ကဝမြို့နယ်၊ အုန်းနှဲအထက်တန်းကျောင်းအနီး လက်လုပ်မိုင်းပေါက်ကွဲမှုကြောင့် အမျိုးသားတစ်ဦး မိုင်းစထိမှန်ဒဏ်ရာရရှိမှုဖြစ်ပွား

843

NP News - ဧပြီ ၇
ပဲခူးတိုင်းဒေသကြီး၊ ကဝမြို့နယ်၊ အုန်းနှဲအထက်တန်းကျောင်းအနီး လက်လုပ်မိုင်းပေါက်ကွဲမှုကြောင့် အမျိုးသားတစ်ဦး မိုင်းစထိမှန်ဒဏ်ရာရရှိမှုဖြစ်ပွားခဲ့ကြောင်း သတင်းရရှိသည်။
ဖြစ်စဉ်မှာ ပဲခူးတိုင်းဒေသကြီး၊ ကဝမြို့နယ်၊ အုန်းနှဲကျေးရွာ၊ အမှတ် (၈)ရပ်ကွက်ရှိ အုန်းနှဲအခြေခံပညာ အထက်တန်းကျောင်းရှေ့၌ ဧပြီလ ၅ ရက် နံနက် ၁၁ နာရီ ၁၅ မိနစ်ခန့်တွင် လက်လုပ်မိုင်း (၁) လုံးပေါက်ကွဲခဲ့ပြီး ပေါက်ကွဲမှုကြောင့် အဆိုပါနေရာအနီးရောက်ရှိနေသူ သံဒင်းကျေးရွာနေ ဦးဇော်မင်းထိုက် (၃၄)နှစ်တွင် မိုင်းစထိမှန်ဒဏ်ရာရရှိခဲ့ကြောင်း နစက၏ထုတ်ပြန်ချက်အရ သိရသည်။
အဆိုပါထိခိုက်ဒဏ်ရာရရှိခဲ့သူအား ဆေးဝါးကုသနိုင်ရေးအတွက် အုန်းနှဲတိုက်နယ် ဆေးရုံသို့ သက်ဆိုင်ရာ တာဝန်ရှိသူများက ပို့ဆောင်ထားရှိကြောင်းလည်း သိရသည်။
ထို့ပြင် ဧပြီလ ၆ ရက်နေ့ နံနက် ၇ နာရီ ၄၅ မိနစ်အချိန်ခန့်တွင် ရန်ကုန် တိုင်းဒေသကြီး၊ ရွှေပြည်သာမြို့နယ်၊ အမှတ်(၈)ရပ်ကွက်၊ ဘုရင့်နောင်လမ်း၊ အမှတ်(၃)အခြေခံပညာအထက်တန်း ကျောင်းအနီး၌ မသင်္ကာအထုပ်များအားတွေ့ရှိကြောင်း သတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေးရာ ကျောင်းဝင်ပေါက် လမ်းဘေး ဗန်ဒါပင်အနီးမှ မသင်္ကာဖွယ် အထုပ် (၂) ထုပ် နှင့် လမ်းတစ်ဘက်ခြမ်းမှ မသင်္ကာဖွယ်အထုပ် (၁) ထုပ်တို့ကို တွေ့ရှိရပြီး အထုပ်များအတွင်းမှ လက်လုပ်မိုင်း (၃) လုံးအား တွေ့ရှိခဲ့ရာ သက်မဲ့ပြုလုပ် ရှင်းလင်းခဲ့ရကြောင်းလည်း ထုတ်ပြန်ချက်တွင် ရေးသားထားသည်။
အလားတူ ဧပြီလ ၄ ရက်နေ့နှင့် ၅ ရက်နေ့များတွင် တနင်္သာရီတိုင်းဒေသကြီး၊ ပုလောမြို့၊ သွား ကားလမ်းပေါ် မြို့နယ်ပညာရေးမှူးရုံးအနီး၊ ပဲခူးတိုင်းဒေသကြီး၊ ကဝမြိုနယ်၊ သက္ကလမြို့ မြို့မစံပြရပ်ကွက်ရှိ သက္ကလအခြေခံ ပညာအထက်တန်းကျောင်းအနီး၊ ကဝမြို့၊အမှတ်(၃)ရပ် ကွက်၊ ပဲခူးလမ်းနှင့် ငါးထပ်ကြီးဘုရားလမ်းထောင့်ရှိ အခြေခံပညာအထက်တန်းကျောင်းအနီးတို့၌ လက်လုပ်မိုင်းပေါက်ကွဲမှုများ ဖြစ်ပွားခဲ့ကြောင်းလည်း နစက သတင်းထုတ်ပြန်ချက်အရ သိရသည်။

