ရုရှားကို အထီးကျန်ပြုလုပ်မည့် အမေရိကန်အပေါ် ရှုတ်ချသူ မိုဒီအား ဗြိတိန်က တစ်ဖက်လှည့်ဆွဲဆောင်နေ

 1312

Htay Oung (NP News) - မတ် ၂၆
အောက်လွှတ်တော်ဥက္ကဋ္ဌ ဆာလင်းဆေးဟွိုင်းဦးဆောင်၍ အခြားသော နိုင်ငံရေးပါတီများမှ အဖွဲ့ဝင်များ လိုက်ပါလာသည့် အဆင့်မြင့်ဗြိတိသျှကိုယ်စားလှယ်အဖွဲ့၏ အိန္ဒိယနိုင်ငံခရီးစဉ်ကို နယူးဒေလီအာဏာပိုင်များက နောက်ဆုံးအခိုက်အတန့်တွင် ဖျက်သိမ်းလိုက်ကြောင်း The Guardian က ကြာသပတေးနေ့(မတ်လ ၂၄ ရက်)၌ ဖော်ပြသည်။

အိန္ဒိယ အထက်ကော်မရှင်၏ဆုံးဖြတ်ချက်ကို ပြောင်းလဲခဲ့ပြီးနောက် ကန့်ကွက်မှုများပေါ်ပေါက်ခဲ့ကြောင်း သတင်းရရှိသည်။ အိန္ဒိယအရာရှိများအနေဖြင့် ဗြိတိသျှကိုယ်စားလှယ်အဖွဲ့ဝင်တစ်ဦးချင်းစီနှင့် ပြဿနာများ ရှိ၊ မရှိ သို့မဟုတ် ရုရှားအပေါ် အရေးယူရေး အိန္ဒိယဝန်ကြီးချုပ်အား ဖြားယောင်းသွေးဆောင်ရန် ကြိုးပမ်းလျက်ရှိသည့် ဗြိတိန်ပါလီမန်အဖွဲ့ဝင်များနှင့်ပတ်သက်၍ ယေဘုယျအားဖြင့် စိုးရိမ်မကင်းဖြစ်လျက်ရှိကြောင်း သိရှိရသည်။

ဗြိတိန်အဆင့်မြင့်အရာရှိ ၁ဝ ဦးပါ ကိုယ်စားလှယ်အဖွဲ့သည် ဇန်နဝါရီလကတည်းက အိန္ဒိယနှင့် ဆွေးနွေးခဲ့ပြီး နယူးဒေလီနှင့် ရာဂျက်စသန်ပြည် နယ်သို့သွားရောက်ရန် အစီအစဉ်ရှိကြောင်း၊ ကိုယ်စားလှယ်အဖွဲ့၏ မူလရည်မှန်းချက်မှာ ဗြိတိန်-အိန္ဒိယနှစ်နိုင်ငံအကြား လွတ်လပ်သောကုန် သွယ်ရေး သဘောတူညီချက်ကိစ္စနှင့်ပတ်သက်၍ ဆွေးနွေးရန်ဖြစ်ကြောင်း သတင်းများထွက်ပေါ်ခဲ့သည်။ သို့သော် ယူကရိန်းတွင် ရုရှား၏ စစ်ရေးအရ ထိုးစစ်ဆင်သည့် အခြေအနေတွင် ရည်ရွယ်ချက် ပြောင်းလဲသွားခဲ့သည်။ မော်စကိုအပေါ် ပိုမိုတင်းမာစွာရပ်တည်ရေးအတွက် ကိုယ် စားလှယ်များအနေဖြင့် နယူးဒေလီအား ဆွဲဆောင်ရန် စီစဉ်လျက်ရှိကြောင်း လန်ဒန်အခြေစိုက် သတင်းစာကြီးက ရေးသားသည်။

အင်္ဂါနေ့က ဗြိတိန်ဝန်ကြီးချုပ် ဘောရစ်ဂျွန်ဆင်နှင့် အိန္ဒိယဝန်ကြီးချုပ်နာရင်ဒြာမိုဒီတို့အကြား တယ်လီဖုန်းဖြင့် အဆက်အသွယ် ပြုလုပ်ကြခဲ့သည်။ မိုဒီက ရန်လိုမှုများအဆုံးသတ်ရန်နှင့် ယူကရိန်း၏အချုပ်အခြာ အာဏာအပေါ်လေးစားရန်တောင်းဆိုပြီး ယူကရိန်းအခြေအနေများကို ခေါင်းဆောင်နှစ်ဦးတို့က ဆွေးနွေးခဲ့ကြသည်။

အိန္ဒိယ၏ လူသားချင်းစာနာမှုဆိုင်ရာ ပံ့ပိုးကူညီမှုများနှင့်ပတ်သက်၍ ၎င်း၏အစီအစဉ်ကို မိုဒီက ဗြိတိန်အားရှင်းပြခဲ့ပြီး ဗြိတိန်-အိန္ဒိယ နှစ်နိုင်ငံစလုံးအနေဖြင့် ဒေသတွင်းငြိမ်းချမ်းရေးနှင့် တင်းမာမှုလျော့ပါးစေရန် ကြိုးပမ်းဆောင်ရွက်သင့်ကြောင်း ဘောရစ်ဂျွန်ဆင်က ပြန်လှန်ဆွေးနွေးသည်။

အိန္ဒိယနိုင်ငံသည် ယူကရိန်းတွင် စစ်ရေးအရ အရေးယူဆောင်ရွက်ခြင်းအတွက် မော်စကိုအပေါ် ပိတ်ဆို့အရေးယူမှုများချမှတ်ခြင်းမရှိသေးသ ကဲ့သို့ နိုင်ငံတကာအသိုင်းအဝိုင်း၏ ဖိအားပေးမှုများကြားမှ ရုရှားရေနံကို ဆက်လက်ဝယ်ယူနေဆဲဖြစ်သည်။ အိန္ဒိယသည် ရုရှားနှင့် ဆက်ဆံရေးဖြတ်တောက်ရန် တွန့်ဆုတ်ဆုတ်လျက်ရှိပြီး လောလောဆယ်တွင် ရူဘယ်-ရူပီး ကုန်သွယ်မှုပြောင်းလဲရေးယန္တရားကိစ္စများအတွက် မော်စကိုနှင့် ဆွေးနွေး လျှက်ရှိသည်။ ထို့အပြင် ရုရှားအား အထီးကျန်ပြုလုပ်ရေး အမေရိကန်၏ပြောဆိုမှုကို ရှုတ်ချထားသည်။

ရုရှားနိုင်ငံအပေါ် အိန္ဒိယ၏ကြားနေသဘောထားအပေါ် စိတ်ပျက်မိကြောင်း ပြီးခဲ့သည့် သီတင်းပတ်တွင် ဗြိတိန်ကိုယ်စားလှယ်များက ထုတ်ဖော်ပြောကြားခဲ့သည်။ သို့သော်လည်း ဗြိတိန်အတွက် အဓိကကုန်သွယ်ဖက် နိုင်ငံအဖြစ် ဆက်လက်တည်ရှိနေသောကြောင့် အိန္ဒိယ ၏အမြင်များ ပြောင်းလဲလာမည်ဟု မျှော်လင့်ကြောင်း မှတ်ချက်ပြုသည်။

ထိုစဉ်အတောအတွင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဝမ်ယီသည် အိန္ဒိယပြည်ပရေးရာဝန်ကြီး၊ အမျိုးသားလုံခြုံရေး အကြံပေးတို့နှင့် အဆင့်မြင့်ဆွေးနွေးပွဲအတွက် ကြိုတင်ကြေငြာထားခြင်း မရှိသည့် အလည်အပတ်ခရီးစဉ်အဖြစ် ကြာသပတေးနေ့၌ နယူးဒေလီသို့ ရောက်ရှိလာသည်။ ယူကရိန်းတွင် ရုရှားစစ်တပ်၏ စစ်ဆင်ရေးဆောင်ရွက်မှု ကာလအတွင်း ပထဝီဝင်နိုင်ငံရေးဆိုင်ရာ အခြေအနေများကို အဓိကထား ဆွေးနွေးမည်ဟု ယူဆရသည်။

အိန္ဒိယအနေဖြင့်မူ နှစ်နိုင်ငံနယ်စပ် လက်ဒက်ဒေသ၌ တရုတ်-အိန္ဒိယ နယ်မြေအငြင်းပွားမှုနှင့် ပတ်သက်၍ ဆက်လက် ဆွေးနွေးနိုင်ရန် မျှော်လင့်ထားကြောင်း နယူးဒေလီအခြေစိုက်Times of India က ရေးသားသည်။

zawgyi verison
႐ုရွားကို အထီးက်န္ျပဳလုပ္မည့္ အေမရိကန္အေပၚ ရႈတ္ခ်သူ မိုဒီအား ၿဗိတိန္က တစ္ဖက္လွည့္ ဆြဲေဆာင္ေန
Htay Oung (NP News) - မတ္ ၂၆

