ရုရှားလေယာဉ်များ ပစ်ချခံရမည်ဆိုလျှင် နေတိုးနှင့် စစ်ပွဲဖြစ်ပွားမည်ဟု ရုရှားသံအမတ်ကြီးပြော

 532

ဂျန်ဇက် (NP News) - စက်တင်ဘာ ၂၇
နေတိုး မဟာမိတ်အဖွဲ့က ရုရှား၏လေယာဉ်များကို ပစ်ချမည်ဆိုလျှင် နေတိုးနှင့် ရုရှားနိုင်ငံကြား စစ်ပွဲဖြစ်လာ မည်ဖြစ်ကြောင်း ပြင်သစ်နိုင်ငံဆိုင်ရာ ရုရှားသံအမတ်ကြီးက အလက်ဇီ မက်ကော့ဗ်က ထုတ်ဖော်ပြောဆိုလိုက်သည်။
လက်ရှိအချိန်တွင် ရုရှားနှင့် နေတိုးအဖွဲ့ ကြား အငြင်းပွားမှုများဖြစ်ပွားလျက်ရှိနေချိန်တွင် ရုရှားသံအမတ်ကြီးက ယင်းကဲ့သို့ပြောဆိုခဲ့ခြင်းဖြစ်သည်။ ရုရှားသံအမတ်ကြီးက ‘ရုရှားလေယာဉ်တွေ ပစ်ချခံရမယ်ဆိုရင် နေတိုးနဲ့ စစ်ပွဲဖြစ် လာဖွယ်ရှိပါတယ်။ ကျွန်တော်တို့ရဲ့ လေကြောင်းပိုင်နက်ကို ချိုး ဖောက်ပြီး ဝင်ရောက်လာတဲ့ လေယာဉ်တွေရှိခဲ့ဖူးတယ်။ အဲဒီအဖြစ်အပျက်တွေက မတော်တဆမှု မဟုတ်ဘူး၊ ဒါပေမဲ့ ကျွန်တော်တို့က ပစ်ချခဲ့တာမျိုးမရှိဘူး၊ ကျွန်တော်တို့ဟာ တစ်စုံတစ်ဦးနဲ့ ဂိမ်းကစားပွဲတွေ မကစားဘူး”ဟုပြောသည်။
လက်ရှိအချိန်တွင် နေတိုးအဖွဲ့ဝင်နိုင်ငံများက ရုရှားစစ်ဘက်သုံးလေယာဉ်များသည် ၎င်းတို့ လေကြောင်းပိုင် နက်များကို ချိုးဖောက်ခြင်းများ ရှိနေ ကြောင်း စွပ်စွဲပြောဆိုမှုများရှိနေသည်။ အမေရိကန် သမ္မတဒေါ်နယ်ထရမ့်ကလည်း နေတိုးမဟာမိတ် အဖွဲ့ဝင်နိုင်ငံများ၏ ပိုင်နက်များကို ရုရှားလေယာဉ်များ ချိုးဖောက်မည်ဆိုလျှင် ပစ်ချမည်ဖြစ်ကြောင်း ပြီးခဲ့ သောရက်ပိုင်းက ထုတ်ဖော်ပြောဆိုခဲ့သည်။
ရုရှားသမ္မတရုံး ပြောရေးဆိုခွင့်ရှိသူတစ်ဦးဖြစ်သူ ဒီမီထရီပက်ကော့ဗ်ကတော့ ရုရှားစစ်လေ ယာဉ်များသည် အခြားနိုင်ငံများ၏ လေကြောင်းပိုင် နက်ကို ချိုးဖောက်ခဲ့သည်ဆိုသော စွပ်စွဲချက်များက အခြေအမြစ်မရှိကြောင်း ပြောဆိုခဲ့သည်။
အက်စတိုးနီးယား ဝန်ကြီးချုပ် မီချယ်က ရုရှားသည် ၎င်းတို့ လေကြောင်းပိုင်နက်ကို ချိုးဖောက် ခဲ့သည်ဟု ပြီးခဲ့ သောရက်ပိုင်းက ပြောဆိုခဲ့ဖူးပြီး နေတိုး မဟာမိတ်အဖွဲ့ဝင်နိုင်ငံများ၏ လေကြောင်း ပိုင်နက်ချိုးဖောက်ခံရမည် ဆိုလျှင် လုပ်ဆောင်ရမည့် စည်းကမ်းသတ်မှတ်ချက်များ နှင့်ပတ်သက်ပြီး ဆွေးနွေးနေကြောင်းပြောသည်။
ယူကရိန်း စစ်ပွဲနှင့်ပတ်သက်ပြီး ရုရှားနှင့် နေတိုးမဟာမိတ်အဖွဲ့ဝင်နိုင်ငံများကြား တင်းမာမှုများ ရှိလာခဲ့ပြီး နောက်လက်ရှိအချိန်တွင် လေကြောင်းပိုင်နက် ချိုးဖောက်မှုများနှင့်ပတ်သက်ပြီး အငြင်းပွားမှုများ၊ တင်းမာမှုများ ထပ်မံ ဖြစ်လာခဲ့ခြင်းဖြစ်သည်။ ရုရှားကာကွယ်ရေးဝန်ကြီးဌာနက “ကျွန်တော်တို့ စစ်တပ်ရဲ့ လေယာဉ်တွေဟာ စည်းကမ်း တွေအတိုင်း လိုက်နာ ပျံသန်းတယ်။ အဲဒီတိုက်လေယာဉ်တွေကိုလည်း တင်းကြပ်တဲ့စည်းကမ်းတွေ သတ်မှတ်ထား တယ်” ဟုပြောသည်။

