“အခြေခံဥပဒေပါ ပြဋ္ဌာန်းချက်ကို နစက က ပြင်ခွင့်ရှိသလား”

 1598

ရဲထွန်း (သီပေါ) (NP News) - ဧပြီ ၁၃
ဧပြီလ ၇ ရက်နေ့ CNI (Channel News Independent) သတင်းတစ်ရပ်အဆိုအရ အမျိုးသားစည်းလုံး ညီညွတ်ရေး နှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ (NSPNC) နှင့် ပြည်ထောင်စုငြိမ်းချမ်းရေး ဆွေးနွေးမှု ပူးတွဲကော်မတီ (UPDJC) ၏ နိုင်ငံရေးပါတီအစုအဖွဲ့တို့က ခြေဥပုဒ်မ ၂၆၁ ကို ပြင်ဆင်ရန် သဘော တူညီခဲ့ကြောင်း သတင်းကို ဖတ်လိုက်ရသည်။

အခြေခံဥပဒေပုဒ်မ ၂၆၁ အရ တိုင်းဒေသကြီးနှင့် ပြည်နယ်များရှိ အစိုးရအဖွဲ့အသီးသီးကို ဦးဆောင်ရန် ဝန်ကြီးချုပ်တစ်ဦးစီ ကို ရွေးချယ်ရာတွင် သက်ဆိုင်ရာ တိုင်းဒေသကြီး/ပြည်နယ် လွှတ်တော်ကိုယ်စားလှယ်များထဲမှ သင့်တော်သူတစ်ဦးကို နိုင်ငံတော်သမ္မတက ရွေးချယ်ပေးပြီး သက်ဆိုင်ရာလွှတ်တော်က အတည်ပြုပေးရ ခြင်းဖြစ်သည်။

ယခု သဘောတူညီကြသော ပြင်ဆင်လိုမှုမှာ ဝန်ကြီးချုပ်ကို သက်ဆိုင်ရာလွှတ်တော်ကသာ ရွေးချယ်ပြီး နိုင်ငံ တော်သမ္မတက အတည်ပြုပေးရန်ဖြစ်ပေသည်။

ထိုသို့ဖြစ်လျှင် အရေးပေါ်ကာလတွင် တာဝန်ယူနေသော ကာကွယ်ရေးဦးစီးချုပ် (သို့မဟုတ်) ၎င်းက တာဝန် လွှတ်ပေးထားသောအဖွဲ့က အခြေခံဥပဒေကို ပြင်ဆင်ခွင့်ရှိသလားဟူသော အမေး ပေါ်ပေါက်လာပါသည်။ အခြေခံဥပဒေ အခန်း(၁၁) အရေးပေါ်ကာလဆိုင်ရာပြဋ္ဌာန်းချက်များ ပုဒ်မ ၄၁၉ အရ တာဝန်လွှဲအပ်ခြင်းခံရ သော ကာကွယ်ရေးဦးစီးချုပ်သည် ဥပဒေပြုရေးအာဏာ၊ အုပ်ချုပ်ရေးအာဏာနှင့် တရားစီရင်ရေးအာဏာတို့ကို ကျင့်သုံးဆောင်ရွက်ခွင့်ရှိကြောင်း ဖော်ပြထားသော်လည်း အခြေခံဥပဒေကို ပြင်ဆင်ခွင့်၊ ဖြည့်စွက်ပြဋ္ဌာန်းခွင့်တို့ ကို မည်သည့်နေရာတွင်မှ ပေးအပ်မထားချေ။

၂ဝဝ၈ အခြေခံဥပဒေပုဒ်မ ၄၃၆ (ခ) အရ၊ အခြေခံဥပဒေပါ ပြဋ္ဌာန်းချက်တစ်ရပ်ဖြစ်သော ပုဒ် ၂၆၁ ကို ပြင်ဆင် ရန်အတွက် ပြည်ထောင်စုလွှတ်တော်ကိုယ်စားလှယ်အားလုံး၏ ၇၅ ရာခိုင်နှုန်းကျော် ထောက်ခံမဲဖြင့်သာ ပြင်ဆင်နိုင်မည်ဖြစ်ပါသည်။ သို့ဖြစ်၍ အရေးပေါ်ကာလတွင် ကာကွယ်ရေးဦးစီးချုပ်နှင့်အတူ တာဝန်ယူနေသော နစက နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသည် အခြေခံဥပဒေကို ပြင်ဆင်၊ ပြဋ္ဌာန်းခွင့် မရှိပေ။

