အစ္စရေးရဲ့တိုက်ခိုက်မှုကြောင့် ပါလက်စတိုင်း ဆယ်ကျော်သက်တစ်ဦးအပါအဝင် လူငယ်နှစ်ဦး သေဆုံး

 461

ရောင်နီ (NP News) - မတ် ၁၆
သိမ်းပိုက်ထားတဲ့ ပါလက်စတိုင်း အနောက်ဘက်ကမ်းနဲ့ Naqab (Negev) သဲကန္တာရတွင်း သီးခြားဖြစ်ရပ်များမှာ ဆယ်ကျော်သက်တစ်ဦးအပါအဝင် ပါလက်စတိုင်း သုံးဦးကို အစ္စရေးတပ်ဖွဲ့များက ပစ်သတ်ခဲ့တယ်လို့ သိရပါ တယ်။

မတ်လ ၁၅ ရက်၊ အင်္ဂါနေ့ အစောပိုင်းက နာဘလက်မြို့ မြောက်ပိုင်းရှိ ဘာလတာ ဒုက္ခသည်စခန်းကို အစ္စရေးမှ ဝင်ရောက်စီးနင်းမှုအတွင်း အသက် ၁၇ နှစ်အရွယ် နာဒါရာရမ်ဟာ ဦးခေါင်း၊ ရင်ဘတ်နဲ့ လက်ကို သေနတ်နဲ့ ပစ်ခတ်ခံရပြီး သေဆုံးသွားခဲ့တယ်လို့ ပါလက်စတိုင်းကျန်းမာရေးဝန်ကြီးဌာနက ပြောပါတယ်။

အခြား ပါလက်စတိုင်းနှစ်ဦး ဒဏ်ရာရရှိခဲ့ပြီး တစ်ဦးမှာ စိုးရိမ်ရတဲ့အခြေအနေမှာ ရှိနေကြောင်း ၎င်းကထပ် လောင်း ဆိုပါတယ်။ အစ္စရေးနယ်စပ် ရဲတပ်ဖွဲ့ပြောရေးဆိုခွင့်ရှိသူက ပါလက်စတိုင်းတစ်ဦး သေဆုံးကြောင်း အတည်ပြုခဲ့ပြီး “အကြမ်းဖက်သမားတစ်ယောက်က ကျွန်တော်တို့ရဲ့တပ်တွေကို ပစ်ခတ်သတ်ဖြတ်ခဲ့တယ်” လို့ ပြောကြားခဲ့ပါတယ်။

ဘာလာတာမြို့ကို အစ္စရေးဘက်မှ ဝင်ရောက်စီးနင်းရခြင်း ရည်ရွယ်ချက်ကတော့ ၎င်းတို့ လပေါင်းများစွာ အလိုရှိနေတဲ့ ပါလက်စတိုင်းနိုင်ငံသား အမ်မာ အာရာဖတ်ကို ဖမ်းဆီးဖို့ဖြစ်ပြီး အမ်မာရဲ့အိမ်ကိုလည်း အကြိမ် ပေါင်းများစွာ ဝင်ရောက်စီးနင်းခဲ့ကာ အိမ်ပြန်မလာရင် မိသားစုကိုသတ်ပစ်မယ်ဆိုတဲ့ခြိမ်းခြောက်မှုတွေလည်း ရှိခဲ့တယ်လို့ သိရပါတယ်။ ၎င်းကိုဖမ်းဆီးဖို့အတွက် အစ္စရေးတပ်ဖွဲ့များနဲ့ ပါလက်စတိုင်းသေနတ်သမားများ ထိပ်တိုက်ပစ်ခတ်မှုများဖြစ်ပွားခဲ့ပါတယ်။

တိုက်ခိုက်မှုတွေကြောင့် ဒုတိယသေဆုံးမှုကတော့ ဂျေရုဆလင်မြို့မြောက်ဘက်ရှိ ကွာလာမ်ဒီယာ ဒုက္ခသည် စခန်းမှာဖြစ်ပွားခဲ့ပြီး အသက် နှစ်ဆယ်ကျော်အရွယ် အလာလ်ရှာဟမ် ဦးခေါင်းကျည်မှန်ပြီး သေဆုံးသွားခဲ့ ကြောင်း ဝန်ကြီးဌာနက ပြောကြားခဲ့ပါတယ်။ မီးလောင်မှုကြောင့် အခြားပါလက်စတိုင်း ခြောက်ဦး ဒဏ်ရာရရှိခဲ့ တယ်လို့ သိရပါတယ်။ ကွာလာမ်ဒီယဟာ အရှေ့ဂျေရုဆလင်နဲ့ အနောက်ဘက်ကမ်းကြားရှိ အဓိက စစ်ဆေးရေး ဂိတ်မှာ တည်ရှိပါတယ်။

