည်ရဲ့အနာဂတ်ပညာရေးကဏ္ဍကို တိုက်ခိုက် ဖျက်ဆီးနေတဲ့ NUG/PDF အကြမ်းဖက်သမားများက ကျောင်းတွေမဖွင့်ဖို့၊ ကလေး သူငယ်တွေ ကျောင်းမတက်ဖို့၊ ဆရာ/ဆရာမနဲ့ ပညာရေး ဝန်ထမ်းတွေ CDM ပြုလုပ်ကြဖို့ အမျိုးမျိုးခြိမ်းခြောက်ဟန့်တားမှုတွေပြုလုပ်ခဲ့တဲ့ ငြင်းမရနိုင်တဲ့ သက်သေ အထောက်အထားများစွာရှိပါတယ်။

၂ဝ၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့ကနေ ၂ဝ၂၂ ခုနှစ် ဖေဖော်ဝါရီလကုန်အထိ NUG/PDF နဲ့ NLD နိုင်ငံရေးအစွန်းရောက်များရဲ့ ပညာရေးကဏ္ဍကို တိုက်ခိုက်မှုတွေ အနေနဲ့ စာသင်ကျောင်းများကို မီးရှို့ဖျက်ဆီးမှု ၁၂၃ ကြိမ်၊ စာသင်ကျောင်းတွေကို ဗုံးခွဲတိုက်ခိုက်မှု ၃၆၇ ကြိမ်၊ စာသင်ကျောင်းအနီးဝန်းကျင် ပစ်ခတ်တိုက်ခိုက်မှု ၁၂ ကြိမ်၊ စာသင်ကျောင်းများမဖွင့်ရန်ခြိမ်းခြောက်မှု ၄၉ ကြိမ် ပြုလုပ်ခဲ့ကြပါတယ်။

ဒါ့အပြင် CDM မပြုလုပ်တဲ့အကြောင်းပြချက်နဲ့ ဆရာ/ဆရာမတွေနဲ့ ပညာရေး ဝန်ထမ်းတွေကို ဖမ်းဆီးသတ်ဖြတ်မှု တွေ ရက်ရက်စက်စက်လုပ်ခဲ့ကြလို့ သေဆုံးသူ ဆရာ ၈ ဦး၊ ဆရာမ ၉ ဦး၊ ပညာရေးဝန်ထမ်း ၆ ဦး ရှိခဲ့ပြီး ဒဏ်ရာပြင်းထန်စွာရရှိသူ ဆရာ ၉ ဦး၊ ဆရာမ ၁၄ ဦး၊ ပညာရေးဝန်ထမ်း ၅ ဦး၊ စုစုပေါင်း သေဆုံး ၂၃ ဦး၊ ဒဏ်ရာရ ၂၈ ဦး ရှိနေပြီဖြစ်ပါတယ်။ ဖြစ်ပွားခဲ့တဲ့ ဖြစ်စဉ်အသေးစိတ်ကို အစိုးရမီဒီယာများက သတင်းများ ထုတ်ပြန်ခဲ့သလို၊ အမြင်အမျိုးမျိုး ရှုထောင့်အဖုံဖုံကနေ လူမှုကွန်ရက်မှာ ဝေဖန်ရှုံ့ချပြီး ရေးသားနေကြတာတွေကိုလည်း တွေ့မြင်နေ ရပါတယ်။

CDM မလုပ်လို့၊ စာသင်ကျောင်းဖွင့်လို့၊ ကလေးတွေကို စာသင်ပေးလို့ဆိုတဲ့ အကြောင်းပြချက်နဲ့ ဆရာ/ဆရာမတွေ ကို သတ်ဖြတ်ခဲ့ကြခြင်းက ဖြစ်သင့်ပါရဲ့လား။
ရန်ငြိုးရန်စမရှိဘဲ လူတစ်ယောက်ကို ရက်ရက်စက်စက်သတ်ဖြတ်သူတွေရဲ့လုပ်ရပ်က ဓမ္မလား၊ အဓမ္မလား။
အသတ်ခံရသူတွေရဲ့ မိဘဆွေမျိုး၊ မိတ်ဆွေသူငယ်ချင်းများရဲ့ ကြေကွဲဝမ်းနည်းမှုများ၊ နာကြည်းမုန်းတီးမှုများကို ရော ကိုယ်ချင်းစာနာမိကြပါရဲ့လားလို့ မေးလိုက်ချင်ပါတယ်။
စာသင်ကျောင်းတွေနဲ့ပတ်သက်ပြီးတော့ ကျွန်တော်တို့အားလုံးမှာ မေ့ပျောက်လို့မရနိုင်တဲ့ ကျောင်းသားဘဝဆို တာရှိခဲ့ကြသလို အနာဂတ်ကိုထုဆစ်မယ့် လူငယ် တွေကို လေ့ကျင့်သင်ကြားပေးရာ၊ ပညာရည်နို့သောက်စို့ကြရာ ကွန်းခိုရိပ်တွေ၊ ဥယျာဉ်ကြီးတွေဖြစ်ပါတယ်။ ဒီလိုနိုင်ငံရဲ့ အနာဂတ်နဲ့သက်ဆိုင်တဲ့ ဥယျာဉ်ကြီးတွေကို မီးရှို့ဖျက်ဆီးပြီး ဥယျာဉ်မှူးတွေကို သတ်ဖြတ်နေကြတာတွေ မြင်ရကြားရတော့ ကျွန်တော့် နှလုံးသားကို သံချွန်နဲ့ထိုးဆွသလိုပဲ နာကျင်ခံစားရပါတယ်။ ဆရာ/ဆရာမတွေဆိုတာ ကျွန်တော်တို့ရဲ့ မြန်မာ့ယဉ်ကျေးမှုမှာ အနန္တောအနန္တငါးပါးမှာ တစ်ပါးအပါအဝင်ဖြစ်သလို ကျွန်တော်တို့ရဲ့ အနာဂတ်မျိုးဆက်သစ်ပန်းကလေးတွေကို ဖူးပွင့်စေ မွှေးကြိုင် လန်းဆန်းစေသူတွေဖြစ်ပါတယ်။

မည်သည့်နိုင်ငံ၊ မည်သည့် လူ့အဖွဲ့အစည်းမှာမဆို နိုင်ငံရေးအရ အမြင်မတူတာ တွေ၊ သဘောထားကွဲလွဲတာတွေ ရှိနိုင်ပါတယ်။ သို့သော်လည်း နိုင်ငံရေးခံစားချက်ကနေ အစွန်းရောက်အတွေးအခေါ်တွေဝင်လာပြီး ကိုယ့်နိုင်ငံရဲ့ အနာဂတ်ကို မိမိတို့ကိုယ်တိုင် ဖျက်ဆီးနေကြတာကတော့ အင်မတန်ရုပ်ဆိုး အကျည်းတန်တဲ့ ကိစ္စရပ်ဖြစ်ပါတယ်။ အခုဆိုရင် ဆရာ/ဆရာမတွေကို သတ်ဖြတ်တာ၊ စာသင်ကျောင်းတွေ မီးရှို့တာတင် မကတော့ဘဲ၊ စာသင်ကျောင်း တွေကို စစ်စခန်းတွေဆောက်တာ၊ စစ်ရေးလေ့ကျင့်ခန်းပြုလုပ်တဲ့နေရာတွေအဖြစ် အသုံးပြုတာတွေကို စစ်ကိုင်း တိုင်းဒေသကြီး၊ ထီးချိုင့် မြို့နယ်က မာရသိမ်စာသင်ကျောင်းမှာ မြင်တွေ့ခဲ့ရပါတယ်။

