ဖိလစ်ပိုင် ဘူလူဆန် မီးတောင်ပေါက်ကွဲမှုဖြစ်ပွား

2188

ရောင်နီ (NP News) - ဇွန် ၅
ဖိလစ်ပိုင်နိုင်ငံ အရှေ့ပိုင်းရှိ ဘူလူဆန်မီးတောင်ဟာ ဇွန်လ (၅) ရက်နေ့မှာ တိမ်မည်းကြီးတစ်ခုကဲ့သို့ မီးခိုးငွေ့ များလွင့်ထွက်ခဲ့ပြီး ပေါက်ကွဲခဲ့တာကြောင့် နီးစပ်ရာမြို့များမှ နေထိုင်သူတွေကို ဘေးလွတ်ရာသို့ ရွှေ့ပြောင်းခဲ့ရ ကြောင်း အာဏာပိုင်တွေက ပြောကြားခဲ့ပါတယ်။
နောက်ထပ် ပေါက်ကွဲမှုတွေ ဖြစ်လာနိုင်သေးကြောင်း အာဏာပိုင်များက သတိပေးထားတယ်လို့ သိရပါတယ်။
ဆောဆိုဂုန်ပြည်နယ် ကျေးလက်ဒေသရှိ ဘူလူဆန် မီးတောင်ပေါက်ကွဲမှုဟာ ၁၇ မိနစ်ခန့်ကြာမြင့်ခဲ့ပြီး မီးခိုးရောင်အမှုန်အမွှားများ ပစ်လွှတ်ခဲ့ကြောင်း ဖိလစ်ပိုင်မီးတောင်နဲ့ ငလျင်ဗေဒအင်စတီကျူ့ က ပြောကြားပါ တယ်။
တုံ့ပြန်မှုအနေနဲ့ အာဏာပိုင်တွေဟာ "အဆင့်နိမ့် မငြိမ်မသက်မှု" ကို ဖော်ပြတဲ့ အဆင့်ငါးဆင့်စနစ်နဲ့ သတိပေး ချက်ထုတ်ပြန်ခဲ့ပါတယ်။ “ဘူလူဆန်မီးတောင်ပေါက်ကွဲတာဟာ မီးတောင်ဝအောက်က ပွက်ပွက်ဆူနေတဲ့ ရေပူ တွေကြောင့် ပေါက်ကွဲတာပါ” လို့ အင်စတီကျူ့အကြီးအကဲ ရီနာတိုဆိုလီဒန် က ပြောကြားခဲ့ပါတယ်။
မြို့တော်မနီလာ တောင်ဘက် ကီလိုမီတာ ၅ဝဝ ခန့်အကွာရှိ ဆောဆိုဂွန်ရှိ မြို့နှစ်မြို့ကို မီတောင်ပြာများ ကျရောက်ခဲ့ကာ ထိခိုက်ဒဏ်ရာရရှိမှုကတော့ ချက်ခြင်းသတင်းထုတ်ပြန်ခဲ့တာမျိုး မရှိသေးဘူးလို့ သိရပါတယ်။ ဂျူဘန်မြို့ရှိ ကျေးရွာနှစ်ရွာကို မီးခိုးပြာများ မြင်နိုင်စွမ်း ကျဆင်းရလောက်အောင် ကျရောက်ခဲ့ပြီး ဧရိယာ ရှင်းလင်းဖို့အတွက် မီးသတ်ကားတစ်စီးချထားခဲ့ကြောင်း သဘာဝဘေးအန္တရာယ်ရုံးမှ ဝန်ထမ်းတစ်ဦးက ပြော ကြားခဲ့ပါတယ်။
မီးတောင်ပေါက်ကွဲမှုကြောင့် လေယာဉ်ပျံသန်းမှုလမ်းကြောင်း ထိခိုက်မှုမရှိသေးပေမယ့်လည်း မနီလာလေဆိပ် အာဏာပိုင်က လေယာဉ်မှူးတွေကို အဆိုပါဧရိယာနဲ့ပတ်သက်ပြီး သတိပေးထားတယ်လို့ ဆိုပါတယ်။
မီးတောင်ပတ်လည် ၄ ကီလိုမီတာ အကွာအဝေးသို့ အသွားအလာတွေ တားမြစ်ထားပြီး အနီးရှိ နေထိုင်သူများကို "ရုတ်တရက်အန္တရာယ်ရှိတဲ့ ပေါက်ကွဲနိုင်ခြေများတာကြောင့် သတိထားကြဖို့" ညွှန်ကြားထားပါတယ်။ ချိုင့်ဝှမ်း တွေနဲ့ မြစ်တွေအနီးရှိ ဒေသခံများကိုလည်း မိုးသည်းထန်စွာရွာသွန်းပါက ရွှံ့နဲ့ ချောင်းများ ရေစီးဆင်းမှု သတိရှိဖို့ ညွှန်ကြားထားတယ်လို့ သိရပါတယ်။
ဘူလူဆန်မီးတောင်ဟာ မကြာသေးမီနှစ်များအတွင်း လှုပ်လှုပ်ရှားရှားဖြစ်ခဲ့ပြီး ၂ဝ၁၆ နဲ့ ၂ဝ၁၇ ခုနှစ်တွေကလည်း အလားတူ ပေါက်ကွဲမှုတွေ ရှိခဲ့ပါတယ်။
https://www.facebook.com/129011692114/posts/10158558549212115/

