ရွေးကောက်ပွဲကျင်းပနိုင်ရေးကိစ္စများနှင့်ပတ်သက်၍ တရုတ်သံအမတ်နှင့် ရွေးကောက်ပွဲကော်မရှင်တို့ တွေ့ဆုံ

 802

မျိုးကြီး (NP News) - ဧပြီ ၂ဝ
ရွေးကောက်ပွဲကျင်းပနိုင်ရေးကိစ္စများနှင့်ပတ်သက်၍ မြန်မာနိုင်ငံဆိုင်ရာတရုတ်သံအမတ် မစ္စတာချန်းဟိုင်နှင့် ပြည်ထောင်စုရွေးကောက်ပွဲကော် မရှင်ဥက္ကဋ္ဌဦးသိန်းစိုးတို့ တွေ့ဆုံဆွေးနွေးခဲ့ကြောင်း သတင်းရရှိသည်။

တရုတ်သံအမတ်နှင့် ရွေးကောက်ပွဲကော်မရှင်တို့သည် ဧပြီလ ၁၉ ရက်က နေပြည်တော်ရှိ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ရုံးတွင် တွေ့ ဆုံဆွေးနွေးခဲ့ကြောင်း နစက၏ ပြန်ကြားရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ထားသည်။

ထိုသို့တွေ့ဆုံရာတွင် သံအမတ်မစ္စတာချန်းဟိုင်က ကော်မရှင်အနေဖြင့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ရှေ့လုပ်ငန်းစဉ်(၅)ရပ်နှင့်အညီ ဆောင်ရွက်နေမှု၊ ဆက်လက်ဆောင်ရွက်မည့်အခြေအနေနှင့် နိုင်ငံရေးပါတီများနှင့်ပတ်သက်၍ စစ်ဆေးဆောင်ရွက်နေမှုတို့ကို ထည့်သွင်းမေး မြန်းခဲ့ကြောင်း သိရသည်။

ထို့ပြင် ကော်မရှင်ဥက္ကဋ္ဌဦးသိန်းစိုးက လက်ရှိဆောင်ရွက်နေသည့်အခြေ အနေများ၊ ရွေးကောက်ပွဲကျင်းပနိုင်ရေးအတွက် ဥပဒေ၊ နည်းဥပဒေများ ပြင်ဆင်ပြဋ္ဌာန်းနိုင်ရေးဆောင်ရွက်ခြင်း၊ မဲဆန္ဒရှင်စာရင်းများပြုစုခြင်းများကိုဆောင်ရွက်လျက်ရှိသည့် အခြေအနေများ၊ နိုင်ငံရေးပါတီများအား စစ်ဆေးဆောင်ရွက်နေမှုနှင့် တရုတ်-မြန်မာ ရင်းနှီးစွာပူးပေါင်းဆောင် ရွက်နိုင်မည့် အခြေအနေများကို ဆွေးနွေးခဲ့ကြောင်း သိရသည်။

နစကသည် အထွေထွေရွေးကောက်ပွဲကို ၂ဝ၂၃ ခုနှစ်တွင် ကျင်းပပေးနိုင်ရန် ရည်ရွယ်ထားကြောင်း ပြောဆိုထားပြီး လက်ရှိတွင် မဲစာရင်းပြုစုခြင်းလုပ်ငန်းများကို စတင်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

လက်ရှိ မြန်မာ့နိုင်ငံရေးအခြေအနေများကြောင့် အထွေထွေရွေး ကောက်ပွဲတစ်ရပ်ကို အောင်မြင်စွာကျင်းပနိုင်ရန်မှာ အခက်အခဲရှိနိုင်ကြောင်း သုံးသပ်ပြောဆိုမှုများလည်းရှိနေသည်။

zawgyi version
ေ႐ြးေကာက္ပြဲက်င္းပႏိုင္ေရးကိစၥမ်ားႏွင့္ပတ္သက္၍ တ႐ုတ္သံအမတ္ႏွင့္ ေ႐ြးေကာက္ပြဲေကာ္မရွင္တို႔ ေတြ႕ဆုံ
မ်ိဳးႀကီး (NP News) - ဧၿပီ ၂ဝ