နိုင်ငံတကာဥပဒေစံနှုန်းတွေအရကြည့်မယ်ဆိုရင်လည်း ဒီလိုစာသင်ကျောင်းတွေနဲ့ ဆရာ/ဆရာမတွေကို အကြမ်းဖက်နေကြတဲ့လုပ်ရပ်တွေဟာ လက်ခံနိုင်စရာမရှိတဲ့ ကိစ္စတွေဖြစ်ပါတယ်။ ၁၉၇၇ ခုနှစ်က ပြဋ္ဌာန်းခဲ့တဲ့ ဂျီနီဗာကွန်ဗင်းရှင်းရဲ့နောက်ဆက်တွဲ Protocols နှစ်ခုမှာ ကလေးသူငယ်တွေ၊ စာသင်ကျောင်းတွေနဲ့ ပညာ သင်ကြားမှုကိုကာကွယ်ဖို့ “The two Additional Protocols to the Geneva Conventions outline further protections for children, schools, and education, including recognizing that receiving an education is a “fundamental guarantee” for children, even in situations of non-international armed conflict.” ဆိုပြီး ထည့်သွင်းပြဋ္ဌာန်းထားပါတယ်။ ဒီကိစ္စနဲ့ပတ်သက်ပြီး ၂ဝဝ၉ ခုနှစ်မှာလည်း ကုလသမဂ္ဂ ကလေးသူငယ်များ အခွင့်အရေးဆိုင်ရာကော်မတီ (United Nations Committee on the Rights of the Child-OHCHR) က ကလေးသူငယ်တွေရဲ့ အခွင့်အရေးကို ကာကွယ်စောင့်ရှောက်မှုနဲ့ပတ်သက်ပြီး စာသင်ကျောင်းတွေကို တိုက်ခိုက် တာတွေ၊ ဝင်ရောက်စီးနင်းသိမ်းပိုက်တာမျိုးတွေကို ကာကွယ်ဖို့ တိုက်တွန်းနှိုးဆော်ထားတာကို တွေ့ရပါတယ်။

ဒါ့အပြင် ကုလသမဂ္ဂဆိုင်ရာအဖွဲ့အစည်းတွေဖြစ်တဲ့ United Nations Children’s Fund (UNICEF)၊ United Nations Educational, Scientific and Cultural Organization (UNESCO)၊ Office of the United Nations High Commissioner for Refugees (UNHCR) နဲ့ အခြားသော နိုင်ငံတကာ အရပ်ဘက်လူမှုအဖွဲ့အစည်းတွေ ပူးပေါင်းပြီးတည်ထောင်ထားတဲ့ Global Coalition to Protect Education from Attack-GCPEA ဆိုတဲ့ နိုင်ငံတကာအဖွဲ့အစည်းတစ်ခုရှိပါတယ်။ ဒီအဖွဲ့ကနေ လက်နက် ကိုင်ပဋိပက္ခအတွင်းမှာ စာသင်ကျောင်းများနဲ့ တက္ကသိုလ်တွေကို စစ်ရေးအတွက် အသုံးပြုခြင်းကနေ ကာကွယ်ဖို့နဲ့ စာသင်ကျောင်းတွေကို တိုက်ခိုက်တာတွေ၊ ကျောင်းသား လူငယ်များနဲ့ ဆရာ/ဆရာမတွေကို တိုက်ခိုက်တာတွေကို ကာကွယ်ဖို့အတွက် “Guidelines for Protecting Schools and Universities from Military Use During Armed Conflict” ကို ထုတ်ပြန်ထားပါတယ်။ ဒီလမ်းညွှန်ချက်တွေအရ ပညာရေးနဲ့ဆိုင်တဲ့ နေရာတွေကို စစ်ရေးရည်ရွယ်ချက်အတွက် အသုံးချလို့မရသလို ကျောင်းအုပ်ချုပ်သူတွေကိုလည်း စာသင်ကျောင်းတွေကိုစွန့်ခွာဖို့ ဖိအားပေးအကြပ်ကိုင်တာ၊ မက်လုံးပေး စည်းရုံး တာတွေတောင် လုပ်လို့မရပါဘူး။

ကုလသမဂ္ဂလုံခြုံရေးကောင်စီရဲ့ ၂ဝဝ၈ ခုနှစ်မှာထုတ်ပြန်ခဲ့တဲ့ Resolution 2427 မှာလည်း လက်နက်ကိုင်ပဋိပက္ခ ကြောင့် စာသင်ကျောင်းတွေ၊ ဆေးရုံတွေ ပိတ်ထားရ ခြင်းကို ရှုံ့ချထားပါတယ်။ နောက်ပြီး လက်နက်ကိုင်တိုက်ခိုက် သူတွေအနေနဲ့ ကလေးသူငယ်များရဲ့ပညာသင်ကြားခွင့်တွေ၊ ကျန်းမာရေးဝန်ဆောင်မှုတွေနဲ့ပတ်သက်ပြီး အနှောင့် အယှက်ဖြစ်စေမယ့်လုပ်ရပ်တွေကို ရှောင်ကြဉ်ဖို့ တိုက်တွန်းထားပါတယ်။ နိုင်ငံတကာလူသားချင်းစာနာထောက် ထားမှုဥပဒေ (International Humanitarian Law) အရလည်း လက်နက်ကိုင်တိုက်ခိုက်သူတွေအနေနဲ့ စာသင် ကျောင်းတွေကို အသုံးမပြုဖို့၊ ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံတွေက အစိုးရတွေအနေနဲ့လည်း အကြမ်းဖက်လက်နက် ကိုင်တပ်ဖွဲ့တွေက စာသင်ကျောင်းတွေကို အသုံးပြုတာကို ထိထိရောက်ရောက်တားဆီးပေးဖို့၊ ကလေးများရဲ့ ပညာသင်ကြားခွင့်ကို အနှောင့်အယှက်မပြုဖို့ တိုက်တွန်း ထားတာကိုတွေ့ရပါတယ်။

