မြိတ်လေဆိပ်အဆင့်မြှင့်တင်ပြီးလျှင် တရုတ်သို့ ရေထွက်ကုန် ပစ္စည်းများ အကောင်လိုက် အရှင် တိုက်ရိုက်တင်ပို့ နိုင်ရန် လုပ်ငန်းရှင်များ မျှော်လင့်

147

Pearl (NP News) - အောက်တိုဘာလ ၂
မြိတ်လေဆိပ်အဆင့်မြှင့်တင်ပြီးလျှင် တရုတ်သို့ ရေထွက်ကုန်ပစ္စည်းများ အကောင်လိုက် အရှင် တိုက်ရိုက်တင်ပို့နိုင်ရန် လုပ်ငန်းရှင်များမျှော် လင့်နေကြောင်း NP News က မေး မြန်းထားသောအချက်အလက်များအရသိရသည်။
လက်ရှိတွင် တနင်္သာရီတိုင်းဒေသကြီးမှ ထွက်ရှိသည့်ငါးများကို ထိုင်းနိုင်ငံသို့ အဓိကတင်ပို့နေ ပြီး ကျောက်ပုစွန် အရှင်၊ ကင်းပုစွန် အရှင် စသည့်ရေ ထွက်ကုန်များကို ထိုင်းနိုင်ငံမှတစ်ဆင့် တရုတ်နိုင်ငံ သို့လည်းကောင်း၊ အေးခဲထားသည့်ပုစွန်များကို ဂျပန် နိုင်ငံသို့လည်းကောင်း တင်ပို့နေကြောင်းသိရသည်။
ပြီးခဲ့သည့် (၂၀၂၄ - ၂၀၂၅)ဘဏ္ဍာနှစ် တွင်လည်း တစ်နိုင်ငံလုံးအတိုင်းအတာအနေဖြင့် ရေ ထွက်ကုန်တင်ပို့မှုမှ ဒေါ်လာ သန်း(၇၀ဝ)ကျော်ရရှိခဲ့ ပြီး တနင်္သာရီတိုင်းအနေဖြင့် တန်ချိန် (၂၈၅၀ဝဝ)ကျော်တင်ပို့နိုင်ခဲ့ကာ အမေရိကန်ဒေါ်လာ (၃၀၃.၆၂၈) သန်းရရှိခဲ့ကြောင်းလည်း သိရသည်။
ထို့ပြင် တနင်္သာရီတိုင်းဒေသကြီးမှ ရေ ထွက်ကုန်များကို Cargo လေယာဉ်ကြီးများဖြင့် ပိုမို တင်ပို့နိုင်ရေးအတွက် လေယာဉ်ကြီးများဆင်းသက် နိုင်သည့်လေဆိပ်အဖြစ် မြိတ်လေဆိပ်ကို အဆင့်မြှင့် တင်ရန် ဆောင်ရွက်နေကြောင်းလည်း သိရသည်။
“ Cargo လေယာဉ်ကြီးတွေ ဆင်းနိုင် အောင် ၊ Cargo လေယာဉ်ကြီးတွေ ဆင်းမယ်ဆိုရင် တရုတ်နိုင်ငံ ချန်ဒူးတို့ ချုံချင့်တို့ကို ရေထွက်ပစ္စည်း တွေ တင်ပို့နိုင်တာပေါ့နော်။ Cargo လေယာဉ်ကြီး တွေ ဆင်းနိုင်အောင်လည်း လေယာဉ်ပြေးလမ်းတွေ တိုးချဲ့ပေးဖို့ တင်ပြတဲ့အထဲပါတယ်။ အဲဒီ Cargo လေယာဉ်ကြီးတွေ လေယာဉ်တွေဆင်းရင် ဒီက ငါး၊ ပုစွန်ကို အရှင်တွေလည်း ၊ ကျောက်ပုစွန်၊ ကင်းပုစွန်၊ တို့ အခုလက်ရှိ မွေးနေတဲ့ ပုစွန်တို့ အရှင်တင်ပို့နိုင်တာ ပေါ့နော် တရုတ်ပြည်ကို။ နိုင်ငံတော်ကလည်း အခု