လူ့အခွင့်အရေးစံနှစ်မျိုးနဲ့ သူတော်ကောင်းဟန်ဆောင်တဲ့ အမေရိကန်

 6842

ရဲထွန်း(သီပေါ) (NP News) - မေ ၂၄
အမေရိကန်ပြည်ထောင်စုဟာ တရုတ်၊ အိန္ဒိယ၊ ရုရှားနဲ့ ဖိလိပိုင်တို့လို နိုင်ငံတွေက အစိုးရအရာရှိတွေ၊ လုံခြုံရေးဝန် ထမ်းတွေကို လူ့အခွင့်အ ရေးချိုးဖောက်မှုတွေရှိတယ်ဆိုပြီး ၂ဝ၂၁ ခုနှစ်လူ့အခွင့်အရေးဆိုင်ရာဆောင်ရွက်ချက် အစိုးရအစီရင်ခံစာထဲမှာ စွပ်စွဲလိုက်ပြန်ပါပြီ။

အစီရင်ခံစာထဲမှာ ရှင်ကျန်းပြည်နယ်က အများစုဝေဂါမူဆလင်တွေနဲ့ တခြားတိုင်းရင်းသားလူနည်းစုတွေအပေါ် လူမျိုးတုံးသတ်ဖြတ်မှုနဲ့ လူသားတွေအပေါ်ရာဇဝတ်မှုကျူးလွန်တယ်ဆိုပြီး တရုတ်ပြည်ကို ထပ်မံစွပ်စွဲထားပါတယ်။ ဒါ့ပြင် အစိုးရအရာရှိတွေနဲ့ လုံခြုံရေးဝန်ထမ်းတွေ လူ့အခွင့်အရေးချိုးဖေါက်တဲ့လုပ်ရပ်တွေကို အပစ်ပေးအရေးယူခံရခြင်းမရှိ ဘဲ မကြာခဏ ကျူးလွန်လုပ်ဆောင်နေကြတယ်လို့ ဆိုပါတယ်။
အမေရိကန်နိုင်ငံခြားရေးဝန်ကြီး အန်တိုနီ ဘလင်ကန်က “အိန္ဒိယအစိုး ရအရာရှိတွေ၊ ရဲတပ်ဖွဲ့ဝင်တွေနဲ့ ထောင်အာဏာပိုင်များကကျူးလွန်တဲ့ လူ့အခွင့်အရေးချိုးဖေါက်မှုများမြင့်တက်လာခြင်း” ကိုစောင့်ကြည့်နေတယ်လို့ ပြောခဲ့ပေမဲ့ အဲဒီစွပ်စွဲချက်တွေအတွက် အထောက်အထားတစုံတရာပြသပြောဆိုသွားတာမရှိပါဘူး။

ဒါပြင် သူ့ရဲ့စာချုပ်မဟာမိတ်လို့ မှတ်ယူခံရသူလည်းဖြစ် မိတ်ဆွေလည်းဖြစ်တဲ့ ဖိလစ်ပိုင်နိုင်ငံကိုတောင် မတူမတန်နှိမ့်ချ အပစ်တင်တာကနေ အလွတ်မပေးပါဘူး။ “အများယုံကြည်လက်ခံနိုင်လောက်တဲ့ အစီရင် ခံစာတွေ၊ သတင်းအချက်အလက်တွေအရ ဖိလစ်ပိုင်အစိုးရ လုံခြုံရေးတပ်ဖွဲ့ဝင်တွေကိုယ်တိုင် ဒါမှမ ဟုတ် ကိုယ်စားကျူးလွန်ခဲ့တဲ့ တရားမစီရင်ဘဲသတ်ဖြတ်မှုတွေ အပါအဝင် ထင်ရှားတဲ့ လူ့အခွင့်အရေးအလွဲ သုံးစားလုပ်မှုသတင်းတွေ” ကို သူတို့လက်ခံရရှိတယ်လို့လည်းဆိုထားပါတယ်။ ဖိလစ်ပိုင်အမျိုးသား ရဲတပ်ဖွဲ့(PNP) ဟာ သူ့အရာထမ်းတွေ သန့်ရှင်းစင်ကြယ်ရေးလုပ်ဆောင်ရာမှာ “ထိရောက်မှုမရှိ” ဘူးလို့လည်းဆိုပါတယ်။

တုန့်ပြန်မှုများ

တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ကျောက်လိကျန်း ကတုန့်ပြန်ပြောဆိုရာမှာ “ အမေရိကန်ပြည်ထောင်စုရဲ့ ၂ဝ၂၁ ခုနှစ် နှစ်ပတ်လည်လူ့အခွင့်အရေးအစီရင်ခံစာမှာပါတဲ့ တရုတ်ပြည်နဲ့ပတ်သက်တဲ့ပြောဆိုချက်တွေဟာ အချက်အလက်မှားတွေ နဲ့ အမှန်နဲ့အမှားကိုရှုပ်ရှုပ်ထွေးထွေးဖြစ်အောင်လုပ်ထားပြီး၊ နိုင်ငံရေးအရလိမ်ညာမှုတွေနဲ့ အတွေးအခေါ်အရ ဘက်လိုက်မှုတွေအပြည့် ပါဘဲ၊ တရုတ်ပြည်က ဒါကိုပြင်းပြင်းထန်ထန် ကန့်ကွက်ရှုတ်ချပါတယ်” လို့ပြောဆိုသွားပါတယ်။

ကျောက်က “ အမေရိကန်ဟာ ဒီလိုတာဝန်မဲ့တဲ့ မှတ်ချက်တွေနဲ့ တခြားနိုင်ငံတွေရဲ့ လူ့အခွင့်အရေးအခြေအနေတွေကို လုပ်ကြံ ပြောဆိုတိုက်ခိုက်တာတွေကို ချက်ခြင်းရပ်တန့်သင့်ပြီ” လို့လည်းဆိုလိုက်ပါတယ်။

ဧပြီလ ၁၂ ရက်၊ ဗုဒ္ဓဟူးနေ့ကတော့ အိန္ဒိယ နိုင်ငံခြားရေးဝန်ကြီး ဆူဗရာမင်နမ် ဂျိုင်ရှန်ကာ က အမေရိကန်ပြည်ထောင်စု အပါအဝင် တခြားနိုင်ငံတွေရဲ့ လူ့အခွင့်အရေးအခြေအနေတွေကို အိန္ဒိယနိုင်ငံကလည်း သုံးသပ်နေပါတယ်။ အမေရိကန်ပြည်ထောင်စုမှာ ရှိတဲ့ အိန္ဒိယန်း လူ့အသိုက်အဝန်းနဲ့ပတ်သက်တဲ့ကိစ္စတွေကို အမြဲမပြတ်သတိထားနေတယ်လို့ ဆိုလိုက်ပါတယ်။

“ အမေရိကန်ပြည်ထောင်စုက အိန္ဒိယန်းလူ့အသိုက်အဝန်းမှာ မုန်းတီးမှုအခြေခံတဲ့ ရာဇဝတ်မှုခင်းတွေ တိုးများလာနေတာ၊ လွန် ခဲ့တဲ့နှစ်တွေမှာ ရာခိုင်နှုန်း ၂ဝဝ အထိရှိတယ်” ။ လွန်ခဲ့တဲ့ (၂ဝ၂၂ ခုနှစ် ဧပြီလ ၁၂ ရက်) အင်္ဂါနေ့ကဘဲ နယူးယောက် ကွင်းခရိုင်မှာ ဆစ်လူမျိုးနှစ်ဦးအတိုက်အ ခိုက်ခံရပါတယ်။ အဲဒီရက်အနည်းငယ်မတိုင်မီကလည်း ဆစ်လူမျိုးတစ်ဦးအဲဒီခရိုင်မှာ အတိုက်ခိုက်ခံခဲ့ရပါသေး တယ် လို့ဆိုပါတယ်။ ဖိလစ်ပိုင် (DND) အမျိုးသားကာကွယ်ရေးဝန်ကြီး ဒယ်လ်ဖင် လော်ရင်ဇနာ ကအမေရိကန်ရဲ့ အခြေအမြစ်မဲ့စွပ်စွဲချက်တွေကို မေးခွန်းထုတ်ရင်း စိန်ခေါ်လိုက်ပါတယ်။

“အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်တဲ့ လုံခြုံရေးတပ်ဖွဲ့ မတရားပြုကျင့်မှုများ အစီရင်ခံစာအပေါ် ကျနော်တို့ မေးလိုပါတယ်။ ကျနော်တို့ကို အဲဒီစွပ်စွဲချက်နဲ့ပတ်သက်တဲ့ အသေးစိတ်အချက်အလက်တွေပေးပါ။ ဒါမှသာ ကျနော်တို့ရဲ့ အခြေခံဥပဒေ အရ လွတ်လပ်တဲ့အဖွဲ့ဖြစ်တဲ့ လူ့အခွင့်အရေး ကော်မရှင်က စစ်ဆေးနိုင်မှာဖြစ်ပါတယ်။ တကယ်လို့ စွပ်စွဲချက်တွေဟာ မှန်ကန်တယ်ဆိုရင် ကျူးလွန်တဲ့သူတွေကို အပြစ်ပေးအရေးယူမှာပါ။ ဒီလို အချက်အလက်တွေ ကင်းမဲ့နေမယ်ဆိုရင် စွပ်စွဲချက်တွေဟာ မလိုတမာ အပစ်ရှာခြင်းကလွဲလို့ ဘာအဓိပ္ပါယ်မှမရှိပါဘူး။ အဆိုးဆုံးက နိုင်ငံခြားရေးဝန်ကြီးဌာနအနေနဲ့ အမဲရောင်ဝါဒဖြန့်ချီရေးရဲ့ အယုံ လွယ်တဲ့ သားကောင်ဖြစ်သွားတာပါ။ ဒါ့ပြင် ကျနော်ထပ်ဖြည့်စွက်ပြောကြားလိုတာက ဖိလစ်ပိုင်လက်နက်ကိုင်တပ်ဖွဲ့( AFP- Armed Forces of Philippines) ဟာ အစိုးရဌာနတွေထဲမှာ အယုံကြည်ရဆုံးဌာနတစ်ခုဖြစ်တယ်လို့ မကြာသေးမီကဘဲ မဲပေးဆုံးဖြတ်ခြင်းခံရ တဲ့ ဌာနဖြစ်တယ်ဆိုတာပါ။ သေချာတာက ဒီလိုဆုံးဖြတ်ချက်ကို အလွဲသုံးမှု၊ နှိပ်စက်ညှဉ်းပမ်းမှု၊ လူတွေကို သတ်ဖြတ်မှုတွေကြောင့် ရရှိလာတာ မဟုတ်ဘူးဆိုတာပါဘဲ”လို့ လော်ရင်ဇနာက ဆိုပါတယ်။

စနေနေ့ (၂ဝ၂၂ ခုနှစ်၊ ဧပြီလ ၁၆ ရက်) က မလာကနန်းက အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ ဖိလစ်ပိုင်နိုင်ငံက လတ်တလော လူ့အခွင့် အရေးအခြေအနေနဲ့ပတ်သက်တဲ့ အခြေအမြစ်မဲ့ အစီရင်ခံစာအပေါ် ပြင်းပြင်းထန်ထန်ဝေဖန်သွားပါတယ်။ ဒါ တွေဟာ သမ္မတ ရိုဒရီဂို ဒူတာတေး အစိုးရအဖွဲ့အပေါ် ပုတ်ခတ်စွပ်စွဲတဲ့ ထပ်ချီးတလဲ ပြဿနာဟောင်း တွေဘဲလို့လည်း ပြောဆိုပါတယ်။

အသေအချာစဉ်းစားပြီး ရလာတဲ့အမြင်

စဉ်းစားလို့မရတာက၊ အမေရိကန်ပြည်ထောင်စုဟာ လူ့အခွင့်အရေးကိစ္စမှာ၊ ကိုယ်ကျင့်သိက္ခာနဲ့ ကျင့်ဝတ်ပိုင်းဆိုင်ရာအရ သူများထက်သာသယောင်ယောင် ပုံဖမ်းပြီး၊ တခြားနိုင်ငံတွေကို လက်ချာရိုက်၊လူသိရှင် ကြားပုတ်ခတ်သရော်ကာ၊ စံနှစ်မျိုးနဲ့ သူတော်ကောင်းယောင်ဆောင်နေတာက ချောင်နေတဲ့ အမြောက်ကြီးတလက်လိုဖြစ်နေတာကိုပါဘဲ။ အမေရိကန်ရဲ့ ပုံစံက သူ့ကိုယ်သူ ကမ္ဘာ့လူ့အခွင့်အရေး တရားသူကြီးနဲ့ စံနမူနာထားထိုက်သူကြီး ဂိုက်ပါ။

အမှန်ကိုပြောရမယ်ဆိုရင် အမေရိကန်ဟာ လူ့အခွင့်အရေး စံနမူနာထားထိုက်တဲ့၊ တခြားနိုင်ငံတွေက အတုယူထိုက်တဲ့ တိုင်းပြည်အဖြစ် မသင့်လျော်ပါ။ အမေရိကန်ဟာ ခုအချိန်အခါမှာ သူ့ရဲ့အရွယ်အစားနဲ့ အင်အားအရ နိုင်ငံတကာ လူ့အခွင့်အရေး အသိုက်အဝန်းမှာ ရိုင်းပြပြီး အရှက်မရှိဆုံးအပြစ်မကင်းသူ တစ်ယောက် ဒါမှမဟုတ် ဆိုးသွမ်းတဲ့လူရမ်းကားတယောက်ပါဘဲ။

သို့သော်ငြားလည်း အမေရိကန်ဟာ တစ်ကမ္ဘာလုံးက တခြားနိုင်ငံတွေရဲ့ လူ့အခွင့်အရေးအား နည်းချက်များနဲ့ပတ်သက်ပြီး၊ အထက်စီးကနေ ဆရာကြီးဂိုက်နဲ့ ဝေဖန်ရမှာကို မရှက်ဘူး။ ဒီလိုနည်းနဲ့ အမေရိကန်ဟာ သူအမြဲတန်း လက်ချာရိုက်နေသလို ဒီလိုချိုးဖောက်မှုတွေ သူမလုပ်ဘူးဆိုပြီး ဟန်ဆောင်ပါတယ်။

သတိပြုရမှာက အမေရိကန်ဟာ ကုလသမဂ္ဂ ဒါမှမဟုတ် တခြားလူ့အခွင့်အရေးအဖွဲ့အစည်းတွေက ကမကထပြုတဲ့ လူ့အခွင့်အ ရေးစာချုပ်စာတန်းတွေကို အပြည့်အဝ အတည်ပြုဖို့ ဒါမှမဟုတ် လိုက်နာဖို့ ပျက်ကွက်တဲ့ တခုတည်းသော ကမ္ဘာ့အင်အားကြီး နိုင်ငံဖြစ်ပါတယ်။
သူ့ဖာသူ နိုင်ငံတကာလူ့အခွင့်အရေး ချန်ပီယံကြီးလို့ကြွေးကြော်နေပေမဲ့ အမေရိကန်ဟာ အမျိုးသမီးများအပေါ် ပုံစံမျိုးစုံနဲ့ ခွဲခြားဆက်ဆန်မှုတိုက်ဖျက်ရေးသဘောတူညီချက် (CEDAW)၊ မသန်စွမ်းသူများအခွင့်အရေးဆိုင်ရာ သဘောတူညီချက်(CRPD)၊ စီးပွားရေး၊ လူမှုရေးနဲ့ ယဉ်ကျေးမှု အခွင့်အရေးများဆိုင်ရာ နိုင်ငံတကာပဋိညဉ်စာချုပ် ( လူ့အခွင့်အရေးဆိုင်ရာ နိုင်ငံတကာဥပဒေ၏ အစိတ်အပိုင်း) နဲ့ လူ့အခွင့် အရေးဆိုင်ရာ အမေရိကန် ကွန်ဗင်းရှင်း စတဲ့ အရေးပါတဲ့ လူ့အခွင့်အ ရေးစာချုပ်တွေကိုအတည်ပြုဘို့ ပျက်ကွက်နေဆဲဖြစ်ပါတယ်။
ကလေးသူငယ်များအခွင့်အရေး(CRC) သဘောတူညီချက်ကို အတည်ပြုဖို့ကျန်နေတဲ့နိုင်ငံတွေဆိုတာကလည်း အမေရိကန်နဲ့ ဆိုမာလီယာ နှစ်နိုင်ငံထဲပါ။ ဒါ့ပြင် အမေရိကန်ဟာ အများပြည်သူနဲ့ နိုင်ငံရေးအခွင့်အ ရေးဆိုင်ရာ နိုင်ငံတကာသဘောတူညီချက် ပထမစာချုပ်မူကြမ်းကိုလည်း အတည်မပြုသေးပါဘူး။

ထို့နည်း၎င်းဘဲ အမေရိကန်ဟာ ကုလသမဂ္ဂပဋိညဉ်စာတန်းတခုဖြစ်တဲ့ ပင်လယ်ပြင်ဆိုင်ရာဥပဒေ (UNCLOS) ကိုလည်း လက်မှတ်မထိုးသလို၊ နိုင်ငံတကာ ရာဇဝတ်မှုခုံရုံး ICC (Rome Statute) မှာလည်း ပါဝင်လက်မှတ် ရေးထိုးထားတဲ့နိုင်ငံမဟုတ်ပါ။ အဲဒီ ICC က ၂ဝ၂၂ ခုနှစ်မှာ အမြဲတန်း နိုင်ငံတကာရာဇဝတ်မှုခုံရုံးတစ်ခုကို တည်ထောင်ခဲ့ပြီး စစ်ရာဇဝတ်မှုများလို အဆိုးရွားဆုံး ပြစ်မှုကျူးလွန်သူများ၊ လူသားများအပေါ်ကျူးလွန်တဲ့ ရာဇဝတ်မှုများနဲ့လူမျိုးတုန်းသတ်ဖြတ်မှုကျူးလွန်သူများကို သက်ဆိုင်ရာနိုင်ငံ တရားရုံးများက တရားစီရင်မှုမပြုလိုခြင်း သို့မဟုတ် တရားစီရင်ခြင်းမပြုနိုင်တဲ့အခါမျိုးမှာ စီရင်ဆုံးဖြတ်နိုင်ဖို့အတွက် ရည်ရွယ်ဖွဲ့စည်းခဲ့ပါတယ်။

