ကိုရီးယားအထည်ချုပ်စက်ရုံတစ်ခုက လုပ်သားသစ် ၆ဝဝ ခေါ်ယူ

1850

NP News - ဧပြီ ၁၈
ရန်ကုန်မြို့တွင် လုပ်ကိုင်နေသည့် ကိုရီးယားအထည်ချုပ်စက်ရုံဖြစ်သည့် Yangon Pan-Pacific International Co., LTD. (Y. P. I) က လုပ်သားသစ် ၆ဝဝ ခေါ်ယူကြောင်း ၎င်းတို့၏ ဖေ့ဘုတ်စာမျက်နှာတွင် ဧပြီလ ၁၈ ရက်က အသိပေးဖော်ပြထားသည်။
အဆိုပါ အထည်ချုပ်စက်ရုံတွင် လိုင်းအသစ်များထပ်မံတိုးချဲ့မည်ဖြစ်သည့်အတွက် အလုပ်လျှောက်လိုသူများအား စက်ရုံက တိုက်ရိုက်ခေါ်ယူခြင်းဖြစ်ပြီး အခြေခံလစာသည် ၅၂ဝဝ ကျပ်မှ စတင်မည်ဖြစ်ကြောင်း ထုတ်ပြန်ချက်အရ သိရသည်။ အခြေခံလစာ ၅၂ဝဝ ကျပ်သည် helper လစာဖြစ်ပြီး operator လစာသည် ကျွမ်းကျင်မှုအလိုက်ပိုများ သွားမည် ဖြစ်ကာ စနေနေ့တဝက်နှင့် တနင်္ဂနွေ နှင့် အစိုးရရုံးပိတ်ရက်များ ပိတ်မည်ဖြစ်ကြောင်း သိရသည်။
လိုင်းအသစ်အတွက် စက်ချုပ်ကျွမ်းကျင်(operator)၊ စက်ချုပ်ခေါင်းဆောင် (Leader)၊ Supervisor ၊ Chief Supervisor၊ Q.C ၊ Q.A၊ CAD၊ Pattern တို့လိုအပ်နေကြောင်း သိရသည်။
လျှောက်ထားသူသည် အသက် ၁၈ နှစ်ပြည့်ပြီးသူ ဖြစ်ရမည်ဖြစ်ပြီး မှတ်ပုံတင် /မိတ္တူ နှင့် လိုင်စင် ဓါတ်ပုံ ၂ ပုံသာ ယူလာပေးရမည်ဖြစ်ကြောင်း၊ အစိုးရ ရုံးပိတ်ရက်မှလွဲ၍ နေ့စဉ် နံနက် ၈ နာရီမှ ၁ဝ နာရီအထိ အင်တာဗျူးရှိကြောင်း သိရသည်။
ဝန်ထမ်းအားလုံးအတွက် ဖယ်ရီစီစဉ်ပေးခြင်း၊ ဆေးခန်းတွင် ဆရာဝန်နှင့်သူနာပြုတစ်ဦးအချိန်ပြည့်ရှိပြီး အခမဲ့ကုသ ပေးခြင်း၊ အတော်ဆုံးဝန်ထမ်းများကို ဆုချီးမြှင့်ခြင်း၊ လူမှုဖူလုံရေးအကျိုးခံစားခွင့်များပေးခြင်း၊ နှစ်စဉ် လုပ်သက်ဆုကြေးနှင့် သင်္ကြန်ဆုကြေးများစသဖြင့် ခံစားခွင့်များပေးမည်ဖြစ်ကြောင်း အသိပေးကြေညာထားသည်။
စက်ရုံသည် ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်ဆိပ်ကမ်းမြို့နယ်၊ မြေတိုင်း အမှတ်-၁၇၅ ဘီ-၄ ၊ ကနောင်မင်းသားကြီးလမ်း ကျီစုစက်မှုဇုန်တွင် ရှိကြောင်း သိရသည်။
Yangon Pan-Pacific International Co., LTD. (Y. P. I) သည် မြန်မာနိုင်ငံတွင် နှစ်ပေါင်း ၂ဝ ကျော် လုပ်ကိုင်လျက်ရှိပြီး လက်ရှိတွင် လုပ်သား ၁၄ဝဝ ရှိကြောင်း သိရသည်။

