ပိတ်ဆို့နေသော နယ်စပ်ကုန်သွယ်ရေးအစား ရနောင်း-ကော့သောင်း-ရန်ကုန် သင်္ဘောလမ်းကြောင်းဖြင့် အစားထိုးရန် စီစဉ်

1940

ပီယ (NP News) - သြဂုတ် ၂၄
ရနောင်း-ကော့သောင်း-ရန်ကုန် သင်္ဘောလမ်းကြောင်းဖြင့်ကုန်သွယ်မှု လျင်မြန်ချောမွေ့စွာ ဆောင်ရွက်နိုင်ရန် စီစဉ်နေကြောင်း ဒေသခံစီးပွားရေး လုပ်ငန်းရှင်အချို့ထံ ဆက်သွယ်မေးမြန်းထားချက် အရသိရသည်။
အဆိုပါကုန်သွယ်ရေးကိစ္စနှင့်ပတ်သက်၍ အစည်းအဝေးကို ဩဂုတ်လ(၂၁)ရက်က ကော့သောင်းမြို့တွင် ပြုလုပ်ရာ ကူးသန်းရောင်းဝယ်ရေးဝန် ကြီးဌာန၊ ကုန်သွယ်ရေးဦးစီးဌာနမှ òန်ကြားရေးမှူးချုပ်နှင့် တာဝန်ရှိသူများ၊ ကော့သောင်း ခရိုင်ကုန်သည် ကြီးများအသင်း ဥက္ကဋ္ဌအပါအဝင် ပို့ကုန်/သွင်းကုန် လုပ်ငန်းရှင်(၃၃)ဦးနှင့် ဖိတ်ကြားထား သူများ စုစုပေါင်း (၆၀)ဦးခန့်တက်ရောက်ခဲ့ကြောင်းသိရသည်။
မြဝတီနယ်စပ်ကုန်သွယ်ရေးလမ်းကြောင်း ယာယီပိတ်ထားသဖြင့် ရနောင်း-ကော့သောင်း-ရန် ကုန် သင်္ဘော လမ်းကြောင်းကို လျင်မြန်ချောမွေ့စွာ ဆောင်ရွက်ရန်လိုကြောင်း၊ ယခုလက်ရှိ ကော့သောင်းမြို့၊ ရွှေဟင်္သာရပ်ကွက်၊ တော်ဝင်ဆိပ်ခံတံတားရှေ့ ရေပြင်တွင် ရပ်တန့်လျက်ရှိသည့်သင်္ဘောများ လျင်မြန်စွာထွက်ခွာနိုင်ရေးအတွက် ဦးစွာ ဆောင်ရွက်ရ မည်ဖြစ်ကြောင်း၊ ပို့ကုန်/ သွင်းကုန် လုပ်ငန်းရှင်များ အနေဖြင့် သင်္ဘောပေါ်တွင်ပါရှိသည့်ကုန်ပစ္စည်းများ ကို မှန်မှန်ကန်ကန်တင်ပြကြရန်လိုကြောင်း၊ နိုင်ငံတော်မှကန့်သတ်ထားသည့် ကုန်ပစ္စည်းများမှအပ ကျန်ကုန် ပစ္စည်း များကို လုပ်ထုံးလုပ်နည်းများနှင့်အညီ ဆောင်ရွက်ကာ ခွင့်ပြုပေးမည်ဖြစ်သည်ဟု ကုန်သွယ်ရေးဦးစီးဌာန ညွှန်ကြား ရေးမှူးချုပ် ဦးမြင့်သူရ ကပြောခဲ့ကြောင်းသိရသည်။
နိုင်ငံတော်မှခွင့်ပြုထားသည့် ပစ္စည်းများကိုသာ တင်သွင်း/တင်ပို့ရမည်ဖြစ်ပြီး ခွင့်ပြုမထားသော ပစ္စည်းများ ဖြစ်ပါက ထိရောက်စွာအရေးယူခံရမည်ဖြစ်ကာ လက်ရှိအခက်အခဲများကို ပေါင်းစပ်ဖြေရှင်းပြီးပါက နောင်တွင် ကုန်သွယ်မှု လွယ်ကူမြန်ဆန်စေရန် ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်းလည်း အဆိုပါ အစည်းအဝေးမှသိရသည်။