ချန်ဒူးနဲ့ ချိုချင့်ကို တစ်ပတ်မှ (၃)ရက်၊ (၄) ရက် ပြေးဆွဲနေတာရှိတယ်လို့ သိရတယ်။ မြိတ်မှာလည်း အဲဒီလို လာဆင်းပေးနိုင်ရင်တော့ တင်ပို့နိုင်တာပေါ့။ လေယာဉ်ကွင်းလည်း အဆင့်မြှင့်ပေးရမှာပေါ့နော်။ အပြည်ပြည်ဆိုင်ရာကွင်းဖြစ်မှလည်း နိုင်ငံတကာက လာဆင်းလို့ရမှာပေါ့။ အပြည်ပြည်ဆိုင်ရာကွင်းဖြစ်ရင် လေယာဉ်တိုက်ရိုက်ဆင်းမယ်။ ကုန်တင်ပြီးတော့ တစ်ခါတည်း ချန်ဒူးတို့ ချုံချင့်တို့သွားမယ်ဆို လုပ်ငန်း ရှင်တွေ ပိုအဆင်ပြေမှာပေါ့နော်။ အရှင်ဆိုတော့ ဈေး လည်း ပိုရတာပေါ့နော်။ အခု တပ်ချုပ်ခရီးစဉ်မှာ တင် ပြလိုက်တော့ တစ်ခါတည်း မပြန်ခင် လေဆိပ်မှာ ပို့ ဆောင်ရေးက ဒုဝန်ကြီးပါလာတယ်လေ။ သူပြော သွားတာကြားတယ် မြှင့်တင်ပေးဖို့။ လေဆိပ်ကို မြှင့် တင်ပေးမှာပေါ့နော်။ ဘယ်တော့လဲဆိုတာ မသိသေး ဘူး” ဟု ငါးလုပ်ငန်းအဖွဲ့ချုပ်မှ တာဝန်ရှိသူ တစ်ဦး NP News သို့ပြောသည်။
ထိုသို့ မြိတ်လေဆိပ်ကို အဆင့်မြှင့်တင် ဆောင်ရွက်နိုင်ပါက ပုစွန်အရှင်များကို တရုတ်သို့ တိုက်ရိုက်တင်ပို့နိုင်မည်ဖြစ်သည့်အတွက် ပိုမိုဈေး ကောင်းရရှိနိုင်ပြီး ဝင်ငွေပိုတိုးနိုင်ကြောင်းလည်း သိရ သည်။ အလားတူ ရေထွက်ကုန်များကို ကုန်ချော အဖြစ်တင်ပို့နိုင်ရန် မြိတ်မြို့၌ ငါးလေလံဈေးနှင့် စက်မှုဇုန်တည်ထောင်၍ အေးခဲစက်ရုံကြီးများတည်ဆောက်ရန်အတွက်လည်း ဆွေးနွေးညှိနှိုင်းမှုများ ဆောင်ရွက်နေကြောင်းလည်း သိရသည်။
“ကျွန်တော်တို့က ငါးတွေကို ကုန်ကြမ်း အနေနဲ့ ပို့နေရတာပေါ့။ မြိတ်မှာက လျှပ်စစ်မီးက ဈေးကြီးတယ်လေ။ ဈေးကြီးတော့ အေးခဲစက်ရုံလည်း မလုပ်နိုင်တော့ ကုန်ကြမ်းအနေနဲ့ပဲ အခုလက်ရှိ တင်ပို့ရတာပေါ့။ နိုင်ငံတော်အကြီးအကဲကိုတော့ တင် ပြပြီးတော့ အေးခဲတဲ့စက်ရုံတွေဆောက်ဖို့လုပ်နေ တယ်။ လျှပ်စစ်မီး ဈေးပေါပေါရရင် ကုန်ကြမ်းအားလုံး ကုန်ချော ဖြစ်သွားမှာ။ ကုန်ချောဖြစ်ရင် နိုင်ငံတော် လည်း ဝင်ငွေ ပိုရမှာပေါ့နော်။ ကုန်ကြမ်းက ဒေါ်လာ သန်း (၃၀ဝ)ဆို ကုန်ချောဆိုရင် သန်း (၆၀ဝ)၊ (၇၀ဝ) ရတာပေါ့” ဟု ၎င်းက ဆက်လက်ပြောသည်။