အခုမြန်မာနိုင်ငံမှာ NUG/PDF တွေ ဆောင်ရွက်နေတဲ့ ကိစ္စရပ်တွေက နိုင်ငံတကာစံနှုန်းတွေအရ လက်ခံနိုင်စရာ မရှိသလို မြန်မာနိုင်ငံရဲ့ဥပဒေတွေ၊ ယဉ်ကျေးမှုတွေအရလည်း လက်ခံလို့မရတဲ့ကိစ္စတွေဖြစ်ပါတယ်။ မြန်မာနိုင်ငံ မှာ နိုင်ငံတော်အစိုးရ၊ တပ်မတော်နဲ့၊ တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့တွေကြားမှာ ၂ဝ၁၅ ခုနှစ်က ချုပ်ဆိုခဲ့တဲ့ Nationwide Ceasefire Agreement (NCA)၊ အခန်း (၃) မှာ စာသင်ကျောင်းတွေကို စစ်ဘက်ဆိုင်ရာအတွက် အသုံးမပြုဖို့၊ ကလေးသူငယ်များ ပညာသင်ကြားခွင့်ကို မနှောင့်ယှက်ဖို့၊ စာသင်ကျောင်းတွေနဲ့ ပညာရေးဆိုင်ရာ အဆောက်အဦတွေကို မဖျက်ဆီးဖို့ဆိုတဲ့ အချက်တွေပါဝင်ပါတယ်။
စာသင်ကျောင်းတွေကိုတိုက်ခိုက်တာ၊ ခြိမ်းခြောက်တာ၊ ဆရာ/ဆရာမတွေကို သတ်ဖြတ်တာတွေကို NUG/PDF အကြမ်းဖက်သမားတွေနဲ့ NCA ကိုမလိုက်နာတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တစ်ချို့က လုပ်ဆောင်နေကြပါ တယ်။ ဒီလို အပြစ်မဲ့တဲ့ ဆရာ/ ဆရာမတွေကို လုပ်ကြံသတ်ဖြတ်နေတဲ့ NUG/PDF အကြမ်းဖက်အဖွဲ့တွေရဲ့ ဆိုးရွား တဲ့လုပ်ရပ်တွေက နိုင်ငံနဲ့ ကလေးသူငယ်တွေရဲ့အနာဂတ်ကို ဖျက်ဆီးနေတဲ့ ဆင်ခြင်တုံ့တရားကင်းမဲ့တဲ့ အပြုအမူ တွေဖြစ်ပြီး မြန်မာ့လူအဖွဲ့အစည်းအပါအဝင် ကမ္ဘာပေါ်မှာ မည်သည့်နိုင်ငံ မည်သည့်လူ့အဖွဲ့အစည်းကမှ လက်ခံနိုင် စရာမရှိတဲ့ အကြမ်းဖက်လုပ်ရပ်များဖြစ်ပါတယ်။

ဒါကြောင့် နိုင်ငံတကာအသိုက်အဝန်းအနေနဲ့ CRPH၊ NUG၊ PDF နဲ့ NLD အစွန်း ရောက်သမားများရဲ့ အကြမ်းဖက်လုပ်ရပ်တွေကို အားပေးထောက်ခံခြင်း မပြုလုပ်သင့်သလို နိုင်ငံတစ်ခုရဲ့ အနာဂတ်ကို ရည်ရွယ်ချက် ရှိရှိ ဖျက်ဆီးနေတဲ့ ပညာရေးကဏ္ဍ အကြမ်းဖက်တိုက်ခိုက်မှုများကို ဆန့်ကျင်ရှုံ့ချတားဆီးပေးကြရန် လိုအပ်လှပါ တယ်။ သူတို့ရဲ့လုပ်ရပ်တွေကို သက်သေအထောက်အထားခိုင်လုံစွာနဲ့ UNCTED၊ INTERPOL၊ ASEANPOL အကြမ်းဖက်မှုတန်ပြန်တိုက်ဖျက်ရေးကော်မတီ၊ အိမ်နီးချင်းနိုင်ငံများ၊ ပြည်တွင်းရှိ သံရုံးများ၊ နိုင်ငံတကာအဖွဲ့ အစည်းများ၊ မြန်မာနိုင်ငံနဲ့ အကြမ်းဖက်မှု တိုက်ဖျက်ရေးပူးပေါင်းဆောင်ရွက်ဖို့ နားလည်မှုစာချွန်လွှာ လက်မှတ် ရေးထိုးထားတဲ့ အာဏာပိုင်များထံ သတင်းအချက်အလက်များ ပေးပို့ထားပြီးဖြစ်တယ်လို့ သိရပါတယ်။ ဒီလိုပေးပို့ ထားတဲ့အချက်အလက်တွေမှာ ပညာရေးကဏ္ဍသာမက NUG/PDF အဖွဲ့တွေရဲ့ အလုံးစုံပျက်သုဉ်းရေးလမ်းစဉ်အရ နိုင်ငံတဝှမ်းပုံဖော်ဆောင်ရွက်နေတဲ့ အကြမ်းဖက်လုပ်ရပ်ပုံစံအမျိုးမျိုးဖြစ်တဲ့ အပြစ်မဲ့အရပ်သားတွေကို ရက်စက် စွာသတ်ဖြတ်မှုတွေ၊ မိုင်းထောင်ဖောက်ခွဲမှုတွေ၊ နိုင်ငံပိုင်နဲ့ ပုဂ္ဂလိကပိုင်အဆောက်အဦများကို ဖောက်ခွဲမီးရှို့ ဖျက်ဆီးမှုတွေ ပါဝင်ပါတယ်။

ဖြစ်ရပ်မှန်အထောက်အထားတွေ၊ မျက်မြင်သက်သေတွေရဲ့ထွက်ဆိုချက်တွေ၊ ဗီဒီယိုမှတ်တမ်းတွေပါဝင်တဲ့ CRPH၊ NUG၊ PDF တွေရဲ့ အကြမ်းဖက်လုပ်ရပ် သတင်း ပေးပို့ချက်တွေကို မမြင်ချင်ယောင်ဆောင်၊ မသိချင်ယောင်ဆောင် နေတဲ့ နိုင်ငံအချို့နဲ့ နိုင်ငံတကာအဖွဲ့အစည်းများဟာ အကြမ်းဖက်ဝါဒကို အားပေးလက်ခံနေတယ်လို့ ယူဆရမလို ဖြစ်နေပါတယ်။
အထူးသဖြင့် ဥပဒေနဲ့အညီ အာဏာထိန်းပြီး အရေးပေါ်ကာလ နိုင်ငံကို ထိန်းကျောင်း ပေးနေတဲ့ တပ်မတော်ကို ဖိအားပေးလိုတဲ့ ရည်ရွယ်ချက်နဲ့ အနောက်နိုင်ငံတစ်ချို့ရဲ့ NUG၊ PDF များကို အသိအမှတ်ပြုအားပေးလိုတဲ့ သဘောထားပြသနေခြင်းဟာ အကြမ်းဖက်ဝါဒ(Terrorism)ကို ပံ့ပိုးပေးနေသလိုဖြစ်နေပြီး မြန်မာနိုင်ငံရဲ့ တည်ငြိမ် အေးချမ်းရေးကို အထောက်အကူမပြုသူများဖြစ်ပါတယ်။
ဒီမိုကရေစီနဲ့ လူ့အခွင့်အရေးကိုတန်ဖိုးထားပါတယ်ဆိုတဲ့ ဒီမိုကရေစီဘိုးအေ နိုင်ငံကြီးအချို့ဟာ NUG ၊ PDF တို့ရဲ့ ငြင်းလို့မရတဲ့ အကြမ်းဖက်လုပ်ရပ်တွေကို မသိ ချင်ယောင်၊ မမြင်ချင်ယောင်ဆောင်ပြီး ဒီမိုကရေစီလှုပ်ရှားသူများ အဖြစ် ပုံဖော်နေမှုဟာ ဆရာမကြီး ဒေါ်လဲ့လဲ့တို့လို အပြစ်မဲ့ အသတ်ခံရသူတွေအတွက် တရားမျှတမှုမရှိဘူးလို့ ဆိုချင်ပါတယ်။

