အိန္ဒိယအရှေ့မြောက်ဖျား ပုန်ကန်သောင်းကျန်းမှုများ လျော့ကျနေခြင်းမှာ နယူးဒေလီနှင့် တောင်အာရှနိုင်ငံများအတွက် အလားအလာကောင်းနိုင်ခြေရှိ/မရှိ (ဘာသာပြန်ဆောင်းပါး)

 1191

Htay Oung (NP News) – May 24
အိန္ဒိယရဲ့အရှေ့မြောက်ဒေသဟာ တောင်အာရှအကြီးဆုံးနိုင်ငံရဲ့ငြိမ်းချမ်းရေးမှာ ကာလရှည်စွာ အငြင်းအခုံဖြစ် ခဲ့တဲ့ နယ်မြေများဖြစ်တယ်။ ပထဝီဝင်နိုင်ငံရေးအရကြည့်မယ်ဆိုရင် အဲဒီနယ်မြေဟာ ပြည်မကြီးမှ ပြတ် တောက် လုမတတ်ရှိနေပြီး ဒေသတွင်းမှာ မလုံလောက်မှုများနဲ့ ပြည့်နှက်နေပါတယ်လို့ အိန္ဒိယအထူးပြု တောင် အာရှ ရေးရာ နိုင်ငံရေး အလွတ်တန်းလေ့လာသုံးသပ်သူ အေနွတ်ဆင်းဟားက ယနေ့ မေလ ၂၄ ရက်ထုတ် Dhaka Tribune မှာ ရေးသားပါတယ်။

အတိတ်ကာလ သောင်းကျန်းမှုများရဲ့ကြမ်းကြုတ်မှုတွေဟာ အိန္ဒိယရဲ့ခွဲထွက်မှုတွေကို မလွှဲမရှောင်သာဖြစ်စေခဲ့ တယ်လို့ ယခင် အချိန်ကာလတစ်ခုထိ လူတိုင်းယုံကြည်စေခဲ့ပါတယ်။ ၆၈ နှစ်ကြာ ပုန်ကန်မှုလမ်းကြောင်း ပေါ်မှာ အိန္ဒိယအစိုးရရဲ့ အမျိုးမျိုးအဖုံဖုံ အကြိမ်ကြိမ် ကြိုးပမ်းခဲ့ပြီးနောက် နိုင်ငံအရှေ့မြောက်ဖျားဒေသရဲ့ ပုန် ကန်ခြားနားမှုများဟာ ဆက်တိုက်ဆိုသလို လျော့ပါးသွားခဲ့ပါတယ်။ သို့သော် အဲဒီအတွက် သက်ပြင်းတစ်ချက် ချနိုင်ရုံသာရှိသေး မြန်မာနိုင်ငံအတွင်း ပေကျင်းရဲ့အဓိကကျတဲ့ တိုးဝင်မှုများနဲ့ တရုတ်နိုင်ငံကိုအကြောင်း အရင်းခံတဲ့ သူပုန်အဖွဲ့အသစ်တွေ ပေါ်လာပြန်ပါတယ်။ အဲဒါတွေကို အိန္ဒိယအတွက် ခုလိုအချိန်မှာ ဖြေလျှော့ဖို့ ခက်ခဲနေပါသလား။

ချိတ်ဆက်မှု ညံ့ဖျင်းခြင်း၊ သိသာစွာ အထီးကျန်ဆန်ခြင်း၊ ပြည်နယ်အချို့တွင် သူပုန်ထခြင်း၊ အကြမ်းဖက်ဝါဒ ကြီးထွားလာခြင်း၊ လူမျိုးရေးပဋိပက္ခများ၊ နယ်စပ်ဖြတ်ကျော် ကူးလူးဆက်ဆံမှုများ၊ တရုတ်နဲ့ မြန်မာကဲ့သို့ နိုင်ငံ များနှင့် ယဉ်ကျေးမှုအနှောင်အဖွဲ့များအပါအဝင် ကမ္ဘာ့ရန်ဘက် လူမျိုးစုတို့အကြား အချင်းချင်းလွှမ်းမိုးချုပ်ကိုင် ရေး၊ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုညံ့ဖျင်းခြင်းတို့ဟာ အိန္ဒိယအရှေ့မြောက်ဖျားဒေသရဲ့ လက်ရှိလုံခြုံရေးအခြေ အနေကို ရေရှည်စံနစ်တကျဖြစ်အောင် ကိုင်တွယ်ဖြေရှင်းဖို့ အလွန်ခက်ခဲစေပါတယ်။ ဒါပေမဲ့လည်း မဟာဗျူဟာ ကျကျ ကိုင်တွယ်ဖြေရှင်းဖို့ လိုအပ်နေပါတယ်။

