“ပြည်ခိုင်ဖြိုးပါတီဝင်တွေက သွေးမနည်းပါဘူး။ အပြိုင်မိုက်ဆိုရင် မိုက်ရဲပါတယ်။ သို့သော်လည်း ……”

 2524

NP News - မေ ၂၆
မေးမြန်း- ကျော်မျိုးမင်း၊ ရေးသား- အိဖြူသိမ့်

လက်ရှိမြန်မာနိုင်ငံရဲ့နိုင်ငံရေးအခင်းအကျင်းကာလအတွင်း ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီရဲ့ ခံယူ၊ ရပ်တည်ချက်အပါအဝင် ပါတီဝင်များ လုပ်ကြံသတ်ဖြတ်ခံနေရတဲ့အပေါ် ပါတီဥက္ကဋ္ဌရဲ့သဘောထားနဲ့ နစက ဥက္ကဋ္ဌကိုယ်တိုင်တွေ့ဆုံဆွေးနွေးနေတဲ့ ငြိမ်းချမ်းရေးတွေ့ဆုံဆွေးနွေးပွဲများအပေါ် ပါတီအနေနဲ့သဘောထား များကို လူထုသိရှိစေနိုင်ဖို့အတွက် NP News သတင်းဌာနမှ အယ်ဒီတာချုပ် ဦးကျော်မျိုးမင်းက အခုလိုပဲ သီးသန့်တွေ့ဆုံမေးမြန်းထားပါတယ်။

မေး ။ ။ ပထမဆုံးအနေနဲ့ ၂ဝ၂၁ ခုနှစ် နိုင်ငံရေးအခင်အကျင်းပြဿနာကြီးဖြစ်ပေါ်လာတဲ့အချိန်ကနေစပြီး လက်ရှိအချိန်ထိဆိုရင် အချိန်ကာလအားဖြင့် ၁၅ လ ကြာလာပြီပေါ့နော်။ ဒီတော့ ၁၅ လကျော်ကာလအတွင်းမှာ ပြည်ခိုင်ဖြိုးပါတီအနေနဲ့ ဘာလုပ်နေတယ်လို့ ပြောလို့ရမလဲ။
ဖြေ ။ ။ ကောင်းပါပြီ။ ပြည်ခိုင်ဖြိုးပါတီက ကျွန်တော်တို့မူဝါဒက အရေးသုံးပါး။ အဲဒီတော့ ဒီအရေးသုံးပါးနဲ့ ပတ်သက်တဲ့ကိစ္စတွေ ကျွန်တော်တို့လုပ်နေတယ်။ တစ်ခုတော့ရှိတာပေါ့။ ဒီ ၂ဝ၂၁ ခုနှစ် အချိန်က တဖက်မှာ ကျန်းမာရေးအခြေအနေတွေကြောင့် လူတွေရဲ့သွားလာလှုပ်ရှားမှုတွေကို တစ်နိုင်ငံလုံးအတိုင်းအတာအနေနဲ့ ကန့်သတ်ထားတဲ့အချိန်၊ အဲဒါပြီးနောက်ပိုင်းကျတော့ ကျန်းမာရေးကြောင့် မဟုတ်တော့ဘဲနဲ့ လုံခြုံရေးအခြေ အနေကြောင့် အကန့်အသတ်တွေအများကြီး၊ တိုက်ကြ၊ ခိုက်ကြ၊ သတ်ကြ၊ ဖြတ်ကြနဲ့ အကန့်အသတ်တွေ အများကြီးနဲ့ လူတွေကြားထဲမှာ လုပ်ကိုင်ရတဲ့ကိစ္စက နည်းနည်းနောနော အခက်အခဲတော့ မဟုတ်ဘူး။ သို့သော် လည်း ပြန်ပြောရမယ်ဆိုရင်လည်း အချုပ်အခြာတည်တံ့ဖို့ကိစ္စ၊ တိုင်းရင်းသားတွေ စည်းလုံးညီညွတ်ဖို့ကိစ္စ၊ ပြည်ထောင်စုအဓွန့်ရှည်ဖို့ကိစ္စ၊ ဒီကိစ္စတွေနဲ့ ပတ်သက်လာလို့ရှိရင်တော့ ကျွန်တော်တို့ဘက်က လုပ်နိုင်တဲ့ ဘက်က လုပ်ကိုင်တယ်။ ပြောရမယ်ဆိုရင် တစ်ဦးတစ်ယောက်ချင်းပြီးဖြစ်စေ၊ အဖွဲ့အစည်းပါတီအနေနဲ့ဖြစ်ရော၊ ကျွန်တော်တို့အဖွဲ့အစည်းလိုက် လူထုလုပ်ရှားမှုလည်း တော်တော်များတယ်။ အကန့်အသတ်တွေကြားထဲမှာပဲ ကိုဗစ်ရောဂါအတွက် ကျွန်တော်တို့ဝင်ပြီးတော့ လူထုစီးပွားအတွက် လုပ်ခဲ့တဲ့အလုပ်တွေလည်း အများကြီးရှိပါ တယ်။ ဒါတွေကို ဝင်လုပ်လို့ပဲ ကျွန်တော်တို့ပါတီဝင်တွေ တိုက်ခိုက်ခံရ၊ သတ်ဖြတ်ခံခဲ့ရတဲ့ကိစ္စတွေလည်း တော်တော်များများကို ရှိခဲ့တယ်။ ဒီနောက်ပိုင်းမှာတော့ ပါတီတွေအနေနဲ့လုပ်ရမယ့် လုပ်ငန်းစဉ်တွေ၊ ရွေးကောက်ပွဲပြီးရင် ပါတီကို ပြန်စုဖွဲ့တာတွေ၊ ပါတီကို ပြန်ပြင်ဆင်တာတွေ၊ ပြန်သုံးသပ်တာတွေ၊ ဒါတွေလည်း တော်တော်လေးကို ခရီးရောက်နေပါပြီ။ ဒီကိစ္စတွေနဲ့ပတ်သက်ရင်တော့ မီဒီယာအကန့်အသတ်တွေလည်း အများကြီးရှိတဲ့အတွက် သိပ်တော့လည်း ကျယ်ကျယ်ပြန့်ပြန့် လူတွေအများကြီး မသိဘူးပေါ့။ ကိုယ်လုပ်ကိုင်ရ မယ့်အလုပ်တွေကိုပဲ ဆက်လက်လုပ်ကိုင်နေပါတယ်။

မေး ။ ။ ခုနက ပြောသွားတဲ့စကားတွေထဲမှာ ပါတီဝင်အချို့လည်း သတ်ဖြတ်ခံရတာတွေရှိတယ်လို့ ထည့်ပြော သွားတာကိုကြည့်တော့၊ ပြီးခဲ့တဲ့ရက်ပိုင်းကလည်း ကျွန်တော် ဥက္ကဋ္ဌရဲ့အင်တာဗျူးတစ်ခုကို နားထောင်လိုက်မိပါ တယ်။ အဲဒီမှာ ပြည်ခိုင်ဖြိုးပါတီဝင်ပေါင်း ၁၅ဝဝ ကျော်လောက် လုပ်ကြံသတ်ဖြတ်ခံထားရတယ်လို့ သိရတယ်။ ဒီဖြစ်ရပ်နဲ့ပတ်သက်ပြီးတော့ မှတ်တမ်းတင်ထားတာကို တွေ့ရပါတယ်။ ဒီအကြောင်းအရာနဲ့ပတ်သက်ပြီးတော့ လည်း ဘယ်လိုဖြစ်ရပ်တွေနဲ့ ဘယ်လိုကြောင့်ဖြစ်သွားရတယ်ဆိုတာ လူထုကို နည်းနည်းလောက်ပဲဖြစ်ဖြစ်၊ ဥက္ကဋ္ဌကြီးတို့ထံ တင်ပြလာတဲ့အကြောင်းအရာများစွာထဲကမှ နည်းနည်းလောက်ကို ပြန်ပြောပြပေးနိုင်မလား။
ဖြေ ။ ။ ကျွန်တော် အဲဒီအင်တာဗျူးလုပ်တဲ့ အချိန်တုန်းကတော့ လုပ်ကြံသတ်ဖြတ်ခံရတဲ့ ပါတီဝင်ပေါင်းက ၁၅ဝဝ ကျော်ပေါ့နော်။ အဲဒီနောက်ပိုင်းမှာလည်း နေ့စဉ်လိုလိုက သတ်ဖြတ်ခံနေရတော့ ဒီနေ့၊ ဒီအချိန် မေလပိုင်း အထိဆိုရင်တော့ ၁၆ဝဝ အထက်ထိဖြစ်သွားပြီး။ ဆိုတော့ ဒီလိုကိစ္စမျိုးတွေ ဘာ့ကြောင့်ဖြစ်လဲဆိုရင်တော့ လုံခြုံရေးပိုင်းမှာ အားနည်းမှုလို့ပဲ ခြုံငုံပြီးတော့ ပြောရမှာပေါ့။ ဒီလိုဖြစ်ရပ်တွေနဲ့ပတ်သက်ပြီး ကျွန်တော်တို့အနေနဲ့ ဘာလုပ်သလဲဆိုရင်တော့ ခင်ဗျားမေးတဲ့မေးခွန်းထဲမှာလည်း ပါသွားပြီပေါ့နော်။ ဒီကိစ္စတွေက ဘာ့ကြောင့်ဖြစ် သလဲ၊ ဘယ်သူတွေရဲ့ဖန်တီးမှုကြောင့်ဖြစ်သလဲဆိုတာကို နိုင်ငံက သိအောင်၊ ကမ္ဘာက သိအောင် မှတ်တမ်းတွေ လည်း ထားထားတယ်။ နောက်ပြီး မပြိုမလဲနိုင်တဲ့ ကျောက်တိုင်စိုက်ပြီးတော့ မော်ကွန်းထိုးထားတယ်။ ဘယ်သူ့ကြောင့်ဖြစ်သလဲဆိုတာမျိုး၊ ဒီလောက်နဲ့လည်း မပြီးသွားဘူး။ ကမ္ဘာက သိအောင်လည်းပဲ ကျွန်တော်တို့ ပြီးခဲ့တဲ့ နှစ်လကျော်၊ သုံးလလောက်က သဘောဆန္ဒလေးတွေကောက်ပြီးတော့ ကမ္ဘာက သိရှိအောင် သက်ဆိုင် ရာအဖွဲ့အစည်းတွေထံကို သဘောထားပေးပို့ခဲ့တာတွေလည်း ရှိတယ်။ ပြီးတော့ ကျွန်တော်တို့ဆီက ကွယ်လွန် သွားတဲ့ပါတီဝင်တွေ၊ ပါတီထောက်ခံသူတွေ၊ ပါတီဝန်းရံသူတွေရဲ့အချက်အလက်တွေကိုလည်းပဲ ကျွန်တော်တို့ ဆီမှာလည်း မော်ကွန်းထိုးထားသလိုပဲ၊ ပြည်ပ ယူအမ်အဖွဲ့အစည်းတွေ၊ အာဆီယံအဖွဲ့အစည်းတွေဆီကိုလည်း ကျွန်တော်တို့ပေးပို့ဦးမှာပါ။ ကွယ်လွန်သူတွေရဲ့အချက်အလက်တွေ၊ ဘယ်တုန်းက ဘယ်နေရာမှာ ဘယ်သူ့ ကြောင့်ဖြစ်ခဲ့ရတယ်ဆိုတဲ့အထောက်အထားဓါတ်ပုံတွေ၊ အချက်အလက်အသေးစိတ်ကအစ ကျွန်တော်တို့ မှတ်တမ်းတင်နေပါတယ်။ ဆက်လက်ပြီးတော့လည်း သက်ဆိုင်ရာရဲစခန်းတွေမှာလည်း အမှုတွေ ဖွင့်ထားတယ်။ ဘာဖြစ်လို့လဲဆိုရင် မဟုတ်တာလုပ်တဲ့ပုဂ္ဂိုလ်တွေ၊ အဖွဲ့အစည်းအနေနဲ့ သူတို့နဲ့ထိုက်သင့်တဲ့ပြစ်ဒဏ်ကို အခြေခံ ဥပဒေကြောင်းအရ အရေးယူခြင်းကို ခံကိုခံစေရမယ်။ ဒီလိုအချက်တွေကို ဆက်လက်ဆောင်ရွက်လျက်ရှိပါ တယ်။

မေး ။ ။ အဲဒီမှာ သတ်ဖြတ်ခံရတဲ့ပါတီဝင်တွေရဲ့မိသားစုဝင်တွေ၊ ဆက်စပ်ပတ်သက်တဲ့မိသားစုဝင်တွေ၊ သူငယ်ချင်းတွေရဲ့စိတ်ထဲမှာတော့ လူ့သဘောသဘာဝါရအရ ပြန်ခံချချင်တယ်ဆိုတဲ့ စိတ်ရှိကြမှာပဲလေ။ အဲဒီလို မျိုး သူတို့လည်း ပြန်ခံချကြမယ်ဆိုတာမျိုး၊ ပြန်ခံချမလားဆိုပြီး ပါတီကို တင်ပြတာမျိုးတွေ ရှိကောင်းရှိလိမ့် မယ်လို့ ကျွန်တော်တော့ ယူဆမိတယ်။ အဲဒါမျိုးတွေရှိလာတဲ့အခါ ဥက္ကဋ္ဌတစ်ယောက်အနေနဲ့ ဒီအချက်ကို ဘယ်လိုမျိုး ထိန်းသိမ်းကိုင်တွယ်နေရလဲ သိပါရစေ။
ဖြေ ။ ။ အဲဒါက တော်တော်တော့ ခက်တဲ့ကိစ္စပါ။ ဆိုင်လား၊ မဆိုင်လားတော့ မသိပါဘူး။ ပြီးခဲ့တဲ့အစိုးရ လက်ထက်တုန်းကလည်း အဲဒီအချိန်တုန်းက ခေါင်းဆောင်လုပ်တဲ့ပုဂ္ဂိုလ်က ရဲတွေ အသတ်ခံရတဲ့အချိန်မှာ ပြန်ပြီးတော့ မလုပ်ဖို့၊ မေတ္တာထားဖို့ ဆိုပြီးပြောခဲ့တာပဲ။ တကယ့်လက်တွေ့မှာ အဲဒီလိုဖြစ်နိုင်ပါ့မလား။ ဒါ့ကြောင့် မို့လို့ ကျွန်တော်ကလည်း ပြန်မချနဲ့လို့တော့ ကျွန်တော်က ပြောမှာမဟုတ်ဘူး။ သို့သော် အုပ်စုဖွဲ့ပြီးတော့ လူရမ်းကားဖြစ်သွားမှာကိုတော့ ကျွန်တော်က မထောက်ခံဘူး။ ဒါကြောင့် လူတိုင်းအနေနဲ့ Right to Self-Defense (ကိုယ့်ကိုယ်ကိုယ် ခုခံကာကွယ်ပိုင်ခွင့်) ကိုတော့ အပြည့်အဝသုံးပါ။ ဒီအတွက် လိုအပ်တဲ့ ဥပဒေရေး ရာကိစ္စရပ်တွေဖြစ်လာခဲ့မယ်ဆိုရင် ကျွန်တော်တို့အနေနဲ့ နောက်ကနေလိုက်ပြီးတော့ ကူညီပေးမယ်။ ဒီလိုပဲသွား ပါတယ်။ ဒါက ဘာကိုဆိုလိုတာလဲဆိုတော့ နိုင်ငံရေးပါတီဆိုတာ လူရမ်းကားအဖွဲ့ မဟုတ်ဘူး။ အဲဒါကြောင့်မို့လို့ မိမိတို့သည် ဥပဒေဘောင်အတွင်းကပဲ နေမယ်။ တကယ်တမ်း ဒီတာဝန်ကိုယူပြီးလုပ်ကိုင်ရမယ့်အဖွဲ့အစည်းက ဒီကနေ့မှာ သူတို့လုပ်ကိုင်ဆောင်ရွက်နေတယ်။ အားမလိုအားမရဖြစ်တာတွေလည်း ရှိကောင်းရှိမှာပေါ့။ သို့သော် ကျွန်တော်တို့ကိုယ်တိုင်ကနေပြီးတော့ ကိုယ့်လူတွေကို တုံ့ပြန်လုပ်ဖို့ဆိုတဲ့အပိုင်းကျတော့ ကျွန်တော်တို့ဟာ သူတို့နဲ့ တစ်တန်းတစ်စားတည်းဖြစ်သွားမှာပေါ့။ မြန်မာပြည်နိုင်ငံရေးမှာ အပြိုင်မိုက်ပြီးတော့ ပါတီတွေအားလုံး ပျက်သုဉ်းသွားမယ့်ဖြစ်ရပ်မျိုးကတော့ မသင့်တော်သေးဘူးထင်တယ်။

မေး ။ ။ အဲဒီတော့ တဖက်မှာလည်း ကျွန်တော်တို့ကြားနေရတာရှိတယ်။ ပါတီကိုပဲ သိက္ခာချချင်လို့လားဆိုတာ တော့ မသိပေမယ့် ပျူစောထီးအဖွဲ့ဆိုတာ ပြည်ခိုင်ဖြိုးနဲ့ပတ်သက်တယ်၊ ပြည်ခိုင်ဖြိုးက လုပ်တာလို့ပြောဆိုတာ မျိုးတွေ၊ တဖက်မှာလည်း မီဒီယာအားနဲ့ဖိတာမျိုးတွေနဲ့ပတ်သက်ရင်ရာ ဥက္ကဋ္ဌအနေနဲ့ ဘာများပြောပြချင်တာရှိ မလဲ။
ဖြေ ။ ။ ပြည်ခိုင်ဖြိုးက ပျူစောထီး မဟုတ်ပါဘူး။ ဒီလောက်ဖြေတာနဲ့ကို လုံလောက်မယ် ထင်ပါတယ်။

မေး ။ ။ နောက်ထပ်မေးခွန်းကတော့ လက်ရှိအချိန်မှာ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ငြိမ်းချမ်းရေးဖိတ် ခေါ်ထားတယ်။ တက်မယ့်အဖွဲ့တွေလည်း ရှိတယ်၊ မတက်မယ့်အဖွဲ့တွေလည်း ရှိတယ်။ ဆွေးနွေးပွဲတက်မယ့် အဖွဲ့တွေနဲ့လည်း အခုဆိုရင်တွေ့ဆုံတာတွေ ရှိနေပြီ။ အဲဒီတော့ အခုငြိမ်းချမ်းရေးတွေ့ဆုံဆွေးနွေးပွဲနဲ့ ပတ်သက်ရင် ပြည်ခိုင်ဖြိုးဘက်က ဘယ်လိုအမြင်ရှိလဲ။
ဖြေ ။ ။ ကျွန်တော်အရင်ကလည်း ပြောခဲ့ဖူးပါတယ်။ ငြိမ်းချမ်းရေးလုပ်တယ်ဆိုတာ ကောင်းတဲ့အလုပ်ပဲ။ ဘယ်သူပဲလုပ်လုပ် ကြိုဆိုရမယ်၊ ထောက်ခံရမယ်၊ အမြန်ဆုံးအောင်မြင်နိုင်အောင် ကျွန်တော်တို့အနေနဲ့က တတ်နိုင်တဲ့ဘက်က ပံ့ပိုးမှုတွေလုပ်ပေးရမယ်။ ကျွန်တော်တို့က အဲဒီဖိတ်ခေါ်ချက်ထွက်လာနဲ့ စစချင်းမှာပဲ ထောက်ခံကြောင်း Support လုပ်တယ်။ ကျွန်တော်ဆိုရင် ကျွန်တော်ရဲ့ကိုယ်ပိုင်ဖေ့ဘွတ်စ်စာမျက်နှာပေါ်ကနေ ပြီးတော့ ကျွန်တော်ရဲ့အယူအဆကိုတင်ပြထားတယ်၊ တိုက်တွန်းထားတယ်။ အဲဒီတော့ အောင်မြင်စေချင်တယ်။ ပြောသလိုပါပဲ တက်တဲ့အဖွဲ့လည်းရှိသလို၊ မတက်တဲ့အဖွဲ့လည်းရှိတယ်၊ ဟိုပြောဒီပြော ပြောနေတဲ့အဖွဲ့လည်း ရှိတယ်။ သေချာတာကတော့ ဒီနေ့ဆွေးနွေးနေတဲ့ (RCSS) အဖွဲ့သည် နိုင်ငံတော်ဘက်ကလည်းပဲ အာဏာ သုံးရပ်ကို တာဝန်ပေးခြင်းခံထားရတဲ့ပုဂ္ဂိုလ်ဖြစ်တယ်။ ပြောရရင်တော့ နိုင်ငံတော်အစိုးရဘက် Decision-maker ၊ တဖက်ကလည်း သက်ဆိုင်ရာလက်နက်ကိုင်အဖွဲ့အစည်းရဲ့ထိပ်ဆုံးခေါင်းဆောင်၊ အဲဒီတော့ ဒီနှစ်ယောက် မျက်နှာချင်းဆိုင်၊ မျက်နှာစုံညီပြောခွင့်ရနေပြီလေ။ မတက်တဲ့အဖွဲ့တွေကတော့ အဲဒီအခွင့်အရေး ဆုံးရှုံးမှာပေါ့။ အဲဒီတော့ နှစ်ယောက်တွေ့ဆုံပြီးတော့ ဆွေးနွေးလိုက်တယ်ဆိုရင်ပဲ ခြေလှမ်းတစ်ခုတော့ ရှေ့ကို တိုးတယ်လို့ ဒီလိုပဲမြင်ပါတယ်။ ငြိမ်းချမ်းရေးလမ်းစဉ်ဆိုတာက ခေတ်အဆက်ဆက် တိုင်းပြည်လွတ်လပ်ရေးရကတည်းက လုပ်ခဲ့ကြတာ။ အပြီးသတ်သွားတယ်လို့ အခုချိန်ထိမှ မရသေးတာ။ အဲဒီတော့ အခုချိန်မှာလည်း ရကောင်းရနိုင် တယ်။ မရခဲ့ရင်လည်း တွေ့ဆုံဆွေးနွေးလိုက်တဲ့အတွက် ခြေတစ်လှမ်းတိုးတယ်လို့ပဲ မြင်ပါတယ်။

မေး ။ ။ ဟုတ်ကဲ့။ နောက်ထပ်သိချင်တာက လက်ရှိနိုင်ငံရေးအခင်းအကျင်းကိုကြည့်မယ်ဆိုရင် နစကနဲ့ မညစ တို့ အပြန်အလှန်အားပြိုင်ပြီးတော့ နိုင်ငံတကာမှာ အသိအမှတ်ပြုခံရအောင် ကြိုးစားနေတာမျိုးတွေလည်း တွေ့ ရတယ်။ နှစ်ဖက်ကတော့ အပြိုင်အဆိုင်လုပ်နေကြတဲ့အချိန်မှာ နိုင်ငံရေးပါတီတွေရဲ့အခန်းကဏ္ဍဆိုတာမျိုးက ရှိလာတာပေါ့နော်။ အဲဒီအချိန်မှာ ပြည်ခိုင်ဖြိုးပါတီရဲ့အခန်းကဏ္ဍက ဘယ်နေရာကိုရောက်သွားပြီလဲဆိုတာနဲ့ နောက်တစ်ခုကတော့ ပြည်ခိုင်ဖြိုးပါတီရဲ့လုပ်နိုင်တဲ့၊ လုပ်ပိုင်ခွင့်အကွက်တွေ ပျောက်သွားပြီလား။ ဘယ်လို အခြေအနေမျိုးဖြစ်သွားပြီလို့ ပြောလို့ရမလဲ။
ဖြေ ။ ။ မပျောက်ဘူးလေ။ အစိုးရအမည်တပ်ထားတဲ့အဖွဲ့အစည်းနှစ်ခု၊ ဒီဖက်ကတော့ နစကအစိုးရပေါ့၊ ဟိုဘက်ကလည်းပဲ အစိုးရအနေနဲ့ ဥပဒေဘောင်အတွင်းက ကြည့်လို့ရှိရင် အကျုံးမဝင်တဲ့အစိုးရ၊ တဖက်မှာ လည်း တရားမဝင်တဲ့အစိုးရအဖြစ် ကြေညာထားပြီးလည်းဖြစ်တယ်။ ပြည်ခိုင်ဖြိုးအနေနဲ့ပြန်ကြည့်မယ်ဆိုရင် လည်း ပြည်ခိုင်ဖြိုးသည် စောစောကပြောခဲ့တဲ့ ကျွန်တော်တို့ခံယူထားတဲ့ အမျိုးသားရေးမူဝါဒ အဲဒါအပေါ်မှာပဲ ရပ်တည်ပြီးတော့ မှန်ကန်တဲ့အဖွဲ့ကို ထောက်ခံပေးမယ်။ အဲဒါကျွန်တော်တို့ရဲ့ စည်းမျဉ်း သတ်မှတ်ချက်ပဲ။

မေး ။ ။ အဲဒီတော့ ပြည်ခိုင်ဖြိုးက လက်ရှိနိုင်ငံရေးအခင်းအကျင်းထဲမှာ အားကောင်းခိုင်မာတဲ့အဖွဲ့အစည်းကြီး အဖြစ် ဆက်ရှိနေသေးလား။ ရှိသေးတယ်ဆိုရင်လည်း ဘယ်လိုပုံစံ၊ ဘယ်လိုမျိုးအားကောင်းခိုင်မာတယ်ဆိုတာ ပြည်ခိုင်ဖြိုးက ဘယ်လိုသက်သေပြချင်လဲ။
ဖြေ ။ ။ ပြည်ခိုင်ဖြိုးအဖွဲ့ကြီးက အားကောင်းတဲ့အဖွဲ့အဖြစ် ဆက်ရှိနေသေးလားဆိုရင်တော့ ရှိတာပေါ့။ ဘယ်လိုသက်သေပြမလဲဆိုရင်တော့ ဥပဒေနဲ့အညီ ဒီကနေ့အချိန်ထိ ရင်ကော့ပြီး ရပ်တည်နိုင်တာနဲ့ သက်သေပြ လို့ရတယ်။ နှိပ်စက်သတ်ဖြတ်ခြင်းခံရလို့ သေဆုံးသွားခဲ့ရတဲ့ ကျွန်တော်တို့ပါတီဝင်တွေအတွက် ပြုလုပ်ထားတဲ့ မှတ်တမ်းတင် မော်ကွန်းကျောက်တိုင်ဟာ တဖက်အဖွဲ့အစည်းတွေရဲ့ ဥပဒေနဲ့မညီတဲ့လုပ်ရပ်တွေကို သက်သေ ပြထားခြင်းဖြစ်တယ်။ အဲဒါတွေအားလုံးဟာ ရဲစခန်းအသီးသီးမှာလည်းပဲ အမှုဖွင့် တရားစွဲထားပြီးဖြစ်တယ်။ နိုင်ငံ တော်က ထုတ်ပြန်တဲ့သတင်းအားလုံးနီးပါးမှာလည်း ဘယ်ပါတီရဲ့ဘယ်သူ့ရဲ့နောက်လိုက်တွေက ဖန်တီးတဲ့ ကိစ္စဖြစ်တယ်ဆိုတာကို အတိအလင်းဖော်ပြထားပြီးလည်းဖြစ်တယ်။ အဲဒီတော့ ပြောရမယ်ဆိုရင် ကျွန်တော်တို့ ပါတီက ဥပဒေနဲ့အညီနေထိုင်ပြီးတော့ နိုင်ငံတော်အတွက် လိုအပ်တဲ့အခန်ကဏ္ဍနဲ့ ကျွန်တော်တို့ရဲ့ အခြေခံမူဝါဒ အပေါ်မှာပဲ ရပ်တည်တယ်။ တကယ်တော့ ဘယ်ပါတီပဲဖြစ်ဖြစ် ဒီလိုပဲလုပ်ဆောင်သင့်တယ်။ ဘယ်ပါတီပဲ ဖြစ်ဖြစ်၊ တိုင်းပြည်ကို အဓွန့်ရှည်စေချင်တယ်ဆိုရင် ပြည်ခိုင်ဖြိုးက လုပ်မှမဟုတ်ဘူး၊ စစ်တပ်က လုပ်မှ မဟုတ်ဘူး။ အခြေခံမူဝါဒ သုံးချက်က လုပ်ကိုလုပ်ရမယ့်ကိစ္စဖြစ်တဲ့အတွက် ပြည်ခိုင်ဖြိုးပါတီကတော့ အဲဒီ အခြေခံမူ သုံးချက်ကို လက်ကိုင်ပြီးတော့ ရပ်တည်နေဆဲပဲဖြစ်ပါတယ်။

မေး ။ ။ ကျွန်တော်နောက်တစ်ခုပြောချင်တာကတော့ ပြည်ခိုင်ဖြိုးပဲဖြစ်ဖြစ်၊ ဘယ်ပါတီပဲဖြစ်ဖြစ်၊ ပါတီအပေါ် မှာ ပါတီဝင်တွေနဲ့ ပါတီထောက်ခံသူတွေက သက်ဝင်ယုံကြည်မှု၊ အားပေးထောက်ခံမှုဆိုတာမှာလဲ အပေါ်ယံ သမားတွေနဲ့ တကယ့်ကို အနှစ်သာရပြည့်စွာ အားပေးထောက်ခံတာမျိုးတွေလည်း ရှိတယ်။ ဆိုတော့ ပြည်ခိုင်ဖြိုး ပါတီအနေနဲ့ကရော ပါတီဝင်တွေနဲ့ ပါတီထောက်ခံသူတွေက တကယ်အနှစ်သာရအရ ထောက်ခံမှုတွေ အပြည့် အဝလုပ်သလား။ တချို့က အပေါ်ယံပဲ သွားတာလား။ ဘာကြောင့်ကျွန်တော် ဒီလိုမေးသလဲဆိုရင် လွယ်လွယ်ပဲ ပြောရရင် NLD က လူတွေဆိုရင် သူအကျီ သူတို့အပြင်မှာဝတ်ပြီးတော့ သွားရဲကြတယ်။ ပြည်ခိုင်ဖြိုးက တချို့တွေဆိုရင် မသွားရဲကြဘူး။ ဘာကွာနေတာလဲဆိုတာကို ကျွန်တော်တို့ဘက်က ကြည့်တာပေါ့နော်။ အဲဒီတော့ ပြည်ခိုင်ဖြိုးပါတီးကို အနှစ်သာရအရ ထောက်ခံအားပေးသူ ဘယ်လောက်ထိရှိလဲ၊ အားကောင်းလဲဆို တာ မေးရခြင်းဖြစ်တယ်။
ဖြေ ။ ။ NLD က လူတွေက NLD အကျီဝတ်ပြီး သွားရဲတယ်ဆိုတော့ သူတို့တွေ ဘယ်နေရာကို ဝတ်ပြီးသွားလဲ ဆိုတာကတော့ ကျွန်တော်လည်း သတိမထားမိဘူး။ သို့သော် ပြည်ခိုင်ဖြိုးက ပြီးခဲ့တဲ့ တနင်္လာနေ့က နေပြည်တော်မှာလုပ်သွားတဲ့ ငြိမ်းချမ်းရေးထောက်ခံပွဲကို ကြည့်လိုက်ပါလားဗျာ၊ ပြည်ခိုင်ဖြိုးအလံတွေရော၊ ပြည်ခိုင်ဖြိုးဝတ်စုံတွေရော၊ နည်းတဲ့အင်အားမှ မဟုတ်တာ။ အဲဒါကြောင့် ကျွန်တော်တို့ပြောတဲ့မူဝါဒသုံးချက် အရ တိုင်းရင်းသားအချင်းချင်း စည်းလုံးညီညွတ်ဖို့၊ ပြည်ထောင်စုမပြိုကွဲဖို့ကိစ္စတွေနဲ့ပတ်သက်လာရင် သတ္တိရှိပါ တယ်။ ဝတ်ပါတယ်။ သို့သော်လည်းပဲ ဒါက အခြေအနေကိုကြည့်ပြီးတော့ စွန့်စားရတာပေါ့ဗျာ။ အမှောင်ထဲ သေနတ်အတို၊ အရှည်နဲ့ မိုက်ရူးရဲမျိုးစုံနဲ့ ခွဲနေတဲ့အချိန်အခါတွေကိုတော့ ခွဲခြားပြီးတော့ လှုပ်ရှားရတာပေါ့။ ဒါပေမယ့် ပြည်ခိုင်ဖြိုးပါတီဝင်တွေက သွေးမနည်းပါဘူး။ ရန်ကုန်မှာလည်း လုပ်သွားပါတယ်။ မကြာခင်လည်း နောက်ထပ်နေရာတွေမှာ လုပ်သွားဖို့ရှိနေပါတယ်။ ဒါကြောင့်မို့လို့ ပြည်ခိုင်ဖြိုး မလှုပ်ရှားရဲဘူးဆိုတာကတော့ မဟုတ်ဘူး။ ဖြစ်ပေါ်နေတဲ့လုံခြုံရေးအခြေအနေတွေအရ သတိနဲ့လှုပ်ရှားနေကြရတာဖြစ်တယ်။ ပြည်ခိုင်ဖြိုးပါတီ က ရှိနေပါတယ်။ လိုအပ်တဲ့အချိန်မှာ ကျွန်တော်တို့ိထွက်ပါတယ်။

