ရုပ်ရှင်အနုပညာလောက ပြန်လည်ရှင်သန်နိုးထလာမည်ကို မနာလိုသည့်ပုဂ္ဂိုလ်များက နှောင့်ယှက်ဟန့်တားနေဟုဆို

 5267

ရဲပြည့် - (NP News) မေ ၇
ရုပ်ရှင် အနုပညာလောက ပြန်လည် ရှင်သန်နိုးထလာမည်ကို မနာလိုမရှုဆိတ်သည့် ပုဂ္ဂိုလ်များက ရုပ်ရှင်ရုံများ ပြန်လည်ဖွင့်လှစ်ခြင်းအပေါ် နှောင့်ယှက်ဟန့်တားနေသည်ဟု ထင်မြင်မိကြောင်း ပြန်ကြားရေးဝန်ကြီးဌာန ပြည် ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်းက ပြောသည်။

ရုပ်ရှင်ရုံများ ပြန်လည်ဖွင့်လှစ်ပြသရာတွင် တွေ့ကြုံရသည့်အခက်အခဲများနှင့်ပတ်သက်၍ ပေါင်းစပ်ညှိနှိုင်းခြင်း အစည်းအဝေးကို မေလ ၆ ရက် မွန်းလွဲ ၁ နာရီက ရန်ကုန်မြို့၊ ဗဟန်းမြို့နယ်ရှိ ပြန်ကြားရေးနှင့် ပြည်သူ့ ဆက်ဆံရေးဦးစီးဌာန ရုပ်ရှင်မြှင့်တင်ရေး အစည်းအဝေးခန်းမတွင် ကျင်းပခဲ့ခြင်းဖြစ်သည်။

မြန်မာနိုင်ငံတွင် ကိုဗစ်ကပ်ရောဂါကြောင့် ၂ နှစ်ကျော်ကြာပိတ်ထားခဲ့ရသည့် ရုပ်ရှင်ရုံများကို ပြီးခဲ့သည့် ဧပြီလ ၁၇ ရက်(မြန်မာနှစ်ဆန်းတစ်ရက်နေ့) တွင် ပြန်လည် စတင်ဖွင့်လှစ်ခဲ့ခြင်းဖြစ်ပြီး ရုပ်ရှင်ရုံများ ပြန်လည်ဖွင့်လှစ် မည်ကို မလိုလားသူများမှ ရုပ်ရှင်ရုံများအနီးတွင် ဗုံးဖောက်ခွဲခြင်း၊ အသံဗုံးဖောက်ခွဲခြင်းများ လုပ်ဆောင်လျက်ရှိ သဖြင့် ရုပ်ရှင်ရုံများသို့ လာရောက်ကြည့်ရှုသူမှာ မရှိသလောက်နည်းပါးခဲ့သည်ကို တွေ့ရသည်။

ထို့ကြောင့် ရုပ်ရှင်ရုံများ ပြန်ဖွင့်ပြီးမကြာမီ တစ်လအတွင်း ပြန်လည်ဖွင့်လှစ်ထားသည့် ရုပ်ရှင်ရုံများအနက် အချို့ကို ယာယီ ပြန်လည်ပိတ်သွားမည်ဖြစ်ကြောင်း သတင်းများလည်း ထွက်ပေါ်လာခဲ့ခြင်းဖြစ်သည်။

ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်းက “အချို့သော အနုပညာရှင်များသည် အကြမ်းဖက်သမားများ၏ ခြိမ်းခြောက်ခြင်းများ နှင့် ရင်ဆိုင်နေရကြောင်း၊ ထိုသို့ကြားသိရသည့် အတွက် လွန်စွာ စိတ်မကောင်းဖြစ်မိကြောင်း၊ ရုပ်ရှင် အနုပညာလောက ပြန်လည် ရှင်သန်နိုးထလာမည်ကို မနာလိုသည့်ပုဂ္ဂိုလ် များက ရုပ်ရှင်ရုံများ ပြန်လည်ဖွင့်လှစ် ခြင်းအပေါ် နှောင့်ယှက်ဟန့်တားနေသည်ဟု ထင်မြင်မိကြောင်း၊ ယင်း ကြောင့် အနုပညာရှင်အသိုင်းအဝိုင်းအားလုံးက ပြည်သူများ ရုပ်ရှင်ကြည့်ရှုခံစားနိုင်ရန် နှင့် အနုပညာရှင်များ အား ယခင်ကကဲ့သို့ ချစ်ခင်နှစ်သက်စွာ အားပေးကြစေဖို့ လုပ်ဆောင်ပေးကြရန် လိုအပ်ကြောင်း၊ ယနေ့ခေတ် ကြုံတွေ့နေရသည့်အခက်အခဲများကို ပွင့်ပွင့်လင်းလင်း ဆွေးနွေးပေးကြပါရန် နှင့် မိမိတို့ဝန်ကြီးဌာနအနေဖြင့် ဝိုင်းဝန်းဖြေရှင်းကူညီဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

