တောင်ကိုရီးယားသရုပ်ဆောင် မင်းသားကြီး ချွဲဂျောင်ဝူ အသက် ၆၉ နှစ်မှာ ကွယ်လွန်

1018

ရောင်နီ (NP News) - မေ ၂၈
တောင်ကိုရီးယားဇာတ်လမ်းတွဲ တော်တော်များများမှာ မြင်တွေ့ရလေ့ရှိတဲ့ မင်းသားကြီး ချွဲဂျောင်ဝူး ဟာ အသက် ၆၉ နှစ် အရွယ်မှာ ကွယ်လွန်သွားပြီ ဖြစ်တယ်လို့ သိရပါတယ်။
သူ့ရဲ့အေဂျင်စီဖြစ်တဲ့ Bless ENT က ဒီသတင်းကို ၂၇ ရက်က အတည်ပြုခဲ့ပြီး 'ဒီနေ့ သူကွယ်လွန်သွားတာမှန်ပါတယ်။ သေဆုံးရတဲ့အကြောင်းရင်းကိုတော့ မသိရသေးပါဘူး" လို့ ဆိုပါတယ်။ အခြားသတင်းရင်းမြစ်တွေအရ မင်းသားကြီးမှာ နာတာရှည် အာရုံကြောရောဂါ ခံစားနေရတယ်လို့ သိရပါတယ်။ ချွဲဂျောင်ဝူး ဟာ ၁၉၇၅ ခုနှစ်မှာ ပြဇာတ်သရုပ်ဆောင်အဖြစ် The Life of an Actor' ပြဇာတ်နဲ့ ပွဲဦးထွက်ခဲ့တာဖြစ်ပြီး သူ့ရဲ့ အနုပညာ သက်တမ်းတစ်လျှောက်မှာ ပရိသတ်ရဲ့ ချစ်ခင်အားပေးမှုကို များစွာ ရရှိခဲ့ပါတယ်။
သရုပ်ဆောင် မင်းသားကြီး ချွဲဂျောင်ဝူးကို 'Two Cops', 'Sympathy for Lady Vengeance', 'Our Town', 'The Chaser', 'Secret Reunion', 'The Witch', 'Ransomed', 'Project Moon'၊ 'Alone in Love’၊ ‘Yeon Gaesomun’၊ ‘Yi San’၊ ‘Brilliant Legacy’၊ ‘Prosecutor Princess’၊ ‘Quiz of God’၊ ‘The Legend of the Blue Sea’၊ ‘Marry Me Now’၊ ‘The Best Divorce’၊ 'Master's Sun' The Tyrant’ နဲ့ 'Mrs. Ock's Story' ဇာတ်ကားတွေနဲ့ လူသိများပါတယ်။

Zawgyi Version:
ေတာင္ကိုရီးယားသ႐ုပ္ေဆာင္ မင္းသားႀကီး ခြၽဲေဂ်ာင္ဝူ အသက္ ၆၉ ႏွစ္မွာ ကြယ္လြန္
ေရာင္နီ (NP News) - ေမ ၂၈
ေတာင္ကိုရီးယားဇာတ္လမ္းတြဲ ေတာ္ေတာ္မ်ားမ်ားမွာ ျမင္ေတြ႕ရေလ့ရွိတဲ့ မင္းသားႀကီး ခြၽဲေဂ်ာင္ဝူး ဟာ အသက္ ၆၉ ႏွစ္ အ႐ြယ္မွာ ကြယ္လြန္သြားၿပီ ျဖစ္တယ္လို႔ သိရပါတယ္။
သူ႔ရဲ႕ေအဂ်င္စီျဖစ္တဲ့ Bless ENT က ဒီသတင္းကို ၂၇ ရက္က အတည္ျပဳခဲ့ၿပီး 'ဒီေန႔ သူကြယ္လြန္သြားတာမွန္ပါတယ္။ ေသဆုံးရတဲ့အေၾကာင္းရင္းကိုေတာ့ မသိရေသးပါဘူး" လို႔ ဆိုပါတယ္။ အျခားသတင္းရင္းျမစ္ေတြအရ မင္းသားႀကီးမွာ နာတာရွည္ အာ႐ုံေၾကာေရာဂါ ခံစားေနရတယ္လို႔ သိရပါတယ္။ ခြၽဲေဂ်ာင္ဝူး ဟာ ၁၉၇၅ ခုႏွစ္မွာ ျပဇာတ္သ႐ုပ္ေဆာင္အျဖစ္ The Life of an Actor' ျပဇာတ္နဲ႔ ပြဲဦးထြက္ခဲ့တာျဖစ္ၿပီး သူ႔ရဲ႕ အႏုပညာ သက္တမ္းတစ္ေလွ်ာက္မွာ ပရိသတ္ရဲ႕ ခ်စ္ခင္အားေပးမႈကို မ်ားစြာ ရရွိခဲ့ပါတယ္။
သ႐ုပ္ေဆာင္ မင္းသားႀကီး ခြၽဲေဂ်ာင္ဝူးကို 'Two Cops', 'Sympathy for Lady Vengeance', 'Our Town', 'The Chaser', 'Secret Reunion', 'The Witch', 'Ransomed', 'Project Moon'၊ 'Alone in Love’၊ ‘Yeon Gaesomun’၊ ‘Yi San’၊ ‘Brilliant Legacy’၊ ‘Prosecutor Princess’၊ ‘Quiz of God’၊ ‘The Legend of the Blue Sea’၊ ‘Marry Me Now’၊ ‘The Best Divorce’၊ 'Master's Sun' The Tyrant’ နဲ႔ 'Mrs. Ock's Story' ဇာတ္ကားေတြနဲ႔ လူသိမ်ားပါတယ္။