zawgyi version
ကဝၿမိဳ႕နယ္၊ အုန္းႏွဲအထက္တန္းေက်ာင္းအနီး လက္လုပ္မိုင္းေပါက္ကြဲမႈေၾကာင့္ အမ်ိဳးသားတစ္ဦး မိုင္းစထိမွန္ဒဏ္ရာရရွိမႈျဖစ္ပြား
NP News - ဧၿပီ ၇
ပဲခူးတိုင္းေဒသႀကီး၊ ကဝၿမိဳ႕နယ္၊ အုန္းႏွဲအထက္တန္းေက်ာင္းအနီး လက္လုပ္မိုင္းေပါက္ကြဲမႈေၾကာင့္ အမ်ိဳးသားတစ္ဦး မိုင္းစထိမွန္ဒဏ္ရာရရွိမႈျဖစ္ပြားခဲ့ေၾကာင္း သတင္းရရွိသည္။
ျဖစ္စဥ္မွာ ပဲခူးတိုင္းေဒသႀကီး၊ ကဝၿမိဳ႕နယ္၊ အုန္းႏွဲေက်း႐ြာ၊ အမွတ္ (၈)ရပ္ကြက္ရွိ အုန္းႏွဲအေျခခံပညာ အထက္တန္းေက်ာင္းေရွ႕၌ ဧၿပီလ ၅ ရက္ နံနက္ ၁၁ နာရီ ၁၅ မိနစ္ခန႔္တြင္ လက္လုပ္မိုင္း (၁) လုံးေပါက္ကြဲခဲ့ၿပီး ေပါက္ကြဲမႈေၾကာင့္ အဆိုပါေနရာအနီးေရာက္ရွိေနသူ သံဒင္းေက်း႐ြာေန ဦးေဇာ္မင္းထိုက္ (၃၄)ႏွစ္တြင္ မိုင္းစထိမွန္ဒဏ္ရာရရွိခဲ့ေၾကာင္း နစက၏ထုတ္ျပန္ခ်က္အရ သိရသည္။
အဆိုပါထိခိုက္ဒဏ္ရာရရွိခဲ့သူအား ေဆးဝါးကုသႏိုင္ေရးအတြက္ အုန္းႏွဲတိုက္နယ္ ေဆး႐ုံသို႔ သက္ဆိုင္ရာ တာဝန္ရွိသူမ်ားက ပို႔ေဆာင္ထားရွိေၾကာင္းလည္း သိရသည္။
ထို႔ျပင္ ဧၿပီလ ၆ ရက္ေန႔ နံနက္ ၇ နာရီ ၄၅ မိနစ္အခ်ိန္ခန႔္တြင္ ရန္ကုန္ တိုင္းေဒသႀကီး၊ ေ႐ႊျပည္သာၿမိဳ႕နယ္၊ အမွတ္(၈)ရပ္ကြက္၊ ဘုရင့္ေနာင္လမ္း၊ အမွတ္(၃)အေျခခံပညာအထက္တန္း ေက်ာင္းအနီး၌ မသကၤာအထုပ္မ်ားအားေတြ႕ရွိေၾကာင္း သတင္းအရ လုံၿခဳံေရးတပ္ဖြဲ႕ဝင္မ်ားက သြားေရာက္စစ္ေဆးရာ ေက်ာင္းဝင္ေပါက္ လမ္းေဘး ဗန္ဒါပင္အနီးမွ မသကၤာဖြယ္ အထုပ္ (၂) ထုပ္ ႏွင့္ လမ္းတစ္ဘက္ျခမ္းမွ မသကၤာဖြယ္အထုပ္ (၁) ထုပ္တို႔ကို ေတြ႕ရွိရၿပီး အထုပ္မ်ားအတြင္းမွ လက္လုပ္မိုင္း (၃) လုံးအား ေတြ႕ရွိခဲ့ရာ သက္မဲ့ျပဳလုပ္ ရွင္းလင္းခဲ့ရေၾကာင္းလည္း ထုတ္ျပန္ခ်က္တြင္ ေရးသားထားသည္။
အလားတူ ဧၿပီလ ၄ ရက္ေန႔ႏွင့္ ၅ ရက္ေန႔မ်ားတြင္ တနသၤာရီတိုင္းေဒသႀကီး၊ ပုေလာၿမိဳ႕၊ သြား ကားလမ္းေပၚ ၿမိဳ႕နယ္ပညာေရးမႉး႐ုံးအနီး၊ ပဲခူးတိုင္းေဒသႀကီး၊ ကဝၿမိဳနယ္၊ သကၠလၿမိဳ႕ ၿမိဳ႕မစံျပရပ္ကြက္ရွိ သကၠလအေျခခံ ပညာအထက္တန္းေက်ာင္းအနီး၊ ကဝၿမိဳ႕၊အမွတ္(၃)ရပ္ ကြက္၊ ပဲခူးလမ္းႏွင့္ ငါးထပ္ႀကီးဘုရားလမ္းေထာင့္ရွိ အေျခခံပညာအထက္တန္းေက်ာင္းအနီးတို႔၌ လက္လုပ္မိုင္းေပါက္ကြဲမႈမ်ား ျဖစ္ပြားခဲ့ေၾကာင္းလည္း နစက သတင္းထုတ္ျပန္ခ်က္အရ သိရသည္။