ခြေဥ မပြင် လက်ဥ ပြင်လျှင် ရ/မရ
အရေးပေါ်ကာလတွင် တာဝန်ယူနေသော ကာကွယ်ရေးဦးစီးချုပ်အနေဖြင့် အခြေခံဥပဒေ ၄၁၉ အရ ဥပဒေပြု ရေး၊ အုပ်ချုပ်ရေးနှင့် တရားစီရင်ရေးအာဏာများကိုသာ ကျင့်သုံးဆောင်ရွက်ခွင့်ရှိပါသည်။
သို့ဖြစ်၍ ပုဒ်မ ၂၆၁ နှင့် သက်ဆိုင်သည့် ပြည်နယ်နှင့် တိုင်ဒေသကြီးအစိုးရအဖွဲ့ဥပဒေကို ယခု (NSPNC) နှင့် (UPDJC) တို့ သဘောတူညီကြသည့်အတိုင်း ကာကွယ်ရေးဦးစီးချုပ်က ပြင်ဆင်ပြဋ္ဌာန်းပေးခွင့်တော့ ရှိပါသည်။

အခြေခံဥပဒေ နှင့် ညီ/ မညီ ပြဿနာ
ထို့သို့ အရေးပေါ်ကာလတွင် ကာကွယ်ရေးဦးစီးချုပ်က ပြဋ္ဌာန်းပေးသည့် ဥပဒေတစ်ရပ်သည် အခြေခံဥပဒေနှင့် ညီ/ မညီကို လွှတ်တော်များပေါ်ပေါက်လာသည့်အခါ ပြည်သူ့လွှတ်တော် (သို့မဟုတ်) အမျိုးသားလွှတ်တော် ကိုယ်စားလှယ်များ၏ ၁ဝ ရာခိုင်နှုန်းသည်လည်းကောင်း၊ ခြေဥပုဒ်မ ၃၂၅ နှင့် ၃၂၆ တို့တွင် ဖော်ပြထားသည့် ပုဂ္ဂိုလ်များကလည်းကောင်း၊ အခြေခံဥပဒေဆိုင်ရာ ခုံရုံးသို့ လျှောက်ထားမေးမြန်းနိုင်ပါသည်။ ခုံရုံးက အဆိုပါ ဥပဒေမှာ အခြေခံဥပဒေနှင့် ညီညွတ်မှုမရှိ ဆန့်ကျင်ပါသည်ဟု ဆိုလျှင် အဆိုပါဥပဒေသည် ပျက်ပြယ်မည်ဖြစ်ပါသည်။

သို့သော်လည်း အခြေခံဥပဒေဆိုင်ရာ ခုံရုံးသည် အခြေခံဥပဒေပုဒ်မ ၃၂၂ (ခ) အရ လွှတ်တော်အသီးသီးက ပြဋ္ဌာန်းလိုက်သည့် ဥပဒေများကိုသာ ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် ညီ/ မညီ ဆုံးဖြတ်ခွင့်ရှိပြီး၊ ၂ဝ၁ဝ ခုနှစ်မတိုင်မီ ယခင်အစိုးရလက်ထက်များက ပြဋ္ဌာန်းထားခဲ့သော ဥပဒေများနှင့် ကာကွယ်ရေးဦးစီးချုပ်က ပြဋ္ဌာန်းပေးလိုက် သော ဥပဒေများအပေါ် အခြေခံဥပဒေနှင့် ညီ/ မညီ ဆုံးဖြတ်ပေးမည်မဟုတ်ချေ။ ပထမအကြိမ် လွှတ်တော် ကာလက အခြေခံဥပဒေနှင့် ညီ/ မညီ အဆုံးအဖြတ်ပေးရန် ခုံရုံးကိုတင်သွင်းလာသည့် အလားတူ ကိစ္စရပ်များနှင့် ပတ်သက်၍ ခုံရုံးတွင် အတွေ့အကြုံများစွာ ရှိထားပြီးဖြစ်သည်။

