နစက နှင့် ကိုးကန့်တရုတ်တို့ကြားက ပဟေဠိဆန်သော အပစ်ရပ်ပွဲ

 3621

သုတကျော် (NP News) - ဇန်နဝါရီ ၂၇

ပြီးခဲ့သည့် ဇန်နဝါရီလ(၂၀)ရက်က လူအများ အံ့အားသင့်စရာသတင်းတစ်ခု ထွက်ပေါ်လာခဲ့သည်။ ရှမ်းပြည်နယ်မြောက်ပိုင်းတွင် တိုက်ပွဲများ ဖြစ်ပွားခဲ့သည့်တပ်မတော်နှင့် ကိုးကန့်လက်နက်ကိုင်တပ် MNDAA တို့ ကူမင်းမြို့တွင် ပြုလုပ်သောဆွေးနွေးပွဲအပြီးတွင် တရားဝင်အပစ်ခတ်ရပ်စဲလိုက်ပြီဟု တရုတ်နိုင်ငံခြားရေးဝန်ကြီး ဌာန ပြောရေးဆိုခွင့်ရှိသူ Mao Ning က သတင်းစာရှင်းလင်းပွဲတွင် ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။

ပိုပြီးထူးခြားသည်က အပစ်ရပ်ဆွေးနွေးစဉ် အနီးတွင်ရှိနေသော တရုတ်ဘက်က ထုတ်ပြောလာခဲ့သည့်တိုင် နှစ်ဖက် ကာယကံရှင်ဖြစ်သော တပ်မတော်နှင့် MNDAA ဘက်မှ တုံဏှိဘာဝေ ဆိတ်ဆိတ်နေဆဲပင်။ အားလုံးက သိလိုနေ ကြသည်မှာ နှစ်ဖက်သဘောတူညီစဉ် မည်သည့်အရာများ ဆွေးနွေးခဲ့သနည်း။ မည်သည့်အချက်အလက်များကို သဘောတူညီခဲ့ကြသနည်းဆိုသောအချက်ဖြစ်သည်။
(၁၀၂၇)စစ်ဆင်ရေး ပထမအကျော့အပြီး ကာလက MNDAA ၊ TNLA နှင့် AA တို့ ပါဝင်သော မြောက်ပိုင်း သုံးဖွဲ့နှင့် တပ်မတော်တို့သည် တရုတ်၏ ကြားဝင်မှုဖြင့် ဟိုင်ဂင် ‌ဆွေးနွေးပွဲ ငါးကြိမ်တိတိ လုပ်ခဲ့သော်လည်း မအောင်မမြင်ဖြစ်ပြီးနောက် (၁၀၂၇) ဒုတိယအကျော့ ထပ်မံပေါ်ပေါက်ခဲ့ကာ ကာလအချို့ကြာ ဆွေးနွေးပွဲများ ရပ်တန့်ခဲ့သည်။ ထို့နောက် (၂၀၂၄)ခုနှစ် ဒီဇင်ဘာလအတွင်းက ရောက်ရာနေရာတွင် အပစ်ရပ်ကာ တရုတ်၏ ကြားဝင်မှုဖြင့် တပ်မတော်နှင့် ဆွေးနွေးမည်ဖြစ်ကြောင်း MNDAA က ကြေငြာအပြီး ဒီဇင်ဘာလ (၁၅)ရက် နှင့် (၁၆) ရက်တို့တွင် တပ်မတော်နှင့် MNDAA တို့အကြား ပထမအကြိမ်ဆွေးနွေးခဲ့ကြသော်လည်း အဆင်မပြေခဲ့ပေ။
ထို့နောက် ယခုနှစ် ဇန်နဝါရီလ (၁၆)ရက် နှင့် (၁၇)ရက်တို့၌ ဆွေးနွေးပွဲထပ်မံပြုလုပ်ရာတွင် အထက်ပါ အပစ်ရပ်စဲရန် သဘောတူညီခဲ့ခြင်းဖြစ်ကြောင်း အဖြေထွက်လာခဲ့ခြင်းဖြစ်သည်။ ဆွေးနွေးပွဲအတွင်း မည်သည့် အရာများကို သဘောတူညီခဲ့ကြောင်း တိတိကျကျသိရခြင်းမရှိသေးသော်လည်း မြေပြင်အခြေအနေတွင် မူ ပြောင်းလဲမှုအချို့ကို မြင်တွေ့ခဲ့ကြရသည်။
တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ Mao Ning က ထုတ်မပြောမီ ဇန်နဝါရီလ (၂၀)ရက် နံနက်ပိုင်းက ကိုးကန့်ထိန်းချုပ်ရာ နယ်မြေ အတွင်းရှိ ချင်းရွှေဟော် ကုန်သွယ်ရေးဂိတ်နှင့် လောက်ကိုင်မြို့ရှိ ရန်လုံ ကျိုင်းဂိတ်တို့ကို တရုတ်ဘက်က ပိတ်ထားရာမှ ပြန်ပွင့်သည်။ ထို့ပြင် အဆိုပါနေ့တွင်ပင် တရုတ်ပြည်အစိုးရ၏ အကြောင်းကြားချက်အရဟုဆိုကာ ‘ဝ’ ဒေသဘက်မှ ကိုးကန့်ဒေသဘက်သို့ ကုန်စည်ဖြတ်သန်းခွင့်ပြန်လည်ခွင့်ပြု ကြောင်း UWSA က ထုတ်ပြန်ချက်လည်း ထွက်လာခဲ့သည်။ သို့သော် ကျန်သည့်အချက်အလက်များကို ကောင်းစွာ သိရခြင်းမရှိသေးပေ။ အထက်ပါမြေပြင်မှ ပြောင်းလဲမှုများသည်လည်း ဆွေးနွေးပွဲနှင့်သက်ဆိုင်ပါသလား ဆိုသည် မှာ မရေရာ။ ဆွေးနွေးပွဲနှင့် ဆိုင်ဖွယ်ရှိသော်လည်း အချက်အလက်များ အတိအကျထွက်ပေါ်မလာသောကြောင့် ပြောရခက်နေသည်။ ထို့အတူ MNDAA ၏ ခေါင်းဆောင်ဖုန်တာရွှင်ကိုလည်း တရုတ်ဘက်က ထိန်းသိမ်းထား သည်ဟု သတင်းထွက်ပေါ်ခဲ့ဖူးရာ အဆိုပါသတင်းမှာလည်း ကာလတစ်ခုကြာသည့်တိုင် အဖြူအမည်း သဲကွဲခြင်း မရှိသေးပေ။
