ထိုင်ဝမ်စစ်ပွဲက "စူးအက် အကြပ်အတည်း" မှာ အမေရိကန် အရဲစွန့်ခြင်း (ဘာသာပြန်ဆောင်းပါး)

 974

မောင်တင်ထွန်း(နက်မောက်) - (NP News) ဧပြီ ၆
မဟာအင်အားကြီးများရဲ့ အတက်နဲ့အကျ စာအုပ်ထဲမှာ သမိုင်းပညာရှင် ပေါကင်နေဒီက "နိုင်ငံတစ်ခုရဲ့ နှိုင်းရစီးပွားရေးအင်အား အတက်လမ်းကြောင်းနဲ့ သူ့ရဲ့ စစ်အင်အား/နယ်မြေ ဩဇာဖြန့်ကျက်မှု အတက်လမ်း ကြောင်းတို့ကြားမှာ သတိပြုမိလောက်တဲ့ ကွာဟချိန် တစ်ခုရှိတတ်တယ် လို့ဆိုထားပါတယ်

ဒါပေမဲ့ တရုတ်ပြည်ဟာ အဲဒီသီအိုရီနဲ့ဆန့်ကျင်နေတဲ့ နိုင်ငံကြီးတစ်ခုဖြစ်နေပါတယ်။ သူက ဆယ်စုနှစ်ပေါင်းများ စွာ စဉ်ဆက်မပြတ်တိုးတက်နေတဲ့စီးပွားရေးအင်အားရှိလာသလို အလျင်အမြန်ခေတ်မီတိုးတက်လာနေတဲ့ ကမ္ဘာ့အကြီးဆုံးလက်နက်ကိုင်တပ်ဖွဲ့ကိုလည်း ပိုင်ဆိုင်ထားပါတယ်။ ပြောရမယ်ဆိုရင် ပီကင်းဟာ နှစ်ခုလုံးကို အချိုးညီ ပိုမိုတိုးတက်ကောင်းမွန်အောင် တစ်ပြိုင်နက်လုပ်ဆောင်နေသလို၊ သမရိုးကျ စစ်ရေးစွမ်းရည်ကိုလည်း တချိန်တည်း မြှင့်တင်နေတာပါ။

လွန်ခဲ့တဲ့ဆယ်စုနှစ် သုံးခုအတွင်းမှာ အင်အားသန်းချီရှိတဲ့ ပြည်သူ့လွတ်မြောက်ရေးတပ်မတော် (PLA) ဟာ သူ့ရဲ့ ရေတပ်ကို ပဉ္စမမျိုးဆက် ဂျက်တိုက်လေယာဉ်တွေ၊ လေယာဉ်တင်သင်္ဘာတွေနဲ့ နျူလီးယာရေငုတ် သင်္ဘော တွေနဲ့အားဖြည့်ခဲ့ပြီး တစ်ချိန်ထဲမှာပဲ C4ISR လို့ခေါ်တဲ့ အလုံးစုံအမိန့်ပေး ထိန်းချုပ်ဆက်သွယ်ရေး ကွန်ပျူတာနဲ့ ထောက်လှမ်းစောင့်ကြည့်ကင်းထောက်စနစ်ကို တည်ထောင်နေပါတယ်။

ကမ္ဘာ့အကြီးဆုံးရေတပ်ဖွဲ့ကိုကြီးမားတဲ့ ကမ်းခြေစောင့်ရေယာဉ်တွေနဲ့အားဖြည့်ခဲ့တဲ့အတွက် အိမ်နီးချင်း နိုင်ငံ ငယ်လေးတွေရဲ့စစ်သင်္ဘောတွေကို သေးနုတ်သွားစေပါတော့တယ်။ တရုတ်ပြည်ဟာ အင်ဒို-ပစ္စဖိတ်ဒေသမှာ လည်း သေနင်္ဂဗျူဟာကျတဲ့အခြေစိုက်စခန်းတွေနဲ့ ဝန်ဆောင်မှုပေးတဲ့ဆိပ်ကမ်းတွေ စတဲ့ စစ်ရေး၊ စီးပွားရေး ဆိုင်ရာ အချိတ်အဆက် တစ်သီတစ်တန်းကြီးကို တိုးချဲ့တည်ဆောက်နေပါတယ်။

တစ်ချိန်တည်းမှာပဲ သူ့ရဲ့ခုခံတားဆီးရေးစနစ် (anti-access/area denial (A2/AD) စွမ်းဆောင်ရည်ကိုလည်း အလျင်အမြန်မြှင့်တင်နေပါတယ်။ “ carrier killer” လို့ခေါ်တဲ့ DF-21D နဲ့ DF-26 တို့လို သင်္ဘောကိုပစ်တဲ့ ပဲ့ထိန်းစနစ်သုံး ဒုံးပျံ (ASBMS = Anti-ship ballistic missiles) တွေက- အာရှတိုက်မှာဖြစ်လာနိုင်တဲ့ စစ်ရေး ပဋိပက္ခတွေအတွင်း အာရှရဲ့ မဟာအင်အားကြီး တရုတ်နိုင်ငံကို- ပထဝီဝင်အနေအထားအရ အားသာစေပါလိမ့် မယ်။
သူ့ရဲ့အသံထက် အနည်းဆုံး ၅ ဆပိုမြန်တဲ့ ဒုံးပျံစွမ်းရည်ကို မြှင့်တင်နိုင်ဟာ နျူကလီးယာလက်နက်အစွမ်းထက် မှုလိုပဲ၊ တရုတ်ပြည်ရဲ့ အင်အားသာလွန်နေမှုကို ရှေ့တန်းကိုရောက်သွားစေပါတယ်။ တရုတ်ပြည်က သမရိုးကျနဲ့ ခေတ်မီလက်နက်တွေ အခုလို အလျင်အမြန်အင်အားတောင့်တင်းအောင်လုပ်တာဟာ၊ ကိုယ့်ဖာသာ အုပ်ချုပ်နေတဲ့၊ သစ္စာဖောက်ပြည်နယ်လို့ ပီကင်းက ယူဆထားတဲ့ ထိုင်ဝမ်နဲ့ပတ်သက်နေပါတယ်။

တရုတ်ရဲ့အဆုံးစွန်ရည်မှန်းချက်က ဘယ်စစ်ပွဲမဆို တိုက်ပွဲကြီးကြီးမားမားမတိုက်ရဘဲ အောင်ပွဲရစေဖို့ပါဘဲ။ အထူးသဖြင့် ထိုင်ဝမ်ကိုယ်စားတိုက်ပေးမဲ့ အမေရိကန်နဲ့ ထိပ်တိုက်တိုးလာဖွယ်ရှိတဲ့၊ ဝင်ရောက်စွက်ဖက်မှု တန်ပြန်တိုက်ပွဲဟာ အကုန်အကျသိပ်များပြားနှိုင်ပါတယ်။ တရုတ်စစ်ဖက်ရေးရာ အရာရှိတစ်ယောက်က “အန္တိမ ရည်မှန်းချက်ကတော့ ထိုင်ဝမ်ပြဿနာမှာ နိုင်ငံခြားတပ်တွေ ဝင်ရောက်စွက်ဖက်မှာကို စစ်ပွဲမဖြစ်ဘဲ တားဆီး နိုင်ဖို့အတွက်ပါ” လို့ ပြောပါတယ်။

ထိပ်တန်းသမိုင်းပညာရှင် နီးလ်ဖာဂူဆန်နဲ့ အမျိုးသားလုံခြုံရေးအကြံပေး မက်သယူး ပေါ့တင်ဂါ တို့က သတိပေး ဖူးတာက အမေရိကန်အနေနဲ့ ထိုင်ဝမ်ကိစ္စမှာ “စူးအက်အကြပ်အတည်း” ကို ရင်ဆိုင်ရဖွယ်ရှိတယ်လို့ ဆိုပါ တယ်။ ဆိုလိုချင်တာက ၁၉၅၆ ခုနှစ်စူးအက် အရေးအခင်းကိစ္စ (စူးအက်တူးမြောင်းကို ပြည်သူပိုင်သိမ်းခဲ့တဲ့ အီဂျစ်လက်ထဲက ပြန်လည်ရရှိရေး) မှာ ဗြိတိသျှနဲ့ ပြင်သစ်အင်ပါယာတွေဟာ အားမရှိတော့ဘဲ အဆုံးသတ်သွား ပြီဆိုတာကို လက်တွေ့ပြလိုက်သလိုမျိုး၊ မကြာတော့တဲ့ အနာဂါတ်ကာလမှာ တရုတ်က ထိုင်ဝမ်ကို ဝင်ရောက် တိုက်ခိုက်မယ်ဆိုရင် ကာကွယ်တားဆီးနိုင်မှာ မဟုတ်ဘူးလို့ ဆိုလိုတာပါ။