သို့ဖြစ်၍ ကာကွယ်ရေးဦးစီးချုပ်က ပြည်နယ်နှင့် တိုင်းဒေသကြီးအစိုးရအဖွဲ့ဥပဒေကို အထက်တွင် သဘော တူညီထားကြသည့်အတိုင်း အခြေခံဥပဒေပုဒ်မ ၂၆၁ ကို မဆန့်ကျင်စေဘဲ ဥပဒေပြဋ္ဌာန်းထားမည်ဆိုပါက လွှတ်တော်များရှိလာသည့်အခါ ပြည်နယ်တိုင်းဒေသကြီး ဝန်ကြီးချုပ်ရွေးချယ်ရေးကို အဆိုပါဥပဒေအတိုင်း ကျင့်သုံးနိုင်မည်ဖြစ်ပါသည်။

၂ဝဝ၈ အခြေခံဥပဒေပုဒ်မ ၄၄၆ အရ ကာကွယ်ရေးဦးစီးချုပ်က အရေးပေါ်ကာလတွင် ပြဋ္ဌာန်းလိုက်သော ဥပဒေ များအပါအဝင် လွှတ်တော်များက ပြဋ္ဌာန်းလိုက်သည့် ဥပဒေများနှင့် လက်ရှိတည်ဆဲ ဥပဒေတစ်ရပ်ရပ်သည် ပြည်ထောင်စုလွှတ်တော်က ပယ်ဖျက်ခြင်း၊ ပြင်ဆင်ခြင်း၊ အခြေခံဥပဒေနှင့် ဆန့်ကျင်သည်ဟု ဆုံးဖြတ်ခြင်း မပြု သမျှ အာဏာသက်ရောက်နေမည်ဖြစ်ပါသည်။

သို့ဖြစ်လေရာ ယခုပြင်ဆင်ပြဋ္ဌာန်းလိုသော ပြည်နယ်နှင့် တိုင်းဒေသကြီး ဝန်ကြီးချုပ်ခန့်ထားရေးဥပဒေသည် တိုင်းရင်းသားပြည်သူများ၏ သွေးစည်းညီညွတ်ရေးအတွက် ထောက်ကူပံ့ပိုးချက်တစ်ရပ်ဖြစ်သည်။ တစ်နည်းဆို ရလျှင် အားလုံးက လိုလားသည့် ဖက်ဒရယ်ဒီမိုကရေစီလမ်းကြောင်းသို့ တက်လှမ်းရေးအတွက် ခြေတစ်လှမ်း တိုးခြင်းဖြစ်သည်ဟု ပြည်ထောင်စု လွှတ်တော်ကိုယ်စားလှယ်အများစု (၅ဝ ရာခိုင်နှုန်းကျော်) က မှတ်ယူနေ၍ အခြေခံဥပဒေနှင့် ညီ/ မညီ ဆိုသည့် ပြဿာနာပေါ်ပေါက်မည်မဟုတ်ပါချေ။

Zawgyi Version;
“အေျခခံဥပေဒပါ ျပ႒ာန္းခ်က္ကို နစက က ျပင္ခြင့္ရွိသလား”
ရဲထြန္း (သီေပါ) (NP News) - ဧၿပီ ၁၃
ဧၿပီလ ၇ ရက္ေန႔ CNI (Channel News Independent) သတင္းတစ္ရပ္အဆိုအရ အမ်ိဳးသားစည္းလုံး ညီၫြတ္ေရး ႏွင့္ ၿငိမ္းခ်မ္းေရးေဖာ္ေဆာင္မႈ ညႇိႏႈိင္းေရးေကာ္မတီ (NSPNC) ႏွင့္ ျပည္ေထာင္စုၿငိမ္းခ်မ္းေရး ေဆြးေႏြးမႈ ပူးတြဲေကာ္မတီ (UPDJC) ၏ ႏိုင္ငံေရးပါတီအစုအဖြဲ႕တို႔က ေျခဥပုဒ္မ ၂၆၁ ကို ျပင္ဆင္ရန္ သေဘာ တူညီခဲ့ေၾကာင္း သတင္းကို ဖတ္လိုက္ရသည္။