ထို့ပြင် ရုပ်ရှင်ရုံများ ပြန်လည်ဖွင့်လှစ်ပြသခွင့်ပြုခဲ့ခြင်းမှာ ရုပ်ရှင်လောကသားများ စားဝတ်နေရေး ပြေလည် စေရေး၊ ပြိုလဲလုနီးပါးဖြစ်ခဲ့သည့် ရုပ်ရှင်အနုပညာလုပ်ငန်းများ ပုံမှန်ပြန်လည် လှုပ်ရှားသက်ဝင်စေရေးနှင့် ရုပ်ရှင်ဇာတ်ကားထုတ်လုပ်သူများ နှင့် ရုပ်ရှင်ရုံပိုင်ရှင်များ၏လုပ်ငန်းများ ပြန်လည်အဆင်ပြေစေရေးတို့အတွက် ရည်ရွယ်ဆောင်ရွက်ခဲ့ခြင်းဖြစ်ပါကြောင်း၊ သို့ရာတွင် အခက်အခဲများနှင့် အဖျက်အမှောင့်များ ကြုံတွေ့နေရ သည့်အတွက် မျှော်မှန်းထားသလောက် ခရီးမရောက်သေးပါကြောင်း ၎င်းမှ ဆက်လက်ပြောကြားခဲ့ကြောင်း သိရသည်။

https://npnewsmm.com/news/6276204eb2349b11b2678e8e

Zawgyi Version;
႐ုပ္ရွင္အႏုပညာေလာက ျပန္လည္ရွင္သန္ႏိုးထလာမည္ကို မနာလိုသည့္ပုဂၢိဳလ္မ်ားက ေႏွာင့္ယွက္ဟန႔္တားေနဟုဆို
ရဲျပည့္ - (NP News) ေမ ၇
႐ုပ္ရွင္ အႏုပညာေလာက ျပန္လည္ ရွင္သန္ႏိုးထလာမည္ကို မနာလိုမရႈဆိတ္သည့္ ပုဂၢိဳလ္မ်ားက ႐ုပ္ရွင္႐ုံမ်ား ျပန္လည္ဖြင့္လွစ္ျခင္းအေပၚ ေႏွာင့္ယွက္ဟန႔္တားေနသည္ဟု ထင္ျမင္မိေၾကာင္း ျပန္ၾကားေရးဝန္ႀကီးဌာန ျပည္ ေထာင္စုဝန္ႀကီး ဦးေမာင္ေမာင္အုန္းက ေျပာသည္။

႐ုပ္ရွင္႐ုံမ်ား ျပန္လည္ဖြင့္လွစ္ျပသရာတြင္ ေတြ႕ႀကဳံရသည့္အခက္အခဲမ်ားႏွင့္ပတ္သက္၍ ေပါင္းစပ္ညႇိႏႈိင္းျခင္း အစည္းအေဝးကို ေမလ ၆ ရက္ မြန္းလြဲ ၁ နာရီက ရန္ကုန္ၿမိဳ႕၊ ဗဟန္းၿမိဳ႕နယ္ရွိ ျပန္ၾကားေရးႏွင့္ ျပည္သူ႔ ဆက္ဆံေရးဦးစီးဌာန ႐ုပ္ရွင္ျမႇင့္တင္ေရး အစည္းအေဝးခန္းမတြင္ က်င္းပခဲ့ျခင္းျဖစ္သည္။

ျမန္မာႏိုင္ငံတြင္ ကိုဗစ္ကပ္ေရာဂါေၾကာင့္ ၂ ႏွစ္ေက်ာ္ၾကာပိတ္ထားခဲ့ရသည့္ ႐ုပ္ရွင္႐ုံမ်ားကို ၿပီးခဲ့သည့္ ဧၿပီလ ၁၇ ရက္(ျမန္မာႏွစ္ဆန္းတစ္ရက္ေန႔) တြင္ ျပန္လည္ စတင္ဖြင့္လွစ္ခဲ့ျခင္းျဖစ္ၿပီး ႐ုပ္ရွင္႐ုံမ်ား ျပန္လည္ဖြင့္လွစ္ မည္ကို မလိုလားသူမ်ားမွ ႐ုပ္ရွင္႐ုံမ်ားအနီးတြင္ ဗုံးေဖာက္ခြဲျခင္း၊ အသံဗုံးေဖာက္ခြဲျခင္းမ်ား လုပ္ေဆာင္လ်က္ရွိ သျဖင့္ ႐ုပ္ရွင္႐ုံမ်ားသို႔ လာေရာက္ၾကည့္ရႈသူမွာ မရွိသေလာက္နည္းပါးခဲ့သည္ကို ေတြ႕ရသည္။