တိကျသော သတင်းများထွက်ပေါ်လာခြင်း မရှိသေးသော အချိန်တွင်ဖြစ်လေ့ရှိသော သဘာဝ ကား ခန့်မှန်းသတင်းများ ကနဦးထွက်ပေါ်တတ်ခြင်းဖြစ်သည်။ မည်သည့်နေရာက သတင်းထွက်ပေါ်သည်ဟု ရင်းမြစ် မပြနိုင်သောသတင်းအချို့ပေါ် ပေါက်သည့်အနက် MNDAA က ၎င်းတို့ ထိန်းချုပ်ထားသော လားရှိုးမြို့ကို ပြန်ပေးမည်ဆိုသော သတင်းမှာမူ ရေပန်းအစားဆုံးဖြစ်သည်။ သို့သော် တစ်ဖက်တွင် လားရှိုးမြို့၌ MNDAA က ခန့်ထားသည့်ရဲများ နှင့် အရပ်ဖက်အုပ်ချုပ်ရေးအဖွဲ့များရှိ နေဆဲဖြစ်သည်။
“တရုတ် Tiktok တွေမှာ မြင်ရတာက လားရှိုးကနေ MNDAA က ဘယ်လို ဆုတ်ခွာမလဲ ဆိုတာ ဆက်ပြီး တော့ ဆွေးနွေးဖို့ရှိတယ်ပေါ့။ ငြိမ်းချမ်းရေးဆွေးနွေးမှု အောင်မြင်တယ်ပေါ့။ အဲဒီလိုမျိုးသိထားတယ်။ သိထားတာ တချို့လည်းရှိပေမယ့် နစကဘက်က မထုတ်ပြန်တော့ပြောဖို့ အဆင်မပြေဘူးပေါ့။ နောက်တစ်ကြိမ်ထပ်တွေ့ဖို့ ရှိတယ်လို့လည်း သိရတယ်” ဟု ရှမ်းပြည်နယ် မြောက်ပိုင်းမှ သတင်းရင်း မြစ်တစ်ဦးက NP News ကို ပြောသည်။ အဆိုပါကိစ္စနှင့်ပတ်သက်၍ NP News က အချက်အလက် အချို့ကို ထပ်မံပြောကြားနိုင်ပါမည်လားဟု ထပ်မံ မေးခွန်းထုတ်ခဲ့ရာ ၎င်းအနေဖြင့် လျှို့ဝှက်ချက်ဖြစ် သောကြောင့် ထပ်မံဖြေကြား နိုင်ခြင်းမရှိကြောင်းဆိုသည်။ “ထပ်ဆွေးနွေးဖို့ ရှိတယ်။ အလားအလာ ကောင်းမယ့် အနေအထားရှိတယ်” ဟု ၎င်းက ထပ်မံပြောသည်။
လက်ရှိ အခြေအနေများအရ တပ်မတော်နှင့် MNDAA အကြား အဆင်ပြေသည့်အနေအထားတစ်ရပ်ဟု ဆိုနိုင်ပြီး ယခုထက် ပိုမိုဆိုးဖွယ်ရာ မရှိဟု သုံးသပ်ရဖွယ်ရှိနေကြောင်း ၎င်းကဆိုသည်။
မည်သို့ပင်ဆိုစေကာမူ တိုက်ပွဲဖြစ်နေသော အစိတ်အပိုင်းများအနက် တစ်နေရာတွင် အပစ်ရပ်သွားသည့် အတွက် ယင်းဒေသမှ ဒေသခံများအနေဖြင့် အနည်း ဆုံး စိတ်အေးလက်အေးရှိနိုင်ကြမည်ဖြစ်သည်။ “ကျွန်တော်က တော့ အကောင်းမြင်ပါတယ်။ အပစ်ရပ်သွားတာ၊ တိုက်ပွဲမရှိတာကိုက နံပါတ်တစ် အင်မတန်ဝမ်းသာပါတယ်။ ခံစားရတာက အဲဒီမှာရှိတဲ့ အပြစ်မဲ့ပြည်သူတွေအတွက် စားဝတ်နေရေးမှာ တော် တော်ခံစားရတာကြောင့် တိုက်ပွဲ မရှိတဲ့အတွက် သူတို့အတွက် အသက်အန္တရာယ် လုံခြုံတာပေါ့။ လုပ်ကိုင်စားသောက်ဖို့လည်း ပိုအဆင်ပြေ သွားတာ ပေါ့” ဟု ဒီမိုကရက်တစ်ပါတီမှ ဒုတိယ ဥက္ကဋ္ဌ ဦးတင်ဆွေက ဆိုသည်။
နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဘက်ကလည်း သတင်းထုတ်ပြန်ခြင်းမရှိသောကြောင့် ပြောရခက် သည့်အနေအထားဖြစ်ကြောင်း နှင့် သတင်းများအရ လားရှိုးမှဆုတ်မည်ဟုလည်း ကြားရကြောင်း ၎င်းက ဆိုသည်။ “ ဒီနယ်မြေ (လားရှိုး)ကို အုပ်ချုပ်ဖို့မဟုတ်ဘူးလို့ မြင်တယ်။ ငြိမ်းချမ်း ရေးဆွေးနွေးပွဲကျရင် အပေးအယူလုပ်ချင်လို့ နိုင်ကွက်ကို ယူလိုက်တာလို့မြင်တယ်။ ဟို(လောက်ကိုင်) ကနေ လှမ်းအုပ်ချုပ်ဖို့ဆိုတာ ထောက်ပံ့ပို့ဆောင်ရေးက ရှည်နေတော့ မလွယ်ဘူး။ နောက်တစ်မြို့ကို ပေးဗျာ။ ကျုပ်တို့ (အထူးဒေသ) က သေးသေးလေးဖြစ်နေတယ်။ ဒီလို အလျော်အစား လုပ်ချင်လို့ပဲ ဆိုတာမြင်တယ်။ တိုင်းပြည်က ခွဲမထွက်ဘူးလို့ ပြောထားတဲ့အတွက် ညှိလို့ရတဲ့ စကားကို ကြိုပြော တယ်လို့မြင်တယ်” ဟု ဦးတင်ဆွေက သုံးသပ်သည်။ နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီ အစိုးရသည် အရေးပေါ်ကာလတက်လာပြီး တိုင်းပြည်တည်ငြိမ်စေရန် တက်လာသောအစိုး ရတစ်ရပ်ဖြစ်ကြောင်း နှင့် နယ်မြေအတိုးအလျှော့ကိစ္စ အတွက် ဖွဲ့စည်းပုံကို ပြင်ဆင်၍မရနိုင်ကြောင် ၎င်းက ဆိုသည်။
“ပြောချင် တာက သူကဘာမှ အလျော်အစားလုပ်လို့ မရဘူး။ တရားဝင်လေ။ အလျော်အစားလုပ်မယ်ဆိုရင် ဖွဲ့စည်းပုံကိုပြင်ရတော့မယ်လေ။ သူ့ကိုဖွဲ့စည်းပုံ ပြင်ဖို့ အာဏာ မပေးထားဘူးလေ လွှတ်တော် မရှိတဲ့ အတွက်။ အဲဒီတော့ ကျွန်တော်တို့ မြင်တာက လက်ရှိတပ်မတော်အကြီးအကဲကလည်း ဥပဒေကို လေးစားတဲ့သူလို့ မြင်တယ်လေ။ ဖွဲ့စည်းပုံကို လေးစားတဲ့အတွက် သူအပေးအယူလုပ်မယ်လို့ မမြင်ဘူး။ ဖွဲ့စည်းပုံအတိုင်းသွားမယ်။ ဒီနေရာက ဆုတ်သွားရင်လည်း ဒီနေရာမှာ ရွေးကောက်ပွဲ လုပ်မယ်လို့ မြင် တယ်” ဟု ဦးတင်ဆွေက ဆိုသည်။ လားရှိုးမှ MNDAA ပြန်ထွက်မည်ဆိုသော ကိစ္စမှာ စောင့်ကြည့်ရမည့် ကိစ္စဖြစ်ကြောင်း သေနင်္ဂမဟာဗျူ ဟာလေ့လာရေးအဖွဲ့မှ အမှုဆောင် ဒါရိုက်တာ ဦးသိန်းထွန်းဦးက ပြောသည်။
“ဥပမာ- လားရှိုးကပြန်ဆုတ်မယ်တို့ ဘာတို့ဆိုတဲ့ဟာက စောင့်ကြည့်မှပဲရတော့မှာ။ ဒါပေမဲ့ အနည်းဆုံး ကတော့ ကျွန်တော်ဟိုးအရင်တုန်းက အင်တာဗျူးတော်တော်များများဖြေ‌ဖူးသလိုပါပဲ။ ဆွေးနွေးပွဲရဲ့ဖြစ်နိုင်ခြေ အများဆုံးကတော့ အပစ်ရပ်ဆိုတဲ့ နံပါတ်တစ်အချက်က ဒါကတော့ဖြစ်နိုင်ခြေ အများဆုံး။ ကျန်တဲ့ဟာတွေ နယ်မြေတောင်းတာ တွေဘာတွေဆိုတာက ဒီဘက်အခြေခံဥပဒေအရ လည်းမညီဘူး။ ဒါတွေက ဖြစ်စရာ အကြောင်းလည်း မရှိဘူးပေါ့။ သီအိုရီအရတွေးရင်တောင်မှ အချက်အလက်တွေအရတွေးရင်တောင် မဖြစ်နိုင်တော့ ဒါမျိုးတော့မဖြစ်နိုင်ဘူး။ ခုနကပြောသလို နယ်မြေထဲ ကနေပြန်ဆုတ်သွားမလားကတော့ အသေးစိတ်သွားပြီ။ တကယ်တမ်းသဘောတူညီမှုရခဲ့သလား။ တကယ်ကို ဆွေးနွေးတဲ့အခါ ဘယ်လောက်ထိ အပြောင်းအလဲဖြစ်လဲ။ ဒါကျတော့ သတင်းမထုတ်ရင်တော့ ဘာမှလုပ်လို့မရဘူး” ဟု ဦးသိန်းထွန်းဦးက ဆိုသည်။
လက်ရှိ အပစ်ရပ်လိုက်သောကြောင့် ကိုယ့်အတွက်လိုအပ်သော အုပ်ချုပ်၊ ထောက်ပံ့မှု လုပ်ဆောင်ရသွား သကဲ့သို့ တစ်ဖက်တွင်လည်း အပစ်ရပ်ဆိုသောအနေအထားကြောင့် အလားတူ လုပ်ဆောင်မှုများကို ဆုက်တိုက် လုပ်ဆောင်လာနိုင်ကြောင်းလည်း ၎င်းက ဆိုသည်။ “ကိုယ့်ဘက်က အားသာချက်အနေနဲ့ ကိုယ့်ဘက်ကတပ်တွေပန်းတာ သက်သာတယ်၊ မြေ ပြင်ပြည်သူလုထုကို ထိခိုက် နစ်နာ တာသက်သာတယ်ဆိုပေမယ့် တစ်ဖက်ကလည်း ထပ်ပြီးတော့အပစ်ရပ်ဆိုတဲ့အတွင်းမှာပဲ အင်အားစု ပြီးတော့ နောက်တစ်ကြိမ်ကျမှ အပစ်ရပ်ဖောက်တယ် ဆိုပြီးလုပ်တယ်ဆိုရင်လည်း ကိုယ့်အတွက်က သူများကို အင်အားစုဖို့အခွင့်အရေးပေးသလို ဖြစ်သွားတာမျိုးလည်းရှိတယ်ပေါ့။ အားသာချက်ရှိသလို အားနည်းချက်တွေလည်း နောက်မှာပါနေတယ်။ အဲဒီတော့ ကိုယ့်ဘက်က အပစ်ရပ်ဖြစ်သွားတဲ့ အနေ အထားမှာ ဘယ်လောက်အထိ ကိုယ့်ဘက်ကိုပြန်လည် စုစည်းနိုင်မလဲ၊ လိုအပ်တဲ့ လိုအပ်ချက်တွေဘာ ဖြည့်ဆည်းနိုင်မလဲ။ ဒါပေါ်မှာပဲမူတည်ပြီးတော့ ကိုယ့်ကိုယ်ကို ပြန်တည်ဆောက်ရမှာပေါ့” ဟု ဦးသိန်းထွန်းဦးက ဆိုသည်။ သို့သော်တစ်ဖက်တွင် အစိုးရဘက်က တရားဝင်သတင်းထုတ်ပြန်ထားခြင်း မရှိသေးသောကြောင့် ယခု အပစ်ရပ်အခြေအနေနှင့် ပတ်သက်၍ သို့လော သို့လော တွေးထင်မှုများလည်း ရှိနေ သည်။
အစိုးရ၏ တရားဝင်သတင်းများတွင် ထုတ်ပြန်ထားခြင်းများ မရှိသေးသည့်အတွက် သတင်းများ ရေးသားသည့်အတိုင်းသာ သိရသေးကြောင်း ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ ပြောရေးဆို ခွင့်ရှိသူ ဦးလှသိန်းက ဆိုသည်။ “သူတို့ (တရုတ်)ဘက်က Legal ဆိုပေမယ့် ကျွန်တော်တို့ ဘက်က ဟုတ်ချင်မှ ဟုတ်မယ် လေ။ သူတို့လည်း Sovereignty ၊ ကျွန်တော်တို့လည်း Sovereignty အချုပ်အခြာ အာဏာပိုင် နိုင်ငံပဲလေ။ တကယ်တမ်း အဲဒီလိုဖြစ်ပြီးတော့ ဟိုကောင်တွေက ပုံမှန်အတိုင်း သူ့နေရာသူ ပုံမှန်အတိုင်းပြန်ဖြစ်သွားမယ်ဆိုရင် ဒီဘက်ကလည်း Warmly welcome အနေနဲ့ ကြေ ညာမှာပဲလေ။ တစ်ခုခုတော့ ရှိနေပါလိမ့်မယ်။ ဒါပေမဲ့ အတိအကျတော့ ကျွန်တော်လည်း ဘာမှမပြောနိုင် ဘူးခင်ဗျ” ဟု ၎င်းက ဆိုသည်။
အတွေ့အကြုံရဆိုပါက နိုင်ငံတော်နှင့် ဆိုင်သောကိစ္စရပ်ဖြစ်ကာ နိုင်ငံခြားရေးပေါ်လစီနှင့် ပြည်တွင်းပေါ်လစီများချမှတ်ပြီးဖြစ်သည့်အတွက် အစိုးရက အကောင်းဆုံးဖြစ်စေရန် ထိန်းကျောင်းပြီး ဆောင်ရွက်သွားမည်ဟု ယူဆကြောင်းလည်း ဦးလှသိန်းက ဆိုသည်။ လက်ရှိအနေအထားအရ အပစ် ရပ်ပြီးသည့်နောက် အချို့သောနယ်စပ်ဂိတ်များ ပြန်ဖွင့်သည့်အတွက် မြေပြင်ကပြည်သူများ၏ စားဝတ် နေရေး အခြေခံလိုအပ်ချက်များ ပြေလည်လာမည်ဖြစ်ကြောင်း ဦးသိန်းထွန်းဦးက ဆိုသည်။ သို့ သော် စောင့်ကြည့်ရမည့် အနေအထားလည်းရှိသည်။ “ဒါပေမဲ့ အဲဒီအပစ်ရပ်ကဘယ်လောက်အထိ ဆက်ပြီး တော့အချိန်ဆွဲသွားနိုင်မလဲ၊ အပစ်ရပ်အတွင်းမှာ တကယ်ရောငြိမ်းငြိမ်းချမ်းချမ်း အပစ်ရပ်တာမျိုးဖြစ်ရဲ့လား ဒါမှမဟုတ် ခုနကမုန်တိုင်း မကျခင် ရေပြင်ငြိမ် သွားသလိုမျိုး ခဏအပစ်ရပ်တဲ့အချိန်မှာ အင်အားစုပြီးတော့ နောက်တစ်ကြိမ်မှာ သူတို့ထပ်ပြီးတော့ထိုး စစ်ထပ်လုပ်ချင်သလားဆိုတာ ဟာမျိုးကျတော့ တစ်ဖက်ရဲ့အဖွဲ့အစည်းပေါ်ကို သတိထားပြီးတော့ လေ့လာစောင့် ကြည့်ဖို့လိုပါလိမ့်မယ်။ အားသာချက် ရှိသလိုမရေရာမှုတွေနဲ့ပြည့်နေတာဆိုတော့ အပစ်ရပ်တစ်ခုအတွင်းမှာ ကိုယ်ကအားသာချက်ဘယ် လောက်ယူနိုင်လဲ၊ ကိုယ်ယူတဲ့အပေါ်မူတည်ပြီးတော့ အားသာချက်အများကြီး ရသွားနိုင်ပါတယ်” ဟု ဦး သိန်းထွန်းဦးက အကြံပြုသည်။ အပစ်ကား ရပ်ပြီဟု ဆိုနိုင်သည်။ သို့သော် ပိတ်ကား ထက်တွင် စိတ်ဝင်စားဖွယ် ဆက်လက်စောင့်ကြည့်ရပေလိမ့်ဦးမည်။