သူ့နိုင်ငံပြင်ပက လူ့အခွင့်အရေးချိုးဖောက်မှုများကို အမေရိကန်က အလောတကြီး ဝေဖန်ရှုတ်ချပြောဆိုနေချိန်မှာ သူ့ရဲ့ လူ့အခွင့်အရေးမှတ်တမ်းတွေက အကောင်းဆုံးဖြစ်မနေဘဲ တချို့ကိစ္စတွေမှာ ယုံနိုင်စရာမရှိလောက်အောင် ဆိုးဝါးလှပါတယ်။

နမူနာအားဖြင့် အသက် ၂၅ နှစ်အရွယ် ပက်ထရစ် လိဝါခေါင်းကိုသေနတ်နဲ့ ပစ်သတ်ခံရတဲ့ကိစ္စကိုဘဲကြည့်ပါ။ ဒီအမှုက မစ်ချီဂန် ပြည်နယ်မှာ ဧပြီလ ၄ ရက်က ဖြစ်ပွားခဲ့တာပါ။ ပက်ထရစ်က မူလက ကွန်ဂို ဒီမိုကရက်တစ်သမ္မတနိုင်ငံကပါ။ သူဟာ ရဲအရာရှိကို မျက်နှာလွှဲပြီး မြေပေါ်မှာမလှုပ်နိုင်အောင်ချုပ်ထားခံရစဉ်မှာ ခေါင်းကို သေနတ်နဲ့ အပစ်ခံရတာပါ။ လူဖြူရဲအရာရှိဟာ လူမဲအမျိုသားကို ကိုယ့်ကိုကိုယ်ခုခံကာကွယ်တဲ့အနေနဲ့ ပစ်ခတ်တာမဟုတ်ပါ။

အမေရိကန်မှာ အသားအရောင်ရှိတဲ့ ယောကျာ်းနဲ့မိန်းမများအပေါ် ရဲတွေကရက်ရက်စက်စက်ပြုမူတဲ့ အလားတူအမှုပေါင်းများစွာရှိပါတယ်။ ဂျော့ဂျ် ဖလွိုက်၊ မိုက်ကယ် ဘရောင်း၊ ဘရီယွန်နာ တေလာနဲ့ ဂျက်ကော့ ဘလိတ်တို့ဟာ လက်နက်မဲ့ ခုခံကာကွယ်မှု ဘာမှမလုပ်ဘဲနဲ့ အသတ်ခံရသူတွေချည်းပါဘဲ။

၂ဝ၁၃ နဲ့ ၂ဝ၂၁ ခုနှစ်ကြားမှာ အမေရိကန်ရဲတွေဟာ လူပေါင်း ၉ဝဝဝ ကျော်ကိုသတ်ဖြတ်ခဲ့ပါတယ်။ ဒီအရေအတွက်မှာ ၂ဝ၂၂ ခုနှစ်မေလနောက်ပိုင်း ရဲတွေရဲ့ ရက်စက်ကြမ်းကြုတ်တဲ့ အဖြစ်အပျက်တွေ ထည့်တွက်မထားပါဘူး။ ၂ဝ၂၁ တစ်နှစ်ထဲမှာတင် အနည်းဆုံး လူပေါင်း ၁၁၂၄ ယောက်ဟာ ရဲတွေရဲ့ရက်စက်ကြမ်းကြုတ်မှုကြောင့် သေဆုံးခဲ့ကြရပါတယ်။ သားကောင်ဖြစ်ရသူအများစုက အကြမ်းဖက်မှု မဟုတ်တဲ့ ရာဇဝတ်မှုကျူးလွန်တာ၊ ဒါမှမဟုတ် ရာဇဝတ်မှု ကျူးလွန်ခြင်းလုံးဝ မဟုတ်တာတွေဖြစ်ပါတယ်။

သေချာတဲ့အချက်က ရဲတွေ ရက်ရက်စက်စက်လုပ်တဲ့အမှု အရေအ တွက် အမြင့်မားဆုံးနိုင်ငံဟာ အမေရိ ကန်နိုင်ငံဆိုတာပါဘဲ။အမေရိ ကန်မှာ သေနတ်သုံးပြီး အကြမ်းဖက်တဲ့ ရာဇဝတ်မှုနဲ့ ဖြစ်ရပ်တွေလည်း လွန်ခဲ့တဲ့နှစ်တွေအတွင်း တိုးတက်များပြားလာ နေပါတယ်။ ၂ဝ၂၂ ခုနှစ်တစ်နှစ်ထဲမှာဘဲ လူ ၂၁ဝဝဝ ဟာ သေနတ်နဲ့ အကြမ်းဖက်မှုတွေ အတွင်းမှာ သေဆုံး ဒါမှမဟုတ် ဒဏ်ရာရဖြစ်ခဲ့ကြပါတယ်။ အဲဒီအထဲက ၁၄ဝဝဝ ကျော်က သာမာန် ပစ်ခတ်မှုတွေဖြစ်ပြီး ၁၃ဝ ကျော်ကတော့ လူအစုလိုက်အပြုံလိုက်ကို ပစ်ခတ်မှုတွေ ဖြစ်ခဲ့တာပါ။ ၂ဝ၂၁ ခုနှစ်တုံးကတော့ လူအစုလိုက်အပြုံလိုက်ပစ်ခတ်မှု ၆၉၃ ကြိမ်ဖြစ်ပွားခဲ့ပြီး အဲဒီအရေအတွက်ဟာ ၂ဝ၂ဝ ခုနှစ်က ထက် ၁ဝ ဒသမ ၁ ရာခိုင်နှုန်း တိုးလာတာပါ။ စုစုပေါင်း လူ ၄၄ဝဝဝ ဟာ သေနတ်နဲ့ အကြမ်းဖက်မှုတွေအတွင်း အသတ်ခံရပါတယ်။

အမေရိကန်မှာ အများပြည်သူလုံခြုံရေးအခြေအနေက နိမ့်ဆင်းလာနေပါတယ်။ သေချာတာက နေ့တိုင်းနီးပါး ဒီလို အမှုအခင်းတွေဖြစ်နေပြီး လူ့အခွင့်အရေးအခြေနေက တစ်နေ့တခြား ဆိုးရွားလာနေတာပါ။ ဒါဖြင့် အမေရိကန်ကြီးက ဘယ်အချိန်မှာ ကိုယ့်အကြောင်းကိုပြောမလဲလို့ မေးရပါလိမ့်မယ်။

ဒါ့ပြင် အာဖရိကန်၊ အမေရိကန်တွေနဲ့ ဌာနေအမေရိကန်တိုင်းရင်းသားတွေအပေါ် ရဲတွေရဲ့ ရက်ရက်စက်စက် မတရားပြုကျင့်မှုက လူဖြူတွေအပေါ် ပြုကျင့်မှုထက် ပိုမိုတိုးတက်များပြားပါတယ်။ ဒီလို မတရားပြုကျင့်မှု တွေထဲမှာ စိတ်ထင်တိုင်းဖမ်းဆီးခြင်း၊ ချုပ်နှောင်ထိန်းသိမ်းခြင်း၊ နှောက်ယှက်ဒုက္ခပေးခြင်းနဲ့ မသေစေနိုင် လောက်တဲ့လက်နက်အသုံးပြုတာ တွေပါဝင်ပါတယ်။

အဲဒီလိုပဲ အာရှနွယ်ဖွား အမေရိကန်ထောင်ပေါင်းများစွာဟာလည်း ကိုဗစ် ၁၉ ရောဂါ ဖြစ်ပွားပြီးနောက်ပိုင်းမှာ လူမျိုးရေးအရ ခွဲခြားဆက်ဆံခံရ၊ တိုက်ခိုက်ခံရတဲ့ သတင်းတွေထွက်ပေါ်လာပြီး လူ့အခွင့်အရေးချိုးဖောက်ခံရမှုနဲ့ ဆက်စပ်တဲ့ အကြမ်းဖက်မှုတွေ တိုးများလာခဲ့ပါတယ်။ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ရောဂါစတင်ဖြစ်ပွားလာကတည်းက လူမျိုးရေးအရခွဲခြားဆက်ဆံမှုနဲ့ ရက်စက်ကြမ်း ကြုတ်မှုတွေဟာ အေရှန် အမေရိကန်တွေအပေါ် ဗူးလေးရာဖရုံဆင့် ဆိုသလို ဖြစ်လာခဲ့ပါတယ်။

