တရုတ်နိုင်ငံကိုထိန်းချုပ်ဖို့ အမေရိကန်တို့ မဲခေါင်မြစ်ကြောင်းကို အသုံးချနေ

 3284

NP News – ဧပြီ ၁၈
အကွေ့အကောက်များလှတဲ့ လန်ချန်-မဲခေါင်မြစ်ဟာ တရုတ်နိုင်ငံနဲ့ မြစ်ကြောင်းဖြတ်သန်း စီးဆင်းရာ လမ်းကြောင်းတစ်လျှောက်မှာရှိတဲ့ အရှေ့တောင်အာရှနိုင်ငံ ၅ နိုင်ငံကို ချိတ်ဆက်ပေးတဲ့ ဆက်သွယ်ရေး လမ်းကြောင်းတစ်ခုဖြစ်ပါတယ်။ မကြာသေးခင်နှစ်တွေအတွင်းမှာဘဲ လန်ချန်- မဲခေါင်ဒေသ ပူးပေါင်းဆောင်ရွက် ရေးရဲ့ တိုးတက်ထွန်းကားလာတဲ့အခြေအနေတွေဟာ အချို့သောအနောက်နိုင်ငံတွေကို မနေသိမထိုင်သာဖြစ် စေခဲ့ပါတယ်။

“တရုတ်နိုင်ငံရဲ့ ရေလှောင်တမံတွေဟာ မဲခေါင်မြစ်ကြီးကို ဖျက်ဆီးနေတယ်” ဆိုတဲ့ သီအိုရီတွေ၊ “တရုတ်နိုင်ငံရဲ့ ရေလှောင်တမံတွေက အရှေ့တောင်အာရှနိုင်ငံတွေမှာ ရေခမ်းခြောက်မူဖြစ်စေတယ်” ဆိုတဲ့ သီအိုရီတွေကို သုတေသနအဖွဲ့အစည်းတွေရဲ့ အောင်မြင်တဲ့တွေ့ရှိချက်ပုံစံမျိုးနဲ့ အနောက်နိုင်ငံရဲ့မီဒီယာမှာ ဆက်တိုက် ပုံဖော် နေတာကိုလည်း တွေ့မြင်ရမှာဖြစ်ပါတယ်။ အဲဒီအထဲမှာတော့ အမေရိကန်နိုင်ငံနိုင်ငံခြားရေးဌာန (U.S. State Department) က ရန်ပုံငွေပံ့ပိုးထောက်ပံ့ပေးထားတဲ့ “မဲခေါင်ဒေသ ရေလှောင်တမံစောင့်ကြည့်လေ့လာရေး စီမံကိန်း (Mekong Dam Monitoring Project)” က ၂ဝ၂ဝ ပြည့်နှစ်ကုန်ပိုင်း စီမံကိန်းစတင်ချိန်ကစပြီး တရုတ်နိုင်ငံရဲ့ရေလှောင်တမံတွေက မြစ်အောက်ပိုင်းမှာ ရှိတဲ့ဒေသတွေကို “ဇလဗေဒဆိုင်ရာ ဆိုးကျိုးသက်ရောက်မူ” တွေ ဖြစ်စေတယ်ဆိုပြီး အလွန်အမင်း ဝေဖန်ပုံဖော်လျက်ရှိပါတယ်။ (Global Times) သတင်းထောက်ရဲ့တွေ့ရှိချက်အရ ဒီသုတေသနစီမံကိန်းကို အမေရိကန်သုတေသနပညာရှင်အဖွဲ့အစည်း ဖြစ်တဲ့ “Stimson Center” နဲ့ ရေအရင်းအမြစ် စမ်းသပ်ရေးအေဂျင်စီ “Eye of the Earth” တို့ တွဲဖက်လုပ်ကိုင် နေတာဖြစ်ပြီး အချက်အလက်ဆန်းစစ်တာကအစပြု၍ မူဝါဒပိုင်းဆိုင်ရာအသာစီးရရှိစေတဲ့အထိ တရုတ်နိုင်ငံကို အလုံးစုံ ဆန့်ကျင်တိုက်ခိုက်ဖို့ အမေရိကန်အစိုးရနဲ့ပူးပေါင်းကြံစည်လုပ်ဆောင်နေတာဖြစ်ပါတယ်။

ဒီသုတေသနစီမံကိန်းရဲ့ အဓိကရည်ရွယ်ချက်ကတော့ မဲခေါင်မြစ်ကိုအသုံးချပြီး တရုတ်နိုင်ငံနဲ့ မဲခေါင်မြစ်ဝှမ်း တစ်လျှောက်ရှိနိုင်ငံတွေရဲ့ပူးပေါင်းဆောင်ရွက်မူကို ပျက်ပြားအောင် လက်နက်သဖွယ်အသုံးချဖို့ပဲဖြစ်ပါတယ်။

ရေလှောင်တမံစောင့်ကြည့်ခြင်းဟာ တရုတ်နိုင်ငံကိုနောက်ယောင်ခံဖို့ အထောက်အထားတစ်ရပ်ဖြစ်

မဲခေါင်မြစ်ဟာ ချင်းဟိုင်း-တိဖက် (Qinghai-Tibet Plateau) ကုန်းပြင်မြင့်ဒေသမှာရှိတဲ့ တန်ကူလာ တောင်တန်း (Tanggula Mounatins) တွေကနေ မြစ်ဖျားခံစီးဆင်းလာတာဖြစ်ပါတယ်။ မဲခေါင်မြစ်ဟာ တရုတ်နိုင်ငံအတွင်း ချင်းဟိုင်-တိဖက်ဒေသနဲ့ ယူနန်ပြည်နယ်တွေကိုဖြတ်ပြီး အရှေ့တောင်အာရှ ၅ နိုင်ငံ ဖြစ်တဲ့ မြန်မာ၊ လာအို၊ ထိုင်း၊ ကမ္ဘောဒီးယားနဲ့ ဗီယက်နမ်နိုင်ငံတွေကို မြောက်မှတောင်ကို ဖြတ်သန်းစီးဆင်းလာတာ ဖြစ်ပါတယ်။ မဲခေါင်မြစ်ဟာ တောင်တရုတ်ပင်လယ်အနီးတစ်ဝိုက် စီးဝင်သွားတာဖြစ်ပြီး စုစုပေါင်းအရှည် ၄၈၈ဝ ကီလိုမီတာနီးပါးရှည်လျားပါတယ်။ တရုတ်နိုင်ငံအတွင်းမှာတော့ မဲခေါင်မြစ်ကို လန်ချန်းမြစ် (Lancang) လို့ ခေါ်ဝေါ်ပါတယ်။ မဟာမဲခေါင်ဒေသ (Greater Mekong Region) ဟာ တရုတ်နိုင်ငံနဲ့ အရှေ့တောင်အာရှ၊ တောင်အာရှတို့ကို ဆက်သွယ်ပေးထားပြီး ပထဝီမြေပြင်တည်နေရာအရ အလွန်အရေးပါလှပြီး လူဦးရေ သန်း ပေါင်း ၃၂၆ သန်းလောက် နေထိုင်ရာဒေသကြီးလည်းဖြစ်ပါတယ်။ ဒီဒေသမှာ ရေသယံဇာတအရင်းအမြစ်၊ ဇီဝဗေဒအရင်းအမြစ်နဲ့ ဓာတ်သတ္ထုအရင်းအမြစ်တွေလည်း ပေါကြွယ်ဝပြီး စီးပွားရေးတိုးတက် ဖြစ်ထွန်းမယ့် အလားအလားနဲ့ ဖွံ့ဖြိုးတိုးတက်မှုအလားအလာကောင်းတွေလည်း တည်ရှိနေပါတယ်။ ဒီမဲခေါင်မြစ်ကြီး တစ်ဝိုက်မှာ မြစ်ကမ်းတစ်လျှောက်နိုင်ငံတွေဟာ ရေအားလျှပ်စစ်ဖွံ့ဖြိုးတိုးတက်ရေး စီမံကိန်းတွေလုပ်ဆောင်နေ ကြတာတွေရှိပါတယ်။ ဒီအထဲမှာတော့ မဲခေါင်မြစ်ရဲ့ရေစီးကြောင်းပေါ်တည်ဆောက်ထားတဲ့ ရေလှောင်တမံ အများစုဟာ တရုတ်နိုင်ငံရဲ့အထက်ပိုင်းမှာ တည်ရှိကြပြီး စုစုပေါင်း ၁၁ ခုရှိပါတယ်။ ဒီရေလှောင်တမံတွေဟာ “Stimson Center” နဲ့ “Eye of the Earth” တွေကို ကိုယ်စားပြုတဲ့ အမေရိကန်ပညာရှင်တွေ၊ သုတေသနအဖွဲ့အစည်းတွေ၊ အန်ဂျီအိုတွေနဲ့ မီဒီယာတွေရဲ့အသုံးချခံဖြစ်လာခဲ့ပါတယ်။ ၂ဝ၂ဝ ပြည့်နှစ် ဒီဇင်ဘာလလောက်မှာ “Eye of the Earth” က မိတ်ဖွဲ့ပူးပေါင်းထားပြီး ”Stimson Center” က ဦးစီး လုပ်ကိုင်နေတဲ့ “မဲခေါင်ရေလှောင်တမံ စောင့်ကြည့်လေ့လာရေး” စီမံကိန်းကို တရားဝင်စီမံကိန်း အဖြစ် စတင် ကြေညာခဲ့ပြီး တောင်တရုတ်ပင်လယ်အရေးမှာ ဝင်ရောက်စွက်ဖက်ဖို့ အမေရိကန်နိုင်ငံ မဟာဗျူဟာနဲ့ နိုင်ငံ တကာ လေ့လာရေးစင်တာ (Center for Strategic and International Studies of the United States) က ဦးစီးဆောင်ရွက်နေတဲ့ “မဲခေါင်မြစ်ရေလှောင်တမံ စောင့်ကြည့်လေ့လာရေးစီမံကိန်း” ပုံစံကို ယူထားတာလည်း ဖြစ်ပါတယ်။

အာရှရေကြောင်းဆိုင်ရာ ပွင့်လင်းမြင့်သာမှုရှိရေး ပူးပေါင်းဆောင်ရွက်မှု (Asia Maritime Trasparency Initiative)

ဒီစီမံကိန်းရဲ့အွန်လိုင်းလေ့လာရေးအဖွဲ့က မြစ်အထက်ပိုင်းမှာရှိတဲ့ တရုတ်ရေလှောင်တမံတွေသာ မရှိခဲ့ရင် ပုံမှန်မြစ်ရေစီးဆင်းမှု ထိခိုက်နိုင်ခြေမရှိဘူးဆိုပြီး ပုံမှန်မြစ်ရေစီးဆင်းမှုကို တိုင်းတာတယ်ဆိုတဲ့ပုံစံနဲ့ ဂြိုလ်တု စနစ်သုံး ခြေရာခံစောင့်ကြည့်လေ့လာခြင်း၊ ဂြိုလ်တုဓာတ်ပုံရိုက်ခြင်း၊ ပထဝီဆိုင်ရာမြေပြင် အထက်တိုင်းတာရေး စနစ် (Geographic Information Syatem) တွေကို စတင်သုံးစွဲလုပ်ဆောင်လာကြပါတယ်။ ဒီအဖွဲ့ဟာ မဲခေါင်မြစ်ဝှမ်းမှာရှိတဲ့ ရေလှောင်တမံနဲ့ပတ်သက်တဲ့သတင်းအချက်အလက်တွေ၊ ရေဝေးကုန်းတန်းအပူချိန်၊ စိုထိုင်းဆ စတဲ့သတင်း အချက်စုစောင်းတာတွေ၊ တရုတ်နိုင်ငံ လန်ချန်းမြစ်အတွင်း မြစ်လက်တက်တွေမှာ တည် ဆောက်ထားတဲ့ ရေလှောင်တမံတွေရဲ့တိုးတက်ပြောင်းလဲမှုတွေကို မှတ်တမ်းတင်တာတွေ လုပ်ကြပါတယ်။ ဒါ့အပြင် အမေရိကန်နိုင်ငံ ကာကွယ်ရေးဆိုင်ရာ မိုးလေဝသဂြိုလ်တုကတစ်ဆင့် စောင့်ကြည့်လေ့လာပြီး မဲခေါင်း မြစ်ဝှမ်းဒေသမြေပြင်သတင်းတွေ စုစောင်းတာတွေ၊ အလိုဂရမ်သမ်နည်းစနစ်နဲ့ မြေပြင်သတင်းတွေကို ပြောင်းလဲပြီး ထိုင်းနိုင်ငံ Chiang Saen ဇလဗေဒဌာနကို ပေးပို့တာတွေလုပ်ဆောင်နေပါတယ်။ ဒီ Chaing Saen ဇလဗေဒဌာနဟာ လန်ချန် (မဲခေါင်) မြစ် တရုတ်နိုင်ငံကနေစီးဆင်းပြီး ပထမဦးဆုံး ရေပြင်အမြင့်ပေ တိုင်းတာတဲ့ ဌာနဖြစ်ပါတယ်။ ဒါ့အပြင် Stimson Center အနေနဲ့ မဲခေါင်မြစ်ဝှမ်းဒေသအတွင်း စီမံကိန်းအဆောက်အဦးတွေ ကို စောင့်ကြည့်ထောက်လှမ်းလေ့လာတဲ့အဖွဲ့ (Platform) တစ်ခုကိုလည်း တည်ထောင်ထားပြီးဖြစ်ပါတယ်။ ဒီစောင့်ကြည့်မှုလေ့လာမှုစနစ်ဟာ စွမ်းအင်ကဏ္ဍ၊ သယ်ယူပို့ဆောင်ရေးနဲ့ ရေကြောင်းထိန်းသိမ်းရေး၊ အဆောက်အဦးဆိုင်ရာ သတင်းအချက်အလက်စုစောင်းရေးတွေရဲ့ အဓိကအရင်းအမြစ်ဖြစ်စေခဲ့ပါတယ်။