အဲဒီဒေသဟာ အရေးပါ နိုင်ငံရေးအင်အားကြီး သုံးခုဖြစ်တဲ့ အိန္ဒိယ၊ တရုတ်၊ မြန်မာနိုင်ငံတို့နဲ့ အနားသတ်လျက် တည်ရှိနေပါတယ်။ အချို့ဟာ ကြားခံကျေးရွာများသဖွယ်ရှိနေကြပြီး အချို့ကတော့ အဲဒီ ၃ နိုင်ငံကြား ချိတ် ဆက် အသိုက်အဝန်းအဖြစ် ရပ်တည်နေကြပါတယ်။ “ညီအစ်မ ၇ ဖော်” လို့ ညွှန်းဆိုကြတဲ့ အရှေ့ဖျား ပြည်နယ်တို့ အကြား အစောဆုံးသူပုန်ထမှုဟာ ၁၉၄၇ ခုနှစ်မှာ နာဂလူမျိုးတို့က အချုပ်အခြာအာဏာပိုင်ခွင့် တောင်းဆိုခြင်းနဲ့ စတင်ပါတယ်။ အဲဒီပုန်ကန်မှုဟာ အခြားပြည်နယ် ၆ ခုတို့ရဲ့ သီးခြားလွတ်လပ်ရေးတိုက်ပွဲဝင်ဖို့အတွက် တွန်းအားပေးသလိုဖြစ်လာခဲ့ပါတယ်။ အဲဒီအချိန်ကစပြီး သွေးထွက်သံယိုမှုများ၊ လူမျိုးစုရန်ပွဲများနဲ့ ဖွံ့ဖြိုး တိုးတက်မှုအားနည်းခြင်းတို့ဟာ ဒေသရဲ့သမိုင်းကို အကျည်းတန်စေခဲ့ပါတယ်။

အိန္ဒိယအစိုးရအနေနဲ့ သူ့နိုင်ငံအတွင်း သောင်းကျန်းမှုနှိမ်နင်းရာမှာ ပါဝါအမာနဲ့ ပါဝါအပျော့နှစ်မျိုးလုံးကို အသုံး ချခဲ့ကြောင်း တွေ့ရပါတယ်။ အကျပ်အတည်းနိဒါန်းပိုင်းမှာ နိုင်ငံရေးအရ ပြေလည်မှုမရရှိတဲ့အတွက် စစ်အင် အားသုံးရုံသာမက အာဏာပိုင်များကလည်း တရားဝင် (သို့မဟုတ်) ဝရမ်းမပါဘဲ ဖမ်းဆီးခြင်း၊ စစ်ကြောခြင်းနဲ့ အင်အားသုံးခြင်းတို့ကို ခွင့်ပြုပေးထားတဲ့ တပ်မတော် (အထူးအခွင့်အာဏာများ) အပ်နှင်းခြင်းအက်ဥပဒေ (AFSPA) ကိုပင် အစိုးရက အကောင်အထည်ဖော်ခဲ့ပါတယ်။

ကိုယ်တွေ့မျက်မြင် အခြေပြု ဒဿအရ အထူးသဖြင့် ဒီမိုကရေစီနိုင်ငံများမှာ သောင်းကျန်းမှုများကို နိုင်ငံရေး နည်းအရ ညှိနှိုင်းဖြေရှင်းမှု လိုအပ်ပါတယ်။ ပြည်နယ်များမှာ အပြည့်အဝ လုပ်ပိုင်ခွင့်ပေးထားတဲ့ ရွေးကောက်ခံ အစိုးရတို့ရဲ့အုပ်ချုပ်ရေးမျိုးဟာ အချိန်ကြာမြင့်စွာ တည်ရှိစေခဲ့ပါတယ်။ သူပုန်အဖွဲ့အများစုတို့ဟာ စေ့စပ်ညှိနှိုင်း မှု၊ ဆွေးနွေးပွဲများသာမက အစိုးရရဲ့နှစ်သက်စဖွယ် ပြန်လည်ထူထောင်ရေးကမ်းလှမ်းမှုများကြောင့် သဘောတူ ညီချက်များကို လက်မှတ်ရေးထိုး (သို့မဟုတ်) လက်မှတ်ရေးထိုးရန် နီးကပ်လာရပါတယ်။

အိန္ဒိယပြည်ထဲရေးဝန်ကြီးဌာနရဲ့နှစ်ပတ်လည်အစီရင်ခံစာအရ အရှေ့မြောက်ပိုင်းပြည်နယ် ၈ ခုအနက် ၆ ခု တို့ မှာ သောင်းကျန်းမှုဖြစ်ပွားခြင်းဟာ ၂ဝ၁၄ ခုနှစ်မှာ ၈ဝ ရာခိုင်နှုန်းလျော့ကျသွားခဲ့ပြီး၊ လုံခြုံရေးတပ်ဖွဲ့ဝင်များ အသေအပျောက် ၇၅ ရာခိုင်နှုန်း၊ အရပ်သားသေဆုံးမှု ၉၅ ရာခိုင်နှုန်း ကျဆင်းသွားကြောင်း ဖော်ပြထားပါတယ်။ သူပုန်အုပ်စုများနဲ့ နိုင်ငံရေးအရ သဘောတူညီချက်တွေရရှိလာတဲ့အတွက် လုံခြုံရေးအခြေအနေ သိသိသာသာ တိုးတက်ကောင်းမွန်လာပြီး ဒေသဖွံ့ဖြိုးမှု အလျင်အမြန်တိုးတက်လာပါတယ်။ မကြာသေးမီက အာသံ၊ နာဂလန်း နဲ့ မဏိပူရပြည်နယ်တို့မှာ လက်နက်ကိုင်တပ်ဖွဲ့များ အထူးအခွင့်အာဏာအပ်နှင်းခြင်းဆိုင်ရာ အက်ဥပဒေ (သို့မဟုတ်) AFSPA ဥပဒေပြဋ္ဌာန်းထားရတဲ့ အမည်းရောင်နယ်မြေအရေအတွက်ကို ဗဟိုအစိုးရက လျှော့ချခဲ့ရ ပါတယ်။