ေ႐ြးေကာက္ပြဲက်င္းပႏိုင္ေရးကိစၥမ်ားႏွင့္ပတ္သက္၍ ျမန္မာႏိုင္ငံဆိုင္ရာတ႐ုတ္သံအမတ္ မစၥတာခ်န္းဟိုင္ႏွင့္ ျပည္ေထာင္စုေ႐ြးေကာက္ပြဲေကာ္ မရွင္ဥကၠ႒ဦးသိန္းစိုးတို႔ ေတြ႕ဆုံေဆြးေႏြးခဲ့ေၾကာင္း သတင္းရရွိသည္။

တ႐ုတ္သံအမတ္ႏွင့္ ေ႐ြးေကာက္ပြဲေကာ္မရွင္တို႔သည္ ဧၿပီလ ၁၉ ရက္က ေနျပည္ေတာ္ရွိ ျပည္ေထာင္စုေ႐ြးေကာက္ပြဲေကာ္မရွင္႐ုံးတြင္ ေတြ႕ ဆုံေဆြးေႏြးခဲ့ေၾကာင္း နစက၏ ျပန္ၾကားေရးဝန္ႀကီးဌာနက သတင္းထုတ္ျပန္ထားသည္။

ထိုသို႔ေတြ႕ဆုံရာတြင္ သံအမတ္မစၥတာခ်န္းဟိုင္က ေကာ္မရွင္အေနျဖင့္ ႏိုင္ငံေတာ္စီမံအုပ္ခ်ဳပ္ေရးေကာင္စီ၏ ေရွ႕လုပ္ငန္းစဥ္(၅)ရပ္ႏွင့္အညီ ေဆာင္႐ြက္ေနမႈ၊ ဆက္လက္ေဆာင္႐ြက္မည့္အေျခအေနႏွင့္ ႏိုင္ငံေရးပါတီမ်ားႏွင့္ပတ္သက္၍ စစ္ေဆးေဆာင္႐ြက္ေနမႈတို႔ကို ထည့္သြင္းေမး ျမန္းခဲ့ေၾကာင္း သိရသည္။

ထို႔ျပင္ ေကာ္မရွင္ဥကၠ႒ဦးသိန္းစိုးက လက္ရွိေဆာင္႐ြက္ေနသည့္အေျခ အေနမ်ား၊ ေ႐ြးေကာက္ပြဲက်င္းပႏိုင္ေရးအတြက္ ဥပေဒ၊ နည္းဥပေဒမ်ား ျပင္ဆင္ျပ႒ာန္းႏိုင္ေရးေဆာင္႐ြက္ျခင္း၊ မဲဆႏၵရွင္စာရင္းမ်ားျပဳစုျခင္းမ်ားကိုေဆာင္႐ြက္လ်က္ရွိသည့္ အေျခအေနမ်ား၊ ႏိုင္ငံေရးပါတီမ်ားအား စစ္ေဆးေဆာင္႐ြက္ေနမႈႏွင့္ တ႐ုတ္-ျမန္မာ ရင္းႏွီးစြာပူးေပါင္းေဆာင္ ႐ြက္ႏိုင္မည့္ အေျခအေနမ်ားကို ေဆြးေႏြးခဲ့ေၾကာင္း သိရသည္။

နစကသည္ အေထြေထြေ႐ြးေကာက္ပြဲကို ၂ဝ၂၃ ခုႏွစ္တြင္ က်င္းပေပးႏိုင္ရန္ ရည္႐ြယ္ထားေၾကာင္း ေျပာဆိုထားၿပီး လက္ရွိတြင္ မဲစာရင္းျပဳစုျခင္းလုပ္ငန္းမ်ားကို စတင္ေဆာင္႐ြက္လ်က္ရွိေၾကာင္း သိရသည္။

လက္ရွိ ျမန္မာ့ႏိုင္ငံေရးအေျခအေနမ်ားေၾကာင့္ အေထြေထြေ႐ြး ေကာက္ပြဲတစ္ရပ္ကို ေအာင္ျမင္စြာက်င္းပႏိုင္ရန္မွာ အခက္အခဲရွိႏိုင္ေၾကာင္း သုံးသပ္ေျပာဆိုမႈမ်ားလည္းရွိေနသည္။

Related news

© 2021. All rights reserved.