အမေရိကန်နဲ့ ထိုင်ဝမ်တပ်ဖွဲ့များ ပူးပေါင်းဆောင်ရွက်မှုကို ပိုမိုလုပ်ဆောင်မယ်လို့ ထိုင်ဝမ်သမ္မတပြောကြား

769

ဂျန်ဇက် (NP News) - ဇွန် ၁
အမေရိကန်အစိုးရဟာ ထိုင်ဝမ်တပ်ဖွဲ့များနဲ့ ပူးပေါင်းဆောင်ရွက်မှုများကို တက်ကြွစွာ စီစဉ်ဆောင်ရွက်လျက်ရှိ နေကြောင်း ထိုင်ဝမ်သမ္မတ က ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။
ထိုင်ဝမ်သမ္မတဆိုင်အင်ဝမ် က အမေရိကန်နဲ့ပူးပေါင်းဆောင်ရွက်မှုအသေးစိတ်အခြေအနေများကို ထုတ်ဖော် ပြောဆိုခဲ့တာမျိုး မရှိဘူးလို့ သိရပါတယ်။
ပြီးခဲ့တဲ့ရက်ပိုင်းက ထိုင်ဝမ်သမ္မတဟာ အမေရိကန်အထက်လွှတ်တော်အမတ် ဒက်ဝက်ချ်နဲ့ တွေ့ဆုံဆွေးနွေးချိန် အတွင်း အခုလိုမျိုးပြောခဲ့တာပါ။
ထိုင်ဝမ်သမ္မတက ထိုင်ဝမ်နဲ့အမေရိကန်တို့ဟာ လုံခြုံရေးနဲ့ပတ်သက်ပြီး ပိုမိုပူးပေါင်းဆောင်ရွက်သွားဖို့ ဆန္ဒရှိ ကြောင်းတယ်လို့လည်း ပြောဆိုပါတယ်။ ထိုင်ဝမ်သမ္မတက "အမေရိကန်ကာကွယ်ရေးဝန်ကြီးဌာနဟာ အမေရိကန်လုံခြုံရေးတပ်ဖွဲ့နဲ့ ထိုင်ဝမ်ကာကွယ်ရေးတပ်ဖွဲ့များကြား ပူးပေါင်းဆောင်ရွက်မှုများကို တက်ကြွစွာ လုပ်ဆောင်နေတယ်" လို့ပြောပါတယ်။
တရုတ်နိုင်ငံဟာ ဒီနှစ်အတွင်း လေကြောင်းကာကွယ်ရေးဇုန်အတွင်း မကြာခဏ ချိုးဖောက်ဝင်ရောက်ခဲ့ရာ ပြီးခဲ့တဲ့ရက်ပိုင်းမှာ တရုတ်စစ်လေယာဉ်အစင်းရေ ၃ဝ ကျော် ကျူးကျော်ဝင်ရောက်ခဲ့တယ်လို့ ထိုင်ဝမ်ကာကွယ် ရေးဝန်ကြီးဌာနက ဆိုပါတယ်။ ထိုင်ဝမ်ဟာ မေလ ၃ဝ ရက်နေ့မှာ ထိုင်ဝမ်လေကြောင်းပိုင်နက်အတွင်း ဝင်ရောက်ခဲ့တာနဲ့ပတ်သက်ပြီး တစ်စုံတစ်ရာထုတ်ဖော်ပြောဆိုတာမျိုး မရှိသေးဘူးလို့လည်း သိရပါတယ်။
တရုတ်နိုင်ငံက ထိုင်ဝမ်ဟာ တရုတ်နိုင်ငံရဲ့အစိတ်အပိုင်းဖြစ်တယ်လို့ ပြောဆိုထားပြီး၊ ထိုင်ဝမ်က ကိုယ်ပိုင်လွတ် လပ်ရေးရယူဖို့ကြိုးပမ်းနေရာ ထိုင်ဝမ်နဲ့ တရုတ်နိုင်ငံကြားတင်းမာမှုများဖြစ်နေခဲ့ပါတယ်။ ထိုင်ဝမ်ရဲ့ လေကြောင်း ပိုင်နက်များကို တိုက်လေယာဉ်များ ကျူးကျော်ဝင်ရောက်ချိန်တိုင်း တရုတ်အစိုးရက နိုင်ငံရဲ့အချုပ်အခြာ အာဏာကိုကာကွယ်ဖို့ရည်ရွယ်ပြီး စစ်ရေးလေ့ကျင့်တာဖြစ်ကြောင်း ပြောခဲ့ဖူးပါတယ်။
https://www.rt.com/news/556384-taiwan-us-cooperation-china/

Zawgyi Version;
ဂျန်ဇက် (NP News) - ဇွန် ၁
ပြီးခဲ့တဲ့ရက်ပိုင်းက ထိုင်ဝမ်သမ္မတဟာ အမေရိကန်အထက်လွှတ်တော်အမတ် ဒက်ဝက်ခ်ျနဲ့ တွေ့ဆုံဆွေးနွေးချိန် အတွင်း အခုလိုမျိုးပြောခဲ့တာပါ။