Zawgyi Version:
႐ုရွားေလယာဥ္မ်ား ပစ္ခ်ခံရမည္ဆိုလွ်င္ ေနတိုးႏွင့္ စစ္ပြဲျဖစ္ပြားမည္ဟု ႐ုရွားသံအမတ္ႀကီးေျပာ
ဂ်န္ဇက္ (NP News) - စက္တင္ဘာ ၂၇
ေနတိုး မဟာမိတ္အဖြဲ႕က ႐ုရွား၏ေလယာဥ္မ်ားကို ပစ္ခ်မည္ဆိုလွ်င္ ေနတိုးႏွင့္ ႐ုရွားႏိုင္ငံၾကား စစ္ပြဲျဖစ္လာ မည္ျဖစ္ေၾကာင္း ျပင္သစ္ႏိုင္ငံဆိုင္ရာ ႐ုရွားသံအမတ္ႀကီးက အလက္ဇီ မက္ေကာ့ဗ္က ထုတ္ေဖာ္ေျပာဆိုလိုက္သည္။
လက္ရွိအခ်ိန္တြင္ ႐ုရွားႏွင့္ ေနတိုးအဖြဲ႕ ၾကား အျငင္းပြားမႈမ်ားျဖစ္ပြားလ်က္ရွိေနခ်ိန္တြင္ ႐ုရွားသံအမတ္ႀကီးက ယင္းကဲ့သို႔ေျပာဆိုခဲ့ျခင္းျဖစ္သည္။ ႐ုရွားသံအမတ္ႀကီးက ‘႐ုရွားေလယာဥ္ေတြ ပစ္ခ်ခံရမယ္ဆိုရင္ ေနတိုးနဲ႔ စစ္ပြဲျဖစ္ လာဖြယ္ရွိပါတယ္။ ကြၽန္ေတာ္တို႔ရဲ႕ ေလေၾကာင္းပိုင္နက္ကို ခ်ိဳး ေဖာက္ၿပီး ဝင္ေရာက္လာတဲ့ ေလယာဥ္ေတြရွိခဲ့ဖူးတယ္။ အဲဒီအျဖစ္အပ်က္ေတြက မေတာ္တဆမႈ မဟုတ္ဘူး၊ ဒါေပမဲ့ ကြၽန္ေတာ္တို႔က ပစ္ခ်ခဲ့တာမ်ိဳးမရွိဘူး၊ ကြၽန္ေတာ္တို႔ဟာ တစ္စုံတစ္ဦးနဲ႔ ဂိမ္းကစားပြဲေတြ မကစားဘူး”ဟုေျပာသည္။
လက္ရွိအခ်ိန္တြင္ ေနတိုးအဖြဲ႕ဝင္ႏိုင္ငံမ်ားက ႐ုရွားစစ္ဘက္သုံးေလယာဥ္မ်ားသည္ ၎တို႔ ေလေၾကာင္းပိုင္ နက္မ်ားကို ခ်ိဳးေဖာက္ျခင္းမ်ား ရွိေန ေၾကာင္း စြပ္စြဲေျပာဆိုမႈမ်ားရွိေနသည္။ အေမရိကန္ သမၼတေဒၚနယ္ထရမ့္ကလည္း ေနတိုးမဟာမိတ္ အဖြဲ႕ဝင္ႏိုင္ငံမ်ား၏ ပိုင္နက္မ်ားကို ႐ုရွားေလယာဥ္မ်ား ခ်ိဳးေဖာက္မည္ဆိုလွ်င္ ပစ္ခ်မည္ျဖစ္ေၾကာင္း ၿပီးခဲ့ ေသာရက္ပိုင္းက ထုတ္ေဖာ္ေျပာဆိုခဲ့သည္။