Zawgyi Version:
နစကႏွင့္ ကိုးကန႔္တ႐ုတ္တို႔ၾကားက ပေဟဠိဆန္ေသာ အပစ္ရပ္ပြဲ
သုတေက်ာ္ (NP News) - ဇန္နဝါရီ ၂၇

ၿပီးခဲ့သည့္ ဇန္နဝါရီလ(၂၀)ရက္က လူအမ်ား အံ့အားသင့္စရာသတင္းတစ္ခု ထြက္ေပၚလာခဲ့သည္။ ရွမ္းျပည္နယ္ေျမာက္ပိုင္းတြင္ တိုက္ပြဲမ်ား ျဖစ္ပြားခဲ့သည့္တပ္မေတာ္ႏွင့္ ကိုးကန႔္လက္နက္ကိုင္တပ္ MNDAA တို႔ ကူမင္းၿမိဳ႕တြင္ ျပဳလုပ္ေသာေဆြးေႏြးပြဲအၿပီးတြင္ တရားဝင္အပစ္ခတ္ရပ္စဲလိုက္ၿပီဟု တ႐ုတ္ႏိုင္ငံျခားေရးဝန္ႀကီး ဌာန ေျပာေရးဆိုခြင့္ရွိသူ Mao Ning က သတင္းစာရွင္းလင္းပြဲတြင္ ထည့္သြင္းေျပာၾကားခဲ့ျခင္းျဖစ္သည္။

ပိုၿပီးထူးျခားသည္က အပစ္ရပ္ေဆြးေႏြးစဥ္ အနီးတြင္ရွိေနေသာ တ႐ုတ္ဘက္က ထုတ္ေျပာလာခဲ့သည့္တိုင္ ႏွစ္ဖက္ ကာယကံရွင္ျဖစ္ေသာ တပ္မေတာ္ႏွင့္ MNDAA ဘက္မွ တုံဏွိဘာေဝ ဆိတ္ဆိတ္ေနဆဲပင္။ အားလုံးက သိလိုေန ၾကသည္မွာ ႏွစ္ဖက္သေဘာတူညီစဥ္ မည္သည့္အရာမ်ား ေဆြးေႏြးခဲ့သနည္း။ မည္သည့္အခ်က္အလက္မ်ားကို သေဘာတူညီခဲ့ၾကသနည္းဆိုေသာအခ်က္ျဖစ္သည္။
(၁၀၂၇)စစ္ဆင္ေရး ပထမအေက်ာ့အၿပီး ကာလက MNDAA ၊ TNLA ႏွင့္ AA တို႔ ပါဝင္ေသာ ေျမာက္ပိုင္း သုံးဖြဲ႕ႏွင့္ တပ္မေတာ္တို႔သည္ တ႐ုတ္၏ ၾကားဝင္မႈျဖင့္ ဟိုင္ဂင္ ‌ေဆြးေႏြးပြဲ ငါးႀကိမ္တိတိ လုပ္ခဲ့ေသာ္လည္း မေအာင္မျမင္ျဖစ္ၿပီးေနာက္ (၁၀၂၇) ဒုတိယအေက်ာ့ ထပ္မံေပၚေပါက္ခဲ့ကာ ကာလအခ်ိဳ႕ၾကာ ေဆြးေႏြးပြဲမ်ား ရပ္တန႔္ခဲ့သည္။ ထို႔ေနာက္ (၂၀၂၄)ခုႏွစ္ ဒီဇင္ဘာလအတြင္းက ေရာက္ရာေနရာတြင္ အပစ္ရပ္ကာ တ႐ုတ္၏ ၾကားဝင္မႈျဖင့္ တပ္မေတာ္ႏွင့္ ေဆြးေႏြးမည္ျဖစ္ေၾကာင္း MNDAA က ေၾကျငာအၿပီး ဒီဇင္ဘာလ (၁၅)ရက္ ႏွင့္ (၁၆) ရက္တို႔တြင္ တပ္မေတာ္ႏွင့္ MNDAA တို႔အၾကား ပထမအႀကိမ္ေဆြးေႏြးခဲ့ၾကေသာ္လည္း အဆင္မေျပခဲ့ေပ။
ထို႔ေနာက္ ယခုႏွစ္ ဇန္နဝါရီလ (၁၆)ရက္ ႏွင့္ (၁၇)ရက္တို႔၌ ေဆြးေႏြးပြဲထပ္မံျပဳလုပ္ရာတြင္ အထက္ပါ အပစ္ရပ္စဲရန္ သေဘာတူညီခဲ့ျခင္းျဖစ္ေၾကာင္း အေျဖထြက္လာခဲ့ျခင္းျဖစ္သည္။ ေဆြးေႏြးပြဲအတြင္း မည္သည့္ အရာမ်ားကို သေဘာတူညီခဲ့ေၾကာင္း တိတိက်က်သိရျခင္းမရွိေသးေသာ္လည္း ေျမျပင္အေျခအေနတြင္ မူ ေျပာင္းလဲမႈအခ်ိဳ႕ကို ျမင္ေတြ႕ခဲ့ၾကရသည္။
တ႐ုတ္ႏိုင္ငံျခားေရးဝန္ႀကီးဌာန ေျပာေရးဆိုခြင့္ရွိသူ Mao Ning က ထုတ္မေျပာမီ ဇန္နဝါရီလ (၂၀)ရက္ နံနက္ပိုင္းက ကိုးကန႔္ထိန္းခ်ဳပ္ရာ နယ္ေျမ အတြင္းရွိ ခ်င္းေ႐ႊေဟာ္ ကုန္သြယ္ေရးဂိတ္ႏွင့္ ေလာက္ကိုင္ၿမိဳ႕ရွိ ရန္လုံ က်ိဳင္းဂိတ္တို႔ကို တ႐ုတ္ဘက္က ပိတ္ထားရာမွ ျပန္ပြင့္သည္။ ထို႔ျပင္ အဆိုပါေန႔တြင္ပင္ တ႐ုတ္ျပည္အစိုးရ၏ အေၾကာင္းၾကားခ်က္အရဟုဆိုကာ ‘ဝ’ ေဒသဘက္မွ ကိုးကန႔္ေဒသဘက္သို႔ ကုန္စည္ျဖတ္သန္းခြင့္ျပန္လည္ခြင့္ျပဳ ေၾကာင္း UWSA က ထုတ္ျပန္ခ်က္လည္း ထြက္လာခဲ့သည္။ သို႔ေသာ္ က်န္သည့္အခ်က္အလက္မ်ားကို ေကာင္းစြာ သိရျခင္းမရွိေသးေပ။ အထက္ပါေျမျပင္မွ ေျပာင္းလဲမႈမ်ားသည္လည္း ေဆြးေႏြးပြဲႏွင့္သက္ဆိုင္ပါသလား ဆိုသည္ မွာ မေရရာ။ ေဆြးေႏြးပြဲႏွင့္ ဆိုင္ဖြယ္ရွိေသာ္လည္း အခ်က္အလက္မ်ား အတိအက်ထြက္ေပၚမလာေသာေၾကာင့္ ေျပာရခက္ေနသည္။ ထို႔အတူ MNDAA ၏ ေခါင္းေဆာင္ဖုန္တာ႐ႊင္ကိုလည္း တ႐ုတ္ဘက္က ထိန္းသိမ္းထား သည္ဟု သတင္းထြက္ေပၚခဲ့ဖူးရာ အဆိုပါသတင္းမွာလည္း ကာလတစ္ခုၾကာသည့္တိုင္ အျဖဴအမည္း သဲကြဲျခင္း မရွိေသးေပ။