စစ်ရေးကိစ္စဟာ ရေလက်ကြားဖြတ်ကျော် တင်းမာမှုတွေမှာ အထူးအရေးကြီးပါတယ်။ ဘာကြောင့်လဲဆိုတော့ ဒုတိယကမ္ဘာစစ်ပွဲပြီးဆုံးပြီးကတည်းက ပကတိအနေအားဖြင့် လွတ်လပ်တဲ့ထိုင်ဝမ်ကို ကာကွယ်ဖို့ အမေရိကန် ရေတပ်က ကြားဝင်စွက်ဖက်မှုတွေကြောင့်လို့ တိတိကျကျပြောရမှာဖြစ်ပါတယ်။

ပီကင်းအဖို့ပြောရရင် ကိုယ့်ဖာသာအုပ်ချုပ်နေတဲ့ ကျွန်းကလေးက- အမေရိကန်က သူ့ကို တောက်လျှောက် အမြဲတမ်း အရှက်ခွဲနေစေတဲ့အရာနဲ့ သူ့ရဲ့နောက်ဖေးခြံထဲက အားနည်းချက်လိုဖြစ်နေတဲ့ပြဿနာပါ။

၂ဝ ရာစု ကုန်ဆုံးခါနီးအချိန်မှာ ဗြိတိန်နဲ့ပေါ်တူဂယ်က ဟောင်ကောင်နဲ့ မကာအိုကို ပြန်လွှဲပေးတာက ထိုင်ဝမ်ကို သတိပေးလိုက်သလိုပါပဲ။ ထိုင်ဝမ်ဟာ တရုတ်ပြည်မကြီးအတွက်တော့ “ရှက်စရာ ရာစုနှစ်” ကိစ္စတစ်ခုဖြစ်ပြီး၊ နောက်ဆုံးကျန်နေတဲ့ အရေးကြီးဆုံး ပြန်လည်ပေါင်းစည်းရမယ့် နယ်မြေပါ။
သူ့တိုင်းပြည်ရဲ့ “မဟာ အားသစ်လောင်းရေး” အပေါ် သူ့ရဲ့အစဉ်အလာနဲ့ ပုံအော လောင်းကြေးထပ်ထားတဲ့ တရုတ်သမ္မတရှီကျင့်ဖျင်က၊ ထိုင်ဝမ်ကို တရုတ်ပြည်မကြီးနဲ့ပေါင်းစည်းရေးကို အင်အားသုံးဆောင်ရွက်ဖို့ ‌နှောင့် နှေးနေမှာ မဟုတ်ဘူးဆိုတဲ့ စိုးရိမ်မှုတွေမြင့်တက်လာနေပါတယ်။

၂ဝ၁၉ ခုနှစ် အောက်တိုဘာလက၊ တရုတ်ရေးရာ ထိပ်တန်းကျွမ်းကျင်သူတွေက အမေရိကန်မိတ်ဆွေတွေကို သမ္မတရှီကျင့်ဖျင်က သူ့ရာထူးသက်တန်းမကုန်ခင် ထိုင်ဝမ်နဲ့ ပြန်လည်ပေါင်းစည်းရေးကို (လိုအပ်ရင် အင်အား သုံးပြီး) ဆောင်ရွက်ဖို့ ဆုံးဖြတ်ထားတယ်လို့ ပြောကြပါတယ်။

သမ္မတရှီကျင့်ဖျင် ဘယ်လောက်ကြာကြာ အာဏာရှိနေမလဲဆိုတာက တိတိကျကျမပြောနှိုင်ပေမယ့် သမ္မတ သက်တမ်းကန့်သတ်ချက်ကိုတော့ ပယ်ဖျက်လိုက်ပြီးဖြစ်ပါတယ်။ ဒါကြောင့် ထိုင်ဝမ်ကာကွယ်ရေးဝန်ကြီး ချူးကော့ချိန် က သတိပေးတာက ထိုက်ဝမ်ကို တရုတ်က “အင်အားပြည့်” ကျူးကျော်တိုက်ခိုက်မဲ့ကိစ္စဟာ ရာစု နှစ်နဲ့ချီကြာမယ့် ကိစ္စမဟုတ်ဘဲ နှစ်အနည်းနဲ့အများသာ ကွာခြားမယ့်ကိစ္စဖြစ်တယ် လို့ဆိုပါတယ်။


သမ္မတရှီရဲ့ထိပ်တန်းဦးစားပေး ရည်မှန်းချက်တစ်ခုက တရုတ်လက်နက်ကိုင်တပ်တွေ ခေတ်မီတိုးတက်ရေးဖြစ်ပါ တယ်။ တရုတ်ပြည်ရဲ့ကာကွယ်ရေးအသုံးစရိတ်ဟာ ဈေးကွက်ပေါက်ဈေး ငွေလဲနှုန်းအရမဟုတ်ဘဲ ဝယ်လို အားနဲ့ နှိုင်းယှဉ်ချက်အရတွက်မယ်ဆိုရင် နှစ်စဉ်ဒေါ်လာဘီလျံ ၅ဝဝ အထက်မှာရှိလို့ အမေရိကန်ရဲ့နောက် ဒုတိယလိုက်နေပြီး၊ နိုင်ငံနှစ်ခု ကာကွယ်ရေးအသုံးစားရိတ်က သိပ်လည်း မကွာလှပါဘူး။

အမေရိကန်အနေနဲ့ စွမ်းရည်ထက်မြက်မှုမှာ အပြတ်အသတ်နေပေမယ့် တရုတ်က နောက်ကနေ အလျင်အမြန် လိုက်နေတာကိုတွေ့ရပါတယ်။ RAND ကော်ပိုရေးရှင်းရဲ့တရားဝင်လေ့လာချက်တစ်ခုအရ၊ နှစ်ဖက်တိုက်ရိုက် ထိပ်တိုက်တွေ့ တိုက်ကြခိုက်ကြမယ်ဆိုရင် နှစ်ဖက်စလုံး ထိခိုက်သေကြေပျက်စီးမှုများလိမ့်မယ်၊ ၂ဝ၂၅ ခုနှစ် လောက်မှာဆိုရင် အမေရိကန်ရဲ့ထိခိုက်မှုက ပိုကြီး ပိုများနိုင်တယ်လို့ဆိုပါတယ်။

တစ်ချိန်ထဲမှာပဲ အမျိုးသားကာကွယ်ရေး သေနင်္ဂဗျူဟာကော်မရှင်ရဲ့ ပါတီနှစ်ရပ်လုံးပါဝင်တဲ့ လေ့လာမှုတခုအရ “အမေရိကန်အနေနဲ့၊ သူ့ရဲ့မဟာမိတ်တွေ၊ သူ့ရဲ့အကျိုးစီးပွားဖက်တွေနဲ့ သူကိုယ်တိုင်ရဲ့အကျိုးစီးပွားတွေကို ကာကွယ်နှိုင်စွမ်းဟာ သံသယဖြစ်စရာ တိုးများလာနေတယ် လို့ဆိုပါတယ်။ ဝါရှင်တန်အနေနဲ့ တရုတ် (သို့မဟုတ်) ရုရှားနဲ့ဖြစ်ပွားတဲ့စစ်ပွဲမှာ နိုင်ဖို့ မနည်းကြိုးစားရတာ၊ ဒါမှမဟုတ် ရှုံးကောင်းရှုံးနှိုင်ပါတယ်တဲ့။

ထိပ်တန်းအမေရိကန်ကျွမ်းကျင်သူတွေက တရုတ်ကို အင်ဒိုပစ္စဖိတ်ဒေသမှာ အမေရိကန်နဲ့ လက်ရည်တူယှဉ်နိုင် သူလို့တောင် ဆိုကြပါတယ်။ အဲဒီဒေသမှာ အမေရိကန်ရေတပ်ရဲ့ ၆ဝ ရာခိုင်နှုန်းဟာ၊ တရုတ်ပိုင်နက်ပေါ်က ရေ တပ်၊ ကြည်းတပ်နဲ့ လေတပ်တွေကို ရင်ဆိုင်ထားတာပါ။
တရုတ်ပြည်နဲ့ပတ်သက်ပြီး ပိုမိုအသေးစိတ်ကျတဲ့ ပင်တဂွန်အစီရင်ခံစာတစ်ခုထဲမှာ တရုတ်ပြည်ရဲ့ “နယ်မြေ၊ ပင်လယ်နဲ့ နျူကလီးယားလက်နက်ပစ်လွှတ်နှိုင်တဲ့ ပလက်ဖောင်းတွေ” တိုးချဲ့လာမှုကို သတိပေးထားပါတယ်။ ဒီလိုချဲ့ထွင်လာမှုတွေက ထိုက်ဝမ်ကိစ္စအရေးပေါ်ဖြစ်လာရင် တရုတ်အတွက်အများကြီး အထောက်အကူရစေ မှာဖြစ်ပါတယ်။