လူပြည့်ကျပ်နေတဲ့ဒုက္ခသည်စခန်းများသို့ အစ္စရေးတပ်ဖွဲ့ဝင်များရဲ့ မကြာခဏဝင်ရောက်စီးနင်းမှုများဟာ အပြစ်မဲ့ လူသေဆုံးမှုများ ဖြစ်ပေါ်စေခဲ့ပါတယ်။ ပါလက်စတိုင်း နိုင်ငံရေးပါတီများက မတ်လ ၁၅ ရက်၊ အင်္ဂါနေ့က ဖြစ်ပွားခဲ့တဲ့ အဆိုပါသတ်ဖြတ်မှုတွေကို ရှုတ်ချခဲ့ပြီး ပါလက်စတိုင်း လွတ်မြောက်ရေးတပ်ဦး (PFLP) က “ဘက်စုံ ခုခံခြင်းဟာ ရန်သူကိုတွန်းလှန်ဖို့ အထိရောက်ဆုံး နည်းလမ်းဖြစ်တယ်။ ပါလက်စတိုင်း စခန်းတွေ၊ ရွာတွေနဲ့ မြို့တွေမှာ အစ္စရေးသိမ်းပိုက်ထားတဲ့တပ်ဖွဲ့တွေနဲ့ ထိပ်တိုက်ရင်ဆိုင်ဖို့ ကျွန်တော်တို့ပြည်သူတွေနဲ့ ဆက်လက် တည်ရှိနေပါတယ်။ ဇီယွန်ဝါဒီတွေရဲ့ရန်စမှုတွေကိုရင်ဆိုင်ဖို့ ပိုမိုစည်းလုံးညီညွတ်ဖို့ တောင်းဆိုလိုတယ်” လို့ ပြော ကြားခဲ့ပါတယ်။

Zawgyi Version;
အစၥေရးရဲ႕တိုက္ခိုက္မႈေၾကာင့္ ပါလက္စတိုင္း ဆယ္ေက်ာ္သက္တစ္ဦးအပါအဝင္ လူငယ္ႏွစ္ဦး ေသဆံုး
ေရာင္နီ (NP News) - မတ္ ၁၆
သိမ္းပိုက္ထားတဲ့ ပါလက္စတိုင္း အေနာက္ဘက္ကမ္းနဲ႔ Naqab (Negev) သဲကႏၲာရတြင္း သီးျခားျဖစ္ရပ္မ်ားမွာ ဆယ္ေက်ာ္သက္တစ္ဦးအပါအဝင္ ပါလက္စတိုင္း သံုးဦးကို အစၥေရးတပ္ဖြဲ႕မ်ားက ပစ္သတ္ခဲ့တယ္လို႔ သိရပါ တယ္။

မတ္လ ၁၅ ရက္၊ အဂၤါေန႔ အေစာပိုင္းက နာဘလက္ၿမိဳ႕ ေျမာက္ပိုင္းရွိ ဘာလတာ ဒုကၡသည္စခန္းကို အစၥေရးမွ ဝင္ေရာက္စီးနင္းမႈအတြင္း အသက္ ၁၇ ႏွစ္အ႐ြယ္ နာဒါရာရမ္ဟာ ဦးေခါင္း၊ ရင္ဘတ္နဲ႔ လက္ကို ေသနတ္နဲ႔ ပစ္ခတ္ခံရၿပီး ေသဆုံးသြားခဲ့တယ္လို႔ ပါလက္စတိုင္းက်န္းမာေရးဝန္ႀကီးဌာနက ေျပာပါတယ္။

အျခား ပါလက္စတိုင္းႏွစ္ဦး ဒဏ္ရာရရွိခဲ့ၿပီး တစ္ဦးမွာ စိုးရိမ္ရတဲ့အေျခအေနမွာ ရွိေနေၾကာင္း ၎ကထပ္ ေလာင္း ဆိုပါတယ္။ အစၥေရးနယ္စပ္ ရဲတပ္ဖြဲ႕ေျပာေရးဆိုခြင့္ရွိသူက ပါလက္စတိုင္းတစ္ဦး ေသဆုံးေၾကာင္း အတည္ျပဳခဲ့ၿပီး “အၾကမ္းဖက္သမားတစ္ေယာက္က ကြၽန္ေတာ္တို႔ရဲ႕တပ္ေတြကို ပစ္ခတ္သတ္ျဖတ္ခဲ့တယ္” လို႔ ေျပာၾကားခဲ့ပါတယ္။