တိက်ေသာ သတင္းမ်ားထြက္ေပၚလာျခင္း မရွိေသးေသာ အခ်ိန္တြင္ျဖစ္ေလ့ရွိေသာ သဘာဝ ကား ခန႔္မွန္းသတင္းမ်ား ကနဦးထြက္ေပၚတတ္ျခင္းျဖစ္သည္။ မည္သည့္ေနရာက သတင္းထြက္ေပၚသည္ဟု ရင္းျမစ္ မျပႏိုင္ေသာသတင္းအခ်ိဳ႕ေပၚ ေပါက္သည့္အနက္ MNDAA က ၎တို႔ ထိန္းခ်ဳပ္ထားေသာ လားရႈိးၿမိဳ႕ကို ျပန္ေပးမည္ဆိုေသာ သတင္းမွာမူ ေရပန္းအစားဆုံးျဖစ္သည္။ သို႔ေသာ္ တစ္ဖက္တြင္ လားရႈိးၿမိဳ႕၌ MNDAA က ခန႔္ထားသည့္ရဲမ်ား ႏွင့္ အရပ္ဖက္အုပ္ခ်ဳပ္ေရးအဖြဲ႕မ်ားရွိ ေနဆဲျဖစ္သည္။
“တ႐ုတ္ Tiktok ေတြမွာ ျမင္ရတာက လားရႈိးကေန MNDAA က ဘယ္လို ဆုတ္ခြာမလဲ ဆိုတာ ဆက္ၿပီး ေတာ့ ေဆြးေႏြးဖို႔ရွိတယ္ေပါ့။ ၿငိမ္းခ်မ္းေရးေဆြးေႏြးမႈ ေအာင္ျမင္တယ္ေပါ့။ အဲဒီလိုမ်ိဳးသိထားတယ္။ သိထားတာ တခ်ိဳ႕လည္းရွိေပမယ့္ နစကဘက္က မထုတ္ျပန္ေတာ့ေျပာဖို႔ အဆင္မေျပဘူးေပါ့။ ေနာက္တစ္ႀကိမ္ထပ္ေတြ႕ဖို႔ ရွိတယ္လို႔လည္း သိရတယ္” ဟု ရွမ္းျပည္နယ္ ေျမာက္ပိုင္းမွ သတင္းရင္း ျမစ္တစ္ဦးက NP News ကို ေျပာသည္။ အဆိုပါကိစၥႏွင့္ပတ္သက္၍ NP News က အခ်က္အလက္ အခ်ိဳ႕ကို ထပ္မံေျပာၾကားႏိုင္ပါမည္လားဟု ထပ္မံ ေမးခြန္းထုတ္ခဲ့ရာ ၎အေနျဖင့္ လွ်ိဳ႕ဝွက္ခ်က္ျဖစ္ ေသာေၾကာင့္ ထပ္မံေျဖၾကား ႏိုင္ျခင္းမရွိေၾကာင္းဆိုသည္။ “ထပ္ေဆြးေႏြးဖို႔ ရွိတယ္။ အလားအလာ ေကာင္းမယ့္ အေနအထားရွိတယ္” ဟု ၎က ထပ္မံေျပာသည္။
လက္ရွိ အေျခအေနမ်ားအရ တပ္မေတာ္ႏွင့္ MNDAA အၾကား အဆင္ေျပသည့္အေနအထားတစ္ရပ္ဟု ဆိုႏိုင္ၿပီး ယခုထက္ ပိုမိုဆိုးဖြယ္ရာ မရွိဟု သုံးသပ္ရဖြယ္ရွိေနေၾကာင္း ၎ကဆိုသည္။
မည္သို႔ပင္ဆိုေစကာမူ တိုက္ပြဲျဖစ္ေနေသာ အစိတ္အပိုင္းမ်ားအနက္ တစ္ေနရာတြင္ အပစ္ရပ္သြားသည့္ အတြက္ ယင္းေဒသမွ ေဒသခံမ်ားအေနျဖင့္ အနည္း ဆုံး စိတ္ေအးလက္ေအးရွိႏိုင္ၾကမည္ျဖစ္သည္။ “ကြၽန္ေတာ္က ေတာ့ အေကာင္းျမင္ပါတယ္။ အပစ္ရပ္သြားတာ၊ တိုက္ပြဲမရွိတာကိုက နံပါတ္တစ္ အင္မတန္ဝမ္းသာပါတယ္။ ခံစားရတာက အဲဒီမွာရွိတဲ့ အျပစ္မဲ့ျပည္သူေတြအတြက္ စားဝတ္ေနေရးမွာ ေတာ္ ေတာ္ခံစားရတာေၾကာင့္ တိုက္ပြဲ မရွိတဲ့အတြက္ သူတို႔အတြက္ အသက္အႏၲရာယ္ လုံၿခဳံတာေပါ့။ လုပ္ကိုင္စားေသာက္ဖို႔လည္း ပိုအဆင္ေျပ သြားတာ ေပါ့” ဟု ဒီမိုကရက္တစ္ပါတီမွ ဒုတိယ ဥကၠ႒ ဦးတင္ေဆြက ဆိုသည္။