ဒါ့ပြင် ၂ဝ၂၁ ခုနှစ်မှာ အမေရိကန်ဟာ တောင်ပိုင်းနယ်စပ်မှာ ရွှေ့ပြောင်းနေထိုင်သူ ၁ ဒသမ ၇ သန်းကို ထိန်းသိမ်းချုပ်နှောင်ခဲ့ရာ၊ ၄၅ဝဝဝ ဟာ ကလေးသူငယ်တွေဖြစ်ပါတယ်။ အဲဒီထဲက ၅၅၇ ယောက်သေဆုံးပြီး ဒါဟာ ၁၉၉၈ ခုနှစ်ကနေယခုထိ အများဆုံး အရေအတွက်ပါဘဲ။ ထို့အတူ အိမ်မဲ့ယာမဲ့သူအရေအတွက် မြင့်တက်လာနေတာကလည်း တုန်လှုပ်စရာကောင်းပါတယ်။ ၂ဝ၂၁ ခုနှစ် ဒီဇင်ဘာလ ၁၉ ရက်ထုတ် နယူးယောက်တိုင်းမ်စ် သတင်းစာအဆိုအရ၊ ဆန်ဖရန်စ္စကို တစ်မြို့ထဲမှာတင် လူ ၁ဝဝ မှာ တစ်ယောက်က အိမ်ခြေ မဲ့ဖြစ်ပါသတဲ့။

နိုင်ငံပြင်ပမှာဆိုရင်လည်း အမေရိကန်ကဆင်နွှဲတဲ့ အာဖဂန်နစ္စတန်၊ အီရတ်နဲ့ ဆီးရီးယားနိုင်ငံက စစ်ပွဲတွေအတွင်းမှာ လူဦးရေ သန်း ၂ဝ လောက်က စစ်ဘေးဒုက္ခသည် ဒါမှမဟုတ် စစ်ဘေးရှောင် ရွှေ့ပြောင်း နေထိုင်သူတွေ ဖြစ်ခဲ့ကြပါတယ်။

အာဖဂန်နစ္စတန်နိုင်ငံက အမေရိကန်တပ်ဖွဲ့တွေ ရုတ်သိမ်းသွားတဲ့ကာလမှာ အမေရိကန် မောင်းသူမဲ့ လေယာဉ်တစ်စီးက လူဉီးရေ ၁ဝ ယောက်ရှိတဲ့ အာဖဂန် နစ္စတန် မိသားစုတစ်စုကို သတ်ဖြတ်ခဲ့ပါတယ်။ အဲဒီအထဲမှာ ကလေးသူငယ် ၇ ယောက်ပါဝင်ပြီး အငယ်ဆုံးက ၂ နှစ်သား အရွယ်သာရှိပါသေးတယ်။ ယနေ့ထက်တိုင် အမေရိကန်ဟာ ဂွမ်တာနာမို လုံခြုံရေးအဆင့်မြင့် အကျဉ်းထောင်မှာ အကျဉ်းသား ၃၉ ယောက်ကို ဆက်လက်ချုပ် နှောင်ထားဆဲဖြစ်ပါတယ်။

ဒါကြောင့် ဒီအချက်အလက်တွေကနေ တခြားနိုင်ငံတွေရဲ့ လူ့အခွင့်အရေးအားနည်းချက်တွေကို လက်ညိုးငေါက်ငေါက်ထိုး ဝေဖန်ရှုံ့ချနေတဲ့ အမေရိကန်ကို ခင်ဗျားရဲ့ ပြည်တွင်း ပြည်ပ လူ့အခွင့်အရေးချိုးဖေါက်မှုမှတ်တမ်းတွေကို ဝန်ခံပြီး တာဝန်ယူ မှာလားလို့ မေးမြန်းဖို့ အရေးကြီးပါတယ်။

နိဂုံးချုပ်

တကယ်တော့ “တရားမျှတမှန်ကန်တဲ့ ဒေါသဖြစ်ပေါက်ကွဲမှုဟာ တကယ့်စစ်မှန်တဲ့ အမှန်တရားကို အခြေခံသင့်ပါတယ်။” ဒါပေမဲ့ အမေရိကန်ဟာ သူ့ပြည်တွင်းပြည်ပမှာ အထက်ကဖေါ်ပြထားတဲ့ လူ့အခွင့်အရေး ချိုးဖောက်မှု မှတ်တမ်းတွေကို ဗြောင်ကျကျ ကျူးလွန်နေတာက အမှန်တရားနဲ့ ဝေးကွာလွန်းလှပါတယ်။

အမေရိကန်က ကမ္ဘာကို လူ့အခွင့်အရေးနဲ့ပတ်သက်ပြီး လက်ချာရိုက်နေတာက ရယ်စရာကောင်းနေပါတယ်။ အကြောင်းကတော့ စိတ်ပျက်စရာကောင်းလောက်အောင် ကျူးလွန်ထားတဲ့ လူ့အခွင့်ရေးချိုးဖောက်မှု မှတ်တမ်း တွေအရ သူ့မှာကိုယ့်ကျင့်သိက္ခာနဲ့ တည်ကြည်ဖြောင့်မတ်မှု ဂုဏ်သိက္ခာဆိုတာ မရှိလို့ပါဘဲ။

သူများနိုင်ငံတွေအပေါ် လူ့အခွင့်အရေးအားနည်းချက်တွေနဲ့ပတ်သက်ပြီး ဆရာလုပ်နေမဲ့အစား၊ အမေရိကန်ဟာ မိမိကိုယ်ကိုပြန်လည်ဆန်းစစ်ပြီး ကိုယ့်နိုင်ငံရဲ့ လူ့အခွင့်အရေးချိုးဖောက်မှု အခြေအနေကို ပထမဦးစွာ ဖော်ပြဝန်ခံဖို့ လိုအပ်ပါတယ်။

ဒါကြောင့် အမေရိကန်ဟာ ဖိလစ်ပိုင်ကို သူ့ရဲ့လူ့အခွင့်အရေးအားနည်း ချက်တွေရှိခဲ့တယ်ဆိုရင်တောင်မှ ဝေဖန်ဖို့ အဆင့်မရှိပါဘူး။ တကယ်လို့ ဝေဖန်လာခဲ့ရင်လည်း အမှားအမှန် အကောင်းဆုံး အဆုံးအ ဖြတ်ပေးနှိုင်သူတွေဟာ ဖိလစ်ပိုင်လူမျိုးတွေဘဲ ဖြစ်ကြပါတယ်။

၂ဝ၂၂ ခုနှစ် ဧပြီလ ၁၇ ရက်နေ့စွဲပါ The ASEAN POST မှ Anna Malindog-Uy ၏ Human Rights: US’ Double Standards, Hypocrisy ကိုဘာသာပြန်ဆိုပါတယ်။

Anna Rosario Malindog-Uy ဟာ နိုင်ငံရေးသိပ္ပံ၊ နိုင်ငံတကာဆက်ဆံရေး၊ ဖွံဖြိုးရေးသုတေသန၊ ဥရောပ သုတေသန၊ အရှေ့တောင်အာရှနဲ့ တရုတ်သုတေသန ပါမောက္ခတစ်ဦးဖြစ်ပါတယ်။ သူမဟာ အာရှဖွံဖြိုးရေးဘဏ် (ADB) နဲ့ တခြားဒေသတွင်းနဲ့ နိုင်ငံတကာအန်ဂျီအိုများရဲ့အတိုင်ပင်ခံပုဂ္ဂိုလ်လည်း ဖြစ်ပါတယ်။ သူမဟာ ဖိလစ်ပိုင်နိုင်ငံက အိုင်တီအခြေပြု ကုမ္ပဏီတစ်ခုဖြစ်တဲ့ Techperformance Corp ရဲ့ဥက္ကဋ္ဌ လည်းဖြစ်ပါတယ်။

https://theaseanpost.com/opinion/2022/apr/17/human-rights-us-double-standards-hypocrisy

zawgyi version
လူ႔အခြင့္အေရးစံႏွစ္မ်ိဳးနဲ႔ သူေတာ္ေကာင္းဟန္ေဆာင္တဲ့ အေမရိကန္
ရဲထြန္း(သီေပါ) (NP News) - ေမ ၂၄

အေမရိကန္ျပည္ေထာင္စုဟာ တ႐ုတ္၊ အိႏၵိယ၊ ႐ုရွားနဲ႔ ဖိလိပိုင္တို႔လို ႏိုင္ငံေတြက အစိုးရအရာရွိေတြ၊ လုံၿခဳံေရးဝန္ ထမ္းေတြကို လူ႔အခြင့္အ ေရးခ်ိဳးေဖာက္မႈေတြရွိတယ္ဆိုၿပီး ၂ဝ၂၁ ခုႏွစ္လူ႔အခြင့္အေရးဆိုင္ရာေဆာင္႐ြက္ခ်က္ အစိုးရအစီရင္ခံစာထဲမွာ စြပ္စြဲလိုက္ျပန္ပါၿပီ။