ထိပ်တန်းပင်တဂွန်အရာရှိတစ်ယောက် သတိပေးတာက အနည်းဆုံးတော့ တရုတ်ဟာ “မတိုက်ရဘဲ အနိုင်ရ လိုက်တဲ့ စစ်ပွဲမဟာဗျူဟာ” ကိုသုံးနေတယ်လို့ဆိုပါတယ်။ အဲဒါက “သူတို့ဟာ နောက်ဆုံးမှာ နျူကလီးယား စစ်ပွဲတစ်ခုဆီ ဦးတည်နေတဲ့ လှေကားကိုတက်နေကြတယ်လို့ ယုံကြည်လာကြအောင်” လုပ်တာဖြစ်တယ်လို့ လည်း ဆိုပါတယ်။။

အမေရိကန်က အာရုံစိုက်တဲ့ အဓိကနယ်ပယ်တစ်ခုက တရုတ်ဟာ သူ့ရဲ့ အသံထက်မြန်ဒုံးပျံစွမ်းရည်ကို ပြီးပြည့် စုံအောင်ကြံဆောင်နေတဲ့ကိစ္စပါ။ အဲဒီဒုံးပျံတွေက အမေရိကန်ရဲ့လက်ရှိ ဒုံးပျံကာကွယ်ရေးစနစ်ကို ထိုးဖောက် နိုင်စရာရှိနေပြီး၊ ပဋိပက္ခဖြစ်လာရင် ဆက်သွယ်ရေးစနစ်တစ်ခုလုံးကိုပါ မလှုပ်မရှားတုန့်ဆိုင်းသွား စေနိုင်ပါတယ်။

လွန်ခဲ့တဲ့ ငါးနှစ်တာကာလအတွင်း တရုတ်က အသံထက်မြန်တဲ့ ဒုံးပျံစမ်းသပ်ပစ်လွှတ်မှုပေါင်း ရာချီပြုလုပ်ခဲ့ပေ မယ့် အမေရိကန်ကတော့ (၉) ကြိမ်ဘဲရှိခဲ့တယ်လို့ အမေရိကန်ပူးတွဲစစ်ဦးစီးချုပ်ဌာန ဒုတိယဥက္ကဋ္ဌဟောင်း လေတပ်ဗိုလ်ချုပ် ဂျွန်‌ဟေတင် ကပြောပါတယ်။
အချက်အလက်အားလုံးအရ ညွှန်ပြနေတာက တရုတ်က စစ်လှုပ်ရှားနှိုင်စွမ်းနဲ့ ထောက်လှမ်းဖမ်းယူဖို့ အလွန် ခက်ခဲတဲ့ အသံထက်မြန်ဒုံးပျံများရဲ့ စွမ်းရည်ကိုတိုးတက်လာဖို့ ပုံအောလုပ်ဆောင်နေပုံရပါတယ်။ ဒါတွေကို နျူကလီးယာတပ်ဖွဲ့များနဲ့ရော၊ လေယာဉ်တင်သင်္ဘောပစ် ဒုံးပျံစနစ်များအတွက်ပါ ဖြန့်ကျက်ချထားနိုင်ပါတယ်။

နိုင်ငံတော်က ကျောထောက်နောက်ခံပေးထားတဲ့ တရုတ်ရဲ့လေကြောင်းသုတေသန သိပ္ပံ ( AVIC Aerodynamics Research Institute) က အသံထက်မြန် ဂလိုက်ယာဉ်တွေပေါ်က ပစ်ခတ်တဲ့ “အစိတ်စိတ်ခွဲပြီး ပစ်လွှတ်” နိုင်တဲ့လက်နက်တွေ စမ်းသပ်ဖို့အတွက် လေပြွန်လှိုင်ခေါင်းအသစ်တစ်ခုကို လုပ်ဆောင်နေပါတယ်။ အဲဒါက “တရုတ်ရဲ့ အသံထက်မြန်တဲ့လက်နက်များနဲ့ အသုံးအဆောင်ပစ္စည်းတွေ ဖွံ့ဖြိုးတိုးတက်ရေးသုတေသန ကို အားဖြည့်ပေးပါလိမ့်မယ်။
လက်ရှိ အသုံးပြုနေတာထက် နှစ်ဆလောက်ပိုကြီးတဲ့ လေပြွန်လှိုင်ခေါင်းသစ်ဟာ လွန်ခဲ့တဲ့ နှစ်နှစ်ကတည်းက တည်ဆောက်နေတာပါ။ အဲဒါက အသံထက်ရှစ်ဆမြန်ပိုမြန်တဲ့အခြေအနေတွေနဲ့ သဏ္ဍာန်တူအောင် ဖန်တီး ထားပါတယ်။

ပင်တဂွန်ရဲ့အဆိုအရ တရုတ်ရဲ့ ဩဂုတ်လက နောက်ဆုံးစမ်းသပ်ခဲ့တဲ့ အသံထက်မြန်ဒုံးပျံဟာ အမေရိကန်ရဲ့ လက်ရှိ ဒုံးပျံကာကွယ်ရေးစနစ်များကို ထိုးဖောက်နိုင်စွမ်းရှိပုံကို ပြသခဲ့ပါတယ်။

အာရှတိုက်ရဲ့မဟာအင်အားကြီး တရုတ်နိုင်ငံဟာ လာမယ့် ဆယ်စုနှစ်အတွင်းမှာ သူပိုင်ဆိုင်တဲ့ နျူကလီးယား ထိပ်ဖူးအရေအတွက်ဟာ နှစ်ဆ ရှိလာလိမ့်မယ်လို့ မှန်းဆရပါတယ်။ အခုလောလောဆယ်မှာတော့ အသံ ထက် မြန်တဲ့ ယာဉ်တွေထက် ပိုမိုမြန်ဆန်တဲ့ နျူကလီးယားထိပ်ဖူးတပ်ဆင်ထားတဲ့ တိုက်ချင်းပစ်ဒုံးပျံ ရာပေါင်းများစွာ ကို ပိုင်ဆိုင်ထားပြီးဖြစ်ပါတယ်။

ဒုံးပျံနည်းပညာကို အလျင်အမြန်ကျွမ်းကျင်ပိုင်နိုင်လာတာနဲ့အမျှ တရုတ်ဟာ၊ “carrier-killer” လို့ခေါ်တဲ့ သင်္ဘာပစ် (တာလတ်ပစ်) ဒုံးပျံများကို ဖြန့်ကျက်ချထားနေပါတယ်။ အဲဒီအထဲမှာ သက်ဆိုင်ရာအမျိုးအစားထဲမှာ အဆင့်အမြင့်ဆုံးဖြစ်တဲ့ DF-16 နဲ့ ပိုမိုတာဝေးပစ်နှိုင်တဲ့ DF-26 တို့လည်းပါဝင်ပါတယ်။ ဒီလက်နက်တွေကို၊ သူ့ရဲ့အရှေ့ဘက်ကမ်းရိုးတန်းတစ်လျှောက်ချထားလိုက်ခြင်းအားဖြင့်၊ ဂျပန်နဲ့ ပစ္စဖိတ်အနောက်ဖက်ပိုင်းဒေသ တော်တော်များများကို ပစ်ခတ်နိုင်တဲ့အနေအထားရှိသွားပါတယ်။

နောက်ပြီး တရုတ်ဟာ အမေရိကန်ရဲ့ပဉ္စမမျိုးဆက် F-35 ဂျက်နဲ့ ပုံစံတူတိုက်လေယာဉ်တွေကိုလည်း တည် ဆောက်နေတယ်လို့ သတင်းထွက်နေပါတယ်။ ဒီလေယာဉ်တွေကို ရှင်ကျန်းပြည်နယ်ထဲက PLA (ပြည်သူ့လွတ် မြောက်ရေးတပ်မတော်) ဒုံးပျံတပ်ဖွဲ့ရဲ့ ကော်လာစခန်းမှာ ထားရှိတယ်လို့ ဆိုပါတယ်။ အရင်ကတော့၊ အစမ်း လေ့ကျင့်ပစ်ခတ်မှုတွေကို ခေတ်သိပ်မမီတော့တဲ့ F-15 အီးဂဲလ် တိုက်လေယာဉ်တွေနဲ့ လေ့ကျင့်ခဲ့တာပါ။ ခုတော့ ပြိုင်ဘက်ရဲ့ခေတ်အမီဆုံး စစ်လက်နက်တွေကိုရင်ဆိုင်ဖို့ ကိုယ့်ကိုကိုယ်ပိုမို ယုံကြည်မှုရလာစေပါတယ်။

ဒီလိုလေ့ကျင့်မှုအသစ်တွေ၊ ဖြန့်ကျက်ချထားမှုတွေဟာ တရုတ်က ထိုက်ဝမ်ကို ကျူးကျော်သိမ်းပိုက်တဲ့အခါ ဖြစ် လာနိုင်ဖွယ်ရှိတဲ့ အမေရိကန်-ဂျပန် ပူးတွဲစွက်ဖက်မှုကိုတားဆီးဖို့ ရည်ရွယ်တာလို့ ကျွမ်းကျင်သူတွေက ယုံကြည် နေကြပါတယ်။