မေး ။ ။ ဥက္ကဋ္ဌ ပြောခဲ့တဲ့စကားထဲမှာ ကျွန်တော်သဘောကျမိတဲ့စကားလေးရှိပါတယ်။ အပြိုင်အဆိုင်မိုက်ကြ တယ်ဆိုတာမျိုး မဖြစ်ချင်ဘူးဆိုတာမျိုးပေါ့။ ဆိုတော့ အဲဒီလိုအပြိုင်အဆိုင်မိုက်ကြတယ်ဆိုတာမျိုး မဖြစ်ချင်ဘူး ဆိုတဲ့စကားလုံးကို လက်ရှိခေတ်အနေအထားရ လူထုကို ဘယ်လိုမျိုးရှင်းပြချင်တာရှိမလဲ။ အပြိုင်အဆိုင်မိုက် တယ် ဆိုတဲ့စကားလုံးရဲ့အဓိပါ္ပယ်ကကျတော့ တဖက်က မိုက်တယ်ဆိုတာမျိုးကြီး ဖြစ်နေတာဆိုတော့လေ။
ဖြေ ။ ။ အပြိုင်အဆိုင်မိုက်တယ်ဆိုတာက အထူူးသဖြင့် နိုင်ငံရေးသမားတွေ၊ နိုင်ငံရေးပါတီတွေက လူရမ်းကား တွေ၊ လူမိုက်အဖွဲ့အစည်းတွေဆိုတာမျိုး ကျွန်တော်တို့ခေတ်မှာ မဖြစ်စေချင်ဘူး။ ကျွန်တော်တို့ကို ပုရွက်ဆိတ် တစ်ကောင်လောက်ပဲ သဘောထားပြီးတော့ လစ်ရင် လစ်သလို သတ်ဖြတ်နေတာမျိုးကို မြင်ရတော့ ဒီအတွက် ရင်ထဲမှာ တကယ်ကိုမကောင်းပါဘူး။ သို့သော်လည်း ဒါကို တန်ပြန်ဖို့အတွက်ဆိုတာကတော့ ကျွန်တော်တို့ ကိုယ်တိုင်က အဖွဲ့အစည်းကြီးပြန်ဖွဲ့ပြီးတော့ ပြန်သတ်ကြကွာဆိုတာမျိုးကတော့ ဒါမျိုးကို ကျွန်တော်က အပြန် အလှန်မိုက်တယ်လို့ ခေါ်ပါတယ်။ ဒီအချိန်မှာ နိုင်ငံတော်တာဝန်ကိုယူထားတဲ့ပုဂ္ဂိုလ်၊ အဖွဲ့အစည်းတွေ အနေနဲ့ လည်း ကိုယ့်တိုင်းပြည်ထဲမှာ ဒီလိုမျိုးအပြန်အလှန်တွေသတ်ဖြတ်ကြမှာကို မလိုလားဘူးလို့ထင်ပါတယ်။ ဒါကြောင့်မို့လို့ လုပ်နိုင်တဲ့ဘောင်ထဲကနေ ချင့်ချိန်ပြီးတော့ တစ်လှမ်းခြင်းတော့ ဆောင်ရွက်နေပါတယ်။ မြန်မာ့သမိုင်းမှာ ပြန်ကြည့်လို့ရှိရင် နိုင်ငံရေးပါတီတွေလှုပ်ရှားကြတဲ့၊ နိုင်ငံရေးအသိအမြင်တွေ နှိုးကြားလာကြတဲ့ အချိန်၊ လွတ်လပ်ရေးရပြီး မြန်မာနိုင်ငံမှာ ပါတီစုံဒီမိုကရေစီအရေးကိုလှုပ်ရှားလာကြတဲ့ ၁၂ နှစ်ကျော်၊ ၁၄ နှစ် ကြာအချိန်အတွင်းမှာ နိုင်ငံရေးပါတီအားလုံးဟာ ဒီကနေ့လိုပဲ။ ကြားဖူးမှာပါ… နှစ်လောင်းပြိုင် သတ်ကြ၊ ဖြတ်ကြ၊ အဲဒီအချိန်တုန်းကလည်း ရွာလုံးကျွတ်မီးရှို့တာတွေရှိပါတယ်။ ပါတီတွေအားလုံးကလည်း မိမိရဲ့ လုံခြုံရေး အတွက် တပ်ကလည်းပဲ သူတို့လုံခြုံရေးအတွက်၊ ဒီအတောအတွင်းမှာ တဖက်နဲ့တဖက်က စိုးရိမ်တကြီးစွာနဲ့ပဲ ခါးပိုက်ဆောင်တပ်တွေ အသီးသီးထောင်ခဲ့ကြတယ်။ အဲဒီလိုတပ်တွေထောင်ခဲ့တော့ ဘာဖြစ်လဲဆိုရင် ပါတီနိုင်ငံ ရေးဆိုတာ သုံးစားလို့မရအောင်ထိဖြစ်သွားခဲ့တယ်။ ဖြစ်သွားတဲ့အတွက် ဒီကနေ့အချိန်ထိပြောနေတဲ့ သူတို့ မလိုချင်ဘူးလို့ပြောနေတဲ့ စစ်အာဏာရှင်ပဲပြောပြော၊ ဘယ်လိုပဲပြောပြော၊ တပ်မတော်က ကြားဝင်ပြီးတော့ ထိန်းခဲ့ရတဲ့ကာလတွေ ကြာခဲ့တာပေါ့။ အခုနောက်တစ်ခါပြန်ရောက်လာပြန်ပြီ။ ကျွန်တော်တို့သတ္တိမရှိလို့ မဟုတ်ဘူး။ ကျွန်တော်က စစ်သားဟောင်းပဲ၊ ဒီလိုကိစ္စတွေ မဖြစ်ခင်ကတည်းက သေနတ်ကိုင်ပြီးတော့ အလုပ် လုပ်လာခဲ့တဲ့သူလေ။ သို့သော် ဒီချိန်မှာ ကိုယ်က ခေါင်းဆောင်ဖြစ်နေတဲ့အချိန်မှာ ငါက ဗိုလ်ချုပ်ဟောင်းမို့လို့၊ ငါ့ စစ်သားဟောာင်းမို့လို့၊ ငါ သတ္တိရှိတယ်ကွဆိုပြီး အကုန်လုံးကို ဒီလိုလုပ်ကြကွဆိုပြီး ပြောတာမျိုးကတော့ မဟုတ်သေးဘူးလို့ ထင်ပါတယ်။ အဲဒါကြောင့်ပြောရမယ်ဆိုရင်တော့ အပြန်အလှန်မိုက်ဆိုရင် မိုက်ရဲပါတယ်။ သို့သော် နိုင်ငံရေးပါတီခေါင်းဆောင်က မင်းဂိုဏ်းစတား လုပ်မှာလား။ နိုင်ငံရေးပါတီခေါင်းဆောင်လုပ်မှာလား ဆိုရင် ကျွန်တော်က နိုင်ငံရေးပါတီခေါင်းဆောင်လုပ်မှာ။ ဒါမှ ကျွန်တော်တို့သွားချင်တဲ့ တကယ့်ကို ပါတီစုံနိုင်ငံ ရေး၊ စစ်စစ်မှန်မှန်နိုင်ငံရေးကို နိုင်ငံရေးလိုလုပ်တဲ့ယဉ်ကျေးမှုကို မြန်မာပြည်မှာ ဖြစ်ထွန်းစေချင်တယ်။ အဲဒီလို မဟုတ်ဘဲနဲ့ အခုဒီလမ်းကြောင်းအတိုင်းသာ ဆက်သွားမယ်ဆိုရင်တော့ အကုန်ပျက်သုဉ်းရေးလမ်းကြောင်းကို ဆွဲခေါ်သလိုဖြစ်နေတယ်။

မေး ။ ။ နိုင်ငံရေးဆိုတဲ့နေရာမှာလည်း လာမယ့် ၂ဝ၂၃ ခုနှစ်မှာ PR (Proportional Representation) စနစ်နဲ့ ရွေးကောက်ပွဲလုပ်မယ်ဆိုပြီးတော့ နစကဘက်က အတိအလင်းကြေညာထားတာကိုတော့ တွေ့ရတယ်။ အဲဒီ တော့ ပြည်ခိုင်ဖြိုးအနေနဲ့ကရော PR စနစ်နဲ့သွားမယ်ဆိုတဲ့ရွေးကောက်ပွဲအတွက် ဘယ်အပိုင်းတွေကို ထောက်ခံ ကူညီပေးနေတာရှိမလဲ နဲ့ နောက်တစ်ချက် ကျွန်တော်အပါအဝင် သိချင်စိုးရိမ်တာကတော့ ရွေးကောက်ပွဲ မဖြစ်ခဲ့ရင် (မဖြစ်ခဲ့ရင်လို့ ပြောတဲ့နေရာမှာလည်း ရွေးကောက်ပွဲမဖြစ်အောင် လုပ်ဆောင်တဲ့သူတွေ ရှိနေတာ) ကို တွေ့ရတော့ မဖြစ်ခဲ့ရင် ဘယ်လိုအရာမျိုးတွေနဲ့ထပ်ပြီးရင်ဆိုင်ရနိုင်တယ်ဆိုပြီး ကြိုတင်ပြင်ဆင်ထားတာမျိုးရှိ လား။
ဖြေ ။ ။ အဲဒီတော့ ရွေးကောက်ပွဲဖြစ်၊ မဖြစ်ဆိုတာနဲ့ အရင်စရမှာပေါ့နော်။ ရွေးကောက်ပွဲကို မဖြစ်ဖြစ်အောင် လုပ်မယ်ဆိုပြီးတော့ နစကဥက္ကဋ္ဌက နိုင်ငံကိုရော ကမ္ဘာကိုရော သူက ကတိပေးထားတယ်။ တကယ်တမ်းလည်း နိုင်ငံတော်မှာ အခြေခံဥပဒေဆိုတာက ရှိနေတယ်လေ။ အခြေခံဥပဒေအတိုင်းသာ လုပ်ကိုင်ဆောင်ရွက်ရမှာ လည်းဖြစ်တယ်။ ဒါကြောင့်မို့လို့လည်း ဒီကနေ့ဒီအချိန်မှာ တိုင်းပြည်တာဝန်ယူထားတဲ့အဖွဲ့အစည်းသည် သူ ကတိပေးထားတဲ့ကိစ္စကို ဖြစ်အောင် ကြိုးစားနေတယ်လို့တော့ မြင်ပါတယ်။ သို့သော် လက်တွေ့ဖြစ်ခြင်း၊ မဖြစ် ခြင်းဆိုတဲ့နေရာမှာတော့ ဒီကနေ့ နိုင်ငံအနှံ့မှာဖြစ်နေတဲ့အရာတွေကို ကိုယ့်ဘာသာကိုယ်တစ်ဦးချင်းကသာ တွက်ဆပြီးတော့ ချင့်ချိန်ဖို့ပဲရှိမယ်။ ကျွန်တော်တို့အနေနဲ့ကတော့ နိုင်ငံရေးပါတီဖြစ်တဲ့အတွက် ရွေးကောက်ပွဲ လုပ်ဖို့က ဝင်ကိုဝင်ပြိုင်ရမယ်။ မဝင်လို့ကို မရဘူး။ မဝင်ပြိုင်ဘူးဆိုရင် ပါတီက အလိုလိုကို ဖျက်သိမ်းခြင်းခံရမယ်။ ဒါကြောင့်မို့လို့ အဲဒီရွေးကောက်ပွဲဖြစ်ဖို့အတွက်လည်း ဆုတောင်းတယ်။ ဒီအတွက်ကို ကျွန်တော်တို့အနေနဲ့ တတ်နိုင်တဲ့ဘက်ကနေပြီးတော့ ပူးပေါင်းဆောင်ရွက်ပေးမယ်။ ဖြစ်လာခဲ့လို့ရှိရင်လည်း သေချာပေါက်ဝင်ပြီး တော့ ပြိုင်မယ်။ မဖြစ်ခဲ့ဘူးဆိုရင်တော့ လွယ်လွယ်လေးပဲစဉ်းစားကြည့်ရင် ဒီနေ့ အရပ်သားတွေလို့ပဲပြောပြော၊ နိုင်ငံရေးပါတီတွေလို့ပဲပြောပြော တစ်လှည့်စီအာဏာရရှိခဲ့ကြတယ်။ အစိုးရတာဝန်တွေ ရယူခဲ့ကြတယ်။ အဲဒီ အချိန်တွေမှာ လုပ်ချင်ရာတွေလုပ်ပြီး ဥပဒေအပြင်ကနေ အာဏာတည်မြဲရေးကိုပဲ လုပ်ကိုင်ခဲ့ကြတယ်။ အစဉ် အလာအားဖြင့်တော့ ဒီလိုလုပ်ရပ်မျိုးကို လက်ခံလို့မရတဲ့အတွက် ဒီနေ့အဖွဲ့အစည်းက သူ့ရဲ့လုပ်ပိုင်ခွင့်နဲ့ သူ့ကို ခိုင်းထားတဲ့တာဝန်ထဲကနေပြီးတော့ လုပ်သွားတယ်။ ပြောရမယ်ဆိုရင် အဲဒီအဖွဲ့အစည်း(စစ်တပ်) ကို ဘာ့ကြောင့် အာဏာအပ်နှင်းတာလဲဆိုရင် သူတို့မှာလုပ်နိုင်စွမ်းရှိတဲ့ ခြေတွေ၊ လက်တွေ အကုန်ရှိတဲ့၊ အားအရှိ ဆုံးပေါ့ဗျာ။ လက်နက်ကိုင်တပ်ဖွဲ့ကြီးလည်းဖြစ်တယ်။ ဘာပဲပြောပြော တိုင်းပြည်လွတ်လပ်ရေးအတွက် နောက်ဆုံးခံတပ်ကြီးလည်းဖြစ်တယ်။ အဲဒီလိုပုဂ္ဂိုလ်မျိုးမှာမှ လုပ်ကိုင်လို့မရဘူးဆိုရင်တော့ တိုင်းပြည်က သွားပြီပေါ့။ မမျှော်မှန်းနိုင်တဲ့အခြေအနေမျိုးတွေနဲ့ကြုံလာရမယ့်အခြေအနေမျိုးတွေပဲဖြစ်တဲ့အတွက် ရွေကောက် ပွဲဖြစ်နိုင်၊ မဖြစ်နိုင်ဆိုတဲ့ဥစ္စာသည် သူ့ရဲ့အစွမ်းအစကိုပဲ ကျွန်တော်တို့က ယုံကြည်စွာနဲ့ပဲ စောင့်ကြည့်ရမှာပါပဲ။ ဒီအတွက် လိုအပ်တဲ့အပိုင်းမှာ ကျွန်တော်တို့တတ်နိုင်တဲ့အပိုင်းကနေ ဝိုင်းဝန်းပြီးတော့ ဆောင်ရွက်ပေးမယ်။ အဲဒီတော့ ရွေးကောက်ပွဲလုပ်ပြီး PR စနစ်ဖြစ်ပြီဆိုရင်တော့ PR (Proportional Representation) နဲ့ ပတ်သက်လို့ရှိရင်တော့ PR နဲ့ပတ်သက်တဲ့ အားသာချက်တွေ ရှိတယ်။ တဖက်က FPTP (First Past the Post) ရဲ့အားသာချက်တွေလည်း ရှိတာပါပဲ။ သို့သော်လည်း နိုင်ငံရေးပါတီအများစုက ဒီအချက်ကို လက်ခံတယ်ဆိုတဲ့ အတွက် ကော်မရှင်ဘက်ကလည်း လာမယ့်ရွေးကောက်ပွဲမှာ PR စနစ်နဲ့လုပ်မယ်လို့ ပြောပြီးပြီဖြစ်တယ်။ ကျွန်တော်တို့ကိုယ်တိုင်လည်းပဲ ဒီစနစ်ရဲ့အားနည်းချက်၊ အားသာချက်ကို စာရင်းပြုစုပြီးတော့ စာတမ်းတစ်စောင် လုပ်ပြီးတော့ တင်ပြထားတာလည်း ရှိပါတယ်။ ကော်မရှင်ဘက်က ဆုံးဖြတ်တဲ့အတိုင်း ကျွန်တော်တို့က လိုက်ပြီး တော့ အကောင်အထည်ဖော်သွားရမှာဖြစ်ပါတယ်။

မေး ။ ။ အဲဒီမှာ ကျွန်တော်တို့စိုးရိမ်နေတဲ့အချက်က ရွေးကောက်ပွဲကလည်း မဖြစ်ဘူး။ ငြိမ်းချမ်းရေးဆွေးနွေးပွဲ ကလည်း ခရီးမပေါက်ခဲ့ဘူး။ နောက်တစ်ခုက NUG-PDF နဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေ ပူးပေါင်းပြီးတော့ ပိုပြီးတော့ သတ်ဖြတ်မှုတွေကို ထပ်လုပ်လာခဲ့မယ်ဆိုရင် နိုင်ငံရေးအခြေအနေက ဘယ်လောက်ထိ အဆိုးဆုံးထိဖြစ်သွားနိုင်ပြီးတော့ ဘယ်လိုတွေပြင်ဆင်ထားသင့်လဲ။
ဖြေ ။ ။ ဒါကတော့ အစပိုင်းပြောခဲ့တဲ့စကားတွေထဲမှာတော့ ပါသွားခဲ့ပြီးပါပြီ။ လက်ရှိစွမ်းရည်အရှိဆုံးအဖွဲ့ အစည်းကမှ ငြိမ်အောင်မထိန်းနိုင်ဘူးဆိုရင် တိုင်းပြည်ပျက်ပြီဆိုတဲ့သဘောပဲပေါ့။ ဒါဆိုရင်တော့လည်း ဒီတိုင်းပြည်ကို ပြန်တည်ငြိမ်အောင် ကိုယ့်နိုင်ငံကိုယ် ချစ်တဲ့သူတွေကိုစုပေါင်းပြီးတော့ ပြောခဲ့တဲ့ မူဝါဒသုံးချက် ပေါ်မှာပဲ။ အဲဒါကြီးက ခေတ်မရွေး မှန်နေတဲ့ကိစ္စကြီးဖြစ်တယ်လို့ ကျွန်တော်ကတော့ မြင်တယ်။ အဲဒီဘက်က ညီညွတ်တဲ့ပုဂ္ဂိုလ်တွေပူးပေါင်းပြီးတော့ ကာကွယ်ကြဖို့ပဲရှိပါတယ်။

မေး ။ ။ အခုလက်ရှိနိုင်ငံရေးအခင်းအကျင်းကြီးကို ကျွန်တော်တို့လှမ်းကြည့်တဲ့အခါ ဖြစ်စဉ်တွေက ပုံမှန်အခြေ အနေကနေ ကွဲထွက်လာတာကို တွေ့ရတယ်။ ဥပမာ- ပြည်တွင်းမှာ လက်နက်ကိုင်သတ်ဖြတ်မှုတွေရဲ့ နောက်ကွယ်မှာ နိုင်ငံရေးအရတင် မဟုတ်တော့တဲ့ ပုံရိပ်တွေကိုပါ သွားတွေ့နေရတယ်။ ကျွန်တော်တို့စုံစမ်းမိ သလောက်ဆိုရင်လည်း တခြားနိုင်ငံက လူတွေ ပါဝင်ပတ်သက်နေတယ်။ ဒါ့အပြင် ဘာသာရေးအရလည်း ပါဝင်ပတ်သက်နေတာတွေကို သွားတွေ့ရတယ်။ ဆိုတော့ ဒီလိုအခြေအနေတွေကိုရော ပါတီဥက္ကဋ္ဌအနေနဲ့ တိုင်းပြည်အတွက် စိုးရိမ်မိတာရှိလား။
ဖြေ ။ ။ ရှိတာပေါ့။ ကျွန်တော် ၂၁ ရာစု ပင်လုံဆိုတဲ့ ငြိမ်းချမ်းရေးခေတ်ကာလ တစ်ခုတုန်းက နိုင်ငံရေးပါတီ ခေါင်းဆောင်တစ်ယောက်အနေနဲ့ စင်မြင့်ပေါ်မှာတက်ပြီးတော့ စကားပြောခွင့်တစ်ခါရဖူးတယ်။ အဲဒီတုန်းက ကျွန်တော်ပြောခဲ့တဲ့စကားကို ကျွန်တော့်ဘာသာ ကျွန်တော်လည်း မှတ်မိပါတယ်။ ဒီခေတ် ဒီကာလမရောက် သေးဘူးနော်။ လွန်ခဲ့တဲ့ ငါးနှစ်တာကာလအတွင်းကပြောခဲ့တဲ့စကားက အခုဖြစ်နေတဲ့ ငြိမ်းချမ်းရေးဖြစ်စဉ်၊ အခုဖြစ်နေတဲ့ လက်နက်ကိုင်ဖြစ်စဉ်တွေကို မျက်စိနဲ့မြင်ရတဲ့ ရိုးရိုးတိုက်ပွဲလို့ပဲ မမြင်ပါနဲ့။ အဲဒီနောက်ကွယ်မှာ မိမိတိုင်းပြည်နဲ့အနီးဆုံးကရော၊ အဝေးကရော ဝင်ရောက်ပတ်သက်မှုတွေ အများကြီးရှိနေပါတယ်။ အခု မြန်မာ ပြည်မှာဖြစ်နေတဲ့ကိစ္စရပ်တွေ သက်ဆိုးရှည်နေတာတွေအားလုံးက အဲဒီကိစ္စတွေနဲ့ပတ်သက် ဆက်နွယ်မှုတွေရှိ နေတဲ့အတွက် ပြည်ပက ဝင်ရောက်စွက်ဖက်မှုတွေ၊ သွေးထိုးမှုတွေ၊ ကြိုးကိုင်မှုတွေက ရှိကိုရှိတယ်။ ဒါကြောင့်မို့ လို့လည်း ဒီဖြစ်စဉ်မှာ ငြိမ်းချမ်းရေးဖိတ်ခေါ်ဖို့လိုအပ်တယ်ဆိုတာမျိုးတွေပြောခဲ့သလို၊ ဒီဖြစ်စဉ်ကြီးက ချက်ချင်း ကြီးပြီးသွားဖို့လည်း ဘယ်သူမှမျှော်လင့်လို့မရသလို၊ ချက်ချင်းလည်းပြီးဖို့ အင်မတန်မှ ရာနှုန်းပြည့်ဖြစ်မြောက်ဖို့ ဆိုတာ နည်းပါတယ်။ သို့သော် လုပ်နိုင်သလောက်ကတော့ လုပ်ကြရမှာဖြစ်တယ်လို့ ဒီလိုပဲမြင်ပါတယ်။

မေး ။ ။ နစကဘက်ကတော့ ရွေးကောက်ပွဲကို လုပ်မယ်လို့ပြောထားပေမယ့် တကယ်တမ်းမှာ ရွေးကောက်ပွဲ လုပ်မယ်ဆိုတာက ပါတီတွေနဲ့အတူ ခြောက်လ၊ ခုနှစ်လလောက်ကို ကြိုတင်ပြီးတော့ ပြင်ဆင်ကြရ၊ ပါတီတွေ အနေနဲ့လည်း စည်းရုံးရေးဆင်းရတာမျိုးတွေရှိတယ်ဆိုတော့ ဒီလိုကာလမျိုးမှာ သွားလာရတာတောင် နောက် ကျောမလုံ၊ ရှေ့ကျောမလုံနဲ့ သွားလာလှုပ်ရှားနေကြရတာဆိုတော့ ဒီလိုအနေအထားမျိုးကိုရော ဥက္ကဋ္ဌအနေနဲ့ အားမလိုအားမရ ဖြစ်နေရလား။
ဖြေ ။ ။ အဲဒီတော့ ရွေးကောက်ပွဲလုပ်မယ်လို့ ဆုံးဖြတ်တယ်ဆိုရင်တော့ ရွေးကောက်ပွဲလုပ်နိုင်မယ့် အခင်း အကျင်းမျိုးကို တာဝန်ရှိသူတွေအနေနဲ့က ခင်းကျင်းပေးရမှာဖြစ်တယ်။ ကျွန်တော်တို့က နိုင်ငံရေးပါတီဖြစ်တဲ့ အတွက် နိုင်ငံရေးပါတီတွေက တာဝန်ရှိတဲ့ပုဂ္ဂိုလ်တွေ၊ ကျွန်တော်တို့ ဥက္ကဋ္ဌမှ မဟုတ်ပါဘူး။ ကျန်တဲ့အဆင့်ဆင့် သော ပါတီဝင်တွေ အားလုံးကလည်းပဲ ကျန်တဲ့ပါတီဝင်တွေနဲ့ ထိတွေ့နိုင်မှုအခွင့်အလမ်း၊ အခွင့်အရေး၊ နောက်တစ်ခါ မိမိတို့ရဲ့ခံယူချက်၊ မိမိတို့လုပ်ပေးနိုင်မှု၊ ဒါတွေကိုပြန်ပြီးတော့ ပြည်သူလူထုကို ရှင်းပြနိုင်မယ့် အခွင့်အရေး၊ အဲဒါတွေ မလုပ်ပေးနိုင်ဘဲနဲ့တော့ ရွေးကောက်ပွဲပြန်လုပ်ဖို့ဆိုတာက အင်မတန်ကိုခက်ပါတယ်။ ဒီလိုဆိုရင် ဘယ်လိုနည်းလမ်းတွေနဲ့လုပ်နိုင်မလဲ။ ပြောရမယ်ဆိုရင်တော့ မျှော်မှန်းထားတဲ့အချိန်ကာလက ၂ဝ၂၃ ခုနှစ်နှောင်းပိုင်းဆိုတော့ တော်တော်လေးကို နီးကပ်နေပါပြီ။ အခုချိန်ထိ ပါတီတွေဟာ လုံခြုံရေးအခြေ အနေအရ ပေါ်ပေါ်ထင်ထင် (လူရမ်းကားတွေမှ အပနော်)၊ ဥပဒေဘောင်ထဲက ပုဂ္ဂိုလ်တွေက လွတ်လွတ်လပ် လပ်ပြောဆို၊ သွားလာနိုင်ခြင်း မရှိသေးဘူး။ လုပ်နိုင်တာတစ်ခုပဲ ရှိသေးတယ်။ နိုင်ငံပိုင်မီဒီယာတွေ သုံးစွဲခွင့်ပေး ဖို့လိုတယ်။ ပြီးခဲ့တုန်းကလို ရွေးကောက်ပွဲနီးမှ ရက်ပေါင်း ၆ဝ လောက်နီးတော့မှ ပါတီဥက္ကဋ္ဌ (သို့) တာဝန်ရှိတဲ့ ပုဂ္ဂိုလ်တွေက ရုပ်သံမှာ ၁ဝ မိနစ်လောက်လေး စကားပြောခွင့်ရတာမျိုးလောက်နဲ့တော့ မလုံလောက်တော့ဘူး။ ဆိုတော့ မြန်မာ့ရုပ်မြင်သံကြားဆိုရင်လည်းပဲ ပြန်ကြားပေးရန်၊ ပညာပေးရန် စသည်အားဖြင့် ဖျော်ဖြေပေးရန်၊ ပြည်သူလူထုအကျိုးစီးပွားအတွက်ပဲလေ။ ဒီလိုပဲ တပ်မတော်ပိုင် မြဝတီဆိုရင်လည်း ပြည်သူလူထု စိတ်ကျေနပ်မှု ကိုပေးမယ့် ဝန်ဆောင်မှုကိုပေးဖို့အဆင်သင့်ပဲဆိုပြီး ရှိထားတယ်။ တကယ်တော့ နိုင်ငံပိုင်မီဒီယာတွေဟာ နိုင်ငံတော်အကျိုးအတွက် နိုင်ငံတော်ဘတ်ဂျက်နဲ့ပေးထားတာဖြစ်တဲ့အတွက် အခုသွားမယ်ဆိုတဲ့ အထွေထွေ ရွေးကောက်ပွဲက နိုင်ငံတော်အကျိုးအတွက်လုပ်တာ မဟုတ်ဘူးလား။ ဥပဒေနဲ့အညီ အနိုင်ရမယ့်ပါတီကို ဒီမိုကရေစီလမ်းကြောင်းပေါ်ပြန်တင်ပေးဖို့ လုပ်ဆောင်နေတာဖြစ်တဲ့အတွက် အဲဒီအခွင့်အရေးကို ပေးသင့်တယ် လို့မြင်တယ်။ ဒါသည် နိုင်ငံပိုင်ဘတ်ဂျက်နဲ့ လုပ်ကိုင်ထားတာဖြစ်တယ်။ ဒီနေရာမှာ ဘယ်ပါတီအပေါ်ကိုမှ ဘက်မလိုက်နဲ့လေ။ ပါတီကြီးမို့လို့၊ ပါတီငယ်မို့လို့ ဆိုပြီး မဟုတ်ဘူး။ ဒီကိစ္စကိုလည်း ကော်မရှင်ကနေပြီးတော့ ထိန်းကွပ်သွားဖို့လိုမယ်။ ဒါ့အပြင် Printed ရှိမယ်၊ ရုပ်သံတွေ ရှိမယ်၊ Printed မှာလည်း သတင်းစာတွေရှိတယ်၊ ဆိုတော့ ဖြစ်နိုင်တဲ့အခွင့်အရေးတိုင်းမှာ ပါတီတိုင်းအတွက် တန်းတူညီမျှပေးလိုက်ပေါ့။ လူတွေရဲ့ပြောရေးဆိုခွင့် တွေ၊ ကျန်တဲ့အစီအစဉ်တွေမှာသာ အစိုးရရဲ့ဝါဒဖြန့်ယန္တရားဆိုပြီး လူတွေက နားမထောင်ချင်ကြပေမယ့် ဒီလို အပိုင်းမျိုးတွေမှာတော့ လူတွေက အထိုက်အလျောက်တော့ စိတ်ဝင်စားမှုရှိလာလိမ့်မယ်လို့ ကျွန်တော်ကတော့ ထင်တယ်။ ဘာကြောင့်လဲဆိုရင်တော့ လူထုက အဆုံးအဖြတ်ပေးရမယ့်ကိစ္စဖြစ်တယ်။ အဲဒါကတော့ နည်းလမ်း တစ်ခုလို့ ကျွန်တော်ကတော့ မြင်တယ်။