အစီရင္ခံစာထဲမွာ ရွင္က်န္းျပည္နယ္က အမ်ားစုေဝဂါမူဆလင္ေတြနဲ႔ တျခားတိုင္းရင္းသားလူနည္းစုေတြအေပၚ လူမ်ိဳးတုံးသတ္ျဖတ္မႈနဲ႔ လူသားေတြအေပၚရာဇဝတ္မႈက်ဴးလြန္တယ္ဆိုၿပီး တ႐ုတ္ျပည္ကို ထပ္မံစြပ္စြဲထားပါတယ္။ ဒါ့ျပင္ အစိုးရအရာရွိေတြနဲ႔ လုံၿခဳံေရးဝန္ထမ္းေတြ လူ႔အခြင့္အေရးခ်ိဳးေဖါက္တဲ့လုပ္ရပ္ေတြကို အပစ္ေပးအေရးယူခံရျခင္းမရွိ ဘဲ မၾကာခဏ က်ဴးလြန္လုပ္ေဆာင္ေနၾကတယ္လို႔ ဆိုပါတယ္။
အေမရိကန္ႏိုင္ငံျခားေရးဝန္ႀကီး အန္တိုနီ ဘလင္ကန္က “အိႏၵိယအစိုး ရအရာရွိေတြ၊ ရဲတပ္ဖြဲ႕ဝင္ေတြနဲ႔ ေထာင္အာဏာပိုင္မ်ားကက်ဴးလြန္တဲ့ လူ႔အခြင့္အေရးခ်ိဳးေဖါက္မႈမ်ားျမင့္တက္လာျခင္း” ကိုေစာင့္ၾကည့္ေနတယ္လို႔ ေျပာခဲ့ေပမဲ့ အဲဒီစြပ္စြဲခ်က္ေတြအတြက္ အေထာက္အထားတစုံတရာျပသေျပာဆိုသြားတာမရွိပါဘူး။

ဒါျပင္ သူ႔ရဲ႕စာခ်ဳပ္မဟာမိတ္လို႔ မွတ္ယူခံရသူလည္းျဖစ္ မိတ္ေဆြလည္းျဖစ္တဲ့ ဖိလစ္ပိုင္ႏိုင္ငံကိုေတာင္ မတူမတန္ႏွိမ့္ခ် အပစ္တင္တာကေန အလြတ္မေပးပါဘူး။ “အမ်ားယုံၾကည္လက္ခံႏိုင္ေလာက္တဲ့ အစီရင္ ခံစာေတြ၊ သတင္းအခ်က္အလက္ေတြအရ ဖိလစ္ပိုင္အစိုးရ လုံၿခဳံေရးတပ္ဖြဲ႕ဝင္ေတြကိုယ္တိုင္ ဒါမွမ ဟုတ္ ကိုယ္စားက်ဴးလြန္ခဲ့တဲ့ တရားမစီရင္ဘဲသတ္ျဖတ္မႈေတြ အပါအဝင္ ထင္ရွားတဲ့ လူ႔အခြင့္အေရးအလြဲ သုံးစားလုပ္မႈသတင္းေတြ” ကို သူတို႔လက္ခံရရွိတယ္လို႔လည္းဆိုထားပါတယ္။ ဖိလစ္ပိုင္အမ်ိဳးသား ရဲတပ္ဖြဲ႕(PNP) ဟာ သူ႔အရာထမ္းေတြ သန႔္ရွင္းစင္ၾကယ္ေရးလုပ္ေဆာင္ရာမွာ “ထိေရာက္မႈမရွိ” ဘူးလို႔လည္းဆိုပါတယ္။

တုန႔္ျပန္မႈမ်ား

တ႐ုတ္ႏိုင္ငံျခားေရးဝန္ႀကီးဌာန ေျပာေရးဆိုခြင့္ရွိသူ ေက်ာက္လိက်န္း ကတုန႔္ျပန္ေျပာဆိုရာမွာ “ အေမရိကန္ျပည္ေထာင္စုရဲ႕ ၂ဝ၂၁ ခုႏွစ္ ႏွစ္ပတ္လည္လူ႔အခြင့္အေရးအစီရင္ခံစာမွာပါတဲ့ တ႐ုတ္ျပည္နဲ႔ပတ္သက္တဲ့ေျပာဆိုခ်က္ေတြဟာ အခ်က္အလက္မွားေတြ နဲ႔ အမွန္နဲ႔အမွားကိုရႈပ္ရႈပ္ေထြးေထြးျဖစ္ေအာင္လုပ္ထားၿပီး၊ ႏိုင္ငံေရးအရလိမ္ညာမႈေတြနဲ႔ အေတြးအေခၚအရ ဘက္လိုက္မႈေတြအျပည့္ ပါဘဲ၊ တ႐ုတ္ျပည္က ဒါကိုျပင္းျပင္းထန္ထန္ ကန႔္ကြက္ရႈတ္ခ်ပါတယ္” လို႔ေျပာဆိုသြားပါတယ္။

ေက်ာက္က “ အေမရိကန္ဟာ ဒီလိုတာဝန္မဲ့တဲ့ မွတ္ခ်က္ေတြနဲ႔ တျခားႏိုင္ငံေတြရဲ႕ လူ႔အခြင့္အေရးအေျခအေနေတြကို လုပ္ႀကံ ေျပာဆိုတိုက္ခိုက္တာေတြကို ခ်က္ျခင္းရပ္တန႔္သင့္ၿပီ” လို႔လည္းဆိုလိုက္ပါတယ္။

ဧၿပီလ ၁၂ ရက္၊ ဗုဒၶဟူးေန႔ကေတာ့ အိႏၵိယ ႏိုင္ငံျခားေရးဝန္ႀကီး ဆူဗရာမင္နမ္ ဂ်ိဳင္ရွန္ကာ က အေမရိကန္ျပည္ေထာင္စု အပါအဝင္ တျခားႏိုင္ငံေတြရဲ႕ လူ႔အခြင့္အေရးအေျခအေနေတြကို အိႏၵိယႏိုင္ငံကလည္း သုံးသပ္ေနပါတယ္။ အေမရိကန္ျပည္ေထာင္စုမွာ ရွိတဲ့ အိႏၵိယန္း လူ႔အသိုက္အဝန္းနဲ႔ပတ္သက္တဲ့ကိစၥေတြကို အၿမဲမျပတ္သတိထားေနတယ္လို႔ ဆိုလိုက္ပါတယ္။

“ အေမရိကန္ျပည္ေထာင္စုက အိႏၵိယန္းလူ႔အသိုက္အဝန္းမွာ မုန္းတီးမႈအေျခခံတဲ့ ရာဇဝတ္မႈခင္းေတြ တိုးမ်ားလာေနတာ၊ လြန္ ခဲ့တဲ့ႏွစ္ေတြမွာ ရာခိုင္ႏႈန္း ၂ဝဝ အထိရွိတယ္” ။ လြန္ခဲ့တဲ့ (၂ဝ၂၂ ခုႏွစ္ ဧၿပီလ ၁၂ ရက္) အဂၤါေန႔ကဘဲ နယူးေယာက္ ကြင္းခ႐ိုင္မွာ ဆစ္လူမ်ိဳးႏွစ္ဦးအတိုက္အ ခိုက္ခံရပါတယ္။ အဲဒီရက္အနည္းငယ္မတိုင္မီကလည္း ဆစ္လူမ်ိဳးတစ္ဦးအဲဒီခ႐ိုင္မွာ အတိုက္ခိုက္ခံခဲ့ရပါေသး တယ္ လို႔ဆိုပါတယ္။ ဖိလစ္ပိုင္ (DND) အမ်ိဳးသားကာကြယ္ေရးဝန္ႀကီး ဒယ္လ္ဖင္ ေလာ္ရင္ဇနာ ကအေမရိကန္ရဲ႕ အေျခအျမစ္မဲ့စြပ္စြဲခ်က္ေတြကို ေမးခြန္းထုတ္ရင္း စိန္ေခၚလိုက္ပါတယ္။

“အေမရိကန္ ႏိုင္ငံျခားေရးဝန္ႀကီးဌာနက ထုတ္ျပန္တဲ့ လုံၿခဳံေရးတပ္ဖြဲ႕ မတရားျပဳက်င့္မႈမ်ား အစီရင္ခံစာအေပၚ က်ေနာ္တို႔ ေမးလိုပါတယ္။ က်ေနာ္တို႔ကို အဲဒီစြပ္စြဲခ်က္နဲ႔ပတ္သက္တဲ့ အေသးစိတ္အခ်က္အလက္ေတြေပးပါ။ ဒါမွသာ က်ေနာ္တို႔ရဲ႕ အေျခခံဥပေဒ အရ လြတ္လပ္တဲ့အဖြဲ႕ျဖစ္တဲ့ လူ႔အခြင့္အေရး ေကာ္မရွင္က စစ္ေဆးႏိုင္မွာျဖစ္ပါတယ္။ တကယ္လို႔ စြပ္စြဲခ်က္ေတြဟာ မွန္ကန္တယ္ဆိုရင္ က်ဴးလြန္တဲ့သူေတြကို အျပစ္ေပးအေရးယူမွာပါ။ ဒီလို အခ်က္အလက္ေတြ ကင္းမဲ့ေနမယ္ဆိုရင္ စြပ္စြဲခ်က္ေတြဟာ မလိုတမာ အပစ္ရွာျခင္းကလြဲလို႔ ဘာအဓိပၸါယ္မွမရွိပါဘူး။ အဆိုးဆုံးက ႏိုင္ငံျခားေရးဝန္ႀကီးဌာနအေနနဲ႔ အမဲေရာင္ဝါဒျဖန႔္ခ်ီေရးရဲ႕ အယုံ လြယ္တဲ့ သားေကာင္ျဖစ္သြားတာပါ။ ဒါ့ျပင္ က်ေနာ္ထပ္ျဖည့္စြက္ေျပာၾကားလိုတာက ဖိလစ္ပိုင္လက္နက္ကိုင္တပ္ဖြဲ႕( AFP- Armed Forces of Philippines) ဟာ အစိုးရဌာနေတြထဲမွာ အယုံၾကည္ရဆုံးဌာနတစ္ခုျဖစ္တယ္လို႔ မၾကာေသးမီကဘဲ မဲေပးဆုံးျဖတ္ျခင္းခံရ တဲ့ ဌာနျဖစ္တယ္ဆိုတာပါ။ ေသခ်ာတာက ဒီလိုဆုံးျဖတ္ခ်က္ကို အလြဲသုံးမႈ၊ ႏွိပ္စက္ညႇဥ္းပမ္းမႈ၊ လူေတြကို သတ္ျဖတ္မႈေတြေၾကာင့္ ရရွိလာတာ မဟုတ္ဘူးဆိုတာပါဘဲ”လို႔ ေလာ္ရင္ဇနာက ဆိုပါတယ္။