အစွန်းရောက်နိုင်ငံရေးသမားတွေက နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးနဲ့ ပြည်သူများ တည်ငြိမ်အေးချမ်းရေးကို မျက်ကွယ်ပြုပြီး ကိုယ့်ပါတီ အာဏာပြန်လည်ရရှိဖို့ လက်နက်ကိုင်လမ်းစဉ်ကို ရွေးချယ်ခဲ့ကြပါတယ်။ ဒါကြောင့် တိုင်းပြည်ရဲ့အနာဂတ် လူငယ်တွေ ဘဝပေါင်းမြောက်များစွာ စတေးပြီး အသုံးချခံနေရတာက နိုင်ငံတော်အတွက် အင်မတန်မှ ဆုံးရှုံးမှုကြီးမားပါတယ်။ သူတို့ရဲ့အလုံးစုံပျက်သုဉ်းရေးလမ်းစဉ်ကြောင့် ပြည်သူအများစုရဲ့ တည်ငြိမ် အေးချမ်းမှုပျက်စီးပြီး မိသားစုဘဝပေါင်းမြောက်များစွာ ထိခိုက်ပျက်စီးမှုများကလည်း ဝမ်းနည်းဖွယ်ရာဖြစ်ရပ်ဆိုး ကြီးဖြစ်ပါတယ်။ ဒီလိုလုပ်ရပ်တွေကို ဘယ်သူတွေက ပြုလုပ်နေသလဲ၊ ဘယ်သူတွေက စေခိုင်းနေသလဲဆိုတာ မေးစရာမလိုလောက်အောင် မြင်တွေ့ကြားသိနေကြရပါတယ်။ သက်သေအထောက်အထား မှတ်တမ်းများ အခိုင်အမာရှိနေပြီး သက်ဆိုင်ရာများကို ပေးပို့ထားပြီးလည်း ဖြစ်ပါတယ်။

ဒါ့ကြောင့် နိုင်ငံတကာအသိုက်အဝန်းအနေနဲ့ မြန်မာနိုင်ငံကို အမှန်တကယ် တည်ငြိမ် အေးချမ်းစေလိုတယ်ဆိုရင် လတ်တလောဖြစ်ပေါ်နေတဲ့ အကြမ်းဖက်သတ်ဖြတ်မှုဖြစ်စဉ် တွေကို မှန်မှန်ကန်ကန်ရှုမြင်သုံးသပ်ပြီး နိုင်ငံရေး ရည်မှန်းချက်အောင်မြင်ဖို့ အကြမ်းဖက်လမ်းစဉ်နဲ့လုပ်ဆောင်နေကြတဲ့ ပြည်တွင်း/ပြည်ပ အကြမ်းဖက်သမားများ ကို ဝိုင်းဝန်း ဆန့်ကျင်တားဆီးပေးကြဖို့ တိုက်တွန်းနှိုးဆော်လိုက်ရပါတယ်။

Zawgyi Version;
ႏိုင္ငံတကာဥပေဒစံႏႈန္းမ်ားကို ခ်ိဳးေဖာက္ေနေသာ NUG၊ PDF အဖြဲ႕မ်ား၏ ပညာေရးက႑ကို တိုက္ခိုက္ဖ်က္ဆီးမႈမ်ား (ေဆာင္းပါး)
မင္းခန႔္ (NP News) - မတ္ ၉
စာမေရးျဖစ္တာၾကာၿပီျဖစ္တဲ့ ကြၽန္ေတာ့္ကို ဒီေဆာင္းပါးေရးျဖစ္ေအာင္ ေစ့ေဆာ္ခဲ့တဲ့ လူမႈကြန္ရက္က စိတ္မေကာင္းစရာသတင္း တစ္ပုဒ္အေၾကာင္း ေျပာခ်င္ပါတယ္။ Facebook သုံးစြဲသူ ေတာ္ေတာ္မ်ားမ်ား ျမင္ေတြ႕ၾကားသိၿပီးျဖစ္မယ့္ သတင္းလို႔လည္း ယူဆမိပါတယ္။

ဒီသတင္းကေတာ့ မေကြးတိုင္းေဒသႀကီး၊ ဆိပ္ျဖဴၿမိဳ႕နယ္၊ တမၼေကာက္ေက်း႐ြာ၊ အေျခခံပညာအထက္တန္း ေက်ာင္းခြဲက ေက်ာင္းအုပ္ဆရာမႀကီး ေဒၚလဲ့လဲ့ ကို PDF အၾကမ္းဖက္သမားမ်ားက ရက္ရက္စက္စက္ သတ္ျဖတ္ခဲ့တဲ့အေၾကာင္းျဖစ္ပါတယ္။ CDM မလုပ္လို႔၊ ေက်ာင္းမပိတ္ဘဲ ကေလးေတြကို ပညာသင္ၾကားေပးေန လို႔ဆိုတဲ့ အေၾကာင္းျပခ်က္နဲ႔ အသတ္ခံလိုက္ရတဲ့ ဆရာမႀကီးအတြက္ မ်ားစြာယူႀကဳံးမရ ဝမ္းနည္း ေၾကကြဲမိပါ တယ္။ PDF အဖြဲ႕က ေက်ာင္းဆက္မတက္ဖို႔ ၿခိမ္းေျခာက္စာပို႔အၿပီး တစ္ပတ္ခန႔္အၾကာမွာ ဆရာမႀကီးဟာ ဖခင္နဲ႔ အတူ ေက်ာင္းကအျပန္မွာ ရန္ၿငိဳးရန္စမရွိဘဲ ရက္ရက္စက္စက္ လုပ္ႀကံသတ္ျဖတ္ခံရျခင္းျဖစ္ပါတယ္။ ဆရာမႀကီး နဲ႔ သူမရဲ႕ဖခင္တို႔ဟာ လက္အုပ္ခ်ီေတာင္းပန္ေနတဲ့ၾကားထဲက ဖခင္ကိုႀကိဳးတုပ္ သမီးျဖစ္သူ ဆရာမႀကီးကို လည္လွီးၿပီး ရက္စက္စြာသတ္ျဖတ္ခဲ့တဲ့ PDF ေတြရဲ႕လုပ္ရပ္ဟာ အလြန္႐ိုင္းစိုင္းယုတ္မာၿပီး ဘယ္လိုမွ လက္ခံလို႔ မရတဲ့ အၾကမ္းဖက္ဝါဒီေတြရဲ႕ ဆိုး႐ြားတဲ့ လုပ္ရပ္မ်ားျဖစ္ပါတယ္။

