တရုတ်ရဲ့စစ်ရေးရည်မှန်းချက်များကို သတိထားစောင့်ကြည့်ဖို့ ထိုင်ဝမ်နိုင်ငံခြားရေးဝန်ကြီး တိုက်တွန်း

 804

ဂျန်ဇက် (NP News) - မေ ၁၃
ထိုင်ဝမ်အကြီးတန်းအရာရှိတစ်ဦးက အင်ဒို-ပစီဖိတ်ဒေသမှာ တရုတ်နိုင်ငံရဲ့စစ်ရေးရည်မှန်းချက်တွေကို သတိထားစောင့်ကြည့်ဖို့ သြစတြေးလျနိုင်ငံအပြင် အခြားနိုင်ငံတွေကို တိုက်တွန်းတောင်းဆိုလိုက်ပါတယ်။

ဆိုလိုမွန်ကျွန်းနိုင်ငံနဲ့ လုံခြုံရေးစာချုပ်ချုပ်ဆိုမှုဟာ ဒေသအတွင်းမှာ တရုတ်နိုင်ငံက အခြားနိုင်ငံများရဲ့ အခွင့်အရေးကို အရေးမစိုက်ဘဲ အရာရာကိုထိန်းချုပ်လိုတဲ့ ဆောင်ရွက်ချက်ဖြစ်တယ်လို့ ထိုင်ဝမ်အကြီးတန်း အရာရှိက ပြောပါတယ်။

ထိုင်ဝမ်နိုင်ငံခြားရေဝန်ကြီး ဂျိုဆပ်ဝူက တရုတ်နိုင်ငံဟာ သြစတြေးလျနိုင်ငံရဲ့အကျိူးစီးပွားကို သြဇာလွှမ်းမိုးနိုင် အောင်ချဲ့ထွင်လုပ်ကိုင်နေကြောင်းစွပ်စွဲထားပါတယ်။

၎င်းက "ဂျပန်၊ သြစတြေးလျ၊ အမေရိကန်နိုင်ငံတို့လိုမျိုး ထိုင်ဝမ်နဲ့ စိတ်တူကိုယ်တူရှိကြတဲ့ နိုင်ငံများဟာ ပစိဖိတ် ဒေသမှာ တရုတ်နိုင်ငံရဲ့စစ်ရေးလှုပ်ရှားမှု ချဲ့ထွင်လာမှုတွေကို ပိုမိုအာရုံစိုက်ဖို့ လိုအပ်တယ်။ ဆိုလိုမွန်ကျွန်းနိုင်ငံ မှာ တရုတ်နိုင်ငံက စစ်ရေးအခြေစိုက်စခန်းတွေ တည်ဆောက်လာမယ်ဆိုရင် ဒေသအတွင်းမှာ အမှန်တကယ်ကို စိုးရိမ်စရာကောင်းစေမှာပါ" လို့ပြောပါတယ်။

တရုတ်နိုင်ငံနဲ့ လုံခြုံရေးစာချုပ်ချုပ်ဆိုခဲ့တဲ့ ဆိုလိုမွန်ကျွန်းနိုင်ငံဟာ သြစတြေးလျနိုင်ငံ အရှေ့မြောက်ဘက် ကမ်းရိုးတန်းမှ မိုင် ၁ဝဝဝ အကွာမှာ တည်ရှိနေပြီး သြစတြေးလျအစိုးရကလည်း တရုတ်ရဲ့လုပ်ဆောင်ချက်တွေ ကို ပြစ်တင်ရှုတ်ချခဲ့ပါတယ်။

သြစတြေးလျနိုင်ငံက တရုတ်အစိုးရဟာ ဆိုလိုမွန်ကျွန်းနိုင်ငံနဲ့ ရရှိထားတဲ့သဘောတူညီမှုကိုအသုံးချပြီး ဒေသ အတွင်းမှာ စစ်ရေးအခြေစိုက်စခန်းတည်ဆောက်ဖို့လိုလားနေတယ်လို့ စွပ်စွဲထားပါတယ်။

https://www.rt.com/news/555404-taiwan-warn-australia-china/

တ႐ုတ္ရဲ႕စစ္ေရးရည္မွန္းခ်က္မ်ားကို သတိထားေစာင့္ၾကည့္ဖို႔ ထိုင္ဝမ္ႏိုင္ငံျခားေရးဝန္ႀကီး တိုက္တြန္း
ဂ်န္ဇက္ (NP News) - ေမ ၁၃
ထိုင္ဝမ္အႀကီးတန္းအရာရွိတစ္ဦးက အင္ဒို-ပစီဖိတ္ေဒသမွာ တ႐ုတ္ႏိုင္ငံရဲ႕စစ္ေရးရည္မွန္းခ်က္ေတြကို သတိထားေစာင့္ၾကည့္ဖို႔ ၾသစေၾတးလ်ႏိုင္ငံအျပင္ အျခားႏိုင္ငံေတြကို တိုက္တြန္းေတာင္းဆိုလိုက္ပါတယ္။