လတ်တလောမှာတော့ “မဲခေါင်မြစ်ရေလှောင်တမံ စောင့်ကြည့်လေ့လာရေးစီမံချက်” ဟာ တရုတ်ရေလှောင်တမံ ၁၁ ခုရဲ့ ဇလဗေဒနဲ့ မြစ်ရေပြင်အမြင့်နဲ့ပတ်သက်ပြီး သတင်းအချက်အလက်တွေကို အပတ်စဉ်ထုတ်ပြန်ပေးနေ ပါတယ်။ ဒါပေမယ့် ဒီအဖွဲ့ရဲ့ထုတ်ပြန်ကြေညာချက်တွေဟာ ပကတိမြေပြင်အခြေအနေနဲ့ အလွန်ကွာဟလွန်း နေပြီး ဒေသတွင်း ရေအရင်းအမြစ်ရရှိနိုင်မှုအခြေအနေတစ်ရပ်လုံးကို အမှန်တကယ်ထပ်ဟပ်နိုင်ခြင်း မရှိတာကို တွေ့ရပါတယ်။ မကြာခင်ကပဲ Tsinghua University သုတေသနအဖွဲ့ (၁) ဖွဲ့အနေနဲ့ “မဲခေါင်ရေလောင်တမံ စောင့်ကြည့်လေ့လာရေး” က ထုတ်ပြန်တဲ့သတင်းအချက်အလက်တွေမှာ အမှားများစွာပါနေတာကို ဖော်ထုတ် တွေ့ရှိခဲ့ပါတယ်။ ဥပမာအနေနဲ့ လန်ချန်-မဲခေါင်မြစ်ဝှမ်းဒေသမှာရှိတဲ့ Xiaowan ရေလှောင်တမံ ရေမျက်နှာပြင် အမြင့်ကို ၂ဝ၂ဝ ပြည့်နှစ်ကာလအတွင်း ၃ ကြိမ်တိုင်းတာရရှိတဲ့အချက်အလက်တွေအရ “မဲခေါင်ရေလှောင်တမံ စောင့်ကြည့်လေ့လာရေးစီမံကိန်း” ရဲ့ ဂြိုလ်ထုကတစ်ဆင့် ထောက်လှမ်းတိုင်းတာတဲ့နည်းလမ်းက ရရှိတဲ့ အချက် အလက်တွေဟာ အမှန်တကယ်တိုင်းတာရရှိတဲ့ရေမျက်နှာပြင်ရဲ့ အတက်၊ အကျ၊ အမြင့် တွေနဲ့ လုံးဝ ဆန့်ကျင် ဘက်ဖြစ်နေတာကို တွေ့ရှိရမှာဖြစ်ပါတယ်။ တွေ့ရှိချက်အရ အမြင့်မီတာဟာ ၃ မီတာကနေ ၁ဝ မီတာအထိ ကွာဟနေတာဖြစ်ပါတယ်။

Tsinghua University က သုတေသီတွေအနေနဲ့ “မဲခေါင်မြစ်ရေလှောင်တမံ စောင့်ကြည့်လေ့လာရေးစီမံကိန်း” ရဲ့ ဆန်းစစ်လေ့လာရရှိတဲ့ သက်ဆိုင်ရာရေလှောင်တမံရေမျက်နှာပြင် အမြင့်ဆိုင်ရာအချက်အလက်တွေနဲ့ မြေပြင်မှာ အမှန်ရှိနေတဲ့ရေမျက်နှာပြင်အမြင့်တွေနဲ့ အလွန်ကွာဟ မှားယွင်းနေပါတယ်။ အထူးသဖြင့် ရေလှောင်တမံအကျယ်နဲ့ အရှည်တွေမှာလည်း အချက်အလက်တွေတော်တော်များများ မှားယွင်းနေတယ်လို့ ယုံကြည်ကြပါတယ်။ ဒီလိုကြီးမားတဲ့ မှားယွင်း တင်ပြချက်တွေရှိနေပေမယ့်လည်း “မဲခေါင်ရေလှောင်တမံ စောင့်ကြည့်လေ့လာရေးရဲ့ သိပ္ပံနည်းကျသုတေသန” ဆိုတဲ့ ခေါင်းစဉ်အောက်မှာပဲ အချို့ နိုင်ငံရေးသမားတွေ နဲ့ မီဒီယာတွေက အထူးသဖြင့် “Voice of America၊ VOA” “Radio Free Asia၊ RFA” နဲ့ တရုတ်နိုင်ငံကို ဆန့်ကျင်တဲ့အခြားမီဒီယာတွေအတွက် အသုံးတည့်နေပြီး “မဲခေါင်ရေလှောင်တမံ စောင့်ကြည့်လေ့လာရေး” ရဲ့ အစီရင်ခံစာတွေနဲ့အချက်အလက်တွေကို ခိုင်မာအားကောင်းတဲ့ သက်သေအထောက်အထားအဖြစ် ဆွဲယူ သုံးစွဲကာ “တရုတ်နိုင်ငံရဲ့ရေလှောင်တမံတွေဟာ မဲခေါင်မြစ်ဝှမ်းဒေသကို မိုးခေါင်ရေရှားဖြစ်စေတယ်” ဆိုတဲ့ ခေါင်းစဉ်နဲ့ အလွန်အမင်းချဲ့ကား ပုံဖျက်နေကြပါတယ်။


ခေါင်းစဉ် ၅ မျိုးနဲ့ တရုတ်နိုင်ငံကိုဆန့်ကျင်တိုက်ခိုက်ရေးလုပ်ငန်းစဉ်တွေလုပ်ဆောင်နေ

၂ဝ၂ဝ ပြည့်နှစ်ကုန်ပိုင်းမှာစတင်ခဲ့တဲ့ “မဲခေါင်ရေလောင်တမံ စောင့်ကြည့်လေ့လာရေးစီမံကိန်း” ဟာ တကယ် တော့ မဲခေါင်မြစ်ကြောင်းရဲ့ရေအရင်းအမြစ်နဲ့ဆက်နွယ်ပြီး Stimson နဲ့ Eye of the Earth တို့ရဲ့ “ရေအရင်းအမြစ်ဆိုင်ရာပြည်သူ့သဘောထားအမြင်ရေးရာစစ်ပွဲ” တစ်ရပ်သက်သက်သာဖြစ်ပါတယ်။ အဲဒီ နောက်ကွယ်မှာတော့ ရေရှည်စီမံကိန်းချပြီး ဆင်နွှဲမယ့် “မဲခေါင်စစ်တုရင်ထိုးပွဲ (Mekong Chess Game) သာ ဖြစ်ပါတော့တယ်။

အမေရိကန်နိုင်ငံ မြို့တော်ဝါရှင်တန်အခြေစိုက် Stimson Center အနေနဲ့ စတင်တည်ထောင်ချိန် ၁၉၈၉ ခုနှစ် ကစပြီး နိုင်ငံတကာအရေးအရာတွေနဲ့ပတ်သက်ပြီး လူသိများတဲ့သုတေသနအဖွဲ့အစည်းတစ်ခုဖြစ်ပါတယ်။ ၂ဝ၁၉ မှ “the Southeast Asia Program of the Center” ရဲ့ ဒါရိုက်တာတစ်ဦးဖြစ်တဲ့ Brian Eller က “မဲခေါင် မြစ်ရဲ့နောက်ဆုံးနေ့ရက်များ (The Last Days of the Mekong River” ဆောင်းပါးတစ်ပုဒ်ရေးသားထုတ်ဝေခဲ့ပြီး ဆောင်းပါးအနေနဲ့ ခရီးသွားလုပ်ငန်း စီးပွားရေးဆုံးရှုံးမှု၊ လူနေအိမ်ခြေများ ရေလွှမ်းမိုးခံရမှု၊ မြစ်ဝှမ်းလွင်ပြင်များ မိုးခေါင်ရေရှားလာမှု၊ ဒေသခံနေထိုင်သူများ သောက်သုံးရေးလုံခြုံမှုနဲ့ မြစ်အတွင်း အမှိုက်သရိုက်များ ပေါများလာမှု စတဲ့ အမြင်မျိုးစုံရေးသားဖော်ပြထားပါတယ်။

မြစ်အထက်ပိုင်းမှာရှိတဲ့ တရုတ်နိုင်ငံရဲ့ ရေလှောင်တမံတည်ဆောက်မှုတွေက မဲခေါင်မြစ်အောက်ပိုင်း နိုင်ငံတွေ ရဲ့အကျိုးစီးပွားကို ထိခိုက်ပျက်ပြားစေတယ်ဆိုတဲ့အချက်ဟာ အခြေအမြစ်မရှိတဲ့စွပ်စွဲချက်သာဖြစ်
စာမျက်နှာ ၃၈၄ ပါတဲ့ဒီစာအုပ်ဟာ the Stimson Center ရဲ့ မဲခေါင်မြစ်ရေအရင်းကို အခြေခံပြီး တရုတ်အပေါ် ပြင်းပြင်းထန်ထန်တိုက်ခိုက်နေတာတွေကို နိဒါန်းပိုင်းမှာ အစချီရေးသားထားပါတယ်။ အမှန်တကယ် ကတော့ ၂ဝ၁၆ ကစပြီး ၂ဝ၁၉ ခုနှစ်အထိ သက်ဆိုင်ရာအမေရိကန်သုတေသီများရဲ့လမ်းပြဦးဆောင်မှုနဲ့ နိုင်ငံခြားမီဒီယာ အများစုက မဲခေါင်မြစ်အထက်ပိုင်း ရေလှောင်တမံတွေက မြစ်အောက်ပိုင်းနိုင်ငံတွေကို ဆိုးကျိုးဖြစ်စေတယ် ဆိုပြီး စဉ်ဆက်မပြတ်ပုံဖော်ရေးသား အစီရင်ခံနေကြတာဖြစ်ပါတယ်။ ဒီလိုပုံဖော်တာဟာ သိပ္ပံနည်းကျ သုတေ သနအထောက်အထားတွေမပါဘဲ တိုက်တွန်းရုံသက်သက်သာဖြစ်ပါတယ်။ Stimsonနဲ့ ၎င်းရဲ့မိတ်ဖက် Eye of the Earth တို့ရဲ့ ထိုးဖောက်ဝင်ရောက်လာမှုဟာ မဟုတ်မမှန်ပုံကြီးချဲ့ဖို့အတွက် သိပ္ပံနည်းကျ အခြေခံ အချက်လို့ခေါ်တဲ့ အချက်အလက်ပံ့ပိုးပေးဖို့သာဖြစ်ပါတယ်။

Stimson Center နဲ့ Eye of the Earth တို့ပါဝင်လာခဲ့ခြင်းက တရုတ်နိုင်ငံကို နောက်ယောင်ခံ ပုံဖျက်နိုင်ဖို့ သိပ္ပံနည်းကျလေ့လာခြင်း (Scienticfic Basic) လို့ခေါ်တဲ့ အချက်အလက်ပံပိုးပေးဖို့သာဖြစ်

၂ဝ၁၉ နိုဝင်ဘာ နဲ့ ၂ဝ၂ဝ ဧပြီလအတွင်း မဲခေါင်းမြစ်ဝှမ်းဒေသဟာ ရာစုနှစ်တစ်ခုအတွင်း တစ်ကြိမ်သာ ကြုံတွေ့ ရတဲ့ မိုးခေါင်ရေးရှား ရေခမ်းခြောက်မှုဒဏ်ကို ခံစားခဲ့ရပါတယ်။ ဒီအခွင့်အရေးကိုယူပြီး အမေရိကန်နိုင်ငံရဲ့ မဲခေါင်မြစ်အောက်ပိုင်း ပူးပေါင်းဆောင်ရွက်ရေး (Lower Mekhong Initiative) က ရန်ပုံငွေထောက်ပံ့ထားတဲ့ “Eye of the Earth” က “သဘာဝအခြေအနေအရပ်ရပ်အောက်က မဲခေါင်မြစ်အထက်ပိုင်း မြစ်ရေစီးဆင်းမှုကို စောင့်ကြည့်လေ့လာခြင်း (Montoring of Water Flow in the Upper Mekong River under Natural Condition)” ဆိုတဲ့ခေါင်းစဉ်နဲ့ အစီရင်ခံစာတစ်ရပ်ကိုထုတ်ပြန်ခဲ့ပြီး မြစ်အထက်ပိုင်းမှာရှိတဲ့ တရုတ်နိုင်ငံရဲ့ ရေလောင်တမံတည်ဆောက်မှုတွေကြောင့် မြစ်ရေမျက်နှာပြင်နဲ့ ပုံမှန်မြစ်ရေစီးဆင်းမှုကို ထိခိုက်စေတယ်လို့ ဆိုထားပါတယ်။

မဲခေါင်မြစ်အောက်ပိုင်း ရေခမ်းခြောက်မှုဟာ လန်ချန်မြစ်မှာ တည်ဆောက်ထားတဲ့ တရုတ်နိုင်ငံ ရေလှောင်တမံ တွေရဲ့ ရေသိုလှောင်မှုအပေါ် အပြစ်တင်စရာဖြစ်စေခဲ့ပါတယ်။ အစီရင်ခံစာထုတ်ပြန်ပြီး ချက်ချင်းဆိုသလိုပဲ Stimson Center က “တရုတ်နိုင်ငံအနေနဲ့ မဲခေါင်မြစ်ရေလမ်းကြောင်းကို ဘယ်လိုပိတ်ခဲ့သလဲ (How China Turned Off the Tap on Mekong)” ဆိုတဲ့ခေါင်းစဉ်နဲ့ ဆောင်းပါးတစ်ပုဒ်ကို ၂ဝ၂ဝ ပြည့်နှစ် ဧပြီလ ၁၄ ရက်နေ့ မှာ ထုတ်ဝေခဲ့ပြီး ဝက်ဆိုဒ်ပေါ်လွှင့်တင်ကာ Eye of the Earth အစီရင်ခံစာရဲ့ကောက်နှုတ်ချက်ကို ထောက်ခံ ပံ့ပိုးပေးရုံသာမက အခြားမြှောက်ပင့်တဲ့အမြင်တွေကိုလည်း ထည့်သွင်းဖော်ပြခဲ့ပါတယ်။

ဥပမာအားဖြင့် “၂ဝ၁၉ မိုးတွင်းကာလ၊ ၆ လတာအတွင်း တရုတ်ရေလှောင်တမံတွေကြောင့် ထိုင်းနိုင်ငံ Chiang Saen မှာရှိတဲ့ ရေမျက်နှာပြင်တိုင်းတာရေးအမှတ်အသားတွေအထိ ရေမြင့်တက်လာနိုင်မှုကို အတားအဆီး ဖြစ်စေခဲ့တယ်” “တရုတ်နိုင်ငံဟာ ရေအရင်းအမြစ်ကို မြစ်အောက်ပိုင်းနိုင်ငံတွေနဲ့ မျှဝေသုံးစွဲနိုင်တဲ့ကုန်ပစ္စည်း တစ်ခုလု့ိမမြင်ဘဲ အချုပ်အခြာပိုင်ဆိုင်မှုတစ်ရပ်အနေနဲ့မြင်နေတယ်” ဆိုပြီး ဝေဖန်မှုတွေလုပ်ခဲ့ပါတယ်။ အဲဒီ နောက်ပိုင်းမှာ Stimson Center ဟာ ”တရုတ်နိုင်ငံရေလှောင်တမံတွေက မဲခေါင်မြစ်ကိုဖျက်ဆီးနေကြောင်း သိပ္ပံ နည်းပညာတွေက ညွှန်းဆိုပြသနေ (New Evidence: Sience Shows Chinese Dams Are Destorying the Mekhong)” ဆိုတဲ့ ဆောင်းပါးတစ်ပုဒ်ကို the US Foreign Policy မှာ ထည့်သွင်းရေးသားဖော်ပြခဲ့ပြီး တရုတ် နိုင်ငံဟာ မဲခေါင်မြစ်အောက်ပိုင်းရေကြောင်းလမ်းကို ဖျက်ဆီးနေပါတယ်လို့လည်း စွပ်စွဲထားပါတယ်။