စေနေန႔ (၂ဝ၂၂ ခုႏွစ္၊ ဧၿပီလ ၁၆ ရက္) က မလာကနန္းက အေမရိကန္ႏိုင္ငံျခားေရးဝန္ႀကီးဌာနရဲ႕ ဖိလစ္ပိုင္ႏိုင္ငံက လတ္တေလာ လူ႔အခြင့္ အေရးအေျခအေနနဲ႔ပတ္သက္တဲ့ အေျခအျမစ္မဲ့ အစီရင္ခံစာအေပၚ ျပင္းျပင္းထန္ထန္ေဝဖန္သြားပါတယ္။ ဒါ ေတြဟာ သမၼတ ႐ိုဒရီဂို ဒူတာေတး အစိုးရအဖြဲ႕အေပၚ ပုတ္ခတ္စြပ္စြဲတဲ့ ထပ္ခ်ီးတလဲ ျပႆနာေဟာင္း ေတြဘဲလို႔လည္း ေျပာဆိုပါတယ္။

အေသအခ်ာစဥ္းစားၿပီး ရလာတဲ့အျမင္

စဥ္းစားလို႔မရတာက၊ အေမရိကန္ျပည္ေထာင္စုဟာ လူ႔အခြင့္အေရးကိစၥမွာ၊ ကိုယ္က်င့္သိကၡာနဲ႔ က်င့္ဝတ္ပိုင္းဆိုင္ရာအရ သူမ်ားထက္သာသေယာင္ေယာင္ ပုံဖမ္းၿပီး၊ တျခားႏိုင္ငံေတြကို လက္ခ်ာ႐ိုက္၊လူသိရွင္ ၾကားပုတ္ခတ္သေရာ္ကာ၊ စံႏွစ္မ်ိဳးနဲ႔ သူေတာ္ေကာင္းေယာင္ေဆာင္ေနတာက ေခ်ာင္ေနတဲ့ အေျမာက္ႀကီးတလက္လိုျဖစ္ေနတာကိုပါဘဲ။ အေမရိကန္ရဲ႕ ပုံစံက သူ႔ကိုယ္သူ ကမာၻ႔လူ႔အခြင့္အေရး တရားသူႀကီးနဲ႔ စံနမူနာထားထိုက္သူႀကီး ဂိုက္ပါ။

အမွန္ကိုေျပာရမယ္ဆိုရင္ အေမရိကန္ဟာ လူ႔အခြင့္အေရး စံနမူနာထားထိုက္တဲ့၊ တျခားႏိုင္ငံေတြက အတုယူထိုက္တဲ့ တိုင္းျပည္အျဖစ္ မသင့္ေလ်ာ္ပါ။ အေမရိကန္ဟာ ခုအခ်ိန္အခါမွာ သူ႔ရဲ႕အ႐ြယ္အစားနဲ႔ အင္အားအရ ႏိုင္ငံတကာ လူ႔အခြင့္အေရး အသိုက္အဝန္းမွာ ႐ိုင္းျပၿပီး အရွက္မရွိဆုံးအျပစ္မကင္းသူ တစ္ေယာက္ ဒါမွမဟုတ္ ဆိုးသြမ္းတဲ့လူရမ္းကားတေယာက္ပါဘဲ။

သို႔ေသာ္ျငားလည္း အေမရိကန္ဟာ တစ္ကမာၻလုံးက တျခားႏိုင္ငံေတြရဲ႕ လူ႔အခြင့္အေရးအား နည္းခ်က္မ်ားနဲ႔ပတ္သက္ၿပီး၊ အထက္စီးကေန ဆရာႀကီးဂိုက္နဲ႔ ေဝဖန္ရမွာကို မရွက္ဘူး။ ဒီလိုနည္းနဲ႔ အေမရိကန္ဟာ သူအၿမဲတန္း လက္ခ်ာ႐ိုက္ေနသလို ဒီလိုခ်ိဳးေဖာက္မႈေတြ သူမလုပ္ဘူးဆိုၿပီး ဟန္ေဆာင္ပါတယ္။

သတိျပဳရမွာက အေမရိကန္ဟာ ကုလသမဂၢ ဒါမွမဟုတ္ တျခားလူ႔အခြင့္အေရးအဖြဲ႕အစည္းေတြက ကမကထျပဳတဲ့ လူ႔အခြင့္အ ေရးစာခ်ဳပ္စာတန္းေတြကို အျပည့္အဝ အတည္ျပဳဖို႔ ဒါမွမဟုတ္ လိုက္နာဖို႔ ပ်က္ကြက္တဲ့ တခုတည္းေသာ ကမာၻ႔အင္အားႀကီး ႏိုင္ငံျဖစ္ပါတယ္။
သူ႔ဖာသူ ႏိုင္ငံတကာလူ႔အခြင့္အေရး ခ်န္ပီယံႀကီးလို႔ေႂကြးေၾကာ္ေနေပမဲ့ အေမရိကန္ဟာ အမ်ိဳးသမီးမ်ားအေပၚ ပုံစံမ်ိဳးစုံနဲ႔ ခြဲျခားဆက္ဆန္မႈတိုက္ဖ်က္ေရးသေဘာတူညီခ်က္ (CEDAW)၊ မသန္စြမ္းသူမ်ားအခြင့္အေရးဆိုင္ရာ သေဘာတူညီခ်က္(CRPD)၊ စီးပြားေရး၊ လူမႈေရးနဲ႔ ယဥ္ေက်းမႈ အခြင့္အေရးမ်ားဆိုင္ရာ ႏိုင္ငံတကာပဋိညဥ္စာခ်ဳပ္ ( လူ႔အခြင့္အေရးဆိုင္ရာ ႏိုင္ငံတကာဥပေဒ၏ အစိတ္အပိုင္း) နဲ႔ လူ႔အခြင့္ အေရးဆိုင္ရာ အေမရိကန္ ကြန္ဗင္းရွင္း စတဲ့ အေရးပါတဲ့ လူ႔အခြင့္အ ေရးစာခ်ဳပ္ေတြကိုအတည္ျပဳဘို႔ ပ်က္ကြက္ေနဆဲျဖစ္ပါတယ္။
ကေလးသူငယ္မ်ားအခြင့္အေရး(CRC) သေဘာတူညီခ်က္ကို အတည္ျပဳဖို႔က်န္ေနတဲ့ႏိုင္ငံေတြဆိုတာကလည္း အေမရိကန္နဲ႔ ဆိုမာလီယာ ႏွစ္ႏိုင္ငံထဲပါ။ ဒါ့ျပင္ အေမရိကန္ဟာ အမ်ားျပည္သူနဲ႔ ႏိုင္ငံေရးအခြင့္အ ေရးဆိုင္ရာ ႏိုင္ငံတကာသေဘာတူညီခ်က္ ပထမစာခ်ဳပ္မူၾကမ္းကိုလည္း အတည္မျပဳေသးပါဘူး။

ထို႔နည္း၎ဘဲ အေမရိကန္ဟာ ကုလသမဂၢပဋိညဥ္စာတန္းတခုျဖစ္တဲ့ ပင္လယ္ျပင္ဆိုင္ရာဥပေဒ (UNCLOS) ကိုလည္း လက္မွတ္မထိုးသလို၊ ႏိုင္ငံတကာ ရာဇဝတ္မႈခုံ႐ုံး ICC (Rome Statute) မွာလည္း ပါဝင္လက္မွတ္ ေရးထိုးထားတဲ့ႏိုင္ငံမဟုတ္ပါ။ အဲဒီ ICC က ၂ဝ၂၂ ခုႏွစ္မွာ အၿမဲတန္း ႏိုင္ငံတကာရာဇဝတ္မႈခုံ႐ုံးတစ္ခုကို တည္ေထာင္ခဲ့ၿပီး စစ္ရာဇဝတ္မႈမ်ားလို အဆိုး႐ြားဆုံး ျပစ္မႈက်ဴးလြန္သူမ်ား၊ လူသားမ်ားအေပၚက်ဴးလြန္တဲ့ ရာဇဝတ္မႈမ်ားနဲ႔လူမ်ိဳးတုန္းသတ္ျဖတ္မႈက်ဴးလြန္သူမ်ားကို သက္ဆိုင္ရာႏိုင္ငံ တရား႐ုံးမ်ားက တရားစီရင္မႈမျပဳလိုျခင္း သို႔မဟုတ္ တရားစီရင္ျခင္းမျပဳႏိုင္တဲ့အခါမ်ိဳးမွာ စီရင္ဆုံးျဖတ္ႏိုင္ဖို႔အတြက္ ရည္႐ြယ္ဖြဲ႕စည္းခဲ့ပါတယ္။

