ပြည်နယ်များတွင် ပြည်နယ်ဖွဲ့စည်းပုံအခြေခံဥပဒေ ရေးဆွဲပြဋ္ဌာန်းရန်နှင့် ပြည်နယ်သစ်များပေါ်ထွန်းရေး PNLO တင်ပြ

1193

မျိုးကြီး (NP News) - ဇွန် ၁၉
ပြည်နယ်များတွင် ပြည်နယ်ဖွဲ့စည်းပုံအခြေခံဥပဒေရေးဆွဲပြဋ္ဌာန်းကာ ကျင့်သုံးရန်နှင့် ပြည်နယ်သစ်များ ပေါ်ထွန်းခွင့်မူ ပြဋ္ဌာန်းထားရှိရေးကို PNLO ဒုဥက္ကဋ္ဌ(၁) ခွန်ထွန်းတင်က တင်ပြတောင်းဆိုခဲ့ကြောင်း သိရသည်။
ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ်(PNLO) ဒုဥက္ကဋ္ဌက ဇွန်လ ၁၇ ရက်တွင် နစက၏ငြိမ်းချမ်းရေးဆွေးနွေးအဖွဲ့နှင့် တွေ့ဆုံဆွေးနွေးရာတွင် အထက်ပါကဲ့သို့ တင်ပြဆွေးနွေးခဲ့ကြောင်း PNLO ၏ ထုတ်ပြန်ချက်အရ သိရသည်။
အနာဂတ် မြန်မာနိုင်ငံတော်ကို ပအိုဝ်းလူမျိုးအနေဖြင့် မျှော်မှန်းသော နိုင်ငံရေးရည်မှန်းချက်(၄)ရပ်ကို ခွန်ထွန်းတင်က တွေ့ဆုံပွဲတွင် ရှင်း လင်းတင်ပြခဲ့ကြောင်း သိရသည်။
၎င်းနိုင်ငံရေးရည်မှန်းချက်များမှာ ဒီမိုကရေစီနှင့် ဖက်ဒရယ်ကို အခြေခံသော ပြည်ထောင်စုစနစ်တည်ဆောက်ရေး၊ ပါတီစုံဒီ မိုကရေစီစနစ်ကျင့်သုံးရေး၊ ပြည်နယ်များတွင် ပြည်နယ်ဖွဲ့စည်းပုံအခြေခံဥပဒေရေး ဆွဲ၊ ပြဋ္ဌာန်း၊ ကျင့်သုံးပိုင်ခွင့်ထားရှိရေး နှင့် ပြည်နယ်သစ်များ ပေါ်ထွန်းခွင့်မူကို ပြဋ္ဌာန်းထားရှိရေးတို့ဖြစ်ကြောင်း ခွန်ထွန်းတင်က ဆိုသည်။
“မိမိတို့ ပအိုဝ်းလူမျိုးသည် ပြည်ထောင်စု၏ အဝန်းအဝိုင်းတွင် အခြားသောတိုင်းရင်းသားများနှင့်အတူ အေးအတူ၊ ပူအမျှ ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်လိုပြီး တည်ဆောက်မယ့် ဒီမိုကရေစီနှင့် ဖက်ဒရယ်ကိုအခြေခံတဲ့ ပြည်ထောင်စုမှာ ကျရာအခန်းကဏ္ဍမှ ဝိုင်းဝန်းတည်ဆောက်သွားရန်လဲ ဆန္ဒရှိပါတယ်။ အဆိုပါပြည်ထောင်စုမှာ ပြည်နယ်သစ်များ ပေါ်ထွန်းခွင့်မူရှိရန်လဲ လိုအပ်ကြောင်းထပ်လောင်း တင်ပြလိုပါတယ်” ဟု ခွန်ထွန်းတင်က ပြောသည်။
ထို့ပြင် ၎င်းက လက်ရှိကြုံတွေ့နေရသော နိုင်ငံရေးအကျပ်အတည်းကို ကျော်လွှားနိုင်ရေး နိုင်ငံရေးတွင်သက်ဆိုင်သူ stakeholders များအားလုံးပါဝင်သော တွေ့ဆုံဆွေးနွေးရေးကို ခေါ်ယူကာ ဆွေးနွေးညှိနှိုင်းနိုင်မှသာ ပြဿနာများကို ကျော်လွှားနိုင်မည်ဟု PNLO က ယုံကြည်ကြောင်း ဆွေးနွေးခဲ့သည်။
နစကနှင့် PNLO အဖွဲ့တို့သည် ဇွန်လ ၁၆ ရက်မှ ၁၈ ရက်အထိ (၃)ရက်တာ ငြိမ်းချမ်းရေးတွေ့ဆုံဆွေးနွေးခဲ့ပြီး ၎င်းကာလအတွင်းရရှိခဲ့သော သဘောတူညီချက်များကို အတည်ပြုလက်မှတ်ရေးထိုးခဲ့ကြောင်း သိရသည်။
https://npnewsmm.com/news/62aefecb426f1e6d4653007b

