Blind date တွေ မသွားဖြစ်တဲ့အကြောင်းရင်း ဖွင့်ဟလာတဲ့ ကင်ဂျောင်ကု

87

ရောင်နီ (NP News) - မေ ၃၁
အဆိုတော်၊ Running Man အဖွဲ့ဝင် ကင်ဂျောင်ကု က Problem Child in House' ရုပ်သံအစီအစဉ်မှာ Blind Date မှန်သမျှ ငြင်းပယ်ခဲ့ရတဲ့အကြောင်းရင်းကို ထုတ်ဖော်ပြောကြားခဲ့ပါတယ်။
KBS 2TV ရဲ့ မေလ ၂၉ ရက်က ထုတ်လွှင့်ခဲ့တဲ့ ရုပ်သံအစီအစဉ် 'Problem Child in House' မှာ ဒီအကြောင်းကိုပြောသွားခဲ့တာဖြစ်ပါတယ်။ အစီအစဉ်မှာ တောင်ကိုရီးယားမင်းသမီး လီမင်ဂျောင်က သူမ ခင်ပွန်းရဲ့သူငယ်ချင်းဖြစ်တဲ့ ကင်ဂျောင်ကု ကို blind date လုပ်ပေးဖို့ ကြိုးစားခဲ့ဖူးပေမယ့် ကင်ဂျောင်ကု ကတော့ နှစ်ကြိမ်စလုံး ငြင်းပယ်ခဲ့တယ်လို့ ဆိုပါတယ်။ ဒီအကြောင်းနဲ့ပတ်သက်ပြီး ကင်ဂျောင်ကု က "Blind date တွေက ကျွန်တော်ကို စိတ်မသက်မသာဖြစ်စေတယ်” လူနှစ်ယောက် သဘာဝကျကျ တွေ့ဆုံရတာကို ပိုနှစ်သက်ပါတယ်လို့ ဆိုပါတယ်။
ဒါပေမယ့် လီမင်ဂျောင်က "သူက သဘာဝအတိုင်း တွေ့ဆုံရတာကို နှစ်သက်တယ်လို့ပြောတဲ့အတွက် သဘာဝအတိုင်း တွေ့ဆုံစေဖို့ ကြိုးစားပေးခဲ့ပေမယ့်လည်း အဆင်မပြေခဲ့ပါဘူး" လို့ ရယ်မောလျက် ပြောကြားခဲ့ပါ တယ်။
ကင်ဂျောင်ကုဟာ တောင်ကိုရီးယား အဆိုတော်တစ်ယောက် ဖြစ်သလို Running Man မှာလည်း ပရိသတ် ချစ်ခင်အားပေးမှု အများဆုံး အဖွဲ့ဝင်တွေထဲက တစ်ယောက်ဖြစ်ပါတယ်။

Zawgyi Version:
Blind date ေတြ မသြားျဖစ္တဲ့အေၾကာင္းရင္း ဖြင့္ဟလာတဲ့ ကင္ေဂ်ာင္ကု
ေရာင္နီ (NP News) - ေမ ၃၁
အဆိုေတာ္၊ Running Man အဖြဲ႕ဝင္ ကင္ေဂ်ာင္ကု က Problem Child in House' ႐ုပ္သံအစီအစဥ္မွာ Blind Date မွန္သမွ် ျငင္းပယ္ခဲ့ရတဲ့အေၾကာင္းရင္းကို ထုတ္ေဖာ္ေျပာၾကားခဲ့ပါတယ္။
KBS 2TV ရဲ႕ ေမလ ၂၉ ရက္က ထုတ္လႊင့္ခဲ့တဲ့ ႐ုပ္သံအစီအစဥ္ 'Problem Child in House' မွာ ဒီအေၾကာင္းကိုေျပာသြားခဲ့တာျဖစ္ပါတယ္။ အစီအစဥ္မွာ ေတာင္ကိုရီးယားမင္းသမီး လီမင္ေဂ်ာင္က သူမ ခင္ပြန္းရဲ႕သူငယ္ခ်င္းျဖစ္တဲ့ ကင္ေဂ်ာင္ကု ကို blind date လုပ္ေပးဖို႔ ႀကိဳးစားခဲ့ဖူးေပမယ့္ ကင္ေဂ်ာင္ကု ကေတာ့ ႏွစ္ႀကိမ္စလုံး ျငင္းပယ္ခဲ့တယ္လို႔ ဆိုပါတယ္။ ဒီအေၾကာင္းနဲ႔ပတ္သက္ၿပီး ကင္ေဂ်ာင္ကု က "Blind date ေတြက ကြၽန္ေတာ္ကို စိတ္မသက္မသာျဖစ္ေစတယ္” လူႏွစ္ေယာက္ သဘာဝက်က် ေတြ႕ဆုံရတာကို ပိုႏွစ္သက္ပါတယ္လို႔ ဆိုပါတယ္။
ဒါေပမယ့္ လီမင္ေဂ်ာင္က "သူက သဘာဝအတိုင္း ေတြ႕ဆုံရတာကို ႏွစ္သက္တယ္လို႔ေျပာတဲ့အတြက္ သဘာဝအတိုင္း ေတြ႕ဆုံေစဖို႔ ႀကိဳးစားေပးခဲ့ေပမယ့္လည္း အဆင္မေျပခဲ့ပါဘူး" လို႔ ရယ္ေမာလ်က္ ေျပာၾကားခဲ့ပါ တယ္။
ကင္ေဂ်ာင္ကုဟာ ေတာင္ကိုရီးယား အဆိုေတာ္တစ္ေယာက္ ျဖစ္သလို Running Man မွာလည္း ပရိသတ္ ခ်စ္ခင္အားေပးမႈ အမ်ားဆုံး အဖြဲ႕ဝင္ေတြထဲက တစ္ေယာက္ျဖစ္ပါတယ္။