ယူကရိန်းတွင် သတ်ဖြတ်မှုများကို ရပ်တန့်ရန် ရုရှားကို အမေရိကန် တိုက်တွန်း

 260

Pika (NP News) - စက်တင်ဘာ ၂၇

ယူကရိန်းတွင် သတ်ဖြတ်မှုများ လုပ်ဆောင်နေခြင်းအား ရပ်တန့်ရန် ရုရှားနိုင်ငံခြားရေးဝန်ကြီး ဆာဂေးလာရော့ဗ် ကို အမေရိကန်နိုင်ငံခြားရေးဝန်ကြီး မာကိုရူဘီအိုက ပြတ်ပြတ်သားသားတောင်းဆိုခဲ့ကြောင်း သိရသည်။ ရုရှားနိုင်ငံနှင့်ပတ်သက်ပြီး အမေရိကန်၏ရပ်တည်ချက်များ တင်းမာလာချိန်တွင် မာကိုရူဘီအို၏ တောင်းဆိုမှုများ ထွက်ပေါ်လာခြင်းဖြစ်သည်။
ထို့ပြင် ယူကရိန်းတွင် သတ်ဖြတ်မှုများကို ရပ်တန့်ရန်အတွက် အမေရိကန်သမ္မတဒေါ်နယ်ထရမ့်၏ တောင်းဆိုချက် များကို မာကိုရူဘီအိုက ထပ်လောင်းပြောကြားခဲ့ပြီး ရုရှား-ယူကရိန်းစစ်ပွဲကို အဆုံးသတ်ရန်အတွက် အဓိပ္ပါယ်ရှိ သည့်ခြေလှမ်းများကို ရုရှားဘက်က လုပ်ဆောင်ရန်လိုအပ်ကြောင်း ပြောကြားခဲ့သည်။ ရုရှားအပေါ် ဒေါ်နယ်ထရမ့် ၏ တင်းမာသောရပ်တည်ချက်များကို ယူကရိန်းသမ္မတဇီလန်စကီးက ချီးကျူးပြောဆိုခဲ့ပြီးနောက် မာကိုရူဘီအို၏ ပြောဆိုချက်များ ထွက်ပေါ်လာခြင်းဖြစ်သည်။
ဒေါ်နယ်ထရမ့်၏ ရပ်တည်ချက်များသည် ယူကရိန်းကို စစ်ပွဲတွင် အနိုင်ရရှိစေရုံသာမက ၎င်း၏နယ်မြေများကို ပြန်လည်သိမ်းယူရန်နှင့် ချဲ့ထွင်မှုများကိုပင်လုပ်ဆောင်နိုင်စေလိမ့်မည်ဖြစ်ကြောင်း ဇီလန်စကီးကပြောကြားခဲ့ သည်။ သို့သော်လည်း ယူကရိန်း၏ လုံခြုံရေးကို အာမခံချက်ပေးမည့် နေတိုးအဖွဲ့၏စွမ်းရည်များကို သံသယဖြစ်မိ ကြောင်း ဇီလန်စကီးက ထုတ်ဖော်ပြောဆိုခဲ့သည်။ ဇီလန်စကီးက “နိုင်ငံတကာအဖွဲ့အစည်းတွေက အရမ်း အားနည်းနေတာကြောင့် ဒီလိုကိစ္စတွေက ဆက်ဖြစ်နေရတာပါ။ နေတိုးအဖွဲ့ရဲ့မဟာမိတ်နိုင်ငံဖြစ်နေရင်တောင် အဲဒါကဘေးကင်းမယ်လို့ မဆိုလိုနိုင်ပါဘူး” ဟု ပြောခဲ့သည်။
ထို့ပြင် ဒေါ်နယ်ထရမ့်နှင့်ကောင်းမွန်သောတွေ့ဆုံမှုများ ၎င်းတွင်ရှိခဲ့ကြောင်း ဇီလန်စကီးက ထုတ်ဖော်ပြောကြား ခဲ့သည်။ ဇီလန်စကီးက “ဥရောပက အမှန်တကယ်ကူညီမှုတွေလုပ်ဆောင်စေနိုင်ဖို့ ကျွန်တော်တို့အရာအားလုံးကို လုပ်ဆောင်နေပါတယ်။ အမေရိကန်ကို ကျွန်တော်တို့အားကိုးပါတယ်” ဟု ပြောခဲ့သည်။