ထို႔ေၾကာင့္ ႐ုပ္ရွင္႐ုံမ်ား ျပန္ဖြင့္ၿပီးမၾကာမီ တစ္လအတြင္း ျပန္လည္ဖြင့္လွစ္ထားသည့္ ႐ုပ္ရွင္႐ုံမ်ားအနက္ အခ်ိဳ႕ကို ယာယီ ျပန္လည္ပိတ္သြားမည္ျဖစ္ေၾကာင္း သတင္းမ်ားလည္း ထြက္ေပၚလာခဲ့ျခင္းျဖစ္သည္။

ျပန္ၾကားေရးဝန္ႀကီးဌာန ျပည္ေထာင္စုဝန္ႀကီး ဦးေမာင္ေမာင္အုန္းက “အခ်ိဳ႕ေသာ အႏုပညာရွင္မ်ားသည္ အၾကမ္းဖက္သမားမ်ား၏ ၿခိမ္းေျခာက္ျခင္းမ်ား ႏွင့္ ရင္ဆိုင္ေနရေၾကာင္း၊ ထိုသို႔ၾကားသိရသည့္ အတြက္ လြန္စြာ စိတ္မေကာင္းျဖစ္မိေၾကာင္း၊ ႐ုပ္ရွင္ အႏုပညာေလာက ျပန္လည္ ရွင္သန္ႏိုးထလာမည္ကို မနာလိုသည့္ပုဂၢိဳလ္ မ်ားက ႐ုပ္ရွင္႐ုံမ်ား ျပန္လည္ဖြင့္လွစ္ ျခင္းအေပၚ ေႏွာင့္ယွက္ဟန႔္တားေနသည္ဟု ထင္ျမင္မိေၾကာင္း၊ ယင္း ေၾကာင့္ အႏုပညာရွင္အသိုင္းအဝိုင္းအားလုံးက ျပည္သူမ်ား ႐ုပ္ရွင္ၾကည့္ရႈခံစားႏိုင္ရန္ ႏွင့္ အႏုပညာရွင္မ်ား အား ယခင္ကကဲ့သို႔ ခ်စ္ခင္ႏွစ္သက္စြာ အားေပးၾကေစဖို႔ လုပ္ေဆာင္ေပးၾကရန္ လိုအပ္ေၾကာင္း၊ ယေန႔ေခတ္ ႀကဳံေတြ႕ေနရသည့္အခက္အခဲမ်ားကို ပြင့္ပြင့္လင္းလင္း ေဆြးေႏြးေပးၾကပါရန္ ႏွင့္ မိမိတို႔ဝန္ႀကီးဌာနအေနျဖင့္ ဝိုင္းဝန္းေျဖရွင္းကူညီေဆာင္႐ြက္ေပးသြားမည္ျဖစ္ေၾကာင္း ေျပာၾကားခဲ့သည္။

ထို႔ျပင္ ႐ုပ္ရွင္႐ုံမ်ား ျပန္လည္ဖြင့္လွစ္ျပသခြင့္ျပဳခဲ့ျခင္းမွာ ႐ုပ္ရွင္ေလာကသားမ်ား စားဝတ္ေနေရး ေျပလည္ ေစေရး၊ ၿပိဳလဲလုနီးပါးျဖစ္ခဲ့သည့္ ႐ုပ္ရွင္အႏုပညာလုပ္ငန္းမ်ား ပုံမွန္ျပန္လည္ လႈပ္ရွားသက္ဝင္ေစေရးႏွင့္ ႐ုပ္ရွင္ဇာတ္ကားထုတ္လုပ္သူမ်ား ႏွင့္ ႐ုပ္ရွင္႐ုံပိုင္ရွင္မ်ား၏လုပ္ငန္းမ်ား ျပန္လည္အဆင္ေျပေစေရးတို႔အတြက္ ရည္႐ြယ္ေဆာင္႐ြက္ခဲ့ျခင္းျဖစ္ပါေၾကာင္း၊ သို႔ရာတြင္ အခက္အခဲမ်ားႏွင့္ အဖ်က္အေမွာင့္မ်ား ႀကဳံေတြ႕ေနရ သည့္အတြက္ ေမွ်ာ္မွန္းထားသေလာက္ ခရီးမေရာက္ေသးပါေၾကာင္း ၎မွ ဆက္လက္ေျပာၾကားခဲ့ေၾကာင္း သိရသည္။

https://npnewsmm.com/news/6276204eb2349b11b2678e8e

Related news

© 2021. All rights reserved.