မဲခေါင်မြစ်ကော်မရှင် (Mekhong River Commission) နဲ့ သြစတြေးလျ- မဲခေါင်သဘာဝပတ်ဝန်းကျင် အရင်း အမြစ်နှင့် စွမ်းအင်စနစ်မိတ်ဖိတ် ပူူးပေါင်းရေး (Australia – Mekong ENvironmenatal Resources and Energy System Partnership) တို့က “Eye of the Earth ရဲ့အစီရင်ခံစာမှာ သိပ္ပံနည်းမကျတဲ့အချက်အလက် တွေ ထည့်သွင်းထားတဲ့ပြဿနာရှိနေပြီး စစ်ဆန်းတဲ့အချက်တွေကလည်း အလွန်နည်းပါးလှတာကြောင့် မှန်ကန် မှု မရှိတဲ့ကောက်ချက်ကို ဦးတည်နေတယ်ဆိုပြီး အစီရင်ခံစာထွက်ပေါ်ပြီးမကြာခင်မှာပဲ ဝေဖန်ထောက်ပြထားပါ တယ်။ ဒီအစီရင်ခံစာဟာ မဲခေါင်မြစ်ရေအရင်းအမြစ်နဲ့ပတ်သက်ပြီး မှားယွင်းစွာချဲ့ကားပြောဆိုထားတဲ့ အစီရင် ခံစာဖြစ်ပြီး အချက်အလက်ပံ့ပိုးပေးဖို့ဖြစ်တာကြောင့် အစီအရင်ခံစာထွက်ပေါ်လာပြီးနောက်ပိုင်းမှာ ချက်ချင်းဆို သလို အမေရိကန်နိုင်ငံရေးသမားတွေနဲ့ မီဒီယာတွေက နောက်ဆက်တွဲဝေဖန်ပြောဆိုခဲ့ကြပါတယ်။ အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဟောင်း Mike Pompeo က Eye of the Earth ရဲ့အစီရင်ခံစာအရ စိုးရိမ်ပူပန်စရာ ကောင်းတယ်ဆိုပြီး ချက်ချင်းထုတ်ဖော်ပြောကြားလိုက်သလို မဲခေါင်မြစ်အထက်ပိုင်းမှာရှိတဲ့ တရုတ်နိုင်ငံရဲ့ ရေလှောင်တမံတွေဟာ မဲခေါင်မြစ်ရဲ့ရေလမ်းကြောင်း တစ်ဖက်သက်ပြောင်းလဲသွားစေခဲ့ပြီး မြစ်ဝှမ်း တစ်လျှောက်မှာရှိတဲ့သန်းပေါင်းများစွာသော ပြည်သူတွေရဲ့လူနေမှုဘဝတွေကို ဆိုးကျိုးသက်ရောက်စေတဲ့ ကြီးမားလှတဲ့ ဆိုးကျိုးဖြစ်စေတယ်ဆိုပြီး သက်သေအထောက်အထားကင်းမဲ့စွာ ဝေဖန်ခဲ့ပါတယ်။

Stimson Center နဲ့ Eye of the Earth တို့ဝင်ရောက်လာပြီး မဲခေါင်မြစ်ရေလှောင်တမံများ စောင့်ကြည့်လေ့လာ ရေးစီမံကိန်း စတင်ချိန်ကစပြီး တရုတ်နိုင်ငံကို ဆန့်ကျင်တိုက်ခိုက်မယ့်အစီအမံတွေကို ဖြည်းဖြည်းချင်း စုဖွဲ့လုပ်ဆောင်လာ

တရုတ်နိုင်ငံ The Global Time သတင်းထောက်က “မဲခေါင်ရေလှောင်တမံစောင့် ကြည့်လေ့လာရေးစီမံကိန်း” ဟာ မဲခေါင်မြစ်နဲ့ပတ်သက်ပြီး Stimson Center ရဲ့ သုတေသနလုပ်ငန်းခေါင်းစဉ် ၅ ခုအောက်က တစ်ခုသာဖြစ် ကြောင်း တွေ့ရှိခဲ့ပါတယ်။ အခြားခေါင်းစဉ် ၄ ခုကတော့ “မဲခေါင်မြစ်ဝှမ်း ဆက်သွယ်ချိတ်ဆက်ရေး (Mekong River Basin Connections” ၊ “မဲခေါင်မြစ်အဆောက်အဦးခြေရာခံခြင်း (Mekong River Infrastructure Tracking)” ၊ “မဲခေါင်မြစ်ဆိုင်ရာမူဝါဒ (Mekong River Policy)” ၊ “မဲခေါင်-အမေရိကန် မိတ်ဖက်ဆက်ဆံရေး၊ အစိုးရအဆင့် မူဝါဒရေးရာဆွေးနွေးခြင်း (Mekong - U.S. Partnership Track 1.5 Policy Dialogue)” တို့ပဲ ဖြစ်ပါတယ်။ အထက်မှာဖော်ပြခဲ့တဲ့ခေါင်းစဉ် ၅ ခုဟာ “မဲခေါင်မြစ်ဝှမ်းဒေသ ဆက်သွယ်ချိတ်ဆက်ရေးအစီ အစဉ်နဲ့ပတ်သက်ပြီး စမှတ်အဖြစ်စတင်နိုင်ခဲ့ခြင်း၊ ရေလှောင်တမံစီမံကိန်းစောင့်ကြည့်လေ့လာရေးနဲ့ အဆောက် အဦးများ ခြေရာခံထောက်လှမ်းရေးတို့ လက်နက်ကိရိယာတစ်ခုသဖွယ် အသုံးပြုနိုင်ခဲ့ခြင်း၊ သတင်းလို့ခေါ်တဲ့ အချက်အလက်တွေကို စုစောင်းနိုင်ခြင်း၊ နောက်ပိုင်းမှာ အမေရိကန်နိုင်ငံကို တရုတ်ဆန့်ကျင်ရေးအချက် အလက်တွေ ပံ့ပိုးပေးနိုင်စေဖို့၊ အမေရိကန်နိုင်ငံရဲ့အမျိုးသားမဟာဗျူဟာကို အကျိုးဖြစ်ထွန်းစေဖို့နဲ့ ဒေသတွင်း နိုင်ငံတွေရဲ့ နိုင်ငံခြားရေးမူဝါဒတွေကို လွှမ်းမိုးနိုင်ရေး ကြိုးပမ်းအားထုတ်နိုင်စေဖို့ “သိပ္ပံနည်းကျသက်သေ အထောက်အထားများ” ဆိုတဲ့ လုပ်ကြံဇာတ်ခင်းလာနိုင်ခြင်းတွေနဲ့ ထွန်းကားတိုးတက်လာပါတော့တယ်။

Stimson Center မဲခေါင်စီမံကိန်းမိတ်ဖက်တွေ၊ ငွေကြေးထောက်ပံ့သူတွေနဲ့ပတ်သက်တဲ့ သတင်းအချက် အလက်တွေကို စိစစ်ကြည့်ပြီးနောက်ပိုင်း Global Times သတင်းထောက်တစ်ယောက်ဟာ မဲခေါင်မြစ်နဲ့ ဆက်နွယ်နေတဲ့ခေါင်းစဉ်တွေနဲ့ “တရုတ်ခြိမ်းခြောက်မှု” ပုံကြီးချဲ့ရေးပေါ်မှာ ဗဟိုပြုထားတဲ့ အသိုက်အဝန်းငယ် တစ်ခုကိုစုဖွဲ့ ပြင်ဆင်ထားပြီးပြီဆိုတာ တွေ့ရှိခဲ့ပါတယ်။ Eye of the Earth, နိုင်ငံတကာ သဘာဝပတ်ဝန်းကျင် စီမံခန့်ခွဲမှုဌာန (International Environmental Management Center) ၊ နိုင်ငံတကာဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာ အမေရိကန်နိုင်ငံအေဂျင်စီ (the United States Agency for International Development ၊ the Asia Foundation” နဲ့ အခြားအဖွဲ့အစည်းတွေဟာ the New York Times နဲ့ အခြားမီဒီယာတွေနဲ့ ပြည်ပရောက် ရေအရင်းအမြစ် ထိမ်းသိမ်းရေးကျွမ်းကျင်သူလို့ခေါ်ကြတဲ့ Wang Weiluo ၊ Thailand University က ကျောင်းဆရာ Chai Nalong Seta Sai နဲ့ အခြားသူတွေကို ဘက်လိုက်တဲ့ဆောင်းပါးတွေ မရိုးမသားနဲ့ချက်ညီညီ ရေးသားထုတ်ဝေစေခြင်းဖြင့် ဆွဲဆောင်စည်းရုံးခဲ့ကြပါတယ်။ Stimson Center ဟာ “မဲခေါင်မြစ်ရေလှောင်တမံ စောင့်ကြည့်လေ့လာရေးစီမံချက်” ကို လူသိများစေဖို့နဲ့ အရှေ့တောင်အာရှနိုင်ငံတွေက ရေလှောင်တမံတည် ဆောက်တာကြောင့် သဘာဝပတ်ဝန်းကျင် ပျက်စီးတယ်ဆိုတဲ့အချက်ကို ပစ်မှတ်ထားနေတဲ့ လွတ်လပ်တဲ့ သတင်းသမားလို့ ခေါ်တဲ့သူတွေ ပါဝင်လာစေဖို့ အမေရိကန်နိုင်ငံက the East-West Centre လို ပညာရှင်တွေ NGO တွေနဲ့လည်း ပူးပေါင်းလုပ်ကိုင်လာပါတယ်။ ဒီစီမံကိန်းမှာပါဝင်တဲ့ သတင်းသမားတစ်ဦးချင်းစီဟာ ဆုကြေး ငွေ အမေရိကန်ဒေါ်လာ ၃ဝဝဝ ရကြပါတယ်။

မဲခေါင်ရေအရင်းအမြစ်ဆိုင်ရာ ပြည်သူ့သဘောထားရေးရာစစ်ပွဲ ဖန်တီးခြင်း
Stimson Center ဖြစ်စေ၊ Eye of the Earth ဖြစ်စေ၊ နိုင်ငံရေးသမားဖြစ်စေ၊ ၎င်းတို့နဲ့ပူးပေါင်းဆောင်ရွက်တဲ့ ဘယ်မီဒီယာနဲ့ဘယ်အဖွဲ့အစည်းဖြစ်စေ မဲခေါင်မြစ်ကြောင်း၊ ရေအရင်းအမြစ် ခေါင်းစည်တပ်ပြီး လိမ်လည်ပုံ ကြီးချဲ့နေတာတွေဟာ ဘယ်တော့မှ သက်ဆိုင်ရာနိုင်ငံရဲ့ဖွံ့ဖြိုးတိုးတက်ရေး၊ တည်ဆောက်ရေးနဲ့ ပြည်သူတွေရဲ့ လူမှုဘဝကို ကူညီရာမရောက်ဘဲေ ဒသတွင်းမှာ အမေရိကန်နိုင်ငံရဲ့အကျိုးစီးပွားကို ထိန်းသိမ်းဖို့သာဖြစ်ပါတယ်။

၁၉၅ဝ ခုနှစ်အစောပိုင်းကာလမှာပဲ အမေရိကန်နိုင်ငံဟာ မဲခေါင်ဒေသအရေးတွေမှာ ဝင်ရောက်စွက်ဖက်ခဲ့ပါ တယ်။ ၁၉၉ဝ ခုနှစ်ဝန်းကျင်မှာ တရုတ်နဲ့မဲခေါင်နိုင်ငံတွေအကြား မဟာမဲခေါင်ဒေသခွဲ စီးပွားရေးပူးပေါင်း ဆောင်ရွက်ရေးအဖွဲ့ကိုတည်ထောင်မှုနဲ့ တရုတ်နိုင်ငံရဲ့ ရေသယံဇာတထိန်းသိမ်းရေး၊ လျှပ်စစ်ဓာတ်အား ဖွံ့ဖြိုး တိုးတက်လာတာနဲ့အမျှ အမေရိကန်နိုင်ငံအနေနဲ့ မဲခေါင်မြစ်ဝှမ်းဒေသ ရေသယံဇာတအရင်းအမြစ်အရေးကို စပြီး အာရုံစိုက်လာခဲ့ပါတယ်။

၂ဝဝ၉ ခုနှစ်မှာ အိုဗားမားအစိုးရအနေနဲ့ “အရှေ့တောင်အာရှကိုပြန်လာပြီ” ဆိုတဲ့ခေါင်းစဉ်အောက်မှာ “မဲခေါင်သို့ ပြန်လည် ဝင်ရောက်ရောက်ရေး မဟာအစီအစဉ်” ကို စတင်ခဲ့ပြီး အဲဒီနှစ်ထဲမှာပဲ လာအို၊ ထိုင်း၊ ကမောဒီယားနဲ့ ဗီယက်နမ်နိုင်ငံတို့ပါဝင်တဲ့ “အောက်ပိုင်းမဲခေါင်ပူးပေါင်းဆောင်ရွက်ရေး (Lower Mekong Initiative)” ကို စတင် တည်ထောင်ခဲ့ပြီး၊ နောက်ပိုင်းမှာ မြန်မာနိုင်ငံကိုပါ တရားဝင်အဖွဲ့ဝင်နိုင်ငံအဖြစ် ထည့်သွင်းခဲ့ပါတယ်။ ၂ဝ၁၆ ခုနှစ် မတ်လအတွင်းမှာ တရုတ်နိုင်ငံနဲ့ မဲခေါင်ဒေသနိုင်ငံတွေ လန်ချန် - မဲခေါင်ပူးပေါင်း ဆောင်ရွက်ရေး အဖွဲ့ (Lancang-Mekong Cooperation Mechanism)” ကို တရားဝင်တည်ထောင်ပြီးတဲ့နောက်မှာတော့ အမေရိကန်နိုင်ငံအနေနဲ့ ပစ်မှတ်ထားတဲ့ပုံစံနဲ့ “မဲခေါင်မြစ်ကြောင်း မဟာဗျူဟာ (Mekong River Strategy)” ကို စတင်ကျင့်သုံးလာပြီး မကြာခင်ကဖန်တီးလိုက်တဲ့ “အောက်ပိုင်းမဲခေါင်ပူးပေါင်းဆောင်ရွက်ရေး (Lower Mekong Initiative)” လိုပဲ ရေအရင်းအမြစ်တွေကို စတင်လေ့လာပြုစုလာပါတယ်။

