HYBE က SM Entertainment မှာ ထည့်ဝင်ထားတဲ့ ရှယ်ယာအားလုံးကို Tencent Music ထံ ရောင်းချ

205
ရောင်နီ (NP News) - မေ ၂၈
တောင်ကိုရီးယား အနုပညာ အေဂျင်စီ HYBE က SM Entertainment မှာ ထည့်ဝင်ထားတဲ့ ရှယ်ယာတွေကို Tencent Music ဆီ ဝမ်၂၄၃ ဘီလီယံ (ဒေါ်လာ ၁၇၈ သန်း) နဲ့ ဖြင့် ရောင်းချမယ်လို့ သိရပါတယ်။
မေလ ၂၇ ရက်က Financial Supervisory Service ရဲ့တင်ပြချက်တစ်ခုအရ HYBE ဟာ SM Entertainment မှာ ရှယ်ယာ ၂.၂၁ သန်းခန့် (ခန့်မှန်းခြေ ဝမ် ၂၄၃ ဘီလီယံခန့်) ကို Tencent Music ဆီ ရောင်းမယ်လို့ ဆိုပါတယ်။ အစုရှယ်ယာတစ်ခုကို ဝမ် ၁၁၀,၀၀၀ စျေးနှုန်းနဲ့ လာမယ့် မေလ ၃၀ ရက်နေ့မှာ အရောင်းအဝယ် ပြုလုပ်မယ်လို့ သိရပါတယ်။ ဒါဟာ HYBE အနေနဲ့ ၂၀၂၃ ခုနှစ်ကစ SM Entertainment မှာ စတင်ခဲ့တဲ့ ရင်းနှီးမြှုပ်နှံမှုအားလုံး အဆုံးသတ်သွားပြီပဲဖြစ်ပါတယ်။
SM Entertainment ဟာ Girl Generation, Red Velvet, esapa, Super Junior တို့လို K Pop အကျော်အမော် အဖွဲ့တွေကို ပွဲဦးထွက်စေခဲ့တဲ့ အေဂျင်စီ အကြီးစားတစ်ခုဖြစ်ပေမယ့် ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်း k pop idol တွေက စာချုပ်ထပ်ချုပ်ဆိုခြင်း မရှိတော့ပဲ နှုတ်ထွက်သွားကြတာတွေ ခပ်စိတ်စိတ် တွေ့လာနေရပါတယ်။
Zawgyi Version:
HYBE က SM Entertainment မွာ ထည့္ဝင္ထားတဲ့ ရွယ္ယာအားလုံးကို Tencent Music ထံ ေရာင္းခ်
ေရာင္နီ (NP News) - ေမ ၂၈
ေတာင္ကိုရီးယား အႏုပညာ ေအဂ်င္စီ HYBE က SM Entertainment မွာ ထည့္ဝင္ထားတဲ့ ရွယ္ယာေတြကို Tencent Music ဆီ ဝမ္၂၄၃ ဘီလီယံ (ေဒၚလာ ၁၇၈ သန္း) နဲ႔ ျဖင့္ ေရာင္းခ်မယ္လို႔ သိရပါတယ္။
ေမလ ၂၇ ရက္က Financial Supervisory Service ရဲ႕တင္ျပခ်က္တစ္ခုအရ HYBE ဟာ SM Entertainment မွာ ရွယ္ယာ ၂.၂၁ သန္းခန႔္ (ခန႔္မွန္းေျခ ဝမ္ ၂၄၃ ဘီလီယံခန႔္) ကို Tencent Music ဆီ ေရာင္းမယ္လို႔ ဆိုပါတယ္။ အစုရွယ္ယာတစ္ခုကို ဝမ္ ၁၁၀,၀၀၀ ေစ်းႏႈန္းနဲ႔ လာမယ့္ ေမလ ၃၀ ရက္ေန႔မွာ အေရာင္းအဝယ္ ျပဳလုပ္မယ္လို႔ သိရပါတယ္။ ဒါဟာ HYBE အေနနဲ႔ ၂၀၂၃ ခုႏွစ္ကစ SM Entertainment မွာ စတင္ခဲ့တဲ့ ရင္းႏွီးျမႇဳပ္ႏွံမႈအားလုံး အဆုံးသတ္သြားၿပီပဲျဖစ္ပါတယ္။
SM Entertainment ဟာ Girl Generation, Red Velvet, esapa, Super Junior တို႔လို K Pop အေက်ာ္အေမာ္ အဖြဲ႕ေတြကို ပြဲဦးထြက္ေစခဲ့တဲ့ ေအဂ်င္စီ အႀကီးစားတစ္ခုျဖစ္ေပမယ့္ ၿပီးခဲ့တဲ့ ရက္ပိုင္းအတြင္း k pop idol ေတြက စာခ်ဳပ္ထပ္ခ်ဳပ္ဆိုျခင္း မရွိေတာ့ပဲ ႏႈတ္ထြက္သြားၾကတာေတြ ခပ္စိတ္စိတ္ ေတြ႕လာေနရပါတယ္။