တကယ်တော့ “ညီအမ ၇ ဖော်” ပြည်နယ်တို့ဟာ ဘင်္ဂလားဒေ့ရှ်၊ နီပေါ၊ ဘူတန်၊ တရုတ်၊ မြန်မာနိုင်ငံတို့က ဝိုင်းရံထားတဲ့ နယ်မြေကြီးဖြစ်ပါတယ်။ ဘင်္ဂလားဒေ့ရှ်နဲ့ ဘူတန်တို့ရဲ့ ရှုထောင့်ကနေကြည့်လျှင် အိန္ဒိယအနေနဲ့ အဲဒီနိုင်ငံများအကြား နယ်မြေဟာ နှိုင်းယှဉ်ချက်အားဖြင့် အနှောင့်အယှက်ကင်းမဲ့တဲ့ ငြိမ်းချမ်းရေးရရှိသလို ဖြစ် နေပါတယ်။ အိန္ဒိယကာကွယ်ရေးဝန်ကြီး ရာ့ဂျ်နသ့်ဆင်းဆိုလျှင် အိန္ဒိယနဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံတို့ဟာ ငြိမ်းချမ်း သော နယ်နိမိတ်များကို မျှေဝေပိုင်ဆိုင်ကြပြီး နီးကပ်တဲ့ဆက်ဆံရေးတည်ရှိကြောင်း ချီးကျူးခဲ့ရပါတယ်။

ဒေသတွင်းသောင်းကျန်းမှုများကို နှိမ်နင်းရာမှာ ဘင်္ဂလားဒေ့ရှ်ဟာ သူ့ရဲ့အရင်းနှီးဆုံး အိမ်နီးချင်းအပေါ် မသိ စိတ်မှ ကာကွယ်သူအဖြစ် မကြာခဏဆိုသလို တာဝန်ထမ်းဆောင်ခဲ့ပါတယ်။ “ညီညွတ်သော အာသံလွတ် မြောက်ရေးတပ်ဦး” ULFA ခေါင်းဆောင်ပိုင်းတစ်ခုလုံးနဲ့ အာသံပြည်နယ် ဘိုဒိုသောင်းကျန်းသူခေါင်းဆောင်တွေ ကို ဖမ်းဆီးပြီး အိန္ဒိယနိုင်ငံသို့ လွှဲပြောင်းပေးအပ်ခဲ့ပါတယ်။ အဲဒီဒေသမှာရှိတဲ့ သောင်းကျန်းမှုများဟာ နိုင်ငံ အတွက် အဓိက ခေါင်းခဲစရာဖြစ်နေတဲ့ ဘင်္ဂလားဒေ့ရှ်ရဲ့အကြမ်းဖက်ဝါဒအပေါ် လုံးဝ သည်းမခံရေးမူဝါဒဟာ အိန္ဒိယနိုင်ငံအတွက် များစွာအကျိုးရှိခဲ့ပါတယ်။

ဒါပေမယ့်လည်း အိန္ဒိယအနေနဲ့ သတိထားရမှာက တရုတ်ဖြစ်နေပါတယ်။ အိန္ဒိယရဲ့ အာရူနာချယ်ပရာဒက်ရှ် ပြည်နယ်ကို ပိုင်ဆိုင်ကြောင်း အခိုင်အမာပြောဆိုနေတဲ့ တရုတ်ဟာ တိဗက်တောင်ပိုင်းဒေသနဲ့ ဆက်စပ်နေတဲ့ အိန္ဒိယအရှေ့မြောက်ပိုင်းရဲ့လုံခြုံရေးကို ပြင်းထန်စွာခြိမ်းခြောက်နေပါတယ်။ လွန်ခဲ့တဲ့နှစ်အနည်းငယ်အတွင်း အိန္ဒိယနိုင်ငံဟာ (တရုတ်တပ်များနဲ့ ထိပ်တိုက်ရင်ဆိုင်နေရတဲ့) “အမှန်တကယ်ထိန်းချုပ်မျဉ်း (LAC) တစ် လျှောက် တင်းမာမှုတွေကြုံတွေ့နေရတာကိုလည်း မှတ်သားထိုက်ပါတယ်။ အိန္ဒိယအနေနဲ့ ခိုင်မာတဲ့ခုခံရေး ရပ်တည်ချက်ရှိပေမယ့်လည်း အရှေ့မြောက်ပြည်နယ်များဟာ အကျယ် ၁ဝ မိုင်ခန့်သာရှိတဲ့ “ဆီလီဂူရီတောင် ကြားလမ်း” မှတဆင့် အိန္ဒိယကျန်ပြည်နယ်များနဲ့ ချိတ်ဆက်နေပြီး အရှေ့မြောက်ဖျားတစ်ခုလုံး သီးခြားပိုင်းခြား ထားသလိုရှိကြောင်း စိတ်မှန်းနဲ့ သိနိုင်ပါတယ်။ မကြာသေးမီက LAC မျဉ်းတစ်လျှောက်ဖြစ်ပွားခဲ့တဲ့ “ဒေါ့ခ်လန် နယ်မြေ ပြဿနာ” ဟာ အဲဒီတောင်ကြားလမ်းနဲ့ ပိုမိုနီးကပ်လိုတဲ့ တရုတ်ရဲ့ဆန္ဒကြောင့် ပေါ်ပေါက်လာရခြင်း ဖြစ်ပါတယ်။

