စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်၊ ဇီးဖြူကုန်းကျေးရွာသို့ လက်လုပ်စိန်ပြောင်းဖြင့်ပစ်ခတ်မှုကြောင့် ကိုရင်(၁)ပါးပျံလွန်တော်မူ

1401

NP News - မေ ၁၄
စစ်ကိုင်းတိုင်းဒေသကြီး ပုလဲမြို့နယ် ဇီးဖြူကုန်းကျေးရွာသို့ အကြမ်း ဖက်သမားများက လက်လုပ်လက်နက်ကြီးများဖြင့် နှောင့်ယှက်ပစ်ခတ်ခြင်းကြောင့် မြသိန်းတန် ကျောင်းတိုက်အတွင်းသို့ ကျရောက်ပေါက်ကွဲခဲ့ရာ ကိုရင်တစ်ပါး ပျံလွန်တော်မူပြီး ဆရာတော် နှစ်ပါး၊ ကိုရင်တစ်ပါးနှင့် ကပ္ပိယတစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း နစက၏ မေလ(၁၃)ရက် ညပိုင်းထုတ်ပြန်ချက်အရ သိရသည်။
ပုလဲမြိုနယ် ဇီးဖြူကုန်းကျေးရွာ အခြေခံပညာ အလယ်တန်းကျောင်းနှင့် ဇီးဖြူကုန်းကျေးရွာရှိ တပ်စွဲထားသည့် လုံခြုံရေးတပ်ဖွဲ့ဝင်များကို ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၁၆ ရက်နှင့် မေလ ၁ဝ ရက် တို့တွင် လက်လုပ်သေ နတ်များ၊ လက်လုပ်စိန်ပြောင်းများဖြင့် လာရောက်နှောင့်ယှက်ပစ်ခတ်ခဲ့မှုကြောင့် ခုခံကာကွယ်မှုများ ဖြစ်ပေါ်ခဲ့ကြောင်း နစကဘက်မှ ထုတ်ပြန်ထားသည်။
အဆိုပါ ဖြစ်စဉ်အပေါ် မကျေနပ်ခဲ့သည့်အတွက် မေလ(၁၃)ရက် ညနေပိုင်းတွင် ပုလဲမြို့ပေါ်သို့ လက်လုပ်စိန်ပြောင်းများဖြင့် ဦးတည်ရာမဲ့ ပစ်ခတ်မှုများကြောင့် ဘုန်းတော်ကြီးကျောင်းအတွင်း ကျရောက်ပေါက်ကွဲခဲ့ခြင်းဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ထို့းကြောင့် ဒဏ်ရာရ ဆရာတော်များ၊ ကိုရင်နှင့်ကပ္ပိယတို့အား နယ်မြေခံတပ်မတော်ဆေးရုံသို့ပို့ဆောင်၍ လိုအပ်သည့်ဆေးဝါးကုသမှုများ ဆောင်ရွက်ပေးလျက်ရှိပြီး ဒေသတည်ငြိမ်အေးချမ်းရေးအတွက် လုံခြုံရေးတပ်ဖွဲဝင်များက လိုအပ်သည့် လုံခြုံရေးလုပ်ငန်းများ ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ထို့ပြင် စစ်ကိုင်းတိုင်းဒေသကြီး၊ ပုလဲမြိုနယ်၊ ဇီးကုန်းကျေးရွာတွင် မေလ(၁ဝ)ရက်က တပ်စွဲထားသည့် လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့် လက်နက်ကိုင်အဖွဲ့များအကြား တိုက်ပွဲများဖြစ်ပွားခဲ့ပြီး ရွာအတွင်းမီးလောင်မှုများ၊ လူသေဆုံးမှု ရှိခဲ့ကြောင်း သတင်းများအရ သိရသည်။
၂ဝ၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်မှ မေလ ၁၃ ရက်အထိ သတ်ဖြတ်ခံရကာ ပျံလွန်တော်မူခဲ့သည့် သံဃာတော်သည် ၄၄ ပါးအထိ ရှိလာကြောင်း သတင်းအချက်အလက်များအရ သိရသည်။
https://npnewsmm.com/news/627f6e7d459a143b1250787b