အလုံးစုံပ်က္သုဥ္းေရးလမ္းစဥ္နဲ႔ ငါနဲ႔မတူငါ့ရန္သူအယူအဆ၊ ငါတို႔ေထာက္ခံတဲ့ပါတီမဟုတ္ရင္ အုပ္ခ်ဳပ္လို႔ မရေစရဘူးဆိုၿပီး ႏိုင္ငံေရးအစြန္းေရာက္သမားေတြရဲ႕ ေသြးထိုးလႈံ႕ေဆာ္မႈေတြကို ပညာအေျခခံအားနည္းၿပီး ဆင္ျခင္တုံတရားကင္းမဲ့စြာနဲ႔ အယူအဆလြဲမွားၿပီး လိုက္ပါလုပ္ေဆာင္ေနတဲ့ PDF အမည္ခံ အၾကမ္းဖက္သမားမ်ား ေၾကာင့္ ေက်ာင္းအုပ္ဆရာမႀကီး ေဒၚလဲ့လဲ့လို အျပစ္မဲ့ႏိုင္ငံ့ဝန္ထမ္းေကာင္းေတြ ေႂကြလြင့္ခဲ့ရတာက ရင္နာစရာ ေကာင္းလြန္းလွပါတယ္။
ႏိုင္ငံေရးရည္မွန္းခ်က္အတြက္ တိုင္းျပည္ရဲ႕အနာဂတ္ပညာေရးက႑ကို တိုက္ခိုက္ ဖ်က္ဆီးေနတဲ့ NUG/PDF အၾကမ္းဖက္သမားမ်ားက ေက်ာင္းေတြမဖြင့္ဖို႔၊ ကေလး သူငယ္ေတြ ေက်ာင္းမတက္ဖို႔၊ ဆရာ/ဆရာမနဲ႔ ပညာေရး ဝန္ထမ္းေတြ CDM ျပဳလုပ္ၾကဖို႔ အမ်ိဳးမ်ိဳးၿခိမ္းေျခာက္ဟန႔္တားမႈေတြျပဳလုပ္ခဲ့တဲ့ ျငင္းမရႏိုင္တဲ့ သက္ေသ အေထာက္အထားမ်ားစြာရွိပါတယ္။

၂ဝ၂၁ ခုႏွစ္ ေဖေဖာ္ဝါရီလ ၁ ရက္ေန႔ကေန ၂ဝ၂၂ ခုႏွစ္ ေဖေဖာ္ဝါရီလကုန္အထိ NUG/PDF နဲ႔ NLD ႏိုင္ငံေရးအစြန္းေရာက္မ်ားရဲ႕ ပညာေရးက႑ကို တိုက္ခိုက္မႈေတြ အေနနဲ႔ စာသင္ေက်ာင္းမ်ားကို မီးရႈိ႕ဖ်က္ဆီးမႈ ၁၂၃ ႀကိမ္၊ စာသင္ေက်ာင္းေတြကို ဗုံးခြဲတိုက္ခိုက္မႈ ၃၆၇ ႀကိမ္၊ စာသင္ေက်ာင္းအနီးဝန္းက်င္ ပစ္ခတ္တိုက္ခိုက္မႈ ၁၂ ႀကိမ္၊ စာသင္ေက်ာင္းမ်ားမဖြင့္ရန္ၿခိမ္းေျခာက္မႈ ၄၉ ႀကိမ္ ျပဳလုပ္ခဲ့ၾကပါတယ္။

ဒါ့အျပင္ CDM မျပဳလုပ္တဲ့အေၾကာင္းျပခ်က္နဲ႔ ဆရာ/ဆရာမေတြနဲ႔ ပညာေရး ဝန္ထမ္းေတြကို ဖမ္းဆီးသတ္ျဖတ္မႈ ေတြ ရက္ရက္စက္စက္လုပ္ခဲ့ၾကလို႔ ေသဆုံးသူ ဆရာ ၈ ဦး၊ ဆရာမ ၉ ဦး၊ ပညာေရးဝန္ထမ္း ၆ ဦး ရွိခဲ့ၿပီး ဒဏ္ရာျပင္းထန္စြာရရွိသူ ဆရာ ၉ ဦး၊ ဆရာမ ၁၄ ဦး၊ ပညာေရးဝန္ထမ္း ၅ ဦး၊ စုစုေပါင္း ေသဆုံး ၂၃ ဦး၊ ဒဏ္ရာရ ၂၈ ဦး ရွိေနၿပီျဖစ္ပါတယ္။ ျဖစ္ပြားခဲ့တဲ့ ျဖစ္စဥ္အေသးစိတ္ကို အစိုးရမီဒီယာမ်ားက သတင္းမ်ား ထုတ္ျပန္ခဲ့သလို၊ အျမင္အမ်ိဳးမ်ိဳး ရႈေထာင့္အဖုံဖုံကေန လူမႈကြန္ရက္မွာ ေဝဖန္ရႈံ႕ခ်ၿပီး ေရးသားေနၾကတာေတြကိုလည္း ေတြ႕ျမင္ေန ရပါတယ္။

CDM မလုပ္လို႔၊ စာသင္ေက်ာင္းဖြင့္လို႔၊ ကေလးေတြကို စာသင္ေပးလို႔ဆိုတဲ့ အေၾကာင္းျပခ်က္နဲ႔ ဆရာ/ဆရာမေတြ ကို သတ္ျဖတ္ခဲ့ၾကျခင္းက ျဖစ္သင့္ပါရဲ႕လား။
ရန္ၿငိဳးရန္စမရွိဘဲ လူတစ္ေယာက္ကို ရက္ရက္စက္စက္သတ္ျဖတ္သူေတြရဲ႕လုပ္ရပ္က ဓမၼလား၊ အဓမၼလား။
အသတ္ခံရသူေတြရဲ႕ မိဘေဆြမ်ိဳး၊ မိတ္ေဆြသူငယ္ခ်င္းမ်ားရဲ႕ ေၾကကြဲဝမ္းနည္းမႈမ်ား၊ နာၾကည္းမုန္းတီးမႈမ်ားကို ေရာ ကိုယ္ခ်င္းစာနာမိၾကပါရဲ႕လားလို႔ ေမးလိုက္ခ်င္ပါတယ္။
စာသင္ေက်ာင္းေတြနဲ႔ပတ္သက္ၿပီးေတာ့ ကြၽန္ေတာ္တို႔အားလုံးမွာ ေမ့ေပ်ာက္လို႔မရႏိုင္တဲ့ ေက်ာင္းသားဘဝဆို တာရွိခဲ့ၾကသလို အနာဂတ္ကိုထုဆစ္မယ့္ လူငယ္ ေတြကို ေလ့က်င့္သင္ၾကားေပးရာ၊ ပညာရည္ႏို႔ေသာက္စို႔ၾကရာ ကြန္းခိုရိပ္ေတြ၊ ဥယ်ာဥ္ႀကီးေတြျဖစ္ပါတယ္။ ဒီလိုႏိုင္ငံရဲ႕ အနာဂတ္နဲ႔သက္ဆိုင္တဲ့ ဥယ်ာဥ္ႀကီးေတြကို မီးရႈိ႕ဖ်က္ဆီးၿပီး ဥယ်ာဥ္မႉးေတြကို သတ္ျဖတ္ေနၾကတာေတြ ျမင္ရၾကားရေတာ့ ကြၽန္ေတာ့္ ႏွလုံးသားကို သံခြၽန္နဲ႔ထိုးဆြသလိုပဲ နာက်င္ခံစားရပါတယ္။ ဆရာ/ဆရာမေတြဆိုတာ ကြၽန္ေတာ္တို႔ရဲ႕ ျမန္မာ့ယဥ္ေက်းမႈမွာ အနေႏၲာအနႏၲငါးပါးမွာ တစ္ပါးအပါအဝင္ျဖစ္သလို ကြၽန္ေတာ္တို႔ရဲ႕ အနာဂတ္မ်ိဳးဆက္သစ္ပန္းကေလးေတြကို ဖူးပြင့္ေစ ေမႊးႀကိဳင္ လန္းဆန္းေစသူေတြျဖစ္ပါတယ္။