တရုတ်ဟာ နာဂနဲ့ ယူနန်ပြည်နယ်အကြား မျိုးနွယ်စုဆက်ဆံရေးအပါအဝင် အရှေ့မြောက်ဒေသတစ်ခုလုံးနဲ့ ရာစုနှစ်များစွာကြာ ဆက်ဆံရေးရှိပါတယ်။ မကြာသေးမီနှစ်များအတွင်း ဒေသတွင်းပုန်ကန်ခြားနားမှုဟာ တ ရုတ်ရဲ့တိုက်ရိုက် ကျောထောက်နောက်ခံ တစ်စုံတစ်ရာ မပါရှိခဲ့ပေမယ့်လည်း၊ အိန္ဒိယ သူပုန်ခေါင်းဆောင် အချို့ ခိုလှုံနေတဲ့တရုတ်ရဲ့ယခင်အတွေ့အကြုံများက သံသယဖြစ်စရာရှိပါတယ်။

တရုတ်နိုင်ငံရဲ့အကြီးစားရေကာတာနဲ့ မြစ်ကြောင်းဆက်သွယ်မှုပရောဂျက်များဟာ အိန္ဒိယအရှေ့မြောက်ဒေသ တွင်သာမက တောင်အာရှတစ်ခွင်လုံးရဲ့ ရေအရင်းအမြစ်လုံခြုံရေးအတွက် ဆိုးရွားတဲ့ခြိမ်းခြောက်မှုကို ကိုယ်စား ပြုနေပါတယ်။ တရုတ်ရဲ့ရေအရင်းမြစ်ကို ဗျူဟာမြောက်လက်နက်အဖြစ် အသုံးပြုခြင်းရလာဒ်အနေနဲ့ တောင်အာရှနိုင်ငံများအကြား အဓိပ္ပာယ်ပြည့်ဝတဲ့ သဘောတူညီချက် ရေးဆွဲမရနိုင်တော့ဘဲ စိန်ခေါ်မှုများနဲ့ ရင်ဆိုင်ရပါတော့တယ်။ တရုတ်ရဲ့ရေလွှဲဆည်နဲ့ ရေအားလျှပ်စစ်စီမံကိန်းများကြောင့် ဖြစ်ပေါ်လာနိုင်တဲ့ ရေရှား ပါးမှုများအတွက် နှစ်နိုင်ငံဆက်ဆံရေးကို ထိခိုက်စေနိုင်တာကို အိန္ဒိယနဲ့ ဘင်္ဂလားဒေ့ရှ်တို့ကလည်း အလေး အနက်ထားရှိရမှာဖြစ်ပါတယ်။

အိန္ဒိယနိုင်ငံ အရှေ့မြောက်ပိုင်းမှာ သောင်းကျန်းသူ နည်းပါးလာပြီး အချို့နေရာများမှာ လုံးဝဥဿုံရပ်တန့်နေဆဲ ဖြစ်ရပ်များဟာ သတင်းကောင်းလို့ ဆိုနိုင်ပါတယ်။ ဒေသတွင်း လာဘ်မြင်တဲ့ ကစားသမားဖြစ်သူ တရုတ်နဲ့အတူ သူ့ရဲ့တောင်ပံကစားသမား မြန်မာတို့ဟာ အရှေ့မြောက်အိန္ဒိယနဲ့ ဒေသတစ်ခုလုံးရဲ့လုံခြုံရေးအပေါ် အန္တရာယ် ဖြစ်စေနိုင်ပါတယ်။

(Dhaka Tribune, 24 Mar 2022,” A dangerous calm” ကို #HtayOung , #OungMarine ဆီလျော်အောင် ကောက်နှုတ်ဘာသာပြန်ဆိုသည်။)

https://www.dhakatribune.com/op-ed/2022/05/24/a-dangerous-calm

Zawgyi Version;
အိႏၵိယအေရွ႕ေျမာက္ဖ်ား ပုန္ကန္ေသာင္းက်န္းမႈမ်ား ေလ်ာ့က်ေနျခင္းမွာ နယူးေဒလီႏွင့္ ေတာင္အာရွႏိုင္ငံမ်ားအတြက္ အလားအလာေကာင္းႏိုင္ေျခရွိ/မရွိ (ဘာသာျပန္ေဆာင္းပါး)
Htay Oung (NP News) – May 24
အိႏၵိယရဲ႕အေရွ႕ေျမာက္ေဒသဟာ ေတာင္အာရွအႀကီးဆုံးႏိုင္ငံရဲ႕ၿငိမ္းခ်မ္းေရးမွာ ကာလရွည္စြာ အျငင္းအခုံျဖစ္ ခဲ့တဲ့ နယ္ေျမမ်ားျဖစ္တယ္။ ပထဝီဝင္ႏိုင္ငံေရးအရၾကည့္မယ္ဆိုရင္ အဲဒီနယ္ေျမဟာ ျပည္မႀကီးမွ ျပတ္ ေတာက္ လုမတတ္ရွိေနၿပီး ေဒသတြင္းမွာ မလုံေလာက္မႈမ်ားနဲ႔ ျပည့္ႏွက္ေနပါတယ္လို႔ အိႏၵိယအထူးျပဳ ေတာင္ အာရွ ေရးရာ ႏိုင္ငံေရး အလြတ္တန္းေလ့လာသုံးသပ္သူ ေအႏြတ္ဆင္းဟားက ယေန႔ ေမလ ၂၄ ရက္ထုတ္ Dhaka Tribune မွာ ေရးသားပါတယ္။