Zawgyi Version:
ၿမိတ္ေလဆိပ္အဆင့္ျမႇင့္တင္ၿပီးလွ်င္ တ႐ုတ္သို႔ ေရထြက္ကုန္ ပစၥည္းမ်ား အေကာင္လိုက္ အရွင္ တိုက္႐ိုက္တင္ပို႔ ႏိုင္ရန္ လုပ္ငန္းရွင္မ်ား ေမွ်ာ္လင့္
Pearl (NP News) - စက္တင္ဘာလ ၂
ၿမိတ္ေလဆိပ္အဆင့္ျမႇင့္တင္ၿပီးလွ်င္ တ႐ုတ္သို႔ ေရထြက္ကုန္ပစၥည္းမ်ား အေကာင္လိုက္ အရွင္ တိုက္႐ိုက္တင္ပို႔ႏိုင္ရန္ လုပ္ငန္းရွင္မ်ားေမွ်ာ္ လင့္ေနေၾကာင္း NP News က ေမး ျမန္းထားေသာအခ်က္အလက္မ်ားအရသိရသည္။
လက္ရွိတြင္ တနသၤာရီတိုင္းေဒသႀကီးမွ ထြက္ရွိသည့္ငါးမ်ားကို ထိုင္းႏိုင္ငံသို႔ အဓိကတင္ပို႔ေန ၿပီး ေက်ာက္ပုစြန္ အရွင္၊ ကင္းပုစြန္ အရွင္ စသည့္ေရ ထြက္ကုန္မ်ားကို ထိုင္းႏိုင္ငံမွတစ္ဆင့္ တ႐ုတ္ႏိုင္ငံ သို႔လည္းေကာင္း၊ ေအးခဲထားသည့္ပုစြန္မ်ားကို ဂ်ပန္ ႏိုင္ငံသို႔လည္းေကာင္း တင္ပို႔ေနေၾကာင္းသိရသည္။
ၿပီးခဲ့သည့္ (၂၀၂၄ - ၂၀၂၅)ဘ႑ာႏွစ္ တြင္လည္း တစ္ႏိုင္ငံလုံးအတိုင္းအတာအေနျဖင့္ ေရ ထြက္ကုန္တင္ပို႔မႈမွ ေဒၚလာ သန္း(၇၀ဝ)ေက်ာ္ရရွိခဲ့ ၿပီး တနသၤာရီတိုင္းအေနျဖင့္ တန္ခ်ိန္ (၂၈၅၀ဝဝ)ေက်ာ္တင္ပို႔ႏိုင္ခဲ့ကာ အေမရိကန္ေဒၚလာ (၃၀၃.၆၂၈) သန္းရရွိခဲ့ေၾကာင္းလည္း သိရသည္။
ထို႔ျပင္ တနသၤာရီတိုင္းေဒသႀကီးမွ ေရ ထြက္ကုန္မ်ားကို Cargo ေလယာဥ္ႀကီးမ်ားျဖင့္ ပိုမို တင္ပို႔ႏိုင္ေရးအတြက္ ေလယာဥ္ႀကီးမ်ားဆင္းသက္ ႏိုင္သည့္ေလဆိပ္အျဖစ္ ၿမိတ္ေလဆိပ္ကို အဆင့္ျမႇင့္ တင္ရန္ ေဆာင္႐ြက္ေနေၾကာင္းလည္း သိရသည္။
“ Cargo ေလယာဥ္ႀကီးေတြ ဆင္းႏိုင္ ေအာင္ ၊ Cargo ေလယာဥ္ႀကီးေတြ ဆင္းမယ္ဆိုရင္ တ႐ုတ္ႏိုင္ငံ ခ်န္ဒူးတို႔ ခ်ဳံခ်င့္တို႔ကို ေရထြက္ပစၥည္း ေတြ တင္ပို႔ႏိုင္တာေပါ့ေနာ္။ Cargo ေလယာဥ္ႀကီး ေတြ ဆင္းႏိုင္ေအာင္လည္း ေလယာဥ္ေျပးလမ္းေတြ တိုးခ်ဲ႕ေပးဖို႔ တင္ျပတဲ့အထဲပါတယ္။ အဲဒီ Cargo ေလယာဥ္ႀကီးေတြ ေလယာဥ္ေတြဆင္းရင္ ဒီက ငါး၊ ပုစြန္ကို အရွင္ေတြလည္း ၊ ေက်ာက္ပုစြန္၊ ကင္းပုစြန္၊ တို႔ အခုလက္ရွိ ေမြးေနတဲ့ ပုစြန္တို႔ အရွင္တင္ပို႔ႏိုင္တာ ေပါ့ေနာ္ တ႐ုတ္ျပည္ကို။ ႏိုင္ငံေတာ္ကလည္း အခု