စစ်ပွဲပြီးဆုံးချိန်တွင် ရာထူးမှနုတ်ထွက်ရန် အဆင်သင့်ရှိနေဟု ယူကရိန်းသမ္မတပြော

 202

ဂျန်ဇက် (NP News) - စက်တင်ဘာ ၂၇
ယူကရိန်းသမ္မတဇီလန်စကီးက ရုရှားနှင့်ယူကရိန်းနိုင်ငံကြားဖြစ်ပွားလျက်ရှိနေသည့် စစ်ပွဲအဆုံးသတ်ချိန်တွင် ယူကရိန်းသမ္မတရာထူးမှ နုတ်ထွက်သွားရန်အဆင်သင့်ရှိနေကြောင်း ပြောသည်။ ယူကရိန်းသမ္မတ ဇီလန်စကီး၏ သမ္မတသက်တမ်းသည် ၂၀၂၄ ခုနှစ် မေလတွင် သက်တမ်းကုန်ဆုံးသွားခဲ့ပြီဖြစ်သော်လည်း ဇီလန်စကီးသည် သမ္မတအဖြစ် ဆက်လက်တာဝန်ယူလျက်ရှိနေသည့်အတွက် အငြင်းပွားမှုများရှိနေကြောင်း သိရသည်။ ဇီလန်စကီး သည် လက်ရှိအချိန်တွင် စစ်အုပ်ချုပ်ရေးဥပဒေ သတ်မှတ်ထားသည့်အတွက် ရွေးကောက်အသစ် လုပ်ဆောင်ရန် နှင့် ရာထူးမှ နုတ်ထွက်ရန်ငြင်းဆနတ်ထားကြောင်း သိရသည်။
ရုရှားအစိုးရက သမ္မတဇီလန်စကီးသည် သက်တမ်းကုန်ဆုံးသွားပြီဖြစ်သည့်အတွက် ယူကရိန်းနိုင်ငံကို အုပ်ချုပ်ရန် အခွင့်အာဏာ မရှိတော့ကြောင်း ဝေဖန်ထားသည်။ သမ္မတဇီလန်စကီးက ''ကျွန်တော်ရဲ့ အဓိက ရည်မှန်းချက်က ယူကရိန်းနိုင်ငံမှာ ရွေးကောက်ပွဲကျင်းပဖို့ မဟုတ်ဘူး၊ စစ်ပွဲအဆုံးသတ်ဖို့ ဖြစ်တယ်'' ဟု ပြောသည်။
ယူကရိန်းသမ္မတဇီလန်စကီးသည် လက်ရှိအချိန်တွင် ၎င်း၏လုပ်ပိုင်ခွင့်အာဏာကို ပိုမိုခိုင်မာစေရန် လုပ်ဆောင်နေ မှုနှင့်အတူ လွှတ်တော်ကို ပိုမိုအားနည်းစေရန်လုပ်ဆောင်နေကြောင်း စွပ်စွဲထားသည်။ ယူကရိန်းသမ္မတသည် ရွေးကောက်ပွဲတွင် ၎င်း၏ ပြိုင်ဘက်ဖြစ်လာဖွယ်ရှိနေသည့်ကာကွယ်ရေးဦးစီးချုပ်ဟောင်း အပါအဝင် ၎င်း၏ ပြိုင်ဘက်များကို ဖိနှိပ်မှုများလုပ်ဆောင်ရန် ပြင်ဆင်နေကြောင်း စွပ်စွဲမှုများလည်း ရှိနေသည်။
ယူကရိန်းသမ္မတသည် ၎င်း၏ သမ္မတ အာဏာနှင့်လုပ်ပိုင်ခွင့်ကို အချိန်အတန်ကြာ ရယူထားလိုသည့်အတွက် ရွေးကောက်ပွဲကို ကန့်ကွက်တားဆီးနေခြင်းဖြစ်ကြောင်း ဝေဖန်မှုများလည်းရှိနေသည်။ ယူကရိန်းသမ္မတ ဇီလန်စကီး လက်ထက်တွင် ငြိမ်းချမ်းရေး စာချုပ်လက်မှတ်ရေးထိုးမည်ဆိုလျှင် တရားဝင်မည်မဟုတ်ကြောင်း၊ ဇီလန်စကီး၏ သမ္မတသက်တမ်းက ကျော်လွန်နေပြီဖြစ်ကြောင်း ရုရှားအစိုးရကလည်း ဝေဖန်ပြစ်တင်ထားသည်။ ရုရှားနှင့်ယူကရိန်းတို့သည် ၂၀၂၂ ခုနှစ် ဖေဖော်ဝါရီလတွင် စစ်ပွဲစတင်ခဲ့ပြီး လက်ရှိအချိန်အထိ အပြန်အလှန် ပစ်ခတ်မှုများ ရှိနေဆဲဖြစ်ရာ အပစ်ခတ်ရပ်စဲရေးရယူနိုင်ခြင်းမရှိသလို ယူကရိန်းသမ္မတ နှင့် ရုရှားသမ္မတကြား လည်း မျက်နှာချင်းဆိုင်တွေ့ဆုံဆွေးနွေးနိုင်ခြင်းမရှိသေးကြောင်း သိရသည်။