မေး ။ ။ တချိန်တည်းမှာပဲ ၂ဝ၂၃ ရွေးကောက်ပွဲကို နိုင်ငံတကာအသိုင်းအဝိုင်းရော၊ သံတမန်တွေရော စောင့်ကြည့်နေကြတာရှိတယ်။ တနည်းအားဖြင့် NLD မပါရင်တော့ မဖြစ်နိုင်ဘူးဆိုတာမျိုး တွန်းအားပေး ပြောဆို တာမျိုးတွေကို တွေ့ရတယ်။ ပြည်ခိုင်ဖြိုးအနေနဲ့ကရော NLD အပါအဝင် တခြားသော ရွေးကောက်ပွဲဝင်ဖို့ မပါ ချင်ပါဘူးဆိုတဲ့ ပါတီတွေက တကယ်ရွေးကောက်ပွဲမှာ ပါလာဖို့ သင့်သလား။ ဒါမှမဟုတ် သူတို့ဘယ်လိုရပ်တည် သင့်တယ်လို့ ထင်သလဲ။
ဖြေ ။ ။ နိုင်ငံရေးပါတီတိုင်းကတော့ ရွေးကောက်ပွဲဝင်ဖို့အတွက် ရည်ရွယ်ပြီးတော့ ထူထောင်ကြတာပဲလေ။ ဒါကြောင့်မို့လို့လည်းပဲ ကော်မရှင်ဘက်က ထိန်းကွပ်ရမယ့် သူ့ရဲ့လုပ်ငန်းစဉ်ထဲမှာ ရွေးကောက်ပွဲမဝင်တဲ့ပါတီ တွေကို ပါတီအဖြစ်ကနေ ဖျက်သိမ်းဖို့ တာဝန်ပေးထားတာပေါ့။ ဒီထဲမှာမှ ရွေးကောက်ပွဲဝင်ရောက်ယှဉ်ပြိုင်ခွင့် ရှိ၊ မရှိဆိုပြီး သတ်မှတ်ထားတာတွေ ရှိတယ်။ အဲဒီဥပဒေပြဋ္ဌာန်းချက်တွေကို မလိုက်နာဘူးဆိုရင်တော့ ဝင်ခွင့် မရှိနိုင်ပါပေါ့။ ဒါကြောင့်မို့လို့ ဒီမေးခွန်းနဲ့ပတ်သက်ပြီး မေးလာတဲ့အခါတိုင်းမှာ ကျွန်တော်ပြန်ဖြေလေ့ရှိတာ ကတော့ ဝင်ခြင်း၊ မဝင်ခြင်းက သူတို့ပါတီရဲ့ကိစ္စဖြစ်တယ်။ သူ မဟုတ်တာလုပ်ထားရင် မဟုတ်တာလုပ်ထား တာနဲ့အညီ အရေးယူခြင်းခံရမှာပဲ။ အဲဒီတော့ သူတို့ရှိတယ်၊ မရှိဘူးဆိုတာတွေက ကျွန်တော့်အတွက်တော့ ဘာမှ မထူးခြားပါဘူး။
မေး ။ ။ နောက်တစ်ခုကတော့ ကျွန်တော်တို့ဘေးက အမြင်နဲ့ကြည့်မယ်ဆိုရင်တော့ ဝေဖန်ထိုးနှက်မှုအခံရဆုံး ပါတီဆိုရင်တော့ ပြည်ခိုင်ဖြိုးပါတီ ဖြစ်နေတာကို တွေ့ရတယ်။ မီဒီယာတွေရဲ့ ဝိုင်းထိုးနှက်ရေးသားတာမျိုးတွေ ကို ပြန်ပြီးတော့ရော ဘာ့ကြောင့်ဆိုပြီး Review လုပ်ကြည့်ဖူးလား။
ဖြေ ။ ။ ဝေဖန်ထိုးနှက်တယ်ဆိုတာကတော့ နှစ်မျိုးရှိတာပေါ့နော်။ ဝေဖန်တယ်ဆိုတဲ့နေရာမှာ ထိုးနှက်တယ် ဆိုတဲ့ စကားလုံးပါလာပြီဆိုရင်တော့ အဲဒါက ရည်ရွယ်ချက်အဆိုးနဲ့။ သူက အခြေခံအကြောင်းရင်းကို မကြည့် တော့ဘူး။ ဒုက္ခရောက်ရင်ပြီးရော၊ နာမည်ပျက်ရင်ပြီးရော အဲဒါက ထိုးနှက်တာ။ ဝေဖန်တယ်ဆိုတာကတော့ ကောင်းစေချင်လို့ ဝေဖန်ပေးတာရှိတယ်၊ သတိထောက်ပေးတာရှိတယ်။ ကျွန်တော်တို့ကတော့ ထိုးနှက်တယ် ဆိုတဲ့အပိုင်းကို သိပ်မပြောလိုပါဘူး။ ဘာ့ကြောင့်ထိုးနှက်သလဲဆိုတော့ ကျွန်တော်တို့ကို တပ်မတော်က စပွန်ဆာပေးထားတယ်။ တပ်မတော်သားဟောင်းဖြစ်တဲ့ ကျွန်တော်က ဥက္ကဋ္ဌဗျာ။ တချိန်တုန်းကလည်း အစိုးရ လုပ်ခဲ့တဲ့အခါကျတော့ ဒီလိုအကြောင်းတွေအပြင် နောက်ထပ်စွပ်စွဲချက်တွေကလည်းမျိုးစုံပါပဲ။ အဲဒါတွေ ကတော့ မြန်မာပြည်က နိုင်ငံရေးသမားအများစု ကျူးလွန်ကြတဲ့အရာပါပဲ။ ကိုယ့်နည်းကိုယ့်ဟန်နဲ့ ပြည်သူလူထု ကိုမဆွဲဆောင်ဘဲနဲ့ အောက်လုံးတွေ၊ မကောင်းကြောင်းတွေပြောပြီး ထိုးနှက်တဲ့အခါကျတော့ တကယ်ဝမ်းစာ ပြည့်ပြီး စေတနာထားပြီး တိုင်းပြည်အတွက် လုပ်နိုင်မယ့်နိုင်ငံရေးသမားတွေက ရှေ့ရောက်မလာတော့ဘဲ ဒီလို ထိုးနှက်မှုမျိုးတွေကို အများကြီးပိုင်ဆိုင်ထားတဲ့သူတွေဘက်ကိုပဲ ရောက်သွားပြီးတော့ အဲဒီလိုလူမျိုးတွေကပဲ နေရာရသွားတဲ့စနစ်မျိုးကြီးကိုဖြစ်စေတယ်။ အဲဒီလိုစနစ်မျိုးက တိုင်းပြည်ကောင်းသလား၊ မကောင်းသလား ဆို တာကတော့ ပြီးခဲ့တဲ့ကာလကိုပဲ ပြန်သုံးသပ်ကြပေါ့။ ဒါကြောင့်မို့လို့ ကျွန်တော်တို့ ထိုးနှက်ခံနေရတဲ့ဖြစ်စဉ်က ပြည်ခိုင်ဖြိုးကို နိုင်ငံရေးစင်ပေါ်မှာ မရှိစေချင်ဘူး။ ဒါပေမယ့် ကျွန်တော်တို့ထက်စာရင် တပ်မတော်က ပိုပြီးတော့ တိုက်ခိုက်ခံနေရပါတယ်။ ဘာ့ကြောင့်လဲဆိုတော့ ဒီနှစ်ဖွဲ့ရှိနေတဲ့အတွက် မြန်မာပြည်မှာ လုပ်ချင်ရာလုပ်လို့ မရဘူး။ ဒါ့ကြောင့် ဒီထိုးနှက်မှုတွေကို ရင်ဆိုင်နေရတာဖြစ်ပါတယ်။

မေး ။ ။ နောက်တစ်ခုကတော့ ပြည်ခိုင်ဖြိုးပါတီရဲ့အခန်းကဏ္ဍကို နိုင်ငံတကာ၊ အနောက်နိုင်ငံတွေရဲ့မီဒီယာ တွေကို သိပ်ပြီးတော့ ဖော်ပြခြင်းမရှိတာကိုတွေ့ရတယ်။ အခုဆိုရင် ပြည်ခိုင်ဖြိုးပါတီဝင် ထောင်နဲ့ချီပြီး သတ်ဖြတ်ခံထားရပေမယ့် သံရုံးတွေကအစ အရေးတယူပြောတာ မတွေ့ရဘူး။ အဲဒီလိုမဖော်ပြအောင်၊ မတွေ့ မမြင်ရအောင် နောက်ကွယ်ကနေ တစ်ခုခုများ ချုပ်ကိုင်ထားတယ်လို့မြင်လား။ ဥက္ကဋ္ဌ အနေနဲ့ကရော ဘယ်လို မြင်မိလဲ။
ဖြေ ။ ။ ပြည်ခိုင်ဖြိုးပါတီတင် မဟုတ်ပါဘူး။ အခုလက်ရှိ နိုင်ငံတော်တာဝန်ယူထားတဲ့ အစိုးရရဲ့ဆောင်ရွက် ချက်တွေကိုတောင်မှပဲ ကမ္ဘာကို ပေါက်မှ မပေါက်တာ။ ဆိုတော့ ကျွန်တော်တို့ထက်ပိုပြီးတော့ နည်းပညာပိုင်းမှာ အရှေ့၊ အနောက်အဆင့်မှီတဲ့အပြင် တချို့သောအပိုင်းတွေမှာ သူတို့ပိုင်းကတောင် သာသယောင်ရှိတဲ့ ရုရှားလို နိုင်ငံမျိုး၊ လက်ရှိသူတို့ဖြစ်နေတဲ့တိုက်ပွဲတွေနဲ့ပတ်သက်ပြီး ကမ္ဘာ့သတင်းတွေမှာ တက်နေတဲ့သတင်းတွေ အကုန်လုံးက အမှန်တရားမှ မဟုတ်တာ။ လူဆိုးဖြစ်စေချင်တဲ့သူကို လူဆိုးပုံဖော်ထားတယ်။ သူတို့သနားစရာ အဖြစ်ပုံဖော်ချင်တဲ့သူကိုကျတော့ သနားစရာဖြစ်အောင် ဖန်တီးပုံဖော်ထားတယ်။ အဲဒီတော့ ကျွန်တော်တို့က လူဆိုးပုံစံအတိုင်း ဖန်တီးခံထားရတယ်။ ဒါကို ဘာနဲ့လုပ်လဲဆိုရင်တော့ ငွေနဲ့ မီဒီယာအားနဲ့ပဲလုပ်တာပဲ။ ဒီလို အရာတွေကိုပြန်ပြီးတော့ အံတုဖို့ဆိုတာကတော့ တော်တော်လေးလည်းခက်ပါတယ်။ အချိန်လည်း တော်တော် လေးစောင့်ယူရမယ်။ စိတ်လည်းရှည်ရမယ်လို့ ဒီလိုပဲကျွန်တော်မြင်ပါတယ်။ ဒီလိုပဲ ရုရှားလိုနိုင်ငံကလည်း သူတို့မှာ ကျွန်တော်တို့ထက် အင်မတန်ကို အားကောင်းပြီးတော့ အဆင့်မြင့်တဲ့နည်းစနစ်တွေ ပိုင်ဆိုင်ထားတာပဲ။ သူတို့တောင် ဒီလိုကိစ္စရပ်တွေနဲ့ရင်ဆိုင်နေရတာဖြစ်တဲ့အတွက် နောက်ဆုံးမှာတော့ အမှန်တရားကပဲ အဆုံးအဖြတ်ပေးသွားလိမ့်မယ်လို့ ယူဆပါတယ်။

မေး ။ ။ ဒီမှာ ကျွန်တော်သေချာလေး သိချင်တာ၊ မေးကြည့်ချင်တာရှိပါတယ်။ ပါတီဝင် ၁၆ဝဝ ကျော် ၁၇ဝဝ နီးပါးထိ သတ်ဖြတ်ခံထားရတယ်ဆိုတော့ သူတို့လုပ်ကြံသတ်ဖြတ်ခံရတဲ့ တူညီတဲ့အကြောင်းတရားနဲ့ သတ်ဖြတ် နေတဲ့သူတွေက ဘာကြောင့်သတ်တယ်ဆိုတဲ့ အကြောင်းတရားက ထပ်တူကျနေတဲ့အကြောင်းတရားက ဘာလို့ ပြောလို့ရမလဲ။
ဖြေ ။ ။ ပြည်ခိုင်ဖြိုးနဲ့ ပြည်ခိုင်ဖြိုးပါတီဝင်တွေ တိုက်ခိုက်သတ်ဖြတ်ခြင်းခံနေရတဲ့ နံပါတ်တစ် အကြောင်းရင်း ကတော့ သူတို့ရဲ့အဓိကပြိုင်ဘက် ဖြစ်တဲ့အတွက်ပဲ။ ပြည်ခိုင်ဖြိုးပါတီဝင်တွေကို တိုက်ခိုက်သတ်ဖြတ်ပလိုက်တဲ့ အတွက်၊ နောက်တစ်ခုကလည်း ပါတီဝင်တွေက ကြောက်လန့်ပြီးပြေးလွှားကုန်ကြတဲ့အတွက် သူတို့နေထိုင်တဲ့ နေရာမှာ အားကောင်းနေရာကနေ ပြည်ခိုင်ဖြိုးပါတီဝင်တွေရဲ့အင်အား ချိနဲ့သွားမယ်ဆိုတဲ့ အယူအဆရှိပါလိမ့် မယ်။ နောက်တစ်ခုကလည်းပဲ ဒီလိုသတ်ဖြတ်ခံနေရတာတွေကြောင့် ပြည်ခိုင်ဖြိုးပါတီကို မဝင်ရဲတော့တာမျိုးနဲ့ ပါတီအင်အား ချိနဲ့သွားစေချင်တဲ့လုပ်ရပ်ပဲဖြစ်ပါလိမ့်မယ်။ နောက်တစ်ခုကတော့ မြန်မာနိုင်ငံမှာ အကြီးဆုံးသော၊ အင်အားအများဆုံးသော၊ အများစုကိုယ်ကွယ်သော ဘာသာတရားရှိတယ်။ အခုဖြစ်နေတဲ့ ဖြစ်စဉ်တွေကိုကြည့် မယ်ဆိုရင် စစ်ကိုင်းတိုင်း၊ အင်မတန်မှကိုဖြူစင်တဲ့ ဗမာတိုင်းရင်းသားတွေ နေထိုင်တာများတယ်။ ဗမာတိုင်းရင်း သားတွေကလည်း ဗုဒ္ဓဘာသာကို ကိုးကွယ်သူတွေများတဲ့အတွက် အဲဒီဒေသတွေက ဗုဒ္ဓဘာသာဝင် သာသနာ့ ဝန်ထမ်းတွေကို ပစ်မှတ်ထားပြီးတော့ တိုက်ခိုက်သတ်ဖြတ်ခံနေရတယ်။ ဒါက လာပြီးတော့ ဒွန်တွဲနေတယ်။ နံပါတ်တစ်က ပြည်ခိုင်ဖြိုးပါတီဝင်တွေ၊ နံပါတ်နှစ်က ပြည်ခိုင်ဖြိုးကို အားပေးထောက်ခံသူတွေ၊ အဲဒါတွေက သူတို့ရဲ့ပစ်မှတ်ပဲဖြစ်နေတယ်လို့ပဲမြင်ပါတယ်။ ဒါကြောင့်မို့လို့လည်း ဘုန်းတော်ကြီးတွေ၊ သာသနာ့ ဝန်ထမ်း တွေ၊ ပြည်ခိုင်ဖြိုးပါတီဝင်တွေ၊ ထောက်ခံသူတွေ သတ်ဖြတ်ခံနေရတယ်။

မေး ။ ။ အဲဒီမှာလည်း သာသနာ့ဝန်ထမ်းကိစ္စလေးပေါ့။ ကျွန်တော် ပြီးခဲ့တဲ့ရက်က ဒေတာတစ်ခုကို တွေ့လိုက် တယ်။ သံဃာ ၄၇ ပါးထိရှိပြီဆိုတာမျိုးပေါ့။ ကျွန်တော်တို့ဗုဒ္ဓဘာသာဝင်တစ်ယောက်အနေနဲ့ တော်တော်လေးကို စိတ်မချမ်းမြေ့ဖွယ်ရာဖြစ်ရပါတယ်။ ဆိုတော့ ဒီလိုဖြစ်ရပ်တွေနဲ့ပတ်သက်ပြီးတော့ရော ဥက္ကဋ္ဌအနေနဲ့လူထုကို ဘယ်မျိုးအသိပေး ပြောပြချင်တာရှိမလဲ။
ဖြေ ။ ။ ကျွန်တော်ကိုယ်တိုင်ကလည်း ဗုဒ္ဓဘာသာဝင်ပဲလေ။ ဒီအချိန်က ရွေးကောက်ပွဲအချိန်လည်း မဟုတ်တဲ့ အတွက်တော့ ကျွန်တော်ပြောလို့ရပါတယ်။ ကျွန်တော့်ဘာသာကိုထိခိုက်ရင်တော့ ကျွန်တော်က ဘယ်ကြိုက် မလဲဗျာ။ ဗုဒ္ဓဘာသာကိုပြန့်ပွားအောင်၊ ထွန်းကားအောင်လုပ်ချင်တဲ့စိတ်ဆန္ဒမျိုး ဗုဒ္ဓဘာသာဝင် တစ်ယောက် အနေနဲ့ ရှိတာပေါ့။ အဲဒီတော့ ကိုယ့်ဘာသာကို ချိုးနှိမ်တယ်ဆိုရင်လည်းပဲ မတရားသဖြင့် ဥပဒေပြင်ပက ဖြစ်လာ တဲ့ကိစ္စအကုန်လုံးကို ကျွန်တော်တို့ဆန့်ကျင်တယ်။ ဒါမျိုးတွေ မဖြစ်လာအောင် ကျွန်တော်တို့ဝိုင်းဝန်းပူးပေါင်းပြီး ကူညီစောင့်ရှောက်ပေးဖို့ တာဝန်ရှိတယ်။ လိုအပ်လာလို့ရှိရင်လည်းပဲ အဲဒီအပိုင်းကို ကျွန်တော်တို့ဝင်ပြီးတော့ ဆောင်ရွက်မှာပါ။ ဒါပေမယ့် ဒီလိုမျိုးပြောတဲ့အတွက် ဗုဒ္ဓဘာသာပဲ ဒီတိုင်းပြည်မှာရှိရမယ်လို့ ဆိုလိုတာ မဟုတ်ဘူး။ အခြားဘာသာဝင်တွေကို ထိခိုက်ပျက်စီးစေလိုသော ဆန္ဒမရှိဘူးဆိုရင်တော့ သူတို့လည်းပဲ ကြီးပွား ခွင့်ရှိတယ်။ ကိုးကွယ်ယုံကြည်ခွင့်ရှိတယ်။ ဒါပေမယ့် ကိုယ့်ဘာသာကမှ ကိုယ့်ဘာသာ ကျန်တဲ့ဘာသာတရား တွေ လောကကြီးမှာ မရှိစေရဘူးဆိုရင်တော့ ကျွန်တော်တို့အနေနဲ့က ပြင်းပြင်းထန်ထန်ကို ဆန့်ကျင်ပါတယ်။

မေး ။ ။ ကျွန်တော်နောက်တစ်ခုကတော့ ပြည်ခိုင်ဖြိုးပါတီရဲ့လက်ရှိနိုင်ငံခြားရေးမူဝါဒအကြောင်းနဲ့ပတ်သက် ပြီး မေးချင်ပါတယ်။ အခု လက်ရှိ မြန်မာနိုင်ငံရဲ့အခင်းအကျင်းမှာ လူထုက ယုံကြည်နေတာတစ်ခုက ကြားညှပ် နေတယ်ဆိုတာမျိုးပေါ့။ ဆိုလိုတာက အင်အားကြီး နိုင်ငံကြီးနှစ်ခုရဲ့ကစားပွဲမှာ ကျွန်တော်တို့မြန်မာတွေ အချင်း ချင်းပြန်သတ်နေကြပြီဆိုပြီးတော့ မြင်နေကြပြီပေါ့။ အဲဒီတော့ ဥက္ကဋ္ဌအနေနဲ့ကရော ကျွန်တော်တို့နိုင်ငံက နိုင်ငံခြားရေးမူဝါဒအရ ကြားညှပ်နေတယ်လို့ မြင်မိလား။ ဘယ်လိုမျိုးပြောပြချင်တာရှိမလဲ။
ဖြေ ။ ။ နိုင်ငံခြားရေးမူဝါဒကြောင့် ကြားညှပ်တာတော့ မဟုတ်ဘူး။ Geo Politics ပေါ့။ တည်နေရာအနေ အထား။ နောက်တစ်ခါ ကမ္ဘာပေါ်မှာရှိနေတဲ့ အုပ်စုကြီး၊ အရှေ့အုပ်စု… ပြောရမယ်ဆိုလို့ရှိရင် အာရှဘက်မှာရှိတဲ့ အုပ်စုခေါင်းဆောင်က ဘယ်သူဖြစ်မလဲဆိုတာ သိနေသလိုပဲ။ သူတို့တွေ အဲဒီနားမှာရှိနေတော့ အနီးကပ်ပြီး လာထောက်တယ်။ ဒီတိုင်းပြည်မငြိမ်မသက်ဖြစ်အာင်လုပ်တာပေါ့။ ကျွန်တော်တို့ရဲ့နိုင်ငံခြားရေးမူဝါဒကြောင့် မဟုတ်ပါဘူး။ ရှိနေတဲ့ Geo Politics ကြောင့်သာဖြစ်တယ်လို့ ကျွန်တော်ကတော့ မြင်ပါတယ်။ မူဝါဒကတော့ ကျွန်တော်တို့အနေနဲ့က ကမ္ဘာ့နိုင်ငံအားလုံးနဲ့ မရုတ်မရက်ဆက်ဆံတာပဲလေ။ အိမ်နီးချင်းနိုင်ငံတွေလည်း ကျွန်တော်တို့က ဒီလိုပဲဆက်ဆံနေတာပဲလေ။ မူဝါဒကတော့ အမှားအယွင်းမရှိဘူးလို့ ကျွန်တော်ယုံကြည်ပါ တယ်။ မူဝါဒနဲ့ပတ်သက်ပြီးဆက်ပြောရလို့ရှိရင် လွတ်လပ်ရေးရပြီးကတည်းက ကျွန်တော်တို့တွေ တောက် လျှောက်ကျင့်သုံးလာခဲ့ကြတာ။ တပ်မတော်အစိုးရလက်ထက်တုန်းကလည်း ဒါပဲ။ ဦးသိန်းစိန်အစိုးရလည်း ဒါပဲ။ ပြီးခဲ့တဲ့ NLD အစိုးရလက်ထက်တုန်းကလည်း ဒါပဲလေ။ အဲဒီတော့ မူဝါဒကြောင့်တော့ မဟုတ်ဘူးလို့ ကျွန်တော် ထင်တယ်။

မေး ။ ။ အဲဒီတော့ Geo Politics ကြောင့်ဖြစ်တယ်ဆိုတော့လေ ကျွန်တော်တို့နိုင်ငံမှာ မြန်မာနိုင်ငံသား အချင်းချင်းသတ်ဖြတ်ခံနေရတာတွေနဲ့ပတ်သက်ရင် နောက်ကွယ်မှာ အခြားသောအကြောင်းအရာတွေ ပါနေ တယ်ဆိုတာမျိုး အင်တာဗျူးအရှေ့ပိုင်းမှာလည်း ပြောခဲ့တယ်ဆိုပေမယ့် ထပ်ပြီးတော့ ရှင်းရှင်းလင်းလင်းပြောပြ ပေးနိုင်မလား။
ဖြေ ။ ။ Geo Politics ကြောင့်ဆိုတဲ့ကိစ္စက ကျွန်တော်တို့နိုင်ငံရဲ့အနေအထား၊ ပြောရလို့ရှိရင် အရှေ့ဘက်မှာ ကပ်နေတဲ့ အင်အားကြီးနိုင်ငံကြီးနဲ့ကပ်နေတဲ့အတွက် အဲဒီနိုင်ငံကို ထိန်းချုပ်ချင်တဲ့ပုဂ္ဂိုလ်တွေသည် ကျွန်တော် တို့နိုင်ငံ၊ ကျွန်တော်တို့မြေကို ခြေကုပ်ရယူချင်ကြတယ်။ ကျွန်တော်တို့ပြည်တွင်းမှာ မငြိမ်မသက်ဖြစ်အောင်၊ နောက်တစ်ခုကလည်း သူတို့ရဲ့လက်ဝေခံအဖွဲ့အစည်းတစ်ခုခုကိုမွေးပြီးတော့ အဲဒီအဖွဲ့ကို အကူအညီတွေပေး ရင်းနဲ့ ဒီဘက်မှာ မငြိမ်မသက်ဖြစ်အောင် လုပ်တာမျိုး၊ ဒါတွေက သူတို့သွားတဲ့လမ်းကြောင်းပဲ။ နောက်တစ်ခုက တော့ မြန်မာနိုင်ငံမှာ အဓိကအင်အားစုကြီးဖြစ်တဲ့ တပ်မတော်ကို ပြိုကွဲစေချင်တယ်။ ကမ္ဘာ့တရားရုံးမှာ ရုံးတင် တရားစွဲပြီးတော့ ဖျက်ဆီးပစ်လိုက်ချင်တယ်။ အလားတူပဲ တဖက်က လက်နက်ကိုင်မဟုတ်တဲ့ အရပ်သားတွေ ဘက်ကိုကျပြန်တော့ သူတို့နဲ့သိပ်ပြီး အစဉ်မသင့်တဲ့နိုင်ငံရေးပါတီတွေ၊ ပုဂ္ဂိုလ်တွေကိုကျပြန်တော့လည်း တိုက်ခိုက်ဖျက်ဆီးပစ်လိုက်ချင်တာမျိုး။ ဒီပုဂ္ဂိုလ်တွေကိုဖျက်ဆီးဖို့အတွက် ဗမာသူပုန်ကိုပြန်ပြီးတော့ မွေးတဲ့ သဘောပါပဲ။ အရင်တုန်းက မြန်မာနိုင်ငံမှာ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေဆိုပြီးတော့ နယ်စပ် တစ်လျှောက်မှာ ရှိကြတယ်။ မရှိသေးတာက ပြည်မဖြစ်တဲ့ တိုင်းကြီး ၇ တိုင်းထဲမှာ ဗမာလူမျိုး လက်နက်ကိုင် အဖွဲ့အစည်းမရှိသေးဘူး။ အဲဒီတော့ ဆယ်ကျော်သက်အရွယ်ကလေးတွေရဲ့ခေါင်းထဲမှာ မူလတုန်းက ဆင်းရဲ ကြပ်တည်းမှုအခက်အခဲတွေလည်း ရှိခဲ့လိမ့်မယ်။ ဒါပေမယ့် ဆယ်ကျော်သက်အရွယ်လူငယ်တွေကို ဆွဲဆောင် တဲ့နည်းလမ်းတွေကလည်း နည်းပေါင်းများစွာ ရှိခဲ့ပါတယ်။ တစ်ချိန်က ဆယ်ကျော်သက်အရွယ်ကလေးတွေကို လွတ်လပ်မှုအခွင့်အရေးဆိုပြီးတော့ သင်ကြားပေးခဲ့တာတွေ၊ ကိုယ့်အိမ်မှာ မရရှိနိုင်တဲ့လွတ်လပ်မှုတွေကို သူတို့ ဆီမှာ ရနိုင်တယ်ဆိုတဲ့ဟာမျိုးနဲ့ရိုက်သွင်းပြီး သင်ကြားပေးခဲ့ကြတယ်။ ဒီကနေ့ခေတ်မှာ အဆမတန်ကို တိုးပွား လာတဲ့ မူးယစ်ဆေးဝါးတွေ၊ နောက်တစ်ခုက လက်နက်တွေ၊ လက်နက်တွေကိုလည်း လွန်ခဲ့တဲ့ ငါးနှစ် ကတည်း က ကြိုပြီးတော့ သွင်းခဲ့တာတွေ ရှိတယ်။ ဒါနဲ့ ဒီကလေးတွေကို မွေးထုတ်ခဲ့တာ။ ဒီအတွက်လည်း ကျွန်တော် တော်တော်လေးကို စိတ်မကောင်းဖြစ်ပါတယ်။ ဘာ့ကြောင့်လဲဆိုတော့ ဒီနေ့ ဒီလို့အချိန်မှာ ဖြစ်လာပြီဆိုတော့ တဖက်ကတာဝန်ရှိသူတွေကို အကြိမ်ကြိမ်ဖိတ်ခေါ်နေတယ်။ အဲဒီလိုဖိတ်ခေါ်နေတဲ့အပေါ်မှာလည်း တချို့ဆို မကျေမနပ်ဖြစ်ကြတာတွေ ရှိတယ်။ ဘာ့ကြောင့်လဲဆိုတော့ အသတ်ခံရတဲ့ပုဂ္ဂိုလ်တွေ၊ CDM မလုပ်လို့ ခြိမ်းခြောက်နှိပ်စက်ခံရတဲ့ပုဂ္ဂိုလ်တွေ ဒီလိုမျိုးခံထားရတဲ့ပုဂ္ဂိုလ်တွေရဲ့မိသားစုဝင်တွေဘက်က ကြည့်ပြန်ရင် လည်း သူတို့ကခံထားရတာဆိုတော့ PDF အပါအဝင် အကြမ်းဖက်မှုလုပ်တဲ့သူတွေကို စိတ်ရှည်သည်းခံပြီး ဖိတ်ခေါ်နေတာမျိုးတွေကိုတော့ မကျေမနပ်ဖြစ်ကြတာပေါ့။ တဖက်တာဝန်ရှိတဲ့ဘက်က ကြည့်ပြန်ရင်လည်း သမ္မတကြီးဦးသိန်းစိန်လက်ထက်တုန်းက ပြောခဲ့ဖူးတယ်ဗျာ..ကျွန်တော်တို့တွေ ငြိမ်းချမ်းရေးလုပ်ငန်းတွေ လုပ်ရင်းနဲ့ ကျွန်တော်လည်း အဲဒီအချိန်တုန်းက ကော်မတီဝင် ဝန်ကြီးတစ်ယောက်အနေနဲ့ ဝင်လုပ်ခဲ့ဖူးတယ်။ တိုင်းရင်းသားလက်နက်ကိုင်ပဲ သေသေ၊ တပ်မတော်သားတွေပဲ တိုက်ပွဲကျကျ၊ အကုန်လုံးက မြန်မာနိုင်ငံသား တွေချည်းပဲ။ ဒါကြောင့်မို့လို့ ဒါတွေကို မဖြစ်စေချင်တော့ဘူး။ ဒီကနေ့ ကျွန်တော်တို့မှာလည်း ဒီစိတ်ကူးရှိတယ်။ ကလေးငယ်တွေက မိုက်ရူးရဲနဲ့ တစ်ပါးသူက မြှောင့်ပင့်ပေးတာနဲ့ပဲ ဘာမှဆင်ခြင်စဉ်းစားဉာဏ်လည်း မရှိတော့ဘဲ ဘယ်သူပြောတာမှလည်း နားမထောင်တော့ဘဲနဲ့ ဒီကနေ့ တပ်မတော်အစိုးရကို တိုက်ခိုက်နေကြတယ်။ တပ်မတော်အစိုးရတင်မဟုတ်ဘူး၊ အနီ မဟုတ်ရင် ရန်သူပဲဆိုတာမျိုး ရိုက်သွင်းပေးခံထားရပြီး၊ လူငယ်လေး တွေကို တိုင်းပြည်ဖျက်၊ လူဆိုးလူရမ်းကားလေးတွေဖြစ်အောင် ပုံသွင်းလုပ်ခံနေရတာကိုမြင်ရတော့ ကျွန်တော် လည်း စိတ်မချမ်းသာဘူး။ ဖြစ်နိုင်သမျှ အစောဆုံးပြန်လာကြစေချင်တယ်။ ဒါပေမယ့် ဆက်ပြီးတော့ မိုက်နေမယ် ဆိုရင်တော့ တိုင်းပြည်မင်းလုပ်တဲ့သူဆိုတာက အများပြည်သူအတွက် ရှင်းသင့်တဲ့သူကိုတော့ ရှင်းထုတ်ပစ်ရမှာ ပဲ။ ဒီလိုလေးတော့ မြင်ပါတယ်။