မည္သည့္ႏိုင္ငံ၊ မည္သည့္ လူ႔အဖြဲ႕အစည္းမွာမဆို ႏိုင္ငံေရးအရ အျမင္မတူတာ ေတြ၊ သေဘာထားကြဲလြဲတာေတြ ရွိႏိုင္ပါတယ္။ သို႔ေသာ္လည္း ႏိုင္ငံေရးခံစားခ်က္ကေန အစြန္းေရာက္အေတြးအေခၚေတြဝင္လာၿပီး ကိုယ့္ႏိုင္ငံရဲ႕ အနာဂတ္ကို မိမိတို႔ကိုယ္တိုင္ ဖ်က္ဆီးေနၾကတာကေတာ့ အင္မတန္႐ုပ္ဆိုး အက်ည္းတန္တဲ့ ကိစၥရပ္ျဖစ္ပါတယ္။ အခုဆိုရင္ ဆရာ/ဆရာမေတြကို သတ္ျဖတ္တာ၊ စာသင္ေက်ာင္းေတြ မီးရႈိ႕တာတင္ မကေတာ့ဘဲ၊ စာသင္ေက်ာင္း ေတြကို စစ္စခန္းေတြေဆာက္တာ၊ စစ္ေရးေလ့က်င့္ခန္းျပဳလုပ္တဲ့ေနရာေတြအျဖစ္ အသုံးျပဳတာေတြကို စစ္ကိုင္း တိုင္းေဒသႀကီး၊ ထီးခ်ိဳင့္ ၿမိဳ႕နယ္က မာရသိမ္စာသင္ေက်ာင္းမွာ ျမင္ေတြ႕ခဲ့ရပါတယ္။

ႏိုင္ငံတကာဥပေဒစံႏႈန္းေတြအရၾကည့္မယ္ဆိုရင္လည္း ဒီလိုစာသင္ေက်ာင္းေတြနဲ႔ ဆရာ/ဆရာမေတြကို အၾကမ္းဖက္ေနၾကတဲ့လုပ္ရပ္ေတြဟာ လက္ခံႏိုင္စရာမရွိတဲ့ ကိစၥေတြျဖစ္ပါတယ္။ ၁၉၇၇ ခုႏွစ္က ျပ႒ာန္းခဲ့တဲ့ ဂ်ီနီဗာကြန္ဗင္းရွင္းရဲ႕ေနာက္ဆက္တြဲ Protocols ႏွစ္ခုမွာ ကေလးသူငယ္ေတြ၊ စာသင္ေက်ာင္းေတြနဲ႔ ပညာ သင္ၾကားမႈကိုကာကြယ္ဖို႔ “The two Additional Protocols to the Geneva Conventions outline further protections for children, schools, and education, including recognizing that receiving an education is a “fundamental guarantee” for children, even in situations of non-international armed conflict.” ဆိုၿပီး ထည့္သြင္းျပ႒ာန္းထားပါတယ္။ ဒီကိစၥနဲ႔ပတ္သက္ၿပီး ၂ဝဝ၉ ခုႏွစ္မွာလည္း ကုလသမဂၢ ကေလးသူငယ္မ်ား အခြင့္အေရးဆိုင္ရာေကာ္မတီ (United Nations Committee on the Rights of the Child-OHCHR) က ကေလးသူငယ္ေတြရဲ႕ အခြင့္အေရးကို ကာကြယ္ေစာင့္ေရွာက္မႈနဲ႔ပတ္သက္ၿပီး စာသင္ေက်ာင္းေတြကို တိုက္ခိုက္ တာေတြ၊ ဝင္ေရာက္စီးနင္းသိမ္းပိုက္တာမ်ိဳးေတြကို ကာကြယ္ဖို႔ တိုက္တြန္းႏႈိးေဆာ္ထားတာကို ေတြ႕ရပါတယ္။

ဒါ့အျပင္ ကုလသမဂၢဆိုင္ရာအဖြဲ႕အစည္းေတြျဖစ္တဲ့ United Nations Children’s Fund (UNICEF)၊ United Nations Educational, Scientific and Cultural Organization (UNESCO)၊ Office of the United Nations High Commissioner for Refugees (UNHCR) နဲ႔ အျခားေသာ ႏိုင္ငံတကာ အရပ္ဘက္လူမႈအဖြဲ႕အစည္းေတြ ပူးေပါင္းၿပီးတည္ေထာင္ထားတဲ့ Global Coalition to Protect Education from Attack-GCPEA ဆိုတဲ့ ႏိုင္ငံတကာအဖြဲ႕အစည္းတစ္ခုရွိပါတယ္။ ဒီအဖြဲ႕ကေန လက္နက္ ကိုင္ပဋိပကၡအတြင္းမွာ စာသင္ေက်ာင္းမ်ားနဲ႔ တကၠသိုလ္ေတြကို စစ္ေရးအတြက္ အသုံးျပဳျခင္းကေန ကာကြယ္ဖို႔နဲ႔ စာသင္ေက်ာင္းေတြကို တိုက္ခိုက္တာေတြ၊ ေက်ာင္းသား လူငယ္မ်ားနဲ႔ ဆရာ/ဆရာမေတြကို တိုက္ခိုက္တာေတြကို ကာကြယ္ဖို႔အတြက္ “Guidelines for Protecting Schools and Universities from Military Use During Armed Conflict” ကို ထုတ္ျပန္ထားပါတယ္။ ဒီလမ္းၫႊန္ခ်က္ေတြအရ ပညာေရးနဲ႔ဆိုင္တဲ့ ေနရာေတြကို စစ္ေရးရည္႐ြယ္ခ်က္အတြက္ အသုံးခ်လို႔မရသလို ေက်ာင္းအုပ္ခ်ဳပ္သူေတြကိုလည္း စာသင္ေက်ာင္းေတြကိုစြန႔္ခြာဖို႔ ဖိအားေပးအၾကပ္ကိုင္တာ၊ မက္လုံးေပး စည္း႐ုံး တာေတြေတာင္ လုပ္လို႔မရပါဘူး။