သူ႔ႏိုင္ငံျပင္ပက လူ႔အခြင့္အေရးခ်ိဳးေဖာက္မႈမ်ားကို အေမရိကန္က အေလာတႀကီး ေဝဖန္ရႈတ္ခ်ေျပာဆိုေနခ်ိန္မွာ သူ႔ရဲ႕ လူ႔အခြင့္အေရးမွတ္တမ္းေတြက အေကာင္းဆုံးျဖစ္မေနဘဲ တခ်ိဳ႕ကိစၥေတြမွာ ယုံႏိုင္စရာမရွိေလာက္ေအာင္ ဆိုးဝါးလွပါတယ္။

နမူနာအားျဖင့္ အသက္ ၂၅ ႏွစ္အ႐ြယ္ ပက္ထရစ္ လိဝါေခါင္းကိုေသနတ္နဲ႔ ပစ္သတ္ခံရတဲ့ကိစၥကိုဘဲၾကည့္ပါ။ ဒီအမႈက မစ္ခ်ီဂန္ ျပည္နယ္မွာ ဧၿပီလ ၄ ရက္က ျဖစ္ပြားခဲ့တာပါ။ ပက္ထရစ္က မူလက ကြန္ဂို ဒီမိုကရက္တစ္သမၼတႏိုင္ငံကပါ။ သူဟာ ရဲအရာရွိကို မ်က္ႏွာလႊဲၿပီး ေျမေပၚမွာမလႈပ္ႏိုင္ေအာင္ခ်ဳပ္ထားခံရစဥ္မွာ ေခါင္းကို ေသနတ္နဲ႔ အပစ္ခံရတာပါ။ လူျဖဴရဲအရာရွိဟာ လူမဲအမ်ိဳသားကို ကိုယ့္ကိုကိုယ္ခုခံကာကြယ္တဲ့အေနနဲ႔ ပစ္ခတ္တာမဟုတ္ပါ။

အေမရိကန္မွာ အသားအေရာင္ရွိတဲ့ ေယာက်ာ္းနဲ႔မိန္းမမ်ားအေပၚ ရဲေတြကရက္ရက္စက္စက္ျပဳမူတဲ့ အလားတူအမႈေပါင္းမ်ားစြာရွိပါတယ္။ ေဂ်ာ့ဂ်္ ဖလြိဳက္၊ မိုက္ကယ္ ဘေရာင္း၊ ဘရီယြန္နာ ေတလာနဲ႔ ဂ်က္ေကာ့ ဘလိတ္တို႔ဟာ လက္နက္မဲ့ ခုခံကာကြယ္မႈ ဘာမွမလုပ္ဘဲနဲ႔ အသတ္ခံရသူေတြခ်ည္းပါဘဲ။

၂ဝ၁၃ နဲ႔ ၂ဝ၂၁ ခုႏွစ္ၾကားမွာ အေမရိကန္ရဲေတြဟာ လူေပါင္း ၉ဝဝဝ ေက်ာ္ကိုသတ္ျဖတ္ခဲ့ပါတယ္။ ဒီအေရအတြက္မွာ ၂ဝ၂၂ ခုႏွစ္ေမလေနာက္ပိုင္း ရဲေတြရဲ႕ ရက္စက္ၾကမ္းၾကဳတ္တဲ့ အျဖစ္အပ်က္ေတြ ထည့္တြက္မထားပါဘူး။ ၂ဝ၂၁ တစ္ႏွစ္ထဲမွာတင္ အနည္းဆုံး လူေပါင္း ၁၁၂၄ ေယာက္ဟာ ရဲေတြရဲ႕ရက္စက္ၾကမ္းၾကဳတ္မႈေၾကာင့္ ေသဆုံးခဲ့ၾကရပါတယ္။ သားေကာင္ျဖစ္ရသူအမ်ားစုက အၾကမ္းဖက္မႈ မဟုတ္တဲ့ ရာဇဝတ္မႈက်ဴးလြန္တာ၊ ဒါမွမဟုတ္ ရာဇဝတ္မႈ က်ဴးလြန္ျခင္းလုံးဝ မဟုတ္တာေတြျဖစ္ပါတယ္။

ေသခ်ာတဲ့အခ်က္က ရဲေတြ ရက္ရက္စက္စက္လုပ္တဲ့အမႈ အေရအ တြက္ အျမင့္မားဆုံးႏိုင္ငံဟာ အေမရိ ကန္ႏိုင္ငံဆိုတာပါဘဲ။အေမရိ ကန္မွာ ေသနတ္သုံးၿပီး အၾကမ္းဖက္တဲ့ ရာဇဝတ္မႈနဲ႔ ျဖစ္ရပ္ေတြလည္း လြန္ခဲ့တဲ့ႏွစ္ေတြအတြင္း တိုးတက္မ်ားျပားလာ ေနပါတယ္။ ၂ဝ၂၂ ခုႏွစ္တစ္ႏွစ္ထဲမွာဘဲ လူ ၂၁ဝဝဝ ဟာ ေသနတ္နဲ႔ အၾကမ္းဖက္မႈေတြ အတြင္းမွာ ေသဆုံး ဒါမွမဟုတ္ ဒဏ္ရာရျဖစ္ခဲ့ၾကပါတယ္။ အဲဒီအထဲက ၁၄ဝဝဝ ေက်ာ္က သာမာန္ ပစ္ခတ္မႈေတြျဖစ္ၿပီး ၁၃ဝ ေက်ာ္ကေတာ့ လူအစုလိုက္အၿပဳံလိုက္ကို ပစ္ခတ္မႈေတြ ျဖစ္ခဲ့တာပါ။ ၂ဝ၂၁ ခုႏွစ္တုံးကေတာ့ လူအစုလိုက္အၿပဳံလိုက္ပစ္ခတ္မႈ ၆၉၃ ႀကိမ္ျဖစ္ပြားခဲ့ၿပီး အဲဒီအေရအတြက္ဟာ ၂ဝ၂ဝ ခုႏွစ္က ထက္ ၁ဝ ဒသမ ၁ ရာခိုင္ႏႈန္း တိုးလာတာပါ။ စုစုေပါင္း လူ ၄၄ဝဝဝ ဟာ ေသနတ္နဲ႔ အၾကမ္းဖက္မႈေတြအတြင္း အသတ္ခံရပါတယ္။

အေမရိကန္မွာ အမ်ားျပည္သူလုံၿခဳံေရးအေျခအေနက နိမ့္ဆင္းလာေနပါတယ္။ ေသခ်ာတာက ေန႔တိုင္းနီးပါး ဒီလို အမႈအခင္းေတြျဖစ္ေနၿပီး လူ႔အခြင့္အေရးအေျခေနက တစ္ေန႔တျခား ဆိုး႐ြားလာေနတာပါ။ ဒါျဖင့္ အေမရိကန္ႀကီးက ဘယ္အခ်ိန္မွာ ကိုယ့္အေၾကာင္းကိုေျပာမလဲလို႔ ေမးရပါလိမ့္မယ္။

ဒါ့ျပင္ အာဖရိကန္၊ အေမရိကန္ေတြနဲ႔ ဌာေနအေမရိကန္တိုင္းရင္းသားေတြအေပၚ ရဲေတြရဲ႕ ရက္ရက္စက္စက္ မတရားျပဳက်င့္မႈက လူျဖဴေတြအေပၚ ျပဳက်င့္မႈထက္ ပိုမိုတိုးတက္မ်ားျပားပါတယ္။ ဒီလို မတရားျပဳက်င့္မႈ ေတြထဲမွာ စိတ္ထင္တိုင္းဖမ္းဆီးျခင္း၊ ခ်ဳပ္ေႏွာင္ထိန္းသိမ္းျခင္း၊ ေႏွာက္ယွက္ဒုကၡေပးျခင္းနဲ႔ မေသေစႏိုင္ ေလာက္တဲ့လက္နက္အသုံးျပဳတာ ေတြပါဝင္ပါတယ္။

အဲဒီလိုပဲ အာရွႏြယ္ဖြား အေမရိကန္ေထာင္ေပါင္းမ်ားစြာဟာလည္း ကိုဗစ္ ၁၉ ေရာဂါ ျဖစ္ပြားၿပီးေနာက္ပိုင္းမွာ လူမ်ိဳးေရးအရ ခြဲျခားဆက္ဆံခံရ၊ တိုက္ခိုက္ခံရတဲ့ သတင္းေတြထြက္ေပၚလာၿပီး လူ႔အခြင့္အေရးခ်ိဳးေဖာက္ခံရမႈနဲ႔ ဆက္စပ္တဲ့ အၾကမ္းဖက္မႈေတြ တိုးမ်ားလာခဲ့ပါတယ္။ ကို႐ိုနာဗိုင္းရပ္စ္ ကူးစက္ေရာဂါစတင္ျဖစ္ပြားလာကတည္းက လူမ်ိဳးေရးအရခြဲျခားဆက္ဆံမႈနဲ႔ ရက္စက္ၾကမ္း ၾကဳတ္မႈေတြဟာ ေအရွန္ အေမရိကန္ေတြအေပၚ ဗူးေလးရာဖ႐ုံဆင့္ ဆိုသလို ျဖစ္လာခဲ့ပါတယ္။

