ဆော်ဒီအိမ်ရှေ့မင်းသားဟာ ဒေသတွင်း ခရီးစဉ်အဖြစ် ဂျော်ဒန်နိုင်ငံသို့ ရောက်ရှိ

800

ရောင်နီ (NP News)- ဇွန် ၂၂
ဆော်ဒီအိမ်ရှေ့စံမင်းသား မိုဟာမက်ဘင်ဆယ်လ်မန်ဟာ အန်မန်နဲ့ နှစ်ပေါင်းများစွာ ဆက်ဆံရေး မပြေလည်မှုများ ရှိနေတဲ့ကြားက ဂျော်ဒန်နိုင်ငံသို့ ဒေသတွင်းခရီးစဉ်အဖြစ် ရောက်ရှိလာခဲ့ပါတယ်။
ဆော်ဒီမင်းသားရောက်ရှိလာခြင်းဟာ ဆော်ဒီအာရေးဗျရဲ့ ဒီဖက်တို အုပ် ချုပ်ရေး ၅ နှစ်ကျော်အတွင်း ပထမဆုံးအကြိမ် လာရောက်ခြင်းဖြစ်ပြီး ဂျော်ဒန်နိုင်ငံအနေနဲ့ ယူကရိန်းစစ်ပွဲနဲ့ ကိုဗစ် - ၁၉ စီးပွားရေးထိခိုက်မှုများမှ ရုန်းကန်နေရတဲ့ အချိန်ဖြစ်ပါတယ်။ “ဒါဟာ ဂျော်ဒန်-ဆော်ဒီ ဆက်ဆံရေးမှာ အဆင့်သစ်နဲ့ စီးပွားရေး ပရောဂျက်တွေနဲ့ ရင်းနှီးမြုပ်နှံမှု အစီအစဉ်တွေကို ဆက်လုပ်သွားဖို့ အခွင့်အလမ်းတစ်ခုပါပဲ” လို့ ဂျော်ဒန် အကြီးတန်း အရာရှိတစ်ဦးက ပြောပါတယ်။
စီးပွားရေးခေါင်းဆောင်များနဲ့တာဝန်ရှိသူများက အဆိုပါခရီးစဉ်ဟာ မကြာသေးမီနှစ်များအတွင်း ဆော်ဒီအာရေးဗျကတိပြုထားတဲ့ အနည်းဆုံး ဒေါ်လာ ၃ ဘီလျံရင်းနှီးမြုပ်နှံမှု ပရောဂျက်များကို ပိတ်ဆို့နိုင်မယ်လို့ မျှော်လင့်သော်လည်း အကောင်အထည်မပေါ်ခဲ့ပါဘူး။ မင်းသားဟာ ၎င်းရဲ့ ဒေသဆိုင်ရာ ခရီးစဉ် ပထမအကျော့ တနင်္လာနေ့(ဇွန်လ ၂ဝ ရက်)မှာ ကိုင်ရိုမြို့သို့ရောက်ရှိခဲ့ပြီး လာမယ့်လမှာ အမေရိကန် သမ္မတဂျိုးဘိုင်ဒန် ထံ လာရောက်လည်ပတ်မှာဖြစ်တယ်လို့ သိရပါတယ်။ အီဂျစ်သမ္မတ အာဒဲလ် ဖက်တက် အဲလ်စီစီကတော့ အီဂျစ်အစိုးရရဲ့ တည်ငြိမ်သော ငွေကြေးထောက်ပံ့သူဖြစ်တဲ့ ဆော်ဒီခေါင်းဆောင်အား ဂါရဝပြုတဲ့ အနေနဲ့ ဆော်ဒီမင်းသားကို လေဆိပ်မှာ လက်ခံကြိုဆို တွေ့ဆုံခဲ့ပါတယ်။
ဂျော်ဒန်နိုင်ငံသို့ အလည်အပတ် လာရောက်ခြင်းဟာ အိမ်ရှေ့မင်းသားရဲ့ ဒေသဆိုင်ရာ ခရီးစဉ်အတွက် ဒုတိယမြောက်ခရီးဖြစ်ပြီး တူရကီကိုလည်း သွားရောက်မယ်လို့ သိရပါတယ်။
