ဂါဇာအကူအညီပေးရေး ရေယာဉ်စုကိုကာကွယ်ရန် စစ်သင်္ဘောတစ်စီး စေလွှတ်သွားမည်ဟု စပိန်အစိုးရ သတင်း ထုတ်ပြန်

 208

Pika (NP News) - စက်တင်ဘာ ၂၇
ဂါဇာကမ်းမြောင်ဒေသသို့ အကူအညီများပေးပို့ရန်ကြိုးပမ်းနေသည့် နိုင်ငံတကာရေယာဉ်စုများကို ကာကွယ်ရန် အတွက် စစ်သင်္ဘောတစ်စီးကို စေလွှတ်ရာတွင် အီတလီနိုင်ငံနှင့်ပူးပေါင်းသွားမည်ဖြစ်ကြောင်း စပိန်ဝန်ကြီးချုပ် ပီဒရိုဆန်းချက်က ထုတ်ဖော်ပြောဆိုခဲ့သည်။ ဂရိနိုင်ငံကမ်းလွန်တွင် ဂါဇာသို့အကူအညီပေးပို့ရန်ကြိုးပမ်းနေသည့် သင်္ဘောတစ်စင်း ဒရုန်းများနှင့်တိုက်ခိုက်ခံရပြီးနောက် ပီဒရိုဆန်းချက်၏ ပြောဆိုချက်များထွက်ပေါ်လာခြင်း ဖြစ်သည်။
အဆိုပါသင်္ဘောပေါ်တွင် ဂါဇာကမ်းမြောင်ဒေသသို့ အစားအစာများ ဖြန့်ဖြူးပေးရန်အတွက် နိုင်ငံပေါင်း(၄၅)နိုင်ငံမှ နိုင်ငံသားများ လိုက်ပါလာခဲ့ကြောင်း ပီဒရိုဆန်းချက် ကုလသမဂ္ဂအထွေထွေညီလာခံတွင် ထုတ်ဖော်ပြောဆိုခဲ့ သည်။
ပီဒရိုဆန်းချက်က “နိုင်ငံတကာဥပဒေကို လေးစားလိုက်နာဖို့နဲ့ မြေထဲပင်လယ်ကို ဘေးကင်းတဲ့အခြေအနေတွေမှာ ဖြတ်သန်းသွားလာခွင့်ရှိတဲ့ကျွန်တော်တို့နိုင်ငံသားတွေရဲ့အခွင့်အရေးတွေကို လေးစားလိုက်နာဖို့ စပိန်အစိုးရက တောင်းဆိုပါတယ်။ ဂါဇာကို အကူအညီပေးဖို့ ကြိုးပမ်းနေတဲ့ နိုင်ငံတကာရေယာဉ်စုတွေကို ကာကွယ်ဖို့အတွက်နဲ့ ကယ်ဆယ်ရေးလုပ်ငန်းတွေ လုပ်ဆောင်ဖို့အတွက် ရေတပ်သင်္ဘောတစ်စီးကို ကျွန်တော်တို့စေလွှတ်သွားမှာပါ” ဟု ပြောခဲ့သည်။
ဂါဇာသို့ အကူအညီများပေးပို့ရန်ကြိုးပမ်းခဲ့သည့် နိုင်ငံပေါင်း(၄၅)နိုင်ငံမှ နိုင်ငံသားများလိုက်ပါသော သင်္ဘောသည် ဂရိကျွန်း Gavdos မှ ရေမိုင်(၃၀)အကွာ နိုင်ငံတကာရေပြင်တွင် ဒရုန်း(၁၂)စင်းနှင့် တိုက်ခိုက်ခံခဲ့ရခြင်းဖြစ်ကြောင်း ပီဒရိုဆန်းချက်က ထုတ်ဖော်ပြောကြားခဲ့သည်။ အစ္စရေး-ဟားမက်စစ်ပွဲဖြစ်ပွားခဲ့သည်မှာ အချိန်(၂)နှစ်နီးပါးရှိနေပြီ ဖြစ်ပြီး အစ္စရေးက ဂါဇာကမ်းမြောင်ဒေသသို့ အကူအညီများဝင်ရောက်ခွင့်ကို မကြာခဏပိတ်ဆို့ထားလေ့ရှိကြောင်း သိရသည်။