zawgyi version
ကိုရီးယားအထည္ခ်ဳပ္စက္႐ုံတစ္ခုက လုပ္သားသစ္ ၆ဝဝ ေခၚယူ
NP News - ဧၿပီ ၁၈
ရန္ကုန္ၿမိဳ႕တြင္ လုပ္ကိုင္ေနသည့္ ကိုရီးယားအထည္ခ်ဳပ္စက္႐ုံျဖစ္သည့္ Yangon Pan-Pacific International Co., LTD. (Y. P. I) က လုပ္သားသစ္ ၆ဝဝ ေခၚယူေၾကာင္း ၎တို႔၏ ေဖ့ဘုတ္စာမ်က္ႏွာတြင္ ဧၿပီလ ၁၈ ရက္က အသိေပးေဖာ္ျပထားသည္။
အဆိုပါ အထည္ခ်ဳပ္စက္႐ုံတြင္ လိုင္းအသစ္မ်ားထပ္မံတိုးခ်ဲ႕မည္ျဖစ္သည့္အတြက္ အလုပ္ေလွ်ာက္လိုသူမ်ားအား စက္႐ုံက တိုက္႐ိုက္ေခၚယူျခင္းျဖစ္ၿပီး အေျခခံလစာသည္ ၅၂ဝဝ က်ပ္မွ စတင္မည္ျဖစ္ေၾကာင္း ထုတ္ျပန္ခ်က္အရ သိရသည္။ အေျခခံလစာ ၅၂ဝဝ က်ပ္သည္ helper လစာျဖစ္ၿပီး operator လစာသည္ ကြၽမ္းက်င္မႈအလိုက္ပိုမ်ား သြားမည္ ျဖစ္ကာ စေနေန႔တဝက္ႏွင့္ တနဂၤေႏြ ႏွင့္ အစိုးရ႐ုံးပိတ္ရက္မ်ား ပိတ္မည္ျဖစ္ေၾကာင္း သိရသည္။
လိုင္းအသစ္အတြက္ စက္ခ်ဳပ္ကြၽမ္းက်င္(operator)၊ စက္ခ်ဳပ္ေခါင္းေဆာင္ (Leader)၊ Supervisor ၊ Chief Supervisor၊ Q.C ၊ Q.A၊ CAD၊ Pattern တို႔လိုအပ္ေနေၾကာင္း သိရသည္။
ေလွ်ာက္ထားသူသည္ အသက္ ၁၈ ႏွစ္ျပည့္ၿပီးသူ ျဖစ္ရမည္ျဖစ္ၿပီး မွတ္ပုံတင္ /မိတၱဴ ႏွင့္ လိုင္စင္ ဓါတ္ပုံ ၂ ပုံသာ ယူလာေပးရမည္ျဖစ္ေၾကာင္း၊ အစိုးရ ႐ုံးပိတ္ရက္မွလြဲ၍ ေန႔စဥ္ နံနက္ ၈ နာရီမွ ၁ဝ နာရီအထိ အင္တာဗ်ဴးရွိေၾကာင္း သိရသည္။
ဝန္ထမ္းအားလုံးအတြက္ ဖယ္ရီစီစဥ္ေပးျခင္း၊ ေဆးခန္းတြင္ ဆရာဝန္ႏွင့္သူနာျပဳတစ္ဦးအခ်ိန္ျပည့္ရွိၿပီး အခမဲ့ကုသ ေပးျခင္း၊ အေတာ္ဆုံးဝန္ထမ္းမ်ားကို ဆုခ်ီးျမႇင့္ျခင္း၊ လူမႈဖူလုံေရးအက်ိဳးခံစားခြင့္မ်ားေပးျခင္း၊ ႏွစ္စဥ္ လုပ္သက္ဆုေၾကးႏွင့္ သၾကၤန္ဆုေၾကးမ်ားစသျဖင့္ ခံစားခြင့္မ်ားေပးမည္ျဖစ္ေၾကာင္း အသိေပးေၾကညာထားသည္။
စက္႐ုံသည္ ရန္ကုန္တိုင္းေဒသႀကီး၊ ဒဂုံၿမိဳ႕သစ္ဆိပ္ကမ္းၿမိဳ႕နယ္၊ ေျမတိုင္း အမွတ္-၁၇၅ ဘီ-၄ ၊ ကေနာင္မင္းသားႀကီးလမ္း က်ီစုစက္မႈဇုန္တြင္ ရွိေၾကာင္း သိရသည္။
Yangon Pan-Pacific International Co., LTD. (Y. P. I) သည္ ျမန္မာႏိုင္ငံတြင္ ႏွစ္ေပါင္း ၂ဝ ေက်ာ္ လုပ္ကိုင္လ်က္ရွိၿပီး လက္ရွိတြင္ လုပ္သား ၁၄ဝဝ ရွိေၾကာင္း သိရသည္။