အတိတ္ကာလ ေသာင္းက်န္းမႈမ်ားရဲ႕ၾကမ္းၾကဳတ္မႈေတြဟာ အိႏၵိယရဲ႕ခြဲထြက္မႈေတြကို မလႊဲမေရွာင္သာျဖစ္ေစခဲ့ တယ္လို႔ ယခင္ အခ်ိန္ကာလတစ္ခုထိ လူတိုင္းယုံၾကည္ေစခဲ့ပါတယ္။ ၆၈ ႏွစ္ၾကာ ပုန္ကန္မႈလမ္းေၾကာင္း ေပၚမွာ အိႏၵိယအစိုးရရဲ႕ အမ်ိဳးမ်ိဳးအဖုံဖုံ အႀကိမ္ႀကိမ္ ႀကိဳးပမ္းခဲ့ၿပီးေနာက္ ႏိုင္ငံအေရွ႕ေျမာက္ဖ်ားေဒသရဲ႕ ပုန္ ကန္ျခားနားမႈမ်ားဟာ ဆက္တိုက္ဆိုသလို ေလ်ာ့ပါးသြားခဲ့ပါတယ္။ သို႔ေသာ္ အဲဒီအတြက္ သက္ျပင္းတစ္ခ်က္ ခ်ႏိုင္႐ုံသာရွိေသး ျမန္မာႏိုင္ငံအတြင္း ေပက်င္းရဲ႕အဓိကက်တဲ့ တိုးဝင္မႈမ်ားနဲ႔ တ႐ုတ္ႏိုင္ငံကိုအေၾကာင္း အရင္းခံတဲ့ သူပုန္အဖြဲ႕အသစ္ေတြ ေပၚလာျပန္ပါတယ္။ အဲဒါေတြကို အိႏၵိယအတြက္ ခုလိုအခ်ိန္မွာ ေျဖေလွ်ာ့ဖို႔ ခက္ခဲေနပါသလား။

ခ်ိတ္ဆက္မႈ ညံ့ဖ်င္းျခင္း၊ သိသာစြာ အထီးက်န္ဆန္ျခင္း၊ ျပည္နယ္အခ်ိဳ႕တြင္ သူပုန္ထျခင္း၊ အၾကမ္းဖက္ဝါဒ ႀကီးထြားလာျခင္း၊ လူမ်ိဳးေရးပဋိပကၡမ်ား၊ နယ္စပ္ျဖတ္ေက်ာ္ ကူးလူးဆက္ဆံမႈမ်ား၊ တ႐ုတ္နဲ႔ ျမန္မာကဲ့သို႔ ႏိုင္ငံ မ်ားႏွင့္ ယဥ္ေက်းမႈအေႏွာင္အဖြဲ႕မ်ားအပါအဝင္ ကမာၻ႔ရန္ဘက္ လူမ်ိဳးစုတို႔အၾကား အခ်င္းခ်င္းလႊမ္းမိုးခ်ဳပ္ကိုင္ ေရး၊ စီးပြားေရးဖြံ႕ၿဖိဳးတိုးတက္မႈညံ့ဖ်င္းျခင္းတို႔ဟာ အိႏၵိယအေရွ႕ေျမာက္ဖ်ားေဒသရဲ႕ လက္ရွိလုံၿခဳံေရးအေျခ အေနကို ေရရွည္စံနစ္တက်ျဖစ္ေအာင္ ကိုင္တြယ္ေျဖရွင္းဖို႔ အလြန္ခက္ခဲေစပါတယ္။ ဒါေပမဲ့လည္း မဟာဗ်ဴဟာ က်က် ကိုင္တြယ္ေျဖရွင္းဖို႔ လိုအပ္ေနပါတယ္။

အဲဒီေဒသဟာ အေရးပါ ႏိုင္ငံေရးအင္အားႀကီး သုံးခုျဖစ္တဲ့ အိႏၵိယ၊ တ႐ုတ္၊ ျမန္မာႏိုင္ငံတို႔နဲ႔ အနားသတ္လ်က္ တည္ရွိေနပါတယ္။ အခ်ိဳ႕ဟာ ၾကားခံေက်း႐ြာမ်ားသဖြယ္ရွိေနၾကၿပီး အခ်ိဳ႕ကေတာ့ အဲဒီ ၃ ႏိုင္ငံၾကား ခ်ိတ္ ဆက္ အသိုက္အဝန္းအျဖစ္ ရပ္တည္ေနၾကပါတယ္။ “ညီအစ္မ ၇ ေဖာ္” လို႔ ၫႊန္းဆိုၾကတဲ့ အေရွ႕ဖ်ား ျပည္နယ္တို႔ အၾကား အေစာဆုံးသူပုန္ထမႈဟာ ၁၉၄၇ ခုႏွစ္မွာ နာဂလူမ်ိဳးတို႔က အခ်ဳပ္အျခာအာဏာပိုင္ခြင့္ ေတာင္းဆိုျခင္းနဲ႔ စတင္ပါတယ္။ အဲဒီပုန္ကန္မႈဟာ အျခားျပည္နယ္ ၆ ခုတို႔ရဲ႕ သီးျခားလြတ္လပ္ေရးတိုက္ပြဲဝင္ဖို႔အတြက္ တြန္းအားေပးသလိုျဖစ္လာခဲ့ပါတယ္။ အဲဒီအခ်ိန္ကစၿပီး ေသြးထြက္သံယိုမႈမ်ား၊ လူမ်ိဳးစုရန္ပြဲမ်ားနဲ႔ ဖြံ႕ၿဖိဳး တိုးတက္မႈအားနည္းျခင္းတို႔ဟာ ေဒသရဲ႕သမိုင္းကို အက်ည္းတန္ေစခဲ့ပါတယ္။