မေး ။ ။ နောက်တစ်ခုအနေနဲ့ကတော့ လက်ရှိနစက မဖြစ်မနေအကောင်အထည်ဖော်မယ့် ရွေးကောက်ပွဲပေါ့။ ရွေးကောက်ပွဲလုပ်ငန်းစဉ်ပေါ်လာပြီးရင်လည်း နောက်မှာရင်ဆိုင်ရမယ့်အရာ တစ်ခုရှိတာပေါ့။ အဲဒါကတော့ ဖက်ဒရယ်ဆိုတဲ့အရာပေါ့။ အခုဆိုရင်လည်း ဖက်ဒရယ်ကိစ္စကိုစပြီးတော့ စကားပြောနေကြပြီ။ ဆိုတော့ ပြည်ခိုင်ဖြိုး ခံယူထားတဲ့ ဖက်ဒရယ်ပုံစံရှိပြီလား။ ဘယ်လိုပုံစံ ခံယူထားလဲ။
ဖြေ ။ ။ ဖက်ဒရယ် လို့ပြောတဲ့အခါမှာ စကားလုံးတွေကို နားလည်ဖို့လိုတယ်။ စကားလုံးရဲ့အဓိပါ္ပယ်တွေကို နားမလည်ဘဲနဲ့ ကိုယ်လိုချင်တဲ့ဘက်ကိုပဲ ဆွဲတွေးပြီး ကိုယ်လိုချင်တဲ့အခွင့်အရေးကို မရ၊ ရအောင် တိုက်ယူမယ် ဆိုပြီး တွေးတာမျိုးကလည်း မမှန်သေးဘူးလို့တော့ ထင်တယ်။ အဲဒီတော့ ဖက်ဒရယ်ပဲပြောပြော၊ လစ်ဗရယ်ပဲ ပြောပြော၊ ဒီမိုကရေစီပဲပြောပြော၊ ခင်ဗျားပြောချင်တဲ့စကားကိုပြော၊ မြန်မာနိုင်ငံမှာရှိနေတဲ့ လူတွေအများစုရဲ့ အကျိုးစီးပွားကို အဓိကဖြစ်စေရမယ်။ အဲဒီတော့ တစ်ပါတီအာဏာရှင်မို့လို့၊ ပြည်ထောင်စု စစ်စစ်မဟုတ်ဘဲနဲ့ တစ်ပြည်ထောင်ဖြစ်နေလို့၊ အဲဒီလိုမဟုတ်ဘဲနဲ့ တိုင်းရင်းသားအခွင့်အရေးကိုအကုန်ရတဲ့ အားလုံးကျေနပ်တဲ့ ပြည်ထောင်စုကြီးဖြစ်နေလို့၊ အဲဒါသည် မြန်မာလိုပြောတာ။ အဲဒါသည်လည်း ဖက်ဒရယ် ဟုတ်ချင်မှ ဟုတ်လိမ့် မယ်။ အဓိကရည်ရွယ်ချက်ကတော့ ဒီနိုင်ငံမှာရှိတဲ့ တိုင်းရင်းသားတွေအားလုံး ညီညီမျှမျှနဲ့ အားလုံးခွဲဝေပြီး ခံစားနိုင်မယ့်စနစ်တစ်ခုကို သွားရမှာမဟုတ်ဘူးလား။ အဲဒါကြောင့်မို့လို့ စကားလုံးပေါ်ကိုမူတည်ပြီးတော့ ကွဲလွဲ သွားတာ။ ဖက်ဒရယ်မှာတောင်မှပဲ နယ်မြေတွေခွဲတဲ့နေရာမှာ လူမျိုးနဲ့ခွဲတာရှိတယ်။ တချို့ကတော့ သူတို့ရဲ့ နယ်မြေပိုင်းခြားနဲ့ ခွဲတာရှိတယ်။ ဒါကြောင့်မို့လို့ ဖက်ဒရယ်အကြောင်းဆွေးနွေးမယ်ဆိုရင်တော့ ပြောစရာတွေက အများကြီးပါ။ အဲဒီတော့ ရွေးကောက်ပွဲပြီးဖြစ်လာမယ့်ကိစ္စတွေမှာ ဖက်ဒရယ် အကြောင်းပြောကြ၊ ဆိုကြကြေး ဆိုရင်တော့ မူက တစ်ခုပဲရှိတယ်။ အဲဒါက အားလုံးအတွက် နားလည်မှုနဲ့ ညီညီမျှမျှ ခွဲဝေခံစားမှု၊ ခွဲဝေတာဝန်ယူ မှု၊ အဲဒီမှာ ခံစားဖို့ချည်းပဲမတွက်နဲ့ ကိုယ့်ဘက်က တာဝန်ယူဖို့ဆိုတာလည်း တွေးရမယ်။ တစ်ချက်ပဲပြောပါမယ်… ကိုယ့်ရဲ့နယ်မြေက ရွှေတွေထွက်နေလို့၊ ကျောက်တွေထွက်နေလို့ဆိုပြီး အဲဒါမျိုးကိုတော့ တို့အကုန်ယူမယ်၊ တို့ ဟာ ဆိုပြီတော့ လုပ်လို့တော့မရဘူး။ ပြည်ထောင်စုဆိုတာက ရှိနေသေးတယ်။ သူတို့လိုမထွက်တဲ့ စားစရာ တောင်မရှိတဲ့ ဆင်းရဲ့တဲ့နယ်မြေဒေသကိုကျတော့ ဘယ်လိုပေးမလဲ။ ဒီလိုအခန်းကဏ္ဍတွေကိုတော့ သေသေချာ ချာညှိနှိုင်းကြရဦးမယ့်ကိစ္စတွေမှာ အဲဒီလုပ်ငန်းစဉ်တွေကို ညှိညှိနှိုင်းနှိုင်းလုပ်နိုင်မှပဲ ကျွန်တော်တို့က အောင်မြင် တဲ့ ဖက်ဒရယ်လို့ ပြောလို့ရမယ်။

မေး ။ ။ ဒီကနေ့ နိုင်ငံရေးအခင်းအကျင်းကို ပြန်ကြည့်တဲ့အခါမှာ တချို့က စစ်တပ်က အာဏာမက်လို့ဖြစ်တာ၊ တချို့ကတော့ မဲမသမာမှု လုပ်လို့၊ မဲကိစ္စကြောင့်ဖြစ်တာဆိုပြီးတော့ ချာလည်ပတ်လည်နေပေမယ့် တကယ် တမ်း ကျွန်တော်တို့ခြုံငုံကြည့်လိုက်တဲ့အခါမှာတော့ မဲကိစ္စကနေ စခဲ့တာပေါ့နော်။ အကယ်၍ ဥက္ကဋ္ဌကသာ အဲဒီမဲကိစ္စကို ကိုင်တွယ်ဖြေရှင်းနိုင်တဲ့သူတစ်ယောက်ဖြစ်နေခဲ့မယ်ဆိုရင်(ဥပမာ- ကိုယ့်က NLD ပါတီရဲ့ဥက္ကဋ္ဌ၊ အကြီးအကဲတစ်ယောက်ဖြစ်နေခဲ့မယ်ဆိုရင်) ဒီနေ့ ဒီအချိန်လို အခင်းအကျင်းမျိုးဖြစ်အောင်ထိ ထားမှာလား။ ဖြေရှင်းပေးမှာလား။
ဖြေ ။ ။ ကျွန်တော်တို့နိုင်ငံရေးလုပ်တယ်ဆိုတာ တိုင်းပြည်ကို မီးဟုန်းဟုန်းတောက်အောင်တော့ လုပ်တာ မဟုတ်ဘူး။ ကိုယ့်ရဲ့နိုင်ငံသားတွေ ကောင်းစားရေးအတွက် ရည်မှန်းချက်၊ ရည်ရွယ်ချက်ထားပြီးတော့ လုပ်တာ ဖြစ်တဲ့အတွက် အကယ်၍ အခြေအနေတစ်ရပ်ဟာ ကိုယ်က မှန်နေသည့်တိုင်အောင် ချောင်ပိတ်မိ၊ ရွေးချယ်စရာ မရှိတဲ့အနေအထားမျိုးထိဖြစ်နေပြီဆိုရင် တိုင်းပြည်ပြာကျတော့မယ်ဆိုရင် ကိုယ့်ဘက်က လျော့သင့်တာကို လျော့ရမှာပေါ့။ အဲဒီထဲမှာမှ နိုင်ငံရေးလုပ်တဲ့ရည်ရွယ်ချက်ကိုက မြန်မာနိုင်ငံမှာ မှန်ကန်တဲ့နိုင်ငံရေးလမ်းစဉ်ပါတီ ဖြစ်စေချင်လို့၊ ပြောရလို့ရှိရင် ကျွန်တော်တို့အနိုင်ရခဲ့တယ်ဆိုရင်တောင်မှပဲ။ မဲ မသမာနဲ့နည်းတွေနဲ့ အနိုင်ရတဲ့ ပါတီမျိုးတော့ ဖြစ်မှာမဟုတ်ဘူး။ မဟုတ်ရင် ကျွန်တော်မလိုချင်တဲ့ Dirty Politics ဖြစ်သွားမှာ။ ဟုတ်ဟုတ်၊ မဟုတ်ဟုတ် ငါနိုင်ရင်ပြီးရောဆိုတာက ကျွန်တော်တို့လိုချင်တဲ့ ဒီမိုကရေစီမှမဟုတ်တာ။ အဲဒီအတွက် ကျွန်တော် သာ အနိုင်ရခဲ့ပြီးတော့ ကျွန်တော့်ကို တစ်စုံတစ်ရာစွပ်စွဲမှုရှိခဲ့တယ်ဆိုရင် ဥပဒေနဲ့အညီပဲ ဖြေရှင်းမှာပါ။

မေး ။ ။ ဆိုလိုတာက ကိုယ့်ပါတီအပေါ်မှာ မဲကိစ္စ စွပ်စွဲမှုရှိလာခဲ့ရင် မှန်ကန်ကြောင်း ရှင်းပေးမယ်ဆိုတာမျိုးပေါ့။
ဖြေ။ ။ မှန်တာပေါ့။ ရှင်းပေးရမှာပေါ့။ မရှင်းတာကိုက ဒါဟာ ဘယ်လိုပြောရမလဲဆိုရင်တော့ ဒုံးဝင်တိုးတာပဲ ပေါ့(ရယ်လျက်)။

မေး ။ ။ အဲဒီတော့ ဝင်တိုးတယ်ဆိုကတည်းက နောက်ဆက်တွဲဖြစ်မယ့်အရာတွေကို သိလို ဝင်တိုးတယ်လို့ ပြောလို့ရမလား။
ဖြေ ။ ။ အဲဒါတွေကတော့ တချို့ရေးသားနေကြတာတွေရှိတယ်လေ..ဝင်ပြီးတော့ ထိန်းသိမ်းတဲ့အခါ ပစ္စည်း တွေကို ရှာဖွေတဲ့အခါမှာ တချိန်တုန်းက သတင်းစာ၊ ဂျာနယ်တွေ၊ TV တွေပါ်မှာတောက်လျှောက်မြင်ခဲ့၊ တွေ့ခဲ့ ရတဲ့ဥစ္စာတွေ တစ်ခုမှ မရှိတော့ဘူးတဲ့။ ဒါတွေဟာ မျှော်လင့်ထားသလား၊ မမျှော်လင့်ထားဘူးလားဆိုတာ အဲဒီ အခြေအနေတွေကို သုံးသပ်လိုက်ရင်ရပါတယ်။

မေး ။ ။ ဆိုတော့ ဒီနေ့မြေပြင်မှာဖြစ်နေတဲ့ လူထုရဲ့ခံစားချက်က နှစ်မျိုး၊ သုံးမျိုးလောက် ကွဲပါတယ်။ တချို့ လူတန်းစားကတော့ မဲကိစ္စကိုသာ ရှင်းပေးခဲ့ရင် ဒီနေ့ဒီအချိန်မှာ သတ်နေ၊ သေကြေနေတာမျိုးတွေ ဖြစ်လာမှာ မဟုတ်လောက်ဘူးလို့ တွေးကြတာရှိတယ်။ တချို့သောလူတန်းစားကတော့ မဟုတ်ဘူး(နိုး) ပဲ။ အဲဒီတော့ ဘယ်လူတန်းစားရဲ့အတွေးက မှန်တယ်လို့ ရပ်တည်၊ ယူဆချင်လဲ။
ဖြေ ။ ။ ဥပဒေနဲ့ညီတဲ့ဘက်က ရှိတာပေါ့ဗျာ။ အမှန်တရားလို့ပြောရင်တောင် ကိုယ့်ဘက်မှန်တယ်၊ သူ့ဘက်မှန် တယ်ဆိုပြီးတော့ ရှိနေဦးမယ်။ ဥပဒေနဲ့အညီပဲ ဖြေရှင်းဖို့ကောင်းပါတယ်။ လူ့အသိုင်းအဝိုင်းဆိုတာ ဥပဒေ၊ စည်းကမ်းဆိုတာ လိုအပ်လို့ လုပ်ထားတာဗျ။ အဲဒါတွေကို လိုက်နာနိုင်ရင် အကောင်းဆုံးပဲ။ ကျွန်တော်တို့က ဘယ်သူပဲ အစိုးရဖြစ်ဖြစ်၊ ကိုယ်နိုင်သည်ဖြစ်စေ၊ ရှုံးသည်ဖြစ်စေ၊ တိုင်းပြည်တာဝန်ကို ရသည်ဖြစ်စေ၊ မရသည် ဖြစ်စေ၊ မြန်မာနိုင်ငံကို စည်းကမ်းလိုက်နာတဲ့ Ethics (ကျင့်ဝတ်) နဲ့ညီတဲ့နိုင်ငံသားတွေဖြစ်စေချင်တယ်။ အဲဒါသည် လူတိုင်းရဲ့တာဝန်ဖြစ်တယ်။ ဘယ်လိုအခြေအနေမျိုးမှာပဲဖြစ်ဖြစ် ကျွန်တော်တို့က ဥပဒေစည်းကမ်း အတိုင်းပဲသွားတဲ့လမ်းစဉ်ကိုပဲ ကြိုက်ပါတယ်။

မေး ။ ။ နောက်ဆုံးမေးခွန်းလေးတစ်ခုပါပဲ။ ဒီနေ့မြေပြင်ရဲ့အခြေအနေပေါ် လူထုရဲ့ခံစားချက်က ဘာလဲလို့ မေးရင် ကြောက်လန့်နေကြရတယ်။ ဘယ်ချိန်၊ ဘယ်နားမှာ ဗုံးကွဲပြီး ကိုယ့်ကိုယ်လာမှန်မလဲဆိုတာရယ်၊ ဘယ်ချိန် ကိုယ့်ကိုယ်လာပစ်သတ်သွားမလဲ ဆိုတာမျိုးကြီးနဲ့ စိုးရိမ်ကြီးစွာ နေထိုင်နေကြရတယ်။ အဲဒီလိုစိုးရိမ် စိတ်နဲ့နေထိုင်နေကြရတဲ့လူတန်းစား တော်တော်များလာတာကိုတွေ့နေရတယ်။ အရင်တုန်းက ဘက်တစ်ဖက် တည်းမှာ ရပ်တည်ခဲ့ရင်တောင် အခုကတော့ အလယ်မှာ မျှမျှတတနေပြီးတော့ ငါတို့အေးအေးချမ်းချမ်း နေချင်ပြီ ကွာဆိုတဲ့ လူတန်းစားက ပိုများလာတာကို တွေ့ရတယ်။ ဒီတော့ အဲဒီလိုလူတန်းစားတွေအားလုံးကို ဥက္ကဋ္ဌအနေ နဲ့ ဒီနေ့အဒီချိန်အခင်းအကျင်းနဲ့ပတ်သက်ပြီး၊ တွက်ဆပြီးတော့ ပြောပြချင်တဲ့စကားဆိုရင်ရော ဘာများဖြစ်မလဲ။
ဖြေ ။ ။ အဲဒီတော့ ပြောရလို့ရှိရင်… ကျွန်တော့်ကိုလည်း စပယ်ရှယ်လုံခြုံရေးလုပ်ပြီးတော့ စောင့်ရှောက်ပေးတဲ့ သူ ဘယ်သူမျှမှ မရှိတာ။ အဲဒီတော့ ခင်ဗျားပြောတဲ့လူတန်းစားထဲမှာ ကျွန်တော်လည်း ပါဝင်ပါတယ်။ နောက်တစ်ခု ကျွန်တော်ကိုယ်တိုင်ကိုယ်က ပါတီတစ်ခုကို ခေါင်းပေါ်ရွက်ထားရတဲ့သူလေ၊ ကျွန်တော်လုပ်ကိုင်ရ မယ့်လုပ်ငန်းတွေအတွက် တည်ငြိမ်အေးချမ်းမှုကို အမြန်ဆုံးရချင်တယ်။ ကိုယ့်လိုပဲခံစားနေရတဲပုဂ္ဂိုလ်တွေ၊ မတည်ငြိမ်မအေးချမ်းမှုကိုအကြောင်းပြုပြီးတော့ နောက်ဆက်တွဲ ပင်ပန်းဆင်းရဲမှုတွေဆိုတာလည်း အများကြီး ဗျာ၊ ကုန်ဈေးနှုန်းကြီးမြင့်တာတွေ စသဖြင့် ရင်ဆိုင်နေရတာတွေ၊ မတည်ငြိမ်မအေးချမ်းတဲ့အတွက် မီတာတောင် လိုက်ကောက်လို့ မရတာတွေ၊ မီတာ လိုက်ကောက်တဲ့သူတွေ အသတ်ခံရတယ်။ စသည့်အားဖြင့် တဖက်မှာ တာဝန်ယူနေရသည့် အစိုးရပုဂ္ဂိုလ်တွေသည် သူတို့ဘက်ကလည်း ရစရာရှိတာ မရရင်၊ သူတို့ဘက်က ပြန်လုပ် ပေးရမယ့်အလုပ်တွေလည်း ပြန်မလုပ်ပေးနိုင်ဘူး။ ဘယ်နေရာမှာမှ အလုပ်ကို ဇောက်ချပြီးမလုပ်နိုင်ဘူးဆိုရင် ဒီအဖွဲ့အစည်းက ဇောက်ထိုးဆင်းဖို့ပဲ ရှိတော့တာပေါ့။ ဒါကြောင့်မို့လို့ ဒီအခင်းအကျင်းမှာ ကြားနေ စိုးရိမ်နေကြ တဲ့သူတွေရှိတယ်ဆိုရင်လည်းပဲ ကျွန်တော်က ခင်ဗျားတို့နဲ့အတူတူခံစားနေရတဲ့ ကျွန်တော်ရှိပါသေးတယ်။ ဒီအခြေအနေကိုကျော်လွှားရအောင်လို့ပြောရင်းနဲ့ ကျွန်တော်တို့တွေက မှန်ကန်တဲ့ဘက်မှာပဲရပ်တည်ဖို့ လိုအပ် ပါတယ်။ သို့သော် အဲဒီလိုနေရာမှာလည်းပဲ ခုနကပြောခဲ့သလို ဒုံးမိုက်ဖို့တော့ မဟုတ်ဘူး။ ကိုယ့်ကိုယ် အင်အား နဲ့ဝိုင်းလာတဲ့သူတွေကြားထဲမှာ ငါက မှန်တဲ့ဘက်မှာပဲ ရှိတယ်ကွဆိုပြီးတော့လည်း ရင်ကော့ပေးပြီး မိုက်ဖို့တော့ လည်း မဟုတ်ဘူး။ ဒီအချိန်မှာတော့ အသက်အန္တရာယ်က အရေးကြီးတယ်လေ။ အသက်ရှင်သန်နိုင်အောင် အတွက်တော့လည်း ကိုယ့်အသက်အန္တရာယ်ကို ကိုယ်ကြည့်ပြီးတော့ ရှောင်ရှားကြဖို့တော့ လိုတာပေါ့။ ဒါတွေပြီး လို့ ဒီလိုအခြေအနေတွေကို လွတ်မြောက်သွားရင်တော့ တိုင်းပြည်ကိုအခြေအနေတစ်ခုထိပြန်ရောက်အောင်က လူတွေညီဖို့လိုတယ်ဗျ။ လူတွေ ညီဖို့လိုတယ်ဆိုတဲ့နေရာမှာလည်း ငါသာအမှန်ဆိုပြီး ပြောတာမျိုးကို မဆိုလိုပါ ဘူး။ ကျွန်တော်တို့တွေ တိုင်းပြည်တာဝန်ကိုယူခဲ့တုန်းက အဲဒီတုန်းက တာဝန်တွေယူခဲ့စဉ်တုန်းကလည်း ကျွန်တော်တို့ဖြတ်သန်းခဲ့တဲ့ဘဝမှာ ကျွန်တော်လုပ်ခဲ့တဲ့အမှားတွေလည်း ရှိကောင်းရှိနိုင်တာပဲ။ ဒါတွေကို ကျွန်တော်တို့တွေ ပြန်ပြီးတော့သုံးသပ်ရမယ်။ တချိန်တုန်းက ငါတို့တွေ တာဝန်ယူခဲ့တုန်းက ဘယ်လိုအရာတွေ များ မှားခဲ့သလိုဆိုတာမျိုးလည်း ပြန်ပြီးတော့သုံးသပ်ကြရမယ်။ ဒီကနေ့အထိလည်း သုံးသပ်နေရတာပဲ။ ဒါကြောင့်မို့လို့ ကျွန်တော်တို့တွေက ရွေးကောက်ပွဲအပြီး ပါတီကို ပြန်ပြီးတော့ဖွဲ့စည်းတယ်ဆိုတဲ့နေရာမှာ ယခင် ရွေးကောက်ပွဲကာလတုန်းက တို့ဘာတွေလိုခဲ့သလဲ၊ ဘာတွေမှားခဲ့သလဲနဲ့ ပြည်သူလူထုအနေနဲ့ တို့အပေါ်မှာ အထင်မှား၊ အမြင်မှား ရှိနိုင်တာ ဘာတွေရှိလဲဆိုပြီး ဒါမျိုးတွေကိုလည်း ကျွန်တော်တို့တွေ ပြန်သုံးသပ်ရတာပါပဲ။ ဘယ်အရာကမှ အစဉ်တစိုက်မှန်နေပါတယ်ဆိုတာက မရှိဘူး။ အဲဒါအတွက် ပြင်သင့်တဲ့အချိန်မှာလည်း ပြင်ပြီး တော့ အကုန်လုံးပါဝင်နိုင်တဲ့အခင်းအကျင်းတစ်ရပ်ကို ဖန်တီးယူရလိမ့်မယ်လို့ပဲ မြင်ပါတယ်။

ဟုတ်ကဲ့... အခုလိုအချိန်ပေးဖြေကြားပေးတာ ကျေးဇူးတင်ပါတယ်။

Zawgyi Version;
“ျပည္ခိုင္ၿဖိဳးပါတီဝင္ေတြက ေသြးမနည္းပါဘူး။ အၿပိဳင္မိုက္ဆိုရင္ မိုက္ရဲပါတယ္။ သို႔ေသာ္လည္း ……”
NP News - ေမ ၂၆
ေမးျမန္း- ေက်ာ္မ်ဳိးမင္း၊ ေရးသား- အိျဖဴသိမ့္
လက္ရွိျမန္မာႏိုင္ငံရဲ႕ႏိုင္ငံေရးအခင္းအက်င္းကာလအတြင္း ျပည္ေထာင္စုႀကံ႕ခိုင္ေရးႏွင့္ဖြံ႕ၿဖိဳးေရးပါတီရဲ႕ ခံယူ၊ ရပ္တည္ခ်က္အပါအဝင္ ပါတီဝင္မ်ား လုပ္ႀကံသတ္ျဖတ္ခံေနရတဲ့အေပၚ ပါတီဥကၠ႒ရဲ႕သေဘာထားနဲ႔ နစက ဥကၠ႒ကိုယ္တိုင္ေတြ႕ဆံုေဆြးေႏြးေနတဲ့ ၿငိမ္းခ်မ္းေရးေတြ႕ဆံုေဆြးေႏြးပြဲမ်ားအေပၚ ပါတီအေနနဲ႔သေဘာထား မ်ားကို လူထုသိရွိေစႏိုင္ဖို႔အတြက္ NP News သတင္းဌာနမွ အယ္ဒီတာခ်ဳပ္ ဦးေက်ာ္မ်ဳိးမင္းက အခုလိုပဲ သီးသန္႔ေတြ႕ဆံုေမးျမန္းထားပါတယ္။

ေမး ။ ။ ပထမဆံုးအေနနဲ႔ ၂ဝ၂၁ ခုႏွစ္ ႏိုင္ငံေရးအခင္အက်င္းျပႆနာႀကီးျဖစ္ေပၚလာတဲ့အခ်ိန္ကေနစၿပီး လက္ရွိအခ်ိန္ထိဆိုရင္ အခ်ိန္ကာလအားျဖင့္ ၁၅ လ ၾကာလာၿပီေပါ့ေနာ္။ ဒီေတာ့ ၁၅ လေက်ာ္ကာလအတြင္းမွာ ျပည္ခိုင္ၿဖိဳးပါတီအေနနဲ႔ ဘာလုပ္ေနတယ္လို႔ ေျပာလို႔ရမလဲ။
ေျဖ ။ ။ ေကာင္းပါၿပီ။ ျပည္ခိုင္ၿဖိဳးပါတီက ကၽြန္ေတာ္တို႔မူဝါဒက အေရးသံုးပါး။ အဲဒီေတာ့ ဒီအေရးသံုးပါးနဲ႔ ပတ္သက္တဲ့ကိစၥေတြ ကၽြန္ေတာ္တို႔လုပ္ေနတယ္။ တစ္ခုေတာ့ရွိတာေပါ့။ ဒီ ၂ဝ၂၁ ခုႏွစ္ အခ်ိန္က တဖက္မွာ က်န္းမာေရးအေျခအေနေတြေၾကာင့္ လူေတြရဲ႕သြားလာလႈပ္ရွားမႈေတြကို တစ္ႏိုင္ငံလံုးအတိုင္းအတာအေနနဲ႔ ကန္႔သတ္ထားတဲ့အခ်ိန္၊ အဲဒါၿပီးေနာက္ပိုင္းက်ေတာ့ က်န္းမာေရးေၾကာင့္ မဟုတ္ေတာ့ဘဲနဲ႔ လံုျခံဳေရးအေျခ အေနေၾကာင့္ အကန္႔အသတ္ေတြအမ်ားႀကီး၊ တိုက္ၾက၊ ခိုက္ၾက၊ သတ္ၾက၊ ျဖတ္ၾကနဲ႔ အကန္႔အသတ္ေတြ အမ်ားႀကီးနဲ႔ လူေတြၾကားထဲမွာ လုပ္ကိုင္ရတဲ့ကိစၥက နည္းနည္းေနာေနာ အခက္အခဲေတာ့ မဟုတ္ဘူး။ သို႔ေသာ္ လည္း ျပန္ေျပာရမယ္ဆိုရင္လည္း အခ်ဳပ္အျခာတည္တံ့ဖို႔ကိစၥ၊ တိုင္းရင္းသားေတြ စည္းလံုးညီညြတ္ဖို႔ကိစၥ၊ ျပည္ေထာင္စုအဓြန္႔ရွည္ဖို႔ကိစၥ၊ ဒီကိစၥေတြနဲ႔ ပတ္သက္လာလို႔ရွိရင္ေတာ့ ကၽြန္ေတာ္တို႔ဘက္က လုပ္ႏိုင္တဲ့ ဘက္က လုပ္ကိုင္တယ္။ ေျပာရမယ္ဆိုရင္ တစ္ဦးတစ္ေယာက္ခ်င္းၿပီးျဖစ္ေစ၊ အဖြဲ႕အစည္းပါတီအေနနဲ႔ျဖစ္ေရာ၊ ကၽြန္ေတာ္တို႔အဖြဲ႕အစည္းလိုက္ လူထုလုပ္ရွားမႈလည္း ေတာ္ေတာ္မ်ားတယ္။ အကန္႔အသတ္ေတြၾကားထဲမွာပဲ ကိုဗစ္ေရာဂါအတြက္ ကၽြန္ေတာ္တို႔ဝင္ၿပီးေတာ့ လူထုစီးပြားအတြက္ လုပ္ခဲ့တဲ့အလုပ္ေတြလည္း အမ်ားႀကီးရွိပါ တယ္။ ဒါေတြကုိ ဝင္လုပ္လို႔ပဲ ကၽြန္ေတာ္တို႔ပါတီဝင္ေတြ တိုက္ခိုက္ခံရ၊ သတ္ျဖတ္ခံခဲ့ရတဲ့ကိစၥေတြလည္း ေတာ္ေတာ္မ်ားမ်ားကို ရွိခဲ့တယ္။ ဒီေနာက္ပိုင္းမွာေတာ့ ပါတီေတြအေနနဲ႔လုပ္ရမယ့္ လုပ္ငန္းစဥ္ေတြ၊ ေရြးေကာက္ပြဲၿပီးရင္ ပါတီကို ျပန္စုဖြဲ႕တာေတြ၊ ပါတီကို ျပန္ျပင္ဆင္တာေတြ၊ ျပန္သံုးသပ္တာေတြ၊ ဒါေတြလည္း ေတာ္ေတာ္ေလးကို ခရီးေရာက္ေနပါၿပီ။ ဒီကိစၥေတြနဲ႔ပတ္သက္ရင္ေတာ့ မီဒီယာအကန္႔အသတ္ေတြလည္း အမ်ားႀကီးရွိတဲ့အတြက္ သိပ္ေတာ့လည္း က်ယ္က်ယ္ျပန္႔ျပန္႔ လူေတြအမ်ားႀကီး မသိဘူးေပါ့။ ကုိယ္လုပ္ကိုင္ရ မယ့္အလုပ္ေတြကိုပဲ ဆက္လက္လုပ္ကိုင္ေနပါတယ္။