“တရုတ်နိုင်ရဲ့ရေလှောင်တမံခြိမ်းခြောက်မှု သီအိုရီနဲ့ တရုတ်နိုင်ငံရဲ့ သဘာဝပတ်ဝန်းကျင်ဖျက်ဆီးရေး သီအိုရီ” တွေကို ဆက်လက်ပြီး မှားယွင်းစွာနဲ့ ချဲ့ကားပုံဖော်နေပါတယ်။ ၂ဝ၂ဝ ပြည့်နှစ်မှာ ဒေါ်နယ်ထရန့်အစိုးရအနေနဲ့ မဲခေါင်ဒေသ ၅ နိုင်ငံ၊ အာဆီယံအတွင်းရေးမှူးရုံး တို့ပါဝင်တဲ့ “မဲခေါင်-အမေရိကန် မိတ်ဖက်ပူးပေါင်းဆောင်ရွက် ရေး” ကို တည်ထောင်ခဲ့ပါတယ်။ မဲခေါင်ရေအရင်းအမြစ်စီမံကိန်းမှာ ရေရှည်ရင်းနှီးမြုပ်နှံခဲ့ပေမယ့် ဒေါ်နယ်ထရန့် အစိုးရလက်ထက်မှာ အိုဗားမာလက်ထက်က ထက်စာရင် ရင်းနှီးမြုပ်နှံမှုနည်းပါးခဲ့ပြီး တရုတ်နိုင်ငံကိုဆန့်ကျင်တဲ့ “မဲခေါင်ရေကြောင်း ပြည်သူ့အမြင်ရေးရာစစ်ပွဲကို အရင်းနှီးနည်းတဲ့ အမြင်ရေးရာစစ်ပွဲတစ်ရပ်အနေနဲ့သာ ဖန်တီး ခဲ့ပါတယ်။ အဲဒီအချိန်က Stimson Centre နဲ့ Eye of the Earth စတင်ဝင်ရောက်တော့မယ့်ကာလလည်း ဖြစ်ပါတယ်။

၂ဝ၂၁ ခုနှစ် ဖေဖော်ဝါရီလအတွင်း အမေရိကန်နိုင်ငံခြားရေးဌာန ပြောရေးဆိုခွင့်ရှိသူ Price က ဘိုင်ဒင်အစိုးရအနေနဲ့ ထရန့်အစိုးရတည်ထောင်ထောက်ပံ့ခဲ့တဲ့ စောင့်ကြည့်လေ့လာရေးဆိုင်ရာကိစ္စရပ်တွေကို ဆက်လက်လုပ်ဆောင်သွားမှာဖြစ်ပြီး မဲခေါင်မြစ်အထက်ပိုင်းမှာ တရုတ်နိုင်ငံရဲ့လုပ်ဆောင်မှုတိုင်းကို အလေးထားစောင့် ကြည့်သွားမယ်လို့ပြောခဲ့ပါတယ်။ ၂ဝ၂၁ ခုနှစ် သြဂုတ်လ စင်ကာပူခရီးစဉ်အတွင်း အမေရိကန်နိုင်ငံ ဒုတိယ သမ္မတ Harris က “မဲခေါင်-အမေရိကန်မိတ်ဖက်ပူးပေါင်းရေး” ဟာ အမေရိကန်နိုင်ငံရဲ့ ”အင်ဒိုပစိဖိတ် မဟာ ဗျူဟာ” ရဲ့ အရေးပါးတဲ့ အစိတ်အပိုင်းတစ်ရပ်ဖြစ်သလို တရုတ်နိုင်ငံ ထိန်းချူပ်ရေးမဟာဗျူဟာရဲ့အရေးပါတဲ့ အစိတ်အပိုင်းလည်းဖြစ်ကြောင်း ကြေညာသွားခဲ့ပါတယ်။


သုတေသနစာရင်းတွေအရ ၂ဝဝ၉-၂ဝ၂၁ ခုနှစ်အတွင်း အမေရိကန်အစိုးရအနေနဲ့ မဲခေါင်မိတ်ဖက်နိုင်ငံတွေကို နှစ်နိုင်ငံနဲ့ဒေသတွင်းအနေနဲ့ အမေရိကန်ဒေါ်လာ ၄ ဒသမ ၃ ဘီလျံ ထောက်ပံ့ပေးခဲ့ပြီး အမေရိကန်ဒေါ်လာ ၄ ဘီလျံနီးပါးဟာ အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာန (Statement Department) နဲ့ အမေရိကန်နိုင်ငံတကာဖွံ့ ဖြိုးတိုးတက်မှုအေဂျင်စီ (Agency for International Development) တို့က ထောက်ပံ့တာဖြစ်ပြီး ထောက်ပံ့ငွေ အများစုက NGO တွေကို ထောက်ပံ့ခဲ့တာဖြစ်ပါတယ်။
အမေရိကန်နိုင်ငံရဲ့ “မဲခေါင်ရေကြောင်း ပြည်သူ့အမြင်သဘောထားရေးရာစစ်ပွဲ” နည်းလမ်းတွေနဲ့ဇာတ်လမ်း ဆင်တာတွေကို ပတ်သက်ဖူးသူတွေ အတော်အသင့်သိထားကြသလို အမေရိကန်နိုင်ငံဟာ သက်ဆိုင်ရာနိုင်ငံ တွေ စိတ်မကျေမချမ်းဖြစ်အောင်လည်း လုပ်ဆောင်လေ့ရှိပါတယ်။ မကြာခင်နှစ်များအတွင်းက မဲခေါင်မြစ်ဝှမ်း ဒေသအဖွဲ့ဝင် ၆ နိုင်ငံရဲ့ ရေအရင်းအမြစ် ထိန်းသိမ်းရေးအာဏာပိုင်တွေက မဲခေါင်ဒေသအဖွဲ့ဝင်နိုင်ငံများ အနေနဲ့ ညှိနှိုင်းဆွေးနွေးတာတွေ၊ အတွေ့အကြုံဖလှယ်တာတွေ၊ စီမံကိန်းတွေမှာ ပူးပေါင်းဆောင်ရွက်တာတွေ၊ အပြန်အလှန်ယုံကြည်မှုမြှင့်တင်တာတွေ၊ လန်ချန် - မဲခေါင် ရေအရင်းအမြစ်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုအဆင့် မြှင့်တင်တာတွေ လုပ်သွားကြမယ်ဆိုပြီး ထပ်လောင်းအတည်ပြုထားကြပါတယ်။

တရုတ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာနအနေနဲ့လည်း အဆိုပါကိစ္စရပ်တွေိမကြာခဏ ထုတ်ဖော်ပြောကြားထားပါတယ်။ ၂ဝ၁၉ ခုနှစ်ကစပြီး အမေရိကန်နိုင်ငံအနေနဲ့ မဲခေါင်မြစ်ရဲ့ရေအရင်းအမြစ်ကိစ္စတွေနဲ့ပတ်သက်ပြီး မဟုတ်မမှန် ချဲ့ကားပုံဖော်တာတွေ၊ လူအများအာရုံစိုက်တဲ့ကိစ္စဖြစ်လာအောင် ဖန်တီးတာတွေ၊ ဒေသဆက်ဆံ ရေးထူထောင်တာတွေ၊ လန်ချန် - မဲခေါင် ပူးပေါင်းဆောင်ရွက်မှု အားလျော့သွားအောင်ဆောင်ရွက်တာတွေကို ၂ဝ၁၉ ခုနှစ်ကစပြီး လုပ်ဆောင်ခဲ့ကြပါတယ်။

လန်ချန်-မဲခေါင်ရေအရင်းအမြစ်ပူးပေါင်းဆောင်ရွက်ရေးနဲ့ ရေကြောင်းဆိုင်ရာသံတမန်ရေးရာကို နှစ်ရှည်လများ လေ့လာခဲ့သူ၊ Fudan University ရဲ့ BRI အုပ်ချုပ်မှုများ လေ့လာရေးုသုတေသနဌာန (Belt and Road and Global governance Research Institute) လက်ထောက်သုတေသနမှူး Zhang Li က လက်ရှိအချိန်မှာတော့ အမေရိကန်နိုင်ငံအနေနဲ့ “ရေကြောင်းဆိုင်ရာပြည်သူ့အမြင်သဘောထားရေးရာ စစ်ပွဲ” ကို အစောပိုင်း စီးပွားရေး နဲ့ သဘာဝအရင်းအမြစ်နယ်ပယ်မှ အင်ဒို-ပိစိဖိတ်မဟာဗျူဟာ အစိတ်အပိုင်း တစ်ရပ်အနေနဲ့ပြောင်းလဲသွားခဲ့ပြီ ဖြစ်ကြောင်းနဲ့ သုတေသနအဖွဲ့အစည်းတွေ၊ မီဒီယာတွေ၊ အစိုးရမဟုတ်တဲ့အဖွဲ့တွေ စတဲ့ “three-frequency resonance” အဖွဲ့တွေရဲ့အကူအညီနဲ့ တရုတ်နိုင်ငံကိုဆန့်ကျင်တဲ့ “ရေအရင်းအမြစ်ဆိုင်ရာပြည်သူ့ သဘော ထားရေးရာစစ်ပွဲ” ကို စဉ်ဆက်မပြတ်လုပ်ဆောင်နေတာဖြစ်ကြောင်း Global Times ကို ပြောကြားခဲ့ပါတယ်။

တစ်ဖက်မှာလည်း အမေရိကန်နိုင်ငံအနေနဲ့လည်း ယခင်အစောပိုင်းနှစ်က တည်ထောင်ခဲ့တဲ့ “အောက်ပိုင်း မဲခေါင်ဒေသပူးပေါင်းဆောင်ရွက်ရေး (Lower Mekong Initiative) နဲ့ ထပ်ပြီး မွမ်းမံဖွဲ့စည်းခဲ့တဲ့ “မဲခေါင်-အမေရိကန်မိတ်ဖက်ပူးပေါင်းဆောင်ရွက်ရေး (Mekong-U.S. Partnership) တွေဟာ ဖွဲ့စည်းတည်ဆောက်ပုံအရ မပြည့်စုံသလို တိုးတက်မှုလည်းအားနည်းတဲ့ ပူးပေါင်းဆောင်ရွက်မှုတွေဆိုတာ သဘောပေါက်နားလည်ထားကြပါတယ်။

မဲခေါင်မြစ်ကြောင်းအရေးဟာ တရုတ်နိုင်ငံကို ဖိနှိပ်ထိန်းချုပ်ဖို့ အခွင့်အရေးတစ်ရပ်ယူဖို့သာဖြစ်

လက်ထောက်သုတေသနမှူး Zhang Li အနေနဲ့ အမေရိကန်နိုင်ငံရဲ့ မဲခေါင်မြစ်ကြောင်းကိစ္စကို “တရုတ်-အမေရိကန် ထိပ်တိုက်တွေ့ရေး စစ်မြေပြင်အသစ်ထဲကို သွတ်သွင်းလိုက်တာဟာ မဲခေါင်မြစ်ဝှမ်းဒေသ ၆ နိုင်ငံရဲ့ ဘုံအကျိုးစီးပွားနဲ့ မကိုက်ညီတဲ့အပြင် ရေအရင်းအမြစ်ဆိုင်ရာပြဿနာတွေရဲ့အခြေခံကျတဲ့ဖြေရှင်းချက်ကိုလည်း အကျိုးဖြစ်ထွန်းစေမှာ မဟုတ်ဘူးလို့ ယုံကြည်နေပါတယ်။

Zawgyi Version;
တ႐ုတ္ႏိုင္ငံကိုထိန္းခ်ဳပ္ဖို႔ အေမရိကန္တို႔ မဲေခါင္ျမစ္ေၾကာင္းကို အသုံးခ်ေန
NP News – ဧၿပီ ၁၈
အေကြ႕အေကာက္မ်ားလွတဲ့ လန္ခ်န္-မဲေခါင္ျမစ္ဟာ တ႐ုတ္ႏိုင္ငံနဲ႔ ျမစ္ေၾကာင္းျဖတ္သန္း စီးဆင္းရာ လမ္းေၾကာင္းတစ္ေလွ်ာက္မွာရွိတဲ့ အေရွ႕ေတာင္အာရွႏိုင္ငံ ၅ ႏိုင္ငံကို ခ်ိတ္ဆက္ေပးတဲ့ ဆက္သြယ္ေရး လမ္းေၾကာင္းတစ္ခုျဖစ္ပါတယ္။ မၾကာေသးခင္ႏွစ္ေတြအတြင္းမွာဘဲ လန္ခ်န္- မဲေခါင္ေဒသ ပူးေပါင္းေဆာင္႐ြက္ ေရးရဲ႕ တိုးတက္ထြန္းကားလာတဲ့အေျခအေနေတြဟာ အခ်ိဳ႕ေသာအေနာက္ႏိုင္ငံေတြကို မေနသိမထိုင္သာျဖစ္ ေစခဲ့ပါတယ္။

