ပဲခူးတိုင်းတွင် ကုန်ထုတ်လုပ်မှု စဉ်ဆက်မပြတ်တိုးတက်စေရေးအတွက် စက်ရုံများအလိုက် တစ်ပိုင်တစ်နိုင် ဆိုလာတပ်ဆင်သုံးစွဲနိုင်ရေး ဆောင်ရွက်ပေးသွားရမည်

 89

စော(NP News)- အောက်တိုဘာ ၂
လယ်ယာကဏ္ဍအတွက် ကုန်ထုတ်လုပ်မှု စဉ်ဆက်မပြတ် တိုးတက်စေရေး စက်ရုံများအလိုက် တစ်ပိုင်တစ်နိုင် ဆိုလာတပ်ဆင်သုံးစွဲနိုင်ရေး ဆောင်ရွက် ပေးသွားရမှာဖြစ်ကြောင်း ပဲခူးတိုင်းဒေသကြီးရင်းနှီးမြှုပ်နှံမှုကော်မတီ ဥက္ကဋ္ဌ၊ ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက ယမန်နေ့ (အောက်တိုဘာ ၁ရက်နေ့)က ပဲခူးတိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုကော်မတီ အစည်းအဝေးတွင်ထည့်သွင်း ပြောကြားခဲ့ခြင်းဖြစ်သည်။
ပြည်တွင်း၊ ပြည်ပ အကြီးစားရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများနှင့်ပတ်သက်၍ လုပ်ငန်းအမျိုးအစား (၇)ခုရှိပြီး စက်မှုကဏ္ဍတိုးတက်မှုနှင့်အတူ လျှပ်စစ်စွမ်းအင်ကဏ္ဍ၊ မွေးမြူရေးနှင့်ရေလုပ်ငန်းကဏ္ဍ၊ လယ်ယာကဏ္ဍများလည်း ရင်းနှီးမြှုပ်နှံမှုတိုးတက်အောင် ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။
ထို့ပြင် ပြည်တွင်း၊ ပြည်ပ ရင်းနှီးမြှုပ်နှံမှုများတွင် ဒေသထွက်ကုန်ကြမ်းပစ္စည်းများကို အခြေခံပြီး ပြည်ပသို့ ကုန်ချောပစ္စည်း တင်ပို့နိုင်ရန်အတွက် ဒေသတွင်းကုန်ကြမ်းပစ္စည်းများ၏ ထုတ်လုပ်မှုအရည်အသွေးကို ခေတ်နှင့်အညီ ဘက်စုံမြှင့်တင်ပေးသွားရမည်ဖြစ်ကြောင်းနှင့် လယ်ယာကဏ္ဍအတွက် ဓါတ်မြေဩဇာ သွင်းအားစုထုတ်လုပ်သည့် ကုမ္ပဏီများ လာရောက် ရင်းနှီးမြှုပ်နှံနိုင်ရေး ချိတ်ဆက်ဆောင်ရွက်သွားရမှာဖြစ်သလို ကုန်ထုတ်လုပ်မှု စဉ်ဆက်မပြတ် တိုးတက်စေရေး စက်ရုံများအလိုက် တစ်ပိုင်တစ်နိုင် ဆိုလာတပ်ဆင်သုံးစွဲနိုင်ရေး ဆောင်ရွက် ပေးသွားရမည်ဖြစ်ကြောင်း ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက ပြောသည်။
စက်မှုလုပ်ငန်းများနှင့်ပတ်သက်၍ အန္တရာယ်ရှိနိုင်သည့် စွန့်ပစ်ပစ္စည်းများအား သက်ဆိုင်ရာ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန၏ သတ်မှတ်နည်းလမ်းအတိုင်း ဖျက်ဆီးစွန့်ပစ် သွားရမည်ဖြစ်ပြီး ပဲခူး၊ သနပ်ပင်၊ ကဝ၊ ဝေါမြို့နယ်တို့သည် ငါးမွေးကန်များ၊ သဘာဝချောင်းမြောင်း အင်းအိုင် ပေါများသည့်ဒေသဖြစ်၍ ရေထွက်ကုန်ပစ္စည်းများအား တန်ဖိုးမြှင့်ထုတ်ကုန်အဖြစ် ထုတ်လုပ် နိုင်သည့် အအေးခန်းစက်ရုံများ၊ ဆီသွပ်ဗူးစက်ရုံများ လာရောက်ဆောင်ရွက်နိုင်ရေး ဖိတ်ခေါ်ဆောင်ရွက်သွား ရမှာဖြစ်ကြောင်းနှင့် ဒေသတွင်း အလုပ်အကိုင်အခွင့်အလမ်းများ စဉ်ဆက်မပြတ် တိုးတက်စေရေးနှင့် ထိုက်သင့်သည့် လုပ်ခလစာရရှိရေး တာဝန်ရှိသူများက ကြိုးစားဆောင်ရွက်ပေးကြစေလိုကြောင်းလည်း ထပ်မံပြောကြားခဲ့သည်။
ပဲခူးတိုင်းဒေသကြီးအတွင်းသို့ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ(၁)ရက်နေ့မှစ၍ ယမန်နေ့ (အောက်တိုဘာ ၁ရက်)နေ့အထိ နိုင်ငံခြား ရင်းနှီး မြှုပ်နှံမှု အမေရိကန်ဒေါ်လာ(၂၁၂.၅၆၅)သန်း၊ နိုင်ငံသားရင်းနှီးမြှုပ်နှံမှု ငွေကျပ်(၂၁၂၈၀၀.၇၉၅)သန်းနှင့် အလုပ်အကိုင်အခွင့်အလမ်း(၁၄၀၆၃)ဦး ဖန်တီးနိုင်ခဲ့ကြောင်းသိရသည်။

