ပို့ကုန်သွင်းကုန်လုပ်ငန်းရှင်များ ပို့ကုန်ရငွေပြန်လည်ဝင်ပြီးမှသာ နောက်ထပ်ပို့ကုန်သွင်းကုန်လုပ်ငန်းရှင်မှတ်ပုံတင်လက်မှတ် အသစ်ထပ်မံထုတ်ပေးမည်

 2273

ဖူးပြည့် (NP News) - မေ ၂၅
ပို့ကုန်ရငွေများပြန်လည်ဝင်ရောက်ရန်ကျန်ရှိသည့် ကုမ္ပဏီ ၃၄၆ ခုအား ပို့ကုန်သွင်းကုန်လုပ်ငန်းရှင်မှတ်ပုံတင်လက်မှတ်ပိတ်သိမ်းလိုက်ပြီဖြစ်ပြီး ကုမ္ပဏီများအနေဖြင့် ပို့ကုန်ရငွေစာရင်းရှင်းလင်းပြီးမှသာ ပို့ကုန်သွင်း ကုန်လုပ်ငန်းရှင်မှတ်ပုံတင်လက်မှတ်အသစ် ထပ်မံထုတ်ပေးမည်ဖြစ် ကြောင်း ကုန်သွယ်ရေးဦးစီးဌာနက မေလ ၂၄ ရက်က အသိပေးထုတ် ပြန်ကြေညာခဲ့သည်။

အဆိုပါ ကုမ္ပဏီများသည် ၂ဝ၂၁ ခုနှစ် နိုဝင်ဘာလ ၁ဝ ရက်မှ ဒီဇင်ဘာ လ ၁ဝ ရက်အတွင်း ပို့ကုန်တင်ပို့ခဲ့ပြီး ပို့ကုန်ရငွေများပြန်လည်ဝင် ရောက်ရန်ကျန်ရှိသည့် ကုမ္ပဏီများဖြစ်ကာ သတ်မှတ်ကာလအတွင်း ပို့ကုန်ရငွေပြန်လည်ဝင်ရောက်မှုမရှိသဖြင့် ပို့ကုန်သွင်းကုန်လုပ်ငန်းရှင်မှတ်ပုံတင်လက်မှတ်ပိတ်သိမ်းခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ယင်းကုမ္ပဏီများအနက် ပို့ကုန်ရငွေ ယခင်က ဝင်ရောက်ပြီးဖြစ်၍ ထပ်မံဝင်ရောက်မည်မဟုတ်ကြောင်း စာရင်းရှင်းလင်းသည့် ကုမ္ပဏီများနှင့်ပို့ကုန်ရငွေပြန်လည်ဝင်ရောက်မည့် ကိစ္စမဟုတ်ကြောင်း သက်သေအ ထောက်အထားများဖြင့် စာရင်းရှင်းလင်းတင်ပြသည့် ကုမ္ပဏီများအနေ ဖြင့်သတ်မှတ်ထားသော အခကြေးငွေပေးဆောင်၍ ပို့ကုန်သွင်းကုန်လုပ် ငန်းရှင်မှတ်ပုံတင်လက်မှတ်အသစ်ပြန်လည်လျှောက်ထားရမည်ဖြစ် ကြောင်း ကုန်သွယ်ရေးဦးစီး ဌာနက အသိပေးထားသည်။

ထို့ပြင် ပို့ကုန်သွင်းကုန်လုပ်ငန်းရှင် မှတ်ပုံတင်လက်မှတ်ပိတ်သိမ်းပြီးနောက်ပိုင်းမှသာ ပို့ကုန်ရငွေပြန်လည်ဝင်ရောက်လာသည့် ကုမ္ပဏီများအနေဖြင့် သက်ဆိုင်ရာဘဏ်မှ စာရင်းရှင်းလင်းပြီးကြောင်း မြန်မာနိုင်ငံတော်ဗဟို ဘဏ်သို့ သတင်းပို့ခဲ့သောနေ့၏နောက် (၁၄) ရက်ပြည်သည့်အချိန်မှသာ သတ်မှတ်ထားသော အခကြေးငွေပေး ဆောင်၍ ပို့ကုန်သွင်းကုန်လုပ်ငန်းရှင်မှတ်ပုံတင် လက်မှတ်အသစ် ပြန်လည်လျှောက် ထားရန်အသိပေးထားသည်။

ပို့ကုန်သွင်းကုန် လုပ်ငန်းရှင်မှတ်ပုံတင် သက်တမ်းကို ခွင့်ပြုသည့်နေ့မှ သက်တမ်း (၅) နှစ်အထိ တစ်ဆက်တည်းကာလ သတ်မှတ်ခွင့်ပြုကြောင်း သိရသည်။

https://npnewsmm.com/news/628de5c6fe612e2abb473107

zawgyi version
ပို႔ကုန္သြင္းကုန္လုပ္ငန္းရွင္မ်ား ပို႔ကုန္ရေငြျပန္လည္ဝင္ၿပီးမွသာ ေနာက္ထပ္ပို႔ကုန္သြင္းကုန္လုပ္ငန္းရွင္မွတ္ပုံတင္လက္မွတ္ အသစ္ထပ္မံထုတ္ေပးမည္
ဖူးျပည့္ (NP News) - ေမ ၂၅