“တ႐ုတ္ႏိုင္ငံရဲ႕ ေရေလွာင္တမံေတြဟာ မဲေခါင္ျမစ္ႀကီးကို ဖ်က္ဆီးေနတယ္” ဆိုတဲ့ သီအိုရီေတြ၊ “တ႐ုတ္ႏိုင္ငံရဲ႕ ေရေလွာင္တမံေတြက အေရွ႕ေတာင္အာရွႏိုင္ငံေတြမွာ ေရခမ္းေျခာက္မူျဖစ္ေစတယ္” ဆိုတဲ့ သီအိုရီေတြကို သုေတသနအဖြဲ႕အစည္းေတြရဲ႕ ေအာင္ျမင္တဲ့ေတြ႕ရွိခ်က္ပုံစံမ်ိဳးနဲ႔ အေနာက္ႏိုင္ငံရဲ႕မီဒီယာမွာ ဆက္တိုက္ ပုံေဖာ္ ေနတာကိုလည္း ေတြ႕ျမင္ရမွာျဖစ္ပါတယ္။ အဲဒီအထဲမွာေတာ့ အေမရိကန္ႏိုင္ငံႏိုင္ငံျခားေရးဌာန (U.S. State Department) က ရန္ပုံေငြပံ့ပိုးေထာက္ပံ့ေပးထားတဲ့ “မဲေခါင္ေဒသ ေရေလွာင္တမံေစာင့္ၾကည့္ေလ့လာေရး စီမံကိန္း (Mekong Dam Monitoring Project)” က ၂ဝ၂ဝ ျပည့္ႏွစ္ကုန္ပိုင္း စီမံကိန္းစတင္ခ်ိန္ကစၿပီး တ႐ုတ္ႏိုင္ငံရဲ႕ေရေလွာင္တမံေတြက ျမစ္ေအာက္ပိုင္းမွာ ရွိတဲ့ေဒသေတြကို “ဇလေဗဒဆိုင္ရာ ဆိုးက်ိဳးသက္ေရာက္မူ” ေတြ ျဖစ္ေစတယ္ဆိုၿပီး အလြန္အမင္း ေဝဖန္ပုံေဖာ္လ်က္ရွိပါတယ္။ (Global Times) သတင္းေထာက္ရဲ႕ေတြ႕ရွိခ်က္အရ ဒီသုေတသနစီမံကိန္းကို အေမရိကန္သုေတသနပညာရွင္အဖြဲ႕အစည္း ျဖစ္တဲ့ “Stimson Center” နဲ႔ ေရအရင္းအျမစ္ စမ္းသပ္ေရးေအဂ်င္စီ “Eye of the Earth” တို႔ တြဲဖက္လုပ္ကိုင္ ေနတာျဖစ္ၿပီး အခ်က္အလက္ဆန္းစစ္တာကအစျပဳ၍ မူဝါဒပိုင္းဆိုင္ရာအသာစီးရရွိေစတဲ့အထိ တ႐ုတ္ႏိုင္ငံကို အလုံးစုံ ဆန႔္က်င္တိုက္ခိုက္ဖို႔ အေမရိကန္အစိုးရနဲ႔ပူးေပါင္းႀကံစည္လုပ္ေဆာင္ေနတာျဖစ္ပါတယ္။

ဒီသုေတသနစီမံကိန္းရဲ႕ အဓိကရည္႐ြယ္ခ်က္ကေတာ့ မဲေခါင္ျမစ္ကိုအသုံးခ်ၿပီး တ႐ုတ္ႏိုင္ငံနဲ႔ မဲေခါင္ျမစ္ဝွမ္း တစ္ေလွ်ာက္ရွိႏိုင္ငံေတြရဲ႕ပူးေပါင္းေဆာင္႐ြက္မူကို ပ်က္ျပားေအာင္ လက္နက္သဖြယ္အသုံးခ်ဖို႔ပဲျဖစ္ပါတယ္။

ေရေလွာင္တမံေစာင့္ၾကည့္ျခင္းဟာ တ႐ုတ္ႏိုင္ငံကိုေနာက္ေယာင္ခံဖို႔ အေထာက္အထားတစ္ရပ္ျဖစ္

မဲေခါင္ျမစ္ဟာ ခ်င္းဟိုင္း-တိဖက္ (Qinghai-Tibet Plateau) ကုန္းျပင္ျမင့္ေဒသမွာရွိတဲ့ တန္ကူလာ ေတာင္တန္း (Tanggula Mounatins) ေတြကေန ျမစ္ဖ်ားခံစီးဆင္းလာတာျဖစ္ပါတယ္။ မဲေခါင္ျမစ္ဟာ တ႐ုတ္ႏိုင္ငံအတြင္း ခ်င္းဟိုင္-တိဖက္ေဒသနဲ႔ ယူနန္ျပည္နယ္ေတြကိုျဖတ္ၿပီး အေရွ႕ေတာင္အာရွ ၅ ႏိုင္ငံ ျဖစ္တဲ့ ျမန္မာ၊ လာအို၊ ထိုင္း၊ ကေမာၻဒီးယားနဲ႔ ဗီယက္နမ္ႏိုင္ငံေတြကို ေျမာက္မွေတာင္ကို ျဖတ္သန္းစီးဆင္းလာတာ ျဖစ္ပါတယ္။ မဲေခါင္ျမစ္ဟာ ေတာင္တ႐ုတ္ပင္လယ္အနီးတစ္ဝိုက္ စီးဝင္သြားတာျဖစ္ၿပီး စုစုေပါင္းအရွည္ ၄၈၈ဝ ကီလိုမီတာနီးပါးရွည္လ်ားပါတယ္။ တ႐ုတ္ႏိုင္ငံအတြင္းမွာေတာ့ မဲေခါင္ျမစ္ကို လန္ခ်န္းျမစ္ (Lancang) လို႔ ေခၚေဝၚပါတယ္။ မဟာမဲေခါင္ေဒသ (Greater Mekong Region) ဟာ တ႐ုတ္ႏိုင္ငံနဲ႔ အေရွ႕ေတာင္အာရွ၊ ေတာင္အာရွတို႔ကို ဆက္သြယ္ေပးထားၿပီး ပထဝီေျမျပင္တည္ေနရာအရ အလြန္အေရးပါလွၿပီး လူဦးေရ သန္း ေပါင္း ၃၂၆ သန္းေလာက္ ေနထိုင္ရာေဒသႀကီးလည္းျဖစ္ပါတယ္။ ဒီေဒသမွာ ေရသယံဇာတအရင္းအျမစ္၊ ဇီဝေဗဒအရင္းအျမစ္နဲ႔ ဓာတ္သတၳဳအရင္းအျမစ္ေတြလည္း ေပါႂကြယ္ဝၿပီး စီးပြားေရးတိုးတက္ ျဖစ္ထြန္းမယ့္ အလားအလားနဲ႔ ဖြံ႕ၿဖိဳးတိုးတက္မႈအလားအလာေကာင္းေတြလည္း တည္ရွိေနပါတယ္။ ဒီမဲေခါင္ျမစ္ႀကီး တစ္ဝိုက္မွာ ျမစ္ကမ္းတစ္ေလွ်ာက္ႏိုင္ငံေတြဟာ ေရအားလွ်ပ္စစ္ဖြံ႕ၿဖိဳးတိုးတက္ေရး စီမံကိန္းေတြလုပ္ေဆာင္ေန ၾကတာေတြရွိပါတယ္။ ဒီအထဲမွာေတာ့ မဲေခါင္ျမစ္ရဲ႕ေရစီးေၾကာင္းေပၚတည္ေဆာက္ထားတဲ့ ေရေလွာင္တမံ အမ်ားစုဟာ တ႐ုတ္ႏိုင္ငံရဲ႕အထက္ပိုင္းမွာ တည္ရွိၾကၿပီး စုစုေပါင္း ၁၁ ခုရွိပါတယ္။ ဒီေရေလွာင္တမံေတြဟာ “Stimson Center” နဲ႔ “Eye of the Earth” ေတြကို ကိုယ္စားျပဳတဲ့ အေမရိကန္ပညာရွင္ေတြ၊ သုေတသနအဖြဲ႕အစည္းေတြ၊ အန္ဂ်ီအိုေတြနဲ႔ မီဒီယာေတြရဲ႕အသုံးခ်ခံျဖစ္လာခဲ့ပါတယ္။ ၂ဝ၂ဝ ျပည့္ႏွစ္ ဒီဇင္ဘာလေလာက္မွာ “Eye of the Earth” က မိတ္ဖြဲ႕ပူးေပါင္းထားၿပီး ”Stimson Center” က ဦးစီး လုပ္ကိုင္ေနတဲ့ “မဲေခါင္ေရေလွာင္တမံ ေစာင့္ၾကည့္ေလ့လာေရး” စီမံကိန္းကို တရားဝင္စီမံကိန္း အျဖစ္ စတင္ ေၾကညာခဲ့ၿပီး ေတာင္တ႐ုတ္ပင္လယ္အေရးမွာ ဝင္ေရာက္စြက္ဖက္ဖို႔ အေမရိကန္ႏိုင္ငံ မဟာဗ်ဴဟာနဲ႔ ႏိုင္ငံ တကာ ေလ့လာေရးစင္တာ (Center for Strategic and International Studies of the United States) က ဦးစီးေဆာင္႐ြက္ေနတဲ့ “မဲေခါင္ျမစ္ေရေလွာင္တမံ ေစာင့္ၾကည့္ေလ့လာေရးစီမံကိန္း” ပုံစံကို ယူထားတာလည္း ျဖစ္ပါတယ္။

အာရွေရေၾကာင္းဆိုင္ရာ ပြင့္လင္းျမင့္သာမႈရွိေရး ပူးေပါင္းေဆာင္႐ြက္မႈ (Asia Maritime Trasparency Initiative)

ဒီစီမံကိန္းရဲ႕အြန္လိုင္းေလ့လာေရးအဖြဲ႕က ျမစ္အထက္ပိုင္းမွာရွိတဲ့ တ႐ုတ္ေရေလွာင္တမံေတြသာ မရွိခဲ့ရင္ ပုံမွန္ျမစ္ေရစီးဆင္းမႈ ထိခိုက္ႏိုင္ေျခမရွိဘူးဆိုၿပီး ပုံမွန္ျမစ္ေရစီးဆင္းမႈကို တိုင္းတာတယ္ဆိုတဲ့ပုံစံနဲ႔ ၿဂိဳလ္တု စနစ္သုံး ေျခရာခံေစာင့္ၾကည့္ေလ့လာျခင္း၊ ၿဂိဳလ္တုဓာတ္ပုံ႐ိုက္ျခင္း၊ ပထဝီဆိုင္ရာေျမျပင္ အထက္တိုင္းတာေရး စနစ္ (Geographic Information Syatem) ေတြကို စတင္သုံးစြဲလုပ္ေဆာင္လာၾကပါတယ္။ ဒီအဖြဲ႕ဟာ မဲေခါင္ျမစ္ဝွမ္းမွာရွိတဲ့ ေရေလွာင္တမံနဲ႔ပတ္သက္တဲ့သတင္းအခ်က္အလက္ေတြ၊ ေရေဝးကုန္းတန္းအပူခ်ိန္၊ စိုထိုင္းဆ စတဲ့သတင္း အခ်က္စုေစာင္းတာေတြ၊ တ႐ုတ္ႏိုင္ငံ လန္ခ်န္းျမစ္အတြင္း ျမစ္လက္တက္ေတြမွာ တည္ ေဆာက္ထားတဲ့ ေရေလွာင္တမံေတြရဲ႕တိုးတက္ေျပာင္းလဲမႈေတြကို မွတ္တမ္းတင္တာေတြ လုပ္ၾကပါတယ္။ ဒါ့အျပင္ အေမရိကန္ႏိုင္ငံ ကာကြယ္ေရးဆိုင္ရာ မိုးေလဝသၿဂိဳလ္တုကတစ္ဆင့္ ေစာင့္ၾကည့္ေလ့လာၿပီး မဲေခါင္း ျမစ္ဝွမ္းေဒသေျမျပင္သတင္းေတြ စုေစာင္းတာေတြ၊ အလိုဂရမ္သမ္နည္းစနစ္နဲ႔ ေျမျပင္သတင္းေတြကို ေျပာင္းလဲၿပီး ထိုင္းႏိုင္ငံ Chiang Saen ဇလေဗဒဌာနကို ေပးပို႔တာေတြလုပ္ေဆာင္ေနပါတယ္။ ဒီ Chaing Saen ဇလေဗဒဌာနဟာ လန္ခ်န္ (မဲေခါင္) ျမစ္ တ႐ုတ္ႏိုင္ငံကေနစီးဆင္းၿပီး ပထမဦးဆုံး ေရျပင္အျမင့္ေပ တိုင္းတာတဲ့ ဌာနျဖစ္ပါတယ္။ ဒါ့အျပင္ Stimson Center အေနနဲ႔ မဲေခါင္ျမစ္ဝွမ္းေဒသအတြင္း စီမံကိန္းအေဆာက္အဦးေတြ ကို ေစာင့္ၾကည့္ေထာက္လွမ္းေလ့လာတဲ့အဖြဲ႕ (Platform) တစ္ခုကိုလည္း တည္ေထာင္ထားၿပီးျဖစ္ပါတယ္။ ဒီေစာင့္ၾကည့္မႈေလ့လာမႈစနစ္ဟာ စြမ္းအင္က႑၊ သယ္ယူပို႔ေဆာင္ေရးနဲ႔ ေရေၾကာင္းထိန္းသိမ္းေရး၊ အေဆာက္အဦးဆိုင္ရာ သတင္းအခ်က္အလက္စုေစာင္းေရးေတြရဲ႕ အဓိကအရင္းအျမစ္ျဖစ္ေစခဲ့ပါတယ္။

လတ္တေလာမွာေတာ့ “မဲေခါင္ျမစ္ေရေလွာင္တမံ ေစာင့္ၾကည့္ေလ့လာေရးစီမံခ်က္” ဟာ တ႐ုတ္ေရေလွာင္တမံ ၁၁ ခုရဲ႕ ဇလေဗဒနဲ႔ ျမစ္ေရျပင္အျမင့္နဲ႔ပတ္သက္ၿပီး သတင္းအခ်က္အလက္ေတြကို အပတ္စဥ္ထုတ္ျပန္ေပးေန ပါတယ္။ ဒါေပမယ့္ ဒီအဖြဲ႕ရဲ႕ထုတ္ျပန္ေၾကညာခ်က္ေတြဟာ ပကတိေျမျပင္အေျခအေနနဲ႔ အလြန္ကြာဟလြန္း ေနၿပီး ေဒသတြင္း ေရအရင္းအျမစ္ရရွိႏိုင္မႈအေျခအေနတစ္ရပ္လုံးကို အမွန္တကယ္ထပ္ဟပ္ႏိုင္ျခင္း မရွိတာကို ေတြ႕ရပါတယ္။ မၾကာခင္ကပဲ Tsinghua University သုေတသနအဖြဲ႕ (၁) ဖြဲ႕အေနနဲ႔ “မဲေခါင္ေရေလာင္တမံ ေစာင့္ၾကည့္ေလ့လာေရး” က ထုတ္ျပန္တဲ့သတင္းအခ်က္အလက္ေတြမွာ အမွားမ်ားစြာပါေနတာကို ေဖာ္ထုတ္ ေတြ႕ရွိခဲ့ပါတယ္။ ဥပမာအေနနဲ႔ လန္ခ်န္-မဲေခါင္ျမစ္ဝွမ္းေဒသမွာရွိတဲ့ Xiaowan ေရေလွာင္တမံ ေရမ်က္ႏွာျပင္ အျမင့္ကို ၂ဝ၂ဝ ျပည့္ႏွစ္ကာလအတြင္း ၃ ႀကိမ္တိုင္းတာရရွိတဲ့အခ်က္အလက္ေတြအရ “မဲေခါင္ေရေလွာင္တမံ ေစာင့္ၾကည့္ေလ့လာေရးစီမံကိန္း” ရဲ႕ ၿဂိဳလ္ထုကတစ္ဆင့္ ေထာက္လွမ္းတိုင္းတာတဲ့နည္းလမ္းက ရရွိတဲ့ အခ်က္ အလက္ေတြဟာ အမွန္တကယ္တိုင္းတာရရွိတဲ့ေရမ်က္ႏွာျပင္ရဲ႕ အတက္၊ အက်၊ အျမင့္ ေတြနဲ႔ လုံးဝ ဆန႔္က်င္ ဘက္ျဖစ္ေနတာကို ေတြ႕ရွိရမွာျဖစ္ပါတယ္။ ေတြ႕ရွိခ်က္အရ အျမင့္မီတာဟာ ၃ မီတာကေန ၁ဝ မီတာအထိ ကြာဟေနတာျဖစ္ပါတယ္။