ေအာက္လႊတ္ေတာ္ဥကၠ႒ ဆာလင္းေဆးဟြိဳင္းဦးေဆာင္၍ အျခားေသာ ႏိုင္ငံေရးပါတီမ်ားမွ အဖြဲ႕ဝင္မ်ား လိုက္ပါလာသည့္ အဆင့္ျမင့္ၿဗိတိသွ်ကိုယ္စားလွယ္အဖြဲ႕၏ အိႏၵိယႏိုင္ငံခရီးစဥ္ကို နယူးေဒလီအာဏာပိုင္မ်ားက ေနာက္ဆုံးအခိုက္အတန႔္တြင္ ဖ်က္သိမ္းလိုက္ေၾကာင္း The Guardian က ၾကာသပေတးေန႔(မတ္လ ၂၄ ရက္)၌ ေဖာ္ျပသည္။

အိႏၵိယ အထက္ေကာ္မရွင္၏ဆုံးျဖတ္ခ်က္ကို ေျပာင္းလဲခဲ့ၿပီးေနာက္ ကန႔္ကြက္မႈမ်ားေပၚေပါက္ခဲ့ေၾကာင္း သတင္းရရွိသည္။ အိႏၵိယအရာရွိမ်ားအေနျဖင့္ ၿဗိတိသွ်ကိုယ္စားလွယ္အဖြဲ႕ဝင္တစ္ဦးခ်င္းစီႏွင့္ ျပႆနာမ်ား ရွိ၊ မရွိ သို႔မဟုတ္ ႐ုရွားအေပၚ အေရးယူေရး အိႏၵိယဝန္ႀကီးခ်ဳပ္အား ျဖားေယာင္းေသြးေဆာင္ရန္ ႀကိဳးပမ္းလ်က္ရွိသည့္ ၿဗိတိန္ပါလီမန္အဖြဲ႕ဝင္မ်ားႏွင့္ပတ္သက္၍ ေယဘုယ်အားျဖင့္ စိုးရိမ္မကင္းျဖစ္လ်က္ရွိေၾကာင္း သိရွိရသည္။

ၿဗိတိန္အဆင့္ျမင့္အရာရွိ ၁ဝ ဦးပါ ကိုယ္စားလွယ္အဖြဲ႕သည္ ဇန္နဝါရီလကတည္းက အိႏၵိယႏွင့္ ေဆြးေႏြးခဲ့ၿပီး နယူးေဒလီႏွင့္ ရာဂ်က္စသန္ျပည္ နယ္သို႔သြားေရာက္ရန္ အစီအစဥ္ရွိေၾကာင္း၊ ကိုယ္စားလွယ္အဖြဲ႕၏ မူလရည္မွန္းခ်က္မွာ ၿဗိတိန္-အိႏၵိယႏွစ္ႏိုင္ငံအၾကား လြတ္လပ္ေသာကုန္ သြယ္ေရး သေဘာတူညီခ်က္ကိစၥႏွင့္ပတ္သက္၍ ေဆြးေႏြးရန္ျဖစ္ေၾကာင္း သတင္းမ်ားထြက္ေပၚခဲ့သည္။ သို႔ေသာ္ ယူကရိန္းတြင္ ႐ုရွား၏ စစ္ေရးအရ ထိုးစစ္ဆင္သည့္ အေျခအေနတြင္ ရည္႐ြယ္ခ်က္ ေျပာင္းလဲသြားခဲ့သည္။ ေမာ္စကိုအေပၚ ပိုမိုတင္းမာစြာရပ္တည္ေရးအတြက္ ကိုယ္ စားလွယ္မ်ားအေနျဖင့္ နယူးေဒလီအား ဆြဲေဆာင္ရန္ စီစဥ္လ်က္ရွိေၾကာင္း လန္ဒန္အေျခစိုက္ သတင္းစာႀကီးက ေရးသားသည္။

အဂၤါေန႔က ၿဗိတိန္ဝန္ႀကီးခ်ဳပ္ ေဘာရစ္ဂြၽန္ဆင္ႏွင့္ အိႏၵိယဝန္ႀကီးခ်ဳပ္နာရင္ျဒာမိုဒီတို႔အၾကား တယ္လီဖုန္းျဖင့္ အဆက္အသြယ္ ျပဳလုပ္ၾကခဲ့သည္။ မိုဒီက ရန္လိုမႈမ်ားအဆုံးသတ္ရန္ႏွင့္ ယူကရိန္း၏အခ်ဳပ္အျခာ အာဏာအေပၚေလးစားရန္ေတာင္းဆိုၿပီး ယူကရိန္းအေျခအေနမ်ားကို ေခါင္းေဆာင္ႏွစ္ဦးတို႔က ေဆြးေႏြးခဲ့ၾကသည္။

