တစ်လအတွင်း မြန်မာအလုပ်သမား ၃ဝဝဝ နီးပါး MoU စနစ်ဖြင့် ထိုင်းနိုင်ငံသို့ သွားရောက်အလုပ်လုပ်ကိုင်

844

မျိုးကြီး (NP News) ဇွန် ၁၃
တစ်လအတွင်း မြန်မာအလုပ်သမား ၃ဝဝဝ နီးပါးသည် MoU စနစ်ဖြင့် ထိုင်းနိုင်ငံသို့ သွားရောက်အလုပ်လုပ် ကိုင်နေကြောင်း ထိုင်းနိုင်ငံဆိုင်ရာမြန်မာအလုပ်သမားသံအရာရှိရုံး၏ သတင်းအချက်အလက်များအရ သိရ သည်။
တစ်ကမ္ဘာလုံးတွင် ကိုဗစ်ကပ်ရောဂါဖြစ်ပွားမှုကြောင့် ၂ဝ၂ဝ ပြည့်နှစ်အတွင်း ထိုင်းနိုင်ငံမှ အလုပ်သမားခေါ်ယူမှု ကို ရပ်ဆိုင်းခဲ့ခြင်းဖြစ်သည်။
၎င်းနောက်ပိုင်းတွင် မြန်မာနိုင်ငံအနေဖြင့် ထိုင်းနိုင်ငံသို့ MoU စနစ်ဖြင့် မြန်မာအလုပ်သမားများကို ပြီးခဲ့သော မေလ ၁ဝ ရက်နေ့မှစ၍ ပြန်လည်စေလွှတ်နိုင်ခဲ့ခြင်းဖြစ်သည်။
၂ဝ၂၂ ခုနှစ် မေလ ၁ဝ ရက်နေ့မှစ၍ ဇွန်လ ၄ ရက်နေအထိ မြန်မာအလုပ်သမား ၂၇၃၂ ဦး ထိုင်းနိုင်ငံသို့ သွားရောက်အလုပ်လုပ်ကိုင်ခဲ့ကြောင်း အချက်အလက်များအရ သိရသည်။
“ထိုင်းဘက်ကိုတော့ တောက်လျှောက်သွားနေတယ်။ ရန်ကုန်-မြဝတီ-မဲဆောက်ကနေ ကားနဲ့ အများဆုံး အလုပ်သမားတွေကို စေလွှတ်နေတယ်။ နောက်တစ်ခါ ရန်ကုန်-ကော့သောင်းလေယာဉ်၊ နောက်တစ်ခါ ကော့သောင်း-ရနောင်း ရေယာဉ်တို့နဲ့သွားတာလည်း ရှိနေတယ်။ အဲဒီပိုင်းက နည်းနည်းတော့ နည်းတယ်။ တောက်လျှောက်လွှတ်နေပါတယ်ဗျ။ ထိုင်းနဲ့ကတော့ MoU လုပ်သားကတော့ လောလောဆယ် ပွင့်ပွင့်လင်း လင်းပြောရရင် လမ်းကြောင်းလုံခြုံရေးလည်းကောင်းနေတဲ့အတွက် တောက်လျှောက်သွားနေတာဖြစ်ပါတယ်” ဟု အလုပ်သမားဝန်ကြီးဌာနမှ အမြဲတမ်းအတွင်းဝန်ဦးညွှန့်ဝင်းက ပြောသည်။
ထို့အတူ ပြီးခဲ့သောလများအတွင်း ထိုင်းနိုင်ငံတွင် အလုပ်လုပ်ကိုင်ရန် ပွဲစားဖြင့် တရားမဝင်သွားရောက်ခဲ့သော မြန်မာနိုင်ငံသားများအနေဖြင့် ထိုင်းနယ်စပ်တို့တွင် ဖမ်းဆီးခံခဲ့ရသော ဖြစ်စဉ်အများအပြားရှိခဲ့သည်။
ထိုသို့ တရားမဝင်သွားရောက်လုပ်ကိုင်းခြင်း မပြုလုပ်ကြရန် သတိပေးတားမြစ်ထားဖြစ်ပြီး ဖမ်းဆီးခံရမှုများရှိပါက အကူအညီပေးနိုင်ရန်ခက်ခဲကြောင်း အလုပ်သမားဝန်ကြီးဌာနက ဆိုထားသည်။
ထိုင်းနိုင်ငံသို့ မြန်မာအလုပ်သမားများ MoU စနစ်ဖြင့် တရားဝင်ပို့ဆောင်စေလွှတ်ပေးသော အေဂျင်စီများ အနေဖြင့် ယခင်က အလုပ်သမားတစ်ဦးလျှင် ဝန်ဆောင်ခ ငွေကျပ် တစ်သိန်းခွဲသာ ယူခဲ့သော်လည်း လက်ရှိတွင် ဝန်ဆောင်ခငွေကျပ် သုံးသိန်း ပေးရကြောင်းသိရသည်။
https://npnewsmm.com/news/62a70cacb9fcdf60337b5cd7