“လေ့ကျင့်မှုတွေက လေတပ်စခန်းတွေက လေယာဉ်တွေကို ပြေးလမ်းပေါ် ကလပ်စ်တာဗုံးတွေ ပစ်ချပြီး နှစ်မျိုး လုံးကိုဖျက်ဆီးပစ်ဖို့ ရည်ရွယ်လေ့ကျင့်တာ” လို့ တရုတ်စစ်ဖက်အတွင်း လူတစ်ယောက်က South China Morning Post သတင်းစာကို ပြောပြပါတယ်။ လေ့ကျင့်ရေးရဲ့ အန္တိမရည်မှန်းချက်က စတင်တိုက်ခိုက်ဖို့ မဟုတ်ဘူး။ ထိုင်ဝမ်ကိစ္စမှာ ဝင်ရောက်စွက်ဖက်လာမယ့် နိုင်ငံခြားတပ်တွေကို တားဆီးဖို့ပဲ လို့ ထိုင်ဝမ်အကြပ် အတည်းကိုဗဟိုပြုနေတဲ့ တရုတ်စစ်ရေး စီမံကိန်းအကြောင်းကို သူကပြောပြပါတယ်။

တရုတ်ပြည်ရဲ့အလျင်အမြန်တိုးတက်လာနေတဲ့ စစ်ရေးစွမ်းဆောင်ရည်ကိုတုံ့ပြန်ဖို့ ဘိုင်ဒင်အစိုးရဟာ ပိုမိုကျယ် ပြန့်တဲ့ အမျိုးသားကာကွယ်ရေးပေါ်လစီသစ်ရဲ့အစိတ်အပိုင်းတစ်ခုအဖြစ် ၂ဝ၂၂ ခုနှစ် အစောပိုင်းလောက်မှာ နိုင်ငံရဲ့ ဒုံးပျံကာကွယ်ရေးပေါ်လစီကို အဆင့်မြှင့်တင်ဖို့ အစီအစဉ်ရှိပါတယ်။

အဲဒီအတောအတွင်းမှာပဲ ပင်တဂွန်စစ်ဌာနချုပ် ဒုံးပျံကာကွယ်ရေးဂျင်စီက အဓိကလက်နက်ထုတ်လုပ်တဲ့ ကုမ္ပဏီကြီးတွေဖြစ်တဲ့ ရေသီယွန် တက္ကနိုလော်ဂျီကော်ပိုရေးရှင်း၊ လော့က်ဟိ မာတင် ကော်ပိုရေးရှင်းနဲ့ နော့သ် ရော့ပ် ဂရူးမင်း ကော်ပိုရေးရှင်းတွေနဲ့ အသံထက်မြန်ဂလိုက်ယာဉ်တွေကို တန်ပြန်ဖို့အတွက် ကာကွယ်ရေး ဒုံးပျံ သစ်ရှေ့ပြေးပုံစံကို ထုတ်လုပ်မယ့် စာချုပ်ချုပ်ဖို့ မီးစိမ်းပြလိုက်ပြီလို့ ကြေညာခဲ့ပါတယ်။

“တားဆီးဟန့်တားရေး ပေါင်းစည်းစနစ်” (integrated deterrence) သေနင်္ဂဗျူဟာရဲ့အစိတ်အပိုင်းအဖြစ် ဘိုင်ဒင်အစိုးရက အင်ဒိုပစ္စဖိတ်ဒေသက မဟာမိတ်များနဲ့ ပူးတွဲပြီး ဒုံးပျံကာကွယ်ရေးစနစ်တခု ဖြန့်ကျက်ထားဖို့ လည်း သုံးသပ်ပါလိမ့်မယ်။

နိုဝင်ဘာလ အစောပိုင်းတုံးက အမေရိကန်နိုင်ငံခြားရေးဝန်ကြီး အန်တိုနီ ဘလင်ကန်က တကယ်လို့ တရုတ်က ထိုင်ဝမ်အပေါ် အင်အားသုံးလာမယ်ဆိုရင် ဝါရှင်တန်အနေနဲ့ သူ့ရဲ့မဟာမိတ်တွေနဲ့ တညီတညွတ်တည်း တုံ့ပြန် အရေးယူရမှာပဲလို့ သတိပေးပါတယ်။
ဒီနှစ်အစောပိုင်းတုံးက ဗြိတိသျှကာကွယ်ရေးဝန်ကြီး ဘင် ဝေါလေ့ ဘရပ်ဆဲလ်ကို သွားပြီး နေတိုးမဟာမိတ်များနဲ့ အစည်းအဝေးလုပ်တဲ့အချိန်မှာ တရုတ်ကို “ဒေသတွင်း မတည်မငြိမ်ဖြစ်အောင်” မလုပ်ဖို့နဲ့ အငြင်းပွားနေတဲ့ ဧရိယာဒေသတွေမှာ ထပ်ပြီး “ပဋိပက္ခတွေ ဆွမပေးဖို့” သတိပေးလိုက်ပါတယ်။

“ တရုတ်ပြည်မကြီးနဲ့ ထိုင်ဝမ်အကြာ မတူကွဲပြားမှုတွေကို ငြိမ်းငြိမ်းချမ်းချမ်းနဲ့ ဖြေရှင်းဖို့လိုတယ်လို့ ပြောဆိုပြီး ပီကင်းရဲ့ ရန်လိုတဲ့အပြုအမူတွေကို သတိပေးလိုက်ပါတယ်။
အဲဒီအတောအတွင်းမှာပဲ ဩစတြေးလျကာကွယ်ရေးဝန်ကြီး ပီတာ ဒတ်တွန်က ပဋိပက္ခဖြစ်လာရင် ဘေးကရပ် ကြည့်နေဖို့ဆိုတာ သူ့တိုင်းပြည်အတွက် “စဉ်းစားလို့မရအောင်” ပါပဲလို့ဆိုပြီး၊ ထိုင်ဝမ်ကို အားပေးခဲ့ပါသေးတယ်။

တကယ်လို့ အမေရိကန်က အဲဒီလိုဆောင်ရွက်ဖို့ (ဝင်ရောက်စွက်ဖက်ဖို့) ရွေးချယ်ခဲ့မယ်ဆိုရင် အမေရိကန်ကို မထောက်ခံဖို့ဆိုတာ “စဉ်းစားလို့မရနိုင်အောင်” ပါပဲလို့ AUKUS (Australia-UK-US) မဟာမိတ်များ ကာကွယ် ရေး ပူးပေါင်းဆောင်ရွက်မှု နက်ရှိုင်းလာချိန်မှာ ဩစတြေးလျသတင်းမီဒီယာများကို ပြောကြားခဲ့ပါတယ်။

မောင်တင်ထွန်း (နတ်မောက်)
NOVEMBER 28, 2021 နေ့စွဲပါ ASIA TIMES တွင်ဖေါ်ပြထားသော US risks ‘Suez moment’ in a Taiwan war By RICHARD JAVAD HEYDARIAN ကို ဘာသာပြန်ဆိုပါသည်။

Zawgyi Version;
ထိုင္ဝမ္စစ္ပြဲက "စူးအက္ အၾကပ္အတည္း" မွာ အေမရိကန္ အရဲစြန႔္ျခင္း (ဘာသာျပန္ေဆာင္းပါး)
ေမာင္တင္ထြန္း(နက္ေမာက္) - (NP News) ဧၿပီ ၆
မဟာအင္အားႀကီးမ်ားရဲ႕ အတက္နဲ႔အက် စာအုပ္ထဲမွာ သမိုင္းပညာရွင္ ေပါကင္ေနဒီက "ႏိုင္ငံတစ္ခုရဲ႕ ႏႈိင္းရစီးပြားေရးအင္အား အတက္လမ္းေၾကာင္းနဲ႔ သူ႔ရဲ႕ စစ္အင္အား/နယ္ေျမ ဩဇာျဖန႔္က်က္မႈ အတက္လမ္း ေၾကာင္းတို႔ၾကားမွာ သတိျပဳမိေလာက္တဲ့ ကြာဟခ်ိန္ တစ္ခုရွိတတ္တယ္ လို႔ဆိုထားပါတယ္