Zawgyi Version:
ပဲခူးတိုင္းတြင္ ကုန္ထုတ္လုပ္မႈ စဥ္ဆက္မျပတ္တိုးတက္ေစေရးအတြက္ စက္႐ုံမ်ားအလိုက္ တစ္ပိုင္တစ္ႏိုင္ ဆိုလာတပ္ဆင္သုံးစြဲႏိုင္ေရး ေဆာင္႐ြက္ေပးသြားရမည္
ေစာ(NP News)- ေအာက္တိုဘာ ၂
လယ္ယာက႑အတြက္ ကုန္ထုတ္လုပ္မႈ စဥ္ဆက္မျပတ္ တိုးတက္ေစေရး စက္႐ုံမ်ားအလိုက္ တစ္ပိုင္တစ္ႏိုင္ ဆိုလာတပ္ဆင္သုံးစြဲႏိုင္ေရး ေဆာင္႐ြက္ ေပးသြားရမွာျဖစ္ေၾကာင္း ပဲခူးတိုင္းေဒသႀကီးရင္းႏွီးျမႇဳပ္ႏွံမႈေကာ္မတီ ဥကၠ႒၊ ဝန္ႀကီးခ်ဳပ္ ဦးမ်ိဳးေဆြဝင္းက ယမန္ေန႔ (ေအာက္တိုဘာ ၁ရက္ေန႔)က ပဲခူးတိုင္းေဒသႀကီး ရင္းႏွီးျမႇဳပ္ႏွံမႈေကာ္မတီ အစည္းအေဝးတြင္ထည့္သြင္း ေျပာၾကားခဲ့ျခင္းျဖစ္သည္။
ျပည္တြင္း၊ ျပည္ပ အႀကီးစားရင္းႏွီးျမႇဳပ္ႏွံမႈလုပ္ငန္းမ်ားႏွင့္ပတ္သက္၍ လုပ္ငန္းအမ်ိဳးအစား (၇)ခုရွိၿပီး စက္မႈက႑တိုးတက္မႈႏွင့္အတူ လွ်ပ္စစ္စြမ္းအင္က႑၊ ေမြးျမဴေရးႏွင့္ေရလုပ္ငန္းက႑၊ လယ္ယာက႑မ်ားလည္း ရင္းႏွီးျမႇဳပ္ႏွံမႈတိုးတက္ေအာင္ ေဆာင္႐ြက္သြားရမည္ျဖစ္ေၾကာင္း ေျပာၾကားခဲ့သည္။
ထို႔ျပင္ ျပည္တြင္း၊ ျပည္ပ ရင္းႏွီးျမႇဳပ္ႏွံမႈမ်ားတြင္ ေဒသထြက္ကုန္ၾကမ္းပစၥည္းမ်ားကို အေျခခံၿပီး ျပည္ပသို႔ ကုန္ေခ်ာပစၥည္း တင္ပို႔ႏိုင္ရန္အတြက္ ေဒသတြင္းကုန္ၾကမ္းပစၥည္းမ်ား၏ ထုတ္လုပ္မႈအရည္အေသြးကို ေခတ္ႏွင့္အညီ ဘက္စုံျမႇင့္တင္ေပးသြားရမည္ျဖစ္ေၾကာင္းႏွင့္ လယ္ယာက႑အတြက္ ဓါတ္ေျမဩဇာ သြင္းအားစုထုတ္လုပ္သည့္ ကုမၸဏီမ်ား လာေရာက္ ရင္းႏွီးျမႇဳပ္ႏွံႏိုင္ေရး