အေျခခံဥပေဒပုဒ္မ ၂၆၁ အရ တိုင္းေဒသႀကီးႏွင့္ ျပည္နယ္မ်ားရွိ အစိုးရအဖြဲ႕အသီးသီးကို ဦးေဆာင္ရန္ ဝန္ႀကီးခ်ဳပ္တစ္ဦးစီ ကို ေ႐ြးခ်ယ္ရာတြင္ သက္ဆိုင္ရာ တိုင္းေဒသႀကီး/ျပည္နယ္ လႊတ္ေတာ္ကိုယ္စားလွယ္မ်ားထဲမွ သင့္ေတာ္သူတစ္ဦးကို ႏိုင္ငံေတာ္သမၼတက ေ႐ြးခ်ယ္ေပးၿပီး သက္ဆိုင္ရာလႊတ္ေတာ္က အတည္ျပဳေပးရ ျခင္းျဖစ္သည္။

ယခု သေဘာတူညီၾကေသာ ျပင္ဆင္လိုမႈမွာ ဝန္ႀကီးခ်ဳပ္ကို သက္ဆိုင္ရာလႊတ္ေတာ္ကသာ ေ႐ြးခ်ယ္ၿပီး ႏိုင္ငံ ေတာ္သမၼတက အတည္ျပဳေပးရန္ျဖစ္ေပသည္။

ထိုသို႔ျဖစ္လွ်င္ အေရးေပၚကာလတြင္ တာဝန္ယူေနေသာ ကာကြယ္ေရးဦးစီးခ်ဳပ္ (သို႔မဟုတ္) ၎က တာဝန္ လႊတ္ေပးထားေသာအဖြဲ႕က အေျခခံဥပေဒကို ျပင္ဆင္ခြင့္ရွိသလားဟူေသာ အေမး ေပၚေပါက္လာပါသည္။ အေျခခံဥပေဒ အခန္း(၁၁) အေရးေပၚကာလဆိုင္ရာျပ႒ာန္းခ်က္မ်ား ပုဒ္မ ၄၁၉ အရ တာဝန္လႊဲအပ္ျခင္းခံရ ေသာ ကာကြယ္ေရးဦးစီးခ်ဳပ္သည္ ဥပေဒျပဳေရးအာဏာ၊ အုပ္ခ်ဳပ္ေရးအာဏာႏွင့္ တရားစီရင္ေရးအာဏာတို႔ကို က်င့္သုံးေဆာင္႐ြက္ခြင့္ရွိေၾကာင္း ေဖာ္ျပထားေသာ္လည္း အေျခခံဥပေဒကို ျပင္ဆင္ခြင့္၊ ျဖည့္စြက္ျပ႒ာန္းခြင့္တို႔ ကို မည္သည့္ေနရာတြင္မွ ေပးအပ္မထားေခ်။

၂ဝဝ၈ အေျခခံဥပေဒပုဒ္မ ၄၃၆ (ခ) အရ၊ အေျခခံဥပေဒပါ ျပ႒ာန္းခ်က္တစ္ရပ္ျဖစ္ေသာ ပုဒ္ ၂၆၁ ကို ျပင္ဆင္ ရန္အတြက္ ျပည္ေထာင္စုလႊတ္ေတာ္ကိုယ္စားလွယ္အားလုံး၏ ၇၅ ရာခိုင္ႏႈန္းေက်ာ္ ေထာက္ခံမဲျဖင့္သာ ျပင္ဆင္ႏိုင္မည္ျဖစ္ပါသည္။ သို႔ျဖစ္၍ အေရးေပၚကာလတြင္ ကာကြယ္ေရးဦးစီးခ်ဳပ္ႏွင့္အတူ တာဝန္ယူေနေသာ နစက ႏိုင္ငံေတာ္စီမံအုပ္ခ်ဳပ္ေရးေကာင္စီသည္ အေျခခံဥပေဒကို ျပင္ဆင္၊ ျပ႒ာန္းခြင့္ မရွိေပ။