ႏိုင္ငံေတာ္စီမံအုပ္ခ်ဳပ္ေရး ေကာင္စီဘက္ကလည္း သတင္းထုတ္ျပန္ျခင္းမရွိေသာေၾကာင့္ ေျပာရခက္ သည့္အေနအထားျဖစ္ေၾကာင္း ႏွင့္ သတင္းမ်ားအရ လားရႈိးမွဆုတ္မည္ဟုလည္း ၾကားရေၾကာင္း ၎က ဆိုသည္။ “ ဒီနယ္ေျမ (လားရႈိး)ကို အုပ္ခ်ဳပ္ဖို႔မဟုတ္ဘူးလို႔ ျမင္တယ္။ ၿငိမ္းခ်မ္း ေရးေဆြးေႏြးပြဲက်ရင္ အေပးအယူလုပ္ခ်င္လို႔ ႏိုင္ကြက္ကို ယူလိုက္တာလို႔ျမင္တယ္။ ဟို(ေလာက္ကိုင္) ကေန လွမ္းအုပ္ခ်ဳပ္ဖို႔ဆိုတာ ေထာက္ပံ့ပို႔ေဆာင္ေရးက ရွည္ေနေတာ့ မလြယ္ဘူး။ ေနာက္တစ္ၿမိဳ႕ကို ေပးဗ်ာ။ က်ဳပ္တို႔ (အထူးေဒသ) က ေသးေသးေလးျဖစ္ေနတယ္။ ဒီလို အေလ်ာ္အစား လုပ္ခ်င္လို႔ပဲ ဆိုတာျမင္တယ္။ တိုင္းျပည္က ခြဲမထြက္ဘူးလို႔ ေျပာထားတဲ့အတြက္ ညႇိလို႔ရတဲ့ စကားကို ႀကိဳေျပာ တယ္လို႔ျမင္တယ္” ဟု ဦးတင္ေဆြက သုံးသပ္သည္။ ႏိုင္ငံေတာ္စီမံ အုပ္ခ်ဳပ္ေရးေကာင္စီ အစိုးရသည္ အေရးေပၚကာလတက္လာၿပီး တိုင္းျပည္တည္ၿငိမ္ေစရန္ တက္လာေသာအစိုး ရတစ္ရပ္ျဖစ္ေၾကာင္း ႏွင့္ နယ္ေျမအတိုးအေလွ်ာ့ကိစၥ အတြက္ ဖြဲ႕စည္းပုံကို ျပင္ဆင္၍မရႏိုင္ေၾကာင္ ၎က ဆိုသည္။
“ေျပာခ်င္ တာက သူကဘာမွ အေလ်ာ္အစားလုပ္လို႔ မရဘူး။ တရားဝင္ေလ။ အေလ်ာ္အစားလုပ္မယ္ဆိုရင္ ဖြဲ႕စည္းပုံကိုျပင္ရေတာ့မယ္ေလ။ သူ႔ကိုဖြဲ႕စည္းပုံ ျပင္ဖို႔ အာဏာ မေပးထားဘူးေလ လႊတ္ေတာ္ မရွိတဲ့ အတြက္။ အဲဒီေတာ့ ကြၽန္ေတာ္တို႔ ျမင္တာက လက္ရွိတပ္မေတာ္အႀကီးအကဲကလည္း ဥပေဒကို ေလးစားတဲ့သူလို႔ ျမင္တယ္ေလ။ ဖြဲ႕စည္းပုံကို ေလးစားတဲ့အတြက္ သူအေပးအယူလုပ္မယ္လို႔ မျမင္ဘူး။ ဖြဲ႕စည္းပုံအတိုင္းသြားမယ္။ ဒီေနရာက ဆုတ္သြားရင္လည္း ဒီေနရာမွာ ေ႐ြးေကာက္ပြဲ လုပ္မယ္လို႔ ျမင္ တယ္” ဟု ဦးတင္ေဆြက ဆိုသည္။ လားရႈိးမွ MNDAA ျပန္ထြက္မည္ဆိုေသာ ကိစၥမွာ ေစာင့္ၾကည့္ရမည့္ ကိစၥျဖစ္ေၾကာင္း ေသနဂၤမဟာဗ်ဴ ဟာေလ့လာေရးအဖြဲ႕မွ အမႈေဆာင္ ဒါ႐ိုက္တာ ဦးသိန္းထြန္းဦးက ေျပာသည္။
“ဥပမာ- လားရႈိးကျပန္ဆုတ္မယ္တို႔ ဘာတို႔ဆိုတဲ့ဟာက ေစာင့္ၾကည့္မွပဲရေတာ့မွာ။ ဒါေပမဲ့ အနည္းဆုံး ကေတာ့ ကြၽန္ေတာ္ဟိုးအရင္တုန္းက အင္တာဗ်ဴးေတာ္ေတာ္မ်ားမ်ားေျဖ‌ဖူးသလိုပါပဲ။ ေဆြးေႏြးပြဲရဲ႕ျဖစ္ႏိုင္ေျခ အမ်ားဆုံးကေတာ့ အပစ္ရပ္ဆိုတဲ့ နံပါတ္တစ္အခ်က္က ဒါကေတာ့ျဖစ္ႏိုင္ေျခ အမ်ားဆုံး။ က်န္တဲ့ဟာေတြ နယ္ေျမေတာင္းတာ ေတြဘာေတြဆိုတာက ဒီဘက္အေျခခံဥပေဒအရ လည္းမညီဘူး။ ဒါေတြက ျဖစ္စရာ အေၾကာင္းလည္း မရွိဘူးေပါ့။ သီအိုရီအရေတြးရင္ေတာင္မွ အခ်က္အလက္ေတြအရေတြးရင္ေတာင္ မျဖစ္ႏိုင္ေတာ့ ဒါမ်ိဳးေတာ့မျဖစ္ႏိုင္ဘူး။ ခုနကေျပာသလို နယ္ေျမထဲ ကေနျပန္ဆုတ္သြားမလားကေတာ့ အေသးစိတ္သြားၿပီ။ တကယ္တမ္းသေဘာတူညီမႈရခဲ့သလား။ တကယ္ကို ေဆြးေႏြးတဲ့အခါ ဘယ္ေလာက္ထိ အေျပာင္းအလဲျဖစ္လဲ။ ဒါက်ေတာ့ သတင္းမထုတ္ရင္ေတာ့ ဘာမွလုပ္လို႔မရဘူး” ဟု ဦးသိန္းထြန္းဦးက ဆိုသည္။
လက္ရွိ အပစ္ရပ္လိုက္ေသာေၾကာင့္ ကိုယ့္အတြက္လိုအပ္ေသာ အုပ္ခ်ဳပ္၊ ေထာက္ပံ့မႈ လုပ္ေဆာင္ရသြား သကဲ့သို႔ တစ္ဖက္တြင္လည္း အပစ္ရပ္ဆိုေသာအေနအထားေၾကာင့္ အလားတူ လုပ္ေဆာင္မႈမ်ားကို ဆုက္တိုက္ လုပ္ေဆာင္လာႏိုင္ေၾကာင္းလည္း ၎က ဆိုသည္။ “ကိုယ့္ဘက္က အားသာခ်က္အေနနဲ႔ ကိုယ့္ဘက္ကတပ္ေတြပန္းတာ သက္သာတယ္၊ ေျမ ျပင္ျပည္သူလုထုကို ထိခိုက္ နစ္နာ တာသက္သာတယ္ဆိုေပမယ့္ တစ္ဖက္ကလည္း ထပ္ၿပီးေတာ့အပစ္ရပ္ဆိုတဲ့အတြင္းမွာပဲ အင္အားစု ၿပီးေတာ့ ေနာက္တစ္ႀကိမ္က်မွ အပစ္ရပ္ေဖာက္တယ္ ဆိုၿပီးလုပ္တယ္ဆိုရင္လည္း ကိုယ့္အတြက္က သူမ်ားကို