လှိုင်သာယာမြို့နယ်အတွင်း ဗုံးပေါက်ကွဲမှု (၂)ကြိမ်ဖြစ်ပွားခဲ့ရာ လူ (၃)ဦးထိခိုက်ဒဏ်ရာရရှိ

1147

NP News - ဇွန် ၇
ရန်ကုန်တိုင်း၊ လှိုင်သာယာမြို့နယ်အတွင်း ယနေ့ (ဇွန်လ ၇ ရက်)နံနက်အစောပိုင်းက ဗုံးပေါက်ကွဲမှုနှစ်ကြိမ်ဖြစ်ပွားခဲ့ရာ လူသုံးဦးလည်း ထိခိုက်ဒဏ်ရာများရရှိခဲ့ကြောင်း သတင်းရရှိသည်။
ဗုံပေါက်ကွဲမှုသည် လှိုင်သာယာမြို့နယ်၊ အမှတ်(၅)ရပ်ကွက်၊ နဝရတ်လမ်းတွင် ပေါက်ကွဲခဲ့ခြင်းဖြစ်ကြောင်း ၎င်းလမ်းအတွင်းနေထိုင်သော သတင်းအရင်းအမြစ်တစ်ဦးက NP News ကိုပြောသည်။
ယနေ့ နံနက် ၆ နာရီအချိန်တွင် နဝရတ်လမ်းအတွင်း ပထမအကြိမ်ဗုံးပေါက်ကွဲမှုဖြစ်ပွားခဲ့ပြီး ထိုသို့ပေါက်ကွဲမှုကြောင့် လမ်းသွားလမ်းလာအ မျိုးသားတစ်ဦးမှာ ထိခိုက်ဒဏ်ရာများရရှိခဲ့ကြောင်း အဆိုပါသတင်းအ ရင်းအမြစ်က ဆိုသည်။
ပထမအကြိမ်ဗုံးပေါက်ကွဲမှုဖြစ်စဉ်အပြီးတွင် ၎င်းဖြစ်စဉ်အား သက်ဆိုင် ရာလုံခြုံရေးတပ်ဖွဲ့ဝင်များက လာရောက်စစ်ဆေးနေစဉ်အချိန် အမှိုက်ပုံအတွင်းမှ ၇ နာရီအချိန်ခန့်တွင် နောက်ထပ်ဗုံးတစ်လုံးထပ်မံပေါက်ကွဲခဲ့ကြောင်း သိရသည်။
ဒုတိယအကြိမ်ဗုံးပေါက်ကွဲတွင် နဝရတ်လမ်းအတွင်းနေထိုင်သော အမျိုး သမီးနှစ်ဦး ထိခိုက်ပေါက်ပြဲဒဏ်ရာများရရှိခဲ့ကြောင်း ၎င်းက ဆက်လက်ပြောသည်။
ဗုံးပေါက်ကွဲမှုကြောင့် ထိခိုက်ဒဏ်ရာရရှိခဲ့သူ (၃)ဦးကို လှိုင်သာယာမြို့ နယ် ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ကုသပေးနေကြောင်းသိရသည်။
https://npnewsmm.com/news/629f0bfe6a80520113217033

zawgyi version
လႈိင္သာယာၿမိဳ႕နယ္အတြင္း ဗုံးေပါက္ကြဲမႈ (၂)ႀကိမ္ျဖစ္ပြားခဲ့ရာ လူ (၃)ဦးထိခိုက္ဒဏ္ရာရရွိ
NP News - ဇြန္ ၇
ရန္ကုန္တိုင္း၊ လႈိင္သာယာၿမိဳ႕နယ္အတြင္း ယေန႔ (ဇြန္လ ၇ ရက္)နံနက္အေစာပိုင္းက ဗုံးေပါက္ကြဲမႈႏွစ္ႀကိမ္ျဖစ္ပြားခဲ့ရာ လူသုံးဦးလည္း ထိခိုက္ဒဏ္ရာမ်ားရရွိခဲ့ေၾကာင္း သတင္းရရွိသည္။
ဗုံေပါက္ကြဲမႈသည္ လႈိင္သာယာၿမိဳ႕နယ္၊ အမွတ္(၅)ရပ္ကြက္၊ နဝရတ္လမ္းတြင္ ေပါက္ကြဲခဲ့ျခင္းျဖစ္ေၾကာင္း ၎လမ္းအတြင္းေနထိုင္ေသာ သတင္းအရင္းအျမစ္တစ္ဦးက NP News ကိုေျပာသည္။
ယေန႔ နံနက္ ၆ နာရီအခ်ိန္တြင္ နဝရတ္လမ္းအတြင္း ပထမအႀကိမ္ဗုံးေပါက္ကြဲမႈျဖစ္ပြားခဲ့ၿပီး ထိုသို႔ေပါက္ကြဲမႈေၾကာင့္ လမ္းသြားလမ္းလာအ မ်ိဳးသားတစ္ဦးမွာ ထိခိုက္ဒဏ္ရာမ်ားရရွိခဲ့ေၾကာင္း အဆိုပါသတင္းအ ရင္းအျမစ္က ဆိုသည္။
ပထမအႀကိမ္ဗုံးေပါက္ကြဲမႈျဖစ္စဥ္အၿပီးတြင္ ၎ျဖစ္စဥ္အား သက္ဆိုင္ ရာလုံၿခဳံေရးတပ္ဖြဲ႕ဝင္မ်ားက လာေရာက္စစ္ေဆးေနစဥ္အခ်ိန္ အမႈိက္ပုံအတြင္းမွ ၇ နာရီအခ်ိန္ခန႔္တြင္ ေနာက္ထပ္ဗုံးတစ္လုံးထပ္မံေပါက္ကြဲခဲ့ေၾကာင္း သိရသည္။
ဒုတိယအႀကိမ္ဗုံးေပါက္ကြဲတြင္ နဝရတ္လမ္းအတြင္းေနထိုင္ေသာ အမ်ိဳး သမီးႏွစ္ဦး ထိခိုက္ေပါက္ၿပဲဒဏ္ရာမ်ားရရွိခဲ့ေၾကာင္း ၎က ဆက္လက္ေျပာသည္။
ဗုံးေပါက္ကြဲမႈေၾကာင့္ ထိခိုက္ဒဏ္ရာရရွိခဲ့သူ (၃)ဦးကို လႈိင္သာယာၿမိဳ႕ နယ္ ျပည္သူ႔ေဆး႐ုံသို႔ ပို႔ေဆာင္ကုသေပးေနေၾကာင္းသိရသည္။
https://npnewsmm.com/news/629f0bfe6a80520113217033