Zawgyi Version:
ဂါဇာအကူအညီေပးေရး ေရယာဥ္စုကိုကာကြယ္ရန္ စစ္သေဘၤာတစ္စီး ေစလႊတ္သြားမည္ဟု စပိန္အစိုးရ သတင္း ထုတ္ျပန္
Pika (NP News) - စက္တင္ဘာ ၂၇
ဂါဇာကမ္းေျမာင္ေဒသသို႔ အကူအညီမ်ားေပးပို႔ရန္ႀကိဳးပမ္းေနသည့္ ႏိုင္ငံတကာေရယာဥ္စုမ်ားကို ကာကြယ္ရန္ အတြက္ စစ္သေဘၤာတစ္စီးကို ေစလႊတ္ရာတြင္ အီတလီႏိုင္ငံႏွင့္ပူးေပါင္းသြားမည္ျဖစ္ေၾကာင္း စပိန္ဝန္ႀကီးခ်ဳပ္ ပီဒ႐ိုဆန္းခ်က္က ထုတ္ေဖာ္ေျပာဆိုခဲ့သည္။ ဂရိႏိုင္ငံကမ္းလြန္တြင္ ဂါဇာသို႔အကူအညီေပးပို႔ရန္ႀကိဳးပမ္းေနသည့္ သေဘၤာတစ္စင္း ဒ႐ုန္းမ်ားႏွင့္တိုက္ခိုက္ခံရၿပီးေနာက္ ပီဒ႐ိုဆန္းခ်က္၏ ေျပာဆိုခ်က္မ်ားထြက္ေပၚလာျခင္း ျဖစ္သည္။
အဆိုပါသေဘၤာေပၚတြင္ ဂါဇာကမ္းေျမာင္ေဒသသို႔ အစားအစာမ်ား ျဖန႔္ျဖဴးေပးရန္အတြက္ ႏိုင္ငံေပါင္း(၄၅)ႏိုင္ငံမွ ႏိုင္ငံသားမ်ား လိုက္ပါလာခဲ့ေၾကာင္း ပီဒ႐ိုဆန္းခ်က္ ကုလသမဂၢအေထြေထြညီလာခံတြင္ ထုတ္ေဖာ္ေျပာဆိုခဲ့ သည္။
ပီဒ႐ိုဆန္းခ်က္က “ႏိုင္ငံတကာဥပေဒကို ေလးစားလိုက္နာဖို႔နဲ႔ ေျမထဲပင္လယ္ကို ေဘးကင္းတဲ့အေျခအေနေတြမွာ ျဖတ္သန္းသြားလာခြင့္ရွိတဲ့ကြၽန္ေတာ္တို႔ႏိုင္ငံသားေတြရဲ႕အခြင့္အေရးေတြကို ေလးစားလိုက္နာဖို႔ စပိန္အစိုးရက ေတာင္းဆိုပါတယ္။ ဂါဇာကို အကူအညီေပးဖို႔ ႀကိဳးပမ္းေနတဲ့ ႏိုင္ငံတကာေရယာဥ္စုေတြကို ကာကြယ္ဖို႔အတြက္နဲ႔ ကယ္ဆယ္ေရးလုပ္ငန္းေတြ လုပ္ေဆာင္ဖို႔အတြက္ ေရတပ္သေဘၤာတစ္စီးကို ကြၽန္ေတာ္တို႔ေစလႊတ္သြားမွာပါ” ဟု ေျပာခဲ့သည္။
ဂါဇာသို႔ အကူအညီမ်ားေပးပို႔ရန္ႀကိဳးပမ္းခဲ့သည့္ ႏိုင္ငံေပါင္း(၄၅)ႏိုင္ငံမွ ႏိုင္ငံသားမ်ားလိုက္ပါေသာ သေဘၤာသည္ ဂရိကြၽန္း Gavdos မွ ေရမိုင္(၃၀)အကြာ ႏိုင္ငံတကာေရျပင္တြင္ ဒ႐ုန္း(၁၂)စင္းႏွင့္ တိုက္ခိုက္ခံခဲ့ရျခင္းျဖစ္ေၾကာင္း ပီဒ႐ိုဆန္းခ်က္က ထုတ္ေဖာ္ေျပာၾကားခဲ့သည္။ အစၥေရး-ဟားမက္စစ္ပြဲျဖစ္ပြားခဲ့သည္မွာ အခ်ိန္(၂)ႏွစ္နီးပါးရွိေနၿပီ ျဖစ္ၿပီး အစၥေရးက ဂါဇာကမ္းေျမာင္ေဒသသို႔ အကူအညီမ်ားဝင္ေရာက္ခြင့္ကို မၾကာခဏပိတ္ဆို႔ထားေလ့ရွိေၾကာင္း သိရသည္။

Related news

© 2021. All rights reserved.