အိႏၵိယအစိုးရအေနနဲ႔ သူ႔ႏိုင္ငံအတြင္း ေသာင္းက်န္းမႈႏွိမ္နင္းရာမွာ ပါဝါအမာနဲ႔ ပါဝါအေပ်ာ့ႏွစ္မ်ိဳးလုံးကို အသုံး ခ်ခဲ့ေၾကာင္း ေတြ႕ရပါတယ္။ အက်ပ္အတည္းနိဒါန္းပိုင္းမွာ ႏိုင္ငံေရးအရ ေျပလည္မႈမရရွိတဲ့အတြက္ စစ္အင္ အားသုံး႐ုံသာမက အာဏာပိုင္မ်ားကလည္း တရားဝင္ (သို႔မဟုတ္) ဝရမ္းမပါဘဲ ဖမ္းဆီးျခင္း၊ စစ္ေၾကာျခင္းနဲ႔ အင္အားသုံးျခင္းတို႔ကို ခြင့္ျပဳေပးထားတဲ့ တပ္မေတာ္ (အထူးအခြင့္အာဏာမ်ား) အပ္ႏွင္းျခင္းအက္ဥပေဒ (AFSPA) ကိုပင္ အစိုးရက အေကာင္အထည္ေဖာ္ခဲ့ပါတယ္။

ကိုယ္ေတြ႕မ်က္ျမင္ အေျချပဳ ဒႆအရ အထူးသျဖင့္ ဒီမိုကေရစီႏိုင္ငံမ်ားမွာ ေသာင္းက်န္းမႈမ်ားကို ႏိုင္ငံေရး နည္းအရ ညႇိႏႈိင္းေျဖရွင္းမႈ လိုအပ္ပါတယ္။ ျပည္နယ္မ်ားမွာ အျပည့္အဝ လုပ္ပိုင္ခြင့္ေပးထားတဲ့ ေ႐ြးေကာက္ခံ အစိုးရတို႔ရဲ႕အုပ္ခ်ဳပ္ေရးမ်ိဳးဟာ အခ်ိန္ၾကာျမင့္စြာ တည္ရွိေစခဲ့ပါတယ္။ သူပုန္အဖြဲ႕အမ်ားစုတို႔ဟာ ေစ့စပ္ညႇိႏႈိင္း မႈ၊ ေဆြးေႏြးပြဲမ်ားသာမက အစိုးရရဲ႕ႏွစ္သက္စဖြယ္ ျပန္လည္ထူေထာင္ေရးကမ္းလွမ္းမႈမ်ားေၾကာင့္ သေဘာတူ ညီခ်က္မ်ားကို လက္မွတ္ေရးထိုး (သို႔မဟုတ္) လက္မွတ္ေရးထိုးရန္ နီးကပ္လာရပါတယ္။

အိႏၵိယျပည္ထဲေရးဝန္ႀကီးဌာနရဲ႕ႏွစ္ပတ္လည္အစီရင္ခံစာအရ အေရွ႕ေျမာက္ပိုင္းျပည္နယ္ ၈ ခုအနက္ ၆ ခု တို႔ မွာ ေသာင္းက်န္းမႈျဖစ္ပြားျခင္းဟာ ၂ဝ၁၄ ခုႏွစ္မွာ ၈ဝ ရာခိုင္ႏႈန္းေလ်ာ့က်သြားခဲ့ၿပီး၊ လုံၿခဳံေရးတပ္ဖြဲ႕ဝင္မ်ား အေသအေပ်ာက္ ၇၅ ရာခိုင္ႏႈန္း၊ အရပ္သားေသဆုံးမႈ ၉၅ ရာခိုင္ႏႈန္း က်ဆင္းသြားေၾကာင္း ေဖာ္ျပထားပါတယ္။ သူပုန္အုပ္စုမ်ားနဲ႔ ႏိုင္ငံေရးအရ သေဘာတူညီခ်က္ေတြရရွိလာတဲ့အတြက္ လုံၿခဳံေရးအေျခအေန သိသိသာသာ တိုးတက္ေကာင္းမြန္လာၿပီး ေဒသဖြံ႕ၿဖိဳးမႈ အလ်င္အျမန္တိုးတက္လာပါတယ္။ မၾကာေသးမီက အာသံ၊ နာဂလန္း နဲ႔ မဏိပူရျပည္နယ္တို႔မွာ လက္နက္ကိုင္တပ္ဖြဲ႕မ်ား အထူးအခြင့္အာဏာအပ္ႏွင္းျခင္းဆိုင္ရာ အက္ဥပေဒ (သို႔မဟုတ္) AFSPA ဥပေဒျပ႒ာန္းထားရတဲ့ အမည္းေရာင္နယ္ေျမအေရအတြက္ကို ဗဟိုအစိုးရက ေလွ်ာ့ခ်ခဲ့ရ ပါတယ္။