အင္အားစုဖို႔အခြင့္အေရးေပးသလို ျဖစ္သြားတာမ်ိဳးလည္းရွိတယ္ေပါ့။ အားသာခ်က္ရွိသလို အားနည္းခ်က္ေတြလည္း ေနာက္မွာပါေနတယ္။ အဲဒီေတာ့ ကိုယ့္ဘက္က အပစ္ရပ္ျဖစ္သြားတဲ့ အေန အထားမွာ ဘယ္ေလာက္အထိ ကိုယ့္ဘက္ကိုျပန္လည္ စုစည္းႏိုင္မလဲ၊ လိုအပ္တဲ့ လိုအပ္ခ်က္ေတြဘာ ျဖည့္ဆည္းႏိုင္မလဲ။ ဒါေပၚမွာပဲမူတည္ၿပီးေတာ့ ကိုယ့္ကိုယ္ကို ျပန္တည္ေဆာက္ရမွာေပါ့” ဟု ဦးသိန္းထြန္းဦးက ဆိုသည္။ သို႔ေသာ္တစ္ဖက္တြင္ အစိုးရဘက္က တရားဝင္သတင္းထုတ္ျပန္ထားျခင္း မရွိေသးေသာေၾကာင့္ ယခု အပစ္ရပ္အေျခအေနႏွင့္ ပတ္သက္၍ သို႔ေလာ သို႔ေလာ ေတြးထင္မႈမ်ားလည္း ရွိေန သည္။
အစိုးရ၏ တရားဝင္သတင္းမ်ားတြင္ ထုတ္ျပန္ထားျခင္းမ်ား မရွိေသးသည့္အတြက္ သတင္းမ်ား ေရးသားသည့္အတိုင္းသာ သိရေသးေၾကာင္း ျပည္ေထာင္စုႀကံ့ခိုင္ေရးႏွင့္ ဖြံ႕ၿဖိဳးေရးပါတီမွ ေျပာေရးဆို ခြင့္ရွိသူ ဦးလွသိန္းက ဆိုသည္။ “သူတို႔ (တ႐ုတ္)ဘက္က Legal ဆိုေပမယ့္ ကြၽန္ေတာ္တို႔ ဘက္က ဟုတ္ခ်င္မွ ဟုတ္မယ္ ေလ။ သူတို႔လည္း Sovereignty ၊ ကြၽန္ေတာ္တို႔လည္း Sovereignty အခ်ဳပ္အျခာ အာဏာပိုင္ ႏိုင္ငံပဲေလ။ တကယ္တမ္း အဲဒီလိုျဖစ္ၿပီးေတာ့ ဟိုေကာင္ေတြက ပုံမွန္အတိုင္း သူ႔ေနရာသူ ပုံမွန္အတိုင္းျပန္ျဖစ္သြားမယ္ဆိုရင္ ဒီဘက္ကလည္း Warmly welcome အေနနဲ႔ ေၾက ညာမွာပဲေလ။ တစ္ခုခုေတာ့ ရွိေနပါလိမ့္မယ္။ ဒါေပမဲ့ အတိအက်ေတာ့ ကြၽန္ေတာ္လည္း ဘာမွမေျပာႏိုင္ ဘူးခင္ဗ်” ဟု ၎က ဆိုသည္။
အေတြ႕အႀကဳံရဆိုပါက ႏိုင္ငံေတာ္ႏွင့္ ဆိုင္ေသာကိစၥရပ္ျဖစ္ကာ ႏိုင္ငံျခားေရးေပၚလစီႏွင့္ ျပည္တြင္းေပၚလစီမ်ားခ်မွတ္ၿပီးျဖစ္သည့္အတြက္ အစိုးရက အေကာင္းဆုံးျဖစ္ေစရန္ ထိန္းေက်ာင္းၿပီး ေဆာင္႐ြက္သြားမည္ဟု ယူဆေၾကာင္းလည္း ဦးလွသိန္းက ဆိုသည္။ လက္ရွိအေနအထားအရ အပစ္ ရပ္ၿပီးသည့္ေနာက္ အခ်ိဳ႕ေသာနယ္စပ္ဂိတ္မ်ား ျပန္ဖြင့္သည့္အတြက္ ေျမျပင္ကျပည္သူမ်ား၏ စားဝတ္ ေနေရး အေျခခံလိုအပ္ခ်က္မ်ား ေျပလည္လာမည္ျဖစ္ေၾကာင္း ဦးသိန္းထြန္းဦးက ဆိုသည္။ သို႔ ေသာ္ ေစာင့္ၾကည့္ရမည့္ အေနအထားလည္းရွိသည္။ “ဒါေပမဲ့ အဲဒီအပစ္ရပ္ကဘယ္ေလာက္အထိ ဆက္ၿပီး ေတာ့အခ်ိန္ဆြဲသြားႏိုင္မလဲ၊ အပစ္ရပ္အတြင္းမွာ တကယ္ေရာၿငိမ္းၿငိမ္းခ်မ္းခ်မ္း အပစ္ရပ္တာမ်ိဳးျဖစ္ရဲ႕လား ဒါမွမဟုတ္ ခုနကမုန္တိုင္း မက်ခင္ ေရျပင္ၿငိမ္ သြားသလိုမ်ိဳး ခဏအပစ္ရပ္တဲ့အခ်ိန္မွာ အင္အားစုၿပီးေတာ့ ေနာက္တစ္ႀကိမ္မွာ သူတို႔ထပ္ၿပီးေတာ့ထိုး စစ္ထပ္လုပ္ခ်င္သလားဆိုတာ ဟာမ်ိဳးက်ေတာ့ တစ္ဖက္ရဲ႕အဖြဲ႕အစည္းေပၚကို သတိထားၿပီးေတာ့ ေလ့လာေစာင့္ ၾကည့္ဖို႔လိုပါလိမ့္မယ္။ အားသာခ်က္ ရွိသလိုမေရရာမႈေတြနဲ႔ျပည့္ေနတာဆိုေတာ့ အပစ္ရပ္တစ္ခုအတြင္းမွာ ကိုယ္ကအားသာခ်က္ဘယ္ ေလာက္ယူႏိုင္လဲ၊ ကိုယ္ယူတဲ့အေပၚမူတည္ၿပီးေတာ့ အားသာခ်က္အမ်ားႀကီး ရသြားႏိုင္ပါတယ္” ဟု ဦး သိန္းထြန္းဦးက အႀကံျပဳသည္။ အပစ္ကား ရပ္ၿပီဟု ဆိုႏိုင္သည္။ သို႔ေသာ္ ပိတ္ကား ထက္တြင္ စိတ္ဝင္စားဖြယ္ ဆက္လက္ေစာင့္ၾကည့္ရေပလိမ့္ဦးမည္။

Related news

© 2021. All rights reserved.