ပို႔ကုန္ရေငြမ်ားျပန္လည္ဝင္ေရာက္ရန္က်န္ရွိသည့္ ကုမၸဏီ ၃၄၆ ခုအား ပို႔ကုန္သြင္းကုန္လုပ္ငန္းရွင္မွတ္ပုံတင္လက္မွတ္ပိတ္သိမ္းလိုက္ၿပီျဖစ္ၿပီး ကုမၸဏီမ်ားအေနျဖင့္ ပို႔ကုန္ရေငြစာရင္းရွင္းလင္းၿပီးမွသာ ပို႔ကုန္သြင္း ကုန္လုပ္ငန္းရွင္မွတ္ပုံတင္လက္မွတ္အသစ္ ထပ္မံထုတ္ေပးမည္ျဖစ္ ေၾကာင္း ကုန္သြယ္ေရးဦးစီးဌာနက ေမလ ၂၄ ရက္က အသိေပးထုတ္ ျပန္ေၾကညာခဲ့သည္။

အဆိုပါ ကုမၸဏီမ်ားသည္ ၂ဝ၂၁ ခုႏွစ္ ႏိုဝင္ဘာလ ၁ဝ ရက္မွ ဒီဇင္ဘာ လ ၁ဝ ရက္အတြင္း ပို႔ကုန္တင္ပို႔ခဲ့ၿပီး ပို႔ကုန္ရေငြမ်ားျပန္လည္ဝင္ ေရာက္ရန္က်န္ရွိသည့္ ကုမၸဏီမ်ားျဖစ္ကာ သတ္မွတ္ကာလအတြင္း ပို႔ကုန္ရေငြျပန္လည္ဝင္ေရာက္မႈမရွိသျဖင့္ ပို႔ကုန္သြင္းကုန္လုပ္ငန္းရွင္မွတ္ပုံတင္လက္မွတ္ပိတ္သိမ္းခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။

ယင္းကုမၸဏီမ်ားအနက္ ပို႔ကုန္ရေငြ ယခင္က ဝင္ေရာက္ၿပီးျဖစ္၍ ထပ္မံဝင္ေရာက္မည္မဟုတ္ေၾကာင္း စာရင္းရွင္းလင္းသည့္ ကုမၸဏီမ်ားႏွင့္ပို႔ကုန္ရေငြျပန္လည္ဝင္ေရာက္မည့္ ကိစၥမဟုတ္ေၾကာင္း သက္ေသအ ေထာက္အထားမ်ားျဖင့္ စာရင္းရွင္းလင္းတင္ျပသည့္ ကုမၸဏီမ်ားအေန ျဖင့္သတ္မွတ္ထားေသာ အခေၾကးေငြေပးေဆာင္၍ ပို႔ကုန္သြင္းကုန္လုပ္ ငန္းရွင္မွတ္ပုံတင္လက္မွတ္အသစ္ျပန္လည္ေလွ်ာက္ထားရမည္ျဖစ္ ေၾကာင္း ကုန္သြယ္ေရးဦးစီး ဌာနက အသိေပးထားသည္။

ထို႔ျပင္ ပို႔ကုန္သြင္းကုန္လုပ္ငန္းရွင္ မွတ္ပုံတင္လက္မွတ္ပိတ္သိမ္းၿပီးေနာက္ပိုင္းမွသာ ပို႔ကုန္ရေငြျပန္လည္ဝင္ေရာက္လာသည့္ ကုမၸဏီမ်ားအေနျဖင့္ သက္ဆိုင္ရာဘဏ္မွ စာရင္းရွင္းလင္းၿပီးေၾကာင္း ျမန္မာႏိုင္ငံေတာ္ဗဟို ဘဏ္သို႔ သတင္းပို႔ခဲ့ေသာေန႔၏ေနာက္ (၁၄) ရက္ျပည္သည့္အခ်ိန္မွသာ သတ္မွတ္ထားေသာ အခေၾကးေငြေပး ေဆာင္၍ ပို႔ကုန္သြင္းကုန္လုပ္ငန္းရွင္မွတ္ပုံတင္ လက္မွတ္အသစ္ ျပန္လည္ေလွ်ာက္ ထားရန္အသိေပးထားသည္။

ပို႔ကုန္သြင္းကုန္ လုပ္ငန္းရွင္မွတ္ပုံတင္ သက္တမ္းကို ခြင့္ျပဳသည့္ေန႔မွ သက္တမ္း (၅) ႏွစ္အထိ တစ္ဆက္တည္းကာလ သတ္မွတ္ခြင့္ျပဳေၾကာင္း သိရသည္။

https://npnewsmm.com/news/628de5c6fe612e2abb473107

Related news

© 2021. All rights reserved.