႐ုရွားသမၼတ႐ုံး ေျပာေရးဆိုခြင့္ရွိသူတစ္ဦးျဖစ္သူ ဒီမီထရီပက္ေကာ့ဗ္ကေတာ့ ႐ုရွားစစ္ေလ ယာဥ္မ်ားသည္ အျခားႏိုင္ငံမ်ား၏ ေလေၾကာင္းပိုင္ နက္ကို ခ်ိဳးေဖာက္ခဲ့သည္ဆိုေသာ စြပ္စြဲခ်က္မ်ားက အေျခအျမစ္မရွိေၾကာင္း ေျပာဆိုခဲ့သည္။
အက္စတိုးနီးယား ဝန္ႀကီးခ်ဳပ္ မီခ်ယ္က ႐ုရွားသည္ ၎တို႔ ေလေၾကာင္းပိုင္နက္ကို ခ်ိဳးေဖာက္ ခဲ့သည္ဟု ၿပီးခဲ့ ေသာရက္ပိုင္းက ေျပာဆိုခဲ့ဖူးၿပီး ေနတိုး မဟာမိတ္အဖြဲ႕ဝင္ႏိုင္ငံမ်ား၏ ေလေၾကာင္း ပိုင္နက္ခ်ိဳးေဖာက္ခံရမည္ ဆိုလွ်င္ လုပ္ေဆာင္ရမည့္ စည္းကမ္းသတ္မွတ္ခ်က္မ်ား ႏွင့္ပတ္သက္ၿပီး ေဆြးေႏြးေနေၾကာင္းေျပာသည္။
ယူကရိန္း စစ္ပြဲႏွင့္ပတ္သက္ၿပီး ႐ုရွားႏွင့္ ေနတိုးမဟာမိတ္အဖြဲ႕ဝင္ႏိုင္ငံမ်ားၾကား တင္းမာမႈမ်ား ရွိလာခဲ့ၿပီး ေနာက္လက္ရွိအခ်ိန္တြင္ ေလေၾကာင္းပိုင္နက္ ခ်ိဳးေဖာက္မႈမ်ားႏွင့္ပတ္သက္ၿပီး အျငင္းပြားမႈမ်ား၊ တင္းမာမႈမ်ား ထပ္မံ ျဖစ္လာခဲ့ျခင္းျဖစ္သည္။ ႐ုရွားကာကြယ္ေရးဝန္ႀကီးဌာနက “ကြၽန္ေတာ္တို႔ စစ္တပ္ရဲ႕ ေလယာဥ္ေတြဟာ စည္းကမ္း ေတြအတိုင္း လိုက္နာ ပ်ံသန္းတယ္။ အဲဒီတိုက္ေလယာဥ္ေတြကိုလည္း တင္းၾကပ္တဲ့စည္းကမ္းေတြ သတ္မွတ္ထား တယ္” ဟုေျပာသည္။

Related news

© 2021. All rights reserved.