Tsinghua University က သုေတသီေတြအေနနဲ႔ “မဲေခါင္ျမစ္ေရေလွာင္တမံ ေစာင့္ၾကည့္ေလ့လာေရးစီမံကိန္း” ရဲ႕ ဆန္းစစ္ေလ့လာရရွိတဲ့ သက္ဆိုင္ရာေရေလွာင္တမံေရမ်က္ႏွာျပင္ အျမင့္ဆိုင္ရာအခ်က္အလက္ေတြနဲ႔ ေျမျပင္မွာ အမွန္ရွိေနတဲ့ေရမ်က္ႏွာျပင္အျမင့္ေတြနဲ႔ အလြန္ကြာဟ မွားယြင္းေနပါတယ္။ အထူးသျဖင့္ ေရေလွာင္တမံအက်ယ္နဲ႔ အရွည္ေတြမွာလည္း အခ်က္အလက္ေတြေတာ္ေတာ္မ်ားမ်ား မွားယြင္းေနတယ္လို႔ ယုံၾကည္ၾကပါတယ္။ ဒီလိုႀကီးမားတဲ့ မွားယြင္း တင္ျပခ်က္ေတြရွိေနေပမယ့္လည္း “မဲေခါင္ေရေလွာင္တမံ ေစာင့္ၾကည့္ေလ့လာေရးရဲ႕ သိပၸံနည္းက်သုေတသန” ဆိုတဲ့ ေခါင္းစဥ္ေအာက္မွာပဲ အခ်ိဳ႕ ႏိုင္ငံေရးသမားေတြ နဲ႔ မီဒီယာေတြက အထူးသျဖင့္ “Voice of America၊ VOA” “Radio Free Asia၊ RFA” နဲ႔ တ႐ုတ္ႏိုင္ငံကို ဆန႔္က်င္တဲ့အျခားမီဒီယာေတြအတြက္ အသုံးတည့္ေနၿပီး “မဲေခါင္ေရေလွာင္တမံ ေစာင့္ၾကည့္ေလ့လာေရး” ရဲ႕ အစီရင္ခံစာေတြနဲ႔အခ်က္အလက္ေတြကို ခိုင္မာအားေကာင္းတဲ့ သက္ေသအေထာက္အထားအျဖစ္ ဆြဲယူ သုံးစြဲကာ “တ႐ုတ္ႏိုင္ငံရဲ႕ေရေလွာင္တမံေတြဟာ မဲေခါင္ျမစ္ဝွမ္းေဒသကို မိုးေခါင္ေရရွားျဖစ္ေစတယ္” ဆိုတဲ့ ေခါင္းစဥ္နဲ႔ အလြန္အမင္းခ်ဲ႕ကား ပုံဖ်က္ေနၾကပါတယ္။


ေခါင္းစဥ္ ၅ မ်ိဳးနဲ႔ တ႐ုတ္ႏိုင္ငံကိုဆန႔္က်င္တိုက္ခိုက္ေရးလုပ္ငန္းစဥ္ေတြလုပ္ေဆာင္ေန

၂ဝ၂ဝ ျပည့္ႏွစ္ကုန္ပိုင္းမွာစတင္ခဲ့တဲ့ “မဲေခါင္ေရေလာင္တမံ ေစာင့္ၾကည့္ေလ့လာေရးစီမံကိန္း” ဟာ တကယ္ ေတာ့ မဲေခါင္ျမစ္ေၾကာင္းရဲ႕ေရအရင္းအျမစ္နဲ႔ဆက္ႏြယ္ၿပီး Stimson နဲ႔ Eye of the Earth တို႔ရဲ႕ “ေရအရင္းအျမစ္ဆိုင္ရာျပည္သူ႔သေဘာထားအျမင္ေရးရာစစ္ပြဲ” တစ္ရပ္သက္သက္သာျဖစ္ပါတယ္။ အဲဒီ ေနာက္ကြယ္မွာေတာ့ ေရရွည္စီမံကိန္းခ်ၿပီး ဆင္ႏႊဲမယ့္ “မဲေခါင္စစ္တုရင္ထိုးပြဲ (Mekong Chess Game) သာ ျဖစ္ပါေတာ့တယ္။

အေမရိကန္ႏိုင္ငံ ၿမိဳ႕ေတာ္ဝါရွင္တန္အေျခစိုက္ Stimson Center အေနနဲ႔ စတင္တည္ေထာင္ခ်ိန္ ၁၉၈၉ ခုႏွစ္ ကစၿပီး ႏိုင္ငံတကာအေရးအရာေတြနဲ႔ပတ္သက္ၿပီး လူသိမ်ားတဲ့သုေတသနအဖြဲ႕အစည္းတစ္ခုျဖစ္ပါတယ္။ ၂ဝ၁၉ မွ “the Southeast Asia Program of the Center” ရဲ႕ ဒါ႐ိုက္တာတစ္ဦးျဖစ္တဲ့ Brian Eller က “မဲေခါင္ ျမစ္ရဲ႕ေနာက္ဆုံးေန႔ရက္မ်ား (The Last Days of the Mekong River” ေဆာင္းပါးတစ္ပုဒ္ေရးသားထုတ္ေဝခဲ့ၿပီး ေဆာင္းပါးအေနနဲ႔ ခရီးသြားလုပ္ငန္း စီးပြားေရးဆုံးရႈံးမႈ၊ လူေနအိမ္ေျခမ်ား ေရလႊမ္းမိုးခံရမႈ၊ ျမစ္ဝွမ္းလြင္ျပင္မ်ား မိုးေခါင္ေရရွားလာမႈ၊ ေဒသခံေနထိုင္သူမ်ား ေသာက္သုံးေရးလုံၿခဳံမႈနဲ႔ ျမစ္အတြင္း အမႈိက္သ႐ိုက္မ်ား ေပါမ်ားလာမႈ စတဲ့ အျမင္မ်ိဳးစုံေရးသားေဖာ္ျပထားပါတယ္။

ျမစ္အထက္ပိုင္းမွာရွိတဲ့ တ႐ုတ္ႏိုင္ငံရဲ႕ ေရေလွာင္တမံတည္ေဆာက္မႈေတြက မဲေခါင္ျမစ္ေအာက္ပိုင္း ႏိုင္ငံေတြ ရဲ႕အက်ိဳးစီးပြားကို ထိခိုက္ပ်က္ျပားေစတယ္ဆိုတဲ့အခ်က္ဟာ အေျခအျမစ္မရွိတဲ့စြပ္စြဲခ်က္သာျဖစ္
စာမ်က္ႏွာ ၃၈၄ ပါတဲ့ဒီစာအုပ္ဟာ the Stimson Center ရဲ႕ မဲေခါင္ျမစ္ေရအရင္းကို အေျခခံၿပီး တ႐ုတ္အေပၚ ျပင္းျပင္းထန္ထန္တိုက္ခိုက္ေနတာေတြကို နိဒါန္းပိုင္းမွာ အစခ်ီေရးသားထားပါတယ္။ အမွန္တကယ္ ကေတာ့ ၂ဝ၁၆ ကစၿပီး ၂ဝ၁၉ ခုႏွစ္အထိ သက္ဆိုင္ရာအေမရိကန္သုေတသီမ်ားရဲ႕လမ္းျပဦးေဆာင္မႈနဲ႔ ႏိုင္ငံျခားမီဒီယာ အမ်ားစုက မဲေခါင္ျမစ္အထက္ပိုင္း ေရေလွာင္တမံေတြက ျမစ္ေအာက္ပိုင္းႏိုင္ငံေတြကို ဆိုးက်ိဳးျဖစ္ေစတယ္ ဆိုၿပီး စဥ္ဆက္မျပတ္ပုံေဖာ္ေရးသား အစီရင္ခံေနၾကတာျဖစ္ပါတယ္။ ဒီလိုပုံေဖာ္တာဟာ သိပၸံနည္းက် သုေတ သနအေထာက္အထားေတြမပါဘဲ တိုက္တြန္း႐ုံသက္သက္သာျဖစ္ပါတယ္။ Stimsonနဲ႔ ၎ရဲ႕မိတ္ဖက္ Eye of the Earth တို႔ရဲ႕ ထိုးေဖာက္ဝင္ေရာက္လာမႈဟာ မဟုတ္မမွန္ပုံႀကီးခ်ဲ႕ဖို႔အတြက္ သိပၸံနည္းက် အေျခခံ အခ်က္လို႔ေခၚတဲ့ အခ်က္အလက္ပံ့ပိုးေပးဖို႔သာျဖစ္ပါတယ္။

Stimson Center နဲ႔ Eye of the Earth တို႔ပါဝင္လာခဲ့ျခင္းက တ႐ုတ္ႏိုင္ငံကို ေနာက္ေယာင္ခံ ပုံဖ်က္ႏိုင္ဖို႔ သိပၸံနည္းက်ေလ့လာျခင္း (Scienticfic Basic) လို႔ေခၚတဲ့ အခ်က္အလက္ပံပိုးေပးဖို႔သာျဖစ္

၂ဝ၁၉ ႏိုဝင္ဘာ နဲ႔ ၂ဝ၂ဝ ဧၿပီလအတြင္း မဲေခါင္းျမစ္ဝွမ္းေဒသဟာ ရာစုႏွစ္တစ္ခုအတြင္း တစ္ႀကိမ္သာ ႀကဳံေတြ႕ ရတဲ့ မိုးေခါင္ေရးရွား ေရခမ္းေျခာက္မႈဒဏ္ကို ခံစားခဲ့ရပါတယ္။ ဒီအခြင့္အေရးကိုယူၿပီး အေမရိကန္ႏိုင္ငံရဲ႕ မဲေခါင္ျမစ္ေအာက္ပိုင္း ပူးေပါင္းေဆာင္႐ြက္ေရး (Lower Mekhong Initiative) က ရန္ပုံေငြေထာက္ပံ့ထားတဲ့ “Eye of the Earth” က “သဘာဝအေျခအေနအရပ္ရပ္ေအာက္က မဲေခါင္ျမစ္အထက္ပိုင္း ျမစ္ေရစီးဆင္းမႈကို ေစာင့္ၾကည့္ေလ့လာျခင္း (Montoring of Water Flow in the Upper Mekong River under Natural Condition)” ဆိုတဲ့ေခါင္းစဥ္နဲ႔ အစီရင္ခံစာတစ္ရပ္ကိုထုတ္ျပန္ခဲ့ၿပီး ျမစ္အထက္ပိုင္းမွာရွိတဲ့ တ႐ုတ္ႏိုင္ငံရဲ႕ ေရေလာင္တမံတည္ေဆာက္မႈေတြေၾကာင့္ ျမစ္ေရမ်က္ႏွာျပင္နဲ႔ ပုံမွန္ျမစ္ေရစီးဆင္းမႈကို ထိခိုက္ေစတယ္လို႔ ဆိုထားပါတယ္။

မဲေခါင္ျမစ္ေအာက္ပိုင္း ေရခမ္းေျခာက္မႈဟာ လန္ခ်န္ျမစ္မွာ တည္ေဆာက္ထားတဲ့ တ႐ုတ္ႏိုင္ငံ ေရေလွာင္တမံ ေတြရဲ႕ ေရသိုေလွာင္မႈအေပၚ အျပစ္တင္စရာျဖစ္ေစခဲ့ပါတယ္။ အစီရင္ခံစာထုတ္ျပန္ၿပီး ခ်က္ခ်င္းဆိုသလိုပဲ Stimson Center က “တ႐ုတ္ႏိုင္ငံအေနနဲ႔ မဲေခါင္ျမစ္ေရလမ္းေၾကာင္းကို ဘယ္လိုပိတ္ခဲ့သလဲ (How China Turned Off the Tap on Mekong)” ဆိုတဲ့ေခါင္းစဥ္နဲ႔ ေဆာင္းပါးတစ္ပုဒ္ကို ၂ဝ၂ဝ ျပည့္ႏွစ္ ဧၿပီလ ၁၄ ရက္ေန႔ မွာ ထုတ္ေဝခဲ့ၿပီး ဝက္ဆိုဒ္ေပၚလႊင့္တင္ကာ Eye of the Earth အစီရင္ခံစာရဲ႕ေကာက္ႏႈတ္ခ်က္ကို ေထာက္ခံ ပံ့ပိုးေပး႐ုံသာမက အျခားေျမႇာက္ပင့္တဲ့အျမင္ေတြကိုလည္း ထည့္သြင္းေဖာ္ျပခဲ့ပါတယ္။

ဥပမာအားျဖင့္ “၂ဝ၁၉ မိုးတြင္းကာလ၊ ၆ လတာအတြင္း တ႐ုတ္ေရေလွာင္တမံေတြေၾကာင့္ ထိုင္းႏိုင္ငံ Chiang Saen မွာရွိတဲ့ ေရမ်က္ႏွာျပင္တိုင္းတာေရးအမွတ္အသားေတြအထိ ေရျမင့္တက္လာႏိုင္မႈကို အတားအဆီး ျဖစ္ေစခဲ့တယ္” “တ႐ုတ္ႏိုင္ငံဟာ ေရအရင္းအျမစ္ကို ျမစ္ေအာက္ပိုင္းႏိုင္ငံေတြနဲ႔ မွ်ေဝသုံးစြဲႏိုင္တဲ့ကုန္ပစၥည္း တစ္ခုလု႔ိမျမင္ဘဲ အခ်ဳပ္အျခာပိုင္ဆိုင္မႈတစ္ရပ္အေနနဲ႔ျမင္ေနတယ္” ဆိုၿပီး ေဝဖန္မႈေတြလုပ္ခဲ့ပါတယ္။ အဲဒီ ေနာက္ပိုင္းမွာ Stimson Center ဟာ ”တ႐ုတ္ႏိုင္ငံေရေလွာင္တမံေတြက မဲေခါင္ျမစ္ကိုဖ်က္ဆီးေနေၾကာင္း သိပၸံ နည္းပညာေတြက ၫႊန္းဆိုျပသေန (New Evidence: Sience Shows Chinese Dams Are Destorying the Mekhong)” ဆိုတဲ့ ေဆာင္းပါးတစ္ပုဒ္ကို the US Foreign Policy မွာ ထည့္သြင္းေရးသားေဖာ္ျပခဲ့ၿပီး တ႐ုတ္ ႏိုင္ငံဟာ မဲေခါင္ျမစ္ေအာက္ပိုင္းေရေၾကာင္းလမ္းကို ဖ်က္ဆီးေနပါတယ္လို႔လည္း စြပ္စြဲထားပါတယ္။