ဒါ့ျပင္ ၂ဝ၂၁ ခုႏွစ္မွာ အေမရိကန္ဟာ ေတာင္ပိုင္းနယ္စပ္မွာ ေ႐ႊ႕ေျပာင္းေနထိုင္သူ ၁ ဒသမ ၇ သန္းကို ထိန္းသိမ္းခ်ဳပ္ေႏွာင္ခဲ့ရာ၊ ၄၅ဝဝဝ ဟာ ကေလးသူငယ္ေတြျဖစ္ပါတယ္။ အဲဒီထဲက ၅၅၇ ေယာက္ေသဆုံးၿပီး ဒါဟာ ၁၉၉၈ ခုႏွစ္ကေနယခုထိ အမ်ားဆုံး အေရအတြက္ပါဘဲ။ ထို႔အတူ အိမ္မဲ့ယာမဲ့သူအေရအတြက္ ျမင့္တက္လာေနတာကလည္း တုန္လႈပ္စရာေကာင္းပါတယ္။ ၂ဝ၂၁ ခုႏွစ္ ဒီဇင္ဘာလ ၁၉ ရက္ထုတ္ နယူးေယာက္တိုင္းမ္စ္ သတင္းစာအဆိုအရ၊ ဆန္ဖရန္စၥကို တစ္ၿမိဳ႕ထဲမွာတင္ လူ ၁ဝဝ မွာ တစ္ေယာက္က အိမ္ေျခ မဲ့ျဖစ္ပါသတဲ့။

ႏိုင္ငံျပင္ပမွာဆိုရင္လည္း အေမရိကန္ကဆင္ႏႊဲတဲ့ အာဖဂန္နစၥတန္၊ အီရတ္နဲ႔ ဆီးရီးယားႏိုင္ငံက စစ္ပြဲေတြအတြင္းမွာ လူဦးေရ သန္း ၂ဝ ေလာက္က စစ္ေဘးဒုကၡသည္ ဒါမွမဟုတ္ စစ္ေဘးေရွာင္ ေ႐ႊ႕ေျပာင္း ေနထိုင္သူေတြ ျဖစ္ခဲ့ၾကပါတယ္။

အာဖဂန္နစၥတန္ႏိုင္ငံက အေမရိကန္တပ္ဖြဲ႕ေတြ ႐ုတ္သိမ္းသြားတဲ့ကာလမွာ အေမရိကန္ ေမာင္းသူမဲ့ ေလယာဥ္တစ္စီးက လူဉီးေရ ၁ဝ ေယာက္ရွိတဲ့ အာဖဂန္ နစၥတန္ မိသားစုတစ္စုကို သတ္ျဖတ္ခဲ့ပါတယ္။ အဲဒီအထဲမွာ ကေလးသူငယ္ ၇ ေယာက္ပါဝင္ၿပီး အငယ္ဆုံးက ၂ ႏွစ္သား အ႐ြယ္သာရွိပါေသးတယ္။ ယေန႔ထက္တိုင္ အေမရိကန္ဟာ ဂြမ္တာနာမို လုံၿခဳံေရးအဆင့္ျမင့္ အက်ဥ္းေထာင္မွာ အက်ဥ္းသား ၃၉ ေယာက္ကို ဆက္လက္ခ်ဳပ္ ေႏွာင္ထားဆဲျဖစ္ပါတယ္။

ဒါေၾကာင့္ ဒီအခ်က္အလက္ေတြကေန တျခားႏိုင္ငံေတြရဲ႕ လူ႔အခြင့္အေရးအားနည္းခ်က္ေတြကို လက္ညိဳးေငါက္ေငါက္ထိုး ေဝဖန္ရႈံ႕ခ်ေနတဲ့ အေမရိကန္ကို ခင္ဗ်ားရဲ႕ ျပည္တြင္း ျပည္ပ လူ႔အခြင့္အေရးခ်ိဳးေဖါက္မႈမွတ္တမ္းေတြကို ဝန္ခံၿပီး တာဝန္ယူ မွာလားလို႔ ေမးျမန္းဖို႔ အေရးႀကီးပါတယ္။

နိဂုံးခ်ဳပ္

တကယ္ေတာ့ “တရားမွ်တမွန္ကန္တဲ့ ေဒါသျဖစ္ေပါက္ကြဲမႈဟာ တကယ့္စစ္မွန္တဲ့ အမွန္တရားကို အေျခခံသင့္ပါတယ္။” ဒါေပမဲ့ အေမရိကန္ဟာ သူ႔ျပည္တြင္းျပည္ပမွာ အထက္ကေဖၚျပထားတဲ့ လူ႔အခြင့္အေရး ခ်ိဳးေဖာက္မႈ မွတ္တမ္းေတြကို ေျဗာင္က်က် က်ဴးလြန္ေနတာက အမွန္တရားနဲ႔ ေဝးကြာလြန္းလွပါတယ္။

အေမရိကန္က ကမာၻကို လူ႔အခြင့္အေရးနဲ႔ပတ္သက္ၿပီး လက္ခ်ာ႐ိုက္ေနတာက ရယ္စရာေကာင္းေနပါတယ္။ အေၾကာင္းကေတာ့ စိတ္ပ်က္စရာေကာင္းေလာက္ေအာင္ က်ဴးလြန္ထားတဲ့ လူ႔အခြင့္ေရးခ်ိဳးေဖာက္မႈ မွတ္တမ္း ေတြအရ သူ႔မွာကိုယ့္က်င့္သိကၡာနဲ႔ တည္ၾကည္ေျဖာင့္မတ္မႈ ဂုဏ္သိကၡာဆိုတာ မရွိလို႔ပါဘဲ။

သူမ်ားႏိုင္ငံေတြအေပၚ လူ႔အခြင့္အေရးအားနည္းခ်က္ေတြနဲ႔ပတ္သက္ၿပီး ဆရာလုပ္ေနမဲ့အစား၊ အေမရိကန္ဟာ မိမိကိုယ္ကိုျပန္လည္ဆန္းစစ္ၿပီး ကိုယ့္ႏိုင္ငံရဲ႕ လူ႔အခြင့္အေရးခ်ိဳးေဖာက္မႈ အေျခအေနကို ပထမဦးစြာ ေဖာ္ျပဝန္ခံဖို႔ လိုအပ္ပါတယ္။

ဒါေၾကာင့္ အေမရိကန္ဟာ ဖိလစ္ပိုင္ကို သူ႔ရဲ႕လူ႔အခြင့္အေရးအားနည္း ခ်က္ေတြရွိခဲ့တယ္ဆိုရင္ေတာင္မွ ေဝဖန္ဖို႔ အဆင့္မရွိပါဘူး။ တကယ္လို႔ ေဝဖန္လာခဲ့ရင္လည္း အမွားအမွန္ အေကာင္းဆုံး အဆုံးအ ျဖတ္ေပးႏႈိင္သူေတြဟာ ဖိလစ္ပိုင္လူမ်ိဳးေတြဘဲ ျဖစ္ၾကပါတယ္။

၂ဝ၂၂ ခုႏွစ္ ဧၿပီလ ၁၇ ရက္ေန႔စြဲပါ The ASEAN POST မွ Anna Malindog-Uy ၏ Human Rights: US’ Double Standards, Hypocrisy ကိုဘာသာျပန္ဆိုပါတယ္။

Anna Rosario Malindog-Uy ဟာ ႏိုင္ငံေရးသိပၸံ၊ ႏိုင္ငံတကာဆက္ဆံေရး၊ ဖြံၿဖိဳးေရးသုေတသန၊ ဥေရာပ သုေတသန၊ အေရွ႕ေတာင္အာရွနဲ႔ တ႐ုတ္သုေတသန ပါေမာကၡတစ္ဦးျဖစ္ပါတယ္။ သူမဟာ အာရွဖြံၿဖိဳးေရးဘဏ္ (ADB) နဲ႔ တျခားေဒသတြင္းနဲ႔ ႏိုင္ငံတကာအန္ဂ်ီအိုမ်ားရဲ႕အတိုင္ပင္ခံပုဂၢိဳလ္လည္း ျဖစ္ပါတယ္။ သူမဟာ ဖိလစ္ပိုင္ႏိုင္ငံက အိုင္တီအေျချပဳ ကုမၸဏီတစ္ခုျဖစ္တဲ့ Techperformance Corp ရဲ႕ဥကၠ႒ လည္းျဖစ္ပါတယ္။

https://theaseanpost.com/opinion/2022/apr/17/human-rights-us-double-standards-hypocrisy

Picture

Thin Thin Oo

30/05/2022 15:35

အမေဒိကန်ကမွတ်တွေဘက်ကအတော်နာတာ်နော်

Related news

© 2021. All rights reserved.