ဒါေပမဲ့ တ႐ုတ္ျပည္ဟာ အဲဒီသီအိုရီနဲ႔ဆန႔္က်င္ေနတဲ့ ႏိုင္ငံႀကီးတစ္ခုျဖစ္ေနပါတယ္။ သူက ဆယ္စုႏွစ္ေပါင္းမ်ား စြာ စဥ္ဆက္မျပတ္တိုးတက္ေနတဲ့စီးပြားေရးအင္အားရွိလာသလို အလ်င္အျမန္ေခတ္မီတိုးတက္လာေနတဲ့ ကမာၻ႔အႀကီးဆုံးလက္နက္ကိုင္တပ္ဖြဲ႕ကိုလည္း ပိုင္ဆိုင္ထားပါတယ္။ ေျပာရမယ္ဆိုရင္ ပီကင္းဟာ ႏွစ္ခုလုံးကို အခ်ိဳးညီ ပိုမိုတိုးတက္ေကာင္းမြန္ေအာင္ တစ္ၿပိဳင္နက္လုပ္ေဆာင္ေနသလို၊ သမ႐ိုးက် စစ္ေရးစြမ္းရည္ကိုလည္း တခ်ိန္တည္း ျမႇင့္တင္ေနတာပါ။

လြန္ခဲ့တဲ့ဆယ္စုႏွစ္ သုံးခုအတြင္းမွာ အင္အားသန္းခ်ီရွိတဲ့ ျပည္သူ႔လြတ္ေျမာက္ေရးတပ္မေတာ္ (PLA) ဟာ သူ႔ရဲ႕ ေရတပ္ကို ပၪၥမမ်ိဳးဆက္ ဂ်က္တိုက္ေလယာဥ္ေတြ၊ ေလယာဥ္တင္သဘၤာေတြနဲ႔ န်ဴလီးယာေရငုတ္ သေဘၤာ ေတြနဲ႔အားျဖည့္ခဲ့ၿပီး တစ္ခ်ိန္ထဲမွာပဲ C4ISR လို႔ေခၚတဲ့ အလုံးစုံအမိန႔္ေပး ထိန္းခ်ဳပ္ဆက္သြယ္ေရး ကြန္ပ်ဴတာနဲ႔ ေထာက္လွမ္းေစာင့္ၾကည့္ကင္းေထာက္စနစ္ကို တည္ေထာင္ေနပါတယ္။

ကမာၻ႔အႀကီးဆုံးေရတပ္ဖြဲ႕ကိုႀကီးမားတဲ့ ကမ္းေျခေစာင့္ေရယာဥ္ေတြနဲ႔အားျဖည့္ခဲ့တဲ့အတြက္ အိမ္နီးခ်င္း ႏိုင္ငံ ငယ္ေလးေတြရဲ႕စစ္သေဘၤာေတြကို ေသးႏုတ္သြားေစပါေတာ့တယ္။ တ႐ုတ္ျပည္ဟာ အင္ဒို-ပစၥဖိတ္ေဒသမွာ လည္း ေသနဂၤဗ်ဴဟာက်တဲ့အေျခစိုက္စခန္းေတြနဲ႔ ဝန္ေဆာင္မႈေပးတဲ့ဆိပ္ကမ္းေတြ စတဲ့ စစ္ေရး၊ စီးပြားေရး ဆိုင္ရာ အခ်ိတ္အဆက္ တစ္သီတစ္တန္းႀကီးကို တိုးခ်ဲ႕တည္ေဆာက္ေနပါတယ္။

တစ္ခ်ိန္တည္းမွာပဲ သူ႔ရဲ႕ခုခံတားဆီးေရးစနစ္ (anti-access/area denial (A2/AD) စြမ္းေဆာင္ရည္ကိုလည္း အလ်င္အျမန္ျမႇင့္တင္ေနပါတယ္။ “ carrier killer” လို႔ေခၚတဲ့ DF-21D နဲ႔ DF-26 တို႔လို သေဘၤာကိုပစ္တဲ့ ပဲ့ထိန္းစနစ္သုံး ဒုံးပ်ံ (ASBMS = Anti-ship ballistic missiles) ေတြက- အာရွတိုက္မွာျဖစ္လာႏိုင္တဲ့ စစ္ေရး ပဋိပကၡေတြအတြင္း အာရွရဲ႕ မဟာအင္အားႀကီး တ႐ုတ္ႏိုင္ငံကို- ပထဝီဝင္အေနအထားအရ အားသာေစပါလိမ့္ မယ္။
သူ႔ရဲ႕အသံထက္ အနည္းဆုံး ၅ ဆပိုျမန္တဲ့ ဒုံးပ်ံစြမ္းရည္ကို ျမႇင့္တင္ႏိုင္ဟာ န်ဴကလီးယာလက္နက္အစြမ္းထက္ မႈလိုပဲ၊ တ႐ုတ္ျပည္ရဲ႕ အင္အားသာလြန္ေနမႈကို ေရွ႕တန္းကိုေရာက္သြားေစပါတယ္။ တ႐ုတ္ျပည္က သမ႐ိုးက်နဲ႔ ေခတ္မီလက္နက္ေတြ အခုလို အလ်င္အျမန္အင္အားေတာင့္တင္းေအာင္လုပ္တာဟာ၊ ကိုယ့္ဖာသာ အုပ္ခ်ဳပ္ေနတဲ့၊ သစၥာေဖာက္ျပည္နယ္လို႔ ပီကင္းက ယူဆထားတဲ့ ထိုင္ဝမ္နဲ႔ပတ္သက္ေနပါတယ္။

တ႐ုတ္ရဲ႕အဆုံးစြန္ရည္မွန္းခ်က္က ဘယ္စစ္ပြဲမဆို တိုက္ပြဲႀကီးႀကီးမားမားမတိုက္ရဘဲ ေအာင္ပြဲရေစဖို႔ပါဘဲ။ အထူးသျဖင့္ ထိုင္ဝမ္ကိုယ္စားတိုက္ေပးမဲ့ အေမရိကန္နဲ႔ ထိပ္တိုက္တိုးလာဖြယ္ရွိတဲ့၊ ဝင္ေရာက္စြက္ဖက္မႈ တန္ျပန္တိုက္ပြဲဟာ အကုန္အက်သိပ္မ်ားျပားႏႈိင္ပါတယ္။ တ႐ုတ္စစ္ဖက္ေရးရာ အရာရွိတစ္ေယာက္က “အႏၲိမ ရည္မွန္းခ်က္ကေတာ့ ထိုင္ဝမ္ျပႆနာမွာ ႏိုင္ငံျခားတပ္ေတြ ဝင္ေရာက္စြက္ဖက္မွာကို စစ္ပြဲမျဖစ္ဘဲ တားဆီး ႏိုင္ဖို႔အတြက္ပါ” လို႔ ေျပာပါတယ္။

ထိပ္တန္းသမိုင္းပညာရွင္ နီးလ္ဖာဂူဆန္နဲ႔ အမ်ိဳးသားလုံၿခဳံေရးအႀကံေပး မက္သယူး ေပါ့တင္ဂါ တို႔က သတိေပး ဖူးတာက အေမရိကန္အေနနဲ႔ ထိုင္ဝမ္ကိစၥမွာ “စူးအက္အၾကပ္အတည္း” ကို ရင္ဆိုင္ရဖြယ္ရွိတယ္လို႔ ဆိုပါ တယ္။ ဆိုလိုခ်င္တာက ၁၉၅၆ ခုႏွစ္စူးအက္ အေရးအခင္းကိစၥ (စူးအက္တူးေျမာင္းကို ျပည္သူပိုင္သိမ္းခဲ့တဲ့ အီဂ်စ္လက္ထဲက ျပန္လည္ရရွိေရး) မွာ ၿဗိတိသွ်နဲ႔ ျပင္သစ္အင္ပါယာေတြဟာ အားမရွိေတာ့ဘဲ အဆုံးသတ္သြား ၿပီဆိုတာကို လက္ေတြ႕ျပလိုက္သလိုမ်ိဳး၊ မၾကာေတာ့တဲ့ အနာဂါတ္ကာလမွာ တ႐ုတ္က ထိုင္ဝမ္ကို ဝင္ေရာက္ တိုက္ခိုက္မယ္ဆိုရင္ ကာကြယ္တားဆီးႏိုင္မွာ မဟုတ္ဘူးလို႔ ဆိုလိုတာပါ။

စစ္ေရးကိစၥဟာ ေရလက္ၾကားျဖတ္ေက်ာ္ တင္းမာမႈေတြမွာ အထူးအေရးႀကီးပါတယ္။ ဘာေၾကာင့္လဲဆိုေတာ့ ဒုတိယကမာၻစစ္ပြဲၿပီးဆုံးၿပီးကတည္းက ပကတိအေနအားျဖင့္ လြတ္လပ္တဲ့ထိုင္ဝမ္ကို ကာကြယ္ဖို႔ အေမရိကန္ ေရတပ္က ၾကားဝင္စြက္ဖက္မႈေတြေၾကာင့္လို႔ တိတိက်က်ေျပာရမွာျဖစ္ပါတယ္။