“ရနောင်းကုန်တွေက ကော့သောင်းကို ကဲ့လှေနဲ့လာမယ်ဆိုရင် လှေတစ်စင်းက တန် (၄၊ ၅)ထောင်ကျတော့ ကားအစီးသုံးရာစာအလေးချိန်ကို ကုန်ကဲ့ရမယ်ဆိုရင် ကုန်ကျစရိတ်ကအရမ်းမြင့်မယ်။ လှေကလည်းမလောက်ဘူးလေ။ ကြန့်ကြာမှုလည်း များမှာပေါ့။ အခက်အခဲဖြစ်နေတော့ အဲဒီကိစ္စကို လာ ကြည့်နေတာပေါ့။ တရားဝင်ကုန်တွေကို လွှတ်ဖို့လည်း လာကြည့်တာပေါ့”ဟု ကော့သောင်းမှ စီးပွားရေးလုပ် ငန်းရှင်တစ်ဦးကဆိုသည်။
နယ်စပ်ကုန်သွယ်ရေးမှ သွင်းကုန်တင် သွင်းသူများအနေဖြင့် ပို့ကုန်မှရရှိငွေ(Export Earning) ရှိပါက သွင်းကုန်လိုင်စင် ခွင့်ပြုပေးမည် ဖြစ်ကာ တင်သွင်းလိုသည့်ကုန်ပစ္စည်းအားလုံးအတွက် သွင်းကုန်လိုင်စင်လျှောက် ထားရန်လိုအပ်ပြီး ရနောင်းဆိပ်ကမ်းမှတင်သွင်းမည့်ကုမ္ပဏီများကို သွင်းကုန်လိုင်စင်များဦးစားပေး၍ ပိုမိုခွင့်ပြုပေးမည် ဖြစ်ကြောင်း၊ သင်္ဘောပိုင်ရှင်များ၊ ကုန်ပစ္စည်းပိုင်ရှင်များမှ သွင်းကုန်လိုင်စင်ယူ၍ တရားဝင်ကုန်သွယ်ရေးဆောင်ရွက် ရန်နှင့် ပုံမှန်အတိုင်း ကော့သောင်းကဲ့သို့ Check Point များတွင် စစ်ဆေးခံရန်လိုအပ်တော့မည်ဖြစ် ကြောင်းလည်း ထွက်ပေါ်နေသောသတင်းများအရ သိရသည်။

Zawgyi Version:
ပိတ္ဆို႔ေနေသာ နယ္စပ္ကုန္သြယ္ေရးအစား ရေနာင္း-ေကာ့ေသာင္း-ရန္ကုန္ သေဘၤာလမ္းေၾကာင္းျဖင့္ အစားထိုးရန္ စီစဥ္
ပီယ (NP News) - ၾသဂုတ္ ၂၄
ရေနာင္း-ေကာ့ေသာင္း-ရန္ကုန္ သေဘၤာလမ္းေၾကာင္းျဖင့္ကုန္သြယ္မႈ လ်င္ျမန္ေခ်ာေမြ႕စြာ ေဆာင္႐ြက္ႏိုင္ရန္ စီစဥ္ေနေၾကာင္း ေဒသခံစီးပြားေရး လုပ္ငန္းရွင္အခ်ိဳ႕ထံ ဆက္သြယ္ေမးျမန္းထားခ်က္ အရသိရသည္။
အဆိုပါကုန္သြယ္ေရးကိစၥႏွင့္ပတ္သက္၍ အစည္းအေဝးကို ဩဂုတ္လ(၂၁)ရက္က ေကာ့ေသာင္းၿမိဳ႕တြင္ ျပဳလုပ္ရာ ကူးသန္းေရာင္းဝယ္ေရးဝန္ ႀကီးဌာန၊ ကုန္သြယ္ေရးဦးစီးဌာနမွ òန္ၾကားေရးမႉးခ်ဳပ္ႏွင့္ တာဝန္ရွိသူမ်ား၊ ေကာ့ေသာင္း ခ႐ိုင္ကုန္သည္ ႀကီးမ်ားအသင္း ဥကၠ႒အပါအဝင္ ပို႔ကုန္/သြင္းကုန္ လုပ္ငန္းရွင္(၃၃)ဦးႏွင့္ ဖိတ္ၾကားထား သူမ်ား စုစုေပါင္း (၆၀)ဦးခန႔္တက္ေရာက္ခဲ့ေၾကာင္းသိရသည္။
