သောင်ရင်းမြစ်ရေ စိုးရိမ်ရေအမှတ်ထက် (၅)ပေကျော်လွန်နေပြီး မြစ်အနီးနှင့်မြေနိမ့်ပိုင်းနေထိုင်သူများ အထူးသတိပြုရန် မိုးဇလသတိပေး

915

မျိုးကြီး (NP News) - မေ ၂၂
ကရင်ပြည်နယ်၊ မြဝတီမြို့ သောင်ရင်းမြစ်ရေသည် စိုးရိမ်ရေအမှတ်ထက် ၅ ပေကျော်လွန်နေပြီး မြစ်ကမ်းအနီးနှင့် မြေနိမ့်ပိုင်းနေထိုင်သူ များ အထူးသတိပြုနေထိုင်ရန် မိုးလေဝသနှင့်ဇလဗေဒညွန်ကြားမှုဦးစီး ဌာနက ယနေ့ (မေလ ၂၂ ရက်)တွင် သတိပေးထုတ်ပြန်ခဲ့သည်။
ယနေ့ မြန်မာစံတော်ချိန် နံနက် ၉ နာရီ ၃ဝ မိနစ်အချိန်တွင် တိုင်းထွာချက်အရ သောင်ရင်းမြစ်ရေသည် မြဝတီမြို့၏ စိုးရိမ်ရေအမှတ်ထက်သို့ ၅ ပေခွဲခန့်ကျော်လွန်ရောက်ရှိနေကြောင်း မိုးဇလကဆိုထားသည်။
ထို့ပြင် ၎င်းမြစ်ရေသည် နောက်တစ်ရက်အတွင်း ၂ ပေခန့်ဆက်လက်တက်လာနိုင်ပြီး မြဝတီမြို့၏ စိုးရိမ်ရေမှတ်အထက် ဆက်လက်တည်ရှိနိုင်ကြောင်း မိုးဇလက ဆက်လက်သတိပေးထားသည်။
ထို့ကြောင့် မြဝတီမြို့နယ်အတွင်းရှိ မြစ်ကမ်းအနီးနှင့် မြေနိမ့်ပိုင်းနေထိုင်သူများအနေဖြင့် အထူးသတိပြုနေထိုင်ကြရန် မိုးဇလက အကြံပြုထား သည်။
လက်ရှိအခြေအနေတွင် မြဝတီမြို့၏ မြစ်ကမ်းအနီးနှင့်မြေနိမ့်ပိုင်းနေရာများတွင် ရေကြီးရေလျှံမှုများ ဖြစ်ပေါ်နေသည်မှာ နှစ်ရက်ဆက်တိုက်ရှိနေပြီဖြစ်ပြီး အချို့မိသားစုများမှာ ခေတ္တပြောင်းရွှေ့နေထိုင်ရကြောင်း သိရသည်။
https://npnewsmm.com/news/6289db54d538fd60630ee455

zawgyi version
ေသာင္ရင္းျမစ္ေရ စိုးရိမ္ေရအမွတ္ထက္ (၅)ေပေက်ာ္လြန္ေနၿပီး ျမစ္အနီးႏွင့္ေျမနိမ့္ပိုင္းေနထိုင္သူမ်ား အထူးသတိျပဳရန္ မိုးဇလသတိေပး
မ်ိဳးႀကီး (NP News) - ေမ ၂၂
ကရင္ျပည္နယ္၊ ျမဝတီၿမိဳ႕ ေသာင္ရင္းျမစ္ေရသည္ စိုးရိမ္ေရအမွတ္ထက္ ၅ ေပေက်ာ္လြန္ေနၿပီး ျမစ္ကမ္းအနီးႏွင့္ ေျမနိမ့္ပိုင္းေနထိုင္သူ မ်ား အထူးသတိျပဳေနထိုင္ရန္ မိုးေလဝသႏွင့္ဇလေဗဒၫြန္ၾကားမႈဦးစီး ဌာနက ယေန႔ (ေမလ ၂၂ ရက္)တြင္ သတိေပးထုတ္ျပန္ခဲ့သည္။
ယေန႔ ျမန္မာစံေတာ္ခ်ိန္ နံနက္ ၉ နာရီ ၃ဝ မိနစ္အခ်ိန္တြင္ တိုင္းထြာခ်က္အရ ေသာင္ရင္းျမစ္ေရသည္ ျမဝတီၿမိဳ႕၏ စိုးရိမ္ေရအမွတ္ထက္သို႔ ၅ ေပခြဲခန႔္ေက်ာ္လြန္ေရာက္ရွိေနေၾကာင္း မိုးဇလကဆိုထားသည္။
ထို႔ျပင္ ၎ျမစ္ေရသည္ ေနာက္တစ္ရက္အတြင္း ၂ ေပခန႔္ဆက္လက္တက္လာႏိုင္ၿပီး ျမဝတီၿမိဳ႕၏ စိုးရိမ္ေရမွတ္အထက္ ဆက္လက္တည္ရွိႏိုင္ေၾကာင္း မိုးဇလက ဆက္လက္သတိေပးထားသည္။
ထို႔ေၾကာင့္ ျမဝတီၿမိဳ႕နယ္အတြင္းရွိ ျမစ္ကမ္းအနီးႏွင့္ ေျမနိမ့္ပိုင္းေနထိုင္သူမ်ားအေနျဖင့္ အထူးသတိျပဳေနထိုင္ၾကရန္ မိုးဇလက အႀကံျပဳထား သည္။
လက္ရွိအေျခအေနတြင္ ျမဝတီၿမိဳ႕၏ ျမစ္ကမ္းအနီးႏွင့္ေျမနိမ့္ပိုင္းေနရာမ်ားတြင္ ေရႀကီးေရလွ်ံမႈမ်ား ျဖစ္ေပၚေနသည္မွာ ႏွစ္ရက္ဆက္တိုက္ရွိေနၿပီျဖစ္ၿပီး အခ်ိဳ႕မိသားစုမ်ားမွာ ေခတၱေျပာင္းေ႐ႊ႕ေနထိုင္ရေၾကာင္း သိရသည္။
https://npnewsmm.com/news/6289db54d538fd60630ee455