ေျခဥ မျပင္ လက္ဥ ျပင္လွ်င္ ရ/မရ
အေရးေပၚကာလတြင္ တာဝန္ယူေနေသာ ကာကြယ္ေရးဦးစီးခ်ဳပ္အေနျဖင့္ အေျခခံဥပေဒ ၄၁၉ အရ ဥပေဒျပဳ ေရး၊ အုပ္ခ်ဳပ္ေရးႏွင့္ တရားစီရင္ေရးအာဏာမ်ားကိုသာ က်င့္သုံးေဆာင္႐ြက္ခြင့္ရွိပါသည္။
သို႔ျဖစ္၍ ပုဒ္မ ၂၆၁ ႏွင့္ သက္ဆိုင္သည့္ ျပည္နယ္ႏွင့္ တိုင္ေဒသႀကီးအစိုးရအဖြဲ႕ဥပေဒကို ယခု (NSPNC) ႏွင့္ (UPDJC) တို႔ သေဘာတူညီၾကသည့္အတိုင္း ကာကြယ္ေရးဦးစီးခ်ဳပ္က ျပင္ဆင္ျပ႒ာန္းေပးခြင့္ေတာ့ ရွိပါသည္။

အေျခခံဥပေဒ ႏွင့္ ညီ/ မညီ ျပႆနာ
ထို႔သို႔ အေရးေပၚကာလတြင္ ကာကြယ္ေရးဦးစီးခ်ဳပ္က ျပ႒ာန္းေပးသည့္ ဥပေဒတစ္ရပ္သည္ အေျခခံဥပေဒႏွင့္ ညီ/ မညီကို လႊတ္ေတာ္မ်ားေပၚေပါက္လာသည့္အခါ ျပည္သူ႔လႊတ္ေတာ္ (သို႔မဟုတ္) အမ်ိဳးသားလႊတ္ေတာ္ ကိုယ္စားလွယ္မ်ား၏ ၁ဝ ရာခိုင္ႏႈန္းသည္လည္းေကာင္း၊ ေျခဥပုဒ္မ ၃၂၅ ႏွင့္ ၃၂၆ တို႔တြင္ ေဖာ္ျပထားသည့္ ပုဂၢိဳလ္မ်ားကလည္းေကာင္း၊ အေျခခံဥပေဒဆိုင္ရာ ခုံ႐ုံးသို႔ ေလွ်ာက္ထားေမးျမန္းႏိုင္ပါသည္။ ခုံ႐ုံးက အဆိုပါ ဥပေဒမွာ အေျခခံဥပေဒႏွင့္ ညီၫြတ္မႈမရွိ ဆန႔္က်င္ပါသည္ဟု ဆိုလွ်င္ အဆိုပါဥပေဒသည္ ပ်က္ျပယ္မည္ျဖစ္ပါသည္။

သို႔ေသာ္လည္း အေျခခံဥပေဒဆိုင္ရာ ခုံ႐ုံးသည္ အေျခခံဥပေဒပုဒ္မ ၃၂၂ (ခ) အရ လႊတ္ေတာ္အသီးသီးက ျပ႒ာန္းလိုက္သည့္ ဥပေဒမ်ားကိုသာ ဖြဲ႕စည္းပုံအေျခခံဥပေဒႏွင့္ ညီ/ မညီ ဆုံးျဖတ္ခြင့္ရွိၿပီး၊ ၂ဝ၁ဝ ခုႏွစ္မတိုင္မီ ယခင္အစိုးရလက္ထက္မ်ားက ျပ႒ာန္းထားခဲ့ေသာ ဥပေဒမ်ားႏွင့္ ကာကြယ္ေရးဦးစီးခ်ဳပ္က ျပ႒ာန္းေပးလိုက္ ေသာ ဥပေဒမ်ားအေပၚ အေျခခံဥပေဒႏွင့္ ညီ/ မညီ ဆုံးျဖတ္ေပးမည္မဟုတ္ေခ်။ ပထမအႀကိမ္ လႊတ္ေတာ္ ကာလက အေျခခံဥပေဒႏွင့္ ညီ/ မညီ အဆုံးအျဖတ္ေပးရန္ ခုံ႐ုံးကိုတင္သြင္းလာသည့္ အလားတူ ကိစၥရပ္မ်ားႏွင့္ ပတ္သက္၍ ခုံ႐ုံးတြင္ အေတြ႕အႀကဳံမ်ားစြာ ရွိထားၿပီးျဖစ္သည္။