ခ်ိတ္ဆက္ေဆာင္႐ြက္သြားရမွာျဖစ္သလို ကုန္ထုတ္လုပ္မႈ စဥ္ဆက္မျပတ္ တိုးတက္ေစေရး စက္႐ုံမ်ားအလိုက္ တစ္ပိုင္တစ္ႏိုင္ ဆိုလာတပ္ဆင္သုံးစြဲႏိုင္ေရး ေဆာင္႐ြက္ ေပးသြားရမည္ျဖစ္ေၾကာင္း ဝန္ႀကီးခ်ဳပ္ ဦးမ်ိဳးေဆြဝင္းက ေျပာသည္။
စက္မႈလုပ္ငန္းမ်ားႏွင့္ပတ္သက္၍ အႏၲရာယ္ရွိႏိုင္သည့္ စြန႔္ပစ္ပစၥည္းမ်ားအား သက္ဆိုင္ရာ သဘာဝပတ္ဝန္းက်င္ထိန္းသိမ္းေရးဦးစီးဌာန၏ သတ္မွတ္နည္းလမ္းအတိုင္း ဖ်က္ဆီးစြန႔္ပစ္ သြားရမည္ျဖစ္ၿပီး ပဲခူး၊ သနပ္ပင္၊ ကဝ၊ ေဝါၿမိဳ႕နယ္တို႔သည္ ငါးေမြးကန္မ်ား၊ သဘာဝေခ်ာင္းေျမာင္း အင္းအိုင္ ေပါမ်ားသည့္ေဒသျဖစ္၍ ေရထြက္ကုန္ပစၥည္းမ်ားအား တန္ဖိုးျမႇင့္ထုတ္ကုန္အျဖစ္ ထုတ္လုပ္ ႏိုင္သည့္ အေအးခန္းစက္႐ုံမ်ား၊ ဆီသြပ္ဗူးစက္႐ုံမ်ား လာေရာက္ေဆာင္႐ြက္ႏိုင္ေရး ဖိတ္ေခၚေဆာင္႐ြက္သြား ရမွာျဖစ္ေၾကာင္းႏွင့္ ေဒသတြင္း အလုပ္အကိုင္အခြင့္အလမ္းမ်ား စဥ္ဆက္မျပတ္ တိုးတက္ေစေရးႏွင့္ ထိုက္သင့္သည့္ လုပ္ခလစာရရွိေရး တာဝန္ရွိသူမ်ားက ႀကိဳးစားေဆာင္႐ြက္ေပးၾကေစလိုေၾကာင္းလည္း ထပ္မံေျပာၾကားခဲ့သည္။
ပဲခူးတိုင္းေဒသႀကီးအတြင္းသို႔ ၂၀၂၁ ခုႏွစ္၊ ေဖေဖာ္ဝါရီလ(၁)ရက္ေန႔မွစ၍ ယမန္ေန႔ (ေအာက္တိုဘာ ၁ရက္)ေန႔အထိ ႏိုင္ငံျခား ရင္းႏွီး ျမႇဳပ္ႏွံမႈ အေမရိကန္ေဒၚလာ(၂၁၂.၅၆၅)သန္း၊ ႏိုင္ငံသားရင္းႏွီးျမႇဳပ္ႏွံမႈ ေငြက်ပ္(၂၁၂၈၀၀.၇၉၅)သန္းႏွင့္ အလုပ္အကိုင္အခြင့္အလမ္း(၁၄၀၆၃)ဦး ဖန္တီးႏိုင္ခဲ့ေၾကာင္းသိရသည္။

Related news

© 2021. All rights reserved.