Blackpink အဖွဲ့ဝင် လီဆာရဲ့ ဝီစကီကြော်ငြာတွေကို မျှဝေခြင်းမပြုဖို့ ထိုင်းအစိုးရက သတိပေး

 2022

ရောင်နီ (NP News) - မတ် ၁၇
ကမ္ဘာကျော် K-POP အဖွဲ့တစ်ဖွဲ့ဖြစ်တဲ့ Blackpink ရဲ့ စူပါစတား လီဆာ ရိုက်ကူးကြော်ငြာခဲ့တဲ့ Scotch ဝီစကီ အမှတ်တံဆိပ်ကြောငြာပုံများကို ပို့စ်တင်ကာ ပြန်လည်မျှဝေသူတွေကို အရေးယူသွားမယ်လို့ အရက်သေစာ ထိန်းချုပ်ရေးကော်မတီရုံးက ဆိုပါတယ်။

ဆိုရှယ်မီဒီယာပေါ်မှာ အဆိုပါ တားမြစ်ထားတဲ့ရုပ်ပုံများ ဖြန့်ဝေသူတိုင်းကို စုံစမ်းစစ်ဆေးဖို့ ရောဂါထိန်းချုပ်ရေး ဌာနက ကော်မတီဒါရိုက်တာ Niphon Chinanonthawes ကို တာဝန်ပေးအပ်ထားကြောင်း Post Today မှ ဖော်ပြချက်အရ သိရပါတယ်။

ထိုင်းနိုင်ငံဖွား K-pop စူပါစတား လီဆာဟာ လက်ရှိ ကမ္ဘာလုံးဆိုင်ရာ Brand အမျိုးမျိုးမှာလည်း photo model အဖြစ် လုပ်ဆောင်နေပြီး အခုလည်း Scotch ဝီစကီကုမ္ပဏီရဲ့ အာရှသံတမန်အဖြစ် ခန့်အပ်ခြင်းခံရပါတယ်။ ဒါ့ကြောင့် လီဆာရဲ့ ကြော်ငြာဓာတ်ပုံတွေနဲ့ ဗီဒီယိုတွေဟာ ဆိုရှယ်မီဒီယာမှာ ပျံ့နှံ့နေလျက်ရှိပါတယ်။

ဒါပေမယ့်လည်း ထိုင်းနိုင်ငံ မီဒီယာအားလုံးမှာ အရက်သေစာနဲ့ ပတ်သက်တဲ့ကြော်ငြာအားလုံးကို ပိတ်ပင်ထား တာဖြစ်တဲ့အတွက်ကြောင့် အဆိုပါကြော်ငြာတွေကို မျှဝေမယ်ဆိုရင်တော့ စည်းမျည်းစည်းကမ်း ချိုးဖောက်မှုနဲ့ ဒဏ်ငွေအဖြစ် ဘတ်ငွေ ငါးသိန်း (သို့မဟုတ်) ထောင်ဒဏ် တစ်နှစ် (သို့မဟုတ်) ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်နိုင်တယ်လို့် သိရပါတယ်။

Zawgyi Version;
Blackpink အဖြဲ႕ဝင္ လီဆာရဲ႕ ဝီစကီေၾကာ္ျငာေတြကို မွ်ေဝျခင္းမျပဳဖို႔ ထိုင္းအစိုးရက သတိေပး
ေရာင္နီ (NP News) - မတ္ ၁၇
ကမာၻေက်ာ္ K-POP အဖြဲ႕တစ္ဖြဲ႕ျဖစ္တဲ့ Blackpink ရဲ႕ စူပါစတား လီဆာ ရိုက္ကူးေၾကာ္ျငာခဲ့တဲ့ Scotch ဝီစကီ အမွတ္တံဆိပ္ေၾကာျငာပုံမ်ားကို ပို႔စ္တင္ကာ ျပန္လည္မွ်ေဝသူေတြကို အေရးယူသြားမယ္လို႔ အရက္ေသစာ ထိန္းခ်ဳပ္ေရးေကာ္မတီ႐ုံးက ဆိုပါတယ္။

ဆိုရွယ္မီဒီယာေပၚမွာ အဆိုပါ တားျမစ္ထားတဲ့႐ုပ္ပုံမ်ား ျဖန႔္ေဝသူတိုင္းကို စုံစမ္းစစ္ေဆးဖို႔ ေရာဂါထိန္းခ်ဳပ္ေရး ဌာနက ေကာ္မတီဒါ႐ိုက္တာ Niphon Chinanonthawes ကို တာဝန္ေပးအပ္ထားေၾကာင္း Post Today မွ ေဖာ္ျပခ်က္အရ သိရပါတယ္။

ထိုင္းႏိုင္ငံဖြား K-pop စူပါစတား လီဆာဟာ လက္ရွိ ကမာၻလုံးဆိုင္ရာ Brand အမ်ိဳးမ်ိဳးမွာလည္း photo model အျဖစ္ လုပ္ေဆာင္ေနၿပီး အခုလည္း Scotch ဝီစကီကုမၸဏီရဲ႕ အာရွသံတမန္အျဖစ္ ခန႔္အပ္ျခင္းခံရပါတယ္။ ဒါ့ေၾကာင့္ လီဆာရဲ႕ ေၾကာ္ျငာဓာတ္ပုံေတြနဲ႔ ဗီဒီယိုေတြဟာ ဆိုရွယ္မီဒီယာမွာ ပ်ံ႕ႏွံ႔ေနလ်က္ရွိပါတယ္။

ဒါေပမယ့္လည္း ထိုင္းႏိုင္ငံ မီဒီယာအားလုံးမွာ အရက္ေသစာနဲ႔ ပတ္သက္တဲ့ေၾကာ္ျငာအားလုံးကို ပိတ္ပင္ထား တာျဖစ္တဲ့အတြက္ေၾကာင့္ အဆိုပါေၾကာ္ျငာေတြကို မွ်ေဝမယ္ဆိုရင္ေတာ့ စည္းမ်ည္းစည္းကမ္း ခ်ိဳးေဖာက္မႈနဲ႔ ဒဏ္ေငြအျဖစ္ ဘတ္ေငြ ငါးသိန္း (သို႔မဟုတ္) ေထာင္ဒဏ္ တစ္ႏွစ္ (သို႔မဟုတ္) ဒဏ္ႏွစ္ရပ္လုံးျဖစ္ေစ ခ်မွတ္ႏိုင္တယ္လို႔္ သိရပါတယ္။

Related news

© 2021. All rights reserved.