ပီကင္းအဖို႔ေျပာရရင္ ကိုယ့္ဖာသာအုပ္ခ်ဳပ္ေနတဲ့ ကြၽန္းကေလးက- အေမရိကန္က သူ႔ကို ေတာက္ေလွ်ာက္ အၿမဲတမ္း အရွက္ခြဲေနေစတဲ့အရာနဲ႔ သူ႔ရဲ႕ေနာက္ေဖးၿခံထဲက အားနည္းခ်က္လိုျဖစ္ေနတဲ့ျပႆနာပါ။

၂ဝ ရာစု ကုန္ဆုံးခါနီးအခ်ိန္မွာ ၿဗိတိန္နဲ႔ေပၚတူဂယ္က ေဟာင္ေကာင္နဲ႔ မကာအိုကို ျပန္လႊဲေပးတာက ထိုင္ဝမ္ကို သတိေပးလိုက္သလိုပါပဲ။ ထိုင္ဝမ္ဟာ တ႐ုတ္ျပည္မႀကီးအတြက္ေတာ့ “ရွက္စရာ ရာစုႏွစ္” ကိစၥတစ္ခုျဖစ္ၿပီး၊ ေနာက္ဆုံးက်န္ေနတဲ့ အေရးႀကီးဆုံး ျပန္လည္ေပါင္းစည္းရမယ့္ နယ္ေျမပါ။
သူ႔တိုင္းျပည္ရဲ႕ “မဟာ အားသစ္ေလာင္းေရး” အေပၚ သူ႔ရဲ႕အစဥ္အလာနဲ႔ ပုံေအာ ေလာင္းေၾကးထပ္ထားတဲ့ တ႐ုတ္သမၼတရွီက်င့္ဖ်င္က၊ ထိုင္ဝမ္ကို တ႐ုတ္ျပည္မႀကီးနဲ႔ေပါင္းစည္းေရးကို အင္အားသုံးေဆာင္႐ြက္ဖို႔ ‌ေႏွာင့္ ေႏွးေနမွာ မဟုတ္ဘူးဆိုတဲ့ စိုးရိမ္မႈေတြျမင့္တက္လာေနပါတယ္။

၂ဝ၁၉ ခုႏွစ္ ေအာက္တိုဘာလက၊ တ႐ုတ္ေရးရာ ထိပ္တန္းကြၽမ္းက်င္သူေတြက အေမရိကန္မိတ္ေဆြေတြကို သမၼတရွီက်င့္ဖ်င္က သူ႔ရာထူးသက္တန္းမကုန္ခင္ ထိုင္ဝမ္နဲ႔ ျပန္လည္ေပါင္းစည္းေရးကို (လိုအပ္ရင္ အင္အား သုံးၿပီး) ေဆာင္႐ြက္ဖို႔ ဆုံးျဖတ္ထားတယ္လို႔ ေျပာၾကပါတယ္။

သမၼတရွီက်င့္ဖ်င္ ဘယ္ေလာက္ၾကာၾကာ အာဏာရွိေနမလဲဆိုတာက တိတိက်က်မေျပာႏႈိင္ေပမယ့္ သမၼတ သက္တမ္းကန႔္သတ္ခ်က္ကိုေတာ့ ပယ္ဖ်က္လိုက္ၿပီးျဖစ္ပါတယ္။ ဒါေၾကာင့္ ထိုင္ဝမ္ကာကြယ္ေရးဝန္ႀကီး ခ်ဴးေကာ့ခ်ိန္ က သတိေပးတာက ထိုက္ဝမ္ကို တ႐ုတ္က “အင္အားျပည့္” က်ဴးေက်ာ္တိုက္ခိုက္မဲ့ကိစၥဟာ ရာစု ႏွစ္နဲ႔ခ်ီၾကာမယ့္ ကိစၥမဟုတ္ဘဲ ႏွစ္အနည္းနဲ႔အမ်ားသာ ကြာျခားမယ့္ကိစၥျဖစ္တယ္ လို႔ဆိုပါတယ္။


သမၼတရွီရဲ႕ထိပ္တန္းဦးစားေပး ရည္မွန္းခ်က္တစ္ခုက တ႐ုတ္လက္နက္ကိုင္တပ္ေတြ ေခတ္မီတိုးတက္ေရးျဖစ္ပါ တယ္။ တ႐ုတ္ျပည္ရဲ႕ကာကြယ္ေရးအသုံးစရိတ္ဟာ ေဈးကြက္ေပါက္ေဈး ေငြလဲႏႈန္းအရမဟုတ္ဘဲ ဝယ္လို အားနဲ႔ ႏႈိင္းယွဥ္ခ်က္အရတြက္မယ္ဆိုရင္ ႏွစ္စဥ္ေဒၚလာဘီလ်ံ ၅ဝဝ အထက္မွာရွိလို႔ အေမရိကန္ရဲ႕ေနာက္ ဒုတိယလိုက္ေနၿပီး၊ ႏိုင္ငံႏွစ္ခု ကာကြယ္ေရးအသုံးစားရိတ္က သိပ္လည္း မကြာလွပါဘူး။

အေမရိကန္အေနနဲ႔ စြမ္းရည္ထက္ျမက္မႈမွာ အျပတ္အသတ္ေနေပမယ့္ တ႐ုတ္က ေနာက္ကေန အလ်င္အျမန္ လိုက္ေနတာကိုေတြ႕ရပါတယ္။ RAND ေကာ္ပိုေရးရွင္းရဲ႕တရားဝင္ေလ့လာခ်က္တစ္ခုအရ၊ ႏွစ္ဖက္တိုက္႐ိုက္ ထိပ္တိုက္ေတြ႕ တိုက္ၾကခိုက္ၾကမယ္ဆိုရင္ ႏွစ္ဖက္စလုံး ထိခိုက္ေသေၾကပ်က္စီးမႈမ်ားလိမ့္မယ္၊ ၂ဝ၂၅ ခုႏွစ္ ေလာက္မွာဆိုရင္ အေမရိကန္ရဲ႕ထိခိုက္မႈက ပိုႀကီး ပိုမ်ားႏိုင္တယ္လို႔ဆိုပါတယ္။

တစ္ခ်ိန္ထဲမွာပဲ အမ်ိဳးသားကာကြယ္ေရး ေသနဂၤဗ်ဴဟာေကာ္မရွင္ရဲ႕ ပါတီႏွစ္ရပ္လုံးပါဝင္တဲ့ ေလ့လာမႈတခုအရ “အေမရိကန္အေနနဲ႔၊ သူ႔ရဲ႕မဟာမိတ္ေတြ၊ သူ႔ရဲ႕အက်ိဳးစီးပြားဖက္ေတြနဲ႔ သူကိုယ္တိုင္ရဲ႕အက်ိဳးစီးပြားေတြကို ကာကြယ္ႏႈိင္စြမ္းဟာ သံသယျဖစ္စရာ တိုးမ်ားလာေနတယ္ လို႔ဆိုပါတယ္။ ဝါရွင္တန္အေနနဲ႔ တ႐ုတ္ (သို႔မဟုတ္) ႐ုရွားနဲ႔ျဖစ္ပြားတဲ့စစ္ပြဲမွာ ႏိုင္ဖို႔ မနည္းႀကိဳးစားရတာ၊ ဒါမွမဟုတ္ ရႈံးေကာင္းရႈံးႏႈိင္ပါတယ္တဲ့။

ထိပ္တန္းအေမရိကန္ကြၽမ္းက်င္သူေတြက တ႐ုတ္ကို အင္ဒိုပစၥဖိတ္ေဒသမွာ အေမရိကန္နဲ႔ လက္ရည္တူယွဥ္ႏိုင္ သူလို႔ေတာင္ ဆိုၾကပါတယ္။ အဲဒီေဒသမွာ အေမရိကန္ေရတပ္ရဲ႕ ၆ဝ ရာခိုင္ႏႈန္းဟာ၊ တ႐ုတ္ပိုင္နက္ေပၚက ေရ တပ္၊ ၾကည္းတပ္နဲ႔ ေလတပ္ေတြကို ရင္ဆိုင္ထားတာပါ။
တ႐ုတ္ျပည္နဲ႔ပတ္သက္ၿပီး ပိုမိုအေသးစိတ္က်တဲ့ ပင္တဂြန္အစီရင္ခံစာတစ္ခုထဲမွာ တ႐ုတ္ျပည္ရဲ႕ “နယ္ေျမ၊ ပင္လယ္နဲ႔ န်ဴကလီးယားလက္နက္ပစ္လႊတ္ႏႈိင္တဲ့ ပလက္ေဖာင္းေတြ” တိုးခ်ဲ႕လာမႈကို သတိေပးထားပါတယ္။ ဒီလိုခ်ဲ႕ထြင္လာမႈေတြက ထိုက္ဝမ္ကိစၥအေရးေပၚျဖစ္လာရင္ တ႐ုတ္အတြက္အမ်ားႀကီး အေထာက္အကူရေစ မွာျဖစ္ပါတယ္။