မဲေခါင္ျမစ္ေကာ္မရွင္ (Mekhong River Commission) နဲ႔ ၾသစေၾတးလ်- မဲေခါင္သဘာဝပတ္ဝန္းက်င္ အရင္း အျမစ္ႏွင့္ စြမ္းအင္စနစ္မိတ္ဖိတ္ ပူူးေပါင္းေရး (Australia – Mekong ENvironmenatal Resources and Energy System Partnership) တို႔က “Eye of the Earth ရဲ႕အစီရင္ခံစာမွာ သိပၸံနည္းမက်တဲ့အခ်က္အလက္ ေတြ ထည့္သြင္းထားတဲ့ျပႆနာရွိေနၿပီး စစ္ဆန္းတဲ့အခ်က္ေတြကလည္း အလြန္နည္းပါးလွတာေၾကာင့္ မွန္ကန္ မႈ မရွိတဲ့ေကာက္ခ်က္ကို ဦးတည္ေနတယ္ဆိုၿပီး အစီရင္ခံစာထြက္ေပၚၿပီးမၾကာခင္မွာပဲ ေဝဖန္ေထာက္ျပထားပါ တယ္။ ဒီအစီရင္ခံစာဟာ မဲေခါင္ျမစ္ေရအရင္းအျမစ္နဲ႔ပတ္သက္ၿပီး မွားယြင္းစြာခ်ဲ႕ကားေျပာဆိုထားတဲ့ အစီရင္ ခံစာျဖစ္ၿပီး အခ်က္အလက္ပံ့ပိုးေပးဖို႔ျဖစ္တာေၾကာင့္ အစီအရင္ခံစာထြက္ေပၚလာၿပီးေနာက္ပိုင္းမွာ ခ်က္ခ်င္းဆို သလို အေမရိကန္ႏိုင္ငံေရးသမားေတြနဲ႔ မီဒီယာေတြက ေနာက္ဆက္တြဲေဝဖန္ေျပာဆိုခဲ့ၾကပါတယ္။ အေမရိကန္ ႏိုင္ငံျခားေရးဝန္ႀကီးေဟာင္း Mike Pompeo က Eye of the Earth ရဲ႕အစီရင္ခံစာအရ စိုးရိမ္ပူပန္စရာ ေကာင္းတယ္ဆိုၿပီး ခ်က္ခ်င္းထုတ္ေဖာ္ေျပာၾကားလိုက္သလို မဲေခါင္ျမစ္အထက္ပိုင္းမွာရွိတဲ့ တ႐ုတ္ႏိုင္ငံရဲ႕ ေရေလွာင္တမံေတြဟာ မဲေခါင္ျမစ္ရဲ႕ေရလမ္းေၾကာင္း တစ္ဖက္သက္ေျပာင္းလဲသြားေစခဲ့ၿပီး ျမစ္ဝွမ္း တစ္ေလွ်ာက္မွာရွိတဲ့သန္းေပါင္းမ်ားစြာေသာ ျပည္သူေတြရဲ႕လူေနမႈဘဝေတြကို ဆိုးက်ိဳးသက္ေရာက္ေစတဲ့ ႀကီးမားလွတဲ့ ဆိုးက်ိဳးျဖစ္ေစတယ္ဆိုၿပီး သက္ေသအေထာက္အထားကင္းမဲ့စြာ ေဝဖန္ခဲ့ပါတယ္။

Stimson Center နဲ႔ Eye of the Earth တို႔ဝင္ေရာက္လာၿပီး မဲေခါင္ျမစ္ေရေလွာင္တမံမ်ား ေစာင့္ၾကည့္ေလ့လာ ေရးစီမံကိန္း စတင္ခ်ိန္ကစၿပီး တ႐ုတ္ႏိုင္ငံကို ဆန႔္က်င္တိုက္ခိုက္မယ့္အစီအမံေတြကို ျဖည္းျဖည္းခ်င္း စုဖြဲ႕လုပ္ေဆာင္လာ

တ႐ုတ္ႏိုင္ငံ The Global Time သတင္းေထာက္က “မဲေခါင္ေရေလွာင္တမံေစာင့္ ၾကည့္ေလ့လာေရးစီမံကိန္း” ဟာ မဲေခါင္ျမစ္နဲ႔ပတ္သက္ၿပီး Stimson Center ရဲ႕ သုေတသနလုပ္ငန္းေခါင္းစဥ္ ၅ ခုေအာက္က တစ္ခုသာျဖစ္ ေၾကာင္း ေတြ႕ရွိခဲ့ပါတယ္။ အျခားေခါင္းစဥ္ ၄ ခုကေတာ့ “မဲေခါင္ျမစ္ဝွမ္း ဆက္သြယ္ခ်ိတ္ဆက္ေရး (Mekong River Basin Connections” ၊ “မဲေခါင္ျမစ္အေဆာက္အဦးေျခရာခံျခင္း (Mekong River Infrastructure Tracking)” ၊ “မဲေခါင္ျမစ္ဆိုင္ရာမူဝါဒ (Mekong River Policy)” ၊ “မဲေခါင္-အေမရိကန္ မိတ္ဖက္ဆက္ဆံေရး၊ အစိုးရအဆင့္ မူဝါဒေရးရာေဆြးေႏြးျခင္း (Mekong - U.S. Partnership Track 1.5 Policy Dialogue)” တို႔ပဲ ျဖစ္ပါတယ္။ အထက္မွာေဖာ္ျပခဲ့တဲ့ေခါင္းစဥ္ ၅ ခုဟာ “မဲေခါင္ျမစ္ဝွမ္းေဒသ ဆက္သြယ္ခ်ိတ္ဆက္ေရးအစီ အစဥ္နဲ႔ပတ္သက္ၿပီး စမွတ္အျဖစ္စတင္ႏိုင္ခဲ့ျခင္း၊ ေရေလွာင္တမံစီမံကိန္းေစာင့္ၾကည့္ေလ့လာေရးနဲ႔ အေဆာက္ အဦးမ်ား ေျခရာခံေထာက္လွမ္းေရးတို႔ လက္နက္ကိရိယာတစ္ခုသဖြယ္ အသုံးျပဳႏိုင္ခဲ့ျခင္း၊ သတင္းလို႔ေခၚတဲ့ အခ်က္အလက္ေတြကို စုေစာင္းႏိုင္ျခင္း၊ ေနာက္ပိုင္းမွာ အေမရိကန္ႏိုင္ငံကို တ႐ုတ္ဆန႔္က်င္ေရးအခ်က္ အလက္ေတြ ပံ့ပိုးေပးႏိုင္ေစဖို႔၊ အေမရိကန္ႏိုင္ငံရဲ႕အမ်ိဳးသားမဟာဗ်ဴဟာကို အက်ိဳးျဖစ္ထြန္းေစဖို႔နဲ႔ ေဒသတြင္း ႏိုင္ငံေတြရဲ႕ ႏိုင္ငံျခားေရးမူဝါဒေတြကို လႊမ္းမိုးႏိုင္ေရး ႀကိဳးပမ္းအားထုတ္ႏိုင္ေစဖို႔ “သိပၸံနည္းက်သက္ေသ အေထာက္အထားမ်ား” ဆိုတဲ့ လုပ္ႀကံဇာတ္ခင္းလာႏိုင္ျခင္းေတြနဲ႔ ထြန္းကားတိုးတက္လာပါေတာ့တယ္။

Stimson Center မဲေခါင္စီမံကိန္းမိတ္ဖက္ေတြ၊ ေငြေၾကးေထာက္ပံ့သူေတြနဲ႔ပတ္သက္တဲ့ သတင္းအခ်က္ အလက္ေတြကို စိစစ္ၾကည့္ၿပီးေနာက္ပိုင္း Global Times သတင္းေထာက္တစ္ေယာက္ဟာ မဲေခါင္ျမစ္နဲ႔ ဆက္ႏြယ္ေနတဲ့ေခါင္းစဥ္ေတြနဲ႔ “တ႐ုတ္ၿခိမ္းေျခာက္မႈ” ပုံႀကီးခ်ဲ႕ေရးေပၚမွာ ဗဟိုျပဳထားတဲ့ အသိုက္အဝန္းငယ္ တစ္ခုကိုစုဖြဲ႕ ျပင္ဆင္ထားၿပီးၿပီဆိုတာ ေတြ႕ရွိခဲ့ပါတယ္။ Eye of the Earth, ႏိုင္ငံတကာ သဘာဝပတ္ဝန္းက်င္ စီမံခန႔္ခြဲမႈဌာန (International Environmental Management Center) ၊ ႏိုင္ငံတကာဖြံ႕ၿဖိဳးတိုးတက္မႈဆိုင္ရာ အေမရိကန္ႏိုင္ငံေအဂ်င္စီ (the United States Agency for International Development ၊ the Asia Foundation” နဲ႔ အျခားအဖြဲ႕အစည္းေတြဟာ the New York Times နဲ႔ အျခားမီဒီယာေတြနဲ႔ ျပည္ပေရာက္ ေရအရင္းအျမစ္ ထိမ္းသိမ္းေရးကြၽမ္းက်င္သူလို႔ေခၚၾကတဲ့ Wang Weiluo ၊ Thailand University က ေက်ာင္းဆရာ Chai Nalong Seta Sai နဲ႔ အျခားသူေတြကို ဘက္လိုက္တဲ့ေဆာင္းပါးေတြ မ႐ိုးမသားနဲ႔ခ်က္ညီညီ ေရးသားထုတ္ေဝေစျခင္းျဖင့္ ဆြဲေဆာင္စည္း႐ုံးခဲ့ၾကပါတယ္။ Stimson Center ဟာ “မဲေခါင္ျမစ္ေရေလွာင္တမံ ေစာင့္ၾကည့္ေလ့လာေရးစီမံခ်က္” ကို လူသိမ်ားေစဖို႔နဲ႔ အေရွ႕ေတာင္အာရွႏိုင္ငံေတြက ေရေလွာင္တမံတည္ ေဆာက္တာေၾကာင့္ သဘာဝပတ္ဝန္းက်င္ ပ်က္စီးတယ္ဆိုတဲ့အခ်က္ကို ပစ္မွတ္ထားေနတဲ့ လြတ္လပ္တဲ့ သတင္းသမားလို႔ ေခၚတဲ့သူေတြ ပါဝင္လာေစဖို႔ အေမရိကန္ႏိုင္ငံက the East-West Centre လို ပညာရွင္ေတြ NGO ေတြနဲ႔လည္း ပူးေပါင္းလုပ္ကိုင္လာပါတယ္။ ဒီစီမံကိန္းမွာပါဝင္တဲ့ သတင္းသမားတစ္ဦးခ်င္းစီဟာ ဆုေၾကး ေငြ အေမရိကန္ေဒၚလာ ၃ဝဝဝ ရၾကပါတယ္။

မဲေခါင္ေရအရင္းအျမစ္ဆိုင္ရာ ျပည္သူ႔သေဘာထားေရးရာစစ္ပြဲ ဖန္တီးျခင္း
Stimson Center ျဖစ္ေစ၊ Eye of the Earth ျဖစ္ေစ၊ ႏိုင္ငံေရးသမားျဖစ္ေစ၊ ၎တို႔နဲ႔ပူးေပါင္းေဆာင္႐ြက္တဲ့ ဘယ္မီဒီယာနဲ႔ဘယ္အဖြဲ႕အစည္းျဖစ္ေစ မဲေခါင္ျမစ္ေၾကာင္း၊ ေရအရင္းအျမစ္ ေခါင္းစည္တပ္ၿပီး လိမ္လည္ပုံ ႀကီးခ်ဲ႕ေနတာေတြဟာ ဘယ္ေတာ့မွ သက္ဆိုင္ရာႏိုင္ငံရဲ႕ဖြံ႕ၿဖိဳးတိုးတက္ေရး၊ တည္ေဆာက္ေရးနဲ႔ ျပည္သူေတြရဲ႕ လူမႈဘဝကို ကူညီရာမေရာက္ဘဲေ ဒသတြင္းမွာ အေမရိကန္ႏိုင္ငံရဲ႕အက်ိဳးစီးပြားကို ထိန္းသိမ္းဖို႔သာျဖစ္ပါတယ္။

၁၉၅ဝ ခုႏွစ္အေစာပိုင္းကာလမွာပဲ အေမရိကန္ႏိုင္ငံဟာ မဲေခါင္ေဒသအေရးေတြမွာ ဝင္ေရာက္စြက္ဖက္ခဲ့ပါ တယ္။ ၁၉၉ဝ ခုႏွစ္ဝန္းက်င္မွာ တ႐ုတ္နဲ႔မဲေခါင္ႏိုင္ငံေတြအၾကား မဟာမဲေခါင္ေဒသခြဲ စီးပြားေရးပူးေပါင္း ေဆာင္႐ြက္ေရးအဖြဲ႕ကိုတည္ေထာင္မႈနဲ႔ တ႐ုတ္ႏိုင္ငံရဲ႕ ေရသယံဇာတထိန္းသိမ္းေရး၊ လွ်ပ္စစ္ဓာတ္အား ဖြံ႕ၿဖိဳး တိုးတက္လာတာနဲ႔အမွ် အေမရိကန္ႏိုင္ငံအေနနဲ႔ မဲေခါင္ျမစ္ဝွမ္းေဒသ ေရသယံဇာတအရင္းအျမစ္အေရးကို စၿပီး အာ႐ုံစိုက္လာခဲ့ပါတယ္။