zawgyi version
စစ္ကိုင္းတိုင္း၊ ပုလဲၿမိဳ႕နယ္၊ ဇီးျဖဴကုန္းေက်း႐ြာသို႔ လက္လုပ္စိန္ေျပာင္းျဖင့္ပစ္ခတ္မႈေၾကာင့္ ကိုရင္(၁)ပါးပ်ံလြန္ေတာ္မူ
NP News - ေမ ၁၄
စစ္ကိုင္းတိုင္းေဒသႀကီး ပုလဲၿမိဳ႕နယ္ ဇီးျဖဴကုန္းေက်း႐ြာသို႔ အၾကမ္း ဖက္သမားမ်ားက လက္လုပ္လက္နက္ႀကီးမ်ားျဖင့္ ေႏွာင့္ယွက္ပစ္ခတ္ျခင္းေၾကာင့္ ျမသိန္းတန္ ေက်ာင္းတိုက္အတြင္းသို႔ က်ေရာက္ေပါက္ကြဲခဲ့ရာ ကိုရင္တစ္ပါး ပ်ံလြန္ေတာ္မူၿပီး ဆရာေတာ္ ႏွစ္ပါး၊ ကိုရင္တစ္ပါးႏွင့္ ကပၸိယတစ္ဦး ထိခိုက္ဒဏ္ရာရရွိခဲ့ေၾကာင္း နစက၏ ေမလ(၁၃)ရက္ ညပိုင္းထုတ္ျပန္ခ်က္အရ သိရသည္။
ပုလဲၿမိဳနယ္ ဇီးျဖဴကုန္းေက်း႐ြာ အေျခခံပညာ အလယ္တန္းေက်ာင္းႏွင့္ ဇီးျဖဴကုန္းေက်း႐ြာရွိ တပ္စြဲထားသည့္ လုံၿခဳံေရးတပ္ဖြဲ႕ဝင္မ်ားကို ၿပီးခဲ့သည့္ ေဖေဖာ္ဝါရီလ ၁၆ ရက္ႏွင့္ ေမလ ၁ဝ ရက္ တို႔တြင္ လက္လုပ္ေသ နတ္မ်ား၊ လက္လုပ္စိန္ေျပာင္းမ်ားျဖင့္ လာေရာက္ေႏွာင့္ယွက္ပစ္ခတ္ခဲ့မႈေၾကာင့္ ခုခံကာကြယ္မႈမ်ား ျဖစ္ေပၚခဲ့ေၾကာင္း နစကဘက္မွ ထုတ္ျပန္ထားသည္။
အဆိုပါ ျဖစ္စဥ္အေပၚ မေက်နပ္ခဲ့သည့္အတြက္ ေမလ(၁၃)ရက္ ညေနပိုင္းတြင္ ပုလဲၿမိဳ႕ေပၚသို႔ လက္လုပ္စိန္ေျပာင္းမ်ားျဖင့္ ဦးတည္ရာမဲ့ ပစ္ခတ္မႈမ်ားေၾကာင့္ ဘုန္းေတာ္ႀကီးေက်ာင္းအတြင္း က်ေရာက္ေပါက္ကြဲခဲ့ျခင္းျဖစ္ေၾကာင္း ထုတ္ျပန္ခ်က္တြင္ ေဖာ္ျပထားသည္။
ထို႔းေၾကာင့္ ဒဏ္ရာရ ဆရာေတာ္မ်ား၊ ကိုရင္ႏွင့္ကပၸိယတို႔အား နယ္ေျမခံတပ္မေတာ္ေဆး႐ုံသို႔ပို႔ေဆာင္၍ လိုအပ္သည့္ေဆးဝါးကုသမႈမ်ား ေဆာင္႐ြက္ေပးလ်က္ရွိၿပီး ေဒသတည္ၿငိမ္ေအးခ်မ္းေရးအတြက္ လုံၿခဳံေရးတပ္ဖြဲဝင္မ်ားက လိုအပ္သည့္ လုံၿခဳံေရးလုပ္ငန္းမ်ား ဆက္လက္ေဆာင္႐ြက္လ်က္ရွိေၾကာင္း သိရသည္။
ထို႔ျပင္ စစ္ကိုင္းတိုင္းေဒသႀကီး၊ ပုလဲၿမိဳနယ္၊ ဇီးကုန္းေက်း႐ြာတြင္ ေမလ(၁ဝ)ရက္က တပ္စြဲထားသည့္ လုံၿခဳံေရးတပ္ဖြဲ႕ဝင္မ်ားႏွင့္ လက္နက္ကိုင္အဖြဲ႕မ်ားအၾကား တိုက္ပြဲမ်ားျဖစ္ပြားခဲ့ၿပီး ႐ြာအတြင္းမီးေလာင္မႈမ်ား၊ လူေသဆုံးမႈ ရွိခဲ့ေၾကာင္း သတင္းမ်ားအရ သိရသည္။
၂ဝ၂၁ ခုႏွစ္ ေဖေဖာ္ဝါရီလ ၁ ရက္မွ ေမလ ၁၃ ရက္အထိ သတ္ျဖတ္ခံရကာ ပ်ံလြန္ေတာ္မူခဲ့သည့္ သံဃာေတာ္သည္ ၄၄ ပါးအထိ ရွိလာေၾကာင္း သတင္းအခ်က္အလက္မ်ားအရ သိရသည္။
https://npnewsmm.com/news/627f6e7d459a143b1250787b