ဘာလာတာၿမိဳ႕ကို အစၥေရးဘက္မွ ဝင္ေရာက္စီးနင္းရျခင္း ရည္ရြယ္ခ်က္ကေတာ့ ၄င္းတို႔ လေပါင္းမ်ားစြာ အလိုရွိေနတဲ့ ပါလက္စတိုင္းႏိုင္ငံသား အမ္မာ အာရာဖတ္ကို ဖမ္းဆီးဖို႔ျဖစ္ၿပီး အမ္မာရဲ႕အိမ္ကိုလည္း အႀကိမ္ ေပါင္းမ်ားစြာ ဝင္ေရာက္စီးနင္းခဲ့ကာ အိမ္ျပန္မလာရင္ မိသားစုကိုသတ္ပစ္မယ္ဆိုတဲ့ၿခိမ္းေျခာက္မႈေတြလည္း ရိွခဲ့တယ္လို႔ သိရပါတယ္။ ၄င္းကိုဖမ္းဆီးဖို႔အတြက္ အစၥေရးတပ္ဖြဲ႕မ်ားနဲ႔ ပါလက္စတိုင္းေသနတ္သမားမ်ား ထိပ္တိုက္ပစ္ခတ္မႈမ်ားျဖစ္ပြားခဲ့ပါတယ္။

တိုက္ခိုက္မႈေတြေၾကာင့္ ဒုတိယေသဆုံးမႈကေတာ့ ေဂ်႐ုဆလင္ၿမိဳ႕ေျမာက္ဘက္ရွိ ကြာလာမ္ဒီယာ ဒုကၡသည္ စခန္းမွာျဖစ္ပြားခဲ့ၿပီး အသက္ ႏွစ္ဆယ္ေက်ာ္အရြယ္ အလာလ္ရွာဟမ္ ဦးေခါင္းက်ည္မွန္ၿပီး ေသဆုံးသြားခဲ့ ေၾကာင္း ဝန္ႀကီးဌာနက ေျပာၾကားခဲ့ပါတယ္။ မီးေလာင္မႈေၾကာင့္ အျခားပါလက္စတိုင္း ေျခာက္ဦး ဒဏ္ရာရရွိခဲ့ တယ္လို႔ သိရပါတယ္။ ကြာလာမ္ဒီယဟာ အေရွ႕ေဂ်႐ုဆလင္နဲ႔ အေနာက္ဘက္ကမ္းၾကားရွိ အဓိက စစ္ေဆးေရး ဂိတ္မွာ တည္ရွိပါတယ္။

လူျပည့္က်ပ္ေနတဲ့ဒုကၡသည္စခန္းမ်ားသို႔ အစၥေရးတပ္ဖြဲ႕ဝင္မ်ားရဲ႕ မၾကာခဏဝင္ေရာက္စီးနင္းမႈမ်ားဟာ အျပစ္မဲ့ လူေသဆုံးမႈမ်ား ျဖစ္ေပၚေစခဲ့ပါတယ္။ ပါလက္စတိုင္း ႏိုင္ငံေရးပါတီမ်ားက မတ္လ ၁၅ ရက္၊ အဂၤါေန႔က ျဖစ္ပြားခဲ့တဲ့ အဆိုပါသတ္ျဖတ္မႈေတြကို ႐ႈတ္ခ်ခဲ့ၿပီး ပါလက္စတိုင္း လြတ္ေျမာက္ေရးတပ္ဦး (PFLP) က “ဘက္စံု ခုခံျခင္းဟာ ရန္သူကိုတြန္းလွန္ဖို႔ အထိေရာက္ဆံုး နည္းလမ္းျဖစ္တယ္။ ပါလက္စတိုင္း စခန္းေတြ၊ ရြာေတြနဲ႔ ၿမိဳ႕ေတြမွာ အစၥေရးသိမ္းပိုက္ထားတဲ့တပ္ဖြဲ႕ေတြနဲ႔ ထိပ္တိုက္ရင္ဆိုင္ဖို႔ ကြၽန္ေတာ္တို႔ျပည္သူေတြနဲ႔ ဆက္လက္ တည္ရိွေနပါတယ္။ ဇီယြန္ဝါဒီေတြရဲ႕ရန္စမႈေတြကိုရင္ဆိုင္ဖို႔ ပိုမိုစည္းလံုးညီၫြတ္ဖို႔ ေတာင္းဆိုလိုတယ္” လို႔ ေျပာ ၾကားခဲ့ပါတယ္။

Related news

© 2021. All rights reserved.