ကုလသမဂၢလုံၿခဳံေရးေကာင္စီရဲ႕ ၂ဝဝ၈ ခုႏွစ္မွာထုတ္ျပန္ခဲ့တဲ့ Resolution 2427 မွာလည္း လက္နက္ကိုင္ပဋိပကၡ ေၾကာင့္ စာသင္ေက်ာင္းေတြ၊ ေဆး႐ုံေတြ ပိတ္ထားရ ျခင္းကို ရႈံ႕ခ်ထားပါတယ္။ ေနာက္ၿပီး လက္နက္ကိုင္တိုက္ခိုက္ သူေတြအေနနဲ႔ ကေလးသူငယ္မ်ားရဲ႕ပညာသင္ၾကားခြင့္ေတြ၊ က်န္းမာေရးဝန္ေဆာင္မႈေတြနဲ႔ပတ္သက္ၿပီး အေႏွာင့္ အယွက္ျဖစ္ေစမယ့္လုပ္ရပ္ေတြကို ေရွာင္ၾကဥ္ဖို႔ တိုက္တြန္းထားပါတယ္။ ႏိုင္ငံတကာလူသားခ်င္းစာနာေထာက္ ထားမႈဥပေဒ (International Humanitarian Law) အရလည္း လက္နက္ကိုင္တိုက္ခိုက္သူေတြအေနနဲ႔ စာသင္ ေက်ာင္းေတြကို အသုံးမျပဳဖို႔၊ ကုလသမဂၢအဖြဲ႕ဝင္ႏိုင္ငံေတြက အစိုးရေတြအေနနဲ႔လည္း အၾကမ္းဖက္လက္နက္ ကိုင္တပ္ဖြဲ႕ေတြက စာသင္ေက်ာင္းေတြကို အသုံးျပဳတာကို ထိထိေရာက္ေရာက္တားဆီးေပးဖို႔၊ ကေလးမ်ားရဲ႕ ပညာသင္ၾကားခြင့္ကို အေႏွာင့္အယွက္မျပဳဖို႔ တိုက္တြန္း ထားတာကိုေတြ႕ရပါတယ္။

အခုျမန္မာႏိုင္ငံမွာ NUG/PDF ေတြ ေဆာင္႐ြက္ေနတဲ့ ကိစၥရပ္ေတြက ႏိုင္ငံတကာစံႏႈန္းေတြအရ လက္ခံႏိုင္စရာ မရွိသလို ျမန္မာႏိုင္ငံရဲ႕ဥပေဒေတြ၊ ယဥ္ေက်းမႈေတြအရလည္း လက္ခံလို႔မရတဲ့ကိစၥေတြျဖစ္ပါတယ္။ ျမန္မာႏိုင္ငံ မွာ ႏိုင္ငံေတာ္အစိုးရ၊ တပ္မေတာ္နဲ႔၊ တိုင္းရင္းသားလက္နက္ကိုင္တပ္ဖြဲ႕ေတြၾကားမွာ ၂ဝ၁၅ ခုႏွစ္က ခ်ဳပ္ဆိုခဲ့တဲ့ Nationwide Ceasefire Agreement (NCA)၊ အခန္း (၃) မွာ စာသင္ေက်ာင္းေတြကို စစ္ဘက္ဆိုင္ရာအတြက္ အသုံးမျပဳဖို႔၊ ကေလးသူငယ္မ်ား ပညာသင္ၾကားခြင့္ကို မေႏွာင့္ယွက္ဖို႔၊ စာသင္ေက်ာင္းေတြနဲ႔ ပညာေရးဆိုင္ရာ အေဆာက္အဦေတြကို မဖ်က္ဆီးဖို႔ဆိုတဲ့ အခ်က္ေတြပါဝင္ပါတယ္။
စာသင္ေက်ာင္းေတြကိုတိုက္ခိုက္တာ၊ ၿခိမ္းေျခာက္တာ၊ ဆရာ/ဆရာမေတြကို သတ္ျဖတ္တာေတြကို NUG/PDF အၾကမ္းဖက္သမားေတြနဲ႔ NCA ကိုမလိုက္နာတဲ့ တိုင္းရင္းသားလက္နက္ကိုင္အဖြဲ႕တစ္ခ်ိဳ႕က လုပ္ေဆာင္ေနၾကပါ တယ္။ ဒီလို အျပစ္မဲ့တဲ့ ဆရာ/ ဆရာမေတြကို လုပ္ႀကံသတ္ျဖတ္ေနတဲ့ NUG/PDF အၾကမ္းဖက္အဖြဲ႕ေတြရဲ႕ ဆိုး႐ြား တဲ့လုပ္ရပ္ေတြက ႏိုင္ငံနဲ႔ ကေလးသူငယ္ေတြရဲ႕အနာဂတ္ကို ဖ်က္ဆီးေနတဲ့ ဆင္ျခင္တုံ႔တရားကင္းမဲ့တဲ့ အျပဳအမူ ေတြျဖစ္ၿပီး ျမန္မာ့လူအဖြဲ႕အစည္းအပါအဝင္ ကမာၻေပၚမွာ မည္သည့္ႏိုင္ငံ မည္သည့္လူ႔အဖြဲ႕အစည္းကမွ လက္ခံႏိုင္ စရာမရွိတဲ့ အၾကမ္းဖက္လုပ္ရပ္မ်ားျဖစ္ပါတယ္။

ဒါေၾကာင့္ ႏိုင္ငံတကာအသိုက္အဝန္းအေနနဲ႔ CRPH၊ NUG၊ PDF နဲ႔ NLD အစြန္း ေရာက္သမားမ်ားရဲ႕ အၾကမ္းဖက္လုပ္ရပ္ေတြကို အားေပးေထာက္ခံျခင္း မျပဳလုပ္သင့္သလို ႏိုင္ငံတစ္ခုရဲ႕ အနာဂတ္ကို ရည္႐ြယ္ခ်က္ ရွိရွိ ဖ်က္ဆီးေနတဲ့ ပညာေရးက႑ အၾကမ္းဖက္တိုက္ခိုက္မႈမ်ားကို ဆန႔္က်င္ရႈံ႕ခ်တားဆီးေပးၾကရန္ လိုအပ္လွပါ တယ္။ သူတို႔ရဲ႕လုပ္ရပ္ေတြကို သက္ေသအေထာက္အထားခိုင္လုံစြာနဲ႔ UNCTED၊ INTERPOL၊ ASEANPOL အၾကမ္းဖက္မႈတန္ျပန္တိုက္ဖ်က္ေရးေကာ္မတီ၊ အိမ္နီးခ်င္းႏိုင္ငံမ်ား၊ ျပည္တြင္းရွိ သံ႐ုံးမ်ား၊ ႏိုင္ငံတကာအဖြဲ႕ အစည္းမ်ား၊ ျမန္မာႏိုင္ငံနဲ႔ အၾကမ္းဖက္မႈ တိုက္ဖ်က္ေရးပူးေပါင္းေဆာင္႐ြက္ဖို႔ နားလည္မႈစာခြၽန္လႊာ လက္မွတ္ ေရးထိုးထားတဲ့ အာဏာပိုင္မ်ားထံ သတင္းအခ်က္အလက္မ်ား ေပးပို႔ထားၿပီးျဖစ္တယ္လို႔ သိရပါတယ္။ ဒီလိုေပးပို႔ ထားတဲ့အခ်က္အလက္ေတြမွာ ပညာေရးက႑သာမက NUG/PDF အဖြဲ႕ေတြရဲ႕ အလုံးစုံပ်က္သုဥ္းေရးလမ္းစဥ္အရ ႏိုင္ငံတဝွမ္းပုံေဖာ္ေဆာင္႐ြက္ေနတဲ့ အၾကမ္းဖက္လုပ္ရပ္ပုံစံအမ်ိဳးမ်ိဳးျဖစ္တဲ့ အျပစ္မဲ့အရပ္သားေတြကို ရက္စက္ စြာသတ္ျဖတ္မႈေတြ၊ မိုင္းေထာင္ေဖာက္ခြဲမႈေတြ၊ ႏိုင္ငံပိုင္နဲ႔ ပုဂၢလိကပိုင္အေဆာက္အဦမ်ားကို ေဖာက္ခြဲမီးရႈိ႕ ဖ်က္ဆီးမႈေတြ ပါဝင္ပါတယ္။