Zawgyi Version:
ယူကရိန္းတြင္ သတ္ျဖတ္မႈမ်ားကို ရပ္တန႔္ရန္ ႐ုရွားကို အေမရိကန္ တိုက္တြန္း
Pika (NP News) - စက္တင္ဘာ ၂၇
ယူကရိန္းတြင္ သတ္ျဖတ္မႈမ်ား လုပ္ေဆာင္ေနျခင္းအား ရပ္တန႔္ရန္ ႐ုရွားႏိုင္ငံျခားေရးဝန္ႀကီး ဆာေဂးလာေရာ့ဗ္ ကို အေမရိကန္ႏိုင္ငံျခားေရးဝန္ႀကီး မာကို႐ူဘီအိုက ျပတ္ျပတ္သားသားေတာင္းဆိုခဲ့ေၾကာင္း သိရသည္။ ႐ုရွားႏိုင္ငံႏွင့္ပတ္သက္ၿပီး အေမရိကန္၏ရပ္တည္ခ်က္မ်ား တင္းမာလာခ်ိန္တြင္ မာကို႐ူဘီအို၏ ေတာင္းဆိုမႈမ်ား ထြက္ေပၚလာျခင္းျဖစ္သည္။
ထို႔ျပင္ ယူကရိန္းတြင္ သတ္ျဖတ္မႈမ်ားကို ရပ္တန႔္ရန္အတြက္ အေမရိကန္သမၼတေဒၚနယ္ထရမ့္၏ ေတာင္းဆိုခ်က္ မ်ားကို မာကို႐ူဘီအိုက ထပ္ေလာင္းေျပာၾကားခဲ့ၿပီး ႐ုရွား-ယူကရိန္းစစ္ပြဲကို အဆုံးသတ္ရန္အတြက္ အဓိပၸါယ္ရွိ သည့္ေျခလွမ္းမ်ားကို ႐ုရွားဘက္က လုပ္ေဆာင္ရန္လိုအပ္ေၾကာင္း ေျပာၾကားခဲ့သည္။ ႐ုရွားအေပၚ ေဒၚနယ္ထရမ့္ ၏ တင္းမာေသာရပ္တည္ခ်က္မ်ားကို ယူကရိန္းသမၼတဇီလန္စကီးက ခ်ီးက်ဴးေျပာဆိုခဲ့ၿပီးေနာက္ မာကို႐ူဘီအို၏ ေျပာဆိုခ်က္မ်ား ထြက္ေပၚလာျခင္းျဖစ္သည္။
ေဒၚနယ္ထရမ့္၏ ရပ္တည္ခ်က္မ်ားသည္ ယူကရိန္းကို စစ္ပြဲတြင္ အႏိုင္ရရွိေစ႐ုံသာမက ၎၏နယ္ေျမမ်ားကို ျပန္လည္သိမ္းယူရန္ႏွင့္ ခ်ဲ႕ထြင္မႈမ်ားကိုပင္လုပ္ေဆာင္ႏိုင္ေစလိမ့္မည္ျဖစ္ေၾကာင္း ဇီလန္စကီးကေျပာၾကားခဲ့ သည္။ သို႔ေသာ္လည္း ယူကရိန္း၏ လုံၿခဳံေရးကို အာမခံခ်က္ေပးမည့္ ေနတိုးအဖြဲ႕၏စြမ္းရည္မ်ားကို သံသယျဖစ္မိ ေၾကာင္း ဇီလန္စကီးက ထုတ္ေဖာ္ေျပာဆိုခဲ့သည္။ ဇီလန္စကီးက “ႏိုင္ငံတကာအဖြဲ႕အစည္းေတြက အရမ္း အားနည္းေနတာေၾကာင့္ ဒီလိုကိစၥေတြက ဆက္ျဖစ္ေနရတာပါ။ ေနတိုးအဖြဲ႕ရဲ႕မဟာမိတ္ႏိုင္ငံျဖစ္ေနရင္ေတာင္ အဲဒါကေဘးကင္းမယ္လို႔ မဆိုလိုႏိုင္ပါဘူး” ဟု ေျပာခဲ့သည္။
ထို႔ျပင္ ေဒၚနယ္ထရမ့္ႏွင့္ေကာင္းမြန္ေသာေတြ႕ဆုံမႈမ်ား ၎တြင္ရွိခဲ့ေၾကာင္း ဇီလန္စကီးက ထုတ္ေဖာ္ေျပာၾကား ခဲ့သည္။ ဇီလန္စကီးက “ဥေရာပက အမွန္တကယ္ကူညီမႈေတြလုပ္ေဆာင္ေစႏိုင္ဖို႔ ကြၽန္ေတာ္တို႔အရာအားလုံးကို လုပ္ေဆာင္ေနပါတယ္။ အေမရိကန္ကို ကြၽန္ေတာ္တို႔အားကိုးပါတယ္” ဟု ေျပာခဲ့သည္။

Related news

© 2021. All rights reserved.