Zawgyi Version:
စစ္ပြဲၿပီးဆုံးခ်ိန္တြင္ ရာထူးမွႏုတ္ထြက္ရန္ အဆင္သင့္ရွိေနဟု ယူကရိန္းသမၼတေျပာ
ဂ်န္ဇက္ (NP News) - စက္တင္ဘာ ၂၇
ယူကရိန္းသမၼတဇီလန္စကီးက ႐ုရွားႏွင့္ယူကရိန္းႏိုင္ငံၾကားျဖစ္ပြားလ်က္ရွိေနသည့္ စစ္ပြဲအဆုံးသတ္ခ်ိန္တြင္ ယူကရိန္းသမၼတရာထူးမွ ႏုတ္ထြက္သြားရန္အဆင္သင့္ရွိေနေၾကာင္း ေျပာသည္။ ယူကရိန္းသမၼတ ဇီလန္စကီး၏ သမၼတသက္တမ္းသည္ ၂၀၂၄ ခုႏွစ္ ေမလတြင္ သက္တမ္းကုန္ဆုံးသြားခဲ့ၿပီျဖစ္ေသာ္လည္း ဇီလန္စကီးသည္ သမၼတအျဖစ္ ဆက္လက္တာဝန္ယူလ်က္ရွိေနသည့္အတြက္ အျငင္းပြားမႈမ်ားရွိေနေၾကာင္း သိရသည္။ ဇီလန္စကီး သည္ လက္ရွိအခ်ိန္တြင္ စစ္အုပ္ခ်ဳပ္ေရးဥပေဒ သတ္မွတ္ထားသည့္အတြက္ ေ႐ြးေကာက္အသစ္ လုပ္ေဆာင္ရန္ ႏွင့္ ရာထူးမွ ႏုတ္ထြက္ရန္ျငင္းဆနတ္ထားေၾကာင္း သိရသည္။
႐ုရွားအစိုးရက သမၼတဇီလန္စကီးသည္ သက္တမ္းကုန္ဆုံးသြားၿပီျဖစ္သည့္အတြက္ ယူကရိန္းႏိုင္ငံကို အုပ္ခ်ဳပ္ရန္ အခြင့္အာဏာ မရွိေတာ့ေၾကာင္း ေဝဖန္ထားသည္။ သမၼတဇီလန္စကီးက ''ကြၽန္ေတာ္ရဲ႕ အဓိက ရည္မွန္းခ်က္က ယူကရိန္းႏိုင္ငံမွာ ေ႐ြးေကာက္ပြဲက်င္းပဖို႔ မဟုတ္ဘူး၊ စစ္ပြဲအဆုံးသတ္ဖို႔ ျဖစ္တယ္'' ဟု ေျပာသည္။
ယူကရိန္းသမၼတဇီလန္စကီးသည္ လက္ရွိအခ်ိန္တြင္ ၎၏လုပ္ပိုင္ခြင့္အာဏာကို ပိုမိုခိုင္မာေစရန္ လုပ္ေဆာင္ေန မႈႏွင့္အတူ လႊတ္ေတာ္ကို ပိုမိုအားနည္းေစရန္လုပ္ေဆာင္ေနေၾကာင္း စြပ္စြဲထားသည္။ ယူကရိန္းသမၼတသည္ ေ႐ြးေကာက္ပြဲတြင္ ၎၏ ၿပိဳင္ဘက္ျဖစ္လာဖြယ္ရွိေနသည့္ကာကြယ္ေရးဦးစီးခ်ဳပ္ေဟာင္း အပါအဝင္ ၎၏ ၿပိဳင္ဘက္မ်ားကို ဖိႏွိပ္မႈမ်ားလုပ္ေဆာင္ရန္ ျပင္ဆင္ေနေၾကာင္း စြပ္စြဲမႈမ်ားလည္း ရွိေနသည္။
ယူကရိန္းသမၼတသည္ ၎၏ သမၼတ အာဏာႏွင့္လုပ္ပိုင္ခြင့္ကို အခ်ိန္အတန္ၾကာ ရယူထားလိုသည့္အတြက္ ေ႐ြးေကာက္ပြဲကို ကန႔္ကြက္တားဆီးေနျခင္းျဖစ္ေၾကာင္း ေဝဖန္မႈမ်ားလည္းရွိေနသည္။ ယူကရိန္းသမၼတ ဇီလန္စကီး လက္ထက္တြင္ ၿငိမ္းခ်မ္းေရး စာခ်ဳပ္လက္မွတ္ေရးထိုးမည္ဆိုလွ်င္ တရားဝင္မည္မဟုတ္ေၾကာင္း၊ ဇီလန္စကီး၏ သမၼတသက္တမ္းက ေက်ာ္လြန္ေနၿပီျဖစ္ေၾကာင္း ႐ုရွားအစိုးရကလည္း ေဝဖန္ျပစ္တင္ထားသည္။ ႐ုရွားႏွင့္ယူကရိန္းတို႔သည္ ၂၀၂၂ ခုႏွစ္ ေဖေဖာ္ဝါရီလတြင္ စစ္ပြဲစတင္ခဲ့ၿပီး လက္ရွိအခ်ိန္အထိ အျပန္အလွန္ ပစ္ခတ္မႈမ်ား ရွိေနဆဲျဖစ္ရာ အပစ္ခတ္ရပ္စဲေရးရယူႏိုင္ျခင္းမရွိသလို ယူကရိန္းသမၼတ ႏွင့္ ႐ုရွားသမၼတၾကား လည္း မ်က္ႏွာခ်င္းဆိုင္ေတြ႕ဆုံေဆြးေႏြးႏိုင္ျခင္းမရွိေသးေၾကာင္း သိရသည္။

Related news

© 2021. All rights reserved.