ပြင်ပအာကာသစူးစမ်းလေ့လာရေး နှင့် အသုံးပြုမှုနယ်ပယ်တွင် ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ သဘောတူညီချက်များကို လက်မှတ်ရေးထိုး

295

စော (NP News) - စက်တင်ဘာ ၂၇
ပြင်ပအာကာသစူးစမ်းလေ့လာရေးနှင့် အသုံးပြုမှုနယ်ပယ်တွင် ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ သဘောတူညီချက်များကို ယမန်နေ့ (စက်တင်ဘာ ၂၆ ရက်) က လက်မှတ်ရေးထိုးခဲ့ကြကြောင်း နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။
နိုင်ငံတော်ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌနှင့် ရုရှားဖက်ဒရေးရှင်းနိုင်ငံ State Space Corporation “Roscosmos” ညွှန်ကြားရေးမှူးချုပ်တို့သည် ယမန်နေ့ (စက်တင်ဘာ ၂၆ ရက်) က Roscosmos ရုံးချုပ်၌ တွေ့ဆုံဆွေးနွေးခဲ့ကြောင်း သိရသည်။
ထိုသို့တွေ့ဆုံရာတွင် မြန်မာနိုင်ငံနှင့် ရုရှားနိုင်ငံတို့အကြား အာကာသနည်းပညာပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ရေးဆိုင်ရာကိစ္စများ၊ အာကာသနည်းပညာဆိုင်ရာ လူသားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာကိစ္စများနှင့်ပတ်သက်၍ ဆွေးနွေးခဲ့ကြောင်း သိရသည်။
ထို့ပြင် နှစ်နိုင်ငံအကြား ငြိမ်းချမ်းသော ရည်ရွယ်ချက်များအတွက် ပြင်ပအာကာသစူးစမ်းလေ့လာရေးနှင့် အသုံးပြုမှုနယ်ပယ်တွင် ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာကိစ္စများ၊ မြန်မာနိုင်ငံနှင့် ပြည်သူလူထု၏ အကျိုးစီးပွားကို ဖော်ဆောင်ပေးနိုင်မည့် ဂြိုဟ်တုလွှတ်တင်ရေးဆိုင်ရာကိစ္စများ၊ အာကာသနည်းပညာနှင့် သက်ဆိုင်သည့် ပညာတော်သင် သင်တန်းသားများ စေလွှတ်ရေးဆိုင်ရာကိစ္စများနှင့်ပတ်သက်၍ ရင်းနှီးပွင့်လင်းစွာ အမြင်ချင်းဖလှယ်ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
အဆိုပါတွေ့ဆုံဆွေးနွေးမှုအပြီးတွင် မြန်မာနိုင်ငံနှင့် ရုရှားနိုင်ငံနှစ်နိုင်ငံအကြား ငြိမ်းချမ်းသော ရည်ရွယ်ချက်များအတွက် ပြင်ပအာကာသစူးစမ်းလေ့လာရေးနှင့် အသုံးပြုမှုနယ်ပယ်တွင် ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ သဘောတူညီချက်များကို ရုရှားဖက်ဒရေးရှင်းနိုင်ငံ State Space Corporation “Roscosmos” ညွှန်ကြားရေးမှူးချုပ် Mr. Dmitry V. Bakanov နှင့် မြန်မာအာကာသအေဂျင်စီအမှုဆောင်ချုပ် ဒေါက်တာ စိုးမြင့်မောင်တို့က နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ ရှေ့မှောက်တွင် လက်မှတ်ရေးထိုးကြကြောင်း သိရသည်။