ေမး ။ ။ ခုနက ေျပာသြားတဲ့စကားေတြထဲမွာ ပါတီဝင္အခ်ဳိ႕လည္း သတ္ျဖတ္ခံရတာေတြရွိတယ္လို႔ ထည့္ေျပာ သြားတာကိုၾကည့္ေတာ့၊ ၿပီးခဲ့တဲ့ရက္ပိုင္းကလည္း ကၽြန္ေတာ္ ဥကၠ႒ရဲ႕အင္တာဗ်ဴးတစ္ခုကို နားေထာင္လိုက္မိပါ တယ္။ အဲဒီမွာ ျပည္ခိုင္ၿဖိဳးပါတီဝင္ေပါင္း ၁၅ဝဝ ေက်ာ္ေလာက္ လုပ္ႀကံသတ္ျဖတ္ခံထားရတယ္လို႔ သိရတယ္။ ဒီျဖစ္ရပ္နဲ႔ပတ္သက္ၿပီးေတာ့ မွတ္တမ္းတင္ထားတာကို ေတြ႕ရပါတယ္။ ဒီအေၾကာင္းအရာနဲ႔ပတ္သက္ၿပီးေတာ့ လည္း ဘယ္လိုျဖစ္ရပ္ေတြနဲ႔ ဘယ္လိုေၾကာင့္ျဖစ္သြားရတယ္ဆိုတာ လူထုကို နည္းနည္းေလာက္ပဲျဖစ္ျဖစ္၊ ဥကၠ႒ႀကီးတို႔ထံ တင္ျပလာတဲ့အေၾကာင္းအရာမ်ားစြာထဲကမွ နည္းနည္းေလာက္ကို ျပန္ေျပာျပေပးႏိုင္မလား။
ေျဖ ။ ။ ကၽြန္ေတာ္ အဲဒီအင္တာဗ်ဴးလုပ္တဲ့ အခ်ိန္တုန္းကေတာ့ လုပ္ႀကံသတ္ျဖတ္ခံရတဲ့ ပါတီဝင္ေပါင္းက ၁၅ဝဝ ေက်ာ္ေပါ့ေနာ္။ အဲဒီေနာက္ပိုင္းမွာလည္း ေန႔စဥ္လိုလိုက သတ္ျဖတ္ခံေနရေတာ့ ဒီေန႔၊ ဒီအခ်ိန္ ေမလပိုင္း အထိဆိုရင္ေတာ့ ၁၆ဝဝ အထက္ထိျဖစ္သြားၿပီး။ ဆိုေတာ့ ဒီလိုကိစၥမ်ဳိးေတြ ဘာ့ေၾကာင့္ျဖစ္လဲဆိုရင္ေတာ့ လံုျခံဳေရးပိုင္းမွာ အားနည္းမႈလို႔ပဲ ျခံဳငံုၿပီးေတာ့ ေျပာရမွာေပါ့။ ဒီလိုျဖစ္ရပ္ေတြနဲ႔ပတ္သက္ၿပီး ကၽြန္ေတာ္တို႔အေနနဲ႔ ဘာလုပ္သလဲဆိုရင္ေတာ့ ခင္ဗ်ားေမးတဲ့ေမးခြန္းထဲမွာလည္း ပါသြားၿပီေပါ့ေနာ္။ ဒီကိစၥေတြက ဘာ့ေၾကာင့္ျဖစ္ သလဲ၊ ဘယ္သူေတြရဲ႕ဖန္တီးမႈေၾကာင့္ျဖစ္သလဲဆိုတာကို ႏိုင္ငံက သိေအာင္၊ ကမာၻက သိေအာင္ မွတ္တမ္းေတြ လည္း ထားထားတယ္။ ေနာက္ၿပီး မၿပိဳမလဲႏိုင္တဲ့ ေက်ာက္တိုင္စိုက္ၿပီးေတာ့ ေမာ္ကြန္းထိုးထားတယ္။ ဘယ္သူ႔ေၾကာင့္ျဖစ္သလဲဆိုတာမ်ဳိး၊ ဒီေလာက္နဲ႔လည္း မၿပီးသြားဘူး။ ကမာၻက သိေအာင္လည္းပဲ ကၽြန္ေတာ္တို႔ ၿပီးခဲ့တဲ့ ႏွစ္လေက်ာ္၊ သံုးလေလာက္က သေဘာဆႏၵေလးေတြေကာက္ၿပီးေတာ့ ကမာၻက သိရွိေအာင္ သက္ဆိုင္ ရာအဖြဲ႕အစည္းေတြထံကို သေဘာထားေပးပို႔ခဲ့တာေတြလည္း ရွိတယ္။ ၿပီးေတာ့ ကၽြန္ေတာ္တို႔ဆီက ကြယ္လြန္ သြားတဲ့ပါတီဝင္ေတြ၊ ပါတီေထာက္ခံသူေတြ၊ ပါတီဝန္းရံသူေတြရဲ႕အခ်က္အလက္ေတြကိုလည္းပဲ ကၽြန္ေတာ္တို႔ ဆီမွာလည္း ေမာ္ကြန္းထိုးထားသလိုပဲ၊ ျပည္ပ ယူအမ္အဖြဲ႕အစည္းေတြ၊ အာဆီယံအဖြဲ႕အစည္းေတြဆီကိုလည္း ကၽြန္ေတာ္တို႔ေပးပို႔ဦးမွာပါ။ ကြယ္လြန္သူေတြရဲ႕အခ်က္အလက္ေတြ၊ ဘယ္တုန္းက ဘယ္ေနရာမွာ ဘယ္သူ႔ ေၾကာင့္ျဖစ္ခဲ့ရတယ္ဆိုတဲ့အေထာက္အထားဓါတ္ပံုေတြ၊ အခ်က္အလက္အေသးစိတ္ကအစ ကၽြန္ေတာ္တို႔ မွတ္တမ္းတင္ေနပါတယ္။ ဆက္လက္ၿပီးေတာ့လည္း သက္ဆိုင္ရာရဲစခန္းေတြမွာလည္း အမႈေတြ ဖြင့္ထားတယ္။ ဘာျဖစ္လို႔လဲဆိုရင္ မဟုတ္တာလုပ္တဲ့ပုဂၢိဳလ္ေတြ၊ အဖြဲ႕အစည္းအေနနဲ႔ သူတို႔နဲ႔ထိုက္သင့္တဲ့ျပစ္ဒဏ္ကို အေျခခံ ဥပေဒေၾကာင္းအရ အေရးယူျခင္းကို ခံကိုခံေစရမယ္။ ဒီလိုအခ်က္ေတြကို ဆက္လက္ေဆာင္ရြက္လ်က္ရွိပါ တယ္။

ေမး ။ ။ အဲဒီမွာ သတ္ျဖတ္ခံရတဲ့ပါတီဝင္ေတြရဲ႕မိသားစုဝင္ေတြ၊ ဆက္စပ္ပတ္သက္တဲ့မိသားစုဝင္ေတြ၊ သူငယ္ခ်င္းေတြရဲ႕စိတ္ထဲမွာေတာ့ လူ႔သေဘာသဘာဝါရအရ ျပန္ခံခ်ခ်င္တယ္ဆိုတဲ့ စိတ္ရွိၾကမွာပဲေလ။ အဲဒီလို မ်ဳိး သူတို႔လည္း ျပန္ခံခ်ၾကမယ္ဆိုတာမ်ဳိး၊ ျပန္ခံခ်မလားဆိုၿပီး ပါတီကို တင္ျပတာမ်ဳိးေတြ ရွိေကာင္းရွိလိမ့္ မယ္လို႔ ကၽြန္ေတာ္ေတာ့ ယူဆမိတယ္။ အဲဒါမ်ဳိးေတြရွိလာတဲ့အခါ ဥကၠ႒တစ္ေယာက္အေနနဲ႔ ဒီအခ်က္ကို ဘယ္လိုမ်ဳိး ထိန္းသိမ္းကိုင္တြယ္ေနရလဲ သိပါရေစ။
ေျဖ ။ ။ အဲဒါက ေတာ္ေတာ္ေတာ့ ခက္တဲ့ကိစၥပါ။ ဆိုင္လား၊ မဆိုင္လားေတာ့ မသိပါဘူး။ ၿပီးခဲ့တဲ့အစိုးရ လက္ထက္တုန္းကလည္း အဲဒီအခ်ိန္တုန္းက ေခါင္းေဆာင္လုပ္တဲ့ပုဂၢိဳလ္က ရဲေတြ အသတ္ခံရတဲ့အခ်ိန္မွာ ျပန္ၿပီးေတာ့ မလုပ္ဖို႔၊ ေမတၱာထားဖို႔ ဆိုၿပီးေျပာခဲ့တာပဲ။ တကယ့္လက္ေတြ႕မွာ အဲဒီလိုျဖစ္ႏိုင္ပါ့မလား။ ဒါ့ေၾကာင့္ မို႔လို႔ ကၽြန္ေတာ္ကလည္း ျပန္မခ်နဲ႔လို႔ေတာ့ ကၽြန္ေတာ္က ေျပာမွာမဟုတ္ဘူး။ သို႔ေသာ္ အုပ္စုဖြဲ႕ၿပီးေတာ့ လူရမ္းကားျဖစ္သြားမွာကိုေတာ့ ကၽြန္ေတာ္က မေထာက္ခံဘူး။ ဒါေၾကာင့္ လူတိုင္းအေနနဲ႔ Right to Self-Defense (ကိုယ့္ကိုယ္ကိုယ္ ခုခံကာကြယ္ပိုင္ခြင့္) ကိုေတာ့ အျပည့္အဝသံုးပါ။ ဒီအတြက္ လိုအပ္တဲ့ ဥပေဒေရး ရာကိစၥရပ္ေတြျဖစ္လာခဲ့မယ္ဆိုရင္ ကၽြန္ေတာ္တို႔အေနနဲ႔ ေနာက္ကေနလိုက္ၿပီးေတာ့ ကူညီေပးမယ္။ ဒီလိုပဲသြား ပါတယ္။ ဒါက ဘာကိုဆိုလိုတာလဲဆိုေတာ့ ႏိုင္ငံေရးပါတီဆိုတာ လူရမ္းကားအဖြဲ႕ မဟုတ္ဘူး။ အဲဒါေၾကာင့္မို႔လို႔ မိမိတို႔သည္ ဥပေဒေဘာင္အတြင္းကပဲ ေနမယ္။ တကယ္တမ္း ဒီတာဝန္ကိုယူၿပီးလုပ္ကိုင္ရမယ့္အဖြဲ႕အစည္းက ဒီကေန႔မွာ သူတို႔လုပ္ကိုင္ေဆာင္ရြက္ေနတယ္။ အားမလိုအားမရျဖစ္တာေတြလည္း ရွိေကာင္းရွိမွာေပါ့။ သို႔ေသာ္ ကၽြန္ေတာ္တို႔ကိုယ္တိုင္ကေနၿပီးေတာ့ ကိုယ့္လူေတြကို တံု႔ျပန္လုပ္ဖို႔ဆိုတဲ့အပိုင္းက်ေတာ့ ကၽြန္ေတာ္တို႔ဟာ သူတို႔နဲ႔ တစ္တန္းတစ္စားတည္းျဖစ္သြားမွာေပါ့။ ျမန္မာျပည္ႏိုင္ငံေရးမွာ အၿပိဳင္မိုက္ၿပီးေတာ့ ပါတီေတြအားလံုး ပ်က္သုဥ္းသြားမယ့္ျဖစ္ရပ္မ်ဳိးကေတာ့ မသင့္ေတာ္ေသးဘူးထင္တယ္။

ေမး ။ ။ အဲဒီေတာ့ တဖက္မွာလည္း ကၽြန္ေတာ္တို႔ၾကားေနရတာရွိတယ္။ ပါတီကိုပဲ သိကၡာခ်ခ်င္လို႔လားဆိုတာ ေတာ့ မသိေပမယ့္ ပ်ဴေစာထီးအဖြဲ႕ဆိုတာ ျပည္ခိုင္ၿဖိဳးနဲ႔ပတ္သက္တယ္၊ ျပည္ခိုင္ၿဖိဳးက လုပ္တာလို႔ေျပာဆိုတာ မ်ဳိးေတြ၊ တဖက္မွာလည္း မီဒီယာအားနဲ႔ဖိတာမ်ဳိးေတြနဲ႔ပတ္သက္ရင္ရာ ဥကၠ႒အေနနဲ႔ ဘာမ်ားေျပာျပခ်င္တာရွိ မလဲ။
ေျဖ ။ ။ ျပည္ခိုင္ၿဖိဳးက ပ်ဴေစာထီး မဟုတ္ပါဘူး။ ဒီေလာက္ေျဖတာနဲ႔ကို လံုေလာက္မယ္ ထင္ပါတယ္။

ေမး ။ ။ ေနာက္ထပ္ေမးခြန္းကေတာ့ လက္ရွိအခ်ိန္မွာ ဗိုလ္ခ်ဳပ္မွဴးႀကီးမင္းေအာင္လႈိင္က ၿငိမ္းခ်မ္းေရးဖိတ္ ေခၚထားတယ္။ တက္မယ့္အဖြဲ႕ေတြလည္း ရွိတယ္၊ မတက္မယ့္အဖြဲ႕ေတြလည္း ရွိတယ္။ ေဆြးေႏြးပြဲတက္မယ့္ အဖြဲ႕ေတြနဲ႔လည္း အခုဆိုရင္ေတြ႕ဆံုတာေတြ ရွိေနၿပီ။ အဲဒီေတာ့ အခုၿငိမ္းခ်မ္းေရးေတြ႕ဆံုေဆြးေႏြးပြဲနဲ႔ ပတ္သက္ရင္ ျပည္ခိုင္ၿဖိဳးဘက္က ဘယ္လိုအျမင္ရွိလဲ။
ေျဖ ။ ။ ကၽြန္ေတာ္အရင္ကလည္း ေျပာခဲ့ဖူးပါတယ္။ ၿငိမ္းခ်မ္းေရးလုပ္တယ္ဆိုတာ ေကာင္းတဲ့အလုပ္ပဲ။ ဘယ္သူပဲလုပ္လုပ္ ႀကိဳဆိုရမယ္၊ ေထာက္ခံရမယ္၊ အျမန္ဆံုးေအာင္ျမင္ႏိုင္ေအာင္ ကၽြန္ေတာ္တို႔အေနနဲ႔က တတ္ႏိုင္တဲ့ဘက္က ပံ့ပိုးမႈေတြလုပ္ေပးရမယ္။ ကၽြန္ေတာ္တို႔က အဲဒီဖိတ္ေခၚခ်က္ထြက္လာနဲ႔ စစခ်င္းမွာပဲ ေထာက္ခံေၾကာင္း Support လုပ္တယ္။ ကၽြန္ေတာ္ဆိုရင္ ကၽြန္ေတာ္ရဲ႕ကိုယ္ပိုင္ေဖ့ဘြတ္စ္စာမ်က္ႏွာေပၚကေန ၿပီးေတာ့ ကၽြန္ေတာ္ရဲ႕အယူအဆကိုတင္ျပထားတယ္၊ တိုက္တြန္းထားတယ္။ အဲဒီေတာ့ ေအာင္ျမင္ေစခ်င္တယ္။ ေျပာသလိုပါပဲ တက္တဲ့အဖြဲ႕လည္းရွိသလို၊ မတက္တဲ့အဖြဲ႕လည္းရွိတယ္၊ ဟိုေျပာဒီေျပာ ေျပာေနတဲ့အဖြဲ႕လည္း ရွိတယ္။ ေသခ်ာတာကေတာ့ ဒီေန႔ေဆြးေႏြးေနတဲ့ (RCSS) အဖြဲ႕သည္ ႏိုင္ငံေတာ္ဘက္ကလည္းပဲ အာဏာ သံုးရပ္ကို တာဝန္ေပးျခင္းခံထားရတဲ့ပုဂၢိဳလ္ျဖစ္တယ္။ ေျပာရရင္ေတာ့ ႏိုင္ငံေတာ္အစိုးရဘက္ Decision-maker ၊ တဖက္ကလည္း သက္ဆိုင္ရာလက္နက္ကိုင္အဖြဲ႕အစည္းရဲ႕ထိပ္ဆံုးေခါင္းေဆာင္၊ အဲဒီေတာ့ ဒီႏွစ္ေယာက္ မ်က္ႏွာခ်င္းဆိုင္၊ မ်က္ႏွာစံုညီေျပာခြင့္ရေနၿပီေလ။ မတက္တဲ့အဖြဲ႕ေတြကေတာ့ အဲဒီအခြင့္အေရး ဆံုးရႈံးမွာေပါ့။ အဲဒီေတာ့ ႏွစ္ေယာက္ေတြ႕ဆံုၿပီးေတာ့ ေဆြးေႏြးလိုက္တယ္ဆိုရင္ပဲ ေျခလွမ္းတစ္ခုေတာ့ ေရွ႕ကို တုိုးတယ္လို႔ ဒီလိုပဲျမင္ပါတယ္။ ၿငိမ္းခ်မ္းေရးလမ္းစဥ္ဆိုတာက ေခတ္အဆက္ဆက္ တိုင္းျပည္လြတ္လပ္ေရးရကတည္းက လုပ္ခဲ့ၾကတာ။ အၿပီးသတ္သြားတယ္လို႔ အခုခ်ိန္ထိမွ မရေသးတာ။ အဲဒီေတာ့ အခုခ်ိန္မွာလည္း ရေကာင္းရႏိုင္ တယ္။ မရခဲ့ရင္လည္း ေတြ႕ဆံုေဆြးေႏြးလိုက္တဲ့အတြက္ ေျခတစ္လွမ္းတိုးတယ္လို႔ပဲ ျမင္ပါတယ္။

ေမး ။ ။ ဟုတ္ကဲ့။ ေနာက္ထပ္သိခ်င္တာက လက္ရွိႏိုင္ငံေရးအခင္းအက်င္းကိုၾကည့္မယ္ဆိုရင္ နစကနဲ႔ မညစ တို႔ အျပန္အလွန္အားၿပိဳင္ၿပီးေတာ့ ႏိုင္ငံတကာမွာ အသိအမွတ္ျပဳခံရေအာင္ ႀကိဳးစားေနတာမ်ဳိးေတြလည္း ေတြ႕ ရတယ္။ ႏွစ္ဖက္ကေတာ့ အၿပိဳင္အဆိုင္လုပ္ေနၾကတဲ့အခ်ိန္မွာ ႏိုင္ငံေရးပါတီေတြရဲ႕အခန္းက႑ဆိုတာမ်ဳိးက ရွိလာတာေပါ့ေနာ္။ အဲဒီအခ်ိန္မွာ ျပည္ခိုင္ၿဖိဳးပါတီရဲ႕အခန္းက႑က ဘယ္ေနရာကိုေရာက္သြားၿပီလဲဆိုတာနဲ႔ ေနာက္တစ္ခုကေတာ့ ျပည္ခိုင္ၿဖိဳးပါတီရဲ႕လုပ္ႏိုင္တဲ့၊ လုပ္ပိုင္ခြင့္အကြက္ေတြ ေပ်ာက္သြားၿပီလား။ ဘယ္လို အေျခအေနမ်ဳိးျဖစ္သြားၿပီလို႔ ေျပာလို႔ရမလဲ။
ေျဖ ။ ။ မေပ်ာက္ဘူးေလ။ အစိုးရအမည္တပ္ထားတဲ့အဖြဲ႕အစည္းႏွစ္ခု၊ ဒီဖက္ကေတာ့ နစကအစိုးရေပါ့၊ ဟိုဘက္ကလည္းပဲ အစိုးရအေနနဲ႔ ဥပေဒေဘာင္အတြင္းက ၾကည့္လို႔ရွိရင္ အက်ံဳးမဝင္တဲ့အစိုးရ၊ တဖက္မွာ လည္း တရားမဝင္တဲ့အစိုးရအျဖစ္ ေၾကညာထားၿပီးလည္းျဖစ္တယ္။ ျပည္ခိုင္ၿဖိဳးအေနနဲ႔ျပန္ၾကည့္မယ္ဆိုရင္ လည္း ျပည္ခိုင္ၿဖိဳးသည္ ေစာေစာကေျပာခဲ့တဲ့ ကၽြန္ေတာ္တို႔ခံယူထားတဲ့ အမ်ဳိးသားေရးမူဝါဒ အဲဒါအေပၚမွာပဲ ရပ္တည္ၿပီးေတာ့ မွန္ကန္တဲ့အဖြဲ႕ကို ေထာက္ခံေပးမယ္။ အဲဒါကၽြန္ေတာ္တို႔ရဲ႕ စည္းမ်ဥ္း သတ္မွတ္ခ်က္ပဲ။

ေမး ။ ။ အဲဒီေတာ့ ျပည္ခိုင္ၿဖိဳးက လက္ရွိႏိုင္ငံေရးအခင္းအက်င္းထဲမွာ အားေကာင္းခိုင္မာတဲ့အဖြဲ႕အစည္းႀကီး အျဖစ္ ဆက္ရွိေနေသးလား။ ရွိေသးတယ္ဆိုရင္လည္း ဘယ္လိုပံုစံ၊ ဘယ္လိုမ်ဳိးအားေကာင္းခိုင္မာတယ္ဆိုတာ ျပည္ခိုင္ၿဖိဳးက ဘယ္လိုသက္ေသျပခ်င္လဲ။
ေျဖ ။ ။ ျပည္ခိုင္ၿဖိဳးအဖြဲ႕ႀကီးက အားေကာင္းတဲ့အဖြဲ႕အျဖစ္ ဆက္ရွိေနေသးလားဆိုရင္ေတာ့ ရွိတာေပါ့။ ဘယ္လိုသက္ေသျပမလဲဆိုရင္ေတာ့ ဥပေဒနဲ႔အညီ ဒီကေန႔အခ်ိန္ထိ ရင္ေကာ့ၿပီး ရပ္တည္ႏိုင္တာနဲ႔ သက္ေသျပ လို႔ရတယ္။ ႏိွပ္စက္သတ္ျဖတ္ျခင္းခံရလို႔ ေသဆံုးသြားခဲ့ရတဲ့ ကၽြန္ေတာ္တို႔ပါတီဝင္ေတြအတြက္ ျပဳလုပ္ထားတဲ့ မွတ္တမ္းတင္ ေမာ္ကြန္းေက်ာက္တိုင္ဟာ တဖက္အဖြဲ႕အစည္းေတြရဲ႕ ဥပေဒနဲ႔မညီတဲ့လုပ္ရပ္ေတြကို သက္ေသ ျပထားျခင္းျဖစ္တယ္။ အဲဒါေတြအားလံုးဟာ ရဲစခန္းအသီးသီးမွာလည္းပဲ အမႈဖြင့္ တရားစြဲထားၿပီးျဖစ္တယ္။ ႏိုင္ငံ ေတာ္က ထုတ္ျပန္တဲ့သတင္းအားလံုးနီးပါးမွာလည္း ဘယ္ပါတီရဲ႕ဘယ္သူ႔ရဲ႕ေနာက္လိုက္ေတြက ဖန္တီးတဲ့ ကိစၥျဖစ္တယ္ဆိုတာကို အတိအလင္းေဖာ္ျပထားၿပီးလည္းျဖစ္တယ္။ အဲဒီေတာ့ ေျပာရမယ္ဆိုရင္ ကၽြန္ေတာ္တို႔ ပါတီက ဥပေဒနဲ႔အညီေနထိုင္ၿပီးေတာ့ ႏိုင္ငံေတာ္အတြက္ လိုအပ္တဲ့အခန္က႑နဲ႔ ကၽြန္ေတာ္တို႔ရဲ႕ အေျခခံမူဝါဒ အေပၚမွာပဲ ရပ္တည္တယ္။ တကယ္ေတာ့ ဘယ္ပါတီပဲျဖစ္ျဖစ္ ဒီလိုပဲလုပ္ေဆာင္သင့္တယ္။ ဘယ္ပါတီပဲ ျဖစ္ျဖစ္၊ တိုင္းျပည္ကို အဓြန္႔ရွည္ေစခ်င္တယ္ဆိုရင္ ျပည္ခိုင္ၿဖိဳးက လုပ္မွမဟုတ္ဘူး၊ စစ္တပ္က လုပ္မွ မဟုတ္ဘူး။ အေျခခံမူဝါဒ သံုးခ်က္က လုပ္ကိုလုပ္ရမယ့္ကိစၥျဖစ္တဲ့အတြက္ ျပည္ခိုင္ၿဖိဳးပါတီကေတာ့ အဲဒီ အေျခခံမူ သံုးခ်က္ကို လက္ကိုင္ၿပီးေတာ့ ရပ္တည္ေနဆဲပဲျဖစ္ပါတယ္။

ေမး ။ ။ ကၽြန္ေတာ္ေနာက္တစ္ခုေျပာခ်င္တာကေတာ့ ျပည္ခိုင္ၿဖိဳးပဲျဖစ္ျဖစ္၊ ဘယ္ပါတီပဲျဖစ္ျဖစ္၊ ပါတီအေပၚ မွာ ပါတီဝင္ေတြနဲ႔ ပါတီေထာက္ခံသူေတြက သက္ဝင္ယံုၾကည္မႈ၊ အားေပးေထာက္ခံမႈဆိုတာမွာလဲ အေပၚယံ သမားေတြနဲ႔ တကယ့္ကို အႏွစ္သာရျပည့္စြာ အားေပးေထာက္ခံတာမ်ဳိးေတြလည္း ရွိတယ္။ ဆိုေတာ့ ျပည္ခိုင္ၿဖိဳး ပါတီအေနနဲ႔ကေရာ ပါတီဝင္ေတြနဲ႔ ပါတီေထာက္ခံသူေတြက တကယ္အႏွစ္သာရအရ ေထာက္ခံမႈေတြ အျပည့္ အဝလုပ္သလား။ တခ်ဳိ႕က အေပၚယံပဲ သြားတာလား။ ဘာေၾကာင့္ကၽြန္ေတာ္ ဒီလိုေမးသလဲဆိုရင္ လြယ္လြယ္ပဲ ေျပာရရင္ NLD က လူေတြဆိုရင္ သူအက်ီ သူတို႔အျပင္မွာဝတ္ၿပီးေတာ့ သြားရဲၾကတယ္။ ျပည္ခိုင္ၿဖိဳးက တခ်ဳိ႕ေတြဆိုရင္ မသြားရဲၾကဘူး။ ဘာကြာေနတာလဲဆိုတာကို ကၽြန္ေတာ္တို႔ဘက္က ၾကည့္တာေပါ့ေနာ္။ အဲဒီေတာ့ ျပည္ခိုင္ၿဖိဳးပါတီးကို အႏွစ္သာရအရ ေထာက္ခံအားေပးသူ ဘယ္ေလာက္ထိရွိလဲ၊ အားေကာင္းလဲဆို တာ ေမးရျခင္းျဖစ္တယ္။
ေျဖ ။ ။ NLD က လူေတြက NLD အက်ီဝတ္ၿပီး သြားရဲတယ္ဆိုေတာ့ သူတို႔ေတြ ဘယ္ေနရာကို ဝတ္ၿပီးသြားလဲ ဆိုတာကေတာ့ ကၽြန္ေတာ္လည္း သတိမထားမိဘူး။ သို႔ေသာ္ ျပည္ခိုင္ၿဖိဳးက ၿပီးခဲ့တဲ့ တနလၤာေန႔က ေနျပည္ေတာ္မွာလုပ္သြားတဲ့ ၿငိမ္းခ်မ္းေရးေထာက္ခံပြဲကို ၾကည့္လိုက္ပါလားဗ်ာ၊ ျပည္ခိုင္ၿဖိဳးအလံေတြေရာ၊ ျပည္ခိုင္ၿဖိဳးဝတ္စံုေတြေရာ၊ နည္းတဲ့အင္အားမွ မဟုတ္တာ။ အဲဒါေၾကာင့္ ကၽြန္ေတာ္တို႔ေျပာတဲ့မူဝါဒသံုးခ်က္ အရ တိုင္းရင္းသားအခ်င္းခ်င္း စည္းလံုးညီညြတ္ဖို႔၊ ျပည္ေထာင္စုမၿပိဳကြဲဖို႔ကိစၥေတြနဲ႔ပတ္သက္လာရင္ သတိၱရွိပါ တယ္။ ဝတ္ပါတယ္။ သို႔ေသာ္လည္းပဲ ဒါက အေျခအေနကိုၾကည့္ၿပီးေတာ့ စြန္႔စားရတာေပါ့ဗ်ာ။ အေမွာင္ထဲ ေသနတ္အတို၊ အရွည္နဲ႔ မိုက္ရူးရဲမ်ဳိးစံုနဲ႔ ခြဲေနတဲ့အခ်ိန္အခါေတြကိုေတာ့ ခြဲျခားၿပီးေတာ့ လႈပ္ရွားရတာေပါ့။ ဒါေပမယ့္ ျပည္ခိုင္ၿဖိဳးပါတီဝင္ေတြက ေသြးမနည္းပါဘူး။ ရန္ကုန္မွာလည္း လုပ္သြားပါတယ္။ မၾကာခင္လည္း ေနာက္ထပ္ေနရာေတြမွာ လုပ္သြားဖို႔ရွိေနပါတယ္။ ဒါေၾကာင့္မို႔လို႔ ျပည္ခိုင္ၿဖိဳး မလႈပ္ရွားရဲဘူးဆိုတာကေတာ့ မဟုတ္ဘူး။ ျဖစ္ေပၚေနတဲ့လံုျခံဳေရးအေျခအေနေတြအရ သတိနဲ႔လႈပ္ရွားေနၾကရတာျဖစ္တယ္။ ျပည္ခိုင္ၿဖိဳးပါတီ က ရွိေနပါတယ္။ လိုအပ္တဲ့အခ်ိန္မွာ ကၽြန္ေတာ္တို႔ိထြက္ပါတယ္။