တကယ္ေတာ့ “ညီအမ ၇ ေဖာ္” ျပည္နယ္တို႔ဟာ ဘဂၤလားေဒ့ရွ္၊ နီေပါ၊ ဘူတန္၊ တ႐ုတ္၊ ျမန္မာႏိုင္ငံတို႔က ဝိုင္းရံထားတဲ့ နယ္ေျမႀကီးျဖစ္ပါတယ္။ ဘဂၤလားေဒ့ရွ္နဲ႔ ဘူတန္တို႔ရဲ႕ ရႈေထာင့္ကေနၾကည့္လွ်င္ အိႏၵိယအေနနဲ႔ အဲဒီႏိုင္ငံမ်ားအၾကား နယ္ေျမဟာ ႏႈိင္းယွဥ္ခ်က္အားျဖင့္ အေႏွာင့္အယွက္ကင္းမဲ့တဲ့ ၿငိမ္းခ်မ္းေရးရရွိသလို ျဖစ္ ေနပါတယ္။ အိႏၵိယကာကြယ္ေရးဝန္ႀကီး ရာ့ဂ်္နသ့္ဆင္းဆိုလွ်င္ အိႏၵိယနဲ႔ ဘဂၤလားေဒ့ရွ္ႏိုင္ငံတို႔ဟာ ၿငိမ္းခ်မ္း ေသာ နယ္နိမိတ္မ်ားကို ေမွ်ေဝပိုင္ဆိုင္ၾကၿပီး နီးကပ္တဲ့ဆက္ဆံေရးတည္ရွိေၾကာင္း ခ်ီးက်ဴးခဲ့ရပါတယ္။

ေဒသတြင္းေသာင္းက်န္းမႈမ်ားကို ႏွိမ္နင္းရာမွာ ဘဂၤလားေဒ့ရွ္ဟာ သူ႔ရဲ႕အရင္းႏွီးဆုံး အိမ္နီးခ်င္းအေပၚ မသိ စိတ္မွ ကာကြယ္သူအျဖစ္ မၾကာခဏဆိုသလို တာဝန္ထမ္းေဆာင္ခဲ့ပါတယ္။ “ညီၫြတ္ေသာ အာသံလြတ္ ေျမာက္ေရးတပ္ဦး” ULFA ေခါင္းေဆာင္ပိုင္းတစ္ခုလုံးနဲ႔ အာသံျပည္နယ္ ဘိုဒိုေသာင္းက်န္းသူေခါင္းေဆာင္ေတြ ကို ဖမ္းဆီးၿပီး အိႏၵိယႏိုင္ငံသို႔ လႊဲေျပာင္းေပးအပ္ခဲ့ပါတယ္။ အဲဒီေဒသမွာရွိတဲ့ ေသာင္းက်န္းမႈမ်ားဟာ ႏိုင္ငံ အတြက္ အဓိက ေခါင္းခဲစရာျဖစ္ေနတဲ့ ဘဂၤလားေဒ့ရွ္ရဲ႕အၾကမ္းဖက္ဝါဒအေပၚ လုံးဝ သည္းမခံေရးမူဝါဒဟာ အိႏၵိယႏိုင္ငံအတြက္ မ်ားစြာအက်ိဳးရွိခဲ့ပါတယ္။

ဒါေပမယ့္လည္း အိႏၵိယအေနနဲ႔ သတိထားရမွာက တ႐ုတ္ျဖစ္ေနပါတယ္။ အိႏၵိယရဲ႕ အာ႐ူနာခ်ယ္ပရာဒက္ရွ္ ျပည္နယ္ကို ပိုင္ဆိုင္ေၾကာင္း အခိုင္အမာေျပာဆိုေနတဲ့ တ႐ုတ္ဟာ တိဗက္ေတာင္ပိုင္းေဒသနဲ႔ ဆက္စပ္ေနတဲ့ အိႏၵိယအေရွ႕ေျမာက္ပိုင္းရဲ႕လုံၿခဳံေရးကို ျပင္းထန္စြာၿခိမ္းေျခာက္ေနပါတယ္။ လြန္ခဲ့တဲ့ႏွစ္အနည္းငယ္အတြင္း အိႏၵိယႏိုင္ငံဟာ (တ႐ုတ္တပ္မ်ားနဲ႔ ထိပ္တိုက္ရင္ဆိုင္ေနရတဲ့) “အမွန္တကယ္ထိန္းခ်ဳပ္မ်ဥ္း (LAC) တစ္ ေလွ်ာက္ တင္းမာမႈေတြႀကဳံေတြ႕ေနရတာကိုလည္း မွတ္သားထိုက္ပါတယ္။ အိႏၵိယအေနနဲ႔ ခိုင္မာတဲ့ခုခံေရး ရပ္တည္ခ်က္ရွိေပမယ့္လည္း အေရွ႕ေျမာက္ျပည္နယ္မ်ားဟာ အက်ယ္ ၁ဝ မိုင္ခန႔္သာရွိတဲ့ “ဆီလီဂူရီေတာင္ ၾကားလမ္း” မွတဆင့္ အိႏၵိယက်န္ျပည္နယ္မ်ားနဲ႔ ခ်ိတ္ဆက္ေနၿပီး အေရွ႕ေျမာက္ဖ်ားတစ္ခုလုံး သီးျခားပိုင္းျခား ထားသလိုရွိေၾကာင္း စိတ္မွန္းနဲ႔ သိႏိုင္ပါတယ္။ မၾကာေသးမီက LAC မ်ဥ္းတစ္ေလွ်ာက္ျဖစ္ပြားခဲ့တဲ့ “ေဒါ့ခ္လန္ နယ္ေျမ ျပႆနာ” ဟာ အဲဒီေတာင္ၾကားလမ္းနဲ႔ ပိုမိုနီးကပ္လိုတဲ့ တ႐ုတ္ရဲ႕ဆႏၵေၾကာင့္ ေပၚေပါက္လာရျခင္း ျဖစ္ပါတယ္။