ထိပ္တန္းပင္တဂြန္အရာရွိတစ္ေယာက္ သတိေပးတာက အနည္းဆုံးေတာ့ တ႐ုတ္ဟာ “မတိုက္ရဘဲ အႏိုင္ရ လိုက္တဲ့ စစ္ပြဲမဟာဗ်ဴဟာ” ကိုသုံးေနတယ္လို႔ဆိုပါတယ္။ အဲဒါက “သူတို႔ဟာ ေနာက္ဆုံးမွာ န်ဴကလီးယား စစ္ပြဲတစ္ခုဆီ ဦးတည္ေနတဲ့ ေလွကားကိုတက္ေနၾကတယ္လို႔ ယုံၾကည္လာၾကေအာင္” လုပ္တာျဖစ္တယ္လို႔ လည္း ဆိုပါတယ္။။

အေမရိကန္က အာ႐ုံစိုက္တဲ့ အဓိကနယ္ပယ္တစ္ခုက တ႐ုတ္ဟာ သူ႔ရဲ႕ အသံထက္ျမန္ဒုံးပ်ံစြမ္းရည္ကို ၿပီးျပည့္ စုံေအာင္ႀကံေဆာင္ေနတဲ့ကိစၥပါ။ အဲဒီဒုံးပ်ံေတြက အေမရိကန္ရဲ႕လက္ရွိ ဒုံးပ်ံကာကြယ္ေရးစနစ္ကို ထိုးေဖာက္ ႏိုင္စရာရွိေနၿပီး၊ ပဋိပကၡျဖစ္လာရင္ ဆက္သြယ္ေရးစနစ္တစ္ခုလုံးကိုပါ မလႈပ္မရွားတုန႔္ဆိုင္းသြား ေစႏိုင္ပါတယ္။

လြန္ခဲ့တဲ့ ငါးႏွစ္တာကာလအတြင္း တ႐ုတ္က အသံထက္ျမန္တဲ့ ဒုံးပ်ံစမ္းသပ္ပစ္လႊတ္မႈေပါင္း ရာခ်ီျပဳလုပ္ခဲ့ေပ မယ့္ အေမရိကန္ကေတာ့ (၉) ႀကိမ္ဘဲရွိခဲ့တယ္လို႔ အေမရိကန္ပူးတြဲစစ္ဦးစီးခ်ဳပ္ဌာန ဒုတိယဥကၠ႒ေဟာင္း ေလတပ္ဗိုလ္ခ်ဳပ္ ဂြၽန္‌ေဟတင္ ကေျပာပါတယ္။
အခ်က္အလက္အားလုံးအရ ၫႊန္ျပေနတာက တ႐ုတ္က စစ္လႈပ္ရွားႏႈိင္စြမ္းနဲ႔ ေထာက္လွမ္းဖမ္းယူဖို႔ အလြန္ ခက္ခဲတဲ့ အသံထက္ျမန္ဒုံးပ်ံမ်ားရဲ႕ စြမ္းရည္ကိုတိုးတက္လာဖို႔ ပုံေအာလုပ္ေဆာင္ေနပုံရပါတယ္။ ဒါေတြကို န်ဴကလီးယာတပ္ဖြဲ႕မ်ားနဲ႔ေရာ၊ ေလယာဥ္တင္သေဘၤာပစ္ ဒုံးပ်ံစနစ္မ်ားအတြက္ပါ ျဖန႔္က်က္ခ်ထားႏိုင္ပါတယ္။

ႏိုင္ငံေတာ္က ေက်ာေထာက္ေနာက္ခံေပးထားတဲ့ တ႐ုတ္ရဲ႕ေလေၾကာင္းသုေတသန သိပၸံ ( AVIC Aerodynamics Research Institute) က အသံထက္ျမန္ ဂလိုက္ယာဥ္ေတြေပၚက ပစ္ခတ္တဲ့ “အစိတ္စိတ္ခြဲၿပီး ပစ္လႊတ္” ႏိုင္တဲ့လက္နက္ေတြ စမ္းသပ္ဖို႔အတြက္ ေလႁပြန္လႈိင္ေခါင္းအသစ္တစ္ခုကို လုပ္ေဆာင္ေနပါတယ္။ အဲဒါက “တ႐ုတ္ရဲ႕ အသံထက္ျမန္တဲ့လက္နက္မ်ားနဲ႔ အသုံးအေဆာင္ပစၥည္းေတြ ဖြံ႕ၿဖိဳးတိုးတက္ေရးသုေတသန ကို အားျဖည့္ေပးပါလိမ့္မယ္။
လက္ရွိ အသုံးျပဳေနတာထက္ ႏွစ္ဆေလာက္ပိုႀကီးတဲ့ ေလႁပြန္လႈိင္ေခါင္းသစ္ဟာ လြန္ခဲ့တဲ့ ႏွစ္ႏွစ္ကတည္းက တည္ေဆာက္ေနတာပါ။ အဲဒါက အသံထက္ရွစ္ဆျမန္ပိုျမန္တဲ့အေျခအေနေတြနဲ႔ သ႑ာန္တူေအာင္ ဖန္တီး ထားပါတယ္။

ပင္တဂြန္ရဲ႕အဆိုအရ တ႐ုတ္ရဲ႕ ဩဂုတ္လက ေနာက္ဆုံးစမ္းသပ္ခဲ့တဲ့ အသံထက္ျမန္ဒုံးပ်ံဟာ အေမရိကန္ရဲ႕ လက္ရွိ ဒုံးပ်ံကာကြယ္ေရးစနစ္မ်ားကို ထိုးေဖာက္ႏိုင္စြမ္းရွိပုံကို ျပသခဲ့ပါတယ္။

အာရွတိုက္ရဲ႕မဟာအင္အားႀကီး တ႐ုတ္ႏိုင္ငံဟာ လာမယ့္ ဆယ္စုႏွစ္အတြင္းမွာ သူပိုင္ဆိုင္တဲ့ န်ဴကလီးယား ထိပ္ဖူးအေရအတြက္ဟာ ႏွစ္ဆ ရွိလာလိမ့္မယ္လို႔ မွန္းဆရပါတယ္။ အခုေလာေလာဆယ္မွာေတာ့ အသံ ထက္ ျမန္တဲ့ ယာဥ္ေတြထက္ ပိုမိုျမန္ဆန္တဲ့ န်ဴကလီးယားထိပ္ဖူးတပ္ဆင္ထားတဲ့ တိုက္ခ်င္းပစ္ဒုံးပ်ံ ရာေပါင္းမ်ားစြာ ကို ပိုင္ဆိုင္ထားၿပီးျဖစ္ပါတယ္။

ဒုံးပ်ံနည္းပညာကို အလ်င္အျမန္ကြၽမ္းက်င္ပိုင္ႏိုင္လာတာနဲ႔အမွ် တ႐ုတ္ဟာ၊ “carrier-killer” လို႔ေခၚတဲ့ သဘၤာပစ္ (တာလတ္ပစ္) ဒုံးပ်ံမ်ားကို ျဖန႔္က်က္ခ်ထားေနပါတယ္။ အဲဒီအထဲမွာ သက္ဆိုင္ရာအမ်ိဳးအစားထဲမွာ အဆင့္အျမင့္ဆုံးျဖစ္တဲ့ DF-16 နဲ႔ ပိုမိုတာေဝးပစ္ႏႈိင္တဲ့ DF-26 တို႔လည္းပါဝင္ပါတယ္။ ဒီလက္နက္ေတြကို၊ သူ႔ရဲ႕အေရွ႕ဘက္ကမ္း႐ိုးတန္းတစ္ေလွ်ာက္ခ်ထားလိုက္ျခင္းအားျဖင့္၊ ဂ်ပန္နဲ႔ ပစၥဖိတ္အေနာက္ဖက္ပိုင္းေဒသ ေတာ္ေတာ္မ်ားမ်ားကို ပစ္ခတ္ႏိုင္တဲ့အေနအထားရွိသြားပါတယ္။

ေနာက္ၿပီး တ႐ုတ္ဟာ အေမရိကန္ရဲ႕ပၪၥမမ်ိဳးဆက္ F-35 ဂ်က္နဲ႔ ပုံစံတူတိုက္ေလယာဥ္ေတြကိုလည္း တည္ ေဆာက္ေနတယ္လို႔ သတင္းထြက္ေနပါတယ္။ ဒီေလယာဥ္ေတြကို ရွင္က်န္းျပည္နယ္ထဲက PLA (ျပည္သူ႔လြတ္ ေျမာက္ေရးတပ္မေတာ္) ဒုံးပ်ံတပ္ဖြဲ႕ရဲ႕ ေကာ္လာစခန္းမွာ ထားရွိတယ္လို႔ ဆိုပါတယ္။ အရင္ကေတာ့၊ အစမ္း ေလ့က်င့္ပစ္ခတ္မႈေတြကို ေခတ္သိပ္မမီေတာ့တဲ့ F-15 အီးဂဲလ္ တိုက္ေလယာဥ္ေတြနဲ႔ ေလ့က်င့္ခဲ့တာပါ။ ခုေတာ့ ၿပိဳင္ဘက္ရဲ႕ေခတ္အမီဆုံး စစ္လက္နက္ေတြကိုရင္ဆိုင္ဖို႔ ကိုယ့္ကိုကိုယ္ပိုမို ယုံၾကည္မႈရလာေစပါတယ္။