ေမး ။ ။ ဥကၠ႒ ေျပာခဲ့တဲ့စကားထဲမွာ ကၽြန္ေတာ္သေဘာက်မိတဲ့စကားေလးရွိပါတယ္။ အၿပိဳင္အဆိုင္မိုက္ၾက တယ္ဆိုတာမ်ဳိး မျဖစ္ခ်င္ဘူးဆိုတာမ်ဳိးေပါ့။ ဆိုေတာ့ အဲဒီလိုအၿပိဳင္အဆိုင္မိုက္ၾကတယ္ဆိုတာမ်ဳိး မျဖစ္ခ်င္ဘူး ဆိုတဲ့စကားလံုးကို လက္ရွိေခတ္အေနအထားရ လူထုကို ဘယ္လိုမ်ဳိးရွင္းျပခ်င္တာရွိမလဲ။ အၿပိဳင္အဆိုင္မိုက္ တယ္ ဆိုတဲ့စကားလံုးရဲ႕အဓိပါၸယ္ကက်ေတာ့ တဖက္က မိုက္တယ္ဆိုတာမ်ဳိးႀကီး ျဖစ္ေနတာဆိုေတာ့ေလ။
ေျဖ ။ ။ အၿပိဳင္အဆိုင္မိုက္တယ္ဆိုတာက အထူူးသျဖင့္ ႏိုင္ငံေရးသမားေတြ၊ ႏိုင္ငံေရးပါတီေတြက လူရမ္းကား ေတြ၊ လူမိုက္အဖြဲ႕အစည္းေတြဆိုတာမ်ဳိး ကၽြန္ေတာ္တို႔ေခတ္မွာ မျဖစ္ေစခ်င္ဘူး။ ကၽြန္ေတာ္တို႔ကို ပုရြက္ဆိတ္ တစ္ေကာင္ေလာက္ပဲ သေဘာထားၿပီးေတာ့ လစ္ရင္ လစ္သလို သတ္ျဖတ္ေနတာမ်ဳိးကို ျမင္ရေတာ့ ဒီအတြက္ ရင္ထဲမွာ တကယ္ကိုမေကာင္းပါဘူး။ သို႔ေသာ္လည္း ဒါကို တန္ျပန္ဖို႔အတြက္ဆိုတာကေတာ့ ကၽြန္ေတာ္တို႔ ကိုယ္တိုင္က အဖြဲ႕အစည္းႀကီးျပန္ဖြဲ႕ၿပီးေတာ့ ျပန္သတ္ၾကကြာဆိုတာမ်ဳိးကေတာ့ ဒါမ်ဳိးကို ကၽြန္ေတာ္က အျပန္ အလွန္မိုက္တယ္လို႔ ေခၚပါတယ္။ ဒီအခ်ိိန္မွာ ႏိုင္ငံေတာ္တာဝန္ကိုယူထားတဲ့ပုဂၢိဳလ္၊ အဖြဲ႕အစည္းေတြ အေနနဲ႔ လည္း ကိုယ့္တိုင္းျပည္ထဲမွာ ဒီလိုမ်ဳိးအျပန္အလွန္ေတြသတ္ျဖတ္ၾကမွာကို မလိုလားဘူးလို႔ထင္ပါတယ္။ ဒါေၾကာင့္မို႔လို႔ လုပ္ႏို္င္တဲ့ေဘာင္ထဲကေန ခ်င့္ခ်ိန္ၿပီးေတာ့ တစ္လွမ္းျခင္းေတာ့ ေဆာင္ရြက္ေနပါတယ္။ ျမန္မာ့သမိုင္းမွာ ျပန္ၾကည့္လို႔ရွိရင္ ႏိုင္ငံေရးပါတီေတြလႈပ္ရွားၾကတဲ့၊ ႏိုင္ငံေရးအသိအျမင္ေတြ ႏႈိးၾကားလာၾကတဲ့ အခ်ိန္၊ လြတ္လပ္ေရးရၿပီး ျမန္မာႏိုင္ငံမွာ ပါတီစံုဒီမိုကေရစီအေရးကိုလႈပ္ရွားလာၾကတဲ့ ၁၂ ႏွစ္ေက်ာ္၊ ၁၄ ႏွစ္ ၾကာအခ်ိန္အတြင္းမွာ ႏိုင္ငံေရးပါတီအားလံုးဟာ ဒီကေန႔လိုပဲ။ ၾကားဖူးမွာပါ… ႏွစ္ေလာင္းၿပိဳင္ သတ္ၾက၊ ျဖတ္ၾက၊ အဲဒီအခ်ိန္တုန္းကလည္း ရြာလံုးကၽြတ္မီးရႈိ႕တာေတြရွိပါတယ္။ ပါတီေတြအားလံုးကလည္း မိမိရဲ႕ လံုျခံဳေရး အတြက္ တပ္ကလည္းပဲ သူတို႔လံုျခံဳေရးအတြက္၊ ဒီအေတာအတြင္းမွာ တဖက္နဲ႔တဖက္က စိုးရိမ္တႀကီးစြာနဲ႔ပဲ ခါးပိုက္ေဆာင္တပ္ေတြ အသီးသီးေထာင္ခဲ့ၾကတယ္။ အဲဒီလိုတပ္ေတြေထာင္ခဲ့ေတာ့ ဘာျဖစ္လဲဆိုရင္ ပါတီႏိုင္ငံ ေရးဆိုတာ သံုးစားလို႔မရေအာင္ထိျဖစ္သြားခဲ့တယ္။ ျဖစ္သြားတဲ့အတြက္ ဒီကေန႔အခ်ိန္ထိေျပာေနတဲ့ သူတို႔ မလိုခ်င္ဘူးလို႔ေျပာေနတဲ့ စစ္အာဏာရွင္ပဲေျပာေျပာ၊ ဘယ္လိုပဲေျပာေျပာ၊ တပ္မေတာ္က ၾကားဝင္ၿပီးေတာ့ ထိန္းခဲ့ရတဲ့ကာလေတြ ၾကာခဲ့တာေပါ့။ အခုေနာက္တစ္ခါျပန္ေရာက္လာျပန္ၿပီ။ ကၽြန္ေတာ္တို႔သတၱိမရွိလို႔ မဟုတ္ဘူး။ ကၽြန္ေတာ္က စစ္သားေဟာင္းပဲ၊ ဒီလိုကိစၥေတြ မျဖစ္ခင္ကတည္းက ေသနတ္ကိုင္ၿပီးေတာ့ အလုပ္ လုပ္လာခဲ့တဲ့သူေလ။ သို႔ေသာ္ ဒီခ်ိန္မွာ ကိုယ္က ေခါင္းေဆာင္ျဖစ္ေနတဲ့အခ်ိန္မွာ ငါက ဗိုလ္ခ်ဳပ္ေဟာင္းမို႔လို႔၊ ငါ့ စစ္သားေဟာာင္းမို႔လို႔၊ ငါ သတိၱရွိတယ္ကြဆိုၿပီး အကုန္လံုးကို ဒီလိုလုပ္ၾကကြဆိုၿပီး ေျပာတာမ်ဳိးကေတာ့ မဟုတ္ေသးဘူးလို႔ ထင္ပါတယ္။ အဲဒါေၾကာင့္ေျပာရမယ္ဆိုရင္ေတာ့ အျပန္အလွန္မိုက္ဆိုရင္ မိုက္ရဲပါတယ္။ သို႔ေသာ္ ႏိုင္ငံေရးပါတီေခါင္းေဆာင္က မင္းဂိုဏ္းစတား လုပ္မွာလား။ ႏိုင္ငံေရးပါတီေခါင္းေဆာင္လုပ္မွာလား ဆိုရင္ ကၽြန္ေတာ္က ႏိုင္ငံေရးပါတီေခါင္းေဆာင္လုပ္မွာ။ ဒါမွ ကၽြန္ေတာ္တို႔သြားခ်င္တဲ့ တကယ့္ကို ပါတီစံုႏိုင္ငံ ေရး၊ စစ္စစ္မွန္မွန္ႏိုင္ငံေရးကို ႏိုင္ငံေရးလိုလုပ္တဲ့ယဥ္ေက်းမႈကို ျမန္မာျပည္မွာ ျဖစ္ထြန္းေစခ်င္တယ္။ အဲဒီလို မဟုတ္ဘဲနဲ႔ အခုဒီလမ္းေၾကာင္းအတိုင္းသာ ဆက္သြားမယ္ဆိုရင္ေတာ့ အကုန္ပ်က္သုဥ္းေရးလမ္းေၾကာင္းကို ဆြဲေခၚသလိုျဖစ္ေနတယ္။

ေမး ။ ။ ႏိုင္ငံေရးဆိုတဲ့ေနရာမွာလည္း လာမယ့္ ၂ဝ၂၃ ခုႏွစ္မွာ PR (Proportional Representation) စနစ္နဲ႔ ေရြးေကာက္ပြဲလုပ္မယ္ဆိုၿပီးေတာ့ နစကဘက္က အတိအလင္းေၾကညာထားတာကိုေတာ့ ေတြ႕ရတယ္။ အဲဒီ ေတာ့ ျပည္ခိုင္ၿဖိဳးအေနနဲ႔ကေရာ PR စနစ္နဲ႔သြားမယ္ဆိုတဲ့ေရြးေကာက္ပြဲအတြက္ ဘယ္အပိုင္းေတြကို ေထာက္ခံ ကူညီေပးေနတာရွိမလဲ နဲ႔ ေနာက္တစ္ခ်က္ ကၽြန္ေတာ္အပါအဝင္ သိခ်င္စိုးရိမ္တာကေတာ့ ေရြးေကာက္ပြဲ မျဖစ္ခဲ့ရင္ (မျဖစ္ခဲ့ရင္လို႔ ေျပာတဲ့ေနရာမွာလည္း ေရြးေကာက္ပြဲမျဖစ္ေအာင္ လုပ္ေဆာင္တဲ့သူေတြ ရွိေနတာ) ကို ေတြ႕ရေတာ့ မျဖစ္ခဲ့ရင္ ဘယ္လိုအရာမ်ဳိးေတြနဲ႔ထပ္ၿပီးရင္ဆိုင္ရႏိုင္တယ္ဆိုၿပီိး ႀကိဳတင္ျပင္ဆင္ထားတာမ်ဳိးရွိ လား။
ေျဖ ။ ။ အဲဒီေတာ့ ေရြးေကာက္ပြဲျဖစ္၊ မျဖစ္ဆိုတာနဲ႔ အရင္စရမွာေပါ့ေနာ္။ ေရြးေကာက္ပြဲကို မျဖစ္ျဖစ္ေအာင္ လုပ္မယ္ဆိုၿပီးေတာ့ နစကဥကၠ႒က ႏိုင္ငံကိုေရာ ကမာၻကိုေရာ သူက ကတိေပးထားတယ္။ တကယ္တမ္းလည္း ႏိုင္ငံေတာ္မွာ အေျခခံဥပေဒဆိုတာက ရွိေနတယ္ေလ။ အေျခခံဥပေဒအတိုင္းသာ လုပ္ကိုင္ေဆာင္ရြက္ရမွာ လည္းျဖစ္တယ္။ ဒါေၾကာင့္မို႔လို႔လည္း ဒီကေန႔ဒီအခ်ိန္မွာ တိုင္းျပည္တာဝန္ယူထားတဲ့အဖြဲ႕အစည္းသည္ သူ ကတိေပးထားတဲ့ကိစၥကို ျဖစ္ေအာင္ ႀကိဳးစားေနတယ္လို႔ေတာ့ ျမင္ပါတယ္။ သို႔ေသာ္ လက္ေတြ႕ျဖစ္ျခင္း၊ မျဖစ္ ျခင္းဆိုတဲ့ေနရာမွာေတာ့ ဒီိကေန႔ ႏိုင္ငံအႏွံ႔မွာျဖစ္ေနတဲ့အရာေတြကို ကိုယ့္ဘာသာကိုယ္တစ္ဦးခ်င္းကသာ တြက္ဆၿပီးေတာ့ ခ်င့္ခ်ိန္ဖို႔ပဲရွိမယ္။ ကၽြန္ေတာ္တို႔အေနနဲ႔ကေတာ့ ႏိုင္ငံေရးပါတီျဖစ္တဲ့အတြက္ ေရြးေကာက္ပြဲ လုပ္ဖို႔က ဝင္ကိုဝင္ၿပိဳင္ရမယ္။ မဝင္လို႔ကို မရဘူး။ မဝင္ၿပိဳင္ဘူးဆိုရင္ ပါတီက အလိုလိုကို ဖ်က္သိမ္းျခင္းခံရမယ္။ ဒါေၾကာင့္မို႔လို႔ အဲဒီေရြးေကာက္ပြဲျဖစ္ဖို႔အတြက္လည္း ဆုေတာင္းတယ္။ ဒီအတြက္ကို ကၽြန္ေတာ္တို႔အေနနဲ႔ တတ္ႏိုင္တဲ့ဘက္ကေနၿပီးေတာ့ ပူးေပါင္းေဆာင္ရြက္ေပးမယ္။ ျဖစ္လာခဲ့လို႔ရွိရင္လည္း ေသခ်ာေပါက္ဝင္ၿပီး ေတာ့ ၿပိဳင္မယ္။ မျဖစ္ခဲ့ဘူးဆိုရင္ေတာ့ လြယ္လြယ္ေလးပဲစဥ္းစားၾကည့္ရင္ ဒီေန႔ အရပ္သားေတြလို႔ပဲေျပာေျပာ၊ ႏိုင္ငံေရးပါတီေတြလို႔ပဲေျပာေျပာ တစ္လွည့္စီအာဏာရရွိခဲ့ၾကတယ္။ အစိုးရတာဝန္ေတြ ရယူခဲ့ၾကတယ္။ အဲဒီ အခ်ိန္ေတြမွာ လုပ္ခ်င္ရာေတြလုပ္ၿပီး ဥပေဒအျပင္ကေန အာဏာတည္ၿမဲေရးကိုပဲ လုပ္ကိုင္ခဲ့ၾကတယ္။ အစဥ္ အလာအားျဖင့္ေတာ့ ဒီလိုလုပ္ရပ္မ်ဳိးကို လက္ခံလို႔မရတဲ့အတြက္ ဒီေန႔အဖြဲ႕အစည္းက သူ႔ရဲ႕လုပ္ပိုင္ခြင့္နဲ႔ သူ႔ကို ခိုင္းထားတဲ့တာဝန္ထဲကေနၿပီးေတာ့ လုပ္သြားတယ္။ ေျပာရမယ္ဆိုရင္ အဲဒီအဖြဲ႕အစည္း(စစ္တပ္) ကို ဘာ့ေၾကာင့္ အာဏာအပ္ႏွင္းတာလဲဆိုရင္ သူတို႔မွာလုပ္ႏိုင္စြမ္းရွိတဲ့ ေျခေတြ၊ လက္ေတြ အကုန္ရွိတဲ့၊ အားအရွိ ဆံုးေပါ့ဗ်ာ။ လက္နက္ကိုင္တပ္ဖြဲ႕ႀကီးလည္းျဖစ္တယ္။ ဘာပဲေျပာေျပာ တိုင္းျပည္လြတ္လပ္ေရးအတြက္ ေနာက္ဆံုးခံတပ္ႀကီးလည္းျဖစ္တယ္။ အဲဒီလိုပုဂၢိဳလ္မ်ဳိးမွာမွ လုပ္ကိုင္လို႔မရဘူးဆိုရင္ေတာ့ တိုင္းျပည္က သြားၿပီေပါ့။ မေမွ်ာ္မွန္းႏိုင္တဲ့အေျခအေနမ်ဳိးေတြနဲ႔ႀကံဳလာရမယ့္အေျခအေနမ်ဳိးေတြပဲျဖစ္တဲ့အတြက္ ေရြေကာက္ ပြဲျဖစ္ႏိုင္၊ မျဖစ္ႏိုင္ဆိုတဲ့ဥစၥာသည္ သူ႔ရဲ႕အစြမ္းအစကိုပဲ ကၽြန္ေတာ္တို႔က ယံုၾကည္စြာနဲ႔ပဲ ေစာင့္ၾကည့္ရမွာပါပဲ။ ဒီအတြက္ လိုအပ္တဲ့အပိုင္းမွာ ကၽြန္ေတာ္တို႔တတ္ႏိုင္တဲ့အပိုင္းကေန ဝိုင္းဝန္းၿပီးေတာ့ ေဆာင္ရြက္ေပးမယ္။ အဲဒီေတာ့ ေရြးေကာက္ပြဲလုပ္ၿပီး PR စနစ္ျဖစ္ၿပီဆိုရင္ေတာ့ PR (Proportional Representation) နဲ႔ ပတ္သက္လို႔ရွိရင္ေတာ့ PR နဲ႔ပတ္သက္တဲ့ အားသာခ်က္ေတြ ရွိတယ္။ တဖက္က FPTP (First Past the Post) ရဲ႕အားသာခ်က္ေတြလည္း ရွိတာပါပဲ။ သို႔ေသာ္လည္း ႏိုင္ငံေရးပါတီအမ်ားစုက ဒီအခ်က္ကို လက္ခံတယ္ဆိုတဲ့ အတြက္ ေကာ္မရွင္ဘက္ကလည္း လာမယ့္ေရြးေကာက္ပြဲမွာ PR စနစ္နဲ႔လုပ္မယ္လို႔ ေျပာၿပီးၿပီျဖစ္တယ္။ ကၽြန္ေတာ္တို႔ကိုယ္တိုင္လည္းပဲ ဒီစနစ္ရဲ႕အားနည္းခ်က္၊ အားသာခ်က္ကို စာရင္းျပဳစုၿပီးေတာ့ စာတမ္းတစ္ေစာင္ လုပ္ၿပီးေတာ့ တင္ျပထားတာလည္း ရွိပါတယ္။ ေကာ္မရွင္ဘက္က ဆံုးျဖတ္တဲ့အတိုင္း ကၽြန္ေတာ္တို႔က လိုက္ၿပီး ေတာ့ အေကာင္အထည္ေဖာ္သြားရမွာျဖစ္ပါတယ္။

ေမး ။ ။ အဲဒီမွာ ကၽြန္ေတာ္တို႔စိုးရိမ္ေနတဲ့အခ်က္က ေရြးေကာက္ပြဲကလည္း မျဖစ္ဘူး။ ၿငိမ္းခ်မ္းေရးေဆြးေႏြးပြဲ ကလည္း ခရီးမေပါက္ခဲ့ဘူး။ ေနာက္တစ္ခုက NUG-PDF နဲ႔ တိုင္းရင္းသားလက္နက္ကိုင္အဖြဲ႕အစည္းေတြ ပူးေပါင္းၿပီးေတာ့ ပိုၿပီးေတာ့ သတ္ျဖတ္မႈေတြကို ထပ္လုပ္လာခဲ့မယ္ဆိုရင္ ႏိုင္ငံေရးအေျခအေနက ဘယ္ေလာက္ထိ အဆိုးဆံုးထိျဖစ္သြားႏိုင္ၿပီးေတာ့ ဘယ္လိုေတြျပင္ဆင္ထားသင့္လဲ။
ေျဖ ။ ။ ဒါကေတာ့ အစပိုင္းေျပာခဲ့တဲ့စကားေတြထဲမွာေတာ့ ပါသြားခဲ့ၿပီးပါၿပီ။ လက္ရွိစြမ္းရည္အရွိဆံုးအဖြဲ႕ အစည္းကမွ ၿငိမ္ေအာင္မထိန္းႏိုင္ဘူးဆိုရင္ တိုင္းျပည္ပ်က္ၿပီဆိုတဲ့သေဘာပဲေပါ့။ ဒါဆိုရင္ေတာ့လည္း ဒီတိုင္းျပည္ကို ျပန္တည္ၿငိမ္ေအာင္ ကိုယ့္ႏိုင္ငံကိုယ္ ခ်စ္တဲ့သူေတြကိုစုေပါင္းၿပီးေတာ့ ေျပာခဲ့တဲ့ မူဝါဒသံုးခ်က္ ေပၚမွာပဲ။ အဲဒါႀကီးက ေခတ္မေရြး မွန္ေနတဲ့ကိစၥႀကီးျဖစ္တယ္လို႔ ကၽြန္ေတာ္ကေတာ့ ျမင္တယ္။ အဲဒီဘက္က ညီညြတ္တဲ့ပုဂၢိဳလ္ေတြပူးေပါင္းၿပီးေတာ့ ကာကြယ္ၾကဖို႔ပဲရွိပါတယ္။

ေမး ။ ။ အခုလက္ရွိႏိုင္ငံေရးအခင္းအက်င္းႀကီးကို ကၽြန္ေတာ္တို႔လွမ္းၾကည့္တဲ့အခါ ျဖစ္စဥ္ေတြက ပံုမွန္အေျခ အေနကေန ကြဲထြက္လာတာကို ေတြ႕ရတယ္။ ဥပမာ- ျပည္တြင္းမွာ လက္နက္ကိုင္သတ္ျဖတ္မႈေတြရဲ႕ ေနာက္ကြယ္မွာ ႏိုင္ငံေရးအရတင္ မဟုတ္ေတာ့တဲ့ ပံုရိပ္ေတြကိုပါ သြားေတြ႕ေနရတယ္။ ကၽြန္ေတာ္တို႔စံုစမ္းမိ သေလာက္ဆိုရင္လည္း တျခားႏို္င္ငံက လူေတြ ပါဝင္ပတ္သက္ေနတယ္။ ဒါ့အျပင္ ဘာသာေရးအရလည္း ပါဝင္ပတ္သက္ေနတာေတြကို သြားေတြ႕ရတယ္။ ဆိုေတာ့ ဒီလိုအေျခအေနေတြကိုေရာ ပါတီဥကၠ႒အေနနဲ႔ တိုင္းျပည္အတြက္ စိုးရိမ္မိတာရွိလား။
ေျဖ ။ ။ ရွိတာေပါ့။ ကၽြန္ေတာ္ ၂၁ ရာစု ပင္လံုဆိုတဲ့ ၿငိမ္းခ်မ္းေရးေခတ္ကာလ တစ္ခုတုန္းက ႏိုင္ငံေရးပါတီ ေခါင္းေဆာင္တစ္ေယာက္အေနနဲ႔ စင္ျမင့္ေပၚမွာတက္ၿပီးေတာ့ စကားေျပာခြင့္တစ္ခါရဖူးတယ္။ အဲဒီတုန္းက ကၽြန္ေတာ္ေျပာခဲ့တဲ့စကားကို ကၽြန္ေတာ့္ဘာသာ ကၽြန္ေတာ္လည္း မွတ္မိပါတယ္။ ဒီေခတ္ ဒီကာလမေရာက္ ေသးဘူးေနာ္။ လြန္ခဲ့တဲ့ ငါးႏွစ္တာကာလအတြင္းကေျပာခဲ့တဲ့စကားက အခုျဖစ္ေနတဲ့ ၿငိမ္းခ်မ္းေရးျဖစ္စဥ္၊ အခုျဖစ္ေနတဲ့ လက္နက္ကိုင္ျဖစ္စဥ္ေတြကို မ်က္စိနဲ႔ျမင္ရတဲ့ ရိုးရိုးတိုက္ပြဲလို႔ပဲ မျမင္ပါနဲ႔။ အဲဒီေနာက္ကြယ္မွာ မိမိတိုင္းျပည္နဲ႔အနီးဆံုးကေရာ၊ အေဝးကေရာ ဝင္ေရာက္ပတ္သက္မႈေတြ အမ်ားႀကီးရွိေနပါတယ္။ အခု ျမန္မာ ျပည္မွာျဖစ္ေနတဲ့ကိစၥရပ္ေတြ သက္ဆိုးရွည္ေနတာေတြအားလံုးက အဲဒီကိစၥေတြနဲ႔ပတ္သက္ ဆက္ႏြယ္မႈေတြရွိ ေနတဲ့အတြက္ ျပည္ပက ဝင္ေရာက္စြက္ဖက္မႈေတြ၊ ေသြးထိုးမႈေတြ၊ ႀကိဳးကိုင္မႈေတြက ရွိကိုရွိတယ္။ ဒါေၾကာင့္မို႔ လို႔လည္း ဒီျဖစ္စဥ္မွာ ၿငိမ္းခ်မ္းေရးဖိတ္ေခၚဖို႔လိုအပ္တယ္ဆိုတာမ်ဳိးေတြေျပာခဲ့သလို၊ ဒီျဖစ္စဥ္ႀကီးက ခ်က္ခ်င္း ႀကီးၿပီးသြားဖို႔လည္း ဘယ္သူမွေမွ်ာ္လင့္လို႔မရသလို၊ ခ်က္ခ်င္းလည္းၿပီးဖို႔ အင္မတန္မွ ရာႏႈန္းျပည့္ျဖစ္ေျမာက္ဖို႔ ဆိုတာ နည္းပါတယ္။ သို႔ေသာ္ လုပ္ႏိုင္သေလာက္ကေတာ့ လုပ္ၾကရမွာျဖစ္တယ္လို႔ ဒီလိုပဲျမင္ပါတယ္။

ေမး ။ ။ နစကဘက္ကေတာ့ ေရြးေကာက္ပြဲကို လုပ္မယ္လို႔ေျပာထားေပမယ့္ တကယ္တမ္းမွာ ေရြးေကာက္ပြဲ လုပ္မယ္ဆိုတာက ပါတီေတြနဲ႔အတူ ေျခာက္လ၊ ခုႏွစ္လေလာက္ကို ႀကိဳတင္ၿပီးေတာ့ ျပင္ဆင္ၾကရ၊ ပါတီေတြ အေနနဲ႔လည္း စည္းရံုးေရးဆင္းရတာမ်ဳိးေတြရွိတယ္ဆိုေတာ့ ဒီလိုကာလမ်ဳိးမွာ သြားလာရတာေတာင္ ေနာက္ ေက်ာမလံု၊ ေရွ႕ေက်ာမလံုနဲ႔ သြားလာလႈပ္ရွားေနၾကရတာဆိုေတာ့ ဒီလိုအေနအထားမ်ဳိးကိုေရာ ဥကၠ႒အေနနဲ႔ အားမလိုအားမရ ျဖစ္ေနရလား။
ေျဖ ။ ။ အဲဒီေတာ့ ေရြးေကာက္ပြဲလုပ္မယ္လို႔ ဆံုးျဖတ္တယ္ဆိုရင္ေတာ့ ေရြးေကာက္ပြဲလုပ္ႏိုင္မယ့္ အခင္း အက်င္းမ်ဳိးကို တာဝန္ရွိသူေတြအေနနဲ႔က ခင္းက်င္းေပးရမွာျဖစ္တယ္။ ကၽြန္ေတာ္တို႔က ႏိုင္ငံေရးပါတီျဖစ္တဲ့ အတြက္ ႏိုင္ငံေရးပါတီေတြက တာဝန္ရွိတဲ့ပုဂၢိဳလ္ေတြ၊ ကၽြန္ေတာ္တို႔ ဥကၠ႒မွ မဟုတ္ပါဘူး။ က်န္တဲ့အဆင့္ဆင့္ ေသာ ပါတီဝင္ေတြ အားလံုးကလည္းပဲ က်န္တဲ့ပါတီဝင္ေတြနဲ႔ ထိေတြ႕ႏိုင္မႈအခြင့္အလမ္း၊ အခြင့္အေရး၊ ေနာက္တစ္ခါ မိမိတို႔ရဲ႕ခံယူခ်က္၊ မိမိတို႔လုပ္ေပးႏိုင္မႈ၊ ဒါေတြကိုျပန္ၿပီးေတာ့ ျပည္သူလူထုကို ရွင္းျပႏိုင္မယ့္ အခြင့္အေရး၊ အဲဒါေတြ မလုပ္ေပးႏိုင္ဘဲနဲ႔ေတာ့ ေရြးေကာက္ပြဲျပန္လုပ္ဖို႔ဆိုတာက အင္မတန္ကိုခက္ပါတယ္။ ဒီလိုဆိုရင္ ဘယ္လိုနည္းလမ္းေတြနဲ႔လုပ္ႏိုင္မလဲ။ ေျပာရမယ္ဆိုရင္ေတာ့ ေမွ်ာ္မွန္းထားတဲ့အခ်ိန္ကာလက ၂ဝ၂၃ ခုႏွစ္ေႏွာင္းပိုင္းဆိုေတာ့ ေတာ္ေတာ္ေလးကို နီးကပ္ေနပါၿပီ။ အခုခ်ိန္ထိ ပါတီေတြဟာ လံုျခံဳေရးအေျခ အေနအရ ေပၚေပၚထင္ထင္ (လူရမ္းကားေတြမွ အပေနာ္)၊ ဥပေဒေဘာင္ထဲက ပုဂၢိဳလ္ေတြက လြတ္လြတ္လပ္ လပ္ေျပာဆို၊ သြားလာႏိုင္ျခင္း မရွိေသးဘူး။ လုပ္ႏိုင္တာတစ္ခုပဲ ရွိေသးတယ္။ ႏိုင္ငံပိုင္မီဒီယာေတြ သံုးစြဲခြင့္ေပး ဖို႔လိုတယ္။ ၿပီးခဲ့တုန္းကလို ေရြးေကာက္ပြဲနီးမွ ရက္ေပါင္း ၆ဝ ေလာက္နီးေတာ့မွ ပါတီဥကၠ႒ (သို႔) တာဝန္ရွိတဲ့ ပုဂၢိဳလ္ေတြက ရုပ္သံမွာ ၁ဝ မိနစ္ေလာက္ေလး စကားေျပာခြင့္ရတာမ်ဳိးေလာက္နဲ႔ေတာ့ မလံုေလာက္ေတာ့ဘူး။ ဆိုေတာ့ ျမန္မာ့ရုပ္ျမင္သံၾကားဆိုရင္လည္းပဲ ျပန္ၾကားေပးရန္၊ ပညာေပးရန္ စသည္အားျဖင့္ ေဖ်ာ္ေျဖေပးရန္၊ ျပည္သူလူထုအက်ဳိးစီးပြားအတြက္ပဲေလ။ ဒီလိုပဲ တပ္မေတာ္ပိုင္ ျမဝတီဆိုရင္လည္း ျပည္သူလူထု စိတ္ေက်နပ္မႈ ကိုေပးမယ့္ ဝန္ေဆာင္မႈကိုေပးဖို႔အဆင္သင့္ပဲဆိုၿပီး ရွိထားတယ္။ တကယ္ေတာ့ ႏိုင္ငံပိုင္မီဒီယာေတြဟာ ႏိုင္ငံေတာ္အက်ဳိးအတြက္ ႏိုင္ငံေတာ္ဘတ္ဂ်က္နဲ႔ေပးထားတာျဖစ္တဲ့အတြက္ အခုသြားမယ္ဆိုတဲ့ အေထြေထြ ေရြးေကာက္ပြဲက ႏိုင္ငံေတာ္အက်ဳိးအတြက္လုပ္တာ မဟုတ္ဘူးလား။ ဥပေဒနဲ႔အညီ အႏိုင္ရမယ့္ပါတီကို ဒီမိုကေရစီလမ္းေၾကာင္းေပၚျပန္တင္ေပးဖို႔ လုပ္ေဆာင္ေနတာျဖစ္တဲ့အတြက္ အဲဒီိအခြင့္အေရးကို ေပးသင့္တယ္ လို႔ျမင္တယ္။ ဒါသည္ နိုင္ငံပိုင္ဘတ္ဂ်က္နဲ႔ လုပ္ကိုင္ထားတာျဖစ္တယ္။ ဒီေနရာမွာ ဘယ္ပါတီအေပၚကိုမွ ဘက္မလိုက္နဲ႔ေလ။ ပါတီႀကီးမို႔လို႔၊ ပါတီငယ္မို႔လို႔ ဆိုၿပီး မဟုတ္ဘူး။ ဒီကိစၥကိုလည္း ေကာ္မရွင္ကေနၿပီးေတာ့ ထိန္းကြပ္သြားဖို႔လိုမယ္။ ဒါ့အျပင္ Printed ရွိမယ္၊ ရုပ္သံေတြ ရွိမယ္၊ Printed မွာလည္း သတင္းစာေတြရွိတယ္၊ ဆိုေတာ့ ျဖစ္ႏိုင္တဲ့အခြင့္အေရးတိုင္းမွာ ပါတီတိုင္းအတြက္ တန္းတူညီမွ်ေပးလိုက္ေပါ့။ လူေတြရဲ႕ေျပာေရးဆိုခြင့္ ေတြ၊ က်န္တဲ့အစီအစဥ္ေတြမွာသာ အစိုးရရဲ႕ဝါဒျဖန္႔ယႏၱရားဆိုၿပီး လူေတြက နားမေထာင္ခ်င္ၾကေပမယ့္ ဒီလို အပိုင္းမ်ဳိးေတြမွာေတာ့ လူေတြက အထိုက္အေလ်ာက္ေတာ့ စိတ္ဝင္စားမႈရွိလာလိမ့္မယ္လို႔ ကၽြန္ေတာ္ကေတာ့ ထင္တယ္။ ဘာေၾကာင့္လဲဆိုရင္ေတာ့ လူထုက အဆံုးအျဖတ္ေပးရမယ့္ကိစၥျဖစ္တယ္။ အဲဒါကေတာ့ နည္းလမ္း တစ္ခုလို႔ ကၽြန္ေတာ္ကေတာ့ ျမင္တယ္။