ျမဝတီနယ္စပ္ကုန္သြယ္ေရးလမ္းေၾကာင္း ယာယီပိတ္ထားသျဖင့္ ရေနာင္း-ေကာ့ေသာင္း-ရန္ ကုန္ သေဘၤာ လမ္းေၾကာင္းကို လ်င္ျမန္ေခ်ာေမြ႕စြာ ေဆာင္႐ြက္ရန္လိုေၾကာင္း၊ ယခုလက္ရွိ ေကာ့ေသာင္းၿမိဳ႕၊ ေ႐ႊဟသၤာရပ္ကြက္၊ ေတာ္ဝင္ဆိပ္ခံတံတားေရွ႕ ေရျပင္တြင္ ရပ္တန႔္လ်က္ရွိသည့္သေဘၤာမ်ား လ်င္ျမန္စြာထြက္ခြာႏိုင္ေရးအတြက္ ဦးစြာ ေဆာင္႐ြက္ရ မည္ျဖစ္ေၾကာင္း၊ ပို႔ကုန္/ သြင္းကုန္ လုပ္ငန္းရွင္မ်ား အေနျဖင့္ သေဘၤာေပၚတြင္ပါရွိသည့္ကုန္ပစၥည္းမ်ား ကို မွန္မွန္ကန္ကန္တင္ျပၾကရန္လိုေၾကာင္း၊ ႏိုင္ငံေတာ္မွကန႔္သတ္ထားသည့္ ကုန္ပစၥည္းမ်ားမွအပ က်န္ကုန္ ပစၥည္း မ်ားကို လုပ္ထုံးလုပ္နည္းမ်ားႏွင့္အညီ ေဆာင္႐ြက္ကာ ခြင့္ျပဳေပးမည္ျဖစ္သည္ဟု ကုန္သြယ္ေရးဦးစီးဌာန ၫႊန္ၾကား ေရးမႉးခ်ဳပ္ ဦးျမင့္သူရ ကေျပာခဲ့ေၾကာင္းသိရသည္။
ႏိုင္ငံေတာ္မွခြင့္ျပဳထားသည့္ ပစၥည္းမ်ားကိုသာ တင္သြင္း/တင္ပို႔ရမည္ျဖစ္ၿပီး ခြင့္ျပဳမထားေသာ ပစၥည္းမ်ား ျဖစ္ပါက ထိေရာက္စြာအေရးယူခံရမည္ျဖစ္ကာ လက္ရွိအခက္အခဲမ်ားကို ေပါင္းစပ္ေျဖရွင္းၿပီးပါက ေနာင္တြင္ ကုန္သြယ္မႈ လြယ္ကူျမန္ဆန္ေစရန္ ေဆာင္႐ြက္ေပးသြားမည္ျဖစ္ေၾကာင္းလည္း အဆိုပါ အစည္းအေဝးမွသိရသည္။
“ရေနာင္းကုန္ေတြက ေကာ့ေသာင္းကို ကဲ့ေလွနဲ႔လာမယ္ဆိုရင္ ေလွတစ္စင္းက တန္ (၄၊ ၅)ေထာင္က်ေတာ့ ကားအစီးသုံးရာစာအေလးခ်ိန္ကို ကုန္ကဲ့ရမယ္ဆိုရင္ ကုန္က်စရိတ္ကအရမ္းျမင့္မယ္။ ေလွကလည္းမေလာက္ဘူးေလ။ ၾကန႔္ၾကာမႈလည္း မ်ားမွာေပါ့။ အခက္အခဲျဖစ္ေနေတာ့ အဲဒီကိစၥကို လာ ၾကည့္ေနတာေပါ့။ တရားဝင္ကုန္ေတြကို လႊတ္ဖို႔လည္း လာၾကည့္တာေပါ့”ဟု ေကာ့ေသာင္းမွ စီးပြားေရးလုပ္ ငန္းရွင္တစ္ဦးကဆိုသည္။
နယ္စပ္ကုန္သြယ္ေရးမွ သြင္းကုန္တင္ သြင္းသူမ်ားအေနျဖင့္ ပို႔ကုန္မွရရွိေငြ(Export Earning) ရွိပါက သြင္းကုန္လိုင္စင္ ခြင့္ျပဳေပးမည္ ျဖစ္ကာ တင္သြင္းလိုသည့္ကုန္ပစၥည္းအားလုံးအတြက္ သြင္းကုန္လိုင္စင္ေလွ်ာက္ ထားရန္လိုအပ္ၿပီး ရေနာင္းဆိပ္ကမ္းမွတင္သြင္းမည့္ကုမၸဏီမ်ားကို သြင္းကုန္လိုင္စင္မ်ားဦးစားေပး၍ ပိုမိုခြင့္ျပဳေပးမည္ ျဖစ္ေၾကာင္း၊ သေဘၤာပိုင္ရွင္မ်ား၊ ကုန္ပစၥည္းပိုင္ရွင္မ်ားမွ သြင္းကုန္လိုင္စင္ယူ၍ တရားဝင္ကုန္သြယ္ေရးေဆာင္႐ြက္ ရန္ႏွင့္ ပုံမွန္အတိုင္း ေကာ့ေသာင္းကဲ့သို႔ Check Point မ်ားတြင္ စစ္ေဆးခံရန္လိုအပ္ေတာ့မည္ျဖစ္ ေၾကာင္းလည္း ထြက္ေပၚေနေသာသတင္းမ်ားအရ သိရသည္။