Zawgyi Version;
ဖိလစ္ပိုင္ ဘူလူဆန္ မီးေတာင္ေပါက္ကြဲမႈျဖစ္ပြား
ေရာင္နီ (NP News) - ဇြန္ ၅
ဖိလစ္ပိုင္ႏိုင္ငံ အေရွ႕ပိုင္းရွိ ဘူလူဆန္မီးေတာင္ဟာ ဇြန္လ (၅) ရက္ေန႔မွာ တိမ္မည္းႀကီးတစ္ခုကဲ့သို႔ မီးခိုးေငြ႕ မ်ားလြင့္ထြက္ခဲ့ၿပီး ေပါက္ကြဲခဲ့တာေၾကာင့္ နီးစပ္ရာၿမိဳ႕မ်ားမွ ေနထိုင္သူေတြကို ေဘးလြတ္ရာသို႔ ေ႐ႊ႕ေျပာင္းခဲ့ရ ေၾကာင္း အာဏာပိုင္ေတြက ေျပာၾကားခဲ့ပါတယ္။
ေနာက္ထပ္ ေပါက္ကြဲမႈေတြ ျဖစ္လာႏိုင္ေသးေၾကာင္း အာဏာပိုင္မ်ားက သတိေပးထားတယ္လို႔ သိရပါတယ္။
ေဆာဆိုဂုန္ျပည္နယ္ ေက်းလက္ေဒသရွိ ဘူလူဆန္ မီးေတာင္ေပါက္ကြဲမႈဟာ ၁၇ မိနစ္ခန႔္ၾကာျမင့္ခဲ့ၿပီး မီးခိုးေရာင္အမႈန္အမႊားမ်ား ပစ္လႊတ္ခဲ့ေၾကာင္း ဖိလစ္ပိုင္မီးေတာင္နဲ႔ ငလ်င္ေဗဒအင္စတီက်ဴ႕ က ေျပာၾကားပါ တယ္။
တုံ႔ျပန္မႈအေနနဲ႔ အာဏာပိုင္ေတြဟာ "အဆင့္နိမ့္ မၿငိမ္မသက္မႈ" ကို ေဖာ္ျပတဲ့ အဆင့္ငါးဆင့္စနစ္နဲ႔ သတိေပး ခ်က္ထုတ္ျပန္ခဲ့ပါတယ္။ “ဘူလူဆန္မီးေတာင္ေပါက္ကြဲတာဟာ မီးေတာင္ဝေအာက္က ပြက္ပြက္ဆူေနတဲ့ ေရပူ ေတြေၾကာင့္ ေပါက္ကြဲတာပါ” လို႔ အင္စတီက်ဴ႕အႀကီးအကဲ ရီနာတိုဆိုလီဒန္ က ေျပာၾကားခဲ့ပါတယ္။
ၿမိဳ႕ေတာ္မနီလာ ေတာင္ဘက္ ကီလိုမီတာ ၅ဝဝ ခန႔္အကြာရွိ ေဆာဆိုဂြန္ရွိ ၿမိဳ႕ႏွစ္ၿမိဳ႕ကို မီေတာင္ျပာမ်ား က်ေရာက္ခဲ့ကာ ထိခိုက္ဒဏ္ရာရရွိမႈကေတာ့ ခ်က္ျခင္းသတင္းထုတ္ျပန္ခဲ့တာမ်ိဳး မရွိေသးဘူးလို႔ သိရပါတယ္။ ဂ်ဴဘန္ၿမိဳ႕ရွိ ေက်း႐ြာႏွစ္႐ြာကို မီးခိုးျပာမ်ား ျမင္ႏိုင္စြမ္း က်ဆင္းရေလာက္ေအာင္ က်ေရာက္ခဲ့ၿပီး ဧရိယာ ရွင္းလင္းဖို႔အတြက္ မီးသတ္ကားတစ္စီးခ်ထားခဲ့ေၾကာင္း သဘာဝေဘးအႏၲရာယ္႐ုံးမွ ဝန္ထမ္းတစ္ဦးက ေျပာ ၾကားခဲ့ပါတယ္။
မီးေတာင္ေပါက္ကြဲမႈေၾကာင့္ ေလယာဥ္ပ်ံသန္းမႈလမ္းေၾကာင္း ထိခိုက္မႈမရွိေသးေပမယ့္လည္း မနီလာေလဆိပ္ အာဏာပိုင္က ေလယာဥ္မႉးေတြကို အဆိုပါဧရိယာနဲ႔ပတ္သက္ၿပီး သတိေပးထားတယ္လို႔ ဆိုပါတယ္။
မီးေတာင္ပတ္လည္ ၄ ကီလိုမီတာ အကြာအေဝးသို႔ အသြားအလာေတြ တားျမစ္ထားၿပီး အနီးရွိ ေနထိုင္သူမ်ားကို "႐ုတ္တရက္အႏၲရာယ္ရွိတဲ့ ေပါက္ကြဲႏိုင္ေျခမ်ားတာေၾကာင့္ သတိထားၾကဖို႔" ၫႊန္ၾကားထားပါတယ္။ ခ်ိဳင့္ဝွမ္း ေတြနဲ႔ ျမစ္ေတြအနီးရွိ ေဒသခံမ်ားကိုလည္း မိုးသည္းထန္စြာ႐ြာသြန္းပါက ႐ႊံ႕နဲ႔ ေခ်ာင္းမ်ား ေရစီးဆင္းမႈ သတိရွိဖို႔ ၫႊန္ၾကားထားတယ္လို႔ သိရပါတယ္။
ဘူလူဆန္မီးေတာင္ဟာ မၾကာေသးမီႏွစ္မ်ားအတြင္း လႈပ္လႈပ္ရွားရွားျဖစ္ခဲ့ၿပီး ၂ဝ၁၆ နဲ႔ ၂ဝ၁၇ ခုႏွစ္ေတြကလည္း အလားတူ ေပါက္ကြဲမႈေတြ ရွိခဲ့ပါတယ္။
https://www.facebook.com/129011692114/posts/10158558549212115/