ေမး ။ ။ တခ်ိန္တည္းမွာပဲ ၂ဝ၂၃ ေရြးေကာက္ပြဲကို ႏိုင္ငံတကာအသိုင္းအဝိုင္းေရာ၊ သံတမန္ေတြေရာ ေစာင့္ၾကည့္ေနၾကတာရွိတယ္။ တနည္းအားျဖင့္ NLD မပါရင္ေတာ့ မျဖစ္ႏိုင္ဘူးဆိုတာမ်ုိး တြန္းအားေပး ေျပာဆို တာမ်ဳိးေတြကို ေတြ႕ရတယ္။ ျပည္ခိုင္ၿဖိဳးအေနနဲ႔ကေရာ NLD အပါအဝင္ တျခားေသာ ေရြးေကာက္ပြဲဝင္ဖို႔ မပါ ခ်င္ပါဘူးဆိုတဲ့ ပါတီေတြက တကယ္ေရြးေကာက္ပြဲမွာ ပါလာဖို႔ သင့္သလား။ ဒါမွမဟုတ္ သူတို႔ဘယ္လိုရပ္တည္ သင့္တယ္လို႔ ထင္သလဲ။
ေျဖ ။ ။ ႏိုင္ငံေရးပါတီတိုင္းကေတာ့ ေရြးေကာက္ပြဲဝင္ဖို႔အတြက္ ရည္ရြယ္ၿပီးေတာ့ ထူေထာင္ၾကတာပဲေလ။ ဒါေၾကာင့္မို႔လို႔လည္းပဲ ေကာ္မရွင္ဘက္က ထိန္းကြပ္ရမယ့္ သူ႔ရဲ႕လုပ္ငန္းစဥ္ထဲမွာ ေရြးေကာက္ပြဲမဝင္တဲ့ပါတီ ေတြကို ပါတီအျဖစ္ကေန ဖ်က္သိမ္းဖို႔ တာဝန္ေပးထားတာေပါ့။ ဒီထဲမွာမွ ေရြးေကာက္ပြဲဝင္ေရာက္ယွဥ္ၿပိဳင္ခြင့္ ရွိ၊ မရွိဆိုၿပီး သတ္မွတ္ထားတာေတြ ရွိတယ္။ အဲဒီဥပေဒျပ႒ာန္းခ်က္ေတြကို မလိုက္နာဘူးဆိုရင္ေတာ့ ဝင္ခြင့္ မရွိႏိုင္ပါေပါ့။ ဒါေၾကာင့္မို႔လို႔ ဒီေမးခြန္းနဲ႔ပတ္သက္ၿပီး ေမးလာတဲ့အခါတိုင္းမွာ ကၽြန္ေတာ္ျပန္ေျဖေလ့ရွိတာ ကေတာ့ ဝင္ျခင္း၊ မဝင္ျခင္းက သူတို႔ပါတီရဲ႕ကိစၥျဖစ္တယ္။ သူ မဟုတ္တာလုပ္ထားရင္ မဟုတ္တာလုပ္ထား တာနဲ႔အညီ အေရးယူျခင္းခံရမွာပဲ။ အဲဒီေတာ့ သူတို႔ရွိတယ္၊ မရွိဘူးဆိုတာေတြက ကၽြန္ေတာ့္အတြက္ေတာ့ ဘာမွ မထူးျခားပါဘူး။
ေမး ။ ။ ေနာက္တစ္ခုကေတာ့ ကၽြန္ေတာ္တို႔ေဘးက အျမင္နဲ႔ၾကည့္မယ္ဆိုရင္ေတာ့ ေဝဖန္ထုိးႏွက္မႈအခံရဆံုး ပါတီဆိုရင္ေတာ့ ျပည္ခိုင္ၿဖိဳးပါတီ ျဖစ္ေနတာကို ေတြ႕ရတယ္။ မီဒီယာေတြရဲ႕ ဝိုင္းထိုးႏွက္ေရးသားတာမ်ဳိးေတြ ကို ျပန္ၿပီးေတာ့ေရာ ဘာ့ေၾကာင့္ဆိုၿပီး Review လုပ္ၾကည့္ဖူးလား။
ေျဖ ။ ။ ေဝဖန္ထိုးႏွက္တယ္ဆိုတာကေတာ့ ႏွစ္မ်ဳိးရွိတာေပါ့ေနာ္။ ေဝဖန္တယ္ဆိုတဲ့ေနရာမွာ ထိုးႏွက္တယ္ ဆိုတဲ့ စကားလံုးပါလာၿပီဆိုရင္ေတာ့ အဲဒါက ရည္ရြယ္ခ်က္အဆိုးနဲ႔။ သူက အေျခခံအေၾကာင္းရင္းကို မၾကည့္ ေတာ့ဘူး။ ဒုကၡေရာက္ရင္ၿပီးေရာ၊ နာမည္ပ်က္ရင္ၿပီးေရာ အဲဒါက ထိုးႏွက္တာ။ ေဝဖန္တယ္ဆိုတာကေတာ့ ေကာင္းေစခ်င္လို႔ ေဝဖန္ေပးတာရွိတယ္၊ သတိေထာက္ေပးတာရွိတယ္။ ကၽြန္ေတာ္တို႔ကေတာ့ ထိုးႏွက္တယ္ ဆိုတဲ့အပိုင္းကို သိပ္မေျပာလိုပါဘူး။ ဘာ့ေၾကာင့္ထိုးႏွက္သလဲဆိုေတာ့ ကၽြန္ေတာ္တို႔ကို တပ္မေတာ္က စပြန္ဆာေပးထားတယ္။ တပ္မေတာ္သားေဟာင္းျဖစ္တဲ့ ကၽြန္ေတာ္က ဥကၠ႒ဗ်ာ။ တခ်ိန္တုန္းကလည္း အစိုးရ လုပ္ခဲ့တဲ့အခါက်ေတာ့ ဒီလိုအေၾကာင္းေတြအျပင္ ေနာက္ထပ္စြပ္စြဲခ်က္ေတြကလည္းမ်ဳိးစံုပါပဲ။ အဲဒါေတြ ကေတာ့ ျမန္မာျပည္က ႏိုင္ငံေရးသမားအမ်ားစု က်ဴးလြန္ၾကတဲ့အရာပါပဲ။ ကိုယ့္နည္းကိုယ့္ဟန္နဲ႔ ျပည္သူလူထု ကိုမဆြဲေဆာင္ဘဲနဲ႔ ေအာက္လံုးေတြ၊ မေကာင္းေၾကာင္းေတြေျပာၿပီး ထုိးႏွက္တဲ့အခါက်ေတာ့ တကယ္ဝမ္းစာ ျပည့္ၿပီး ေစတနာထားၿပီး တိုင္းျပည္အတြက္ လုပ္ႏိုင္မယ့္ႏိုင္ငံေရးသမားေတြက ေရွ႕ေရာက္မလာေတာ့ဘဲ ဒီလို ထိုးႏွက္မႈမ်ဳိးေတြကို အမ်ားႀကီးပိုင္ဆိုင္ထားတဲ့သူေတြဘက္ကိုပဲ ေရာက္သြားၿပီးေတာ့ အဲဒီလိုလူမ်ဳိးေတြကပဲ ေနရာရသြားတဲ့စနစ္မ်ဳိးႀကီးကိုျဖစ္ေစတယ္။ အဲဒီလိုစနစ္မ်ဳိးက တိုင္းျပည္ေကာင္းသလား၊ မေကာင္းသလား ဆို တာကေတာ့ ၿပီးခဲ့တဲ့ကာလကိုပဲ ျပန္သံုးသပ္ၾကေပါ့။ ဒါေၾကာင့္မို႔လို႔ ကၽြန္ေတာ္တို႔ ထိုးႏွက္ခံေနရတဲ့ျဖစ္စဥ္က ျပည္ခိုင္ၿဖိဳးကို နိုင္ငံေရးစင္ေပၚမွာ မရွိေစခ်င္ဘူး။ ဒါေပမယ့္ ကၽြန္ေတာ္တို႔ထက္စာရင္ တပ္မေတာ္က ပိုၿပီးေတာ့ တိုက္ခိုက္ခံေနရပါတယ္။ ဘာ့ေၾကာင့္လဲဆိုေတာ့ ဒီႏွစ္ဖြဲ႕ရွိေနတဲ့အတြက္ ျမန္မာျပည္မွာ လုပ္ခ်င္ရာလုပ္လို႔ မရဘူး။ ဒါ့ေၾကာင့္ ဒီထိုးႏွက္မႈေတြကို ရင္ဆိုင္ေနရတာျဖစ္ပါတယ္။

ေမး ။ ။ ေနာက္တစ္ခုကေတာ့ ျပည္ခိုင္ၿဖိဳးပါတီရဲ႕အခန္းက႑ကို ႏိုင္ငံတကာ၊ အေနာက္ႏိုင္ငံေတြရဲ႕မီဒီယာ ေတြကို သိပ္ၿပီးေတာ့ ေဖာ္ျပျခင္းမရွိတာကိုေတြ႕ရတယ္။ အခုဆိုရင္ ျပည္ခိုင္ၿဖိဳးပါတီဝင္ ေထာင္နဲ႔ခ်ီၿပီး သတ္ျဖတ္ခံထားရေပမယ့္ သံရံုးေတြကအစ အေရးတယူေျပာတာ မေတြ႕ရဘူး။ အဲဒီလိုမေဖာ္ျပေအာင္၊ မေတြ႕ မျမင္ရေအာင္ ေနာက္ကြယ္ကေန တစ္ခုခုမ်ား ခ်ဳပ္ကိုင္ထားတယ္လို႔ျမင္လား။ ဥကၠ႒ အေနနဲ႔ကေရာ ဘယ္လို ျမင္မိလဲ။
ေျဖ ။ ။ ျပည္ခိုင္ၿဖိဳးပါတီတင္ မဟုတ္ပါဘူး။ အခုလက္ရွိ ႏိုင္ငံေတာ္တာဝန္ယူထားတဲ့ အစုိးရရဲ႕ေဆာင္ရြက္ ခ်က္ေတြကိုေတာင္မွပဲ ကမာၻကို ေပါက္မွ မေပါက္တာ။ ဆိုေတာ့ ကၽြန္ေတာ္တို႔ထက္ပိုၿပီးေတာ့ နည္းပညာပိုင္းမွာ အေရွ႕၊ အေနာက္အဆင့္မွီတဲ့အျပင္ တခ်ဳိ႕ေသာအပိုင္းေတြမွာ သူတို႔ပိုင္းကေတာင္ သာသေယာင္ရွိတဲ့ ရုရွားလို ႏိုင္ငံမ်ဳိး၊ လက္ရွိသူတို႔ျဖစ္ေနတဲ့တိုက္ပြဲေတြနဲ႔ပတ္သက္ၿပီး ကမာၻ႕သတင္းေတြမွာ တက္ေနတဲ့သတင္းေတြ အကုန္လံုးက အမွန္တရားမွ မဟုတ္တာ။ လူဆိုးျဖစ္ေစခ်င္တဲ့သူကို လူဆိုးပံုေဖာ္ထားတယ္။ သူတို႔သနားစရာ အျဖစ္ပံုေဖာ္ခ်င္တဲ့သူကိုက်ေတာ့ သနားစရာျဖစ္ေအာင္ ဖန္တီးပံုေဖာ္ထားတယ္။ အဲဒီေတာ့ ကၽြန္ေတာ္တို႔က လူဆိုုးပံုစံအတိုင္း ဖန္တီးခံထားရတယ္။ ဒါကို ဘာနဲ႔လုပ္လဲဆိုရင္ေတာ့ ေငြနဲ႔ မီဒီယာအားနဲ႔ပဲလုပ္တာပဲ။ ဒီလို အရာေတြကိုျပန္ၿပီးေတာ့ အံတုဖို႔ဆိုတာကေတာ့ ေတာ္ေတာ္ေလးလည္းခက္ပါတယ္။ အခ်ိန္လည္း ေတာ္ေတာ္ ေလးေစာင့္ယူရမယ္။ စိတ္လည္းရွည္ရမယ္လို႔ ဒီလိုပဲကၽြန္ေတာ္ျမင္ပါတယ္။ ဒီလိုပဲ ရုရွားလိုႏိုင္ငံကလည္း သူတို႔မွာ ကၽြန္ေတာ္တို႔ထက္ အင္မတန္ကို အားေကာင္းၿပီးေတာ့ အဆင့္ျမင့္တဲ့နည္းစနစ္ေတြ ပိုင္ဆိုင္ထားတာပဲ။ သူတို႔ေတာင္ ဒီလိုကိစၥရပ္ေတြနဲ႔ရင္ဆိုင္ေနရတာျဖစ္တဲ့အတြက္ ေနာက္ဆံုးမွာေတာ့ အမွန္တရားကပဲ အဆံုးအျဖတ္ေပးသြားလိမ့္မယ္လို႔ ယူဆပါတယ္။

ေမး ။ ။ ဒီမွာ ကၽြန္ေတာ္ေသခ်ာေလး သိခ်င္တာ၊ ေမးၾကည့္ခ်င္တာရွိပါတယ္။ ပါတီဝင္ ၁၆ဝဝ ေက်ာ္ ၁၇ဝဝ နီးပါးထိ သတ္ျဖတ္ခံထားရတယ္ဆိုေတာ့ သူတို႔လုပ္ႀကံသတ္ျဖတ္ခံရတဲ့ တူညီတဲ့အေၾကာင္းတရားနဲ႔ သတ္ျဖတ္ ေနတဲ့သူေတြက ဘာေၾကာင့္သတ္တယ္ဆိုတဲ့ အေၾကာင္းတရားက ထပ္တူက်ေနတဲ့အေၾကာင္းတရားက ဘာလို႔ ေျပာလို႔ရမလဲ။
ေျဖ ။ ။ ျပည္ခိုင္ၿဖိဳးနဲ႔ ျပည္ခိုင္ၿဖိဳးပါတီဝင္ေတြ တိုက္ခိုက္သတ္ျဖတ္ျခင္းခံေနရတဲ့ နံပါတ္တစ္ အေၾကာင္းရင္း ကေတာ့ သူတို႔ရဲ႕အဓိကၿပိဳင္ဘက္ ျဖစ္တဲ့အတြက္ပဲ။ ျပည္ခိုင္ၿဖိဳးပါတီဝင္ေတြကို တိုက္ခိုက္သတ္ျဖတ္ပလိုက္တဲ့ အတြက္၊ ေနာက္တစ္ခုကလည္း ပါတီဝင္ေတြက ေၾကာက္လန္႔ၿပီးေျပးလႊားကုန္ၾကတဲ့အတြက္ သူတို႔ေနထိုင္တဲ့ ေနရာမွာ အားေကာင္းေနရာကေန ျပည္ခိုင္ၿဖိဳးပါတီဝင္ေတြရဲ႕အင္အား ခ်ိနဲ႔သြားမယ္ဆိုတဲ့ အယူအဆရွိပါလိမ့္ မယ္။ ေနာက္တစ္ခုကလည္းပဲ ဒီလိုသတ္ျဖတ္ခံေနရတာေတြေၾကာင့္ ျပည္ခိုင္ၿဖိဳးပါတီကို မဝင္ရဲေတာ့တာမ်ဳိးနဲ႔ ပါတီအင္အား ခ်ိနဲ႔သြားေစခ်င္တဲ့လုပ္ရပ္ပဲျဖစ္ပါလိမ့္မယ္။ ေနာက္တစ္ခုကေတာ့ ျမန္မာႏိုင္ငံမွာ အႀကီးဆံုးေသာ၊ အင္အားအမ်ားဆံုးေသာ၊ အမ်ားစုကိုယ္ကြယ္ေသာ ဘာသာတရားရွိတယ္။ အခုျဖစ္ေနတဲ့ ျဖစ္စဥ္ေတြကိုၾကည့္ မယ္ဆိုရင္ စစ္ကိုင္းတိုင္း၊ အင္မတန္မွကိုျဖဴစင္တဲ့ ဗမာတိုင္းရင္းသားေတြ ေနထိုင္တာမ်ားတယ္။ ဗမာတိုင္းရင္း သားေတြကလည္း ဗုဒၶဘာသာကို ကိုးကြယ္သူေတြမ်ားတဲ့အတြက္ အဲဒီေဒသေတြက ဗုဒၶဘာသာဝင္ သာသနာ့ ဝန္ထမ္းေတြကို ပစ္မွတ္ထားၿပီးေတာ့ တိုက္ခိုက္သတ္ျဖတ္ခံေနရတယ္။ ဒါက လာၿပီးေတာ့ ဒြန္တြဲေနတယ္။ နံပါတ္တစ္က ျပည္ခိုင္ၿဖိဳးပါတီဝင္ေတြ၊ နံပါတ္ႏွစ္က ျပည္ခိုင္ၿဖိဳးကို အားေပးေထာက္ခံသူေတြ၊ အဲဒါေတြက သူတို႔ရဲ႕ပစ္မွတ္ပဲျဖစ္ေနတယ္လို႔ပဲျမင္ပါတယ္။ ဒါေၾကာင့္မို႔လို႔လည္း ဘုန္းေတာ္ႀကီးေတြ၊ သာသနာ့ ဝန္ထမ္း ေတြ၊ ျပည္ခိုင္ၿဖိဳးပါတီဝင္ေတြ၊ ေထာက္ခံသူေတြ သတ္ျဖတ္ခံေနရတယ္။

ေမး ။ ။ အဲဒီမွာလည္း သာသနာ့ဝန္ထမ္းကိစၥေလးေပါ့။ ကၽြန္ေတာ္ ၿပီးခဲ့တဲ့ရက္က ေဒတာတစ္ခုကို ေတြ႕လိုက္ တယ္။ သံဃာ ၄၇ ပါးထိရွိၿပီဆိုတာမ်ဳိးေပါ့။ ကၽြန္ေတာ္တို႔ဗုဒၶဘာသာဝင္တစ္ေယာက္အေနနဲ႔ ေတာ္ေတာ္ေလးကို စိတ္မခ်မ္းေျမ႕ဖြယ္ရာျဖစ္ရပါတယ္။ ဆိုေတာ့ ဒီလိုျဖစ္ရပ္ေတြနဲ႔ပတ္သက္ၿပီးေတာ့ေရာ ဥကၠ႒အေနနဲ႔လူထုကို ဘယ္မ်ဳိးအသိေပး ေျပာျပခ်င္တာရွိမလဲ။
ေျဖ ။ ။ ကၽြန္ေတာ္ကိုယ္တိုင္ကလည္း ဗုဒၶဘာသာဝင္ပဲေလ။ ဒီအခ်ိန္က ေရြးေကာက္ပြဲအခ်ိန္လည္း မဟုတ္တဲ့ အတြက္ေတာ့ ကၽြန္ေတာ္ေျပာလို႔ရပါတယ္။ ကၽြန္ေတာ့္ဘာသာကိုထိခိုက္ရင္ေတာ့ ကၽြန္ေတာ္က ဘယ္ႀကိဳက္ မလဲဗ်ာ။ ဗုဒၶဘာသာကိုျပန္႔ပြားေအာင္၊ ထြန္းကားေအာင္လုပ္ခ်င္တဲ့စိတ္ဆႏၵမ်ဳိး ဗုဒၶဘာသာဝင္ တစ္ေယာက္ အေနနဲ႔ ရွိတာေပါ့။ အဲဒီေတာ့ ကိုယ့္ဘာသာကို ခ်ဳိးႏွိမ္တယ္ဆိုရင္လည္းပဲ မတရားသျဖင့္ ဥပေဒျပင္ပက ျဖစ္လာ တဲ့ကိစၥအကုန္လံုးကို ကၽြန္ေတာ္တို႔ဆန္႔က်င္တယ္။ ဒါမ်ဳိးေတြ မျဖစ္လာေအာင္ ကၽြန္ေတာ္တို႔ဝိုင္းဝန္းပူးေပါင္းၿပီး ကူညီေစာင့္ေရွာက္ေပးဖို႔ တာဝန္ရွိတယ္။ လိုအပ္လာလို႔ရွိရင္လည္းပဲ အဲဒီအပိုင္းကို ကၽြန္ေတာ္တို႔ဝင္ၿပီးေတာ့ ေဆာင္ရြက္မွာပါ။ ဒါေပမယ့္ ဒီလိုမ်ဳိးေျပာတဲ့အတြက္ ဗုဒၶဘာသာပဲ ဒီတိုင္းျပည္မွာရွိရမယ္လို႔ ဆိုလိုတာ မဟုတ္ဘူး။ အျခားဘာသာဝင္ေတြကို ထိခိုက္ပ်က္စီးေစလိုေသာ ဆႏၵမရွိဘူးဆိုရင္ေတာ့ သူတို႔လည္းပဲ ႀကီးပြား ခြင့္ရွိတယ္။ ကိုးကြယ္ယံုၾကည္ခြင့္ရွိတယ္။ ဒါေပမယ့္ ကိုယ့္ဘာသာကမွ ကိုယ့္ဘာသာ က်န္တဲ့ဘာသာတရား ေတြ ေလာကႀကီးမွာ မရွိေစရဘူးဆိုရင္ေတာ့ ကၽြန္ေတာ္တို႔အေနနဲ႔က ျပင္းျပင္းထန္ထန္ကို ဆန္႔က်င္ပါတယ္။

ေမး ။ ။ ကၽြန္ေတာ္ေနာက္တစ္ခုကေတာ့ ျပည္ခိုင္ၿဖိဳးပါတီရဲ႕လက္ရွိႏိုင္ငံျခားေရးမူဝါဒအေၾကာင္းနဲ႔ပတ္သက္ ၿပီး ေမးခ်င္ပါတယ္။ အခု လက္ရွိ ျမန္မာႏိုင္ငံရဲ႕အခင္းအက်င္းမွာ လူထုက ယံုၾကည္ေနတာတစ္ခုက ၾကားညွပ္ ေနတယ္ဆိုတာမ်ဳိးေပါ့။ ဆိုလိုတာက အင္အားႀကီး ႏိုင္ငံႀကီးႏွစ္ခုရဲ႕ကစားပြဲမွာ ကၽြန္ေတာ္တို႔ျမန္မာေတြ အခ်င္း ခ်င္းျပန္သတ္ေနၾကၿပီဆိုၿပီးေတာ့ ျမင္ေနၾကၿပီေပါ့။ အဲဒီေတာ့ ဥကၠ႒အေနနဲ႔ကေရာ ကၽြန္ေတာ္တို႔ႏိုင္ငံက ႏို္င္ငံျခားေရးမူဝါဒအရ ၾကားညွပ္ေနတယ္လို႔ ျမင္မိလား။ ဘယ္လိုမ်ဳိးေျပာျပခ်င္တာရွိမလဲ။
ေျဖ ။ ။ ႏိုင္ငံျခားေရးမူဝါဒေၾကာင့္ ၾကားညွပ္တာေတာ့ မဟုတ္ဘူး။ Geo Politics ေပါ့။ တည္ေနရာအေန အထား။ ေနာက္တစ္ခါ ကမာၻေပၚမွာရွိေနတဲ့ အုပ္စုႀကီး၊ အေရွ႕အုပ္စု… ေျပာရမယ္ဆိုလို႔ရွိရင္ အာရွဘက္မွာရွိတဲ့ အုပ္စုေခါင္းေဆာင္က ဘယ္သူျဖစ္မလဲဆိုတာ သိေနသလိုပဲ။ သူတို႔ေတြ အဲဒီနားမွာရွိေနေတာ့ အနီးကပ္ၿပီး လာေထာက္တယ္။ ဒီတိုင္းျပည္မၿငိမ္မသက္ျဖစ္အာင္လုပ္တာေပါ့။ ကၽြန္ေတာ္တို႔ရဲ႕ႏိုင္ငံျခားေရးမူဝါဒေၾကာင့္ မဟုတ္ပါဘူး။ ရွိေနတဲ့ Geo Politics ေၾကာင့္သာျဖစ္တယ္လို႔ ကၽြန္ေတာ္ကေတာ့ ျမင္ပါတယ္။ မူဝါဒကေတာ့ ကၽြန္ေတာ္တို႔အေနနဲ႔က ကမာၻ႕ႏိုင္္ငံအားလံုးနဲ႔ မရုတ္မရက္ဆက္ဆံတာပဲေလ။ အိမ္နီးခ်င္းႏို္င္ငံေတြလည္း ကၽြန္ေတာ္တို႔က ဒီလိုပဲဆက္ဆံေနတာပဲေလ။ မူဝါဒကေတာ့ အမွားအယြင္းမရွိဘူးလို႔ ကၽြန္ေတာ္ယံုၾကည္ပါ တယ္။ မူဝါဒနဲ႔ပတ္သက္ၿပီးဆက္ေျပာရလို႔ရွိရင္ လြတ္လပ္ေရးရၿပီးကတည္းက ကၽြန္ေတာ္တို႔ေတြ ေတာက္ ေလွ်ာက္က်င့္သံုးလာခဲ့ၾကတာ။ တပ္မေတာ္အစိုးရလက္ထက္တုန္းကလည္း ဒါပဲ။ ဦးသိန္းစိန္အစိုးရလည္း ဒါပဲ။ ၿပီးခဲ့တဲ့ NLD အစိုးရလက္ထက္တုန္းကလည္း ဒါပဲေလ။ အဲဒီေတာ့ မူဝါဒေၾကာင့္ေတာ့ မဟုတ္ဘူးလို႔ ကၽြန္ေတာ္ ထင္တယ္။

