မြောက်ကိုရီးယားတပ်ဖွဲ့တွေကို အင်အားတောင့်တင်းဖို့ နဲ့ စွမ်းရည်ပိုကောင်းမွန်အောင်လုပ်ဆောင်ဖို့ မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအမ်တောင်းဆို

 532

ဂျန်ဇက် (NP News) - ဧပြီ ၂၉
မြောက်ကိုရီးယား တပ်ဖွဲ့များအနေနဲ့ရန်သူကို ချေမှုန်းတိုက်ခိုက်နိုင်အောင် ၄င်းတို့ရဲ့စွမ်းရည်နဲ့တောင့်တင်းမှုများကို ပိုမိုကောင်းမွန်စေဖို့ နည်းလမ်းပေါင်းစုံ အသုံးပြုလုပ်ဆောင်ရမယ်လို့ မြောက်ကိုရီးယား ခေါင်းဆောင်ကင်ဂျုံအမ်က တိုက်တွန်းတောင်းဆိုလိုက်ပါတယ်။

မြောက်ကိုရီးယားနိုင်ငံပိုင် မီဒီယာများရဲ့ဖော်ပြချက်အရ မြောက်ကိုရီးယားခေါင်းဆောင်ဟာ ပြီးခဲ့တဲ့ရက်ပိုင်းကကျင်းပခဲ့တဲ့ နှစ် ၉ဝ ပြည့်တပ် မတော်နေ့အခမ်းနားမှာ မိန့်ခွန်းပြောဆိုချိန်အတွင်း အခုလိုမျိုးပြောဆိုသွားခဲ့တာဖြစ်ကြောင်းသိရပါတယ်။ မြောက်ကိုရီးယားနိုင်ငံဟာ နျူကလီးယားစမ်းသပ်မှုများ ပိုမိုလုပ်ဆောင်လာဖွယ်ရှိနေကြောင်း သတင်းများကဆိုပါတယ်။

မြောက်ကိုရီးယားဟာအဆိုပါ တပ်မတော်နေ့ စစ်ရေးပြအခမ်းအနားမှာ Hwasong-17 အမည်ရှိ တိုက်ချင်းပစ်ပဲ့ထိန်းဒုံးကျည်အပါအဝင်နောက် ဆုံးပေါ်လက်နက်အများအပြားကို ခင်းကျင်းပြသသွားခဲ့ကြောင်းသိရပါတယ်။ မြောက်ကိုရီးယားဟာ ဒီနှစ် နှစ်ဦးပိုင်းတည်းက ဒုံးကျည်စမ်း သပ်မှုများ မကြာခဏလုပ်ဆောင်ခဲ့ပြီး အသံထက်မြန်တဲ့ ဒုံးကျည်ကိုလည်း စမ်းသပ်ခဲ့ကြောင်းသိရပါတယ်။

မြောက်ကိုရီးယားခေါင်းဆောင်က "မြောက်ကိုရီးယား စစ်တပ်ကိုလက်ရှိထက် ပိုမိုဖွံ့ဖြိုးတိုးတက်ဖို့၊ ခေတ်မီဖို့ နဲ့ သူရဲကောင်းပီသအောင်လုပ် ဆောင်ရမယ်။ ဒါ့အပြင်စစ်တပ်ကို နည်းပညာပိုင်း အကောင်းဆုံးဖြစ်အောင် လုပ်ဆောင်ရမယ်"လို့ပြောခဲ့ပါတယ်။ မြောက်ကိုရီးယားခေါင်း ဆောင်က ၄င်းတို့လက်နက်များဟာ မိမိကိုယ်ကို ကာကွယ်ဖို့ဖြစ် ကြောင်း၊ နျူကလီးယားတပ်ဖွဲ့များအနေနဲ့ စစ်ပွဲကိုဟန့်တားခြင်းအပြင် နိုင်ငံရဲ့အကျိုးစီးပွားကို ကာကွယ်နိုင်ဖို့ကြိုးပမ်းလုပ်ဆောင်ရမှာဖြစ် ကြောင်း ပြောပါတယ်။ မြောက်ကိုရီးယားနိုင်ငံဟာ အဆောက်အဦးအသစ်များတည်ဆောက်ထားပြီး အဲဒီအဆောက်ဦး ဝင်ပေါက်နားမှာ စစ်လက်နက်ပစ္စည်းများတင်ဆောင်လှုပ်ရှားမှုများ ပိုမိုလုပ်နေရာနျူက လီးယားစမ်းသပ်ဖို့ စီစဉ်နေခြင်းဖြစ်ဖွယ်ရှိတယ်လို့ သုံးသပ်မှုများလည်း ထွက်ပေါ်နေပါတယ်။

CSIS က မြောက်ကိုရီးယားနိုင်ငံရဲ့ (၇) ကြိမ်မြောက်နျူကလီးယားစမ်း သပ်ရေးဟာ ခေါင်းဆောင်ဖြစ်သူ ကင်ဂျုံအမ်ရဲ့ ပုဂ္ဂိုလ်ရေးဆိုင်ရာ ဆုံး ဖြတ်ချက်တွေအပေါ် မူတည်လျက်ရှိနေကြောင်း သတင်းများကပြောပါတယ်။

https://www.thenationalnews.com/world/2022/04/29/kim-jong-un-promises-development-of-north-koreas-nuclear-arsenal/

zawgyi version
ေျမာက္ကိုရီးယားတပ္ဖြဲ႕ေတြကို အင္အားေတာင့္တင္းဖို႔ နဲ႔ စြမ္းရည္ပိုေကာင္းမြန္ေအာင္လုပ္ေဆာင္ဖို႔ ေျမာက္ကိုရီးယားေခါင္းေဆာင္ ကင္ဂ်ဳံအမ္ေတာင္းဆို
ဂ်န္ဇက္ (NP News) - ဧၿပီ ၂၉