Zawgyi Version;
တစ္လအတြင္း ျမန္မာအလုပ္သမား ၃ဝဝဝ နီးပါး MoU စနစ္ျဖင့္ ထိုင္းႏိုင္ငံသို႔ သြားေရာက္အလုပ္လုပ္ကိုင္
မ်ိဳးႀကီး (NP News) ဇြန္ ၁၃
တစ္လအတြင္း ျမန္မာအလုပ္သမား ၃ဝဝဝ နီးပါးသည္ MoU စနစ္ျဖင့္ ထိုင္းႏိုင္ငံသို႔ သြားေရာက္အလုပ္လုပ္ ကိုင္ေနေၾကာင္း ထိုင္းႏိုင္ငံဆိုင္ရာျမန္မာအလုပ္သမားသံအရာရွိ႐ုံး၏ သတင္းအခ်က္အလက္မ်ားအရ သိရ သည္။
တစ္ကမာၻလုံးတြင္ ကိုဗစ္ကပ္ေရာဂါျဖစ္ပြားမႈေၾကာင့္ ၂ဝ၂ဝ ျပည့္ႏွစ္အတြင္း ထိုင္းႏိုင္ငံမွ အလုပ္သမားေခၚယူမႈ ကို ရပ္ဆိုင္းခဲ့ျခင္းျဖစ္သည္။
၎ေနာက္ပိုင္းတြင္ ျမန္မာႏိုင္ငံအေနျဖင့္ ထိုင္းႏိုင္ငံသို႔ MoU စနစ္ျဖင့္ ျမန္မာအလုပ္သမားမ်ားကို ၿပီးခဲ့ေသာ ေမလ ၁ဝ ရက္ေန႔မွစ၍ ျပန္လည္ေစလႊတ္ႏိုင္ခဲ့ျခင္းျဖစ္သည္။
၂ဝ၂၂ ခုႏွစ္ ေမလ ၁ဝ ရက္ေန႔မွစ၍ ဇြန္လ ၄ ရက္ေနအထိ ျမန္မာအလုပ္သမား ၂၇၃၂ ဦး ထိုင္းႏိုင္ငံသို႔ သြားေရာက္အလုပ္လုပ္ကိုင္ခဲ့ေၾကာင္း အခ်က္အလက္မ်ားအရ သိရသည္။
“ထိုင္းဘက္ကိုေတာ့ ေတာက္ေလွ်ာက္သြားေနတယ္။ ရန္ကုန္-ျမဝတီ-မဲေဆာက္ကေန ကားနဲ႔ အမ်ားဆုံး အလုပ္သမားေတြကို ေစလႊတ္ေနတယ္။ ေနာက္တစ္ခါ ရန္ကုန္-ေကာ့ေသာင္းေလယာဥ္၊ ေနာက္တစ္ခါ ေကာ့ေသာင္း-ရေနာင္း ေရယာဥ္တို႔နဲ႔သြားတာလည္း ရွိေနတယ္။ အဲဒီပိုင္းက နည္းနည္းေတာ့ နည္းတယ္။ ေတာက္ေလွ်ာက္လႊတ္ေနပါတယ္ဗ်။ ထိုင္းနဲ႔ကေတာ့ MoU လုပ္သားကေတာ့ ေလာေလာဆယ္ ပြင့္ပြင့္လင္း လင္းေျပာရရင္ လမ္းေၾကာင္းလုံၿခဳံေရးလည္းေကာင္းေနတဲ့အတြက္ ေတာက္ေလွ်ာက္သြားေနတာျဖစ္ပါတယ္” ဟု အလုပ္သမားဝန္ႀကီးဌာနမွ အၿမဲတမ္းအတြင္းဝန္ဦးၫႊန႔္ဝင္းက ေျပာသည္။
ထို႔အတူ ၿပီးခဲ့ေသာလမ်ားအတြင္း ထိုင္းႏိုင္ငံတြင္ အလုပ္လုပ္ကိုင္ရန္ ပြဲစားျဖင့္ တရားမဝင္သြားေရာက္ခဲ့ေသာ ျမန္မာႏိုင္ငံသားမ်ားအေနျဖင့္ ထိုင္းနယ္စပ္တို႔တြင္ ဖမ္းဆီးခံခဲ့ရေသာ ျဖစ္စဥ္အမ်ားအျပားရွိခဲ့သည္။
ထိုသို႔ တရားမဝင္သြားေရာက္လုပ္ကိုင္းျခင္း မျပဳလုပ္ၾကရန္ သတိေပးတားျမစ္ထားျဖစ္ၿပီး ဖမ္းဆီးခံရမႈမ်ားရွိပါက အကူအညီေပးႏိုင္ရန္ခက္ခဲေၾကာင္း အလုပ္သမားဝန္ႀကီးဌာနက ဆိုထားသည္။
ထိုင္းႏိုင္ငံသို႔ ျမန္မာအလုပ္သမားမ်ား MoU စနစ္ျဖင့္ တရားဝင္ပို႔ေဆာင္ေစလႊတ္ေပးေသာ ေအဂ်င္စီမ်ား အေနျဖင့္ ယခင္က အလုပ္သမားတစ္ဦးလွ်င္ ဝန္ေဆာင္ခ ေငြက်ပ္ တစ္သိန္းခြဲသာ ယူခဲ့ေသာ္လည္း လက္ရွိတြင္ ဝန္ေဆာင္ခေငြက်ပ္ သုံးသိန္း ေပးရေၾကာင္းသိရသည္။
https://npnewsmm.com/news/62a70cacb9fcdf60337b5cd7