သို႔ျဖစ္၍ ကာကြယ္ေရးဦးစီးခ်ဳပ္က ျပည္နယ္ႏွင့္ တိုင္းေဒသႀကီးအစိုးရအဖြဲ႕ဥပေဒကို အထက္တြင္ သေဘာ တူညီထားၾကသည့္အတိုင္း အေျခခံဥပေဒပုဒ္မ ၂၆၁ ကို မဆန႔္က်င္ေစဘဲ ဥပေဒျပ႒ာန္းထားမည္ဆိုပါက လႊတ္ေတာ္မ်ားရွိလာသည့္အခါ ျပည္နယ္တိုင္းေဒသႀကီး ဝန္ႀကီးခ်ဳပ္ေ႐ြးခ်ယ္ေရးကို အဆိုပါဥပေဒအတိုင္း က်င့္သုံးႏိုင္မည္ျဖစ္ပါသည္။

၂ဝဝ၈ အေျခခံဥပေဒပုဒ္မ ၄၄၆ အရ ကာကြယ္ေရးဦးစီးခ်ဳပ္က အေရးေပၚကာလတြင္ ျပ႒ာန္းလိုက္ေသာ ဥပေဒ မ်ားအပါအဝင္ လႊတ္ေတာ္မ်ားက ျပ႒ာန္းလိုက္သည့္ ဥပေဒမ်ားႏွင့္ လက္ရွိတည္ဆဲ ဥပေဒတစ္ရပ္ရပ္သည္ ျပည္ေထာင္စုလႊတ္ေတာ္က ပယ္ဖ်က္ျခင္း၊ ျပင္ဆင္ျခင္း၊ အေျခခံဥပေဒႏွင့္ ဆန႔္က်င္သည္ဟု ဆုံးျဖတ္ျခင္း မျပဳ သမွ် အာဏာသက္ေရာက္ေနမည္ျဖစ္ပါသည္။

သို႔ျဖစ္ေလရာ ယခုျပင္ဆင္ျပ႒ာန္းလိုေသာ ျပည္နယ္ႏွင့္ တိုင္းေဒသႀကီး ဝန္ႀကီးခ်ဳပ္ခန႔္ထားေရးဥပေဒသည္ တိုင္းရင္းသားျပည္သူမ်ား၏ ေသြးစည္းညီၫြတ္ေရးအတြက္ ေထာက္ကူပံ့ပိုးခ်က္တစ္ရပ္ျဖစ္သည္။ တစ္နည္းဆို ရလွ်င္ အားလုံးက လိုလားသည့္ ဖက္ဒရယ္ဒီမိုကေရစီလမ္းေၾကာင္းသို႔ တက္လွမ္းေရးအတြက္ ေျခတစ္လွမ္း တိုးျခင္းျဖစ္သည္ဟု ျပည္ေထာင္စု လႊတ္ေတာ္ကိုယ္စားလွယ္အမ်ားစု (၅ဝ ရာခိုင္ႏႈန္းေက်ာ္) က မွတ္ယူေန၍ အေျခခံဥပေဒႏွင့္ ညီ/ မညီ ဆိုသည့္ ျပႆာနာေပၚေပါက္မည္မဟုတ္ပါေခ်။

Related news

© 2021. All rights reserved.