တ႐ုတ္ဟာ နာဂနဲ႔ ယူနန္ျပည္နယ္အၾကား မ်ိဳးႏြယ္စုဆက္ဆံေရးအပါအဝင္ အေရွ႕ေျမာက္ေဒသတစ္ခုလုံးနဲ႔ ရာစုႏွစ္မ်ားစြာၾကာ ဆက္ဆံေရးရွိပါတယ္။ မၾကာေသးမီႏွစ္မ်ားအတြင္း ေဒသတြင္းပုန္ကန္ျခားနားမႈဟာ တ ႐ုတ္ရဲ႕တိုက္႐ိုက္ ေက်ာေထာက္ေနာက္ခံ တစ္စုံတစ္ရာ မပါရွိခဲ့ေပမယ့္လည္း၊ အိႏၵိယ သူပုန္ေခါင္းေဆာင္ အခ်ိဳ႕ ခိုလႈံေနတဲ့တ႐ုတ္ရဲ႕ယခင္အေတြ႕အႀကဳံမ်ားက သံသယျဖစ္စရာရွိပါတယ္။

တ႐ုတ္ႏိုင္ငံရဲ႕အႀကီးစားေရကာတာနဲ႔ ျမစ္ေၾကာင္းဆက္သြယ္မႈပေရာဂ်က္မ်ားဟာ အိႏၵိယအေရွ႕ေျမာက္ေဒသ တြင္သာမက ေတာင္အာရွတစ္ခြင္လုံးရဲ႕ ေရအရင္းအျမစ္လုံၿခဳံေရးအတြက္ ဆိုး႐ြားတဲ့ၿခိမ္းေျခာက္မႈကို ကိုယ္စား ျပဳေနပါတယ္။ တ႐ုတ္ရဲ႕ေရအရင္းျမစ္ကို ဗ်ဴဟာေျမာက္လက္နက္အျဖစ္ အသုံးျပဳျခင္းရလာဒ္အေနနဲ႔ ေတာင္အာရွႏိုင္ငံမ်ားအၾကား အဓိပၸာယ္ျပည့္ဝတဲ့ သေဘာတူညီခ်က္ ေရးဆြဲမရႏိုင္ေတာ့ဘဲ စိန္ေခၚမႈမ်ားနဲ႔ ရင္ဆိုင္ရပါေတာ့တယ္။ တ႐ုတ္ရဲ႕ေရလႊဲဆည္နဲ႔ ေရအားလွ်ပ္စစ္စီမံကိန္းမ်ားေၾကာင့္ ျဖစ္ေပၚလာႏိုင္တဲ့ ေရရွား ပါးမႈမ်ားအတြက္ ႏွစ္ႏိုင္ငံဆက္ဆံေရးကို ထိခိုက္ေစႏိုင္တာကို အိႏၵိယနဲ႔ ဘဂၤလားေဒ့ရွ္တို႔ကလည္း အေလး အနက္ထားရွိရမွာျဖစ္ပါတယ္။

အိႏၵိယႏိုင္ငံ အေရွ႕ေျမာက္ပိုင္းမွာ ေသာင္းက်န္းသူ နည္းပါးလာၿပီး အခ်ိဳ႕ေနရာမ်ားမွာ လုံးဝဥႆုံရပ္တန႔္ေနဆဲ ျဖစ္ရပ္မ်ားဟာ သတင္းေကာင္းလို႔ ဆိုႏိုင္ပါတယ္။ ေဒသတြင္း လာဘ္ျမင္တဲ့ ကစားသမားျဖစ္သူ တ႐ုတ္နဲ႔အတူ သူ႔ရဲ႕ေတာင္ပံကစားသမား ျမန္မာတို႔ဟာ အေရွ႕ေျမာက္အိႏၵိယနဲ႔ ေဒသတစ္ခုလုံးရဲ႕လုံၿခဳံေရးအေပၚ အႏၲရာယ္ ျဖစ္ေစႏိုင္ပါတယ္။

(Dhaka Tribune, 24 Mar 2022,” A dangerous calm” ကို #HtayOung , #OungMarine ဆီေလ်ာ္ေအာင္ ေကာက္ႏႈတ္ဘာသာျပန္ဆိုသည္။)

https://www.dhakatribune.com/op-ed/2022/05/24/a-dangerous-calm

Related news

© 2021. All rights reserved.