ဒီလိုေလ့က်င့္မႈအသစ္ေတြ၊ ျဖန႔္က်က္ခ်ထားမႈေတြဟာ တ႐ုတ္က ထိုက္ဝမ္ကို က်ဴးေက်ာ္သိမ္းပိုက္တဲ့အခါ ျဖစ္ လာႏိုင္ဖြယ္ရွိတဲ့ အေမရိကန္-ဂ်ပန္ ပူးတြဲစြက္ဖက္မႈကိုတားဆီးဖို႔ ရည္႐ြယ္တာလို႔ ကြၽမ္းက်င္သူေတြက ယုံၾကည္ ေနၾကပါတယ္။

“ေလ့က်င့္မႈေတြက ေလတပ္စခန္းေတြက ေလယာဥ္ေတြကို ေျပးလမ္းေပၚ ကလပ္စ္တာဗုံးေတြ ပစ္ခ်ၿပီး ႏွစ္မ်ိဳး လုံးကိုဖ်က္ဆီးပစ္ဖို႔ ရည္႐ြယ္ေလ့က်င့္တာ” လို႔ တ႐ုတ္စစ္ဖက္အတြင္း လူတစ္ေယာက္က South China Morning Post သတင္းစာကို ေျပာျပပါတယ္။ ေလ့က်င့္ေရးရဲ႕ အႏၲိမရည္မွန္းခ်က္က စတင္တိုက္ခိုက္ဖို႔ မဟုတ္ဘူး။ ထိုင္ဝမ္ကိစၥမွာ ဝင္ေရာက္စြက္ဖက္လာမယ့္ ႏိုင္ငံျခားတပ္ေတြကို တားဆီးဖို႔ပဲ လို႔ ထိုင္ဝမ္အၾကပ္ အတည္းကိုဗဟိုျပဳေနတဲ့ တ႐ုတ္စစ္ေရး စီမံကိန္းအေၾကာင္းကို သူကေျပာျပပါတယ္။

တ႐ုတ္ျပည္ရဲ႕အလ်င္အျမန္တိုးတက္လာေနတဲ့ စစ္ေရးစြမ္းေဆာင္ရည္ကိုတုံ႔ျပန္ဖို႔ ဘိုင္ဒင္အစိုးရဟာ ပိုမိုက်ယ္ ျပန႔္တဲ့ အမ်ိဳးသားကာကြယ္ေရးေပၚလစီသစ္ရဲ႕အစိတ္အပိုင္းတစ္ခုအျဖစ္ ၂ဝ၂၂ ခုႏွစ္ အေစာပိုင္းေလာက္မွာ ႏိုင္ငံရဲ႕ ဒုံးပ်ံကာကြယ္ေရးေပၚလစီကို အဆင့္ျမႇင့္တင္ဖို႔ အစီအစဥ္ရွိပါတယ္။

အဲဒီအေတာအတြင္းမွာပဲ ပင္တဂြန္စစ္ဌာနခ်ဳပ္ ဒုံးပ်ံကာကြယ္ေရးဂ်င္စီက အဓိကလက္နက္ထုတ္လုပ္တဲ့ ကုမၸဏီႀကီးေတြျဖစ္တဲ့ ေရသီယြန္ တကၠႏိုေလာ္ဂ်ီေကာ္ပိုေရးရွင္း၊ ေလာ့က္ဟိ မာတင္ ေကာ္ပိုေရးရွင္းနဲ႔ ေနာ့သ္ ေရာ့ပ္ ဂ႐ူးမင္း ေကာ္ပိုေရးရွင္းေတြနဲ႔ အသံထက္ျမန္ဂလိုက္ယာဥ္ေတြကို တန္ျပန္ဖို႔အတြက္ ကာကြယ္ေရး ဒုံးပ်ံ သစ္ေရွ႕ေျပးပုံစံကို ထုတ္လုပ္မယ့္ စာခ်ဳပ္ခ်ဳပ္ဖို႔ မီးစိမ္းျပလိုက္ၿပီလို႔ ေၾကညာခဲ့ပါတယ္။

“တားဆီးဟန႔္တားေရး ေပါင္းစည္းစနစ္” (integrated deterrence) ေသနဂၤဗ်ဴဟာရဲ႕အစိတ္အပိုင္းအျဖစ္ ဘိုင္ဒင္အစိုးရက အင္ဒိုပစၥဖိတ္ေဒသက မဟာမိတ္မ်ားနဲ႔ ပူးတြဲၿပီး ဒုံးပ်ံကာကြယ္ေရးစနစ္တခု ျဖန႔္က်က္ထားဖို႔ လည္း သုံးသပ္ပါလိမ့္မယ္။

ႏိုဝင္ဘာလ အေစာပိုင္းတုံးက အေမရိကန္ႏိုင္ငံျခားေရးဝန္ႀကီး အန္တိုနီ ဘလင္ကန္က တကယ္လို႔ တ႐ုတ္က ထိုင္ဝမ္အေပၚ အင္အားသုံးလာမယ္ဆိုရင္ ဝါရွင္တန္အေနနဲ႔ သူ႔ရဲ႕မဟာမိတ္ေတြနဲ႔ တညီတၫြတ္တည္း တုံ႔ျပန္ အေရးယူရမွာပဲလို႔ သတိေပးပါတယ္။
ဒီႏွစ္အေစာပိုင္းတုံးက ၿဗိတိသွ်ကာကြယ္ေရးဝန္ႀကီး ဘင္ ေဝါေလ့ ဘရပ္ဆဲလ္ကို သြားၿပီး ေနတိုးမဟာမိတ္မ်ားနဲ႔ အစည္းအေဝးလုပ္တဲ့အခ်ိန္မွာ တ႐ုတ္ကို “ေဒသတြင္း မတည္မၿငိမ္ျဖစ္ေအာင္” မလုပ္ဖို႔နဲ႔ အျငင္းပြားေနတဲ့ ဧရိယာေဒသေတြမွာ ထပ္ၿပီး “ပဋိပကၡေတြ ဆြမေပးဖို႔” သတိေပးလိုက္ပါတယ္။

“ တ႐ုတ္ျပည္မႀကီးနဲ႔ ထိုင္ဝမ္အၾကာ မတူကြဲျပားမႈေတြကို ၿငိမ္းၿငိမ္းခ်မ္းခ်မ္းနဲ႔ ေျဖရွင္းဖို႔လိုတယ္လို႔ ေျပာဆိုၿပီး ပီကင္းရဲ႕ ရန္လိုတဲ့အျပဳအမူေတြကို သတိေပးလိုက္ပါတယ္။
အဲဒီအေတာအတြင္းမွာပဲ ဩစေၾတးလ်ကာကြယ္ေရးဝန္ႀကီး ပီတာ ဒတ္တြန္က ပဋိပကၡျဖစ္လာရင္ ေဘးကရပ္ ၾကည့္ေနဖို႔ဆိုတာ သူ႔တိုင္းျပည္အတြက္ “စဥ္းစားလို႔မရေအာင္” ပါပဲလို႔ဆိုၿပီး၊ ထိုင္ဝမ္ကို အားေပးခဲ့ပါေသးတယ္။

တကယ္လို႔ အေမရိကန္က အဲဒီလိုေဆာင္႐ြက္ဖို႔ (ဝင္ေရာက္စြက္ဖက္ဖို႔) ေ႐ြးခ်ယ္ခဲ့မယ္ဆိုရင္ အေမရိကန္ကို မေထာက္ခံဖို႔ဆိုတာ “စဥ္းစားလို႔မရႏိုင္ေအာင္” ပါပဲလို႔ AUKUS (Australia-UK-US) မဟာမိတ္မ်ား ကာကြယ္ ေရး ပူးေပါင္းေဆာင္႐ြက္မႈ နက္ရႈိင္းလာခ်ိန္မွာ ဩစေၾတးလ်သတင္းမီဒီယာမ်ားကို ေျပာၾကားခဲ့ပါတယ္။

ေမာင္တင္ထြန္း (နတ္ေမာက္)
NOVEMBER 28, 2021 ေန႔စြဲပါ ASIA TIMES တြင္ေဖၚျပထားေသာ US risks ‘Suez moment’ in a Taiwan war By RICHARD JAVAD HEYDARIAN ကို ဘာသာျပန္ဆိုပါသည္။

Related news

© 2021. All rights reserved.