ပြီးခဲ့တဲ့ ဆယ်စုနှစ် အနည်းငယ်အတွင်း ဂျော်ဒန်နဲ့ ဆော်ဒီအာရေးဗျတို့မှာ လုံခြုံရေးကိစ္စရပ်များနဲ့ ပါလက်စတိုင်းပိုင်နက်ကို အစ္စရေးသိမ်းပိုက်မှုနဲ့ပတ်သတ်ပြီး ပူးပေါင်းဆောင်ရွက်ဖို့ ဘုရင်နှစ်ပါး နီးကပ်သော ဆက် ဆံရေးရှိခဲ့ပေမယ့် နောက်ပိုင်းမှာ ၎င်းတို့ရဲ့ ဆက်ဆံရေး တင်းမာလာခဲ့ပါတယ်။ ဆော်ဒီအာရေးဗျအတွက် ဂျော်ဒန်ဟာ ၎င်းရဲ့နိုင်ငံရေးအကြောင်း တရားများဖြစ်တဲ့ ယီမင်စစ်ပွဲအတွက် မည်သည့်အခါမှ ကတိကဝတ်မရှိခဲ့ပါဘူး။ ဆော်ဒီ-ဂျော်ဒန် ဆက်ဆံရေးဟာ ယခင် အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်ရဲ့ ရာထူးသက်တမ်းအတွင်း အနိမ့်ဆုံးအဆင့်ထိရောက်ရှိသွားကာ ထရန့်ရဲ့အစိုးရအဖွဲ့နဲ့ နီးကပ်သော ဆက်ဆံရေးမှ အာရပ်-အစ္စ ရေး ငြိမ်းချမ်းရေးဖော်ဆောင်မှုမှာ ဂျော်ဒန်ရဲ့ အဓိကအခန်းကဏ္ဍကို ထိခိုက်စေတယ်လို့ ယူဆရပါတယ်။
အိမ်ရှေ့မင်းသားရဲ့ ခရီးစဉ်ဟာ တင်းမာနေတဲ့ ဆက်ဆံရေးကို အဆုံး သတ်စေပြီး နိုင်ငံရှိခက်ခဲသော စီးပွားရေး အခြေအနေများကို တိုးတက်ကောင်းမွန်လာစေရန် ကူညီပေးလိမ့်မယ်လို့ မျှော်လင့်ရပါတယ်။
https://www.aljazeera.com/news/2022/6/21/saudi-crown-prince-visits-jordan-following-years-of-frayed-ties?

zawgyi version
ေဆာ္ဒီအိမ္ေရွ႕မင္းသားဟာ ေဒသတြင္း ခရီးစဥ္အျဖစ္ ေဂ်ာ္ဒန္ႏိုင္ငံသို႔ ေရာက္ရွိ
ေရာင္နီ (NP News)- ဇြန္ ၂၂
ေဆာ္ဒီအိမ္ေရွ႕စံမင္းသား မိုဟာမက္ဘင္ဆယ္လ္မန္ဟာ အန္မန္နဲ႔ ႏွစ္ေပါင္းမ်ားစြာ ဆက္ဆံေရး မေျပလည္မႈမ်ား ရွိေနတဲ့ၾကားက ေဂ်ာ္ဒန္ႏိုင္ငံသို႔ ေဒသတြင္းခရီးစဥ္အျဖစ္ ေရာက္ရွိလာခဲ့ပါတယ္။
ေဆာ္ဒီမင္းသားေရာက္ရွိလာျခင္းဟာ ေဆာ္ဒီအာေရးဗ်ရဲ႕ ဒီဖက္တို အုပ္ ခ်ဳပ္ေရး ၅ ႏွစ္ေက်ာ္အတြင္း ပထမဆုံးအႀကိမ္ လာေရာက္ျခင္းျဖစ္ၿပီး ေဂ်ာ္ဒန္ႏိုင္ငံအေနနဲ႔ ယူကရိန္းစစ္ပြဲနဲ႔ ကိုဗစ္ - ၁၉ စီးပြားေရးထိခိုက္မႈမ်ားမွ ႐ုန္းကန္ေနရတဲ့ အခ်ိန္ျဖစ္ပါတယ္။ “ဒါဟာ ေဂ်ာ္ဒန္-ေဆာ္ဒီ ဆက္ဆံေရးမွာ အဆင့္သစ္နဲ႔ စီးပြားေရး ပေရာဂ်က္ေတြနဲ႔ ရင္းႏွီးျမဳပ္ႏွံမႈ အစီအစဥ္ေတြကို ဆက္လုပ္သြားဖို႔ အခြင့္အလမ္းတစ္ခုပါပဲ” လို႔ ေဂ်ာ္ဒန္ အႀကီးတန္း အရာရွိတစ္ဦးက ေျပာပါတယ္။