ေမး ။ ။ အဲဒီေတာ့ Geo Politics ေၾကာင့္ျဖစ္တယ္ဆိုေတာ့ေလ ကၽြန္ေတာ္တို႔ႏိုင္ငံမွာ ျမန္မာႏိုင္ငံသား အခ်င္းခ်င္းသတ္ျဖတ္ခံေနရတာေတြနဲ႔ပတ္သက္ရင္ ေနာက္ကြယ္မွာ အျခားေသာအေၾကာင္းအရာေတြ ပါေန တယ္ဆိုတာမ်ဳိး အင္တာဗ်ဴးအေရွ႕ပိုင္းမွာလည္း ေျပာခဲ့တယ္ဆိုေပမယ့္ ထပ္ၿပီးေတာ့ ရွင္းရွင္းလင္းလင္းေျပာျပ ေပးႏိုင္မလား။
ေျဖ ။ ။ Geo Politics ေၾကာင့္ဆိုတဲ့ကိစၥက ကၽြန္ေတာ္တို႔ႏို္င္ငံရဲ႕အေနအထား၊ ေျပာရလို႔ရွိရင္ အေရွ႕ဘက္မွာ ကပ္ေနတဲ့ အင္အားႀကီးႏိုင္ငံႀကီးနဲ႔ကပ္ေနတဲ့အတြက္ အဲဒီႏိုင္ငံကိုိ ထိန္းခ်ဳပ္ခ်င္တဲ့ပုဂၢိဳလ္ေတြသည္ ကၽြန္ေတာ္ တို႔ႏိုင္ငံ၊ ကၽြန္ေတာ္တို႔ေျမကို ေျခကုပ္ရယူခ်င္ၾကတယ္။ ကၽြန္ေတာ္တို႔ျပည္တြင္းမွာ မၿငိမ္မသက္ျဖစ္ေအာင္၊ ေနာက္တစ္ခုကလည္း သူတို႔ရဲ႕လက္ေဝခံအဖြဲ႕အစည္းတစ္ခုခုကိုေမြးၿပီးေတာ့ အဲဒီအဖြဲ႕ကို အကူအညီေတြေပး ရင္းနဲ႔ ဒီဘက္မွာ မၿငိမ္မသက္ျဖစ္ေအာင္ လုပ္တာမ်ဳိး၊ ဒါေတြက သူတို႔သြားတဲ့လမ္းေၾကာင္းပဲ။ ေနာက္တစ္ခုက ေတာ့ ျမန္မာႏိုင္ငံမွာ အဓိကအင္အားစုႀကီးျဖစ္တဲ့ တပ္မေတာ္ကို ၿပိဳကြဲေစခ်င္တယ္။ ကမာၻ႕တရားရံုးမွာ ရံုးတင္ တရားစြဲၿပီးေတာ့ ဖ်က္ဆီးပစ္လိုက္ခ်င္တယ္။ အလားတူပဲ တဖက္က လက္နက္ကိုင္မဟုတ္တဲ့ အရပ္သားေတြ ဘက္ကိုက်ျပန္ေတာ့ သူတို႔နဲ႔သိပ္ၿပီး အစဥ္မသင့္တဲ့ႏိုင္ငံေရးပါတီေတြ၊ ပုဂၢိဳလ္ေတြကိုက်ျပန္ေတာ့လည္း တိုက္ခိုက္ဖ်က္ဆီးပစ္လိုက္ခ်င္တာမ်ဳိး။ ဒီပုဂၢိဳလ္ေတြကိုဖ်က္ဆီးဖို႔အတြက္ ဗမာသူပုန္ကိုျပန္ၿပီးေတာ့ ေမြးတဲ့ သေဘာပါပဲ။ အရင္တုန္းက ျမန္မာႏိုင္ငံမွာ တိုင္းရင္းသားလက္နက္ကိုင္အဖြဲ႕အစည္းေတြဆိုၿပီးေတာ့ နယ္စပ္ တစ္ေလွ်ာက္မွာ ရွိၾကတယ္။ မရွိေသးတာက ျပည္မျဖစ္တဲ့ တိုင္းႀကီး ၇ တိုင္းထဲမွာ ဗမာလူမ်ဳိး လက္နက္ကို္င္ အဖြဲ႕အစည္းမရွိေသးဘူး။ အဲဒီေတာ့ ဆယ္ေက်ာ္သက္အရြယ္ကေလးေတြရဲ႕ေခါင္းထဲမွာ မူလတုန္းက ဆင္းရဲ ၾကပ္တည္းမႈအခက္အခဲေတြလည္း ရွိခဲ့လိမ့္မယ္။ ဒါေပမယ့္ ဆယ္ေက်ာ္သက္အရြယ္လူငယ္ေတြကို ဆြဲေဆာင္ တဲ့နည္းလမ္းေတြကလည္း နည္းေပါင္းမ်ားစြာ ရွိခဲ့ပါတယ္။ တစ္ခ်ိန္က ဆယ္ေက်ာ္သက္အရြယ္ကေလးေတြကို လြတ္လပ္မႈအခြင့္အေရးဆိုၿပီးေတာ့ သင္ၾကားေပးခဲ့တာေတြ၊ ကိုယ့္အိမ္မွာ မရရွိႏိုင္တဲ့လြတ္လပ္မႈေတြကို သူတို႔ ဆီမွာ ရႏိုင္တယ္ဆိုတဲ့ဟာမ်ဳိးနဲ႔ရိုက္သြင္းၿပီး သင္ၾကားေပးခဲ့ၾကတယ္။ ဒီကေန႔ေခတ္မွာ အဆမတန္ကို တိုးပြား လာတဲ့ မူးယစ္ေဆးဝါးေတြ၊ ေနာက္တစ္ခုက လက္နက္ေတြ၊ လက္နက္ေတြကိုလည္း လြန္ခဲ့တဲ့ ငါးႏွစ္ ကတည္း က ႀကိဳၿပီးေတာ့ သြင္းခဲ့တာေတြ ရွိတယ္။ ဒါနဲ႔ ဒီကေလးေတြကို ေမြးထုတ္ခဲ့တာ။ ဒီအတြက္လည္း ကၽြန္ေတာ္ ေတာ္ေတာ္ေလးကို စိတ္မေကာင္းျဖစ္ပါတယ္။ ဘာ့ေၾကာင့္လဲဆိုေတာ့ ဒီေန႔ ဒီလို႔အခ်ိန္မွာ ျဖစ္လာၿပီဆိုေတာ့ တဖက္ကတာဝန္ရွိသူေတြကို အႀကိမ္ႀကိမ္ဖိတ္ေခၚေနတယ္။ အဲဒီလိုဖိတ္ေခၚေနတဲ့အေပၚမွာလည္း တခ်ဳိ႕ဆို မေက်မနပ္ျဖစ္ၾကတာေတြ ရွိတယ္။ ဘာ့ေၾကာင့္လဲဆိုေတာ့ အသတ္ခံရတဲ့ပုဂၢိဳလ္ေတြ၊ CDM မလုပ္လို႔ ၿခိမ္းေျခာက္ႏွိပ္စက္ခံရတဲ့ပုဂၢိဳလ္ေတြ ဒီလိုမ်ဳိးခံထားရတဲ့ပုဂၢိဳလ္ေတြရဲ႕မိသားစုဝင္ေတြဘက္က ၾကည့္ျပန္ရင္ လည္း သူတို႔ကခံထားရတာဆိုေတာ့ PDF အပါအဝင္ အၾကမ္းဖက္မႈလုပ္တဲ့သူေတြကို စိတ္ရွည္သည္းခံၿပီး ဖိတ္ေခၚေနတာမ်ဳိးေတြကိုေတာ့ မေက်မနပ္ျဖစ္ၾကတာေပါ့။ တဖက္တာဝန္ရွိတဲ့ဘက္က ၾကည့္ျပန္ရင္လည္း သမၼတႀကီးဦးသိန္းစိန္လက္ထက္တုန္းက ေျပာခဲ့ဖူးတယ္ဗ်ာ..ကၽြန္ေတာ္တို႔ေတြ ၿငိမ္းခ်မ္းေရးလုပ္ငန္းေတြ လုပ္ရင္းနဲ႔ ကၽြန္ေတာ္လည္း အဲဒီအခ်ိန္တုန္းက ေကာ္မတီဝင္ ဝန္ႀကီးတစ္ေယာက္အေနနဲ႔ ဝင္လုပ္ခဲ့ဖူးတယ္။ တိုင္းရင္းသားလက္နက္ကိုင္ပဲ ေသေသ၊ တပ္မေတာ္သားေတြပဲ တိုက္ပြဲက်က်၊ အကုန္လံုးက ျမန္မာႏိုင္ငံသား ေတြခ်ည္းပဲ။ ဒါေၾကာင့္မို႔လို႔ ဒါေတြကို မျဖစ္ေစခ်င္ေတာ့ဘူး။ ဒီကေန႔ ကၽြန္ေတာ္တို႔မွာလည္း ဒီစိတ္ကူးရွိတယ္။ ကေလးငယ္ေတြက မိုက္ရူးရဲနဲ႔ တစ္ပါးသူက ေျမွာင့္ပင့္ေပးတာနဲ႔ပဲ ဘာမွဆင္ျခင္စဥ္းစားဥာဏ္လည္း မရွိေတာ့ဘဲ ဘယ္သူေျပာတာမွလည္း နားမေထာင္ေတာ့ဘဲနဲ႔ ဒီကေန႔ တပ္မေတာ္အစိုးရကို တိုက္ခိုက္ေနၾကတယ္။ တပ္မေတာ္အစိုးရတင္မဟုတ္ဘူး၊ အနီ မဟုတ္ရင္ ရန္သူပဲဆိုတာမ်ဳိး ရိုက္သြင္းေပးခံထားရၿပီး၊ လူငယ္ေလး ေတြကို တိုင္းျပည္ဖ်က္၊ လူဆိုးလူရမ္းကားေလးေတြျဖစ္ေအာင္ ပံုသြင္းလုပ္ခံေနရတာကိုျမင္ရေတာ့ ကၽြန္ေတာ္ လည္း စိတ္မခ်မ္းသာဘူး။ ျဖစ္ႏိုင္သမွ် အေစာဆံုးျပန္လာၾကေစခ်င္တယ္။ ဒါေပမယ့္ ဆက္ၿပီးေတာ့ မိုက္ေနမယ္ ဆိုရင္ေတာ့ တိုင္းျပည္မင္းလုပ္တဲ့သူဆိုတာက အမ်ားျပည္သူအတြက္ ရွင္းသင့္တဲ့သူကိုေတာ့ ရွင္းထုတ္ပစ္ရမွာ ပဲ။ ဒီလိုေလးေတာ့ ျမင္ပါတယ္။

ေမး ။ ။ ေနာက္တစ္ခုအေနနဲ႔ကေတာ့ လက္ရွိနစက မျဖစ္မေနအေကာင္အထည္ေဖာ္မယ့္ ေရြးေကာက္ပြဲေပါ့။ ေရြးေကာက္ပြဲလုပ္ငန္းစဥ္ေပၚလာၿပီးရင္လည္း ေနာက္မွာရင္ဆိုင္ရမယ့္အရာ တစ္ခုရွိတာေပါ့။ အဲဒါကေတာ့ ဖက္ဒရယ္ဆိုတဲ့အရာေပါ့။ အခုဆိုရင္လည္း ဖက္ဒရယ္ကိစၥကိုစၿပီးေတာ့ စကားေျပာေနၾကၿပီ။ ဆိုေတာ့ ျပည္ခိုင္ၿဖိဳး ခံယူထားတဲ့ ဖက္ဒရယ္ပံုစံရွိၿပီလား။ ဘယ္လိုပံုစံ ခံယူထားလဲ။
ေျဖ ။ ။ ဖက္ဒရယ္ လို႔ေျပာတဲ့အခါမွာ စကားလံုးေတြကို နားလည္ဖို႔လိုတယ္။ စကားလံုးရဲ႕အဓိပါၸယ္ေတြကို နားမလည္ဘဲနဲ႔ ကိုယ္လိုခ်င္တဲ့ဘက္ကိုပဲ ဆြဲေတြးၿပီး ကိုယ္လိုခ်င္တဲ့အခြင့္အေရးကို မရ၊ ရေအာင္ တိုက္ယူမယ္ ဆိုၿပီး ေတြးတာမ်ဳိးကလည္း မမွန္ေသးဘူးလို႔ေတာ့ ထင္တယ္။ အဲဒီေတာ့ ဖက္ဒရယ္ပဲေျပာေျပာ၊ လစ္ဗရယ္ပဲ ေျပာေျပာ၊ ဒီမိုကေရစီပဲေျပာေျပာ၊ ခင္ဗ်ားေျပာခ်င္တဲ့စကားကိုေျပာ၊ ျမန္မာႏိုင္ငံမွာရွိေနတဲ့ လူေတြအမ်ားစုရဲ႕ အက်ဳိးစီးပြားကို အဓိကျဖစ္ေစရမယ္။ အဲဒီေတာ့ တစ္ပါတီအာဏာရွင္မို႔လို႔၊ ျပည္ေထာင္စု စစ္စစ္မဟုတ္ဘဲနဲ႔ တစ္ျပည္ေထာင္ျဖစ္ေနလို႔၊ အဲဒီလိုမဟုတ္ဘဲနဲ႔ တိုင္းရင္းသားအခြင့္အေရးကိုအကုန္ရတဲ့ အားလံုးေက်နပ္တဲ့ ျပည္ေထာင္စုႀကီးျဖစ္ေနလို႔၊ အဲဒါသည္ ျမန္မာလိုေျပာတာ။ အဲဒါသည္လည္း ဖက္ဒရယ္ ဟုတ္ခ်င္မွ ဟုတ္လိမ့္ မယ္။ အဓိကရည္ရြယ္ခ်က္ကေတာ့ ဒီႏိုင္ငံမွာရွိတဲ့ တိုင္းရင္းသားေတြအားလံုး ညီညီမွ်မွ်နဲ႔ အားလံုးခြဲေဝၿပီး ခံစားႏိုင္မယ့္စနစ္တစ္ခုကို သြားရမွာမဟုတ္ဘူးလား။ အဲဒါေၾကာင့္မို႔လို႔ စကားလံုးေပၚကိုမူတည္ၿပီးေတာ့ ကြဲလြဲ သြားတာ။ ဖက္ဒရယ္မွာေတာင္မွပဲ နယ္ေျမေတြခြဲတဲ့ေနရာမွာ လူမ်ဳိးနဲ႔ခြဲတာရွိတယ္။ တခ်ဳိ႕ကေတာ့ သူတို႔ရဲ႕ နယ္ေျမပိုင္းျခားနဲ႔ ခြဲတာရွိတယ္။ ဒါေၾကာင့္မို႔လို႔ ဖက္ဒရယ္အေၾကာင္းေဆြးေႏြးမယ္ဆိုရင္ေတာ့ ေျပာစရာေတြက အမ်ားႀကီးပါ။ အဲဒီေတာ့ ေရြးေကာက္ပြဲၿပီးျဖစ္လာမယ့္ကိစၥေတြမွာ ဖက္ဒရယ္ အေၾကာင္းေျပာၾက၊ ဆိုၾကေၾကး ဆိုရင္ေတာ့ မူက တစ္ခုပဲရွိတယ္။ အဲဒါက အားလံုးအတြက္ နားလည္မႈနဲ႔ ညီညီမွ်မွ် ခြဲေဝခံစားမႈ၊ ခြဲေဝတာဝန္ယူ မႈ၊ အဲဒီမွာ ခံစားဖို႔ခ်ည္းပဲမတြက္နဲ႔ ကို္ယ့္ဘက္က တာဝန္ယူဖို႔ဆိုတာလည္း ေတြးရမယ္။ တစ္ခ်က္ပဲေျပာပါမယ္… ကိုယ့္ရဲ႕နယ္ေျမက ေရႊေတြထြက္ေနလို႔၊ ေက်ာက္ေတြထြက္ေနလို႔ဆိုၿပီး အဲဒါမ်ဳိးကိုေတာ့ တို႔အကုန္ယူမယ္၊ တို႔ ဟာ ဆိုၿပီေတာ့ လုပ္လို႔ေတာ့မရဘူး။ ျပည္ေထာင္စုဆိုတာက ရွိေနေသးတယ္။ သူတို႔လိုမထြက္တဲ့ စားစရာ ေတာင္မရွိတဲ့ ဆင္းရဲ႕တဲ့နယ္ေျမေဒသကိုက်ေတာ့ ဘယ္လိုေပးမလဲ။ ဒီလိုအခန္းက႑ေတြကိုေတာ့ ေသေသခ်ာ ခ်ာညွိႏႈိင္းၾကရဦးမယ့္ကိစၥေတြမွာ အဲဒီလုပ္ငန္းစဥ္ေတြကို ညွိညွိႏႈိင္းႏႈိင္းလုပ္ႏိုင္မွပဲ ကၽြန္ေတာ္တို႔က ေအာင္ျမင္ တဲ့ ဖက္ဒရယ္လို႔ ေျပာလို႔ရမယ္။

ေမး ။ ။ ဒီကေန႔ ႏိုင္ငံေရးအခင္းအက်င္းကို ျပန္ၾကည့္တဲ့အခါမွာ တခ်ဳိ႕က စစ္တပ္က အာဏာမက္လို႔ျဖစ္တာ၊ တခ်ဳိ႕ကေတာ့ မဲမသမာမႈ လုပ္လို႔၊ မဲကိစၥေၾကာင့္ျဖစ္တာဆိုၿပီးေတာ့ ခ်ာလည္ပတ္လည္ေနေပမယ့္ တကယ္ တမ္း ကၽြန္ေတာ္တို႔ျခံဳငံုၾကည့္လိုက္တဲ့အခါမွာေတာ့ မဲကိစၥကေန စခဲ့တာေပါ့ေနာ္။ အကယ္၍ ဥကၠ႒ကသာ အဲဒီမဲကိစၥကို ကိုင္တြယ္ေျဖရွင္းႏိုင္တဲ့သူတစ္ေယာက္ျဖစ္ေနခဲ့မယ္ဆိုရင္(ဥပမာ- ကိုယ့္က NLD ပါတီရဲ႕ဥကၠ႒၊ အႀကီးအကဲတစ္ေယာက္ျဖစ္ေနခဲ့မယ္ဆိုရင္) ဒီေန႔ ဒီအခ်ိန္လို အခင္းအက်င္းမ်ဳိးျဖစ္ေအာင္ထိ ထားမွာလား။ ေျဖရွင္းေပးမွာလား။
ေျဖ ။ ။ ကၽြန္ေတာ္တို႔ႏိုင္ငံေရးလုပ္တယ္ဆိုတာ တိုင္းျပည္ကို မီးဟုန္းဟုန္းေတာက္ေအာင္ေတာ့ လုပ္တာ မဟုတ္ဘူး။ ကိုယ့္ရဲ႕ႏိုင္ငံသားေတြ ေကာင္းစားေရးအတြက္ ရည္မွန္းခ်က္၊ ရည္ရြယ္ခ်က္ထားၿပီးေတာ့ လုပ္တာ ျဖစ္တဲ့အတြက္ အကယ္၍ အေျခအေနတစ္ရပ္ဟာ ကိုယ္က မွန္ေနသည့္တိုင္ေအာင္ ေခ်ာင္ပိတ္မိ၊ ေရြးခ်ယ္စရာ မရွိတဲ့အေနအထားမ်ဳိးထိျဖစ္ေနၿပီဆိုရင္ တိုင္းျပည္ျပာက်ေတာ့မယ္ဆိုရင္ ကိုယ့္ဘက္က ေလ်ာ့သင့္တာကို ေလ်ာ့ရမွာေပါ့။ အဲဒီထဲမွာမွ ႏိုင္ငံေရးလုပ္တဲ့ရည္ရြယ္ခ်က္ကိုက ျမန္မာႏိုင္ငံမွာ မွန္ကန္တဲ့ႏိုင္ငံေရးလမ္းစဥ္ပါတီ ျဖစ္ေစခ်င္လို႔၊ ေျပာရလို႔ရွိရင္ ကၽြန္ေတာ္တို႔အႏိုင္ရခဲ့တယ္ဆိုရင္ေတာင္မွပဲ။ မဲ မသမာနဲ႔နည္းေတြနဲ႔ အႏိုင္ရတဲ့ ပါတီမ်ဳိးေတာ့ ျဖစ္မွာမဟုတ္ဘူး။ မဟုတ္ရင္ ကၽြန္ေတာ္မလိုခ်င္တဲ့ Dirty Politics ျဖစ္သြားမွာ။ ဟုတ္ဟုတ္၊ မဟုတ္ဟုတ္ ငါႏိုင္ရင္ၿပီးေရာဆိုတာက ကၽြန္ေတာ္တို႔လိုခ်င္တဲ့ ဒီမိုကေရစီမွမဟုတ္တာ။ အဲဒီအတြက္ ကၽြန္ေတာ္ သာ အႏုိင္ရခဲ့ၿပီးေတာ့ ကၽြန္ေတာ့္ကို တစ္စံုတစ္ရာစြပ္စြဲမႈရွိခဲ့တယ္ဆိုရင္ ဥပေဒနဲ႔အညီပဲ ေျဖရွင္းမွာပါ။

ေမး ။ ။ ဆိုလိုတာက ကိုယ့္ပါတီအေပၚမွာ မဲကိစၥ စြပ္စြဲမႈရွိလာခဲ့ရင္ မွန္ကန္ေၾကာင္း ရွင္းေပးမယ္ဆိုတာမ်ဳိးေပါ့။
ေျဖ။ ။ မွန္တာေပါ့။ ရွင္းေပးရမွာေပါ့။ မရွင္းတာကိုက ဒါဟာ ဘယ္လိုေျပာရမလဲဆိုရင္ေတာ့ ဒံုးဝင္တိုးတာပဲ ေပါ့(ရယ္လ်က္)။

ေမး ။ ။ အဲဒီေတာ့ ဝင္တိုးတယ္ဆိုကတည္းက ေနာက္ဆက္တြဲျဖစ္မယ့္အရာေတြကို သိလို ဝင္တိုးတယ္လို႔ ေျပာလို႔ရမလား။
ေျဖ ။ ။ အဲဒါေတြကေတာ့ တခ်ဳိ႕ေရးသားေနၾကတာေတြရွိတယ္ေလ..ဝင္ၿပီးေတာ့ ထိန္းသိမ္းတဲ့အခါ ပစၥည္း ေတြကို ရွာေဖြတဲ့အခါမွာ တခ်ိန္တုန္းက သတင္းစာ၊ ဂ်ာနယ္ေတြ၊ TV ေတြပၚမွာေတာက္ေလွ်ာက္ျမင္ခဲ့၊ ေတြ႕ခဲ့ ရတဲ့ဥစၥာေတြ တစ္ခုမွ မရွိေတာ့ဘူးတဲ့။ ဒါေတြဟာ ေမွ်ာ္လင့္ထားသလား၊ မေမွ်ာ္လင့္ထားဘူးလားဆိုတာ အဲဒီ အေျခအေနေတြကို သံုးသပ္လိုက္ရင္ရပါတယ္။

ေမး ။ ။ ဆိုေတာ့ ဒီေန႔ေျမျပင္မွာျဖစ္ေနတဲ့ လူထုရဲ႕ခံစားခ်က္က ႏွစ္မ်ဳိး၊ သံုးမ်ဳိးေလာက္ ကြဲပါတယ္။ တခ်ဳိ႕ လူတန္းစားကေတာ့ မဲကိစၥကိုသာ ရွင္းေပးခဲ့ရင္ ဒီေန႔ဒီအခ်ိန္မွာ သတ္ေန၊ ေသေၾကေနတာမ်ဳိးေတြ ျဖစ္လာမွာ မဟုတ္ေလာက္ဘူးလို႔ ေတြးၾကတာရွိတယ္။ တခ်ဳိ႕ေသာလူတန္းစားကေတာ့ မဟုတ္ဘူး(ႏိုး) ပဲ။ အဲဒီေတာ့ ဘယ္လူတန္းစားရဲ႕အေတြးက မွန္တယ္လို႔ ရပ္တည္၊ ယူဆခ်င္လဲ။
ေျဖ ။ ။ ဥပေဒနဲ႔ညီတဲ့ဘက္က ရွိတာေပါ့ဗ်ာ။ အမွန္တရားလို႔ေျပာရင္ေတာင္ ကိုယ့္ဘက္မွန္တယ္၊ သူ႔ဘက္မွန္ တယ္ဆိုၿပီးေတာ့ ရွိေနဦးမယ္။ ဥပေဒနဲ႔အညီပဲ ေျဖရွင္းဖို႔ေကာင္းပါတယ္။ လူ႔အသိုင္းအဝိုင္းဆိုတာ ဥပေဒ၊ စည္းကမ္းဆိုတာ လိုအပ္လို႔ လုပ္ထားတာဗ်။ အဲဒါေတြကို လိုက္နာႏိုင္ရင္ အေကာင္းဆံုးပဲ။ ကၽြန္ေတာ္တို႔က ဘယ္သူပဲ အစိုးရျဖစ္ျဖစ္၊ ကိုယ္ႏိုင္သည္ျဖစ္ေစ၊ ရံႈးသည္ျဖစ္ေစ၊ တိုင္းျပည္တာဝန္ကို ရသည္ျဖစ္ေစ၊ မရသည္ ျဖစ္ေစ၊ ျမန္မာႏိုင္ငံကို စည္းကမ္းလိုက္နာတဲ့ Ethics (က်င့္ဝတ္) နဲ႔ညီတဲ့ႏိုင္ငံသားေတြျဖစ္ေစခ်င္တယ္။ အဲဒါသည္ လူတိုင္းရဲ႕တာဝန္ျဖစ္တယ္။ ဘယ္လိုအေျခအေနမ်ဳိးမွာပဲျဖစ္ျဖစ္ ကၽြန္ေတာ္တို႔က ဥပေဒစည္းကမ္း အတိုင္းပဲသြားတဲ့လမ္းစဥ္ကိုပဲ ႀကိဳက္ပါတယ္။

ေမး ။ ။ ေနာက္ဆံုးေမးခြန္းေလးတစ္ခုပါပဲ။ ဒီေန႔ေျမျပင္ရဲ႕အေျခအေနေပၚ လူထုရဲ႕ခံစားခ်က္က ဘာလဲလို႔ ေမးရင္ ေၾကာက္လန္႔ေနၾကရတယ္။ ဘယ္ခ်ိန္၊ ဘယ္နားမွာ ဗံုးကြဲၿပီး ကိုယ့္ကိုယ္လာမွန္မလဲဆိုတာရယ္၊ ဘယ္ခ်ိန္ ကိုယ့္ကိုယ္လာပစ္သတ္သြားမလဲ ဆိုတာမ်ဳိးႀကီးနဲ႔ စိုးရိမ္ႀကီးစြာ ေနထိုင္ေနၾကရတယ္။ အဲဒီလိုစိုးရိမ္ စိတ္နဲ႔ေနထိုင္ေနၾကရတဲ့လူတန္းစား ေတာ္ေတာ္မ်ားလာတာကိုေတြ႕ေနရတယ္။ အရင္တုန္းက ဘက္တစ္ဖက္ တည္းမွာ ရပ္တည္ခဲ့ရင္ေတာင္ အခုကေတာ့ အလယ္မွာ မွ်မွ်တတေနၿပီးေတာ့ ငါတို႔ေအးေအးခ်မ္းခ်မ္း ေနခ်င္ၿပီ ကြာဆိုတဲ့ လူတန္းစားက ပိုမ်ားလာတာကို ေတြ႕ရတယ္။ ဒီေတာ့ အဲဒီလိုလူတန္းစားေတြအားလံုးကို ဥကၠ႒အေန နဲ႔ ဒီေန႔အဒီခ်ိန္အခင္းအက်င္းနဲ႔ပတ္သက္ၿပီး၊ တြက္ဆၿပီးေတာ့ ေျပာျပခ်င္တဲ့စကားဆိုရင္ေရာ ဘာမ်ားျဖစ္မလဲ။
ေျဖ ။ ။ အဲဒီေတာ့ ေျပာရလို႔ရွိရင္… ကၽြန္ေတာ့္ကိုလည္း စပယ္ရွယ္လံုျခံဳေရးလုပ္ၿပီးေတာ့ ေစာင့္ေရွာက္ေပးတဲ့ သူ ဘယ္သူမ်ွမွ မရွိတာ။ အဲဒီေတာ့ ခင္ဗ်ားေျပာတဲ့လူတန္းစားထဲမွာ ကၽြန္ေတာ္လည္း ပါဝင္ပါတယ္။ ေနာက္တစ္ခု ကၽြန္ေတာ္ကိုယ္တိုင္ကိုယ္က ပါတီတစ္ခုကို ေခါင္းေပၚရြက္ထားရတဲ့သူေလ၊ ကၽြန္ေတာ္လုပ္ကိုင္ရ မယ့္လုပ္ငန္းေတြအတြက္ တည္ၿငိမ္ေအးခ်မ္းမႈကို အျမန္ဆံုးရခ်င္တယ္။ ကိုယ့္လိုပဲခံစားေနရတဲပုဂၢိဳလ္ေတြ၊ မတည္ၿငိမ္မေအးခ်မ္းမႈကိုအေၾကာင္းျပဳၿပီးေတာ့ ေနာက္ဆက္တြဲ ပင္ပန္းဆင္းရဲမႈေတြဆိုတာလည္း အမ်ားႀကီး ဗ်ာ၊ ကုန္ေစ်းႏႈန္းႀကီးျမင့္တာေတြ စသျဖင့္ ရင္ဆိုင္ေနရတာေတြ၊ မတည္ၿငိမ္မေအးခ်မ္းတဲ့အတြက္ မီတာေတာင္ လိုက္ေကာက္လို႔ မရတာေတြ၊ မီတာ လိုက္ေကာက္တဲ့သူေတြ အသတ္ခံရတယ္။ စသည့္အားျဖင့္ တဖက္မွာ တာဝန္ယူေနရသည့္ အစိုးရပုဂၢိဳလ္ေတြသည္ သူတို႔ဘက္ကလည္း ရစရာရွိတာ မရရင္၊ သူတို႔ဘက္က ျပန္္လုပ္ ေပးရမယ့္အလုပ္ေတြလည္း ျပန္မလုပ္ေပးႏိုင္ဘူး။ ဘယ္ေနရာမွာမွ အလုပ္ကို ေဇာက္ခ်ၿပီးမလုပ္ႏိုင္ဘူးဆိုရင္ ဒီအဖြဲ႕အစည္းက ေဇာက္ထုိးဆင္းဖို႔ပဲ ရွိေတာ့တာေပါ့။ ဒါေၾကာင့္မို႔လို႔ ဒီအခင္းအက်င္းမွာ ၾကားေန စိုးရိမ္ေနၾက တဲ့သူေတြရွိတယ္ဆိုရင္လည္းပဲ ကၽြန္ေတာ္က ခင္ဗ်ားတို႔နဲ႔အတူတူခံစားေနရတဲ့ ကၽြန္ေတာ္ရွိပါေသးတယ္။ ဒီအေျခအေနကိုေက်ာ္လႊားရေအာင္လို႔ေျပာရင္းနဲ႔ ကၽြန္ေတာ္တို႔ေတြက မွန္ကန္တဲ့ဘက္မွာပဲရပ္တည္ဖို႔ လိုအပ္ ပါတယ္။ သို႔ေသာ္ အဲဒီလိုေနရာမွာလည္းပဲ ခုနကေျပာခဲ့သလို ဒံုးမိုက္ဖို႔ေတာ့ မဟုတ္ဘူး။ ကိုယ့္ကိုယ္ အင္အား နဲ႔ဝိုင္းလာတဲ့သူေတြၾကားထဲမွာ ငါက မွန္တဲ့ဘက္မွာပဲ ရွိတယ္ကြဆိုၿပီးေတာ့လည္း ရင္ေကာ့ေပးၿပီး မိုက္ဖို႔ေတာ့ လည္း မဟုတ္ဘူး။ ဒီအခ်ိန္မွာေတာ့ အသက္အႏၱရာယ္က အေရးႀကီးတယ္ေလ။ အသက္ရွင္သန္ႏိုင္ေအာင္ အတြက္ေတာ့လည္း ကိုယ့္အသက္အႏၱရာယ္ကို ကိုယ္ၾကည့္ၿပီးေတာ့ ေရွာင္ရွားၾကဖို႔ေတာ့ လိုတာေပါ့။ ဒါေတြၿပီး လို႔ ဒီလိုအေျခအေနေတြကို လြတ္ေျမာက္သြားရင္ေတာ့ တိုင္းျပည္ကိုအေျခအေနတစ္ခုထိျပန္ေရာက္ေအာင္က လူေတြညီဖို႔လိုတယ္ဗ်။ လူေတြ ညီဖို႔လိုတယ္ဆိုတဲ့ေနရာမွာလည္း ငါသာအမွန္ဆိုၿပီး ေျပာတာမ်ဳိးကို မဆိုလိုပါ ဘူး။ ကၽြန္ေတာ္တို႔ေတြ တိုင္းျပည္တာဝန္ကိုယူခဲ့တုန္းက အဲဒီတုန္းက တာဝန္ေတြယူခဲ့စဥ္တုန္းကလည္း ကၽြန္ေတာ္တို႔ျဖတ္သန္းခဲ့တဲ့ဘဝမွာ ကၽြန္ေတာ္လုပ္ခဲ့တဲ့အမွားေတြလည္း ရွိေကာင္းရွိႏိုင္တာပဲ။ ဒါေတြကို ကၽြန္ေတာ္တို႔ေတြ ျပန္ၿပီးေတာ့သံုးသပ္ရမယ္။ တခ်ိန္တုန္းက ငါတို႔ေတြ တာဝန္ယူခဲ့တုန္းက ဘယ္လိုအရာေတြ မ်ား မွားခဲ့သလိုဆိုတာမ်ဳိးလည္း ျပန္ၿပီးေတာ့သံုးသပ္ၾကရမယ္။ ဒီကေန႔အထိလည္း သံုးသပ္ေနရတာပဲ။ ဒါေၾကာင့္မို႔လို႔ ကၽြန္ေတာ္တို႔ေတြက ေရြးေကာက္ပြဲအၿပီး ပါတီကို ျပန္ၿပီးေတာ့ဖြဲ႕စည္းတယ္ဆိုတဲ့ေနရာမွာ ယခင္ ေရြးေကာက္ပြဲကာလတုန္းက တို႔ဘာေတြလိုခဲ့သလဲ၊ ဘာေတြမွားခဲ့သလဲနဲ႔ ျပည္သူလူထုအေနနဲ႔ တို႔အေပၚမွာ အထင္မွား၊ အျမင္မွား ရွိႏိုင္တာ ဘာေတြရွိလဲဆိုၿပီး ဒါမ်ဳိးေတြကိုလည္း ကၽြန္ေတာ္တို႔ေတြ ျပန္သံုးသပ္ရတာပါပဲ။ ဘယ္အရာကမွ အစဥ္တစိုက္မွန္ေနပါတယ္ဆိုတာက မရွိဘူး။ အဲဒါအတြက္ ျပင္သင့္တဲ့အခ်ိန္မွာလည္း ျပင္ၿပီး ေတာ့ အကုန္လံုးပါဝင္ႏိုင္တဲ့အခင္းအက်င္းတစ္ရပ္ကို ဖန္တီးယူရလိမ့္မယ္လို႔ပဲ ျမင္ပါတယ္။

ဟုတ္ကဲ့... အခုလိုအခ်ိန္ေပးေျဖၾကားေပးတာ ေက်းဇူးတင္ပါတယ္။

Related news

© 2021. All rights reserved.