Goodfellas ရုပ်ရှင်ကြယ်ပွင့် ရေးလီရောတာ အသက် ၆၇ နှစ်မှာ ကွယ်လွန်

713

ရောင်နီ (NP News) - မေ ၂၇
Goodfellas မင်းသား ရေးလီရောတာ ဟာ အသက် ၆၇ နှစ်မှာပဲ အိပ်ပျော်နေလျက် ကွယ်လွန်သွားခဲ့တယ်လို့ သိရပါတယ်။
လီရောတာဟာ ဒါရိုက်တာ Martin Scorsese ရဲ့ ၁၉၉ဝ လူဆိုးဂိုဏ်း Goodfellas ရုပ်ရှင်ဇာတ်ကားမှာ လူဆိုးကြီး ဟန်ရီဟေး အဖြစ် သရုပ်ဆောင်ခဲ့ပြီး Field of Dreams ရုပ်ရှင်မှာလည်း ပါဝင်ခဲ့ပါတယ်။ လီရောတာ ဟာ ၁၉၈၆ ခုနှစ်က ထွက်ရှိတဲ့ လူမည်းဟာသကား Something Wild မှာ အကျဉ်းသားဟောင်း Ray Sinclair အဖြစ် သရုပ် ဆောင်ခဲ့ပြီး အဆိုပါဇာတ်ရုပ်နဲ့ ရွှေကမ္ဘာလုံးအမည်စာရင်းမှာ မှတ်တမ်းတင်နိုင်ခဲ့ပါတယ်။
၁၉၉ဝ ခုနှစ်များမှာ ၎င်းဟာ Unlawful Entry၊ Cop Land ၊ Corrina၊ Whoopi Goldberg ၊ Corrina စတဲ့ ရုပ်ရှင်များမှာ ပါဝင်သရုပ်ဆောင်ခဲ့ပါတယ်။ လီရောတာဟာ ပြီးခဲ့တဲ့နှစ်က Sopranos prequel ရုပ်ရှင်နဲ့ The Many Saints Of Newark မှာ ပါဝင်သရုပ်ဆောင်ခဲ့ပါသေးတယ်။ New Jersey ဖွားဖြစ်တဲ့ မင်းသား လီရောတာ ဟာ Tim Burton ရဲ့ Batman ဇာတ်ကားအတွက် audition ပြုလုပ်ဖို့အခွင့်အရေးကို ငြင်းပယ်ခဲ့သူဖြစ်ပြီး ယင်းအတွက်လည်း နောင်တရမိကြောင်း ၂ဝ၁၆ ခုနှစ်က ထုတ်ဖော်ပြောဆိုခဲ့ပါတယ်။
မကြာသေးမီကမှ Elizabeth Banks ရိုက်ကူးတဲ့ The Cocaine Bear ဇာတ်ကားမှာ ပါဝင်သရုပ်ဆောင်ခဲ့ပါသေး တဲ့ မင်းသားကြီး လီရောတာဟာ အခုဆိုရင်တော့ ဇနီးဟောင်း မီရှီလီ ဂရေ့၊ စေ့စပ်ထားသူ ဂျစီ နစ်တိုလို၊ သမီးဖြစ်သူ ကာဆန်နဲ့ သူချစ်သောအနုပညာကို ချန်ရစ်ခဲ့ကာ တမလွန်ကို ထွက်ခွာသွားပြီပဲ ဖြစ်ပါတယ်။
https://m.facebook.com/story.php?story_fbid=426373452686726&id=100059422245844

Zawgyi Version;
Goodfellas ႐ုပ္ရွင္ၾကယ္ပြင့္ ေရးလီေရာတာ အသက္ ၆၇ ႏွစ္မွာ ကြယ္လြန္
ေရာင္နီ (NP News) - ေမ ၂၇
Goodfellas မင္းသား ေရးလီေရာတာ ဟာ အသက္ ၆၇ ႏွစ္မွာပဲ အိပ္ေပ်ာ္ေနလ်က္ ကြယ္လြန္သြားခဲ့တယ္လို႔ သိရပါတယ္။
လီေရာတာဟာ ဒါ႐ိုက္တာ Martin Scorsese ရဲ႕ ၁၉၉ဝ လူဆိုးဂိုဏ္း Goodfellas ႐ုပ္ရွင္ဇာတ္ကားမွာ လူဆိုးႀကီး ဟန္ရီေဟး အျဖစ္ သ႐ုပ္ေဆာင္ခဲ့ၿပီး Field of Dreams ႐ုပ္ရွင္မွာလည္း ပါဝင္ခဲ့ပါတယ္။ လီေရာတာ ဟာ ၁၉၈၆ ခုႏွစ္က ထြက္ရွိတဲ့ လူမည္းဟာသကား Something Wild မွာ အက်ဥ္းသားေဟာင္း Ray Sinclair အျဖစ္ သ႐ုပ္ ေဆာင္ခဲ့ၿပီး အဆိုပါဇာတ္႐ုပ္နဲ႔ ေ႐ႊကမာၻလုံးအမည္စာရင္းမွာ မွတ္တမ္းတင္ႏိုင္ခဲ့ပါတယ္။
၁၉၉ဝ ခုႏွစ္မ်ားမွာ ၎ဟာ Unlawful Entry၊ Cop Land ၊ Corrina၊ Whoopi Goldberg ၊ Corrina စတဲ့ ႐ုပ္ရွင္မ်ားမွာ ပါဝင္သ႐ုပ္ေဆာင္ခဲ့ပါတယ္။ လီေရာတာဟာ ၿပီးခဲ့တဲ့ႏွစ္က Sopranos prequel ႐ုပ္ရွင္နဲ႔ The Many Saints Of Newark မွာ ပါဝင္သ႐ုပ္ေဆာင္ခဲ့ပါေသးတယ္။ New Jersey ဖြားျဖစ္တဲ့ မင္းသား လီေရာတာ ဟာ Tim Burton ရဲ႕ Batman ဇာတ္ကားအတြက္ audition ျပဳလုပ္ဖို႔အခြင့္အေရးကို ျငင္းပယ္ခဲ့သူျဖစ္ၿပီး ယင္းအတြက္လည္း ေနာင္တရမိေၾကာင္း ၂ဝ၁၆ ခုႏွစ္က ထုတ္ေဖာ္ေျပာဆိုခဲ့ပါတယ္။
မၾကာေသးမီကမွ Elizabeth Banks ႐ိုက္ကူးတဲ့ The Cocaine Bear ဇာတ္ကားမွာ ပါဝင္သ႐ုပ္ေဆာင္ခဲ့ပါေသး တဲ့ မင္းသားႀကီး လီေရာတာဟာ အခုဆိုရင္ေတာ့ ဇနီးေဟာင္း မီရွီလီ ဂေရ႕၊ ေစ့စပ္ထားသူ ဂ်စီ နစ္တိုလို၊ သမီးျဖစ္သူ ကာဆန္နဲ႔ သူခ်စ္ေသာအႏုပညာကို ခ်န္ရစ္ခဲ့ကာ တမလြန္ကို ထြက္ခြာသြားၿပီပဲ ျဖစ္ပါတယ္။
https://m.facebook.com/story.php?story_fbid=426373452686726&id=100059422245844