စီးပြားေရးေခါင္းေဆာင္မ်ားနဲ႔တာဝန္ရွိသူမ်ားက အဆိုပါခရီးစဥ္ဟာ မၾကာေသးမီႏွစ္မ်ားအတြင္း ေဆာ္ဒီအာေရးဗ်ကတိျပဳထားတဲ့ အနည္းဆုံး ေဒၚလာ ၃ ဘီလ်ံရင္းႏွီးျမဳပ္ႏွံမႈ ပေရာဂ်က္မ်ားကို ပိတ္ဆို႔ႏိုင္မယ္လို႔ ေမွ်ာ္လင့္ေသာ္လည္း အေကာင္အထည္မေပၚခဲ့ပါဘူး။ မင္းသားဟာ ၎ရဲ႕ ေဒသဆိုင္ရာ ခရီးစဥ္ ပထမအေက်ာ့ တနလၤာေန႔(ဇြန္လ ၂ဝ ရက္)မွာ ကိုင္႐ိုၿမိဳ႕သို႔ေရာက္ရွိခဲ့ၿပီး လာမယ့္လမွာ အေမရိကန္ သမၼတဂ်ိဳးဘိုင္ဒန္ ထံ လာေရာက္လည္ပတ္မွာျဖစ္တယ္လို႔ သိရပါတယ္။ အီဂ်စ္သမၼတ အာဒဲလ္ ဖက္တက္ အဲလ္စီစီကေတာ့ အီဂ်စ္အစိုးရရဲ႕ တည္ၿငိမ္ေသာ ေငြေၾကးေထာက္ပံ့သူျဖစ္တဲ့ ေဆာ္ဒီေခါင္းေဆာင္အား ဂါရဝျပဳတဲ့ အေနနဲ႔ ေဆာ္ဒီမင္းသားကို ေလဆိပ္မွာ လက္ခံႀကိဳဆို ေတြ႕ဆုံခဲ့ပါတယ္။
ေဂ်ာ္ဒန္ႏိုင္ငံသို႔ အလည္အပတ္ လာေရာက္ျခင္းဟာ အိမ္ေရွ႕မင္းသားရဲ႕ ေဒသဆိုင္ရာ ခရီးစဥ္အတြက္ ဒုတိယေျမာက္ခရီးျဖစ္ၿပီး တူရကီကိုလည္း သြားေရာက္မယ္လို႔ သိရပါတယ္။
ၿပီးခဲ့တဲ့ ဆယ္စုႏွစ္ အနည္းငယ္အတြင္း ေဂ်ာ္ဒန္နဲ႔ ေဆာ္ဒီအာေရးဗ်တို႔မွာ လုံၿခဳံေရးကိစၥရပ္မ်ားနဲ႔ ပါလက္စတိုင္းပိုင္နက္ကို အစၥေရးသိမ္းပိုက္မႈနဲ႔ပတ္သတ္ၿပီး ပူးေပါင္းေဆာင္႐ြက္ဖို႔ ဘုရင္ႏွစ္ပါး နီးကပ္ေသာ ဆက္ ဆံေရးရွိခဲ့ေပမယ့္ ေနာက္ပိုင္းမွာ ၎တို႔ရဲ႕ ဆက္ဆံေရး တင္းမာလာခဲ့ပါတယ္။ ေဆာ္ဒီအာေရးဗ်အတြက္ ေဂ်ာ္ဒန္ဟာ ၎ရဲ႕ႏိုင္ငံေရးအေၾကာင္း တရားမ်ားျဖစ္တဲ့ ယီမင္စစ္ပြဲအတြက္ မည္သည့္အခါမွ ကတိကဝတ္မရွိခဲ့ပါဘူး။ ေဆာ္ဒီ-ေဂ်ာ္ဒန္ ဆက္ဆံေရးဟာ ယခင္ အေမရိကန္သမၼတ ေဒၚနယ္ထရန႔္ရဲ႕ ရာထူးသက္တမ္းအတြင္း အနိမ့္ဆုံးအဆင့္ထိေရာက္ရွိသြားကာ ထရန႔္ရဲ႕အစိုးရအဖြဲ႕နဲ႔ နီးကပ္ေသာ ဆက္ဆံေရးမွ အာရပ္-အစၥ ေရး ၿငိမ္းခ်မ္းေရးေဖာ္ေဆာင္မႈမွာ ေဂ်ာ္ဒန္ရဲ႕ အဓိကအခန္းက႑ကို ထိခိုက္ေစတယ္လို႔ ယူဆရပါတယ္။
အိမ္ေရွ႕မင္းသားရဲ႕ ခရီးစဥ္ဟာ တင္းမာေနတဲ့ ဆက္ဆံေရးကို အဆုံး သတ္ေစၿပီး ႏိုင္ငံရွိခက္ခဲေသာ စီးပြားေရး အေျခအေနမ်ားကို တိုးတက္ေကာင္းမြန္လာေစရန္ ကူညီေပးလိမ့္မယ္လို႔ ေမွ်ာ္လင့္ရပါတယ္။
https://www.aljazeera.com/news/2022/6/21/saudi-crown-prince-visits-jordan-following-years-of-frayed-ties?