ဆိုလိုမြန္ကြၽန္းႏိုင္ငံနဲ႔ လုံၿခဳံေရးစာခ်ဳပ္ခ်ဳပ္ဆိုမႈဟာ ေဒသအတြင္းမွာ တ႐ုတ္ႏိုင္ငံက အျခားႏိုင္ငံမ်ားရဲ႕ အခြင့္အေရးကို အေရးမစိုက္ဘဲ အရာရာကိုထိန္းခ်ဳပ္လိုတဲ့ ေဆာင္႐ြက္ခ်က္ျဖစ္တယ္လို႔ ထိုင္ဝမ္အႀကီးတန္း အရာရွိက ေျပာပါတယ္။

ထိုင္ဝမ္ႏိုင္ငံျခားေရဝန္ႀကီး ဂ်ိဳဆပ္ဝူက တ႐ုတ္ႏိုင္ငံဟာ ၾသစေၾတးလ်ႏိုင္ငံရဲ႕အက်ိဴးစီးပြားကို ၾသဇာလႊမ္းမိုးႏိုင္ ေအာင္ခ်ဲ႕ထြင္လုပ္ကိုင္ေနေၾကာင္းစြပ္စြဲထားပါတယ္။

၎က "ဂ်ပန္၊ ၾသစေၾတးလ်၊ အေမရိကန္ႏိုင္ငံတို႔လိုမ်ိဳး ထိုင္ဝမ္နဲ႔ စိတ္တူကိုယ္တူရွိၾကတဲ့ ႏိုင္ငံမ်ားဟာ ပစိဖိတ္ ေဒသမွာ တ႐ုတ္ႏိုင္ငံရဲ႕စစ္ေရးလႈပ္ရွားမႈ ခ်ဲ႕ထြင္လာမႈေတြကို ပိုမိုအာ႐ုံစိုက္ဖို႔ လိုအပ္တယ္။ ဆိုလိုမြန္ကြၽန္းႏိုင္ငံ မွာ တ႐ုတ္ႏိုင္ငံက စစ္ေရးအေျခစိုက္စခန္းေတြ တည္ေဆာက္လာမယ္ဆိုရင္ ေဒသအတြင္းမွာ အမွန္တကယ္ကို စိုးရိမ္စရာေကာင္းေစမွာပါ" လို႔ေျပာပါတယ္။

တ႐ုတ္ႏိုင္ငံနဲ႔ လုံၿခဳံေရးစာခ်ဳပ္ခ်ဳပ္ဆိုခဲ့တဲ့ ဆိုလိုမြန္ကြၽန္းႏိုင္ငံဟာ ၾသစေၾတးလ်ႏိုင္ငံ အေရွ႕ေျမာက္ဘက္ ကမ္း႐ိုးတန္းမွ မိုင္ ၁ဝဝဝ အကြာမွာ တည္ရွိေနၿပီး ၾသစေၾတးလ်အစိုးရကလည္း တ႐ုတ္ရဲ႕လုပ္ေဆာင္ခ်က္ေတြ ကို ျပစ္တင္ရႈတ္ခ်ခဲ့ပါတယ္။

ၾသစေၾတးလ်ႏိုင္ငံက တ႐ုတ္အစိုးရဟာ ဆိုလိုမြန္ကြၽန္းႏိုင္ငံနဲ႔ ရရွိထားတဲ့သေဘာတူညီမႈကိုအသုံးခ်ၿပီး ေဒသ အတြင္းမွာ စစ္ေရးအေျခစိုက္စခန္းတည္ေဆာက္ဖို႔လိုလားေနတယ္လို႔ စြပ္စြဲထားပါတယ္။

https://www.rt.com/news/555404-taiwan-warn-australia-china/

Related news

© 2021. All rights reserved.