အိႏၵိယ၏ လူသားခ်င္းစာနာမႈဆိုင္ရာ ပံ့ပိုးကူညီမႈမ်ားႏွင့္ပတ္သက္၍ ၎၏အစီအစဥ္ကို မိုဒီက ၿဗိတိန္အားရွင္းျပခဲ့ၿပီး ၿဗိတိန္-အိႏၵိယ ႏွစ္ႏိုင္ငံစလုံးအေနျဖင့္ ေဒသတြင္းၿငိမ္းခ်မ္းေရးႏွင့္ တင္းမာမႈေလ်ာ့ပါးေစရန္ ႀကိဳးပမ္းေဆာင္႐ြက္သင့္ေၾကာင္း ေဘာရစ္ဂြၽန္ဆင္က ျပန္လွန္ေဆြးေႏြးသည္။

အိႏၵိယႏိုင္ငံသည္ ယူကရိန္းတြင္ စစ္ေရးအရ အေရးယူေဆာင္႐ြက္ျခင္းအတြက္ ေမာ္စကိုအေပၚ ပိတ္ဆို႔အေရးယူမႈမ်ားခ်မွတ္ျခင္းမရွိေသးသ ကဲ့သို႔ ႏိုင္ငံတကာအသိုင္းအဝိုင္း၏ ဖိအားေပးမႈမ်ားၾကားမွ ႐ုရွားေရနံကို ဆက္လက္ဝယ္ယူေနဆဲျဖစ္သည္။ အိႏၵိယသည္ ႐ုရွားႏွင့္ ဆက္ဆံေရးျဖတ္ေတာက္ရန္ တြန႔္ဆုတ္ဆုတ္လ်က္ရွိၿပီး ေလာေလာဆယ္တြင္ ႐ူဘယ္-႐ူပီး ကုန္သြယ္မႈေျပာင္းလဲေရးယႏၲရားကိစၥမ်ားအတြက္ ေမာ္စကိုႏွင့္ ေဆြးေႏြး လွ်က္ရွိသည္။ ထို႔အျပင္ ႐ုရွားအား အထီးက်န္ျပဳလုပ္ေရး အေမရိကန္၏ေျပာဆိုမႈကို ရႈတ္ခ်ထားသည္။

႐ုရွားႏိုင္ငံအေပၚ အိႏၵိယ၏ၾကားေနသေဘာထားအေပၚ စိတ္ပ်က္မိေၾကာင္း ၿပီးခဲ့သည့္ သီတင္းပတ္တြင္ ၿဗိတိန္ကိုယ္စားလွယ္မ်ားက ထုတ္ေဖာ္ေျပာၾကားခဲ့သည္။ သို႔ေသာ္လည္း ၿဗိတိန္အတြက္ အဓိကကုန္သြယ္ဖက္ ႏိုင္ငံအျဖစ္ ဆက္လက္တည္ရွိေနေသာေၾကာင့္ အိႏၵိယ ၏အျမင္မ်ား ေျပာင္းလဲလာမည္ဟု ေမွ်ာ္လင့္ေၾကာင္း မွတ္ခ်က္ျပဳသည္။

ထိုစဥ္အေတာအတြင္း တ႐ုတ္ႏိုင္ငံျခားေရးဝန္ႀကီးဝမ္ယီသည္ အိႏၵိယျပည္ပေရးရာဝန္ႀကီး၊ အမ်ိဳးသားလုံၿခဳံေရး အႀကံေပးတို႔ႏွင့္ အဆင့္ျမင့္ေဆြးေႏြးပြဲအတြက္ ႀကိဳတင္ေၾကျငာထားျခင္း မရွိသည့္ အလည္အပတ္ခရီးစဥ္အျဖစ္ ၾကာသပေတးေန႔၌ နယူးေဒလီသို႔ ေရာက္ရွိလာသည္။ ယူကရိန္းတြင္ ႐ုရွားစစ္တပ္၏ စစ္ဆင္ေရးေဆာင္႐ြက္မႈ ကာလအတြင္း ပထဝီဝင္ႏိုင္ငံေရးဆိုင္ရာ အေျခအေနမ်ားကို အဓိကထား ေဆြးေႏြးမည္ဟု ယူဆရသည္။

အိႏၵိယအေနျဖင့္မူ ႏွစ္ႏိုင္ငံနယ္စပ္ လက္ဒက္ေဒသ၌ တ႐ုတ္-အိႏၵိယ နယ္ေျမအျငင္းပြားမႈႏွင့္ ပတ္သက္၍ ဆက္လက္ ေဆြးေႏြးႏိုင္ရန္ ေမွ်ာ္လင့္ထားေၾကာင္း နယူးေဒလီအေျခစိုက္Times of India က ေရးသားသည္။

Related news

© 2021. All rights reserved.