Zawgyi Version:
ျပင္ပအာကာသစူးစမ္းေလ့လာေရး ႏွင့္ အသုံးျပဳမႈနယ္ပယ္တြင္ ပူးေပါင္းေဆာင္႐ြက္ေရးဆိုင္ရာ သေဘာတူညီခ်က္မ်ားကို လက္မွတ္ေရးထိုး
ေစာ (NP News) - စက္တင္ဘာ ၂၇
ျပင္ပအာကာသစူးစမ္းေလ့လာေရးႏွင့္ အသုံးျပဳမႈနယ္ပယ္တြင္ ပူးေပါင္းေဆာင္႐ြက္ေရးဆိုင္ရာ သေဘာတူညီခ်က္မ်ားကို ယမန္ေန႔ (စက္တင္ဘာ ၂၆ ရက္) က လက္မွတ္ေရးထိုးခဲ့ၾကေၾကာင္း ႏိုင္ငံေတာ္လုံၿခဳံေရးႏွင့္ ေအးခ်မ္းသာယာေရးေကာ္မရွင္၏ သတင္းထုတ္ျပန္ခ်က္အရ သိရသည္။
ႏိုင္ငံေတာ္ယာယီသမၼတ ႏိုင္ငံေတာ္လုံၿခဳံေရးႏွင့္ေအးခ်မ္းသာယာေရးေကာ္မရွင္ဥကၠ႒ႏွင့္ ႐ုရွားဖက္ဒေရးရွင္းႏိုင္ငံ State Space Corporation “Roscosmos” ၫႊန္ၾကားေရးမႉးခ်ဳပ္တို႔သည္ ယမန္ေန႔ (စက္တင္ဘာ ၂၆ ရက္) က Roscosmos ႐ုံးခ်ဳပ္၌ ေတြ႕ဆုံေဆြးေႏြးခဲ့ေၾကာင္း သိရသည္။
ထိုသို႔ေတြ႕ဆုံရာတြင္ ျမန္မာႏိုင္ငံႏွင့္ ႐ုရွားႏိုင္ငံတို႔အၾကား အာကာသနည္းပညာပူးေပါင္းေဆာင္႐ြက္မႈ တိုးျမႇင့္ေရးဆိုင္ရာကိစၥမ်ား၊ အာကာသနည္းပညာဆိုင္ရာ လူသားအရင္းအျမစ္ ဖြံ႕ၿဖိဳးတိုးတက္ေရးဆိုင္ရာကိစၥမ်ားႏွင့္ပတ္သက္၍ ေဆြးေႏြးခဲ့ေၾကာင္း သိရသည္။
ထို႔ျပင္ ႏွစ္ႏိုင္ငံအၾကား ၿငိမ္းခ်မ္းေသာ ရည္႐ြယ္ခ်က္မ်ားအတြက္ ျပင္ပအာကာသစူးစမ္းေလ့လာေရးႏွင့္ အသုံးျပဳမႈနယ္ပယ္တြင္ ပူးေပါင္းေဆာင္႐ြက္ေရးဆိုင္ရာကိစၥမ်ား၊ ျမန္မာႏိုင္ငံႏွင့္ ျပည္သူလူထု၏ အက်ိဳးစီးပြားကို ေဖာ္ေဆာင္ေပးႏိုင္မည့္ ၿဂိဳဟ္တုလႊတ္တင္ေရးဆိုင္ရာကိစၥမ်ား၊ အာကာသနည္းပညာႏွင့္ သက္ဆိုင္သည့္ ပညာေတာ္သင္ သင္တန္းသားမ်ား ေစလႊတ္ေရးဆိုင္ရာကိစၥမ်ားႏွင့္ပတ္သက္၍ ရင္းႏွီးပြင့္လင္းစြာ အျမင္ခ်င္းဖလွယ္ေဆြးေႏြးခဲ့ၾကေၾကာင္း သိရသည္။
အဆိုပါေတြ႕ဆုံေဆြးေႏြးမႈအၿပီးတြင္ ျမန္မာႏိုင္ငံႏွင့္ ႐ုရွားႏိုင္ငံႏွစ္ႏိုင္ငံအၾကား ၿငိမ္းခ်မ္းေသာ ရည္႐ြယ္ခ်က္မ်ားအတြက္ ျပင္ပအာကာသစူးစမ္းေလ့လာေရးႏွင့္ အသုံးျပဳမႈနယ္ပယ္တြင္ ပူးေပါင္းေဆာင္႐ြက္ေရးဆိုင္ရာ သေဘာတူညီခ်က္မ်ားကို ႐ုရွားဖက္ဒေရးရွင္းႏိုင္ငံ State Space Corporation “Roscosmos” ၫႊန္ၾကားေရးမႉးခ်ဳပ္ Mr. Dmitry V. Bakanov ႏွင့္ ျမန္မာအာကာသေအဂ်င္စီအမႈေဆာင္ခ်ဳပ္ ေဒါက္တာ စိုးျမင့္ေမာင္တို႔က ႏိုင္ငံေတာ္လုံၿခဳံေရးႏွင့္ေအးခ်မ္းသာယာေရးေကာ္မရွင္ဥကၠ႒ ေရွ႕ေမွာက္တြင္ လက္မွတ္ေရးထိုးၾကေၾကာင္း သိရသည္။