ျဖစ္ရပ္မွန္အေထာက္အထားေတြ၊ မ်က္ျမင္သက္ေသေတြရဲ႕ထြက္ဆိုခ်က္ေတြ၊ ဗီဒီယိုမွတ္တမ္းေတြပါဝင္တဲ့ CRPH၊ NUG၊ PDF ေတြရဲ႕ အၾကမ္းဖက္လုပ္ရပ္ သတင္း ေပးပို႔ခ်က္ေတြကို မျမင္ခ်င္ေယာင္ေဆာင္၊ မသိခ်င္ေယာင္ေဆာင္ ေနတဲ့ ႏိုင္ငံအခ်ိဳ႕နဲ႔ ႏိုင္ငံတကာအဖြဲ႕အစည္းမ်ားဟာ အၾကမ္းဖက္ဝါဒကို အားေပးလက္ခံေနတယ္လို႔ ယူဆရမလို ျဖစ္ေနပါတယ္။
အထူးသျဖင့္ ဥပေဒနဲ႔အညီ အာဏာထိန္းၿပီး အေရးေပၚကာလ ႏိုင္ငံကို ထိန္းေက်ာင္း ေပးေနတဲ့ တပ္မေတာ္ကို ဖိအားေပးလိုတဲ့ ရည္႐ြယ္ခ်က္နဲ႔ အေနာက္ႏိုင္ငံတစ္ခ်ိဳ႕ရဲ႕ NUG၊ PDF မ်ားကို အသိအမွတ္ျပဳအားေပးလိုတဲ့ သေဘာထားျပသေနျခင္းဟာ အၾကမ္းဖက္ဝါဒ(Terrorism)ကို ပံ့ပိုးေပးေနသလိုျဖစ္ေနၿပီး ျမန္မာႏိုင္ငံရဲ႕ တည္ၿငိမ္ ေအးခ်မ္းေရးကို အေထာက္အကူမျပဳသူမ်ားျဖစ္ပါတယ္။
ဒီမိုကေရစီနဲ႔ လူ႔အခြင့္အေရးကိုတန္ဖိုးထားပါတယ္ဆိုတဲ့ ဒီမိုကေရစီဘိုးေအ ႏိုင္ငံႀကီးအခ်ိဳ႕ဟာ NUG ၊ PDF တို႔ရဲ႕ ျငင္းလို႔မရတဲ့ အၾကမ္းဖက္လုပ္ရပ္ေတြကို မသိ ခ်င္ေယာင္၊ မျမင္ခ်င္ေယာင္ေဆာင္ၿပီး ဒီမိုကေရစီလႈပ္ရွားသူမ်ား အျဖစ္ ပုံေဖာ္ေနမႈဟာ ဆရာမႀကီး ေဒၚလဲ့လဲ့တို႔လို အျပစ္မဲ့ အသတ္ခံရသူေတြအတြက္ တရားမွ်တမႈမရွိဘူးလို႔ ဆိုခ်င္ပါတယ္။

အစြန္းေရာက္ႏိုင္ငံေရးသမားေတြက ႏိုင္ငံေတာ္ဖြံ႕ၿဖိဳးတိုးတက္ေရးနဲ႔ ျပည္သူမ်ား တည္ၿငိမ္ေအးခ်မ္းေရးကို မ်က္ကြယ္ျပဳၿပီး ကိုယ့္ပါတီ အာဏာျပန္လည္ရရွိဖို႔ လက္နက္ကိုင္လမ္းစဥ္ကို ေ႐ြးခ်ယ္ခဲ့ၾကပါတယ္။ ဒါေၾကာင့္ တိုင္းျပည္ရဲ႕အနာဂတ္ လူငယ္ေတြ ဘဝေပါင္းေျမာက္မ်ားစြာ စေတးၿပီး အသုံးခ်ခံေနရတာက ႏိုင္ငံေတာ္အတြက္ အင္မတန္မွ ဆုံးရႈံးမႈႀကီးမားပါတယ္။ သူတို႔ရဲ႕အလုံးစုံပ်က္သုဥ္းေရးလမ္းစဥ္ေၾကာင့္ ျပည္သူအမ်ားစုရဲ႕ တည္ၿငိမ္ ေအးခ်မ္းမႈပ်က္စီးၿပီး မိသားစုဘဝေပါင္းေျမာက္မ်ားစြာ ထိခိုက္ပ်က္စီးမႈမ်ားကလည္း ဝမ္းနည္းဖြယ္ရာျဖစ္ရပ္ဆိုး ႀကီးျဖစ္ပါတယ္။ ဒီလိုလုပ္ရပ္ေတြကို ဘယ္သူေတြက ျပဳလုပ္ေနသလဲ၊ ဘယ္သူေတြက ေစခိုင္းေနသလဲဆိုတာ ေမးစရာမလိုေလာက္ေအာင္ ျမင္ေတြ႕ၾကားသိေနၾကရပါတယ္။ သက္ေသအေထာက္အထား မွတ္တမ္းမ်ား အခိုင္အမာရွိေနၿပီး သက္ဆိုင္ရာမ်ားကို ေပးပို႔ထားၿပီးလည္း ျဖစ္ပါတယ္။

ဒါ့ေၾကာင့္ ႏိုင္ငံတကာအသိုက္အဝန္းအေနနဲ႔ ျမန္မာႏိုင္ငံကို အမွန္တကယ္ တည္ၿငိမ္ ေအးခ်မ္းေစလိုတယ္ဆိုရင္ လတ္တေလာျဖစ္ေပၚေနတဲ့ အၾကမ္းဖက္သတ္ျဖတ္မႈျဖစ္စဥ္ ေတြကို မွန္မွန္ကန္ကန္ရႈျမင္သုံးသပ္ၿပီး ႏိုင္ငံေရး ရည္မွန္းခ်က္ေအာင္ျမင္ဖို႔ အၾကမ္းဖက္လမ္းစဥ္နဲ႔လုပ္ေဆာင္ေနၾကတဲ့ ျပည္တြင္း/ျပည္ပ အၾကမ္းဖက္သမားမ်ား ကို ဝိုင္းဝန္း ဆန႔္က်င္တားဆီးေပးၾကဖို႔ တိုက္တြန္းႏႈိးေဆာ္လိုက္ရပါတယ္။

Picture

Pyinnyar Nanda

02/04/2022 18:46

​ဆောင်းပါး ပြည့်စုံပြီး သိပ်​ကောင်းတယ်

Related news

© 2021. All rights reserved.