ေျမာက္ကိုရီးယား တပ္ဖြဲ႕မ်ားအေနနဲ႔ရန္သူကို ေခ်မႈန္းတိုက္ခိုက္ႏိုင္ေအာင္ ၄င္းတို႔ရဲ႕စြမ္းရည္နဲ႔ေတာင့္တင္းမႈမ်ားကို ပိုမိုေကာင္းမြန္ေစဖို႔ နည္းလမ္းေပါင္းစုံ အသုံးျပဳလုပ္ေဆာင္ရမယ္လို႔ ေျမာက္ကိုရီးယား ေခါင္းေဆာင္ကင္ဂ်ဳံအမ္က တိုက္တြန္းေတာင္းဆိုလိုက္ပါတယ္။

ေျမာက္ကိုရီးယားႏိုင္ငံပိုင္ မီဒီယာမ်ားရဲ႕ေဖာ္ျပခ်က္အရ ေျမာက္ကိုရီးယားေခါင္းေဆာင္ဟာ ၿပီးခဲ့တဲ့ရက္ပိုင္းကက်င္းပခဲ့တဲ့ ႏွစ္ ၉ဝ ျပည့္တပ္ မေတာ္ေန႔အခမ္းနားမွာ မိန႔္ခြန္းေျပာဆိုခ်ိန္အတြင္း အခုလိုမ်ိဳးေျပာဆိုသြားခဲ့တာျဖစ္ေၾကာင္းသိရပါတယ္။ ေျမာက္ကိုရီးယားႏိုင္ငံဟာ န်ဴကလီးယားစမ္းသပ္မႈမ်ား ပိုမိုလုပ္ေဆာင္လာဖြယ္ရွိေနေၾကာင္း သတင္းမ်ားကဆိုပါတယ္။

ေျမာက္ကိုရီးယားဟာအဆိုပါ တပ္မေတာ္ေန႔ စစ္ေရးျပအခမ္းအနားမွာ Hwasong-17 အမည္ရွိ တိုက္ခ်င္းပစ္ပဲ့ထိန္းဒုံးက်ည္အပါအဝင္ေနာက္ ဆုံးေပၚလက္နက္အမ်ားအျပားကို ခင္းက်င္းျပသသြားခဲ့ေၾကာင္းသိရပါတယ္။ ေျမာက္ကိုရီးယားဟာ ဒီႏွစ္ ႏွစ္ဦးပိုင္းတည္းက ဒုံးက်ည္စမ္း သပ္မႈမ်ား မၾကာခဏလုပ္ေဆာင္ခဲ့ၿပီး အသံထက္ျမန္တဲ့ ဒုံးက်ည္ကိုလည္း စမ္းသပ္ခဲ့ေၾကာင္းသိရပါတယ္။

ေျမာက္ကိုရီးယားေခါင္းေဆာင္က "ေျမာက္ကိုရီးယား စစ္တပ္ကိုလက္ရွိထက္ ပိုမိုဖြံ႕ၿဖိဳးတိုးတက္ဖို႔၊ ေခတ္မီဖို႔ နဲ႔ သူရဲေကာင္းပီသေအာင္လုပ္ ေဆာင္ရမယ္။ ဒါ့အျပင္စစ္တပ္ကို နည္းပညာပိုင္း အေကာင္းဆုံးျဖစ္ေအာင္ လုပ္ေဆာင္ရမယ္"လို႔ေျပာခဲ့ပါတယ္။ ေျမာက္ကိုရီးယားေခါင္း ေဆာင္က ၄င္းတို႔လက္နက္မ်ားဟာ မိမိကိုယ္ကို ကာကြယ္ဖို႔ျဖစ္ ေၾကာင္း၊ န်ဴကလီးယားတပ္ဖြဲ႕မ်ားအေနနဲ႔ စစ္ပြဲကိုဟန႔္တားျခင္းအျပင္ ႏိုင္ငံရဲ႕အက်ိဳးစီးပြားကို ကာကြယ္ႏိုင္ဖို႔ႀကိဳးပမ္းလုပ္ေဆာင္ရမွာျဖစ္ ေၾကာင္း ေျပာပါတယ္။ ေျမာက္ကိုရီးယားႏိုင္ငံဟာ အေဆာက္အဦးအသစ္မ်ားတည္ေဆာက္ထားၿပီး အဲဒီအေဆာက္ဦး ဝင္ေပါက္နားမွာ စစ္လက္နက္ပစၥည္းမ်ားတင္ေဆာင္လႈပ္ရွားမႈမ်ား ပိုမိုလုပ္ေနရာန်ဴက လီးယားစမ္းသပ္ဖို႔ စီစဥ္ေနျခင္းျဖစ္ဖြယ္ရွိတယ္လို႔ သုံးသပ္မႈမ်ားလည္း ထြက္ေပၚေနပါတယ္။

CSIS က ေျမာက္ကိုရီးယားႏိုင္ငံရဲ႕ (၇) ႀကိမ္ေျမာက္န်ဴကလီးယားစမ္း သပ္ေရးဟာ ေခါင္းေဆာင္ျဖစ္သူ ကင္ဂ်ဳံအမ္ရဲ႕ ပုဂၢိဳလ္ေရးဆိုင္ရာ ဆုံး ျဖတ္ခ်က္ေတြအေပၚ မူတည္လ်က္ရွိေနေၾကာင္း သတင္းမ်ားကေျပာပါတယ္။

https://www.thenationalnews.com/world/2022/04/29/kim-jong-un-promises-development-of-north-koreas-nuclear-arsenal/

Related news

© 2021. All rights reserved.