ခ်န္ဒူးနဲ႔ ခ်ိဳခ်င့္ကို တစ္ပတ္မွ (၃)ရက္၊ (၄) ရက္ ေျပးဆြဲေနတာရွိတယ္လို႔ သိရတယ္။ ၿမိတ္မွာလည္း အဲဒီလို လာဆင္းေပးႏိုင္ရင္ေတာ့ တင္ပို႔ႏိုင္တာေပါ့။ ေလယာဥ္ကြင္းလည္း အဆင့္ျမႇင့္ေပးရမွာေပါ့ေနာ္။ အျပည္ျပည္ဆိုင္ရာကြင္းျဖစ္မွလည္း ႏိုင္ငံတကာက လာဆင္းလို႔ရမွာေပါ့။ အျပည္ျပည္ဆိုင္ရာကြင္းျဖစ္ရင္ ေလယာဥ္တိုက္႐ိုက္ဆင္းမယ္။ ကုန္တင္ၿပီးေတာ့ တစ္ခါတည္း ခ်န္ဒူးတို႔ ခ်ဳံခ်င့္တို႔သြားမယ္ဆို လုပ္ငန္း ရွင္ေတြ ပိုအဆင္ေျပမွာေပါ့ေနာ္။ အရွင္ဆိုေတာ့ ေဈး လည္း ပိုရတာေပါ့ေနာ္။ အခု တပ္ခ်ဳပ္ခရီးစဥ္မွာ တင္ ျပလိုက္ေတာ့ တစ္ခါတည္း မျပန္ခင္ ေလဆိပ္မွာ ပို႔ ေဆာင္ေရးက ဒုဝန္ႀကီးပါလာတယ္ေလ။ သူေျပာ သြားတာၾကားတယ္ ျမႇင့္တင္ေပးဖို႔။ ေလဆိပ္ကို ျမႇင့္ တင္ေပးမွာေပါ့ေနာ္။ ဘယ္ေတာ့လဲဆိုတာ မသိေသး ဘူး” ဟု ငါးလုပ္ငန္းအဖြဲ႕ခ်ဳပ္မွ တာဝန္ရွိသူ တစ္ဦး NP News သို႔ေျပာသည္။
ထိုသို႔ ၿမိတ္ေလဆိပ္ကို အဆင့္ျမႇင့္တင္ ေဆာင္႐ြက္ႏိုင္ပါက ပုစြန္အရွင္မ်ားကို တ႐ုတ္သို႔ တိုက္႐ိုက္တင္ပို႔ႏိုင္မည္ျဖစ္သည့္အတြက္ ပိုမိုေဈး ေကာင္းရရွိႏိုင္ၿပီး ဝင္ေငြပိုတိုးႏိုင္ေၾကာင္းလည္း သိရ သည္။ အလားတူ ေရထြက္ကုန္မ်ားကို ကုန္ေခ်ာ အျဖစ္တင္ပို႔ႏိုင္ရန္ ၿမိတ္ၿမိဳ႕၌ ငါးေလလံေဈးႏွင့္ စက္မႈဇုန္တည္ေထာင္၍ ေအးခဲစက္႐ုံႀကီးမ်ားတည္ေဆာက္ရန္အတြက္လည္း ေဆြးေႏြးညႇိႏႈိင္းမႈမ်ား ေဆာင္႐ြက္ေနေၾကာင္းလည္း သိရသည္။
“ကြၽန္ေတာ္တို႔က ငါးေတြကို ကုန္ၾကမ္း အေနနဲ႔ ပို႔ေနရတာေပါ့။ ၿမိတ္မွာက လွ်ပ္စစ္မီးက ေဈးႀကီးတယ္ေလ။ ေဈးႀကီးေတာ့ ေအးခဲစက္႐ုံလည္း မလုပ္ႏိုင္ေတာ့ ကုန္ၾကမ္းအေနနဲ႔ပဲ အခုလက္ရွိ တင္ပို႔ရတာေပါ့။ ႏိုင္ငံေတာ္အႀကီးအကဲကိုေတာ့ တင္ ျပၿပီးေတာ့ ေအးခဲတဲ့စက္႐ုံေတြေဆာက္ဖို႔လုပ္ေန တယ္။ လွ်ပ္စစ္မီး ေဈးေပါေပါရရင္ ကုန္ၾကမ္းအားလုံး ကုန္ေခ်ာ ျဖစ္သြားမွာ။ ကုန္ေခ်ာျဖစ္ရင္ ႏိုင္ငံေတာ္ လည္း ဝင္ေငြ ပိုရမွာေပါ့ေနာ္။ ကုန္ၾကမ္းက ေဒၚလာ သန္း (၃၀ဝ)ဆို ကုန္ေခ်ာဆိုရင္ သန္း (၆၀ဝ)၊ (၇၀ဝ) ရတာေပါ့” ဟု ၎က ဆက္လက္ေျပာသည္။