၂ဝဝ၉ ခုႏွစ္မွာ အိုဗားမားအစိုးရအေနနဲ႔ “အေရွ႕ေတာင္အာရွကိုျပန္လာၿပီ” ဆိုတဲ့ေခါင္းစဥ္ေအာက္မွာ “မဲေခါင္သို႔ ျပန္လည္ ဝင္ေရာက္ေရာက္ေရး မဟာအစီအစဥ္” ကို စတင္ခဲ့ၿပီး အဲဒီႏွစ္ထဲမွာပဲ လာအို၊ ထိုင္း၊ ကေမာဒီယားနဲ႔ ဗီယက္နမ္ႏိုင္ငံတို႔ပါဝင္တဲ့ “ေအာက္ပိုင္းမဲေခါင္ပူးေပါင္းေဆာင္႐ြက္ေရး (Lower Mekong Initiative)” ကို စတင္ တည္ေထာင္ခဲ့ၿပီး၊ ေနာက္ပိုင္းမွာ ျမန္မာႏိုင္ငံကိုပါ တရားဝင္အဖြဲ႕ဝင္ႏိုင္ငံအျဖစ္ ထည့္သြင္းခဲ့ပါတယ္။ ၂ဝ၁၆ ခုႏွစ္ မတ္လအတြင္းမွာ တ႐ုတ္ႏိုင္ငံနဲ႔ မဲေခါင္ေဒသႏိုင္ငံေတြ လန္ခ်န္ - မဲေခါင္ပူးေပါင္း ေဆာင္႐ြက္ေရး အဖြဲ႕ (Lancang-Mekong Cooperation Mechanism)” ကို တရားဝင္တည္ေထာင္ၿပီးတဲ့ေနာက္မွာေတာ့ အေမရိကန္ႏိုင္ငံအေနနဲ႔ ပစ္မွတ္ထားတဲ့ပုံစံနဲ႔ “မဲေခါင္ျမစ္ေၾကာင္း မဟာဗ်ဴဟာ (Mekong River Strategy)” ကို စတင္က်င့္သုံးလာၿပီး မၾကာခင္ကဖန္တီးလိုက္တဲ့ “ေအာက္ပိုင္းမဲေခါင္ပူးေပါင္းေဆာင္႐ြက္ေရး (Lower Mekong Initiative)” လိုပဲ ေရအရင္းအျမစ္ေတြကို စတင္ေလ့လာျပဳစုလာပါတယ္။

“တ႐ုတ္ႏိုင္ရဲ႕ေရေလွာင္တမံၿခိမ္းေျခာက္မႈ သီအိုရီနဲ႔ တ႐ုတ္ႏိုင္ငံရဲ႕ သဘာဝပတ္ဝန္းက်င္ဖ်က္ဆီးေရး သီအိုရီ” ေတြကို ဆက္လက္ၿပီး မွားယြင္းစြာနဲ႔ ခ်ဲ႕ကားပုံေဖာ္ေနပါတယ္။ ၂ဝ၂ဝ ျပည့္ႏွစ္မွာ ေဒၚနယ္ထရန႔္အစိုးရအေနနဲ႔ မဲေခါင္ေဒသ ၅ ႏိုင္ငံ၊ အာဆီယံအတြင္းေရးမႉး႐ုံး တို႔ပါဝင္တဲ့ “မဲေခါင္-အေမရိကန္ မိတ္ဖက္ပူးေပါင္းေဆာင္႐ြက္ ေရး” ကို တည္ေထာင္ခဲ့ပါတယ္။ မဲေခါင္ေရအရင္းအျမစ္စီမံကိန္းမွာ ေရရွည္ရင္းႏွီးျမဳပ္ႏွံခဲ့ေပမယ့္ ေဒၚနယ္ထရန႔္ အစိုးရလက္ထက္မွာ အိုဗားမာလက္ထက္က ထက္စာရင္ ရင္းႏွီးျမဳပ္ႏွံမႈနည္းပါးခဲ့ၿပီး တ႐ုတ္ႏိုင္ငံကိုဆန႔္က်င္တဲ့ “မဲေခါင္ေရေၾကာင္း ျပည္သူ႔အျမင္ေရးရာစစ္ပြဲကို အရင္းႏွီးနည္းတဲ့ အျမင္ေရးရာစစ္ပြဲတစ္ရပ္အေနနဲ႔သာ ဖန္တီး ခဲ့ပါတယ္။ အဲဒီအခ်ိန္က Stimson Centre နဲ႔ Eye of the Earth စတင္ဝင္ေရာက္ေတာ့မယ့္ကာလလည္း ျဖစ္ပါတယ္။

၂ဝ၂၁ ခုႏွစ္ ေဖေဖာ္ဝါရီလအတြင္း အေမရိကန္ႏိုင္ငံျခားေရးဌာန ေျပာေရးဆိုခြင့္ရွိသူ Price က ဘိုင္ဒင္အစိုးရအေနနဲ႔ ထရန႔္အစိုးရတည္ေထာင္ေထာက္ပံ့ခဲ့တဲ့ ေစာင့္ၾကည့္ေလ့လာေရးဆိုင္ရာကိစၥရပ္ေတြကို ဆက္လက္လုပ္ေဆာင္သြားမွာျဖစ္ၿပီး မဲေခါင္ျမစ္အထက္ပိုင္းမွာ တ႐ုတ္ႏိုင္ငံရဲ႕လုပ္ေဆာင္မႈတိုင္းကို အေလးထားေစာင့္ ၾကည့္သြားမယ္လို႔ေျပာခဲ့ပါတယ္။ ၂ဝ၂၁ ခုႏွစ္ ၾသဂုတ္လ စင္ကာပူခရီးစဥ္အတြင္း အေမရိကန္ႏိုင္ငံ ဒုတိယ သမၼတ Harris က “မဲေခါင္-အေမရိကန္မိတ္ဖက္ပူးေပါင္းေရး” ဟာ အေမရိကန္ႏိုင္ငံရဲ႕ ”အင္ဒိုပစိဖိတ္ မဟာ ဗ်ဴဟာ” ရဲ႕ အေရးပါးတဲ့ အစိတ္အပိုင္းတစ္ရပ္ျဖစ္သလို တ႐ုတ္ႏိုင္ငံ ထိန္းခ်ဴပ္ေရးမဟာဗ်ဴဟာရဲ႕အေရးပါတဲ့ အစိတ္အပိုင္းလည္းျဖစ္ေၾကာင္း ေၾကညာသြားခဲ့ပါတယ္။


သုေတသနစာရင္းေတြအရ ၂ဝဝ၉-၂ဝ၂၁ ခုႏွစ္အတြင္း အေမရိကန္အစိုးရအေနနဲ႔ မဲေခါင္မိတ္ဖက္ႏိုင္ငံေတြကို ႏွစ္ႏိုင္ငံနဲ႔ေဒသတြင္းအေနနဲ႔ အေမရိကန္ေဒၚလာ ၄ ဒသမ ၃ ဘီလ်ံ ေထာက္ပံ့ေပးခဲ့ၿပီး အေမရိကန္ေဒၚလာ ၄ ဘီလ်ံနီးပါးဟာ အေမရိကန္ႏိုင္ငံျခားေရးဝန္ႀကီးဌာန (Statement Department) နဲ႔ အေမရိကန္ႏိုင္ငံတကာဖြံ႕ ၿဖိဳးတိုးတက္မႈေအဂ်င္စီ (Agency for International Development) တို႔က ေထာက္ပံ့တာျဖစ္ၿပီး ေထာက္ပံ့ေငြ အမ်ားစုက NGO ေတြကို ေထာက္ပံ့ခဲ့တာျဖစ္ပါတယ္။
အေမရိကန္ႏိုင္ငံရဲ႕ “မဲေခါင္ေရေၾကာင္း ျပည္သူ႔အျမင္သေဘာထားေရးရာစစ္ပြဲ” နည္းလမ္းေတြနဲ႔ဇာတ္လမ္း ဆင္တာေတြကို ပတ္သက္ဖူးသူေတြ အေတာ္အသင့္သိထားၾကသလို အေမရိကန္ႏိုင္ငံဟာ သက္ဆိုင္ရာႏိုင္ငံ ေတြ စိတ္မေက်မခ်မ္းျဖစ္ေအာင္လည္း လုပ္ေဆာင္ေလ့ရွိပါတယ္။ မၾကာခင္ႏွစ္မ်ားအတြင္းက မဲေခါင္ျမစ္ဝွမ္း ေဒသအဖြဲ႕ဝင္ ၆ ႏိုင္ငံရဲ႕ ေရအရင္းအျမစ္ ထိန္းသိမ္းေရးအာဏာပိုင္ေတြက မဲေခါင္ေဒသအဖြဲ႕ဝင္ႏိုင္ငံမ်ား အေနနဲ႔ ညႇိႏႈိင္းေဆြးေႏြးတာေတြ၊ အေတြ႕အႀကဳံဖလွယ္တာေတြ၊ စီမံကိန္းေတြမွာ ပူးေပါင္းေဆာင္႐ြက္တာေတြ၊ အျပန္အလွန္ယုံၾကည္မႈျမႇင့္တင္တာေတြ၊ လန္ခ်န္ - မဲေခါင္ ေရအရင္းအျမစ္ဆိုင္ရာ ပူးေပါင္းေဆာင္႐ြက္မႈအဆင့္ ျမႇင့္တင္တာေတြ လုပ္သြားၾကမယ္ဆိုၿပီး ထပ္ေလာင္းအတည္ျပဳထားၾကပါတယ္။

တ႐ုတ္ႏိုင္ငံ ႏိုင္ငံျခားေရးဝန္ႀကီးဌာနအေနနဲ႔လည္း အဆိုပါကိစၥရပ္ေတြိမၾကာခဏ ထုတ္ေဖာ္ေျပာၾကားထား ပါတယ္။ ၂ဝ၁၉ ခုႏွစ္ကစၿပီး အေမရိကန္ႏိုင္ငံအေနနဲ႔ မဲေခါင္ျမစ္ရဲ႕ေရအရင္းအျမစ္ကိစၥေတြနဲ႔ပတ္သက္ၿပီး မဟုတ္မမွန္ ခ်ဲ႕ကားပုံေဖာ္တာေတြ၊ လူအမ်ားအာ႐ုံစိုက္တဲ့ကိစၥျဖစ္လာေအာင္ ဖန္တီးတာေတြ၊ ေဒသဆက္ဆံ ေရးထူေထာင္တာေတြ၊ လန္ခ်န္ - မဲေခါင္ ပူးေပါင္းေဆာင္႐ြက္မႈ အားေလ်ာ့သြားေအာင္ေဆာင္႐ြက္တာေတြကို ၂ဝ၁၉ ခုႏွစ္ကစၿပီး လုပ္ေဆာင္ခဲ့ၾကပါတယ္။

လန္ခ်န္-မဲေခါင္ေရအရင္းအျမစ္ပူးေပါင္းေဆာင္႐ြက္ေရးနဲ႔ ေရေၾကာင္းဆိုင္ရာသံတမန္ေရးရာကို ႏွစ္ရွည္လမ်ား ေလ့လာခဲ့သူ၊ Fudan University ရဲ႕ BRI အုပ္ခ်ဳပ္မႈမ်ား ေလ့လာေရးုသုေတသနဌာန (Belt and Road and Global governance Research Institute) လက္ေထာက္သုေတသနမႉး Zhang Li က လက္ရွိအခ်ိန္မွာေတာ့ အေမရိကန္ႏိုင္ငံအေနနဲ႔ “ေရေၾကာင္းဆိုင္ရာျပည္သူ႔အျမင္သေဘာထားေရးရာ စစ္ပြဲ” ကို အေစာပိုင္း စီးပြားေရး နဲ႔ သဘာဝအရင္းအျမစ္နယ္ပယ္မွ အင္ဒို-ပိစိဖိတ္မဟာဗ်ဴဟာ အစိတ္အပိုင္း တစ္ရပ္အေနနဲ႔ေျပာင္းလဲသြားခဲ့ၿပီ ျဖစ္ေၾကာင္းနဲ႔ သုေတသနအဖြဲ႕အစည္းေတြ၊ မီဒီယာေတြ၊ အစိုးရမဟုတ္တဲ့အဖြဲ႕ေတြ စတဲ့ “three-frequency resonance” အဖြဲ႕ေတြရဲ႕အကူအညီနဲ႔ တ႐ုတ္ႏိုင္ငံကိုဆန႔္က်င္တဲ့ “ေရအရင္းအျမစ္ဆိုင္ရာျပည္သူ႔ သေဘာ ထားေရးရာစစ္ပြဲ” ကို စဥ္ဆက္မျပတ္လုပ္ေဆာင္ေနတာျဖစ္ေၾကာင္း Global Times ကို ေျပာၾကားခဲ့ပါတယ္။

တစ္ဖက္မွာလည္း အေမရိကန္ႏိုင္ငံအေနနဲ႔လည္း ယခင္အေစာပိုင္းႏွစ္က တည္ေထာင္ခဲ့တဲ့ “ေအာက္ပိုင္း မဲေခါင္ေဒသပူးေပါင္းေဆာင္႐ြက္ေရး (Lower Mekong Initiative) နဲ႔ ထပ္ၿပီး မြမ္းမံဖြဲ႕စည္းခဲ့တဲ့ “မဲေခါင္-အေမရိကန္မိတ္ဖက္ပူးေပါင္းေဆာင္႐ြက္ေရး (Mekong-U.S. Partnership) ေတြဟာ ဖြဲ႕စည္းတည္ေဆာက္ပုံအရ မျပည့္စုံသလို တိုးတက္မႈလည္းအားနည္းတဲ့ ပူးေပါင္းေဆာင္႐ြက္မႈေတြဆိုတာ သေဘာေပါက္နားလည္ထားၾကပါတယ္။

မဲေခါင္ျမစ္ေၾကာင္းအေရးဟာ တ႐ုတ္ႏိုင္ငံကို ဖိႏွိပ္ထိန္းခ်ဳပ္ဖို႔ အခြင့္အေရးတစ္ရပ္ယူဖို႔သာျဖစ္

လက္ေထာက္သုေတသနမႉး Zhang Li အေနနဲ႔ အေမရိကန္ႏိုင္ငံရဲ႕ မဲေခါင္ျမစ္ေၾကာင္းကိစၥကို “တ႐ုတ္-အေမရိကန္ ထိပ္တိုက္ေတြ႕ေရး စစ္ေျမျပင္အသစ္ထဲကို သြတ္သြင္းလိုက္တာဟာ မဲေခါင္ျမစ္ဝွမ္းေဒသ ၆ ႏိုင္ငံရဲ႕ ဘုံအက်ိဳးစီးပြားနဲ႔ မကိုက္ညီတဲ့အျပင္ ေရအရင္းအျမစ္ဆိုင္ရာျပႆနာေတြရဲ႕အေျခခံက်တဲ့ ေျဖရွင္းခ်က္ကို လည္း အက်ိဳးျဖစ္ထြန္းေစမွာ မဟုတ္ဘူးလို႔ ယုံၾကည္ေနပါတယ္။

Related news

© 2021. All rights reserved.