အကယ်ဒမီ ခိုင်သင်းကြည်အား ချီးမြှင့်ခဲ့သည့် လူမှုထူးချွန်တံဆိပ်ကို နစကမှ ပြန်ရုပ်သိမ်း

 4116

NP News - ဧပြီ ၁၇
ရုပ်ရှင်သရုပ်ဆောင် အကယ်ဒမီ ခိုင်သင်းကြည်အား ပြီးခဲ့သည့်လပိုင်းက နစကမှ ပေးအပ်ချီးမြှင့်ခဲ့သည့် လူမှုထူးချွန်တံဆိပ်အား ပြန်လည်ရုပ်သိမ်းကြောင်း နစကမှ ဧပြီလ ၁၇ ရက်တွင် ကြေညာသည်။

နစက ထုတ်ပြန်ချက်အရ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီက ရုပ်ရှင်သရုပ်ဆောင် ခိုင်သင်းကြည်အား အမိန့်ကြော်ငြာစာ အမှတ် ၅၄/၂၀၂၂ ဖြင့် ချီးမြှင့်ပေးအပ်ခဲ့သည့် လူမှုထူးချွန်တံဆိပ်(ဒုတိယအဆင့်)အား ၂ဝဝ၉ ခုနှစ် ဂုဏ်ထူးဆောင်ဘွဲများ၊ ဂုဏ်ထူးဆောင်တံဆိပ်များဆိုင်ရာ ပြဋ္ဌာန်းချက် အပိုဒ် ၆၇ နှင့် ဖွဲစည်းပုံ အခြေခံဥပဒေပုဒ်မ ၄၁၉ တိုအရ ဧပြီ ၁၇ ရက်တွင် ပြန်လည် ရုပ်သိမ်းလိုက်ကြောင်းဖော်ပြပါရှိသည်။

သရုပ်ဆောင် ခိုင်သင်းကြည်သည် အဆိုပါ လူမှုထူးချွန်ဆု ပေးအပ်ခံရစဉ်က ၎င်းကိုယ်တိုင်အသုံးပြုသည့်ဖေ့ဘွတ်စ်အကောင့်တွင် ယင်းဆုတံဆိပ်အား လက်ခံလိုခြင်း သဘောဆန္ဒမရှိကြောင်း သဘောမျိုး တုံ့ပြန်ရေးသားခဲ့ဖူးသည်။

Zawgyi Version;
အကယ္ဒမီ ခိုင္သင္းၾကည္အား ခ်ီးျမႇင့္ခဲ့သည့္ လူမႈထူးခြၽန္တံဆိပ္ကို နစကမွ ျပန္႐ုပ္သိမ္း
NP News - ဧၿပီ ၁၇
႐ုပ္ရွင္သ႐ုပ္ေဆာင္ အကယ္ဒမီ ခိုင္သင္းၾကည္အား ၿပီးခဲ့သည့္လပိုင္းက နစကမွ ေပးအပ္ခ်ီးျမႇင့္ခဲ့သည့္ လူမႈထူးခြၽန္တံဆိပ္အား ျပန္လည္႐ုပ္သိမ္းေၾကာင္း နစကမွ ဧၿပီလ ၁၇ ရက္တြင္ ေၾကညာသည္။

နစက ထုတ္ျပန္ခ်က္အရ ႏိုင္ငံေတာ္စီမံအုပ္ခ်ဳပ္ေရးေကာင္စီက ႐ုပ္ရွင္သ႐ုပ္ေဆာင္ ခိုင္သင္းၾကည္အား အမိန႔္ေၾကာ္ျငာစာ အမွတ္ ၅၄/၂၀၂၂ ျဖင့္ ခ်ီးျမႇင့္ေပးအပ္ခဲ့သည့္ လူမႈထူးခြၽန္တံဆိပ္(ဒုတိယအဆင့္)အား ၂ဝဝ၉ ခုႏွစ္ ဂုဏ္ထူးေဆာင္ဘြဲမ်ား၊ ဂုဏ္ထူးေဆာင္တံဆိပ္မ်ားဆိုင္ရာ ျပ႒ာန္းခ်က္ အပိုဒ္ ၆၇ ႏွင့္ ဖြဲစည္းပုံ အေျခခံဥပေဒပုဒ္မ ၄၁၉ တိုအရ ဧၿပီ ၁၇ ရက္တြင္ ျပန္လည္ ႐ုပ္သိမ္းလိုက္ေၾကာင္းေဖာ္ျပပါရွိသည္။

သ႐ုပ္ေဆာင္ ခိုင္သင္းၾကည္သည္ အဆိုပါ လူမႈထူးခြၽန္ဆု ေပးအပ္ခံရစဥ္က ၎ကိုယ္တိုင္အသုံးျပဳသည့္ေဖ့ဘြတ္စ္အေကာင့္တြင္ ယင္းဆုတံဆိပ္အား လက္ခံလိုျခင္း သေဘာဆႏၵမရွိေၾကာင္း သေဘာမ်ိဳး တုံ႔ျပန္ေရးသားခဲ့ဖူးသည္။

Related news

© 2021. All rights reserved.