zawgyi version
ျပည္နယ္မ်ားတြင္ ျပည္နယ္ဖြဲ႕စည္းပုံအေျခခံဥပေဒ ေရးဆြဲျပ႒ာန္းရန္ႏွင့္ ျပည္နယ္သစ္မ်ားေပၚထြန္းေရး PNLO တင္ျပ
မ်ိဳးႀကီး (NP News) - ဇြန္ ၁၉
ျပည္နယ္မ်ားတြင္ ျပည္နယ္ဖြဲ႕စည္းပုံအေျခခံဥပေဒေရးဆြဲျပ႒ာန္းကာ က်င့္သုံးရန္ႏွင့္ ျပည္နယ္သစ္မ်ား ေပၚထြန္းခြင့္မူ ျပ႒ာန္းထားရွိေရးကို PNLO ဒုဥကၠ႒(၁) ခြန္ထြန္းတင္က တင္ျပေတာင္းဆိုခဲ့ေၾကာင္း သိရသည္။
ပအိုဝ္းအမ်ိဳးသားလြတ္ေျမာက္ေရးအဖြဲ႕ခ်ဳပ္(PNLO) ဒုဥကၠ႒က ဇြန္လ ၁၇ ရက္တြင္ နစက၏ၿငိမ္းခ်မ္းေရးေဆြးေႏြးအဖြဲ႕ႏွင့္ ေတြ႕ဆုံေဆြးေႏြးရာတြင္ အထက္ပါကဲ့သို႔ တင္ျပေဆြးေႏြးခဲ့ေၾကာင္း PNLO ၏ ထုတ္ျပန္ခ်က္အရ သိရသည္။
အနာဂတ္ ျမန္မာႏိုင္ငံေတာ္ကို ပအိုဝ္းလူမ်ိဳးအေနျဖင့္ ေမွ်ာ္မွန္းေသာ ႏိုင္ငံေရးရည္မွန္းခ်က္(၄)ရပ္ကို ခြန္ထြန္းတင္က ေတြ႕ဆုံပြဲတြင္ ရွင္း လင္းတင္ျပခဲ့ေၾကာင္း သိရသည္။
၎ႏိုင္ငံေရးရည္မွန္းခ်က္မ်ားမွာ ဒီမိုကေရစီႏွင့္ ဖက္ဒရယ္ကို အေျခခံေသာ ျပည္ေထာင္စုစနစ္တည္ေဆာက္ေရး၊ ပါတီစုံဒီ မိုကေရစီစနစ္က်င့္သုံးေရး၊ ျပည္နယ္မ်ားတြင္ ျပည္နယ္ဖြဲ႕စည္းပုံအေျခခံဥပေဒေရး ဆြဲ၊ ျပ႒ာန္း၊ က်င့္သုံးပိုင္ခြင့္ထားရွိေရး ႏွင့္ ျပည္နယ္သစ္မ်ား ေပၚထြန္းခြင့္မူကို ျပ႒ာန္းထားရွိေရးတို႔ျဖစ္ေၾကာင္း ခြန္ထြန္းတင္က ဆိုသည္။
“မိမိတို႔ ပအိုဝ္းလူမ်ိဳးသည္ ျပည္ေထာင္စု၏ အဝန္းအဝိုင္းတြင္ အျခားေသာတိုင္းရင္းသားမ်ားႏွင့္အတူ ေအးအတူ၊ ပူအမွ် ၿငိမ္းခ်မ္းစြာ အတူယွဥ္တြဲေနထိုင္လိုၿပီး တည္ေဆာက္မယ့္ ဒီမိုကေရစီႏွင့္ ဖက္ဒရယ္ကိုအေျခခံတဲ့ ျပည္ေထာင္စုမွာ က်ရာအခန္းက႑မွ ဝိုင္းဝန္းတည္ေဆာက္သြားရန္လဲ ဆႏၵရွိပါတယ္။ အဆိုပါျပည္ေထာင္စုမွာ ျပည္နယ္သစ္မ်ား ေပၚထြန္းခြင့္မူရွိရန္လဲ လိုအပ္ေၾကာင္းထပ္ေလာင္း တင္ျပလိုပါတယ္” ဟု ခြန္ထြန္းတင္က ေျပာသည္။
ထို႔ျပင္ ၎က လက္ရွိႀကဳံေတြ႕ေနရေသာ ႏိုင္ငံေရးအက်ပ္အတည္းကို ေက်ာ္လႊားႏိုင္ေရး ႏိုင္ငံေရးတြင္သက္ဆိုင္သူ stakeholders မ်ားအားလုံးပါဝင္ေသာ ေတြ႕ဆုံေဆြးေႏြးေရးကို ေခၚယူကာ ေဆြးေႏြးညႇိႏႈိင္းႏိုင္မွသာ ျပႆနာမ်ားကို ေက်ာ္လႊားႏိုင္မည္ဟု PNLO က ယုံၾကည္ေၾကာင္း ေဆြးေႏြးခဲ့သည္။
နစကႏွင့္ PNLO အဖြဲ႕တို႔သည္ ဇြန္လ ၁၆ ရက္မွ ၁၈ ရက္အထိ (၃)ရက္တာ ၿငိမ္းခ်မ္းေရးေတြ႕ဆုံေဆြးေႏြးခဲ့ၿပီး ၎ကာလအတြင္းရရွိခဲ့ေသာ သေဘာတူညီခ်က္မ်ားကို အတည္ျပဳလက္မွတ္ေရးထိုးခဲ့ေၾကာင္း သိရသည္။
https://npnewsmm.com/news/62aefecb426f1e6d4653007b